လက်စွဲစာအုပ်များနှင့်အမှုတော်ဆောင်တာဝန်များ
၂၉။ အသင်းတော်ရှိအစည်းအဝေးများ


“၂၉။ အသင်းတော်ရှိအစည်းအဝေးများ၊ ”အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ(၂၀၂၃)။

“၂၉။ အသင်းတော်ရှိအစည်းအဝေးများ၊”အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ

ပွဲတော်အစည်းအဝေး၌ မိခင်နှင့်သမီး

၂၉။

အသင်းတော်ရှိအစည်းအဝေးများ

၂၉၊၀

နိဒါန်း

နောက်ပိုင်းကာလသန့်ရှင်းသူများသည် ကိုးကွယ်ရန်၊ အချင်းချင်းတည်ဆောက်ရန်၊ ဧဝံဂေလိတရားတော်ကို သွန်သင်ရန်နှင့် သင်ယူရန် အတူတကွတွေ့ဆုံကြပါသည် (ရှု အယ်လမာ ၆း၆မော်ရောနိုင်း ၆း၅-၆)။ ကယ်တင်ရှင်က ကတိပေးထားပါတယ်၊ “အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏။( ရှင်မဿဲ ၁၈း၂၀)။ အတူတကွတွေ့ဆုံခြင်းသည် “စိတ်နှလုံးညီညွတ်ခြင်းနှင့် ချစ်ခြင်း၌ ထုံးဖွဲ့” (မောဇိယ ၁၈း၂၁ )နိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။

သို့ရာတွင်၊ အစည်းအဝေးကျင်းပခြင်းသည် ယေရှုခရစ်တော်ပြုတော်မူခဲ့သည့်အတိုင်း အစေခံခြင်းနှင့် အမှုတော်ဆောင်ခြင်းကို ဘယ်တော့မျှ အစားမထိုးရပါ။

၂၉၊ ၁

အစည်းအဝေးများကို စီစဉ်ခြင်းနှင့် စီမံခြင်း

ခေါင်းဆောင်များသည် “သန့်ရှင်းသောဝိညာဉ်တော် ပို့ဆောင်၍၊ ဘုရားသခင်၏ပညတ်တော်များနှင့် ဗျာဒိတ်တော်များအတိုင်း” (ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၂၀း၄၅၊ လည်းရှု မော်ရော်နိုင်း ၆း၉ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၄၆း၂) စီစဥ်စီမံပါသည်။ သူတို့၏အစည်းအဝေးများ၌ ဝိညာဉ်တော်၏လွှမ်းမိုးမှုကို ဖိတ်ခေါ်ရန် နည်းလမ်းများကို ရှာကြပါသည်။

ခေါင်းဆောင်များသည် အစည်းအဝေးများ၏အရေအတွက်နှင့် ကြာချိန်မှာ အသင်းသားတို့အတွက် ဝန်ထုပ်ဝန်ပိုးများ မဖြစ်စေကြောင်း သေချာစေပါသည်။

၂၉၊၂

အသင်းတော်စုအစည်းအဝေးများ

၂၉၊ ၂၊ ၁

ပွဲတော်အစည်းအဝေး

၂၉၊ ၂၊ ၁၊ ၁

ပွဲတော်အစည်းအဝေးကို စီစဉ်ခြင်း

သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့သည် ပွဲတော်အစည်းအဝေးကို စီစဉ်စီမံပါသည်။ သူတို့သည် အစည်းအဝေး၏အာရုံစိုက်မှုမှာ ပွဲတော်၊ ယေရှုခရစ်တော်၌ ယုံကြည်ခြင်းတည်ဆောက်ခြင်းတို့အပေါ်တွင်ရှိကြောင်း သေချာစေပါသည်။

