လက်စွဲစာအုပ်များနှင့်အမှုတော်ဆောင်တာဝန်များ
၂၄။ သာသနာပြုထောက်ခံချက်များနှင့် အမှုတော်ဆောင်ခြင်း


“၂၄။ သာသနာပြုထောက်ခံချက်များနှင့် အမှုတော်ဆောင်ခြင်း၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။

“၂၄။ သာသနာပြုထောက်ခံချက်များနှင့် အမှုတော်ဆောင်ခြင်း၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ

လမ်းလျှောက်နေသောသာသနာပြုများ

၂၄။

သာသနာပြုထောက်ခံချက်များနှင့် အမှုတော်ဆောင်ခြင်း

၂၄၊ ၀

နိဒါန်း

ရှေးကာလတွင်၊ ကိုယ်တော်ရှင်သည် ဣသရေလအမျိုးသားတို့ကို “လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးရန်” (ရှင်မဿဲ ၂၈း၁၉၊ လည်းရှု အခန်းငယ် ၂၀) အထူးတာဝန်ပေးခဲ့ပါသည်။ ကိုယ်တော်ရှင်သည် ဤနောက်ပိုင်းကာလတွင် ထိုအထူးတာဝန်ကို ပြန်လည်ဆန်းသစ်ခဲ့ပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၃၉း၁၁၆၈း၆-၈၁၁၂း၂၈-၃၀)။

သာသနာပြုတစ်ယောက်အဖြစ် ကိုယ်တော်ရှင်ကို အမှုတော်ဆောင်ခြင်းသည် သန့်ရှင်းမွန်မြတ်သည့် အထူးအခွင့်အရေးတစ်ခုဖြစ်ပါသည်။ ထိုအမှုတော်ဆောင်ခြင်းသည် ထိုသူနှင့် သူ သို့မဟုတ် သူမ အမှုတော်ဆောင်သည့်သူများဆီသို့ ထာဝရကောင်းချီးမင်္ဂလာများကို ဖြစ်စေပါသည်။ (ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၈း၁၄-၁၆)။

ကိုယ်တော်ရှင်သည် ထိုက်တန်၍၊ စွမ်းဆောင်နိုင်သည့် လူငယ်အမျိုးသားတိုင်းကို သာသာပြုခြင်းအတွက် ပြင်ဆင်၍ အမှုတော်ဆောင်ရန် တောင်းဆိုပါသည်။

ကိုယ်တော်ရှင်သည် ထိုက်တန်သည့် လူငယ်အမျိုးသမီးများကိုလည်း သူတို့အလိုရှိလျှင် သာသနာပြု အမှုတော်ဆောင်ရန် ကြိုဆိုပါသည်။

သက်ကြီးသာသနာပြုများကိုလည်း လိုအပ်၍၊ အမှုတော်ဆောင်ဖို့ ပြင်ဆင်ရန် တိုက်တွန်းပါသည်။

၂၄၊ ၁

အမှုတော်ဆောင်ရန် ဖိတ်ခေါ်ခြင်း

သာသနာပြုများသည် ကိုယ်တော်ရှင်ကို ကိုယ်စားပြုပါသည်၊ သင့်လျော်သောအခွင့်အာဏာဖြင့် ခေါ်သွင်းခံရမည် ( ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၄၂း၁၁ယုံကြည်ခံယူချက်များ ၁း၅)။ သာသနာပြုအမှုတော်ဆောင်ရန် ခေါ်သွင်းခြင်းကို အများအားဖြင့် အသင်းတော်၏ဥက္ကဋ္ဌက ကမ်းလှမ်းပါသည်။ သက်ကြီးသာသနာပြုများအတွက် ခေါ်သွင်းခြင်းကို ပန္နက်ဥက္ကဋ္ဌက ပြုလုပ်ပါသည်။

၂၄၊ ၂

သာသနာပြု ခန့်အပ်ခြင်းများ

သာသနာပြုတစ်ဦးအဖြစ် အမှုတော်ဆောင်ရန် ခေါ်သွင်းခြင်းတွင် အတိအကျ ခန့်အပ်ခြင်းတစ်ခုပါဝင်ပါသည်။ ဤခန့်အပ်ခြင်းများမှာ ကျယ်ပြန့်စွာရှိပါသည်။

၂၄၊ ၂၊ ၁

သွန်သင်နေသည့် သာသနာပြုလူငယ်များ

လူငယ်သာသနာပြုအများစုသည် အိမ်မှဝေးသောနေရာတွင် ဧဝံဂေလိတရားတော်ကို သွန်သင်ဖို့ ခန့်အပ်ခံရပါသည်။ ဤခန့်အပ်ခြင်းများကို တမန်တော်များသို့ပေးသည့် ဗျာဒိတ်တော်ဖြင့် ပေးပါသည်။ ဤသာသနာပြုများသည် သာသနာပြုဥက္ကဋ္ဌ၏လမ်းညွှန်မှုအောက်တွင် အမှုတော်ဆောင်ကြပါသည်။

၂၄၊ ၂၊ ၂

လူငယ်အမှုတော်ဆောင်သာသနာပြုများ

အချို့သာသနာပြုများသည် အသင်းတော်၌၊ ထို့အတူ အိမ်၌နေစဉ်တွင် ပတ်ဝန်းကျင်၌ အမှုတော်ဆောင်ရန် ခန့်အပ်ခံကြရပါသည်။ ဤခန့်အပ်ခြင်းများကို တမန်တော်များသို့ပေးသည့် ဗျာဒိတ်တော်ဖြင့် ပေးပါသည်၊ အမှုတော်ဆောင်သာသနာပြုအတွက် အကိုက်ညီဆုံး အခြေအနေများရှိသူတို့အား ပေးထားပါသည်။ (ရှု ၂၄၊ ၃၊ ၃)။

၂၄၊ ၂၊ ၃

သက်ကြီးသာသနာပြုများ

သက်ကြီးသာသနာပြုအားလုံး သွန်သင်ရမည့်လူများကို ရှာရန်နှင့် ဗတ္တိဇံအတွက် ပြင်ဆင်ရန်သူတို့ကို ကူညီဖို့ တိုက်တွန်းပါသည်။ သက်ကြီးသာသနာပြုများသည် အောက်ပါတို့ကို ထောက်မရန်လည်း ခန့်အပ်ခံရနိုင်ပါသည်။

