“၂၀။ လှုပ်ရှားမှုများ၊ ” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။
“၂၀။ လှုပ်ရှားမှုများ၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နှုတ်ချက်များ
၂၀။
လှုပ်ရှားမှုများ
၂၀၊ ၁
ရည်ရွယ်ချက်များ
အသင်းတော်လှုပ်ရှားမှုများသည် အသင်းတော်အသင်းသားများနှင့် အခြားသူတို့အား “သန့်ရှင်းသူတို့၏အမျိုးသားချင်းများ”(ဧဖက်ဩဝါဒစာ ၂း၁၉)အဖြစ် အတူစုဝေးစေပါသည်။ လှုပ်ရှားမှုများအတွက် ရည်ရွယ်ချက်များတွင် အောက်ပါတို့ပါဝင်နိုင်ပါသည်၊
-
ယေရှုခရစ်တော်၌ ယုံကြည်ခြင်းတည်ဆောက်ခြင်း။
-
ပျော်ရွှင်မှုပံ့ပိုးခြင်းနှင့် စည်းလုံးမှုမြှင့်တင်ခြင်း
-
ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှုအတွက် အခွင့်အလမ်းများပံ့ပိုးခြင်း။
-
တစ်ဦးချင်းများနှင့် မိသားစုများကို ခွန်အားဖြည့်ပေးခြင်း။
-
အသင်းသားတို့အား ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်း အမှုတော်၌ ပါဝင်စေရန် ကူညီခြင်း (ရှု ၁၊ ၂)။
၂၀၊ ၂
လှုပ်ရှားမှုများကို စီစဉ်ခြင်း
လှုပ်ရှားမှုတစ်ခုကို စီစဉ်ခြင်းမတိုင်မီ၊ ခေါင်းဆောင်များသည် အသင်းသားတို့၏ ဝိညာဉ်ပကတိနှင့် ဇာတိပကတိလိုအပ်ချက်များကို စဉ်းစားကြပါသည်။ ခေါင်းဆောင်များသည် မည်သည့်လှုပ်ရှားမှုမျိုးက ထိုလိုအပ်ချက်များကို ပြည့်စေရန် ကူညီမည့်အကြောင်း ဆုံးဖြတ်ရာတွင် ဝိညာဉ်တော်၏လမ်းညွှန်မှုကို ရှာကြပါသည်။
၂၀၊ ၂၊ ၁
လှုပ်ရှားမှုများစီစဉ်ခြင်းအတွက် တာဝန်
အသင်းတော်စုလှုပ်ရှားမှုများကို ဒေသန္တရလိုအပ်ချက်များအား အခြေခံ၍ အောက်ပါနည်းများထဲမှ တစ်နည်းနည်းဖြင့် စီစဉ်နိုင်ပါသည်၊
-
အသင်းတော်စုကောင်စီသည် စီစဉ်ခြင်းကို ကြီးကြပ်နိုင်ပါသည်။
-
အသင်းတော်စုကောင်စီသည် သီးသန့်အဖွဲ့အစည်းများကို တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသောလှုပ်ရှားမှုများကို စီစဉ်ရာ၌ ကူညီရန် တာဝန်ပေးနိုင်ပါသည်။
-
လိုအပ်သည့်အချိန်နှင့် အသင်းသားများအလုံအလောက်ရှိသောနေရာတွင် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့သည် အသင်းတော်စုလှုပ်ရှားမှုများကော်မတီတစ်ခုကို ဖွဲ့စည်းနိုင်ပါသည်။
