လက်စွဲစာအုပ်များနှင့်အမှုတော်ဆောင်တာဝန်များ
၂၁။ အမှုတော်ဆောင်ခြင်း


“၂၁။ အမှုတော်ဆောင်ခြင်း၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။

“၂၁။ အမှုတော်ဆောင်ခြင်း၊ ” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ

ကျောက်တုံးကိုမနေသည့်အမျိုးသားများ

၂၁။

အမှုတော်ဆောင်ခြင်း

၂၁၊၀

နိဒါန်း

အမှုတော်ဆောင်ခြင်းဆိုသည်မှာ ကယ်တင်ရှင်လုပ်ခဲ့သကဲ့သို့ အခြားသူများကို အစေခံခြင်းဖြစ်ပါသည် (ရှု ရှင်မဿဲ ၂၀း၂၆-၂၈)။

ကိုယ်တော်ရှင်သည် သူ့အသင်းတော်၏အသင်းသားအားလုံးကို ထိုကဲ့သို့သောဂရုစိုက်ခြင်းမျိုးကို ရရှိစေလိုတော်မူပါသည်။ ဤအကြောင်းရင်းကြောင့်၊ ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတို့အား အမှုတော်ဆောင်ညီအစ်ကိုများအဖြစ် အသင်းသားအိမ်ထောင်စုတစ်ခုချင်းသို့ တာဝန်ပေးထားပါသည်။ အမှုတော်ဆောင်ညီအစ်မများကို အရွယ်ရောက်ညီအစ်မတစ်ဦးချင်းစီသို့ တာဝန်ပေးထားပါသည်။

၂၁၊ ၁

အမှုတော်ဆောင်ညီအစ်ကိုမောင်နှမများ၏တာဝန်များ

အမှုတော်ဆောင်ညီအစ်ကိုမောင်နှမများတွင် သူတို့ကို တာဝန်ပေးထားသည့် တစ်ဦးချင်းတို့နှင့် မိသားစုများအတွက် အောက်ပါတာဝန်များရှိပါသည်။

  • သူတို့အား ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော်၌ သူတို့၏ယုံကြည်ခြင်းကို ခွန်အားဖြည့်ပေးခြင်း။

  • သူတို့အား ဘိသိက်မင်္ဂလာများရရှိစဉ် ဘုရားသခင်နှင့် သန့်ရှင်းမွန်မြတ်သောပဋိညာဉ်များပြုပြီးစောင့်ထိန်းဖို့ ပြင်ဆင်ရန်ကူညီခြင်း။

  • လိုအပ်ချက်များကို သတိပြုခြင်း၊ ခရစ်တော်ကဲ့သို့သောချစ်ခြင်း၊ ဂရုစိုက်ခြင်းနှင့် အစေခံခြင်းများပြုလုပ်ခြင်း။

  • သူတို့အား ဇာတိပကတိနှင့် ဝိညာဉ်ပကတိ၌ ကိုယ့်အားကိုယ်ကိုးလာစေရန် ကူညီခြင်း။

၂၁၊ ၂

အမှုတော်ဆောင်ခြင်းကို စီစဉ်ခြင်း

၂၁၊ ၂၊ ၁

တာဝန်ပေးမှုများပြုလုပ်ခြင်း

အသင်းလူကြီးအဖွဲ့နှင့် လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့များသည် အမှုတော်ဆောင်ညီအစ်ကို မောင်နှမများအတွက် တာဝန်ပေးခြင်းများကို ဆုတောင်းခြင်းထက်သန်စွာစဉ်းစားကြပါသည်။ ပုံမှန်အားဖြင့် ညီအစ်ကိုနှစ်ယောက်သို့မဟုတ် ညီအစ်မနှစ်ယောက်ကို အဖော်တွဲများအဖြစ် တာဝန်ပေးပါသည်။ သူတို့သည် အမှုတော်ဆောင်အဖော်တွဲများနှင့် တာဝန်ပေးခြင်းများအတွက် သင်အုပ်၏ခွင့်ပြုချက်ကို တောင်းကြပါသည်။

လက်ထပ်ဇနီးမောင်နှံအား လူတစ်ဦး သို့မဟုတ် မိသားစုတစ်ခုကို အတူအမှုတော်ဆောင်ရန် တာဝန်ပေးခံရနိုင်ပါသည်။

အမှုတော်ဆောင်ညီအစ်ကို မောင်နှများကို ခေါ်သွင်းခြင်း၊ ထောက်မခြင်း သို့မဟုတ် ခွဲခန့်ခြင်းများကိုမပြုလုပ်ပါ။

