လက်စွဲစာအုပ်များနှင့်အမှုတော်ဆောင်တာဝန်များ
၁၈။ ယဇ်ပုရောဟိတ်အခွင့်ဘိသိက်မင်္ဂလာများနှင့် ကောင်းချီးမင်္ဂလာများကို ဆောင်ရွက်ခြင်း


“၁၈။ ယဇ်ပုရောဟိတ်အခွင့်ဘိသိက်မင်္ဂလာများနှင့် ကောင်းချီးမင်္ဂလာများကို ဆောင်ရွက်ခြင်း၊”အထွေထွေလက်စွဲစာအုပ်မှကောက်နုတ်ချက်များ (၂၀၂၃)။

“၁၈။ ယဇ်ပုရောဟိတ်အခွင့်ဘိသိက်မင်္ဂလာများနှင့် ကောင်းချီးမင်္ဂလာများကို ဆောင်ရွက်ခြင်း၊”အထွေထွေလက်စွဲစာအုပ်မှကောက်နုတ်ချက်များ

ဗိမာန်တော်အနီးလမ်းလျှောက်နေသောမိသားစု

၁၈။

ယဇ်ပုရောဟိတ်အခွင့်ဘိသိက်မင်္ဂလာများနှင့် ကောင်းချီးမင်္ဂလာများကို ဆောင်ရွက်ခြင်း

၁၈၊ ၀

နိဒါန်း

ဘိသိက်မင်္ဂလာများနှင့် ကောင်းချီးမင်္ဂလာများသည် ယဇ်ပုရောဟိတ်အခွင့်အာဏာအားဖြင့်၊ ယေရှုခရစ်တော်၏နာမတော်၌ ဆောင်ရွက်သည့် သန့်ရှင်းမွန်မြတ်သည့် လုပ်ဆောင်မှုများဖြစ်ပါသည်။ ယဇ်ပုရောဟိတ်အခွင့်ဘိသိက်မင်္ဂလာများနှင့် ကောင်းချီးမင်္ဂလာများသည် ဘုရားသခင်၏တန်ခိုးသို့ ရောက်ရှိရာလမ်းကို ပံ့ပိုးပေးပါသည် (ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၈၄း၂၀)။

ဘိသိက်မင်္ဂလာများနှင့် ကောင်းချီးမင်္ဂလာများကို ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော်၌ ယုံကြည်ခြင်းဖြင့် ဆောင်ရွက်ရပါမည်၊ သန့်ရှင်းသောဝိညာဉ်တော်၏လမ်းညွှန်မှုအတိုင်းလည်းဖြစ်ရပါမည်။ ခေါင်းဆောင်များသည် ၎င်းတို့ကို သင့်လျော်သောခွင့်ပြုချက်ဖြင့် (လိုအပ်သောနေရာတွင်)၊ လိုအပ်သောယဇ်ပုရောဟိတ်အခွင့်အာဏာဖြင့်၊ သင့်လျော်သောနည်းဖြင့်၊ ထို့အတူ ထိုက်တန်သော ပါဝင်သူတို့အားဖြင့် ဆောင်ရွက်ကြောင်း သေချာစေပါသည် (ရှု ၁၈၊ ၃)။

၁၈၊ ၁

ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းဘိသိက်မင်္ဂလာများ

ယဇ်ပုရောဟိတ်အခွင့်တွင် ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအတွက် လိုအပ်သည့် ဧဝံဂေလိတရားတော်ဘိသိက်မင်္ဂလာများကို စီမံဆောင်ရွက်ရန် အခွင့်အာဏာပါဝင်ပါသည်။ လူတို့သည် ဤဘိသိက်မင်္ဂလာများကို လက်ခံရရှိလျက် ဘုရားသခင်နှင့် သန့်ရှင်းမွန်မြတ်သောပဋိညာဉ်များ ပြုကြပါသည်။ ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းဘိသိက်မင်္ဂလာများကို အောက်ပါအတိုင်း စာရင်းပြုထားပါသည်၊

