“၁၉။ တေးဂီတ၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။
“၁၉။ တေးဂီတ၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ
၁၉။
တေးဂီတ
၁၉၊ ၁
အသင်းတော်၌ တေးဂီတ၏ရည်ရွယ်ချက်
သန့်ရှင်းမွန်မြတ်သောတေးဂီတသည် ယေရှုခရစ်တော်၌ ယုံကြည်ခြင်းကို တိုးစေပါသည်။ ဝိညာဉ်တော်ကိုဖိတ်ခေါ်ပါသည်၊ ဩဝါဒကိုသွန်သင်ပါသည်။ ရိုသေခြင်းခံစားချက်ကိုလည်းဖြစ်စေပါသည်၊ အသင်းသားများကို စည်းလုံးစေပါသည်၊ ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော်ကို ကိုးကွယ်ရာနည်းလမ်းတစ်ခုကိုလည်း ပံ့ပိုးပေးပါသည်။
၁၉၊ ၂
အိမ်၌ တေးဂီတ
ကိုယ်တော်ရှင်သည်၊ သူ၏ပရောဖက်တို့အားဖြင့် တစ်ဦးချင်းများနှင့် မိသားစုများကို သူတို့၏နေ့စဉ်ဘဝများ၌ မြှင့်တင်သောတေးဂီတကို အသုံးပြုရန် အားပေးခဲ့ပါသည်။
အသင်းတော်တေးဂီတအသံသွင်းခြင်းများကို အောက်ပါအရင်းမြစ်များတွင် ရရှိနိုင်ပါသည်၊
-
သန့်ရှင်းမွန်မြတ်သောတေးဂီတအက်ပ်
-
ဧဝံဂေလိတရားတော်အက်ပ်
၁၉၊ ၃
အသင်းတော်အစည်းအဝေးများ၌တေးဂီတ
၁၉၊ ၃၊ ၁
အသင်းတော်အစည်းအဝေးများအတွက် တေးဂီတစီစဉ်ခြင်းများ
အသင်းတော်စုနှင့် ပန္နက်တေးဂီတစီစဉ်သူများသည် ကိုးကွယ်ခြင်းအမှုဆောင်ခြင်းများအတွက် တေးဂီတကို စီစဉ်ရန် ယဇ်ပုရောဟိတ်အခွင့် ခေါင်းဆောင်များနှင့် အလုပ်လုပ်ကြပါသည်။ သူတို့သည် အစည်းအဝေးများ၌ ကိုးကွယ်ခြင်းဝိညာဉ်ကို တိုးမြှင့်သည့်တေးဂီတကို ရွေးချယ်ကြပါသည်။
၁၉၊ ၃၊ ၂
ပွဲတော်အစည်းအဝေး တေးဂီတ
ပွဲတော်အစည်းအဝေးတေးဂီတတွင် အစည်းအဝေးကို ဖွင့်ရန်နှင့် ပိတ်ရန်၊ ပွဲတော်စီမံဆောင်ရွက်ခြင်းမစမီ ပရိတ်သတ်သီဆိုခြင်းတို့ပါဝင်ပါသည်။ ပွဲတော်ဓမ္မတေးသည် ပွဲတော်၌ သို့မဟုတ် ကယ်တင်ရှင်၏ယဇ်ကို ရည်ညွှန်းခြင်းဖြစ်ရပါမည်။
အစည်းအဝေးမတိုင်မီအသင်းသားများစုဝေးစဉ်တွင် ပဏာမတေးဂီတကို ဖွင့်ပါသည်။ အပိတ်ဆုတောင်းအပြီးတွင်၊ အသင်းသားများ အစည်းအဝေးမှ ထွက်ခွာသောအခါ တူရိယာနိဂုံးတေးဂီတကိုဖွင့်ပါသည်။
ပွဲတော်အစည်းအဝေးတစ်ခုတွင် အစည်းအဝေးအလယ်တွင် ပရိတ်သတ်လိုက်ဆိုသည့် နောက်ထပ်ဓမ္မတေးတစ်ပုဒ်လည်း ပါဝင်နိုင်ပါသည်—ဥပမာအားဖြင့်၊ အမှာစကားများကြား၌။