အသင်းတော်စုလူငယ်လှုပ်ရှားမှုများစီစဉ်ခြင်းအကြောင်းအချက်အလက်အတွက်၊ ရှု ၁၀၊ ၂၊ ၁၊ ၃ နှင့် ၁၁၊ ၂၊ ၁၊ ၃။
၂၀၊ ၂၊ ၂
အားလုံးကို ပါဝင်ရန် ဖိတ်ခေါ်ခြင်း
လှုပ်ရှားမှုများကို စီစဉ်သောသူများသည် အားလုံးထံ ဖြန့်ကျက်ရမည်၊ အထူးသဖြင့် အသင်းသားအသစ်များ၊ တက်ကြွမှုနည်းသောအသင်းသားများ၊ လူငယ်များ၊ အရွယ်ရောက်အိမ်ထောင်မရှိသူများ၊ မသန်စွမ်းသူများ၊ အခြားယုံကြည်ခြင်းရှိသူများထံဖြစ်ပါသည်။
လှုပ်ရှားမှုများသည် ခေါင်းဆောင်များနှင့် အသင်းသားများအပေါ် လွန်ကဲသောဝန်ထုပ်ဝန်ပိုးများ မဖြစ်စေရပါ။
၂၀၊ ၂၊ ၃
စံနှုန်းများ
အသင်းတော်လှုပ်ရှားမှုများသည် မြှင့်တင်သောအရာများဖြစ်ရမည်၊ “ကောင်းမြတ်သော၊ နှစ်သက်ဖွယ်သော သို့မဟုတ် အသရေရှိသော၊ သို့မဟုတ် ချီးမွမ်းဖွယ်ဖြစ်သော” (ယုံကြည်ခံယူချက်များ ၁း၁၃) အရာတို့ကို အလေးထားရမည်။ လှုပ်ရှားမှုများတွင် အသင်းတော်သွန်သင်ခြင်းနှင့် ဆန့်ကျင်သည့်အရာမည်သည့်အရာမျှ မပါဝင်နိုင်ပါ။
၂၀၊ ၂၊ ၆
လှုပ်ရှားမှုများအတွက် ရန်ပုံငွေထောက်ပံ့မှု
လှုပ်ရှားမှုအများစုသည် ရိုးရှင်း၍၊ ကုန်ကျစားရိတ်နည်းရမည် သို့မဟုတ် မရှိရပါ။ မည်သည့်အသုံးစားရိတ်မဆို သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ သို့မဟုတ် ပန္နက်ဥက္ကဋ္ဌအဖွဲ့အားဖြင့် ကြိုတင်ခွင့်ပြုထားခြင်းရှိရမည်။
အသင်းသားများသည် အများအားဖြင့် လှုပ်ရှားမှုများ၌ပါဝင်ရန် မပေးရပါ။ လှုပ်ရှားမှုများအတွက် ရန်ပုံငွေထောက်ပံ့မှု ပတ်သက်သည့် မူဝါဒများနှင့် လမ်းညွှန်မှုများအတွက် ၊ ရှု ၂၀၊ ၆။
၂၀၊ ၄
လူငယ်ညီလာခံ
လူငယ်အမျိုးသားများနှင့် လူငယ်အမျိုးသမီးများသည် အသက် ၁၄နှစ်ရောက်သည့်နှစ်တွင် လူငယ်ညီလာခံ၌ အတူပါဝင်ရန် ဖိတ်ခေါ်ခံရပါသည်။ လူငယ်ညီလာခံများကို အများအားဖြင့်၊ အသင်းတော်စု သို့မဟုတ် ပန္နက်အဆင့်တွင် တစ်နှစ်တစ်ကြိမ်ကျင်းပပါသည်။ ၎င်းတို့ကို ပန္နက်ပေါင်းစုံ သို့မဟုတ် ဒေသအဆင့်တွင်လည်း ကျင်းပနိုင်ပါသည်။ လူငယ်များ အက်ဖ်အက်စ်ဝိုင် ညီလာခံတက်ရောက်ရန် တာဝန်ပေးခံရသည့်နှစ်တွင် ပန္နက်များ သို့မဟုတ် အသင်းတော်စုများသည် လူငယ်ညီလာခံကို မကျင်းပရပါ။
သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့၏ လမ်းညွှန်မှုအောက်တွင်အသင်းတော်စုလူငယ်ညီလာခံများကို အသင်းတော်စုလူငယ်ကောင်စီက၊ စီစဉ်ဆောင်ရွက်ပါသည် (ရှု ၂၉၊ ၂၊ ၆)။ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့သည် အသင်းတော်စုလူငယ်ညီလာခံအစီအစဉ်များအတွက် ပန္နက်ဥက္ကဋ္ဌအဖွဲ့၏ ခွင့်ပြုချက်ကို ရယူပါသည်။
ခေါင်းဆောင်များနှင့် လူငယ်တို့သည် လူငယ်ညီလာခံတစ်ခုကို စီစဉ်ကြသည့်အခါ၊ သူတို့သည် ဤအခန်းရှိမူဝါဒများနှင့် အောက်ပါလမ်းညွှန်ချက်များကို လိုက်နာရမည်။
-
အသင်းတော်နှစ်ပတ်လည်လူငယ်အာဘော်ကို ညီလာခံအာဘော်အဖြစ် အသုံးပြုနိုင်ပါသည်။
-
လှုပ်ရှားမှုများကို အာဘော်နှင့်အညီစီစဉ်ပါ။
-
ဟောပြောသူများနှင့် လှုပ်ရှားမှုအားလုံးအတွက် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ သို့မဟုတ် ပန္နက်ဥက္ကဋ္ဌ၏ခွင့်ပြုချက်ကို ရယူပါ။
-
အချိန်တိုင်း၌ အရွယ်ရောက်ကြီးကြပ်မှုလုံလောက်စွာရှိကြောင်း သေချာပါစေ (ရှု ၂၀၊ ၇၊ ၁)။
၂၀၊ ၅
လှုပ်ရှားမှုများကို ရွေးချယ်ခြင်းနှင့် စီစဉ်ခြင်းအတွက် မူဝါဒများနှင့် လမ်းညွှန်ချက်များ
၂၀၊ ၅၊ ၁
စီးပွားရေး သို့မဟုတ် နိုင်ငံရေးလှုပ်ရှားမှုများ
မည်သည့် စီးပွားရေး သို့မဟုတ် နိုင်ငံရေး ရည်ရွယ်ချက်အတွက် ကျင်းပသောလှုပ်ရှားမှုကိုမျှ ခွင့်မပြုပါ (ရှု ၃၅၊ ၅၊ ၂)။
၂၀၊ ၅၊ ၂
အကနှင့် တေးဂီတ
အက၊ အဝတ်အစား၊ ဖြီးလိမ်းခြင်း၊ အလင်းရောင်၊ ကပုံ၊ စာသားနှင့် တေးဂီတအားလုံးသည် ကိုယ်တော်ရှင်၏ ဝိညာဉ်တော်တည်ရှိနိုင်သည့် ပတ်ဝန်းကျင်တစ်ခုဖြစ်စေရပါမည်။
၂၀၊ ၅၊ ၃
တနင်္လာနေ့ညများ
အသင်းသားများကို မိသားစုလှုပ်ရှားမှုများကို တနင်္လာနေ့ သို့မဟုတ် အခြားနေ့များတွင်ကျင်းပရန်တိုက်တွန်းပါသည်။ အသင်းတော်၏မည်သည့် လှုပ်ရှားမှုများ၊ အစည်းအဝေးများ၊ သို့မဟုတ် ဗတ္တိဇံအမှုဆောင်ခြင်းများကိုမျှ တနင်္လာနေ့ ညနေ ၆း၀၀နာရီနောက်ပိုင်းတွင် မကျင်းပရပါ။