  • အသင်းသားများနှင့် နယ်မြေဒေသခံခေါင်းဆောင်များ။

  • အသင်းတော်ဌာနများနှင့် ပစ္စည်းပစ္စယအဆောက်အအုံများ

  • ကုသိုလ်ဖြစ်အဖွဲ့အစည်းများ။

သက်ကြီးသာသနာပြုများသည် လူငယ်သာသနာပြုများနည်းတူ အချိန်ကြာအောင်အလုပ်လုပ်ရန်၊ အလားတူ လှုပ်ရှားမှုများအားလုံးကို လုပ်ဆောင်ရန်၊ သို့မဟုတ် အလားတူ မျှော်မှန်းချက်များပြည့်မီရန် မတောင်းဆိုခံရပါ။

သက်ကြီးသာသနာပြုများအတွက် ခန့်အပ်ခြင်းများကို တမန်တော်များသို့ပေးသည့် ဗျာဒိတ်တော်ဖြင့် ပေးပါသည်။ လျှောက်ထားသူများသည် ခန့်အပ်ခြင်းတစ်ခုအတွက် ဦးစားပေးလိုရာတစ်ခုကို ဖော်ပြနိုင်သော်လည်း ခန့်ခြင်းမှတ်သမျှကို လက်ခံဖို့ လိုလိုလားလားရှိသင့်ပါသည်။

၂၄၊ ၂၊ ၄

သက်ကြီးအမှုတော်ဆောင်သာသနာပြုများ

အသင်းသားများသည် မိမိတို့ဇာတိအသင်းတော်စု သို့မဟုတ် ပန္နက်ရှိအမှုတော်ဆောင်တာဝန်များအပြင်၊ ကိုယ်တော်ရှင်အား သက်ကြီးသာသနာပြုများအဖြစ် အမှုတော်ဆောင်နိုင်ကြပါသည်။ ဤသာသနာပြုများသည် အသင်းတော်ဌာနများ၊ အဆောက်အအုံပစ္စည်းပစ္စယများနှင့် သာသနာများ၌ အဖိုးတန်အမှုဆောင်ခြင်းများကို ပေးကြပါသည် (ရှု ၂၄၊ ၇၊ ၁)။ သူတို့သည် အိမ်မှာနေကြပါသည်။

သက်ကြီးအမှုတော်ဆောင်သာသနာပြုများကို ပန္နက်ဥက္ကဋ္ဌက ခေါ်သွင်းပါသည်။ သူ၏လမ်းညွှန်မှုအောက်၌ အမှုတော်ဆောင်ကြပါသည်။ သီတင်းပတ်တိုင်း သူတို့အမှုတော်ဆောင်သည့် အချိန်ပမာဏမှာ သူတို့၏ စွမ်းရည်၊ သူတို့ဒေသ၌ အမှုတော်ဆောင်အခွင့်အလမ်းများနှင့် ဒေသဥက္ကဋ္ဌအဖွဲ့ထံမှ လမ်းညွှန်မှုတို့အပေါ်တွင် မူတည်ပါသည်။

၂၄၊ ၂၊ ၅

သာသနာပြုခန့်အပ်ခြင်းတို့၏အနှစ်ချုပ်

အောက်ပါဇယားသည် သာသနာပြုခန့်အပ်ခြင်းအမျိုးအစားများကို အနှစ်ချုပ်ပါသည်။

လူငယ်သွန်သင်သော သာသနာပြုများ
(ရှု ၂၄၊ ၂၊ ၁)

လူငယ်အမှုတော်ဆောင် သာသနာပြု
(ရှု ၂၄၊ ၂၊ ၂)

သက်ကြီးသာသနာပြု
(ရှု ၂၄၊ ၂၊ ၃)

သက်ကြီး အမှုတော်ဆောင်သာသနာပြု
(ရှု ၂၄၊ ၂၊ ၄)

အားဖြင့် ခေါ်သွင်းပါသည်

လူငယ်သွန်သင်သော သာသနာပြုများ
(ရှု ၂၄၊ ၂၊ ၁)

အသင်းတော်၏ဥက္ကဋ္ဌ

လူငယ်အမှုတော်ဆောင် သာသနာပြု
(ရှု ၂၄၊ ၂၊ ၂)

အသင်းတော်၏ဥက္ကဋ္ဌ

သက်ကြီးသာသနာပြု
(ရှု ၂၄၊ ၂၊ ၃)

အသင်းတော်၏ဥက္ကဋ္ဌ

သက်ကြီး အမှုတော်ဆောင်သာသနာပြု
(ရှု ၂၄၊ ၂၊ ၄)

ပန္နက်ဥက္ကဋ္ဌ

အားဖြင့် ခန့်အပ်ပါသည်

လူငယ်သွန်သင်သော သာသနာပြုများ
(ရှု ၂၄၊ ၂၊ ၁)

တမန်တော်တစ်ပါး

လူငယ်အမှုတော်ဆောင် သာသနာပြု
(ရှု ၂၄၊ ၂၊ ၂)

တမန်တော်တစ်ပါး

သက်ကြီးသာသနာပြု
(ရှု ၂၄၊ ၂၊ ၃)

တမန်တော်တစ်ပါး

သက်ကြီး အမှုတော်ဆောင်သာသနာပြု
(ရှု ၂၄၊ ၂၊ ၄)

ပန္နက်ဥက္ကဋ္ဌ

အားဖြင့် သီးသန့် ခွဲခန့်ပါသည်

လူငယ်သွန်သင်သော သာသနာပြုများ
(ရှု ၂၄၊ ၂၊ ၁)

ပန္နက်ဥက္ကဋ္ဌ

လူငယ်အမှုတော်ဆောင် သာသနာပြု
(ရှု ၂၄၊ ၂၊ ၂)

ပန္နက်ဥက္ကဋ္ဌ

သက်ကြီးသာသနာပြု
(ရှု ၂၄၊ ၂၊ ၃)

ပန္နက်ဥက္ကဋ္ဌ

သက်ကြီး အမှုတော်ဆောင်သာသနာပြု
(ရှု ၂၄၊ ၂၊ ၄)