  • ဗတ္တိဇံ

  • အတည်ပြုခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူး

  • အမှုအရာတစ်ခုသို့ မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်နှင့် ယဇ်ပုရောဟိတ်အခွင့် အပ်နှင်းခြင်း (အမျိုးသားများအတွက်)

  • ဗိမာန်တော် ဝိညာဉ်ပကတိအပ်နှင်းခြင်း

  • ဗိမာန်တော်တံဆိပ်ခတ်ခြင်း

ပဋိညာဉ်၌ မွေးဖွားသည့်ကလေးတစ်ဦး အသက် ၈နှစ်မတိုင်မီ သေဆုံးလျှင် ဘိသိက်မင်္ဂလာများမလိုအပ်ပါသို့မဟုတ် မဆောင်ရွက်ရပါ။ ကလေးသည် ပဋိညာဉ်၌ မမွေးလျှင်၊ သူသို့မဟုတ် သူမ လိုအပ်သည့် တစ်ခုတည်းသောဘိသိက်မင်္ဂလာမှာ မိဘများနှင့် တံဆိပ်ခတ်ရန်ဖြစ်ပါသည်။ ကယ်တင်ရှင်၏အပြစ်ဖြေခြင်း မင်္ဂလာကြောင့်၊ အသက် ၈နှစ်မတိုင်မီသေဆုံးသည့် ကလေးများအားလုံးသည် “ကောင်းကင်ဘုံဆီလက်ရှယ်လ်နိုင်ငံတော်၌ ကယ်တင်ခြင်းသို့ရောက်ကြ“ ပါသည်” (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၃၇း၁၀၊ လည်းရှု မော်ရော်နိုင်း ၈း၈-၁၂)။

၁၈၊ ၃

ဘိသိက်မင်္ဂလာ သို့မဟုတ် ကောင်းချီးမင်္ဂလာတစ်ခု၌ ပါဝင်ခြင်း

ဘိသိက်မင်္ဂလာ သို့မဟုတ် ကောင်းချီးမင်္ဂလာတစ်ခု၌ ဆောင်ရွက်သော သို့မဟုတ် ပါဝင်သောသူများသည် လိုအပ်သောယဇ်ပုရောဟိတ်အခွင့်အာဏာရှိရမည်၊ ထိုက်တန်မှုရှိရမည်။ အများအားဖြင့်၊ ထိုက်တန်ခြင်းစံနှုန်းသည် ဗိမာန်တော်ထောက်ခံချက်ကိုင်ဆောင်ခြင်းနှင့် ဆက်စပ်ပါသည်။ သို့သော်လည်း၊ ဝိညာဉ်တော်လမ်းညွှန်သည့်အတိုင်းနှင့် ဤအခန်းရှိ ညွှန်ကြားချက်များအတိုင်း၊ သင်းအုပ်များနှင့် ပန္နက်ဥက္ကဋ္ဌများသည် လိုအပ်သောယဇ်ပုရောဟိတ်အခွင့် အမှုအရာကို ကိုင်ဆောင်သည့် ဖခင်များနှင့် ခင်ပွန်းများကို သူတို့သည် ဗိမာန်တော်နှင့် ပြည့်စုံစွာထိုက်တန်ခြင်းမရှိသော်လည်း အချို့သောဘိသိက်မင်္ဂလာများနှင့် ကောင်းချီးမင်္ဂလာများကို ဆောင်ရွက်ရန် သို့မဟုတ် ပါဝင်ရန် ခွင့်ပြုနိုင်ပါသည်။ မဖြေရှင်းရသေးသည့် ပြင်းထန်သောအပြစ်များရှိသည့် ယဇ်ပုရောဟိတ်အခွင့်ရှိသူတစ်ဦးသည် မပါဝင်ရပါ။