၂၀၊ ၅၊ ၅
ညလုံးပေါက်လှုပ်ရှားမှုများ
လူငယ်အမျိုးသားများနှင့် လူငယ်အမျိုးသမီးများ အုပ်စုပူးပေါင်းပြုလုပ်သည့် အသင်းတော်ညလုံးပေါက်လှုပ်ရှားမှုများအတွက် သင်းအုပ်နှင့် ပန္နက်ဥက္ကဋ္ဌ၏ခွင့်ပြုချက်ရရှိရမည်။ ကျားနှင့်မ အိမ်ထောင်မရှိအသင်းသားများအတွက် လှုပ်ရှားမှုများသည်လည်း အလားတူဖြစ်ပါသည်။
အသင်းတော်အစည်းအဝေးအိမ်များ သို့မဟုတ် အစည်းအဝေးအိမ်မြေနေရာများ၌ ညလုံးပေါက်လှုပ်ရှားမှုများကို ခွင့်မပြုပါ။
၂၀၊ ၅၊ ၈
ဥပုသ်နေ့စောင့်ထိန်းခြင်း
အသင်းတော်၏မည်သည့်စခန်းချခြင်း၊ အားကစားပွဲ သို့မဟုတ် အပန်းဖြေပွဲများကိုမျှ တနင်္ဂနွေနေ့တွင်ကျင်းပရန်အစီအစဥ်မဆွဲရပါ။ တနင်္ဂနွေနေ့တွင် လူငယ်အဖွဲ့များနှင့် အခြားသူများ စခန်းချခြင်းများ သို့မဟုတ် လူငယ်ညီလာခံများသို့ သွားခြင်းပြန်ခြင်းလည်းမပြုရပါ။
၂၀၊ ၅၊ ၁၀
ဗိမာန်တော်အလည်သွားခြင်းများ
ဗိမာန်တော်အလည်သွားခြင်းများကို သတ်မှတ်ထားသည့် ဗိမာန်တော်ခရိုင်အတွင်းတွင် အသင်းတော်စုနှင့် ပန္နက်အဆင့်တွင် စီစဉ်ကြပါသည်။
၂၀၊ ၆
ရန်ပုံငွေထောက်ပံ့မှုဖြင့်လှုပ်ရှားမှုများအတွက် မူဝါဒများနှင့် လမ်းညွှန်ချက်များ
၂၀၊ ၆၊ ၁
အသင်းတော်စု သို့မဟုတ် ပန္နက်အသုံးစားရိတ်ရန်ပုံငွေများနှင့် ပေးသည့် လှုပ်ရှားမှုများ
အသင်းတော်စု သို့မဟုတ် ပန္နက်အသုံးစားရိတ်ရန်ပုံငွေများကို လှုပ်ရှားမှုအားလုံးအတွက်ပေးရန် အသုံးပြုရမည်၊ ၂၀၊ ၆၊ ၂ရှိစာရင်းပြုထားသော ချွင်းချက်များရှိနိုင်ပါသည်။
၂၀၊ ၆၊ ၂
လူငယ်စခန်းချခြင်းများအတွက် ရန်ပုံငွေထောက်ပံ့မှု
အောက်ဖော်ပြပါ လှုပ်ရှားမှုများအတွက် အသင်းတော်စု သို့မဟုတ် ပန္နက် အသုံးစားရိတ်၌ ရန်ပုံငွေ အလုံအလောက်မရှိလျှင်၊ ခေါင်းဆောင်များသည် ပါဝင်သူများကို တစ်ချို့တစ်ဝက်ဖြစ်စေ၊ အားလုံးဖြစ်စေပေးရန် တောင်းဆိုနိုင်ပါသည်။
-
တိုးချဲ့ထားသော နှစ်ပတ်လည် အာရုန်ယဇ်ပုရောဟိတ်အခွင့်အဖွဲ့ သို့မဟုတ် အလားတူလှုပ်ရှားမှု။
-
တိုးချဲ့ထားသော နှစ်ပတ်လည် လူငယ်အမျိုးသမီးအဖွဲ့ သို့မဟုတ် အလားတူလှုပ်ရှားမှု။
-