ပန္နက်ဥက္ကဋ္ဌ သို့မဟုတ် အတိုင်ပင်ခံ

ဘဝများ

လူငယ်သွန်သင်သော သာသနာပြုများ
(ရှု ၂၄၊ ၂၊ ၁)

အိမ်မှဝေးရာ

လူငယ်အမှုတော်ဆောင် သာသနာပြု
(ရှု ၂၄၊ ၂၊ ၂)

အိမ်၌

သက်ကြီးသာသနာပြု
(ရှု ၂၄၊ ၂၊ ၃)

အိမ်မှဝေးရာ သို့မဟုတ် အိမ်၌

သက်ကြီး အမှုတော်ဆောင်သာသနာပြု
(ရှု ၂၄၊ ၂၊ ၄)

အိမ်၌

ဓမ္မဆရာခေါင်းဆောင်

လူငယ်သွန်သင်သော သာသနာပြုများ
(ရှု ၂၄၊ ၂၊ ၁)

သာသနာဥက္ကဋ္ဌ သို့မဟုတ် သမိုင်းဌာနဥက္ကဋ္ဌ

လူငယ်အမှုတော်ဆောင် သာသနာပြု
(ရှု ၂၄၊ ၂၊ ၂)

ပန္နက်ဥက္ကဋ္ဌ

သက်ကြီးသာသနာပြု
(ရှု ၂၄၊ ၂၊ ၃)

သာသနာ၊ ဗိမာန်တော်၊ သို့မဟုတ် သမိုင်းဌာနဥက္ကဋ္ဌ၊ သို့မဟုတ် ဒေသဥက္ကဋ္ဌ

သက်ကြီး အမှုတော်ဆောင်သာသနာပြု
(ရှု ၂၄၊ ၂၊ ၄)

ပန္နက်ဥက္ကဋ္ဌ

ထံသို့ သတင်းပို့ပါသည်

လူငယ်သွန်သင်သော သာသနာပြုများ
(ရှု ၂၄၊ ၂၊ ၁)

သာသနာဥက္ကဋ္ဌ သို့မဟုတ် သမိုင်းဌာနဥက္ကဋ္ဌ

လူငယ်အမှုတော်ဆောင် သာသနာပြု
(ရှု ၂၄၊ ၂၊ ၂)

အမှုတော်ဆောင်သာသနာခေါင်းဆောင်

သက်ကြီးသာသနာပြု
(ရှု ၂၄၊ ၂၊ ၃)

သာသနာ၊ ဗိမာန်တော်၊ သို့မဟုတ် သမိုင်းဌာနဥက္ကဋ္ဌ၊ သို့မဟုတ် ဒေသဥက္ကဋ္ဌ၊ ဧည့်သည်ဌာနညွှန်ကြားရေးမှူး၊ သို့မဟုတ် အသင်းတော်ဌာန သို့မဟုတ် အဆောက်အအုံ ပစ္စည်းပစ္စယ မန်နေဂျာ

သက်ကြီး အမှုတော်ဆောင်သာသနာပြု
(ရှု ၂၄၊ ၂၊ ၄)

အမှုတော်ဆောင်ခန့်အပ်ခြင်းမန်နေဂျာ

အသက်လိုအပ်ချက်များ

လူငယ်သွန်သင်သော သာသနာပြုများ
(ရှု ၂၄၊ ၂၊ ၁)

၁၈-၂၅ (အမျိုးသား)
၁၉-၂၉ (အမျိုးသမီး)

လူငယ်အမှုတော်ဆောင် သာသနာပြု
(ရှု ၂၄၊ ၂၊ ၂)

၁၈-၂၅ (အမျိုးသား)
၁၉-၂၉ (အမျိုးသမီး)

သက်ကြီးသာသနာပြု
(ရှု ၂၄၊ ၂၊ ၃)

၄၀ သို့မဟုတ် လက်ထပ်ပြီးလျှင် သို့မဟုတ် အိမ်ထောင်မရှိညီအစ်မဖြစ်လျှင်

သက်ကြီး အမှုတော်ဆောင်သာသနာပြု
(ရှု ၂၄၊ ၂၊ ၄)

၂၆ သို့မဟုတ် ပို၍အသက်ကြီးလျှင်

၂၄၊ ၃

သာသနာပြု အမှုတော်ဆောင်ရန် ပြင်ဆင်ခြင်းနှင့် အရည်အချင်းပြည့်မီစေခြင်း

အလားအလာရှိသာသနာပြုများသည် ကိုယ်တော်ရှင်နှင့် ကိုယ်တော်၏သားသမီးများအပေါ် သူတို့၏ချစ်ခြင်းကြောင့် သာသနာတစ်ခု၌ အမှုတော်ဆောင်ဖို့ တိုက်တွန်းပါသည်။ သူတို့သည် သာသနာပြုထောက်ခံချက်မေးခွန်းများနှင့် အကျွမ်းဝင်သင့်ပါသည်။

၂၄၊ ၃၊ ၁

ယေရှုခရစ်တော်သို့ ပြောင်းလဲခြင်း

အလားအလာရှိသာသနာပြုများသည် ယေရှုခရစ်တော်နှင့် သူ၏ပြန်လည်ဆောင်ယူထားသည့် ဧဝံဂေလိတရားတော်သို့ သူတို့၏ပြောင်းလဲခြင်းကို ခွန်အားဖြည့်ပေးဖို့ ကြိုးစားကြပါသည်။

၂၄၊ ၃၊ ၂

ထိုက်တန်ခြင်းစံနှုန်းများနှင့် ကိုက်ညီခြင်း

အလားအလာရှိသာသနာပြုများသည် ဝိညာဉ်တော်၏အယှဉ်တွဲမှုနှင့် ထိုက်တန်ရန် ကြိုးစားကြပါသည်။ ဤအရာသည် ထိရောက်သော သာသနာပြု အမှုတော်ဆောင်ခြင်းအတွက် လိုအပ်ပါသည် ( ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၄၂း၁၃-၁၄)။

၂၄၊ ၃၊ ၂၊ ၁

နောင်တရခြင်း

နောင်တရခြင်းသည် ယေရှုခရစ်တော်၌ယုံကြည်ခြင်းကို ကျင့်သုံးခြင်း၊ စစ်မှန်သောရည်ရွယ်ချက်ရှိခြင်းနှင့် ပညတ်တော်များစောင့်ထိန်းခြင်းတို့လိုအပ်ပါသည်။ အပြစ်ကို ဝန်ခံခြင်းနှင့် စွန့်ပစ်ခြင်းပါဝင်ပါသည်။ ကြီးလေးသောအပြစ်များအတွက်၊ နောင်တရခြင်းသည် သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌထံ ဝန်ခံဖို့ လိုအပ်ပါသည်။

