“၂၆။ ဗိမာန်တော်ထောက်ခံချက်များ၊“ အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။
“၂၆။ ဗိမာန်တော်ထောက်ခံချက်များ၊“ အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ
၂၆။
ဗိမာန်တော်ထောက်ခံချက်များ
၂၆၊ ၀
နိဒါန်း
ဗိမာန်တော်ထဲသို့ ဝင်ရောက်ခြင်းသည် သန့်ရှင်းမွန်မြတ်သည့် အထူးအခွင့်အရေးတစ်ခုဖြစ်ပါသည်။ အသင်းတော်စုနှင့် ပန္နက်ခေါင်းဆောင်များသည် အသင်းသားအားလုံးကို ဗိမာန်တော်အနီး၌ မနေသော်လည်း ထိုက်တန်မှုရှိရန်နှင့် လက်ရှိဗိမာန်တော်ထောက်ခံချက်တစ်ခုရရှိကြရန် တိုက်တွန်းပါသည်။
အသင်းတော်ခေါင်းဆောင်များသည် ဗိမာန်တော်ထဲသို့ ဝင်ရောက်သူအားလုံးကို ထိုသို့ဝင်ရောက်ရန် ထိုက်တန်သူများအဖြစ်မြင်ရဖို့ အားထုတ်မှုမှန်သမျှကို ပြုကြပါသည် (ရှု ဆာလံကျမ်း ၂၄း၃-၅)။
အသင်းသားများသည် ဗိမာန်တော်ထဲသို့ ဝင်ရောက်ရန် လက်ရှိဗိမာန်တော်ထောက်ခံချက်တစ်ခု ရှိရမည်။
သင်းအုပ်တစ်ဦးသည် ဤအခန်း၌ ဖြေမထားသည့် ဗိမာန်တော်နှင့်ပတ်သက်သည့် မေးခွန်းများ ရှိလျှင် သူ၏ပန္နက်ဥက္ကဋ္ဌနှင့် တိုင်ပင်ဆွေးနွေးပါသည်။ ပန္နက်ဥက္ကဋ္ဌသည် မေးခွန်းများနှင့် ပတ်သက်၍ ပထမဥက္ကဋ္ဌအဖွဲ့ရုံးသို့ ဆက်သွယ်နိုင်ပါသည်။
၂၆၊ ၁
ဗိမာန်တော်ထောက်ခံချက် အမျိုးအစားများ
ဗိမာန်တော်ထောက်ခံချက် သုံးမျိုးရှိပါသည်၊
-
ဝိညာဉ်ပကတိအပ်နှင်းမခံရသေးသော အသင်းသားတို့အတွက် ဗိမာန်တော်ထောက်ခံချက်။ ဤထောက်ခံချက်များသည် မိမိတို့မိဘများနှင့် တံဆိပ်ခတ်ထားသည့် သို့မဟုတ် ကိုယ်စားဗတ္တိဇံများနှင့် အတည်ပြုခြင်းများ ဆောင်ရွက်နေသည့် ဝိညာဉ်ပကတိအပ်နှင်းမခံရသေးသူ အသင်းသားများအတွက်ဖြစ်ပါသည်။ ၎င်းတို့ကို ခေါင်းဆောင်နှင့် စာရေး အရင်းမြစ်များ (အယ်လ်စီအာ) ဖြင့်ထုတ်ပေးပါသည်။ နောက်ထပ်အချက်အလက်အတွက်၊ ရှု ၂၆၊ ၄။
-
အသက်ရှင်သောဘိသိက်မင်္ဂလာများအတွက် ဗိမာန်တော်ထောက်ခံချက်များ။ ဤထောက်ခံချက်များသည် မိမိတို့ကိုယ်ပိုင်ဝိညာဉ်ပကတိအပ်နှင်းခြင်းကိုရရှိမည့် သို့မဟုတ် အိမ်ထောင်ဘက်တစ်ဦးနှင့် တံဆိပ်ခတ်မည့် အသင်းသားများအတွက်ဖြစ်ပါသည်။ အသက်ရှင်သောဘိသိက်မင်္ဂလာများအတွက် ဗိမာန်တော်ထောက်ခံချက်ကို ဝိညာဉ်ပကတိအပ်နှင်းခံပြီးသောအသင်းသားများအတွက် ပုံမှန်ထောက်ခံချက်နှင့် တွဲထားပါသည် (အောက်တွင် ဖော်ပြထားပါသည်)။