၁၉၊ ၃၊ ၃
စာသင်ခန်းများနှင့် အခြားအသင်းတော်စုအစည်းအဝေးများ၌ တေးဂီတ
ခေါင်းဆောင်များသည် ဆရာတို့အား သူတို့၏ သွန်သင်ခြင်းများကို မြှင့်တင်ဖို့ ဓမ္မတေးများနှင့်အခြား သန့်ရှင်းမွန်မြတ်သောတေးဂီတကို အသုံးပြုရန်တိုက်တွန်းပါသည်။
၁၉၊ ၃၊ ၆
တေးဂီတတူရိယာများ
တိုက်ရိုက်တူရိယာများကို ပုံမှန်အားဖြင့် အသင်းတော်အစည်းအဝေးများ၌ ပဏာမနှင့် နိဂုံးတေးဂီတအတွက် ဓမ္မတေးအတွဲအဖက်အတွက် အသုံးပြုပါသည်။ ရရှိနိုင်သောနေရာနှင့် အသင်းသားများ တီးခတ်နိုင်သောနေရာတွင် အော်ဂင်များနှင့် စန္ဒရားများသည် စံမီတူရိယာများဖြစ်ပါသည်။ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ သည် ပရိတ်သတ်လိုက်သီဆိုခြင်းနှင့် ပူးတွဲလိုက်ပါရန်၊ ပဏာမနှင့် နိဂုံးတေးဂီတအတွက် နှင့် အခြားတေးဂီတလက်ရွေးစဉ်များ၌ အခြားတူရိယာများအသုံးပြုမှုကို ခွင့်ပြုနိုင်ပါသည်။
စန္ဒရား၊ အော်ဂင်၊ သို့မဟုတ် လိုက်ပေးသူ မရရှိနိုင်လျှင်၊ အသံသွင်းထားခြင်းများကို အသုံးပြုနိုင်ပါသည် (ရှု ၁၉၊ ၂)။
၁၉၊ ၃၊ ၇
ဓမ္မတေးအဖွဲ့
၁၉၊ ၃၊ ၇၊ ၁
အသင်းတော်စုဓမ္မတေးအဖွဲ့
အသင်းသားများအလုံအလောက်ရှိသောနေရာများတွင်၊ အသင်းတော်စုများသည် ပွဲတော်အစည်းအဝေး၌ ပုံမှန်သီဆိုသည့် ဓမ္မတေးအဖွဲ့များကို ဖွဲ့စည်းနိုင်ပါသည်။
အသင်းတော်စုဓမ္မတေးအဖွဲ့သို့ ထပ်တိုးအဖြစ်၊ မိသားစုများနှင့် အမျိုးသမီး၊ အမျိုးသား၊ လူငယ်သို့မဟုတ် ကလေးငယ်များအဖွဲ့တို့ကို အသင်းတော်အစည်းအဝေးများ၌ သီဆိုဖို့ ဖိတ်ခေါ်နိုင်ပါသည်။
၁၉၊ ၄
အသင်းတော်စု၌ တေးဂီတခေါင်းဆောင်မှု
၁၉၊၄၊ ၁
သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့
သင်းအုပ်သည် အသင်းတော်စုတေးဂီတအတွက် တာဝန်ရှိပါသည်။ သူသည် ဤတာဝန်ကို သူ၏အတိုင်ပင်ခံများထဲမှ တစ်ဦးကို ခန့်အပ်နိုင်ပါသည်။
၁၉၊ ၄၊ ၂
အသင်းတော်စုတေးဂီတစီစဉ်သူ
အသင်းတော်စုတေးဂီတစီစဉ်သူသည် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့၏ လမ်းညွှန်မှုအောက်တွင် အမှုဆောင်ပါသည်။ သူ သို့မဟုတ် သူမတွင် အောက်ပါတာဝန်များ ရှိပါသည်၊