နောင်တရသောသူသည် ခွင့်လွှတ်ခံရပြီး၊ ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာနှင့် ကျေးဇူးတော်တို့အားဖြင့် သန့်ရှင်းစေခြင်းခံရပါသည်။ ကိုယ်တော်ရှင်သည် အပြစ်ကို သတိမရတော့။ (ရှု ဟေရှာယ ၄၃း၂၅ရှင်ယာကုပ် ၆း၅အယ်လမာ ၃၄း၁၅-၁၇ဟေလမန် ၅း၁၀-၁၁ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၅၈း၄၂-၄၃။ လည်းရှု ၃၂၊ ၁ ဤလက်စွဲစာအုပ်၌။)

သာသနာပြုလျှောက်ထားသူတစ်ဦးသည် သူသို့မဟုတ် သူမ၏ ထောက်ခံချက်ကို ပန္နက်ဥက္ကဋ္ဌမတင်သွင်းမီ ကြီးလေးသောအပြစ်မှ နောင်ရပြီးဖြစ်ရမည် (ရှု ၃၂၊ ၆၊ လည်းရှု ၂၄၊ ၄၊ ၄)။ နောင်တရခြင်းဖြစ်စဉ်တွင် သူ သို့မဟုတ် သူမအတွက် အပြစ်များမှ လွတ်စေကြောင်း ဖြောင့်မတ်စွာနေထိုင်ခြင်းအားဖြင့် ခရစ်တော်၏ဝိညာဉ်တော်ကို ရရှိစေခြင်းငှာ လုံလောက်သောအချိန်ပါဝင်ပါသည်။

၂၄၊ ၃၊ ၃

ကိုယ်၊ စိတ် နှင့် စိတ်ခံစားမှု ကျန်းမာရေး

သာသနာပြုအမှုတော်၌ စိန်ခေါ်ချိန်ရှိပါသည်။ သွန်သင်သောလူငယ်သာသနာပြုများသည် ကတိကဝတ်ပြုရမည်၊ သာသနာပြုအချိန်ဇယားကို အပြည့်အဝလုပ်ဆောင်နိုင်ရန် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာ အရည်အချင်းရှိရမည်။

၂၄၊ ၃၊ ၄

ငွေကြေး

၂၄၊ ၃၊ ၄၊ ၁

အိမ်မှဝေးရာ၌ အမှုတော်ဆောင်နေသည့် လူငယ်သာသနာပြုများအား ငွေကြေးထောက်ပံ့ခြင်း

မိမိစွမ်းအားအတိုင်းပြင်ဆင်ထားသောလူငယ်လျှောက်ထားသူများသည် ဘဏ္ဍာရေးအကြောင်းပြချက်ကြောင့် အမှုတော်ဆောင်ခြင်းမှ မနှောင့်နှေးသင့်ပါ။ မျှော်မှန်ထားသည့် ပါဝင်ကူညီမှုကတိကဝတ်နှင့် ကိုက်ညီစေရန် ငွေကြေးအကူအညီလိုသောသူများသည် ဆင့်ပွားမိသားစုနှင့် မိတ်ဆွေများထံမှ ရရှိနိုင်ပါသည်။

လိုအပ်မှုဆက်၍ရှိနေလျှင်၊ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် အသင်းတော်စု သို့မဟုတ် ပန္နက်ရှိအသင်းသားတို့အား အသင်းတော်စုရန်ပုံငွေ၌ ပါဝင်ကူညီရန် တောင်းဆိုနိုင်ပါသည်။

ဒေသန္တရ ဘဏ္ဍာနှင့် အစာရှောင်အလှူတော်စုရန်ပုံငွေများကို မသုံးရပါ။

လစဉ်ပါဝင်ကူညီမှု ကတိကဝတ်။ သွန်သင်သော လူငယ်သာသနာပြုများနှင့် သူတို့၏မိသားစုများသည် သာသနာပြုအစီအစဉ်ကုန်ကျစရိတ်ကို ပြည့်မီဖို့ ကူညီရန် သတ်မှတ်ထားသော ပမာဏတစ်ခုကို လစဉ်ပါဝင်ကူညီကြပါသည်။

ပါဝင်ကူညီမှုများကို အသင်းတော်စု သာသနာပြု ရန်ပုံငွေအဖြစ်ပြုလုပ်ကြပါသည်။ ရန်ပုံငွေများကို လစဉ်ပါဝင်ကူညီကြောင်း သင်းအုပ်များက အတည်ပြုကြပါသည်။ လစဉ်ပမာဏထက် ကျော်လွန်သော ရန်ပုံငွေများကို ကြိုတင်၍မပါဝင်မကူညီသင့်ပါ။ သာသနာပြုတစ်ဦး အိမ်ကို စော၍ပြန်လာလျှင် ကြိုတင်ပါဝင်ထားသော ရန်ပုံငွေများကို ပြန်အမ်းခံရနိုင်မည်မဟုတ်ပါ။

လုပ်ငန်းခွင်အသုံးစားရိတ်များ။ လတိုင်းတွင်၊ လူငယ်သာသနာပြုများသည် အစားအစာ၊ ပို့ဆောင်ရေးနှင့် အခြားနေထိုင်စားရိတ်များအတွက် သာသနာထံမှ ရန်ပုံငွေများ ရရှိပါသည်။ ဤရန်ပုံငွေများသည် သန့်ရှင်းမွန်မြတ်ပါသည်။ သာသနာပြုများသည် ၎င်းတို့ကို သာသနာနှင့်ဆက်စပ်သည့် ရည်ရွယ်ချက်များအတွက်သာ အသုံးပြုပါသည်။ ကိုယ်ပိုင်အသုံးစားရိတ်များအတွက်အသုံးမပြုရ၊ မစုရ သို့မဟုတ် မိသားစုဝင်များ သို့မဟုတ် အခြားသူများဆီသို့ မပို့ရပါ။ သာသနာပြုများသည် သူတို့မလိုအပ်သည့် ရန်ပုံငွေများကို သာသနာသို့ ပြန်ပေးကြပါသည်။

