လက်စွဲစာအုပ်များနှင့်အမှုတော်ဆောင်တာဝန်များ
၂၅။ အသင်းတော်စုနှင့် ပန္နက်ရှိ ဗိမာန်တော်နှင့်မိသားစုသမိုင်းအမှု


“၂၅။ အသင်းတော်စုနှင့် ပန္နက်ရှိ ဗိမာန်တော်နှင့်မိသားစုသမိုင်းအမှု၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။

“၂၅။ အသင်းတော်စုနှင့် ပန္နက်ရှိ ဗိမာန်တော်နှင့်မိသားစုသမိုင်းအမှု၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ

ဗိမာန်တော်

၂၅။

အသင်းတော်စုနှင့် ပန္နက်ရှိ ဗိမာန်တော်နှင့်မိသားစုသမိုင်းအမှု

၂၅၊ ၀

နိဒါန်း

ဗိမာန်တော်နှင့်မိသားစုသမိုင်းအမှုသည် မိသားစုများကို ထာဝရကာလစည်းလုံးခြင်းနှင့် တံဆိပ်ခတ်ခြင်းအတွက် နည်းလမ်းများဖြစ်ပါသည် (ရှင်မဿဲ ၁၆း၁၉)။ ဤအရာတွင် အောက်ပါတို့ ပါဝင်ပါသည်၊

နောက်ထပ်အချက်အလက်များကို “ဗိမာန်တော်များ” နှင့် “မိသားစုသမိုင်း” (ဧဝံဂေလိတရားတော်ခေါင်းစဉ်များ၊ ၌ ရရှိနိုင်ပါသည်။ topics.ChurchofJesusChrist.org).

၂၅၊ ၁

ဗိမာန်တော်နှင့် မိသားစုသမိုင်းအမှု၌ အသင်းသားနှင့် ခေါင်းဆောင်ပါဝင်ခြင်း

အသင်းတော်အသင်းသားများ၌ သူတို့၏မိသားစုများကို ထာဝရစည်းလုံးဖို့ ကူညီရန်အထူးအခွင့်အရေးရှိပါသည်။ သူတို့သည် ဗိမာန်တော်ဘိသိက်မင်္ဂလာများ ရရှိ၍၊ ပဋိညာဉ်များပြုကြပါသည်၊ ထိုပဋိညာဉ်များကို စောင့်ထိန်းရန်လည်း ကြိုးစားကြပါသည်။

အသင်းတော်အသင်းသားတို့အား ဗိမာန်တော်ဘိသိက်မင်္ဂလာများ မရရှိသေးသည့် သူတို့၏ ကွယ်လွန်သွားသော ဆွေမျိုးများကို ရှာဖွေဖို့ တိုက်တွန်းပါသည်။ ထို့နောက်တွင် အသင်းသားတို့သည် ထိုဆွေမျိုးတို့ကိုယ်စား ဘိသိက်မင်္ဂလာများကို ဆောင်ရွက်ကြပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၂၈း၁၈)။ ဝိညာဉ်ကမ္ဘာတွင်၊ ကွယ်လွန်သွားသော ပုဂ္ဂိုလ်တို့သည် သူတို့အတွက် ဆောင်ရွက်ပေးသည့် ဘိသိက်မင်္ဂလာများကို လက်ခံနိုင်သို့မဟုတ် ငြင်းပယ်နိုင်ကြပါသည်။

၂၅၊ ၁၊ ၁

ဗိမာန်တော်တက်ရောက်ခြင်းအတွက် တစ်ဦးချင်းတာဝန်

အသင်းသားများသည် ဗိမာန်တော်၌ မည်မျှမကြာမကြာကိုးကွယ်ကြမည်ကို သူတို့ဘာသာသူတို့ ဆုံးဖြတ်ကြပါသည်။ ခေါင်းဆောင်များသည် ဗိမာန်တော်တက်ရောက်မှုအတွက် ခွဲတမ်းများ သို့မဟုတ် အစီရင်ခံခြင်းစနစ်များကို မတည်ထောင်ပါ။

၂၅၊ ၂

အသင်းတော်စု၌ ဗိမာန်တော်နှင့် မိသားစုသမိုင်းအမှုကို စီစဉ်ခြင်း

၂၅၊ ၂၊ ၁

သင်းအုပ်နှင့် အတိုင်ပင်ခံအဖွဲ့

သင်းအုပ်နှင့် အတိုင်ပင်ခံအဖွဲ့သည် အသင်းတော်စု ဗိမာန်တော်နှင့် မိသားစုသမိုင်းအမှု အားထုတ်မှုများကို ဦးဆောင်ရာတွင် အသင်းလူကြီးအဖွဲ့နှင့် လူမှုသက်သာရေး ဥက္ကဋ္ဌအဖွဲ့တို့နှင့် ညှိနှိုင်းဆောင်ရွက်ပါသည်။ ဤခေါင်းဆောင်များသည် ပုံမှန်အတူတကွတိုင်ပင်ဆွေးနွေးကြပါသည်။

သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့သည် အသင်းတော်စု၌ ဗိမာန်တော်နှင့် မိသားစုသမိုင်းအမှုအတွက် အောက်ပါတာဝန်များလည်း ရှိပါသည်။

  • ဗိမာန်တော်နှင့် မိသားစုသမိုင်းအမှု၏ဩဝါဒနှင့် ကောင်းချီးမင်္ဂလာများကို ဘုရားကျောင်း၌ သွန်သင်ကြောင်းသေချာစေခြင်း။

  • ဗိမာန်တော်နှင့် မိသားစုသမိုင်းအမှုကို အသင်းတော်စုတိုင်ပင်ဆွေးနွေးခြင်းနှင့် အသင်းတော်စုလူငယ်တိုင်ပင်ဆွေးနွေးခြင်း အစည်းအဝေးများ၌ ညှိနှိုင်းဆောင်ရွက်ကြောင်း သေချာစေခြင်း။

  • ဗိမာန်တော်အတွက်ပြင်ဆင်ခြင်းသင်ခန်းစာများစီစဉ်ခြင်းကို ကြီးကြပ်ခြင်း (ရှု ၂၅၊ ၂၊ ၈)။

  • ဗိမာန်တော်ထောက်ခံချက်များ ထုတ်ပေးခြင်း (ရှု အခန်း ၂၆)။

၂၅၊ ၂၊ ၂

အသင်းလူကြီးအဖွဲ့နှင့် လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့များ

အသင်းလူကြီးအဖွဲ့နှင့် လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့များသည် အသင်းတော်စု၌ နေ့စဉ် ဗိမာန်တော်နှင့် မိသားစု အားထုတ်မှုများကို ဦးဆောင်ပါသည် ( ရှု ၈၊ ၂၊ ၄ နှင့် ၉၊ ၂၊ ၄)။ သူတို့သည် ဤအားထုတ်မှုများကို ဦးဆောင်ရန် သင်းအုပ်၏ညှိနှိုင်းဆောင်ရွက်မှုအောက်တွင် အသင်းတော်စု ကောင်စီနှင့် အတူတကွ အလုပ်လုပ်ကြပါသည်။

ဤခေါင်းဆောင်များတွင် အောက်ပါတာဝန်များ ရှိပါသည်၊

  • အသင်းသားများအား ဗိမာန်တော်ဘိသိက်မင်္ဂလာများ ရရှိဖို့နှင့် ဗိမာန်တော်ပဋိညာဉ်များပြုလုပ်ဖို့ ပြင်ဆင်ရန် ကူညီခြင်း။

  • အသင်းသားများအား သူတို့၏အခြေအနေပေးသမျှ ဗိမာန်တော်၌ ကိုးကွယ်ဖို့ တိုက်တွန်းခြင်း။

  • အသင်းသားများအား သူတို့၏ ဘိုးဘေးတို့အကြောင်း သင်ယူရန်နှင့် သူတို့ကိုယ်စား ဗိမာန်တော်ဘိသိက်မင်္ဂလာများဆောင်ရွက်ရန် တိုက်တွန်းခြင်း။

  • အသင်းတော်စု ဗိမာန်တော်နှင့် မိသားစုသမိုင်း ခေါင်းဆောင်၏အမှုကို ဦးဆောင်ခြင်း။ ဤခေါင်းဆောင်ကို ခေါ်သွင်းမထားပါက၊ အသင်းလူကြီးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးသည် ဤကဏ္ဍကို ဖြည့်စွက်ပါသည် (ရှု ၂၅၊ ၂၊ ၃)။

အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌနှင့် လူမှုသက်သာရေးအဖွဲ့ဥက္ကဋ္ဌတို့သည် အသင်းတော်စု၌ ဗိမာန်တော်နှင့် မိသားစုသမိုင်းအမှုကို ခေါင်းဆောင်ဖို့ကူညီရန် ဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးချင်းစီကို ခန့်အပ်ပါသည်။ ဤဥက္ကဋ္ဌအဖွဲ့ဝင်နှစ်ဦးသည် အတူတကွအလုပ်လုပ်ကြပါသည်။ သူတို့သည် အသင်းတော်စု ဗိမာန်တော်နှင့် မိသားစုသမိုင်း ညှိနှိုင်းဆောင်ရွက်ရေးအစည်းအဝေးများကို တက်ရောက်ကြပါသည်။ ( ရှု ၂၅၊ ၂၊ ၇)။