ပွဲတော်အစည်းအဝေးသည် တစ်နာရီကြာပါသည်။ ၎င်းတွင်အောက်ပါတို့ ပါဝင်နိုင်ပါသည်။

  1. ပဏာမတေးဂီတ (ရှု ၁၉၊ ၃၊ ၂ လမ်းညွှန်မှုများအတွက်)။

  2. နှုတ်ဆက်ခြင်းနှင့် ကြိုဆိုခြင်း။

  3. ဦးစီးအခွင့်အာဏာရှိသူများ သို့မဟုတ် အကြည့်အရှု လာရောက်သည့် အခြားခေါင်းဆောင်များကို အသိအမှတ်ပြုခြင်း။

  4. ကြေညာချက်များ။ ဤအရာတို့ အချိန်အနည်းငယ်သာပေးရမည်။

  5. အဖွင့်ဓမ္မသီချင်းနှင့် ဆုတောင်းခြင်း။ ရှု ၁၉၊ ၃၊ ၂နှင့် ၂၉၊ ၆

  6. အသင်းတော်စုနှင့် ပန္နက်လုပ်ငန်းများ အောက်ပါကဲ့သို့သောအရာများ၊

    • အရာရှိများနှင့် ဆရာများကို ထောက်မခြင်းနှင့် ဖြေလွှတ်ခြင်း (ရှု ၃၀း၃နှင့် ၃၀း၆)။

    • အာရုန်ယဇ်ပုရောဟိတ်အခွင့်အမှုအရာတစ်ခုသို့ ခန့်ထားခံရမည့် ညီအစ်ကိုတို့၏အမည်များကို တင်ပြခြင်း (ရှု ၁၈၊ ၁၀၊ ၃)။

    • မကြာမီကပြောင်းလဲသူများအပါအဝင် အသင်းတော်စုအသင်းသားအသစ်များကို အသိအမှတ်ပြုခြင်း။

  7. ကလေးများကို အမည်ပေးခြင်းနှင့် ကောင်းချီးပေးခြင်း (ရှု ၁၈၊ ၆)။ ဤအရာကို အများအားဖြင့် အစာရှောင် သက်သေခံ အစည်းအဝေးတွင် ပြုကြပါသည် (ရှု ၂၉၊ ၂၊ ၂)။

  8. ပြောင်းလဲသူအသစ်များကို အတည်ပြုခြင်း (ရှု ၁၈၊ ၈)။

  9. ပွဲတော်ဓမ္မတေးနှင့် ပွဲတော်စီမံဆောင်ရွက်ခြင်း။ ပွဲတော်သည် အစည်းအဝေး၏အဓိက အချက်အချာဖြစ်ပါသည်။ ဤဘိသိက်မင်္ဂလာသည် အသင်းသားများအတွက် သူတို့၏အတွေးများကို ကယ်တင်ရှင်၊ သူတို့အတွက် ကိုယ်တော်၏ စွန့်လွှတ်မှုဆီသို့ ညွှန်ပေးရန် အခွင့်အရေးတစ်ခုဖြစ်ပါသည်။

    ပွဲတော်ကို ပြင်ဆင်ခြင်း၊ ကောင်းချီးပေးခြင်းနှင့် ဝေငှခြင်းတို့အ‌ကြောင်း ပိုသိရန် ၊ ရှု ၁၈၊ ၉

  10. ဧဝံဂေလိတရားတော်အမှာစကားများ၊ ပရိတ်သတ်သီဆိုခြင်း သို့မဟုတ် အခြား တေးဂီတ။

  11. အပိတ်ဓမ္မသီချင်းနှင့် ဆုတောင်းခြင်း။

  12. ပွဲပြီးတေးဂီတ။

၂၉၊ ၂၊ ၁၊ ၄

ဟောပြောသူများ ရွေးချယ်ခြင်း

သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့သည် ပွဲတော်အစည်းအဝေးအတွက် ဟောပြောသူများကို ရွေးချယ်ပါသည်။ အများအားဖြင့် သူတို့သည် လူငယ်များအပါအဝင် အသင်းတော်စုအသင်းသားများကို ဖိတ်ခေါ်ပါသည်။

ဟောပြောသူများသည် ကျမ်းစာများကို အသုံးပြု၍၊ ယေရှုခရစ်တော်အကြောင်း သက်သေခံကြပြီး ကိုယ်တော်၏ ဧဝံဂေလိတရားတော်ကို သွန်သင်ပေးကြပါသည် (ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၄၂း၁၂၅၂း၉)။