-
တေးဂီတကိစ္စများနှင့်ပတ်သက်၍ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့၊ အသင်းတော်စုအခြားခေါင်းဆောင်များအတွက် အရင်းအမြစ်တစ်ခုအဖြစ်ရှိခြင်း။
-
ပွဲတော်အစည်းအဝေးများအတွက် တေးဂီတကို စီစဉ်ရန် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့နှင့်အတူအလုပ်လုပ်ခြင်း (ရှု ၁၉၊ ၃၊ ၁ နှင့် ၁၉၊ ၃၊ ၂)။
-
သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့၏တောင်းဆိုချက်ဖြင့် အသင်းသားများကို အသင်းတော်စုတေးဂီတ အမှုတော်ဆောင်တာဝန်များ၌ အမှုဆောင်ရန် ထောက်ခံပေးခြင်း။ ဤအမှုတော်ဆောင်တာဝန်များ၌ အမှုဆောင်နေသူများကို လိုအပ်သည့်အတိုင်း အထောက်အကူ၊ လမ်းညွှန်ချက်နှင့် လေ့ကျင့်မှုများကမ်းလှမ်းခြင်းဖြင့်သိကျွမ်းစေပါသည်။
၁၉၊ ၄၊ ၃
ထပ်တိုးအမှုတော်ဆောင်တာဝန်များ
သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့သည် အသင်းသားများကို အောက်ပါအမှုတော်ဆောင်တာဝန်များ၌ အမှုဆောင်ရန် ခေါ်သွင်းနိုင်ပါသည်။
၁၉၊ ၄၊ ၃၊ ၁
အသင်းတော်စုတေးဂီတခေါင်းဆောင်
တေးဂီတခေါင်းဆောင်သည် ပွဲတော်အစည်းအဝေးအတွက်၊ ထို့အတူ အသင်းတော်စုအခြားအစည်းအဝေးများအတွက် ပရိတ်သတ်လိုက်ဆိုသည့် ဓမ္မတေးများကို တောင်းဆိုချက်အတိုင်း ဦးဆောင်ပေးပါသည်။
၁၉၊ ၄၊ ၃၊ ၂
အသင်းတော်စု လိုက်ပေးသူ
အသင်းတော်စုလိုက်ပေးသူသည် ပွဲတော်အစည်းအဝေးအတွင်း၊ ထို့အတူ အသင်းတော်စုအခြားအစည်းအဝေးများအတွင်း ပဏာမနှင့် နိဂုံးတေးဂီတ၊ ဓမ္မတေးများလိုက်ပေးခြင်းကို တောင်းဆိုချက်အတိုင်း ပံ့ပိုးပေးပါသည်။
၁၉၊ ၇
ထပ်တိုးမူဝါဒများနှင့် လမ်းညွှန်ချက်များ
၁၉၊ ၇၊ ၂
လေ့ကျင့်ခြင်း၊ သီးသန့်လမ်းညွှန်ခြင်းနှင့် လက်စွမ်းပြပွဲများအတွက် အစည်းအဝေးအိမ်တူရိယာများအသုံးပြုခြင်း
သင့်လျော်သည့် တခြားနည်းလမ်းမရှိလျှင်၊ ယဇ်ပုရောဟိတ်အခွင့်ခေါင်းဆောင်များသည် လေ့ကျင့်ခြင်း၊ အခပေးသီးသန့် လမ်းညွှန်ချက်၊ အစည်းအဝေးအိမ်အသုံးပြုသူဒေသအသင်းသားများ ပါဝင်သည့်ပွဲများအတွက် အစည်းအဝေးအိမ် စန္ဒရားများ၊ အော်ဂင်များ အသုံးပြုခြင်းကို အခွင့်အာဏာပေးနိုင်ပါသည်။