-
ဝိညာဉ်ပကတိအပ်နှင်းခံပြီးသောအသင်းသားများအတွက် ဗိမာန်တော်ထောက်ခံချက်။ ဤထောက်ခံချက်များသည် ယခင်က ဝိညာဉ်ပကတိအပ်နှင်းခံပြီးသော အသင်းသားများအတွက် ဖြစ်ပါသည်။ ၎င်းတို့ကို အယ်လ်စီအာဖြင့်ထုတ်ပေးပါသည်။ ၎င်းတို့သည် အသင်းသားတစ်ဦးကို ကွယ်လွန်သူတို့အတွက် ဗိမာန်တော် ဘိသိက်မင်္ဂလာများအားလုံး၌ ပါဝင်ရန်အခွင့်အာဏာပေးပါသည်။ ဝိညာဉ်ပကတိအပ်နှင်းခံပြီးသော အသင်းသားတစ်ဦး အသက်ရှင်သည့် သို့မဟုတ် ကွယ်လွန်သည့် မိဘများ သို့မဟုတ် ကလေးများနှင့် တံဆိပ်ခတ်သောအခါတွင်လည်း အသုံးပြုပါသည်။ ပိုများသောအချက်အလက်အတွက်၊ ရှု၂၆၊ ၃။
၂၆၊ ၂
ဗိမာန်တော်ထောက်ခံချက်များကို ကာကွယ်ခြင်း
၂၆၊ ၂၊ ၁
ဗိမာန်တော်ထောက်ခံချက်များကို ကာကွယ်နေသည့် ခေါင်းဆောင်များ
ဗိမာန်တော်ထောက်ခံချက်စာအုပ်များရရှိရန် အခွင့်အာဏာရှိသော ယဇ်ပုရောဟိတ်အခွင့် ခေါင်းဆောင်များသည် ဂရုတစိုက် ကာကွယ်ကြရမည်။
ယဇ်ပုရောဟိတ်အခွင့် ခေါင်းဆောင်များသည် အယ်လ်စီအာရှိ ဗိမာန်တော်ထောက်ခံချက်သို့ အခွင့်အာဏာမရှိသောသူများ ဝင်ရောက်ခြင်းမရှိစေရန်လည်း သေချာစွာပြုလုပ်ပါသည်။
၂၆၊ ၂၊ ၃
ပျောက်ဆုံး သို့မဟုတ် အခိုးခံရသော ထောက်ခံချက်များ
သင်းအုပ်သည် အသင်းသားများအား သူတို့၏ထောက်ခံချက် ပျောက်ဆုံးလျှင် သို့မဟုတ် အခိုးအခံရလျှင်၊ သူ့ကို အမြန်ဆုံးအသိပေးရန် တောင်းဆိုပါသည်။ သူ သို့မဟုတ် ခန့်အပ်ထားသောအတိုင်ပင်ခံ သို့မဟုတ် စာရေးများသည် ထောက်ခံချက်ကို အမြန်ဆုံး ပယ်ဖျက်ဖို့ အယ်လ်စီအာကို အသုံးပြုပါသည်။ ဤစနစ်ကို မရရှိနိုင်လျှင်၊ သင်းအုပ်သည် ထောက်ခံချက်ကို ပယ်ဖျက်ဖို့ ဗိမာန်တော်ရုံးသို့ ဆက်သွယ်ပါသည်။
၂၆၊ ၂၊ ၄
ထိုက်တန်မှု စံနှုန်းများအတိုင်း နေထိုင်ခြင်းမရှိသော ထောက်ခံချက်ကိုင်ဆောင်သူများ
သင်းအုပ်သည် လက်ရှိဗိမာန်တော်ထောက်ခံချက်ရှိသည့် အသင်းသားတစ်ဦး ထိုက်တန်ခြင်းစံနှုန်းများ (ရှု ၂၆၊ ၃)၊ အတိုင်းနေထိုင်ခြင်းမရှိဟု ဆုံးဖြတ်ပါက ထိုအသင်းသားထံမှ ထောက်ခံချက်ကို တောင်းဆိုပါသည်။ သူသည် ထောက်ခံချက်ကို ပယ်ဖျက်ရန် အယ်လ်စီအာကို အသုံးပြုပါသည်။ ဤစနစ်ကို မရရှိနိုင်လျှင်၊ သင်းအုပ်သည် ထောက်ခံချက်ကို ပယ်ဖျက်ဖို့ ဗိမာန်တော်ရုံးသို့ ဆက်သွယ်ပါသည်။