အသက် ၈ နှစ်မှ ၁၁ နှစ်အထိ မူလတန်းကလေးများအတွက် နှစ်ပတ်လည်နေ့ခင်း စခန်း သို့မဟုတ် အလားတူလှုပ်ရှားမှု။
နှစ်ပတ်လည် စခန်းချခြင်းတစ်ခုအတွက် အသုံးစားရိတ်သို့မဟုတ် ခရီးသွားခြင်းသည် အလွန်အကျွံမဖြစ်ရပါ။ ကိုယ်ပိုင်ရန်ပုံငွေများမရှိခြင်းကြောင့် အသင်းသားတစ်ဦးအား ပါဝင်ခြင်းမှ မဟန့်တားရပါ။
၂၀၊ ၆၊ ၃
အက်ဖ်အက်စ်ဝိုင်ညီလာခံများအတွက် ရန်ပုံငွေထောက်ပံ့မှု
လူငယ်များသည် လူငယ်တို့အတွက်ခွန်အား(အက်အက်စ်ဝိုင်) ညီလာခံများတက်ရောက်ဖို့ အခပါဝင်ကူညီဖို့တောင်းဆိုခံရနိုင်ပါသည်။ ကုန်ကျစားရိတ်သည် လူငယ်တစ်ဦးကို ပါဝင်ခြင်းမှ ဟန့်တားနိုင်လျှင်၊ သင်းအုပ်သည် ထိုအခ၏ တစ်ချို့တစ်ဝက်သို့မဟုတ် အားလုံးကို ပေးရန် အသင်းတော်စုအသုံးစားရိတ်ရန်ပုံငွေများကို အသုံးပြုနိုင်ပါသည် ။ ရှု FSY.ChurchofJesusChrist.org.
၂၀၊ ၆၊ ၅
ရန်ပုံငွေရှာပွဲများ
ပုံမှန်အားဖြင့် ပန္နက်နှင့် အသင်းတော်စုလှုပ်ရှားမှုများအတွက် အသုံးစားရိတ်များကို အသုံးစားရိတ်ရန်ပုံငွေဖြင့်ပေးပါသည်။ သို့သော်လည်း၊ ပန္နက်ဥက္ကဋ္ဌ သို့မဟုတ် သင်းအုပ်တစ်ဦးသည် နှစ်တိုင်းတွင် ရန်ပုံငွေရှာပွဲတစ်ခုကို အောက်ပါရည်ရွယ်ချက်များအတွက်သာ အခွင့်ပေးနိုင်ပါသည်၊
-
၂၀၊ ၆၊ ၂ရှိ စာရင်းပြုထားသော လှုပ်ရှားမှုများအတွက် ပေးဖို့ ကူညီရန်။
-
နှစ်ပတ်လည်စခန်းချခြင်းများအတွက် ဒေသ၌လိုအပ်သည့် ကိရိယာဝယ်ဖို့ ကူညီရန်။
၂၀၊ ၇
လှုပ်ရှားမှုများအတွက် ဘေးကင်းရေး မူဝါဒများနှင့် လမ်းညွှန်ချက်များ
၂၀၊ ၇၊ ၁
အရွယ်ရောက်ကြီးကြပ်မှု
ကလေးများနှင့် လူငယ်များတက်ရောက်သည့် အသင်းတော်လှုပ်ရှားမှုအားလုံးတွင် အရွယ်ရောက်သူ အနည်းဆုံး နှစ်ဦးရှိရမည်။ အဖွဲ့အရွယ်အစား၊ လှုပ်ရှားမှုအတွက်လိုအပ်သည့် ကျွမ်းကျင်မှု၊ သို့မဟုတ် အခြားအချက်များကို လိုက်၍၊ အရွယ်ရောက်သူများ ထပ်တိုးလိုအပ်နိုင်ပါသည်။ ကူညီဖို့ မိဘများကို တိုက်တွန်းပါသည်။
ကလေးများ၊ လူငယ်များနှင့်အလုပ်လုပ်သူအားလုံးသည် ကလေးများနှင့် လူငယ်များကာကွယ်ရေးသင်တန်းကို တက်ရောက်ပြီးဖြစ်ရမည်။ ရှု ProtectingChildren.ChurchofJesusChrist.org.