သာသနာပြုများသည် အခြားအသုံးစားရိတ်များကို ကာမိစေရန် ကိုယ်ပိုင်ရန်ပုံငွေများကို အသုံးပြုကြပါသည်။ ဤကိုယ်ပိုင်အသုံးစားရိတ်များသည် အနည်းစုဖြစ်ရပါမည်။ (ရှု ယေရှုခရစ်တော်၏ တပည့်တော်များအတွက် သာသနာပြုစံနှုန်းများ၊ ၄၊ ၈။)

၂၄၊ ၃၊ ၄၊ ၂

အိမ်မှဝေးရာတွင် အမှုတော်ဆောင်နေသည့် သက်ကြီး ဘဏ္ဍာရေးသာသနာပြုများ

လစဉ်ပါဝင်ကူညီမှုကတိကဝတ်။ အိမ်မှဝေးရာတွင် အမှုတော်ဆောင်နေသည့် သက်ကြီးသာသနာပြုများသည် သူတို့၏ဇာတိအသင်းတော်စု သာသနာပြုရန်ပုံငွေသို့ လစဉ်ပါဝင်ကူညီကြပါသည်။ ဤပါဝင်ကူညီမှုများသည် နေစရာနှင့် ယာဉ်စားရိတ်များကို ကာမိစေရန် ကူညီပါသည်။

ရန်ပုံငွေများကို လစဉ်ပါဝင်ကူညီကြောင်း သင်းအုပ်များက အတည်ပြုပါသည်။ လစဉ်ပမာဏထက်ကျော်လွန်သည့် ရန်ပုံငွေများကို ကြိုတင်ပါဝင်ကူညီခြင်းမပြုရပါ။

ထပ်တိုးအသုံးစားရိတ်များ။ နေစရာနှင့် ယာဉ်စားရိတ်ကို ကာမိစေရန်ကူညီသည့် လစဉ်ပါဝင်ကူညီမူကတိကဝတ်အပြင်၊ သက်ကြီးသာသနာပြုများသည် စားစရာအပါအဝင် အခြားအသုံးစားရိတ်အားလုံးကို အလုံးစုံပေးကြရမည်။

၂၄၊ ၃၊ ၄၊ ၃

အိမ်တွင် အမှုတော်ဆောင်နေသည့် သက်ကြီး ဘဏ္ဍာရေးသာသနာပြုများ

အိမ်တွင် အမှုတော်ဆောင်နေသည့် သက်ကြီး သာသနာပြုများသည် သူတို့၏ဘဏ္ဍာရေးလိုအပ်ချက်အားလုံးအတွက် သူတို့တာဝန်ရှိပါသည်။

၂၄၊ ၃၊ ၄၊ ၄

ဆေးအာမခံနှင့် အသုံးစရိတ်များ

သာသနာပြုအားလုံးသည် ဖြစ်နိုင်လျှင် လူငယ်သွန်သင်သာသနာပြုများ အပါအဝင် သူတို့၏လက်ရှိ ဆေးအာမခံများကို ဆက်ထားရန် ထက်သန်စွာတိုက်တွန်းပါသည်။

အိမ်တွင်အမှုတော်ဆောင်နေသည့် သာသနာပြုများသည် သူတို့၏ကိုယ်ပိုင်ဆေးနှင့် အခြားအာမခံအကျူံးဝင်မှုများကို ပေးရမည်။ အိမ်မှဝေးရာတွင် အမှုတော်ဆောင်နေသည့် သက်ကြီးသာသနာပြုများသည်လည်း ဤအရာတို့အတွက်အကျုံးဝင်သည်။ မိမိဇာတိနိုင်ငံအပြင်ဘက်တွင်အမှုတော်ဆောင်မည့် သက်ကြီးသာသနာပြုများသည် သက်ကြီးအမှုတော်ဆောင်ဆေးဝါးအစီအစဉ်မှတစ်ဆင့် အာမခံရရှိနိုင်ပါသည်။

၂၄၊ ၃၊ ၅

သာသနာပြုများကို ပြင်ဆင်ရာ၌ မိသားစုဝင်များနှင့် ခေါင်းဆောင်တို့၏အခန်းကဏ္ဍ

မိသားစုဝင်များ၊ သင်းအုပ်များနှင့် အခြားခေါင်းဆောင်များသည် လူငယ်တို့အား သာသနာပြုအမှုတော်ဆောင်ဖို့ ပြင်ဆင်ရန် ကူညီကြပါသည်။

မိသားစုဝင်များနှင့် ခေါင်းဆောင်များသည် သာသနာပြုလျှောက်ထားသူအားလုံးကို အောက်ပါတို့လေ့လာရန် အားပေးပါသည်၊

  • မော်မုန်ကျမ်းနှင့် အခြားကျမ်းစာများ

  • ငါ၏ဧဝံဂေလိတရားကို ဟောပြောလော့

  • နည်းပညာအသုံးပြုခြင်းအတွက် ကာကွယ်မှုများ

မိသားစုဝင်များနှင့်ခေါင်းဆောင်များသည် လျှောက်ထားသူအားလုံးတို့အား သာသနာပြုစံနှုန်းများကို လိုက်လျှောက်ဖို့ ကတိကဝတ်ပြုရန် ကူညီကြပါသည်။ လျှောက်ထားသူတို့အား သူတို့၏ ဆီလျော်သောတာဝန်များနှင့် သက်ဆိုင်သည့် သာသနာပြုစံနှုန်းများလက်စွဲစာအုပ်ကို လေ့လာရန် အားပေးပါသည်။

  • လူငယ်သွန်သင်သာသနာပြုများအတွက်၊ ယေရှုခရစ်တော်၏တပည့်တော်များအတွက် သာသနာပြုစံနှုန်းများ

၂၄၊ ၄

သာသနာပြုများကို ထောက်ခံခြင်း

၂၄၊ ၄၊ ၁

ကျန်းမာရေးစစ်ဆေးချက်များ

လျှောက်ထားသူအားလုံးသည် ကျန်းမာရေးအဆင်သင့်ဖြစ်မှုအတွက် ကျွမ်းကျင်သောဆေးစစ်ချက်များရှိရန် လိုအပ်ပါသည်။