အချို့သောဘိသိက်မင်္ဂလာများနှင့် ကောင်းချီးမင်္ဂလာများကို ဆောင်ရွက်ခြင်းသို့မဟုတ် ရရှိခြင်းအတွက် လိုအပ်သောယဇ်ပုရောဟိတ်အခွင့်သော့များကိုင်ဆောင်သူ ဦးစီးခေါင်ဆောင်၏ ခွင့်ပြုချက် လိုအပ်ပါသည် (ရှု ၃၊ ၄၊ ၁)။ လိုအပ်သည့်အတိုင်း၊ ခွင့်ပြုချက်ကို သူအခွင့်အာဏာပေးထားသည့် အတိုင်ပင်ခံတစ်ဦးက ပေးနိုင်ပါသည်။ အောက်ပါဇယားများကို ကြည့်ပါ။ ပန္နက်ဥက္ကဋ္ဌများသို့ ရည်ညွှန်းချက်များသည် သာသနာပြုဥက္ကဋ္ဌများသို့လည်း သက်ရောက်ပါသည်။ သင်းအုပ်များသို့ ရည်ညွှန်းချက်များသည် အသင်းတော်ခွဲဥက္ကဋ္ဌများသို့လည်း သက်ရောက်ပါသည်။

ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်း ဘိသိက်မင်္ဂလာများကို ဆောင်ရွက်ရန် သို့မဟုတ် ရရှိရန် ခွင့်ပြုချက်ပေးသည့် သေ့ာများကို မည်သည့်ခေါင်းဆောင်များ ကိုင်ဆောင်ပါသနည်း။

ဘိသိက်မင်္ဂလာ

မည်သူသည် သော့များကို ကိုင်ဆောင်သနည်း

ဘိသိက်မင်္ဂလာ

ဗတ္တိဇံ

မည်သူသည် သော့များကို ကိုင်ဆောင်သနည်း

သင်းအုပ် (အသက် ၈ နှစ်ကလေးများအတွက်၊ အသိဉာဏ်ချွတ်ယွင်းမှုကြောင့် ဗတ္တိဇံနှောင့်နှေးခံရသူ အသက် ၉ နှစ်နှင့်အထက်ရှိ မှတ်တမ်းဝင်အသင်းသားများအတွက်)

သာသနာပြုဥက္ကဋ္ဌ (ပြောင်းလဲသူများအတွက်)

ဘိသိက်မင်္ဂလာ

အတည်ပြုခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူး

မည်သူသည် သော့များကို ကိုင်ဆောင်သနည်း

သင်းအုပ်(အသက် ၈ နှစ်ကလေးများအတွက်၊ အသိဉာဏ်ချွတ်ယွင်းမှုကြောင့် ဗတ္တိဇံနှောင့်နှေးခံရသူ အသက် ၉ နှစ်နှင့်အထက်ရှိ မှတ်တမ်းဝင်အသင်းသားများအတွက်)

သာသနာပြုဥက္ကဋ္ဌ (ပြောင်းလဲသူများအတွက်)

ဘိသိက်မင်္ဂလာ

အမှုအရာတစ်ခုသို့ မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်နှင့် ယဇ်ပုရောဟိတ်အခွင့် အပ်နှင်းခြင်း (အမျိုးသားများအတွက်)

မည်သူသည် သော့များကို ကိုင်ဆောင်သနည်း

ပန္နက်ဥက္ကဋ္ဌ

ဘိသိက်မင်္ဂလာ

ဗိမာန်တော်ထောက်ခံချက်

မည်သူသည် သော့များကို ကိုင်ဆောင်သနည်း

သင်းအုပ်နှင့် ပန္နက်ဥက္ကဋ္ဌ

ဘိသိက်မင်္ဂလာ

ဗိမာန်တော်တံဆိပ်ခတ်ခြင်း

မည်သူသည် သော့များကို ကိုင်ဆောင်သနည်း

သင်းအုပ်နှင့် ပန္နက်ဥက္ကဋ္ဌ

အခြား ဘိသိက်မင်္ဂလာများနှင့် ကောင်းချီးမင်္ဂလာများကို ဆောင်ရွက်ရန် သို့မဟုတ် ရရှိရန် ခွင့်ပြုချက်ပေးသည့် သော့များကို မည်သည့်ခေါင်းဆောင်များ ကိုင်ဆောင်ပါသနည်း။