၂၉၊ ၂၊ ၂

အစာရှောင်သက်သေခံအစည်းအဝေး

အစာရှောင်သက်သေခံအစည်းအဝေးတစ်ခုတွင်၊ ခန့်အပ်ထားသည့် ဟောပြောသူများ သို့မဟုတ် အထူးတေးဂီတရွေးချယ်မှုများမရှိပါ။ ထိုအစား၊ စီမံသူသည် သက်သေခံချက်အနည်းငယ်ကို သက်သေခံပါသည်။ ထို့နောက်သူသည် ပရိတ်သတ်ထဲမှ အသင်းသားများကို မိမိတို့သက်သေခံချက်များ ဝေငှဖို့ ဖိတ်ခေါ်ပါသည်။ သက်သေခံချက်ဝေငှရန်ဆိုသည်မှာ သန့်ရှင်းသောဝိညာဉ်တော် လမ်းပြပို့ဆောင်သည့်အတိုင်း ဧဝံဂေလိတရားတော် သမ္မာတရားများကို ကြေညာရန်ဖြစ်ပါသည်။

၂၉၊ ၂, ၃

အသင်းတော်စုညီလာခံ

၂၉၊ ၂၊ ၄

သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ အစည်းအဝေး

သုံးသပ်ဆင်ခြင်ရန်ကိစ္စများတွင် အောက်ပါတို့ပါဝင်နိုင်ပါသည်၊

  • အသင်းတော်စု၌ ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှုတော်ကို ညှိနှိုင်းဆောင်ရွက်ခြင်း။

  • အသင်းတော်စု၌ တစ်ဦးချင်းများနှင့် မိသားစုများကို ခွန်အားဖြည့်ပေးခြင်း— အထူးသဖြင့် လူငယ်များနှင့် ကလေးများ။

  • ယဇ်ပုရောဟိတ်အခွင့် ခန့်ထားခြင်းများအပါအဝင် ဘိသိက်မင်္ဂလာများရရှိရန် ပြင်ဆင်နိုင်သည့် အသင်းသားများကို သတ်မှတ်ခြင်း။

  • အသင်းတော်စုနေရာများ၌ ခေါ်သွင်းရန် သတ်မှတ်ခြင်း။

၂၉၊ ၂၊ ၅

အသင်းတော်စု တိုင်ပင်ဆွေးနွေးခြင်းအစည်းအဝေး

သင်းအုပ်သည် အသင်းတော်စု တိုင်ပင်ဆွေးနွေးခြင်းအစည်းအဝေးများကို စီစဉ်ဦးစီးပါသည်။ တိုင်ပင်ဆွေးနွေးခြင်းသည် အဓိကဆုံးဖြတ်ချက်များကို သင်းအုပ်မပါဘဲနှင့် မပြုလုပ်ပါ။

အသင်းတော်စုအဖွဲ့အစည်းခေါင်းဆောင်များသည် အသင်းတော်စုတိုင်ပင်ဆွေးနွေးခြင်း အစည်းအဝေးများကို နှစ်နေရာတက်ရောက်ပါသည်။

  1. အသင်းတော်စုအသင်းသားအားလုံးကို ကောင်းချီးပေးရန် ကူညီသည့် အသင်းတော်စုကောင်စီဝင်များအဖြစ်။

  2. မိမိတို့အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များအဖြစ်။

သူတို့သည် အတူတွေ့ဆုံကြသည့်အခါ၊ အသင်းတော်စုကောင်စီဝင်များသည် ကောင်စီတစ်ခုလုံးပူးပေါင်းအားထုတ်မှုများမှ အကျိုးရှိမည့် ကိစ္စများကို ဆွေးနွေးကြပါသည်။ ကောင်စီဝင်တစ်ဦးချင်းအား ဤကိစ္စများနှင့်ပတ်သက်၍ သူ သို့မဟုတ် သူမ၏ အတွေးများနှင့် လမ်းပြလှုံ့ဆော်မှုကို ဝေငှရန် တိုက်တွန်းပါသည်။