၂၄၊ ၄၊ ၂

လူတွေ့မေးမြန်းခြင်းနှင့် ထောက်ခံချက်ပုံစံများ

သင်းအုပ်နှင့် ပန္နက်ဥက္ကဋ္ဌသည် လျှောက်ထားသူတိုင်းကို ဝိညာဉ်ပကတိနှင့် မြှင့်တင်ရေး လူတွေ့မေးမြန်းခြင်းများကို ပြုလုပ်ကြပါသည်။ သူတို့သည် သာသနာပြုထောက်ခံချက် လူတွေ့မေးမြန်းခြင်း မေးခွန်းများကို အသုံးပြုကြပါသည်။

သင်းအုပ်နှင့် ပန္နက်ဥက္ကဋ္ဌသည် သာသနာပြုအွန်လိုင်း ထောက်ခံချက်စနစ်ရှိ ထိုက်တန်ခြင်းနှင့် ကျန်းမာရေးအဆင်သင့်ဖြစ်ခြင်း စံနှုန်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်ကိုလည်း သုံးသပ်ကြပါသည်။ သင်းအုပ်နှင့် ပန္နက်ဥက္ကဋ္ဌသည် မည်သည့်အကျုံးဝင်စံနှုန်းကိုမျှ မပေါင်းထည့်ပါ။ သူတို့၏လူတွေ့မေးမြန်းခြင်း မေးခွန်းများကိုလည်း မပြောင်းလဲပါ။

သင်းအုပ်နှင့် ပန္နက်ဥက္ကဋ္ဌသည် လျှောက်ထားသူ ထိုက်တန်ခြင်းစံနှုန်းပြည့်မှီခြင်းနှင့်ပတ်သက်၍ သို့မဟုတ် သူ သို့မဟုတ် သူမ၏ ကျန်းမာရေးအဆင်သင့်ဖြစ်ခြင်းနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိလျှင် ထိုသူနှင့်အတူ တိုင်ပင်ဆွေးနွေးကြပါသည်။ လျှောက်ထားသူလူငယ်၏ခွင့်ပြုချက်ဖြင့်၊ သူသို့မဟုတ် သူမ၏မိဘများနှင့်လည်း တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ သင်းအုပ်နှင့် ပန္နက်ဥက္ကဋ္ဌသည် ထိုသူ ကြီးလေးသောအပြစ်များမှ နောင်တရမပြီးမချင်း ထောက်ခံချက်ကို မတင်သွင်းပါ (ရှု ၂၄၊ ၃၊ ၂၊ ၁)။ ထိုသူ၏ကိုယ်၊ စိတ် သို့မဟုတ် စိတ်ခံစားမှု ကျန်းမာရေးပေါ်မူတည်၍၊ သူတို့သည် အမှုတော်ဆောင်သာသနာပြုတစ်ဦးအဖြစ် တာဝန်ပေးခြင်းဖြစ်နိုင်ချေကို ဆွေးနွေးကောင်းဆွေးနွေးနိုင်ပါသည်။

သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌ မအားသည့်အရေးပေါ်အခြေနေများတွင်၊ ဤလူတွေ့မေးမြန်းခြင်းများးကို သူ၏အတိုင်ပင်ခံများထဲမှ တစ်ဦးကို အခွင့်အာဏာပေးနိုင်ပါသည်။

ခရိုင်များတွင်၊ သာသနာပြုဥက္ကဋ္ဌသို့မဟုတ် ခန့်အပ်ထားသောအတိုင်ပင်ခံတစ်ဦးသည် သာသနာပြုလျှောက်ထားသူများကို လူတွေ့မေးမြန်း၍ ထောက်ခံပေးပါသည်။ ခရိုင်ဥက္ကဋ္ဌများသည် ဤလူတွေ့မေးမြန်းခြင်းများကို မပြုလုပ်ပါ။

၂၄၊ ၄၊ ၄

အချိန်ပြည့်သာသနာပြုများအဖြစ် အမှုတော်ဆောင်ရန် မတတ်နိုင်သောသူများ

တစ်ခါတစ်ရံတွင် အမှုတော်ဆောင်ရန် ဆန္ဒရှိသောအသင်းသားတစ်ဦးသည် အချိန်ပြည့်သာသနာပြုတစ်ဦးအဖြစ် အခေါ်မခံရပဲရှိကောင်းရှိနိုင်ပါသည်။ ဤအရာသည် ကျန်းမာရေးစိန်ခေါ်မှုများ၊ ထိုက်တန်ခြင်း စံနှုန်းများနှင့် မကိုက်ညီခြင်း၊ တရားဥပဒေကိစ္စများ၊ သို့မဟုတ် အခြားအခြေအနေများကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ပန္နက်ဥက္ကဋ္ဌသည် သူသို့မဟုတ် သူမကို အချိန်ပြည့်သာသနာပြုအမှုတော်ဆောင်ခြင်းမှ လွတ်ငြိမ်းခွင့်ပေးကောင်းပေးနိုင်ပါသည်။

၂၄၊ ၅

သာသနာပြုအမှုတော်ဆောင်တာဝန်ရရှိပြီးနောက်

သာသနာပြုအခေါ်ခံရပြီးစ သူတို့အား သူတို့၏သာသနာပြုစတင်ခြင်းမတိုင်မီ မော်မုန်ကျမ်းကို ဖတ်ဖို့ သို့မဟုတ်ပြန်ဖတ်ဖို့ တိုက်တွန်းပါသည်။ သူတို့သည် “သင်တို့ကိုယ်သင်တို့၊ ထို့အတူ သင်တို့၏ အတွေးများ၊ ထို့အတူ သင်တို့၏စကားများ၊ သင်တို့၏အကျင့်များကို သတိပြုကြ”မောဇိယ ၄း၃၀) ဟူသောဗင်္ယာမိန်မင်းကြီး၏ အကြံဉာဏ်ကို လိုက်လျှောက်ကြပါသည်။