၂၀၊ ၇၊ ၂
လူငယ်လှုပ်ရှားမှုများ၌ ပါဝင်ခြင်းအတွက်အသက်လိုအပ်ချက်များ
သူတို့မိဘများ၏ထောက်ခံချက်ဖြင့်၊ လူငယ်များသည် အသက်၁၂နှစ်သို့ရောက်သည့်နှစ် ဇန္နဝါရီမှစ၍ ညလုံးပေါက်စခန်းချခြင်းများကို တက်ရောက်နိုင်ပါသည်။ အသက်၁၄နှစ် ရောက်သည့်နှစ် ဇန္နဝါရီမှစ၍ အကများ၊ လူငယ်ညီလာခံများနှင့် အက်ဖ်အက်စ်ဝိုင်ညီလာခံများကို တက်ရောက်နိုင်ပါသည်။
၂၀၊ ၇၊ ၄
မိဘခွင့်ပြုချက်
ကလေးများနှင့် လူငယ်များသည် သူတို့၏မိဘများ၏ သို့မဟုတ် အုပ်ထိန်းသူတို့၏ခွင့်ပြုချက်များ မပါဘဲနှင့် အသင်းတော်လှုပ်ရှားမှုတစ်ခုကို မတက်ရောက်နိုင်ပါ။ ညလုံးပေါက်နေခြင်း၊ ခရီးရှည်၊ သို့မဟုတ် ပုံမှန်ထက်အန္တရာယ်များသော အသင်းတော်လှုပ်ရှားမှုများအတွက် ရေးသားခွင့်ပြုချက်လိုအပ်ပါသည်။
မိဘများနှင့် အုပ်ထိန်းသူတို့သည် ခွင့်ပြုချက်နှင့် ဆေးဘက်ဆိုင်ရာ ဖြေလွှတ်ပုံစံကို လက်မှတ်ထိုးခြင်းဖြင့် ဤခွင့်ပြုချက်ကို ပေးပါသည်။
၂၀၊ ၇၊ ၅
နှိပ်စက်ခြင်းနှင့်ပတ်သက်သည့် အစီရင်ခံချက်များ
အသင်းတော်လှုပ်ရှားမှုတစ်ခုအတွင်း ဖြစ်ပျက်သည့် မည်သည့် နှိပ်စက်ခြင်းကိုမဆို အရပ်ဘက်အာဏာပိုင်များသို့ အစီရင်ခံရမည်။ သင်းအုပ်ကို ချက်ချင်းဆက်သွယ်ရမည်။ အသင်းသားများအတွက် ညွှန်ကြားချက်များမှာ ၃၈၊ ၆၊ ၂၊ ၇တွင်ရှိပါသည်။ သင်းအုပ်နှင့်အတိုင်ပင်ခံများအတွက် လမ်းညွှန်ချက်များမှာ ၃၈၊ ၆၊ ၂၊ ၁တွင်ရှိပါသည်။
၂၀၊ ၇၊ ၆
ဘေးကြိုတင်ကာကွယ်မှုများ၊ ထိခိုက်မှုတုံ့ပြန်ခြင်းနှင့် ထိခိုက်မှုအစီရင်ခံခြင်း
၂၀၊ ၇၊ ၆၊ ၁
ဘေးကြိုတင်ကာကွယ်မှုများ