အသင်းတော်စုတိုင်ပင်ဆွေးနွေးခြင်းအစည်းအဝေးများသည် အများအားဖြင့် တစ်နာရီထက် ပိုမကြာပါ။ ဆုတောင်းခြင်းတစ်ခု၊ ယခင်အစည်းအဝေးများမှ တာဝန်များနှင့်ပတ်သက်သည့် အစီရင်ခံခြင်းအနည်းငယ်တို့ဖြင့် အစပြုပါသည်။ သင်းအုပ်သည် တစ်ဦးချင်းတို့နှင့် မိသားစုများကို ကောင်းချီးပေးရန် အလိုအပ်ဆုံး ကိစ္စများကို ဦးစားပေးပါသည်။

  • ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်၌ နေထိုင်ခြင်း အသင်းသားအားလုံးကို ယုံကြည်ခြင်းတည်ဆောက်ရန်၊ ကယ်တင်ခြင်းဘိသိက်မင်္ဂလာများ ရရှိရန်နှင့် သူတို့၏ပဋိညာဉ်များကို စောင့်ထိန်းရန် ကူညီခြင်း။

  • လိုအပ်သောသူများကို ဂရုစိုက်ခြင်း။ တစ်ဦးချင်းများ၊ မိသားစုများနှင့် ပတ်ဝန်းကျင်တို့ကို ကောင်းချီးပေးရန် အရင်းအမြစ်များနှင့် ကျွမ်းကျင်မှုများကို ဝေငှခြင်း။ အသင်းတော်စုအသင်းသားများကို ကိုယ့်အားကိုယ်ကိုးလာစေရန် ကူညီခြင်း။ (ရှု အခန်း ၂၂။)

  • အားလုံးကို ဧဝံဂေလိတရားတော် ရရှိစေရန် ဖိတ်ခေါ်ခြင်း။ ဧဝံဂေလိတရားတော်အကြောင်းသင်ယူနေသူတို့၏ တိုးတက်မှုကို ဆန်းစစ်ခြင်း၊ အသင်းသားအသစ်များနှင့် ပြန်လာသောသူများလည်း ပါဝင်ပါသည်။ အသင်းသားများ ဧဝံဂေလိတရားတော်ကို အခြားသူများနှင့် ဝေငှသည့် နည်းလမ်းများကို ဆွေးနွေးခြင်း။ (ရှု အခန်း ၂၃။)

  • မိသားစုများကို ထာဝရစည်းလုံးခြင်း။ ဗိမာန်တော်ဘိသိက်မင်္ဂလာများကို ရရှိရန် ပြင်ဆင်နေသောအသင်းသားတို့၏ တိုးတက်မှုကို ဆန်းစစ်ခြင်း။ ပို၍များသောအသင်းသားများ ဗိမာန်တော်ထောက်ခံချက်အတွက် အရည်အချင်းပြည့်မီဖို့ကူညီရန် နည်းလမ်းများကို စီစဉ်ခြင်း။ ဗိမာန်တော်နှင့် မိသားစုသမိုင်းအမှု၌ အသင်းသားများ ပါဝင်နိုင်သည့် နည်းလမ်းများကို ဆွေးနွေးခြင်း။ (ရှု အခန်း ၂၅။)

ကောင်စီဝင်အသင်းသားများသည် ကိုယ်တွင်းရေး သို့မဟုတ် သတိထားရသောအချက်အလက် မှန်သမျှကို နှုတ်စောင့်ရသောအရာများအဖြစ် ထိန်းထားရမည် (ရှု ၄၊ ၄၊ ၆)။

4:37

၂၉၊ ၂၊ ၆

အသင်းတော်စုလူငယ်ကောင်စီအစည်းအဝေး

အစည်းအဝေးတစ်ခုချင်းမတိုင်မီ၊ သင်းအုပ်နှင့် ဦးဆောင်သူသည် ဆွေးနွေးရမည့် အကြောင်းအရာတို့ကို ဆန်းစစ်ပါသည်။

  • ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှု။

  • အသင်းတော်စုရှိ လူငယ်များ၏လိုအပ်ချက်များနှင့် ထိုလိုအပ်ချက်များကို ဖြေရှင်းရာနည်းလမ်းများ။

  • တက်ကြွမှုနည်းသော သို့မဟုတ် အသင်းသားသစ်များသို့ ဖြန့်ကျက်ရန် အားထုတ်မှုများ။

  • လိုအပ်သည့်သူများကို အစေခံရန် အခွင့်အလမ်းများ အပါအဝင်၊ လှုပ်ရှားမှုများ။ စီစဉ်ခြင်းအများစုကို အဖွဲ့သို့မဟုတ် အတန်းဥက္ကဋ္ဌအဖွဲ့အစည်းအ‌ဝေးများတွင်ပြီးမြောက်နိုင်ပါသည်(ရှု အခန်း ၂၀)။

  • အမှုတော်ဆောင်ခြင်း (ရှု အခန်း ၂၁)။

  • ခေါ်သွင်းပြီးခါစ အဖွဲ့နှင့် ဥက္ကဋ္ဌအဖွဲ့ကို နေရာချခြင်း

၂၉၊ ၂၊ ၈

တနင်္ဂနွေနေ့အစည်းအဝေးများအတွက် အချိန်ဇယားများ

အသင်းတော်စုများသည် အောက်ဖော်ပြပါ တနင်္ဂနွေနေ့ နှစ်နာရီကြာအစည်းအဝေးများ အချိန်ဇယားများထဲမှ တစ်ခုကို အသုံးပြုပါသည်။

အစီအစဉ် ၁

၆၀ မိနစ်

ပွဲတော်အစည်းအဝေး

၁၀ မိနစ်

အတန်းများနှင့် အစည်းအဝေးများသို့ နေရာပြောင်းခြင်း

၅၀ မိနစ်

တနင်္ဂနွေနေ့အားလုံး။ မူလတန်း၊ ကလေးထိမ်းတန်းများအပါအဝင်

လ၏ ပထမနှင့် တတိယတနင်္ဂနွေနေ့များ။ တနင်္ဂနွေကျောင်း

ဒုတိယနှင့် စတုတ္ထတနင်္ဂနွေနေ့များ။ ယဇ်ပုရောဟိတ်အခွင့်အဖွဲ့ အစည်းအဝေးများ၊ လူမှုသက်သာရေးအဖွဲ့ အစည်းအဝေးများ၊ လူငယ်အမျိုးသမီးများအစည်းအဝေးများ

ပဥ္စမတနင်္ဂနွေနေ့များ။ လူငယ်များနှင့် အရွယ်ရောက်သူများအတွက် အစည်းအဝေးများ။ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့သည် အကြောင်းအရာကို ဆုံးဖြတ်၍ ဆရာများကို တာဝန်ပေးပါသည်။

အစီအစဉ် ၂

၅၀ မိနစ်

တနင်္ဂနွေနေ့အားလုံး။ မူလတန်း၊ ကလေးထိမ်းတန်းများအပါအဝင်

လ၏ ပထမနှင့် တတိယတနင်္ဂနွေနေ့များ။ တနင်္ဂနွေကျောင်း

ဒုတိယနှင့် စတုတ္ထတနင်္ဂနွေနေ့များ။ ယဇ်ပုရောဟိတ်အခွင့် အစည်းအဝေးများ၊ လူမှုသက်သာရေးအဖွဲ့ အစည်းအဝေးများ၊ လူငယ်အမျိုးသမီးများအစည်းအဝေးများ

ပဥ္စမတနင်္ဂနွေနေ့များ။ လူငယ်များနှင့် အရွယ်ရောက်သူများအတွက် အစည်းအဝေးများ။ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့သည် ခေါင်းစဥ်တစ်ခုကို ဆုံးဖြတ်၍ ဆရာများကို တာဝန်ပေးပါသည်။