၂၄၊ ၅၊ ၁

ဗိမာန်တော် ဝိညာဉ်ပကတိအပ်နှင်းခြင်းနှင့် ဗိမာန်တော် အမှုတော်ဆောင်ခြင်း

သာသနာပြုခေါ်သွင်းခံရပြီးခါစ သာသနာပြုများသည် ဗိမာန်တော်ဝိညာဉ်ပကတိအပ်နှင်းခြင်းဘိသိက်မင်္ဂလာမရရှိသေးလျှင်၊ သာသနာပြုအမှုတော်ဆောင်ခြင်းမစမီ ဖြစ်နိုင်သည့်နေရာတွင် ရရှိရပါမည် ( ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၄၃း၁၅-၁၆၁၀၅း၃၃)။ ဤအရာတွင် အမှုတော်ဆောင်သာသနာပြုများ သူတို့၏အခြေအနေများနှင့် သင့်လျော်လျှင် ပါဝင်ပါသည်။

သာသနာပြုခေါ်သွင်းခံရပြီးခါစ ဝိညာဉ်ပကတိအပ်နှင်းခံရပြီးသော သာသနာပြုများသည် သာသနာပြုအမှုတော်ဆောင်ခြင်းမစမီ ဗိမာန်တော်ဘိသိက်လုပ်သားများအဖြစ် သင့်လျော်သလို အမှုတော်ဆောင်နိုင်ပါသည် (ရှု ၂၅၊ ၅)။

၂၄၊ ၅၊ ၂

ပွဲတော်အစည်းအဝေးများ

သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့သည် ခေါ်သွင်းခံရပြီးခါစသာသနာပြုများကို သူတို့၏သာသနာပြုခြင်းမစမီ ပွဲတော်အစည်းအဝေး၌ ဟောပြောရန် ဖိတ်ခေါ်ပါသည်။ ဤအရာသည် ပုံမှန် ပွဲတော်အစည်းအဝေးဖြစ်ပါသည်။ အာရုံစိုက်ခြင်းသည် ပွဲတော်နှင့် ကယ်တင်ရှင်အပေါ်၌ရှိရပါမည်။

၂၄၊ ၅၊ ၃

သာသနာပြုများကို ခွဲခန့်ခြင်း

ဇာတိပန္နက်ဥက္ကဋ္ဌသည် သာသနာပြုအယောက်တိုင်းကို သူ သို့မဟုတ် သူမ၏ သာသနာပြု အစရက်စွဲနှင့် နီးနိုင်သမျှနီးချိန်တွင်ခွဲခန့်ထားပါသည်။ ပန္နက်ဥက္ကဋ္ဌသည် မအားသည့် အရေးပေါ်အခြေအနေများတွင်၊ သူ၏အတိုင်ပင်ခံများထဲမှ တစ်ယောက်ကို သာသနာပြုများအား ခွဲခန့်ရန် အခွင့်အာဏာပေးနိုင်ပါသည်။

သာသနာပြုဥက္ကဋ္ဌသို့မဟုတ် သူ၏တိုင်ပင်ဖက်များထဲမှ တစ်ဦးသည် သူ၏သာသနာနယ်ရှိခရိုင်များမှ ခေါ်သွင်းခံရသည့် သာသနာပြုများကို ခွဲခန့်ထားနိုင်ပါသည်။ ခရိုင်ဥက္ကဋ္ဌသည် သာသနာပြုများကို ခွဲခန့်မထားပါ။

အိမ်နှင့်ဝေးရာ၌ အမှုတော်ဆောင်မည့် ညီအစ်ကိုတစ်ဦးသည် သာသနာပြုတစ်ဦးအဖြစ် ခွဲခန့်ထားမခံရမီ မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကို ရရှိပြီးဖြစ်ရပါမည်။ အမှုတော်ဆောင်သာသနာပြုတစ်ဦးအဖြစ် အမှုတော်ဆောင်မည့် ညီအစ်ကိုတစ်ဦးသည် သူ၏အခြေအနေများနှင့် သင့်လျော်လျှင် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကို ကိုင်ဆောင်ရပါမည်။

၂၄၊ ၆

အိမ်မှဝေးရာတွင် အမှုတော်ဆောင်ခြင်း

၂၄၊ ၆၊ ၂

လုပ်ငန်းခွင်တွင်။

၂၄၊ ၆၊ ၂၊ ၅

အခြားသူတို့အား ငွေကြေးသို့မဟုတ် ကျောင်းကိစ္စသို့မဟုတ် ပြည်ပထွက်ခွာခြင်းတို့၌ ထောက်ပံ့ရန် တောင်းဆိုခြင်းများ

သာသနာပြုများနှင့် သူတို့၏မိသားစုများသည် သာသနာပြုများ အမှုတော်ဆောင်သည့်နေရာ၌ နေထိုင်သူတို့အတွက် ကျောင်းကိစ္စငွေကြေးထောက်ပံ့မှုအပါအဝင်၊ ငွေကြေးထောက်ပံ့မှုများကို မပေးရပါ။ သာသနာပြုများနှင့် သူတို့၏မိသားစုများသည် အခြားနိုင်ငံများသို့ ပြောင်းရွှေ့လိုသူများကို အာမခံမပေးရပါ ( ရှု ၃၈၊ ၈၊ ၁၉)။

၂၄၊ ၆၊ ၂၊ ၈

အသင်းသားမှတ်တမ်းများနှင့် ဆယ်ဖို့တစ်ဖို့

သာသနာပြုတစ်ဦး၏ဇာတိအသင်းတော်စုသည် အသင်းသားမှတ်တမ်းကို ထိန်းသိမ်းထားပါသည်။ ဇာတိအသင်းတော်စုသည် သူသို့မဟုတ် သူမ၏ဆယ်ဖို့တစ်ဖို့ အခြေအနေကိုလည်း မှတ်တမ်းတင်ပါသည်။ သာသနာပြုများသည် သာသနာထံမှ ရရှိသည့် ထောက်ပံ့မှုရန်ပုံငွေမှ ဆယ်ဖို့တစ်ဖို့မပေးပါ။ သို့သော်လည်း၊ သူတို့သည် ကိုယ်ပိုင်ဝင်ငွေတစ်စုံတစ်ခုရှိလျှင် ဆယ်ဖို့တစ်ဖို့ပေးပါသည်။