ခေါင်းဆောင်များနှင့် ပါဝင်သူများသည် လှုပ်ရှားမှုများကို ဒဏ်ရာရမှု သို့မဟုတ် ဖျားနာမှုအန္တရာယ်ဖြစ်နိုင်ခြေအနည်းဆုံးသာရှိစေရန် သေချာစေဖို့ ဂရုတစိုက်ချင့်တွက်ကြပါသည်။ လှုပ်ရှားမှုများတွင် အဆောက်အအုံပစ္စည်း ပျက်စီးခြင်းအန္တရာယ်ဖြစ်နိုင်ခြေအနည်းဆုံးသာပါဝင်ရပါမည်။ လှုပ်ရှားမှုများအတွင်း၊ ခေါင်းဆောင်များသည် ဘေးကင်းခြင်းအတွက် အားထုတ်မှုမှန်သမျှကို ပြုကြပါသည်။
၂၀၊ ၇၊ ၆၊ ၂
ထိခိုက်မှုတုန့်ပြန်ခြင်း
ထိခိုက်မှု သို့မဟုတ် ဒဏ်ရာတစ်ခု အသင်းတော်အဆောက်အအုံမြေပေါ်၌ သို့မဟုတ် အသင်းတော်လှုပ်ရှားမှုတစ်ခုအတွင်း ဖြစ်ပေါ်လျှင်၊ ခေါင်းဆောင်များသည် အောက်ပါလမ်းညွှန်ချက်များကို ကိုက်ညီသည့်အတိုင်း လိုက်နာကြပါသည်၊
-
ရှေးဦးသူနာပြုမှုပေးခြင်း။ လူတစ်ဦးထပ်တိုးဆေးဘက်ဆိုင်ရာဂရုစိုက်မှုလိုအပ်လျှင်၊ အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများသို့ ဆက်သွယ်ပါ။ မိဘ၊ အုပ်ထိန်းသူ၊ သို့မဟုတ် အခြားဆွေမျိုးသားချင်းနှင့် သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌကိုလည်း ဆက်သွယ်ပါ။
-
တစ်စုံတစ်ဦးပျောက်ဆုံးသို့မဟုတ် သေဆုံးလျှင် ဒေသန္တရဥပဒေဌာနသို့ ချက်ချင်းအကြောင်းကြားပါ။
-
စိတ်ခံစားမှုဆိုင်ရာထောက်ပံ့မှုပေးပါ။
-
ဥပဒေအရအရေးယူမှုကို အားပေးခြင်း သို့မဟုတ် ဟန့်တားခြင်းမပြုပါနှင့်။ အသင်းတော်ကိုယ်စား ကတိကဝတ်များမပြုပါနှင့်။
-
သက်သေများ၊ သူတို့၏အဆက်အသွယ်အချက်အလက်၊ ဖြစ်ပျက်ခဲ့သည့် မှတ်တမ်းနှင့် ဓာတ်ပုံများ စုပါ။
-
ထိခိုက်မှုကို အစီရင်ခံတင်ပြပါ (ရှု ၂၀၊ ၇၊ ၆၊ ၃)။
၂၀၊ ၇၊ ၆၊ ၃
ထိခိုက်မှုအစီရင်ခံတင်ပြခြင်း
အောက်ပါအခြေအနေများကို အွန်လိုင်းတွင် သတင်းပို့တင်ပြရမည် incidents.ChurchofJesusChrist.org.