၂၅၊ ၂၊ ၃

အသင်းတော်စု ဗိမာန်တော်နှင့် မိသားစုသမိုင်းခေါင်းဆောင်

သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့သည် အသင်းတော်စု ဗိမာန်တော်နှင့် မိသားစုသမိုင်းခေါင်းဆောင်တစ်ဦးခေါ်သွင်းမသွင်းဆုံးဖြတ်ရန် တိုင်ပင်ဆွေးနွေးကြပါသည်။ ဤပုဂ္ဂိုလ်သည် မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့် ကိုင်ဆောင်သူတစ်ဦးဖြစ်ရမည်။

အသင်းတော်စု ဗိမာန်တော်နှင့် မိသားစုသမိုင်းခေါင်းဆောင်သည် အသင်းလူကြီးဥက္ကဋ္ဌအဖွဲ့နှင့် လူမှုသက်သာရေးဥက္ကဋ္ဌအဖွဲ့တို့ကို သူတို့၏ ဗိမာန်တော်နှင့် မိသားစုသမိုင်း တာဝန်များ၌ ထောက်ပံ့ပါသည်။ သူ့တွင် အောက်ပါတာဝန်များလည်းရှိပါသည်၊

  • အသင်းတော်စု ဗိမာန်တော်နှင့် မိသားစုသမိုင်းညှိနှိုင်းအစည်းအဝေးများကို ဦးဆောင်ခြင်း (ရှု ၂၅၊ ၂၊ ၇)။

  • အသင်းတော်စု ဗိမာန်တော်နှင့် မိသားစုသမိုင်းအကြံပေးများကို ညွှန်ကြားခြင်း။ အသင်းသားများကို သူတို့၏ ဗိမာန်တော်နှင့် မိသားစုသမိုင်းအမှုနှင့်ပတ်သက်၍ ကူညီရန် အားထုတ်မှုများကို ညှိနှိုင်းခြင်း။

  • ဧဝံဂေလိတရားတော်သင်ယူနေသူများ၊ အသင်းသားအသစ်များ၊ ပြန်လာသောအသင်းသားများကို ဗိမာန်တော်နှင့် မိသားစုသမိုင်းအမှု၌ ရှိနေစေရန် အသင်းတော်စုသာသနာပြုခေါင်းဆောင်နှင့် သာသနာပြုများနှင့် အတူအလုပ်လုပ်ခြင်း။

၂၅၊ ၂၊ ၄

အသင်းတော်စု ဗိမာန်တော်နှင့် မိသားစုသမိုင်းအကြံပေးများ

အသင်းတော်စု ဗိမာန်တော်နှင့် မိသားစုသမိုင်းအကြံပေးများသည် အသင်းတော်စု ဗိမာန်တော်နှင့် မိသားစုသမိုင်းခေါင်းဆောင်သို့မဟုတ် ဤကဏ္ဍကိုဖြည့်စွက်သူ အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌအဖွဲ့ဝင်၏ လမ်းညွှန်မှုအောက်၌ အမှုတော်ဆောင်ပါသည်။ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့သည် ဤအသင်းသားတို့အား အမှုတော်ဆောင်ရန် ခေါ်သွင်းပါသည်။ အရွယ်ရောက်သူများနှင့် လူငယ်များသည်လည်း ခေါ်သွင်းခံရနိုင်ပါသည်။

အကြံပေးများတွင် အောက်ပါတာဝန်များ ရှိပါသည်။

  • အသင်းသားတို့အား သူတို့၏ဘိုးဘေးတို့ကို ရှာဖွေခြင်းနှင့် သူတို့ကိုယ်စား ဗိမာန်တော်ဘိသိက်မင်္ဂလာများဆောင်ရွက်ခြင်း၏ ကောင်းချီးမင်္ဂလာများတွေ့ကြုံစေရန် ကူညီခြင်း။

  • အသင်းသားများအား ဗိမာန်တော်ဘိသိက်မင်္ဂလာများ ရရှိစေဖို့နှင့် ဗိမာန်တော်ပဋိညာဉ်များပြုဖို့ ပြင်ဆင်ရန် ကူညီခြင်း။

  • ဗိမာန်တော်နှင့် မိသားစုသမိုင်း ညှိနှိုင်းစည်းဝေးပွဲများ၌ ပါဝင်ခြင်း (ရှု ၂၅၊ ၂၊ ၇)။