၁၀ မိနစ်

ပွဲတော်အစည်းအဝေးသို့ နေရာပြောင်းခြင်း

၆၀ မိနစ်

ပွဲတော်အစည်းအဝေး

၂၉၊ ၃

ပန္နက်အစည်းအဝေးများ

၂၉၊ ၃၊ ၁

ပန္နက်ညီလာခံ

၂၉၊ ၃၊ ၂

ပန္နက် အထွေထွေယဇ်ပုရောဟိတ်အစည်းအဝေး

၂၉၊ ၃၊ ၃

ပန္နက်ယဇ်ပုရောဟိတ်အခွင့် ခေါင်းဆောင်မှုအစည်းအဝေး

၂၉၊ ၃၊ ၄

ပန္နက်ခေါင်းဆောင်မှု အစည်းအဝေးများ

၂၉၊ ၃၊ ၅

ပန္နက်ယဇ်ပုရောဟိတ်မင်းအဖွဲ့အစည်းအဝေး

၂၉၊ ၃၊ ၆

ပန္နက်ဥက္ကဋ္ဌအဖွဲ့အစည်းအဝေး

၂၉၊ ၃၊ ၇

အတိုင်ပင်ခံမင်းအစည်းအဝေး

၂၉၊ ၃၊ ၈

ပန္နက် ကောင်စီအစည်းအဝေး

၂၉၊ ၃၊ ၉

ပန္နက်အရွယ်ရောက် ခေါင်းဆောင်ကော်မတီအစည်းအဝေး

၂၉၊ ၃၊ ၁၀

ပန္နက်လူငယ်ခေါင်းဆောင်မှုကော်မတီအစည်းအဝေး

၂၉၊ ၃၊ ၁၁

ပန္နက်သင်းအုပ်များကောင်စီအစည်းအဝေး

၂၉၊ ၅

ကွယ်လွန်သူတို့အတွက် အသုဘနှင့် အခြားအမှုဆောင်ခြင်းများ

၂၉၊ ၅၊ ၁

အထွေထွေအခြေခံသဘောတရားများ

ကွယ်လွန်သူတို့အတွက် အသင်းတော်အမှုဆောင်ခြင်း၏အရေးကြီးသောရည်ရွယ်ချက်တစ်ခုမှာ၊ ကယ်တင်ခြင်းအစီအစဉ်ကို သက်သေခံရန်ဖြစ်ပါသည်၊ အထူးသဖြင့် ကယ်တင်ရှင်၏ အပြစ်ဖြေခြင်းမင်္ဂလာနှင့် ရှင်ပြန်ထမြောက်ခြင်းဖြစ်ပါသည်။ ဤအမှုဆောင်ခြင်းများသည် သိက္ခာရှိရမည်၊ ဝိညာဉ်ပကတိအတွေ့အကြုံများ ဖြစ်ရမည်။

အသင်းတော်ခေါင်းဆောင်များသည် ကွယ်လွန်သူတို့အတွက် အသင်းတော်အမှုဆောင်ခြင်းတွင် အခြားဘာသာရေးများ သို့မဟုတ် အဖွဲ့များ၏ ရိုးရာဓလေ့များကို မပါဝင်စေသင့်ပါ။

၂၉၊ ၅၊ ၂

မိသားစုအား အကူအညီကမ်းလှမ်းခြင်း

ယေရှုခရစ်တော်၏တပည့်တော်များအဖြစ်၊ အသင်းတော်ခေါင်းဆောင်များနှင့် အသင်းသားများသည် “ငိုကြွေးမမြည်တမ်းသူတို့နှင့်အတူ ငိုကြွေးမြည်တမ်း၍၊ .…နှစ်သိမ့်ခြင်းကို လိုအပ်လျက်ရှိသူတို့ကို နှစ်သိမ့်” (မောဇိယ ၁၈း၉) ကြပါသည်။ အသင်းသားတစ်ဦးကွယ်လွန်သောအခါ၊ သင်းအုပ်သည် မိသားစုကို နှစ်သိမ့်ရန် အကြည့်အရှုသွားပါသည်။