၂၄၊ ၆၊ ၃

သာသနာမှ အိမ်ပြန်ခြင်း

၂၄၊ ၆၊ ၃၊ ၁

မူရင်းအချိန်ဇယားအတိုင်း အိမ်ပြန်ခြင်း

သာသနာပြုများနှင့် သူတို့၏မိသားစုဝင်များသည် ကိုယ်ပိုင်အဆင်ပြေမှုအတွက် အမှုတော်ဆောင်ခြင်းနှင့်ပတ်သက်၍ စောစွာဖြေလွှတ်ခြင်း သို့မဟုတ် ထပ်တိုးခြင်းတို့ကို မပြုရပါ။

သာသနာပြုလူငယ်များသည် သူတို့သာသနာများမှ အိမ်ကိုတိုက်ရိုက်ပြန်ရပါမည်။ သာသနာပြုသည် အနည်းဆုံးမိဘတစ်ဦး သို့မဟုတ် အုပ်ထိန်းသူတစ်ဦးလိုက်ပါမှသာ အခြားခရီးများကို သွားနိုင်ပါသည်။

သာသနာပြုများသည် သူတို့၏ပန္နက်ဥက္ကဋ္ဌကို သတင်းမပို့မချင်း ဖြေလွှတ်မခံရပါ။ သူတို့သည် ထိုအချိန်အထိ သာသနာပြုစံနှုန်းများကို လိုက်လျှောက်ကြပါသည်။

၂၄၊ ၆၊ ၃၊ ၂

အိမ်သို့စောစွာပြန်ခြင်း

သာသနာပြုအချို့သည် ကျန်းမာရေး၊ ထိုက်တန်မှု၊ သို့မဟုတ် အခြားအကြောင်းရင်းများကြောင့် စောစွာဖြေလွှတ်ခံကြရပါသည်။ သင်းအုပ်များနှင့် ပန္နက်ဥက္ကဋ္ဌများသည် ထိုပြန်လာသည့်သာသနာပြုများကို အထူးထောက်မမှုပေးကြပါသည်။ ခေါင်းဆောင်များသည် သူတို့အား ကျန်မာရေးပြန်ကောင်းဖို့ သို့မဟုတ် ဖြစ်နိုင်လျှင် အမှုတော်ဆောင်ခြင်းသို့ ပြန်သွားဖို့ လုပ်ဆောင်ရန် ကူညီကြပါသည်။

၂၄၊ ၇

အမှုတော်ဆောင်သာသနာများ

၂၄၊ ၇၊ ၁

အမှုတော်ဆောင်သာသနာပြုများအတွက် အခွင့်အလမ်းများကို သတ်မှတ်ခြင်း

သင်းအုပ်၊ ပန္နက်ဥက္ကဋ္ဌ နှင့် အမှုတော်ဆောင် သာသနာပြုတို့သည် ဒေသန္တရအမှုတော်ဆောင်အခွင့်အလမ်းများကို သတ်မှတ်ရန် အတူတကွတိုင်ပင်ဆွေးနွေးကြပါသည်။ လူငယ်အမှုတော်ဆောင်သာသနာပြုများ၊ အမှုတော်ဆောင်သာသနာခေါင်းဆောင်နှင့် သာသနာပြု၏မိဘများ သို့မဟုတ် အုပ်ထိန်းသူများသည် ဆွေးနွေးခြင်း၌ ပါဝင်ကြပါသည်။

၂၄၊ ၈

သာသနာပြုအမှုတော်ဆောင်အပြီးတွင်

၂၄၊ ၈၊ ၂

သာသနာပြုဖြေလွှတ်မှုလူတွေ့မေးမြန်းခြင်း

ပန္နက်ဥက္ကဋ္ဌသည် သာသနာပြုများကို ဖြေလွှတ်ပါသည်၊ ဖြေလွှတ်မှုလူတွေ့မေးမြန်းခြင်းကိုလည်းပြုလုပ်ပါသည်။ ခရိုင်များတွင်၊ အများအားဖြင့် သာသနာပြုဥက္ကဋ္ဌ သို့မဟုတ် ခန့်အပ်ထားသောအတိုင်ပင်ခံသည် သာသနာပြုများကို ဖြေလွှတ်ပါသည်။

ဤလူတွေ့မေးမြန်းခြင်းအတွက် အောက်ပါလမ်းညွှန်ချက်များသည် အထောက်အကူဖြစ်နိုင်ပါသည်။

  • သူတို့အား ယေရှုခရစ်တော်၏တစ်သက်တာတပည့်တော်များအဖြစ် ဆက်၍ရှိကြဖို့ အားပေးပါသည်။

  • သာသနာပြုတစ်ဦးအဖြစ်သူတို့ရရှိခဲ့သည့် အကျင့်ကောင်းများကို တည်ဆောက်ကြဖို့ အကြံပေးပါသည်။

  • ပညာရေးနှင့် လူငယ်သာသနာပြုများအတွက် အလုပ်အကိုင်များအပါအဝင်၊ အနာဂတ်အတွက် စဉ်းစားရန်နှင့် ပြင်ဆင်ရန် သူတို့ကို အားပေးပါသည်။

  • သူတို့အား ဗိမာန်တော်ထောက်ခံချက်တစ်ခုနှင့် ထိုက်တန်ဖို့ အမြဲနေထိုင်ရန်အားပေးပါ။

၂၄၊ ၈၊ ၄

အမှုတော်ဆောင်တာဝန်များ

ခေါင်းဆောင်များသည် မကြာသေးမီက ဖြေလွှတ်ခံရသောသာသနာပြုများကို အမှုတော်ဆောင်ခန့်အပ်ခြင်းများနှင့် အမှုတော်ဆောင်တာဝန်များကို ချက်ချင်းပေးကြပါသည်။ ဤအရာတွင် သင့်လျော်သည့်အတိုင်း ဗိမာန်တော်ဘိသိက်မင်္ဂလာလုပ်သားများအဖြစ် စဉ်းစားခြင်းပါဝင်ပါသည်။ (ရှု ၂၅၊ ၅)။

၂၄၊ ၉

သာသနာပြုထောက်ခံချက်များနှင့် အမှုတော်ဆောင်ခြင်းအတွက် ရင်းမြစ်များ

၂၄၊ ၉၊ ၂

ဝဘ်ဆိုက်များ

  • MissionaryRecommendations.ChurchofJesusChrist.org (ဒေသန္တရခေါင်းဆောင်များနှင့် သာသနာပြုလျှောက်ထားသူများအတွက်သာ ရရှိနိုင်ပါသည်)