၂၅၊ ၂၊ ၇

အသင်းတော်စု ဗိမာန်တော်နှင့် မိသားစုသမိုင်း ညှိနှိုင်းအစည်းအဝေးများ

အသင်းတော်စု ဗိမာန်တော်နှင့် မိသားစုသမိုင်း သာမန်ညှိနှိုင်းအစည်းအဝေးတိုများကို ပုံမှန်ကျင်းပပါသည်။ အသင်းတော်စု ဗိမာန်တော်နှင့် မိသားစုသမိုင်း ခေါင်းဆောင်တစ်ဦးကို ခေါ်သွင်းထားလျှင်၊ သူသည် ဤအစည်းအဝေးများကို ဦးဆောင်ပါသည်။ သို့မဟုတ်လျှင်၊ ဤကဏ္ဍကို ဖြည့်စွက်သည့် အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌအဖွဲ့ဝင်က ဦးဆောင်ပါသည်။

အခြားဖိတ်ခေါ်ခံရသူများတွင် အောက်ပါပုဂ္ဂိုလ်များ ပါဝင်ပါသည်။

  • ခန့်အပ်ထားသည့် လူမှုသက်သာရေးအဖွဲ့နှင့် အသင်းလူကြီးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့ဝင်များ။

  • ယဇ်ပုရောဟိတ်အဖွဲ့မှ အကူ။

  • အသက်အကြီးဆုံး အမျိုးသမီးငယ်သင်တန်းမှ ဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦး။

  • ဗိမာန်တော်နှင့် မိသားစုသမိုင်း အကြံပေးများ။

ဤအစည်းအဝေးများ၏ ရည်ရွယ်ချက်များမှာ၊

  • အသင်းတော်စုအသင်းသားတို့အား တောင်းဆိုထားသည့်အတိုင်း သူတို့၏ ဗိမာန်တော်နှင့် မိသားစုသမိုင်းအမှုနှင့် ပတ်သက်၍ မည်သို့ ကူညီရမည်ကို စီစဉ်ရန်။

ဤအစည်းအဝေးများကို လူကိုယ်တိုင် သို့မဟုတ် အွန်လိုင်းပေါ်ကျင်းပနိုင်ပါသည်။ ညှိနှိုင်းခြင်းမှာ ဖုန်းခေါ်ခြင်း၊ စာပို့ခြင်းနှင့် အီးမေးလ်အပါအဝင် အခြားနည်းလမ်းများဖြင့်လည်း ဖြစ်နိုင်ပါသည်။

၂၅၊ ၂၊ ၈

ဗိမာန်တော်အတွက်ပြင်ဆင်ခြင်းသင်ခန်းစာ

သင်းအုပ်၏ လမ်းညွှန်မှုအောက်တွင်၊ အသင်းသားတို့အား ဗိမာန်တော်ဘိသိက်မင်္ဂလာများ ရရှိ၍ ပဋိညာဉ်များပြုလုပ်ရန် ပြင်ဆင်ဖို့ ကူညီရန် ဗိမာန်တော်ပြင်ဆင်ခြင်းသင်တန်းတစ်ခုကို စီစဉ်နိုင်ပါသည်။ သင်တန်းများကို ပုံမှန်တနင်္ဂနွေအစည်းအဝေးများ အပြင်ဘက်၊ အသင်းသားများအတွက် အဆင်ပြေမည့်အချိန်တစ်ခုတွင် ကျင်းပနိုင်ပါသည်။ အစည်းအဝေးအိမ် သို့မဟုတ် နေအိမ်တစ်ခုတွင် သင်ကြားနိုင်ပါသည်။

သင်တန်းစီစဉ်ခြင်းအတွက် သင်ခန်းစာများနှင့် လမ်းညွှန်ချက်များမှာ အမြင့်မှအပ်နှင်းခြင်း၊ ဗိမာန်တော်ပြင်ဆင်ခြင်း ဆရာလမ်းညွှန် ၌ ရှိပါသည်။ ပါဝင်သူတို့အား သန့်ရှင်းသော ဗိမာန်တော်သို့ ဝင်ရောက်ခြင်း မိတ္တူများကို ပေးပါသည်။ ကိုယ်ပိုင်လေ့လာရေးနှင့် သင်ခန်းစာရင်းမြစ်များအတွက်၊ အောက်ပါတို့တွင် ရှု temples.ChurchofJesusChrist.org.