၂၆၊ ၃
ဗိမန်တော်ထောက်ခံချက်များ ထုတ်ပေးခြင်းအတွက် အထွေထွေ လမ်းညွှန်မှုများ
ယဇ်ပုရောဟိတ်အခွင့်ခေါင်းဆောင်များသည် အသင်းသားတစ်ဦး ဗိမာန်တော်ထောက်ခံချက် မေးခွန်းများကို သင့်လျော်စွာဖြေဆိုမှသာ ထောက်ခံချက်တစ်ခုကို ထုတ်ပေးသင့်သည်။
ဗိမာန်တော်ထောက်ခံချက်လူတွေ့မေးမြန်းခြင်းများကို အလျင်စလိုမပြုရ။ ၎င်းတို့သည် သီးသန့်ဖြစ်ရမည်။ သို့သော်လည်း၊ လူတွေ့မေးမြန်းခံရသူသည် အခြားအရွယ်ရောက်သူတစ်ဦးအား အတူရှိရန် ဖိတ်ခေါ်နိုင်ပါသည်။
ယဇ်ပုရောဟိတ်အခွင့်ခေါင်းဆောင်များသည် ဗိမာန်တော်ထောက်ခံချက်စာအုပ်၌ ကောက်ကြောင်းဖော်ပြထားသည့် အချက်များသို့ မည့်သည့်လိုအပ်ချက်များကိုမှ ထပ်မထည့်ရပါ။ မည်သည့်လိုအပ်ချက်များကိုမှလည်း မဖယ်ရှားရပါ။
ပန္နက်များတွင် ပန္နက်ဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦး သို့မဟုတ် ပန္နက်စာရေးတစ်ဦးသည် ဗိမာန်တော်ထောက်ခံချက်ကို ထုတ်ပေးပြီးနောက် အယ်လ်စီအာ၌ ဖွင့်ပေးခြင်းပြုလုပ်ပါသည်။ ခရိုင်များတွင်၊ သာသနာပြုဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦး သို့မဟုတ် သာသနာပြုစာရေးတစ်ဦးသည် ထောက်ခံချက်ကို ဖွင့်ပေးခြင်းပြုလုပ်ပါသည်။ ကိုယ်စားဗတ္တိဇံများနှင့် အတည်ပြုချက်များအတွက် ထောက်ခံချက်များကို သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ဝင်တစ်ဦး သို့မဟုတ် အသင်းတော်ခွဲဥက္ကဋ္ဌ ပုံနှိပ်ပြီးနောက် ဖွင့်ပေးခြင်းပြုလုပ်ပါသည်။
၂၆၊ ၃၊ ၁
အသင်းတော်စုများနှင့် အသင်းတော်ခွဲများရှိ အသင်းသားများအတွက် ဗိမာန်တော်ထောက်ခံချက်များ
အသင်းတော်စုတစ်ခုတွင်၊ သင်းအုပ် သို့မဟုတ် ခန့်အပ်ထားသည့် အတိုင်ပင်ခံတစ်ဦးသည် ဗိမာန်တော်ထောက်ခံချက်လူတွေ့မေးမြန်းခြင်းများကို ဆောင်ရွက်၍ ထိုက်တန်သောသူတို့အား ထောက်ခံချက်များ ထုတ်ပေးပါသည်။ အသင်းတော်ခွဲတစ်ခုတွင်၊ အသင်းတော်ခွဲဥက္ကဋ္ဌကသာ ဗိမာန်တော်ထောက်ခံချက် လူတွေ့မေးမြန်းခြင်းများကို ဆောင်ရွက်ပြီး ထောက်ခံချက်များ ထုတ်ပေးပါသည်။