ဘိသိက်မင်္ဂလာ သို့မဟုတ် ကောင်းချီးမင်္ဂလာ

သော့များကိုကိုင်ဆောင်သူ

ဘိသိက်မင်္ဂလာ သို့မဟုတ် ကောင်းချီးမင်္ဂလာ

ကလေးများကို အမည်ပေးခြင်းနှင့် ကောင်းချီးပေးခြင်း

သော့များကိုကိုင်ဆောင်သူ

သင်းအုပ်

ဘိသိက်မင်္ဂလာ သို့မဟုတ် ကောင်းချီးမင်္ဂလာ

ပွဲတော်

သော့များကိုကိုင်ဆောင်သူ

သင်းအုပ်

ဘိသိက်မင်္ဂလာ သို့မဟုတ် ကောင်းချီးမင်္ဂလာ

အမှုအရာတစ်ခုသို့ အာရုန်ယဇ်ပုရောဟိတ်အခွင့်နှင့် ဘိသိက် အပ်နှင်းခြင်း (လူငယ်အမျိုးသားများနှင့် အမျိုးသားများအတွက်)

သော့များကိုကိုင်ဆောင်သူ

သင်းအုပ်

ဘိသိက်မင်္ဂလာ သို့မဟုတ် ကောင်းချီးမင်္ဂလာ

အသင်းသားများကို အမှုတော်ဆောင်တာဝန်များ၌ အမှုဆောင်ရန် ခန့်ခွဲခြင်း

သော့များကိုကိုင်ဆောင်သူ

ရှု ၃၀၊ ၈

ဘိသိက်မင်္ဂလာ သို့မဟုတ် ကောင်းချီးမင်္ဂလာ

ဆက်ကပ်ထားသောဆီ

သော့များကိုကိုင်ဆောင်သူ

ခွင့်ပြုချက်မလိုပါ

ဘိသိက်မင်္ဂလာ သို့မဟုတ် ကောင်းချီးမင်္ဂလာ

ဖျားနာသူများကို စီမံဆောင်ရွက်ခြင်း

သော့များကိုကိုင်ဆောင်သူ

ခွင့်ပြုချက်မလိုပါ

ဘိသိက်မင်္ဂလာ သို့မဟုတ် ကောင်းချီးမင်္ဂလာ

နှစ်သိမ့်ခြင်းနှင့်အကြံဉာဏ်ကောင်းချီးမင်္ဂလာများ၊ ဖခင်ကောင်းချီးမင်္ဂလာများအပါအဝင်

သော့များကိုကိုင်ဆောင်သူ

ခွင့်ပြုချက်မလိုပါ

ဘိသိက်မင်္ဂလာ သို့မဟုတ် ကောင်းချီးမင်္ဂလာ

အိမ်များကိုဆက်ကပ်ခြင်း

သော့များကိုကိုင်ဆောင်သူ

ခွင့်ပြုချက်မလိုပါ

ဘိသိက်မင်္ဂလာ သို့မဟုတ် ကောင်းချီးမင်္ဂလာ

သင်္ချိုင်းများဆက်ကပ်ခြင်း

သော့များကိုကိုင်ဆောင်သူ

အမှုဆောင်ခြင်းကို ဦးစီးသည့် ယဇ်ပုရောဟိတ်အခွင့်ခေါင်းဆောင်

ဘိသိက်မင်္ဂလာ သို့မဟုတ် ကောင်းချီးမင်္ဂလာ

အမျိုး၏အဘကောင်းချီးမင်္ဂလာများ

သော့များကိုကိုင်ဆောင်သူ

သင်းအုပ်

၁၈၊ ၄

၁၈နှစ်အောက် ကလေးများအတွက် ဘိသိက်မင်္ဂလာများ

အရွယ်မရောက်သေးသော ကလေးများသည် မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူများမှ ခွင့်ပြုပေးသောအခါမှသာ ဘိသိက်မင်္ဂလာများနှင့်ကောင်းချီးများကို ရရှိနိုင်ကြသည်။ လုပ်ငန်းစဥ်ကို ဆန့်ကျင်ရန်အတွက် အခြေခံတရားဝင်အုပ်ထိန်းခွင့်မရှိသော မိဘ သို့မဟုတ် အုပ်ထိန်းသူတို့ထံမှ ခွင့်ပြုချက်မလိုပါ။