-
ထိခိုက်မှု သို့မဟုတ် ဒဏ်ရာရမှုတစ်ခု အသင်းတော်အဆောက်အအုံမြေပေါ်၌ သို့မဟုတ် အသင်းတော်လှုပ်ရှားမှုတစ်ခုအတွင်း ဖြစ်ပွားခြင်း။
-
အသင်းတော်လှုပ်ရှားမှုတစ်ခုအတွင်းပါဝင်သူတစ်ဦး ပျောက်ဆုံးနေခြင်း။
-
အသင်းတော်လှုပ်ရှားမှုတစ်ခုအတွင်း၊ ပုဂ္ဂလိက၊ အများပိုင်၊ သို့မဟုတ် အသင်းတော်ပိုင်ပစ္စည်းတစ်ခု ပျက်စီးခြင်း။
-
ဥပဒေအရရေးယူမှု အရိပ်လက္ခဏာရှိခြင်း သို့မဟုတ် မျှော်လင့်ရခြင်း။
ပွဲတစ်ခု၌ ပြင်းထန်သောဒဏ်ရာ၊ အသေအပျောက်၊ သို့မဟုတ် လူပျောက်ခြင်းရှိပါက ပန္နက်ဥက္ကဋ္ဌ၊ သင်းအုပ်၊ သို့မဟုတ် သူနေရာချထားသည့် အသင်းသားသည် ဒေသရုံးသို့ ချက်ချင်းအကြောင်းကြားရမည်။
၂၀၊ ၇၊ ၆၊ ၄
အာမခံနှင့် မေးခွန်းများ
အသင်းတော်ပွဲတစ်ခုအတွင်း၌ ဒဏ်ရာတစ်ခုဖြစ်လျှင်၊ ခေါင်းဆောင်များသည် အသင်းတော်လှုပ်ရှားမှုဆေးဝါးအကူအညီအစီအစဉ်နှင့် သက်ဆိုင်ခြင်းရှိမရှိဆုံးဖြတ်ပါသည်။
အချို့ကိစ္စများတွင်၊ ပန္နက်ဥက္ကဋ္ဌ သို့မဟုတ် သင်းအုပ်သည် လှုံခြုံရေးပြဿနာများ သို့မဟုတ် အသင်းတော်ကိုတောင်းဆိုခြင်း ကိစ္စများနှင့် ပတ်သက်၍ မေးခွန်းများမေးနိုင်ပါသည်။ ပန္နက်ဥက္ကဋ္ဌ (သို့မဟုတ် သူ၏လမ်းညွှန်မှုအောက်ရှိ သင်းအုပ်)သည် ထိုကဲ့သို့သောမေးခွန်းများကို အန္တရာယ်စီမံရေးဌာန သို့မဟုတ် ဒေသရုံးသို့ ရည်ညွှန်းပါသည်။
၂၀၊ ၇၊ ၇
ခရီးသွားခြင်း
အသင်းတော်လှုပ်ရှားမှုများအတွက် ခရီးသွားခြင်းသည် သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ကို ရယူရမည်။ ဤခရီးသွားခြင်းသည် အသင်းသားများအပေါ် လွန်ကဲသောဝန်ထုပ်ဝန်ပိုးများ မဖြစ်စေရပါ။ လှုပ်ရှားမှုများအတွက် ခရီးရှည်သွားခြင်းများကို တားမြစ်ပါသည်။
ဖြစ်နိုင်သောအခါ၊ အသင်းတော်အဖွဲ့များသည် ခရီးရှည်သွားခြင်းအတွက် သက်သာသောပို့ဆောင်ဆက်သွယ်ရေးကို အသုံးပြုရမည်။ ထိုအရာသည် လိုင်စင်ရှိရမည်၊ တာဝန်ယူသည့် အာမခံဖြင့် ကာကွယ်ထားရမည်။
အသင်းတော်အဖွဲ့များ ပုဂ္ဂလိကခရီးသည်ယာဉ်များဖြင့် ခရီးသွားသည့်အခါ၊ ယာဉ်တိုင်းသည် အန္တရာယ်ကင်းစွာမောင်းနိုင်သောအခြေအနေရှိရမည်။ လူတိုင်း ထိုင်ခုံခါးပတ်ပတ်ရမည်။ ယာဉ်မောင်းတိုင်းသည် လိုင်စင်ရ၊ တာဝန်ယူတတ်သောအရွယ်ရောက်သူဖြစ်ရမည်။