အသင်းတော်စုတစ်ခုတွင်၊ သင်းအုပ်သည် အောက်ပါကဲ့သို့သောသူများကို ကိုယ်တိုင်လူတွေ့မေးမြန်းပါသည်၊
-
မိမိတို့ကိုယ်ပိုင်ဝိညာဉ်ပကတိအပ်နှင်းခြင်းကို ရရှိမည့်သူများ (ရှု ၂၇၊ ၁ နှင့် ၂၇၊ ၂)။
-
အိမ်ထောင်ဘက်တစ်ဦးနှင့် တံဆိပ်ခတ်မည့်သူများ (ရှု ၂၇၊ ၃)။
သင်းအုပ်သည် သူမရှိနိုင်သည့်အချိန် အရေးပေါ်ကိစ္စများတွင်၊ သူ၏အတိုင်ပင်ခံများထဲမှ တစ်ဦးကို ဤလူတွေ့မေးမြန်းခြင်းများ ဆောင်ရွက်ရန် အခွင့်အာဏာပေးနိုင်ပါသည်။
အထက်ပါစာရင်းရှိ အခြေအနေများထဲမှ တစ်ခုခု၌ ထောက်ခံချက်ထုတ်မပေးမီ၊ သင်းအုပ်သည် အသင်းသား၏မှတ်တမ်း၌ အသင်းတော်အသင်းသားကန့်သတ်ချက်များနှင့် ပတ်သက်၍ မှတ်ချက်တစ်ခု မပါဝင်ကြောင်း အတည်ပြုရန် ဆန်းစစ်ပါသည်။ မိမိတို့ကိုယ်ပိုင်ဝိညာဉ်ပကတိအပ်နှင်းခြင်း ရရှိမည့် သို့မဟုတ် အိမ်ထောင်ဘက်နှင့် တံဆိပ်ခတ်မည့်သူများအတွက်လည်း သူသည်အောက်ပါတို့ကိုလည်း သေချာစေပါသည်၊
-
ထိုသူ၏ ဗတ္တိဇံနှင့်အတည်ပြုခြင်းတို့ကို အသင်းသားမှတ်တမ်း၌ မှတ်တမ်းတင်ထားခြင်း။
-
ညီအစ်ကိုတို့သည် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကို ရရှိပြီးခြင်း။
သင်းအုပ်နှင့် အတိုင်ပင်ခံအဖွဲ့ဝင်တစ်ဦး သို့မဟုတ် အသင်းတော်ဥက္ကဋ္ဌအားဖြင့် လူတွေ့မေးမြန်းပြီးနောက်တွင်၊ ပန္နက်ဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးသည် ပန္နက်၌နေထိုင်သူများကို လူတွေ့မေးမြန်းပါသည်။ သာသနာပြုဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးသည် ခရိုင်တစ်ခု၌နေထိုင်သူအသင်းသားများအတွက် ဒုတိယလူတွေ့မေးမြန်းခြင်းကို ဆောင်ရွက်ပါသည်။ ခရိုင်ဥက္ကဋ္ဌတစ်ဦးသည် ပထမဥက္ကဋ္ဌအဖွဲ့မှ အခွင့်ပေးမထားလျှင် ဗိမာန်တော်လူတွေ့မေးမြန်းခြင်းတစ်ခုကို မဆောင်ရွက်ပါ။
၂၆၊ ၃၊ ၂
သီးခြားဒေသများရှိအသင်းသားများအတွက် ဗိမာန်တော်ထောက်ခံချက်လူတွေ့မေးမြန်းခြင်းများ
အချို့အသင်းသားများသည် ခရီးစရိတ်ဈေးကြီးသည့် သို့မဟုတ် ပန္နက်၊ သာသနာပြုဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးနှင့်တွေ့ရန် အလွန်ခက်ခဲသည့်ဒေသများတွင် နေထိုင်ကြပါသည်။ ဤအခြေအနေများတွင်၊ ဗိမာန်တော်ဥက္ကဋ္ဌတစ်ဦးသည် ထိုသူအား လူတွေ့မေးမြန်းပြီး ထောက်ခံချက်ကို လက်မှတ်ထိုးနိုင်ပါသည်။ လူတွေ့မေးမြန်းခြင်း မဆောင်ရွက်မီ၊ သူသည် ပန္နက်သို့မဟုတ် သာသနာပြုဥက္ကဋ္ဌနှင့် ဆွေးနွေးပါသည်။ သင်းအုပ်၊ အခွင့်အာဏာရှိ အတိုင်ပင်ခံ၊ သို့မဟုတ် အသင်းတော်ခွဲဥက္ကဋ္ဌသည် အသင်းသားအား လူတွေ့မေးမြန်း၍ ထောက်ခံချက်ကို လက်မှတ်ထိုးပြီးဖြစ်ရမည်။