၁၈၊ ၆

ကလေးများကို အမည်ပေးခြင်းနှင့် ကောင်းချီးပေးခြင်း

ကလေးများကို ပုံမှန်အားဖြင့် မိဘများနေထိုင်သည့် အသင်းတော်စု အစာရှောင်သက်သေခံခြင်းအစည်းအဝေး၌ အမည်ပေး၊ ကောင်းချီးပေးကြပါသည်။

၁၈၊ ၆၊ ၁

ကောင်းချီးမင်္ဂလာပေးသောသူ

ကလေးတစ်ဦးအား အမည်ပေးခြင်းနှင့် ကောင်းချီးပေးခြင်း ကို မေလ‌‌ခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူများအားဖြင့်၊ ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၂၀း၇၀ နှင့်အညီဆောင်ရွက်ပါသည်။

ကလေးတစ်ဦး အမည်နှင့် ကောင်းချီးမင်္ဂလာရလိုသည့် လူတစ်ဦး သို့မဟုတ် မိသားစုသည် ဘိသိက်မင်္ဂလာကို သင်းအုပ်နှင့် ညှိနှိုင်းဆောင်ရွက်ပါသည်။ သူသည် အသင်းတော်စု၌ ကလေးများကို အမည်ပေးခြင်းနှင့် ကောင်းချီးပေးခြင်းအတွက် ယဇ်ပုရောဟိတ်အခွင့်သော့ကို ကိုင်ဆောင်ပါသည်။

သင်းအုပ်သည် မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သည့် ဖခင်တစ်ဦးအား ဗိမာန်တော်ထောက်ခံချက်နှင့် ပြည့်စုံစွာထိုက်တန်ခြင်းမရှိသည်ပင်ဖြစ်စေ သူ၏ကလေးကို အမည်ပေးရန်နှင့် ကောင်းချီးပေးရန် အခွင့်ပေးနိုင်ပါသည် (ရှု ၁၈၊ ၃)။ သင်းအုပ်များသည် ဖခင်တို့အား မိမိတို့သားသမီးများကို ကောင်းချီးပေးရန် သူတို့ကိုယ်သူတို့ပြင်ဆင်ကြဖို့ အားပေးပါသည်။

၁၈၊ ၆၊ ၂

လမ်းညွှန်ချက်များ

သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့၏ညွှန်ကြားမှုအောက်တွင် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူများသည် ကလေးတစ်ဦးကို အမည်ပေး၍ကောင်းချီးပေးရန် စက်ဝိုင်းပုံစုဝေးကြပါသည်။ သူတို့သည် လက်များကို ကလေးငယ်အောက်တွင်ထားကြပါသည်၊ သို့မဟုတ် သူတို့၏ လက်များကို အသက်ပိုကြီးသည့်ကလေးငယ်၏ခေါင်းပေါ်တွင် ဖော့ဖော့တင်ကြပါသည်။ ထို့နောက်တွင် တစ်ဦးက အသံထွက်၍၊

  1. ဆုတောင်းခြင်း၌ ကောင်းကင်ဘုံရှင်အဘကို တိုင်တည်ပါသည်။

  2. ကောင်းချီမင်္ဂလာကို မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်အာဏာအားဖြင့် ဆောင်ရွက်ကြောင်း ဖော်ပြပါသည်။