၂၁၊ ၂၊ ၂

လူငယ်တို့အတွက် အမှုတော်ဆောင်တာဝန်ပေးခြင်းများ

လူငယ်အမျိုးသမီးတစ်ဦးသည် လိုလိုလားလားရှိ၍ တတ်နိုင်စွမ်းလျှင် လူမှုသက်သာရေးညီအစ်မတစ်ဦးအတွက် အမှုတော်ဆောင်အဖော်အဖြစ် အစေခံနိုင်ပါသည်။ သူမသည် အသက် ၁၄ နှစ်ရောက်သည့်နှစ်တွင် အစေခံခြင်းကို စတင်နိုင်ပါသည်။

2:30

လူငယ်အမျိုးသားတစ်ဦးသည် ဆရာသို့မဟုတ် ယဇ်ပုရောဟိတ်အမှုအရာသို့ ခန့်ထားခံရသောအခါ မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူအတွက် အမှုတော်ဆောင်အဖော်အဖြစ် အစေခံနိုင်ပါသည်။

၂၁၊ ၃

အမှုတော်ဆောင်လူတွေ့မေးမြန်းခြင်းများ

2:34

အသင်းလူကြီးအဖွဲ့ ဥက္ကဋ္ဌနှင့် သူ၏အတိုင်ပင်ခံတို့သည် အမှုတော်ဆောင်ညီအစ်ကိုတို့ကို လူတွေ့မေးမြန်းပါသည်။ လူမှုသက်သာရေးအဖွဲ့ဥက္ကဋ္ဌနှင့် သူမ၏အတိုင်ပင်ခံတို့သည် အမှုတော်ဆောင်ညီအစ်မများကို လူတွေ့မေးမြန်းပါသည်။

ဤလူတွေ့မေးမြန်းခြင်းများကို အနည်းဆုံး သုံးလတစ်ကြိမ်ပြုလုပ်ပါသည်။

၎င်းတို့၏ရည်ရွယ်ချက်များမှာ၊

  • တာဝန်ပေးထားသည့် တစ်ဦးချင်းတို့နှင့် မိသားစုတို့၏ ခွန်အားများ၊ လိုအပ်ချက်များနှင့် စိန်ခေါ်မှုများအကြောင်းကို တိုင်ပင်ဆွေးနွေးရန်။

  • လူတို့အား လိုအပ်လျှင် ဘိသိက်မင်္ဂလာများ ရရှိဖို့ပြင်ဆင်ရန်နည်းလမ်းများကို ဆွေးနွေးရန်။

  • အသင်းလူကြီးအဖွဲ့၊ လူမှုသက်သာရေးအဖွဲ့၊ အသင်းတော်စုကောင်စီနှင့် အခြားသူများ မည်သို့ကူညီနိုင်မည်ကို စဉ်းစားရန်။

  • အမှုတော်ဆောင်ညီအစ်ကိုမောင်နှမများကို သွန်သင်အားပေးရန်။

၂၁၊ ၄

အမှုတော်ဆောင်အားထုတ်မှုများကို ညှိနှိုင်းဆောင်ရွက်ခြင်း

2:49

လူမှုသက်သာရေးအဖွဲ့နှင့် အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌအဖွဲ့သည် အနည်းဆုံးသုံးလတစ်ကြိမ် တွေ့ဆုံကြပါသည်။ သူတို့သည် အမှုတော်ဆောင်လူတွေ့မေးမြန်းခြင်းများ၌ သူတို့သိခဲ့ရသည့်အရာများကို ပြန်လည်သုံးသပ်ကြပါသည် (ရှု ၂၁၊ ၃)။ သူတို့သည် အမှုတော်ဆောင်တာဝန်ပေးခြင်းများကိုလည်း ညှိနှိုင်းဆောင်ရွက်ကြပါသည်။

တက်ကြွသောအသင်းသားအနည်းငယ်ရှိသည့် ဒေသများတွင်၊ လူမှုသက်သာရေးအဖွဲ့နှင့် အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌအဖွဲ့တို့သည် အသင်းသားအချို့ထံ အမှုတော်ဆောင်ညီအမများနှင့် အမှုတော်ဆောင်ညီအစ်ကိုများ နှစ်မျိုးစလုံးကို တာဝန်မပေးရန် ဆုံးဖြတ်နိုင်ပါသည်။