၂၆၊ ၄
ဝိညာဉ်ပကတိအပ်နှင်းမခံရသေးသောအသင်းသားများအား ဗိမာန်တော်ထောက်ခံချက် ထုတ်ပေးခြင်း။
၂၆၊ ၄၊ ၁
အထွေထွေလမ်းညွှန်ချက်များ
ဗိမာန်တော်ထောက်ခံချက်များကို ဝိညာဉ်ပကတိအပ်နှင်းမခံရသေးသော အသင်းသားတို့အား အောက်ပါအတိုင်းထုတ်ပေးပါသည်၊
-
အသက် ၁၁ နှစ်နှင့်အထက်အသင်းသားများ သေသူတို့အတွက် ဗတ္တိဇံခံရန်နှင့် အတည်ပြုခံရန်။ (လူငယ်အမျိုးသမီးများ၊ ဘိတ်သိက်ခံပြီးသော လူငယ်အမျိုးသားများသည် အသက် ၁၂ နှစ်သို့ရောက်သည့်နှစ် ဇန္နဝါရီလမှစ၍ ဗိမာန်တော်ထောက်ခံချက်တစ်ခုအတွက် အကျုံးဝင်ပါသည်။)
-
မိဘများနှင့် တံဆိပ်ခတ်မည့် အသက် ၈ နှစ်မှ ၂၀ နှစ်အထိ အသင်းသားများအတွက်။ အသက် ၈ နှစ်အောက်ကလေးများသည် သူတို့၏ မိဘများနှင့် တံဆိပ်ခတ်ရန် ထောက်ခံချက်တစ်ခု မလိုအပ်ပါ (ရှု ၂၆၊ ၄၊ ၄)။
-
သက်ရှိမွေးချင်းများ၊ လင်ပါမယားပါမွေးချင်းများ၊ အဖေတူအမေကွဲအမေတူအဖေကွဲ မွေးချင်းများ သူတို့၏မိဘများနှင့် တံဆိပ်ခတ်ခြင်းအား ကြည့်ရှုရန် အသက် ၈နှစ်မှ ၂၀ အထိအသင်းသားများအတွက်။
ယခင်က ဝိညာဉ်ပကတိအပ်နှင်းခံပြီးသောအသင်းသားများအား ဤအပိုင်းတွင်ရှင်းပြသည့် မည်သည့်ထောက်ခံချက်ကိုမျှ ထုတ်မပေးပါ။
ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်ရန်အရွယ်ရောက်သူ အသင်းသားယောကျာ်းလေးတစ်ဦးသည် ဗိမာန်တော်ထောက်ခံချက်တစ်ခုမရရှိမီ ယဇ်ပုရောဟိတ်အခွင့်တစ်ခုသို့ ခန့်ထားပြီးဖြစ်ရမည်။
၂၆၊ ၄၊ ၂
ဗတ္တိဇံခံပြီးကာစ အသင်းသားများအတွက် ဗိမာန်တော်ထောက်ခံချက်များ
သင်းအုပ်သည် သင့်လျော်သည့် အသက်အရွယ်ရှိအသင်းသားသစ်များကို ကိုယ်စားဗတ္တိဇံများနှင့် အတည်ပြုခြင်းများအတွက်သာ ဗိမာန်တော်ထောက်ခံချက်တစ်ခု ရရှိရန် လူတွေ့မေးမြန်းပါသည်။ သူသည် ဤလူတွေ့မေးမြန်းခြင်းကို အသင်းသား၏ အတည်ပြုခြင်းပြီးမကြာမီဆောင်ရွက်ပါသည်၊ ပုံမှန်အားဖြင့် တစ်ပတ်အတွင်းဖြစ်ပါသည် (ရှု ၂၆၊ ၄၊ ၁) ညီအစ်ကိုများအတွက်၊ ဤလူတွေ့မေးမြန်းခြင်းကို အာရုန်ယဇ်ပုရောဟိတ်အခွင့် ရရှိရန် လူတွေ့မေးမြန်းခြင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြုလုပ်နိုင်ပါသည်။