  3. ကလေးကို အမည်ပေးပါသည်။

  4. ကလေးကို ရည်ညွှန်းပါသည်။

  5. ဝိညာဉ်တော်လမ်းညွှန်သည့်အတိုင်း ကလေးကို ကောင်းချီးပေးပါသည်။

  6. ယေရှုခရစ်တော်၏နာမတော်ဖြင့် ပိတ်ပါသည်။

1:41

Naming and Blessing of Children

၁၈၊ ၆၊ ၃

ကလေးမှတ်တမ်းပုံစံနှင့် ကောင်းချီးမင်္ဂလာလက်မှတ်

ကလေးတစ်ယောက်ကို ကောင်းချီးမပေးမီ၊ စာရေးတစ်ဦးသည် ကလေးမှတ်တမ်းပုံစံကို ပြင်ဆင်ရန်ခေါင်းဆောင်နှင့် စာရေး ရင်းမြစ်များ (အယ်လ်စီအာရ်) ကို အသုံးပြုပါသည်။ ကောင်းချီးမင်္ဂလာအပြီးတွင်၊ သူသည် ထိုစနစ်ထဲတွင် အသင်းသားမှတ်တမ်းကို ဖန်တီးပါသည်၊ ကောင်းချီးမင်္ဂလာလက်မှတ်ကိုလည်း ပြင်ဆင်ပါသည်။ ဤလက်မှတ်ကို သင်းအုပ်က လက်မှတ်ထိုး၍ ကလေး၏မိဘများ သို့မဟုတ် အုပ်ထိန်းသူများသို့ ပေးပါသည်။

အသင်းသားမှတ်တမ်းနှင့် လက်မှတ်ပေါ်ရှိ အမည်သည် မွေးလက်မှတ်၊ အရပ်ဘက်မွေးဖွားမှတ်ပုံတင်၊ သို့မဟုတ် လက်ရှိတရားဝင်အမည်နှင့် ကိုက်ညီရပါမည်။

၁၈၊ ၇

ဗတ္တိဇံ

အခွင့်အာဏာရှိသူတစ်ဦးအားဖြင့် ရေထဲနှစ်ခြင်းဖြင့် ဗတ္တိဇံပေးခြင်းသည် လူတစ်ဦး အသင်းတော်အသင်းသားဖြစ်လာစေရန်နှင့် သန့်ရှင်းသောဝိညာဉ်တော်ကို ရရှိရန် လိုအပ်ပါသည်။ ချီးမြှောက်ခြင်းကို ရှာသူအားလုံးသည် ဤဘိသိက်မင်္ဂလာများကို ရရှိခြင်းဖြင့် ကယ်တင်ရှင်၏ပုံသက်သေနောက်ကို လိုက်လျှောက်ရမည်။

၁၈၊ ၇၊ ၁

လူတစ်ဦး ဗတ္တိဇံခံရန်နှင့် အတည်ပြုခံရရန် ခွင့်ပြုချက်

၁၈၊ ၇၊ ၁၊ ၁

အသင်းသားမှတ်တမ်းဝင်ကလေးများ

သင်းအုပ်သည် အသင်းတော်စုရှိ အသင်းသားမှတ်တမ်းဝင် ၈ နှစ်သားကလေးများကို ဗတ္တိဇံပေးခြင်းအတွက် ယဇ်ပုရောဟိတ်အခွင့်သော့များကို ကိုင်ဆောင်ပါသည်။ ဤကလေးများသည် သူတို့ ၈ နှစ်မြောက်မွေးနေ့တွင် သို့မဟုတ် မွေးနေ့ ပြီးနောက် သိပ်မကြာမီ (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၆၈း၂၇ )တွင် ဗတ္တိဇံခံရမည် အတည်ပြုခံရမည်။ ဤအရာတို့မှာ အသင်းတော်အသင်းသားမှတ်တမ်းရှိပြီးသား ကလေးများအတွက် ဖြစ်ပါသည် (ရှု ၃၃၊ ၆၊ ၂)။ သူတို့အသက် ၈ နှစ်သို့ ရောက်သည့်အခါ၊ သင်းအုပ်သည် သူတို့အား ဧဝံဂေလိတရားတော်ကို ရရှိရန်၊ ဗတ္တိဇံခံ၍ အတည်ပြုခံရရန် အခွင့်အရေးမှန်သမျှရှိကြစေကြောင်း သေချာစေပါသည်။