သင်းအုပ်သည် အသင်းလူကြီးများအဖွဲ့နှင့် လူမှုသက်သာရေးအဖွဲ့အပါအဝင် အသင်းတော်စုအသင်းသားများထံမှ အကူအညီကို ကမ်းလှမ်းပါသည်။

၂၉၊ ၅၊ ၄

အသုဘအမှုဆောင်ခြင်းများ (ရိုးရာဖြစ်သည့်နေရာ)

သင်းအုပ်ဦးဆောင်သည့် အသုဘအခမ်းအနားတစ်ခုသည်၊ အသင်းတော်အဆောက်အဦးအတွင်း၌ဖြစ်စေ၊ အခြားတစ်နေရာ၌ဖြစ်စေ၊ အသင်းတော်အစည်းအဝေးတစ်ခု ဖြစ်ပါသည်။ ထိုအရာသည် ဝိညာဉ်ပကတိကာလတစ်ခုဖြစ်ရပါမည်။

အသုဘအခမ်းအနားများကို အချိန်မီစတင်ရမည်။ အများအားဖြင့်၊ ၁.၅ နာရီထက်ပိုမကြာရပါ၊ တက်ရောက်သူတို့အပေါ် ယဉ်ကျေးမှုရှိခြင်းအနေနှင့် ဖြစ်ပါသည်။

အသုဘအခမ်းအနားပွဲအမှုဆောင်ခြင်းများကို ပုံမှန်အားဖြင့် တနင်္ဂနွေနေ့တွင် မကျင်းပပါ။

၂၉၊ ၆

အသင်းတော်အစည်းအဝေးများ၌ ဆုတောင်းခြင်းများ

အသင်းတော်အစည်းအဝေးများ၌ ဆုတောင်းခြင်းများသည် အကျဉ်းချုပ်၊ ရိုးရှင်းခြင်းနှင့် ဝိညာဉ်တော် ညွှန်ကြားသည့်အတိုင်းဖြစ်ရမည်။ ဗတ္တိဇံခံပြီးသား အသင်းသားတစ်ဦးဦးသည် အဖွင့် သို့မဟုတ် အပိတ်ဆုတောင်းပေးနိုင်ပါသည်။ ဗတ္တိဇံမခံရသေးသောကလေးများသည် မူလတန်းတွင်ဆုတောင်းနိုင်ပါသည်။

၂၉၊ ၇

အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်ခြင်းအစည်းအဝေးများနှင့် အွန်လိုင်းအစည်းအဝေးများ ကျင်းပခြင်း

သင်းအုပ်သည် ၊ ချွင်းချက်တစ်ခုအနေဖြင့်၊ အစည်းအဝေးအိမ်အတွင်း ကျင်းပသည့် အွန်လိုင်း တိုက်ရိုက်ကြည့်ရှုခြင်း ပွဲတော်အစည်းအဝေး၊ အသုဘအခမ်းအနားများနှင့် မင်္ဂလာဆောင်များကို အခွင့်အာဏာပေးနိုင်ပါသည်။

အွန်လိုင်းတိုက်ရိုက်ကြည့်ရှုခြင်း ပွဲတော်အစည်းအဝေးတစ်ခုတွင် ပွဲတော်စီမံဆောင်ရွက်ခြင်း မပါဝင်ရပါ။

အချို့အစည်းအဝေးများတွင်၊ သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် လူကိုယ်တိုင်မတက်ရောက်နိုင်သည့် အသင်းသားများကို အခွင့်အာဏာပေးနိုင်ပါသည်။ ဤအစည်းအဝေးများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်၊

  • ဥက္ကဋ္ဌအဖွဲ့ သို့မဟုတ် ကောင်စီအစည်းအဝေးများကဲ့သို့သော ခေါင်းဆောင်မှု အစည်းအဝေးများ။

  • အဖွဲ့၊ လူမှုသက်သာရေးအဖွဲ့နှင့် လူငယ်အမျိုးသမီးများအဖွဲ့ အစည်းအဝေးများ။

  • တနင်္ဂနွေကျောင်းအတန်းများ။

  • မူလတန်းအတန်းများနှင့် သီချင်းဆိုချိန်။