၂၆၊ ၄၊ ၃
ကိုယ်စားဗတ္တိဇံများနှင့် အတည်ပြုခြင်းများအတွက်သာ ဗိမာန်တော်ထောက်ခံချက်များ
ကိုယ်စားဗတ္တိဇံများနှင့် အတည်ပြုခြင်းများအတွက်သာ ထုတ်ပေးသည့် ဗိမာန်တော်ထောက်ခံချက်များကို ထိုရည်ရွယ်ချက်အတွက်သာ အသုံးပြုနိုင်ပါသည်။
၂၆၊ ၄၊ ၄
အသက်ရှင်သောကလေးများနှင့် မိဘများ တံဆိပ်ခတ်ခြင်းအတွက် ဗိမာန်တော်ထောက်ခံချက်များ
အသက် ၂၁ နှစ် သို့မဟုတ် ၂၁ နှစ်ကျော်သောအသင်းသားများသည် သူတို့၏ မိဘများနှင့် တံဆိပ်ခတ်နိုင်သည် သို့မဟုတ် သူတို့သည် (၁) ဝိညာဉ်ပကတိအပ်နှင်းခံပြီး၍ (၂) လက်ရှိဗိမာန်တော်ထောက်ခံချက်တစ်ခုရှိမှသာ တံဆိပ်ခတ်ခြင်းကို ကြည့်ရှုနိုင်ပါသည်။
၂၆၊ ၅
အထူးအခြေအနေများ၌ ဗိမာန်တော်ထောက်ခံချက်များကို ထုတ်ပေးခြင်း
၂၆၊ ၅၊ ၁
ကိုယ်ပိုင်ဝိညာဉ်ပကတိအပ်နှင်းခြင်းရရှိမည့်အသင်းသားများ
ကိုယ်ပိုင်ဝိညာဉ်ပကတိအပ်နှင်းခြင်းရရှိလိုသည့် ထိုက်တန်မှုရှိသောအသင်းသားများသည် အောက်ပါအခြေအနေများနှင့် ကိုက်ညီလျှင်ရရှိနိုင်ပါသည်၊
-
သူတို့သည် အနည်းဆုံး အသက် ၁၈ နှစ်ရှိခြင်း။
-
သူတို့သည် အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း သို့မဟုတ် အလားတူကျောင်းပြီးထားခြင်း သို့မဟုတ် မတက်တော့ခြင်း။
-
သူတို့၏အတည်ပြုခြင်းပြီးနောက် တစ်နှစ်တင်းတင်းပြည့်ပြီးခြင်း။
-
သူတို့သည် ဗိမာန်တော်ပဋိညာဉ်များရရှိပြီး သူတို့ဘဝတစ်လျှောက် လေးစားလိုက်နာလိုစိတ်ရှိခြင်း။
ထပ်လောင်းခြင်းအနေဖြင့်၊ အမျိုးသားတစ်ဦးသည် သူ၏ဝိညာဉ်ပကတိအပ်နှင်းခြင်းကိုမရရှိမီ မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကို ကိုင်ဆောင်ရမည်။ ကိုယ်ပိုင်ဝိညာဉ်ပကတိအပ်နှင်းခြင်းရရှိရန် ပြင်ဆင်နေသည့် အသင်းသားများနှင့် ပတ်သက်သည့် အချက်အလက်များအတွက်၊ ရှု ၂၅၊ ၂၊ ၈။ ဝိညာဉ်ပကတိအပ်နှင်းခြင်းရရှိနိုင်သည့်သူများနှင့် ပတ်သက်သည့် အချက်အလက်များ အတွက်၊ ရှု ၂၇၊ ၂၊ ၁။
၂၆၊ ၅၊ ၃