သင်းအုပ် သို့မဟုတ် ခန့်ထားသည့် အတိုင်ပင်ခံတစ်ဦးသည် မှတ်တမ်းဝင်ကလေးများကို ဗတ္တိဇံနှင့် အတည်ပြုခြင်းအတွက် လူတွေ့မေးမြန်းပါသည်။ လမ်းညွှန်ချက်များမှာ ၃၁၊ ၂၊ ၃၊ ၁ တွင်ရှိပါသည်။

ဗတ္တိဇံနှင့် အတည်ပြုခြင်းမှတ်တမ်းကို ဖြည့်ခြင်းအကြောင်းအချက်အလက်အတွက်၊ ရှု ၁၈၊ ၈၊ ၃

၁၈၊ ၇၊ ၁၊ ၂

ပြောင်းလဲသူများ

သာသနာပြုဥက္ကဋ္ဌသည် သာသနာနယ်တစ်ခုအတွင်း၌ ပြောင်းလဲသူများကို ဗတ္တိဇံပေးခြင်းအတွက် ယဇ်ပုရောဟိတ်အခွင့်သော့ကို ကိုင်ဆောင်ပါသည်။ ဤအကြောင်းရင်းကြောင့်၊ အချိန်ပြည့်သာသနာပြုများသည် ပြောင်းလဲသူများကို ဗတ္တိဇံနှင့် အတည်ပြုခြင်းအတွက် လူတွေ့မေးမြန်းပါသည်။

၁၈၊ ၇၊ ၂

ဗတ္တိဇံအမှုဆောင်ခြင်းများ

ဗတ္တိဇံအမှုဆောင်ခြင်းတစ်ခုသည် ရိုးရှင်း၊ အကျဉ်းချုပ်ပြီး၊ ဝိညာဉ်ပကတိမြှင့်တင်ခြင်းရှိရမည်။ အောက်ပါတို့ ပါဝင်နိုင်ပါသည်၊

  1. ပဏာမတေးဂီတ

  2. အမှုဆောင်ခြင်းကို ဦးဆောင်သည့် ညီအစ်ကို တစ်ဦးမှ ကြိုဆိုခြင်းအကျဉ်း

  3. အဖွင့်ဓမ္မတေးနှင့် ဆုတောင်းခြင်း

  4. ဗတ္တိဇံနှင့် သန့်ရှင်းသောဝိညာဉ်တော် ကဲ့သို့သော ဧဝံဂေလိတရားတော် အကြောင်းအရာ အမှာစကားအတို တစ်ခု သို့မဟုတ် နှစ်ခု

  5. ရွေးချယ်ထားသော တေးဂီတ

  6. ဗတ္တိဇံ

  7. ဗတ္တိဇံ၌ ပါဝင်သူများ အဝတ်အစားအခြောက်များလဲနေစဉ် ရိုသေစွာစောင့်သောအချိန် (ဤအချိန်တွင် ဓမ္မတေးများ သို့မဟုတ် မူလတန်း တေးများကို ဖွင့်ပြ သို့မဟုတ် သီဆိုနိုင်ပါသည်)

  8. ၈ နှစ်သား မှတ်တမ်းဝင်အသင်းသားများ အတည်ပြုခြင်း၊ သင်းအုပ်မှ ဆုံးဖြတ်လျှင် ပြောင်းလဲသူတို့၏ အတည်ပြုခြင်း (ရှု၁၈၊ ၈)