၂၅၊ ၄

မိသားစုသမိုင်း အရင်းမြစ်များ

၂၅၊ ၄၊ ၁

ကျွန်ုပ်၏မိသားစု၊ ကျွန်ုပ်တို့ကို အတူရှိစေသည့် အဖြစ်အပျက်များ

ကျွန်ုပ်၏မိသားစု၊ ကျွန်ုပ်တို့ကို အတူရှိစေသည့် အဖြစ်အပျက်များက လူတို့အား ဆွေမျိုးများနှင့် ဘိုးဘေးတို့ကို ရှာဖွေရန်နှင့် သူတို့၏အဖြစ်အပျက်များကို စုဝေးရန် ကူညီပါသည်။ ဤစာစောင်က အသင်းသားတို့ကို ဗိမာန်တော်ဘိသိက်မင်္ဂလာများအတွက် မိသားစုအမည်များပြင်ဆင်ခြင်းကို အစပြုရန်လည်း ကူညီနိုင်ပါသည်။

စာစောင်ကို အောက်ပါနေရာတွင် ဆွဲချနိုင်ပါသည် ChurchofJesusChrist.org. စာရွက်မိတ္တူကို store.ChurchofJesusChrist.org ၌ မှာယူနိုင်ပါသည်။

၂၅၊ ၄၊ ၂

FamilySearch.org နှင့် မိသားစုရှာဖွေအက်ပ်စ်

FamilySearch.org သည် ဗိမာန်တော်နှင့် မိသားစုသမိုင်းအမှု အတွက် အသင်းတော် ဝဘ်ဆိုက် ဖြစ်ပါသည်။ အသုံးပြုသူတို့အား အောက်ပါတို့၌ ကူညီနိုင်ပါသည်၊

  • မိသားစုဇယားအချိတ်အဆက်နှင့် ဆယ်သွယ်မှုများ။

  • ဘိုးဘေးများနှင့် သူတို့၏အဖြစ်အပျက်များကို ရှာဖွေခြင်း။

  • မိသားစု အဖြစ်အပျက်များ၊ ဓာတ်ပုံများနှင့် သမိုင်းများကို ဝေငှခြင်းနှင့် ထိန်းသိမ်းခြင်း။

  • ဗိမာန်တော်ဘိသိက်မင်္ဂလာများအတွက် မိသားစုအမည်များကို ပြင်ဆင်ခြင်း။

မိသားစုဇယားအက်ပ်နှင့် မိသားစုရှာဖွေမှတ်ဉာဏ်များအက်ပ်တို့သည် ဗိမာန်တော်နှင့် မိသားစုသမိုင်း အမှုကို ရွေ့လျားသုံးကိရိယာများမှ ပါဝင်နိုင်စွမ်းရှိစေပါသည်။

၂၅၊ ၅

ဗိမာန်တော်လုပ်သားများကို ထောက်ခံခြင်းနှင့် ခေါ်သွင်းခြင်း

၂၅၊ ၅၊ ၁

ဗိမာန်တော်လုပ်သားများကို ထောက်ခံခြင်း

အလားအလာရှိသော ဗိမာန်တော်လုပ်သားများကို အောက်ပါနည်းများဖြင့် သတ်မှတ်နိုင်ပါသည်၊

  • သင်းအုပ် သို့မဟုတ် တခြား အသင်းတော်စုခေါင်းဆောင်မှ သတ်မှတ်ထားသော အသင်းသားများ

  • အမှုတော်ဆောင်ခြင်းနှင့် ပတ်သက်၍ သင်းအုပ်ကို ချဉ်းကပ်သော အသင်းသားများ

  • ဗိမာန်တော်ဥက္ကဋ္ဌ၊ နာယက၊ သို့မဟုတ် တခြား ဗိမာန်တော်ခေါင်းဆောင်မှ ထောက်ခံထားသော အသင်းသားများ

  • သာသနာပြုအမှုတော်ဆောင်ခြင်းအတွက် ပြင်ဆင်နေသော သို့မဟုတ် သာသနာပြုအမှုတော်ဆောင်ခြင်းမှ မကြာသေးမီက ပြန်လာသော အသင်းသားများ (ရှု အခန်း ၂၄)

အလားအလာရှိ ဗိမာန်တော်လုပ်သားတို့၏ အမည်များကို ဗိမာန်တော်လုပ်သားထောက်ခံခြင်းကိရိယာ ကို အသုံးပြု၍ တင်ပို့ပါသည်။ ဤကိရိယာကို သင်းအုပ်များ၊ ပန္နက်ဥက္ကဋ္ဌများ နှင့် ဗိမာန်တော်ဥက္ကဋ္ဌများ ရရှိနိုင်ကြပါသည်။