အိမ်နှင့်ဝေးရာ၌အမှုတော်ဆောင်ခြင်းမှ ပြန်လာသည့် လူငယ်သာသနာပြုများ
သာသနာပြုဥက္ကဋ္ဌသည် ထောက်ခံချက်ကို ရက်စွဲတပ်၍ ဖွင့်ပေးခြင်းပြုလုပ်ပါသည်၊ ထို့ကြောင့် ထောက်ခံချက်သည် သာသနာပြုအိမ်ပြန်သည့် ရက်စွဲမှစ၍ သုံးလကြာပြီးနောက် သက်တမ်းကုန်ပါသည်။
သင်းအုပ်သည် ပြန်လာသည့် သာသနာပြုများအား သုံးလသက်တမ်းကုန်ခါနီးတွင် ဗိမာန်တော်ထောက်ခံချက်တစ်ခု ထုတ်ပေးရန် လူတွေ့မေးမြန်းပါသည်။
၂၆၊ ၅၊ ၄
အသင်းတော်စုတစ်ခုတည်းတွင် အနည်းဆုံး တစ်နှစ် မနေခဲ့သည့် အသင်းသားများ
သင်းအုပ် သို့မဟုတ် ခန့်အပ်ထားသည့် တိုင်ပင်ဖက်တစ်ဦးသည် ဗိမာန်တော်ထောက်ခံချက်လူတွေ့မေးမြန်းခြင်းတစ်ခု ဆောင်ရွက်ခြင်းမတိုင်မီ ယခင်သင်းအုပ်ကို ဆက်သွယ်ပါသည်။
၂၆၊ ၅၊ ၇
လိင်လက္ခဏာမကိုက်ညီသူများအဖြစ်ရှိသည့်အသင်းသားများ
ပန္နက်ဥက္ကဋ္ဌသည် တစ်ဦးချင်းအခြေအနေများကို သတိထားခြင်းနှင့် ခရစ်တော်ကဲ့သို့သော ချစ်ခြင်းတို့ဖြင့် ကိုင်တွယ်ရန် ဒေသဥက္ကဋ္ဌအဖွဲ့နှင့် တိုင်ပင်ပါသည် (ရှု ၃၈၊ ၆၊ ၂၃)။
၂၆၊ ၅၊ ၈
ပြင်းထန်သောအပြစ်ကျူးလွန်ခဲ့သည့် အသင်းသားများ
ပြင်းထန်သောအပြစ်တစ်ခု ကျူးလွန်ခဲ့သည့် အသင်းသားတစ်ဦးသည် သူ သို့မဟုတ် သူမ နောင်တမရမချင်း ဗိမာန်တော်ထောက်ခံချက်တစ်ခုကို မရရှိနိုင်ပါ (ရှု ၃၂၊ ၆)။
၂၆၊ ၅၊ ၉
အသင်းတော်အသင်းသားဖြစ်ခြင်း ရုပ်သိမ်းခြင်း သို့မဟုတ် နုတ်ထွက်ခြင်းပြီးနောက် ပြန်လည်ဝင်ခွင့်ပြုခြင်းခံရသည့် အသင်းသားများ
၂၆၊ ၅၊ ၉၊ ၁
ယခင်က ဝိညာဉ်ပကတိအပ်နှင်းခြင်း မခံရသေးသည့် အသင်းသားများ
ဤအသင်းသားများသည် ဗတ္တိဇံနှင့် အတည်ပြုခြင်းတို့အားဖြင့် အသင်းတော်သို့ သူတို့၏ပြန်လည်ဝင်ခွင့်ပြုခံရခြင်းရက်စွဲမှ တစ်နှစ်တင်းတင်းမပြည့်မချင်း သူတို့၏ကိုယ်ပိုင်ဝိညာဉ်ပကတိအပ်နှင်းခြင်းကိုရရှိရန် ထောက်ခံချက်များထုတ်ပေးခြင်း မခံရနိုင်ပါ။
၂၆၊ ၅၊ ၉၊ ၂
ယခင်က ဝိညာဉ်ပကတိအပ်နှင်းခံရပြီးသော အသင်းသားများ
ယခင်က ဝိညာဉ်ပကတိအပ်နှင်းခံရပြီးသောအသင်းသားများသည် ကောင်းချီးမင်္ဂလာများပြန်လည်ဆောင်ယူခြင်း ဘိသိက်မင်္ဂလာအားဖြင့် သူတို့၏ဗိမာန်တော်ကောင်းချီးမင်္ဂလာများကို ပြန်လည်ဆောင်ယူမပြီးမချင်း မည်သည့် ဗိမာန်တော်ထောက်ခံချက်အမျိုးအစားကိုမျှ မရရှိနိုင်ပါ။