  9. ဆန္ဒရှိလျှင်၊ ပြောင်းလဲသူအသစ်များ၏သက်သေခံချက်များသက်သေခံခြင်း

  10. အပိတ်ဓမ္မတေးနှင့် ဆုတောင်းခြင်း

  11. နိဂုံးတေးဂီတ

မှတ်တမ်းဝင်ကလေးတစ်ဦး ဗတ္တိဇံခံရန် ပြင်ဆင်သောအခါ၊ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ဝင်တစ်ဦးနှင့် မူလတန်းဥက္ကဋ္ဌအဖွဲ့တို့သည် ဗတ္တိဇံအမှုဆောင်ခြင်းတစ်ခုစီစဉ်အချိန်ဇယားဆွဲရန် မိသားစုနှင့် တိုင်ပင်ဆွေးနွေးကြပါသည်။ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ဝင်တစ်ဦးသည် အမှုဆောင်ခြင်းကို ဦးဆောင်ပါသည်။ တစ်လတည်းတွင် ကလေးတစ်ဦးထက်ပိုပြီးဗတ္တိဇံခံမည်ဆိုလျှင် သူတို့သည် ဗတ္တိဇံအမှုဆောင်ခြင်းကို အတူပြုလုပ်နိုင်ပါသည်။

မှတ်တမ်းဝင်ကလေးများစွာရှိသည့် ပန္နက်များတွင်၊ အသင်းတော်စုများစွာမှ ကလေးများသည် အလားတူဗတ္တိဇံအမှုဆောင်ခြင်းကို အတူပြုနိုင်ပါသည်။ ပန္နက်ဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦး သို့မဟုတ် ခန့်အပ်ထားသည့် အတိုင်ပင်ခံမင်းတစ်ဦးသည် အမှုဆောင်ခြင်းကို ဦးဆောင်နိုင်ပါသည်။

မိသားစုဝင်တစ်ဦး၏ ဗတ္တိဇံကို ဖခင်ယဇ်ပုရောဟိတ်အခွင့်ရရှိပြီး ဗတ္တိဇံကို သူကိုယ်တိုင်ဆောင်ရွက်နိုင်ပြီးချိန်အထိ မကြန့်ကြာစေရပါ။

သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့တို့၏ လမ်းညွှန်မှုအောက်တွင်၊ အသင်းတော်စုသာသနာပြုခေါင်းဆောင် ( တစ်ဦးခေါ်သွင်းထားလျှင်) သို့မဟုတ် အသင်းတော်စု၌ သာသနာပြုအမှုကို ဦးဆောင်သည့် အသင်းလူကြီးဥက္ကဋ္ဌအဖွဲ့ဝင်သည် ပြောင်းလဲသူများအတွက် ဗတ္တိဇံအမှုဆောင်ခြင်းများကို ဆောင်ရွက်နိုင်ပါသည်။ သူတို့သည် အချိန်ပြည့်သာသနာပြုများနှင့် ညှိနှိုင်းဆောင်ရွက်ကြပါသည်။

၁၈၊ ၇၊ ၃

ဘိသိက်မင်္ဂလာကို ဆောင်ရွက်သူ

ဗတ္တိဇံဘိသိက်မင်္ဂလာကို ယဇ်ပုရောဟိတ် သို့မဟုတ် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့် ကိုင်ဆောင်သူတစ်ဦးက ဆောင်ရွက်ပါသည်။ ဗတ္တိဇံဆောင်ရွက်မည့်သူသည် သင်းအုပ်၏အတည်ပြုခြင်းခံရမည် (သို့မဟုတ် အချိန်ပြည့်သာသနာပြုတစ်ဦး ဗတ္တိဇံကိုဆောင်ရွက်မည်ဆိုလျှင် သာသနာပြုဥက္ကဋ္ဌ၏ အတည်ပြုခြင်းရှိရမည်)။

သင်းအုပ်သည် ယဇ်ပုရောဟိတ် သို့မဟုတ် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ရှိသူ ဖခင်တစ်ဦးအား ဗိမာန်တော်နှင့် ပြည့်စုံစွာထိုက်တန်ခြင်းမရှိသည်ပင်ဖြစ်စေ သူ့ကလေးကို ဗတ္တိဇံပေးရန် ခွင့်ပြုနိုင်ပါသည် (ရှု ၁၈၊ ၃)။ သင်းအုပ်များသည် ဖခင်တို့အား သူတို့ကိုယ်ပိုင်သားသမီးများကို ဗတ္တိဇံပေးဖို့ သူတို့ကိုယ်သူတို့ပြင်ဆင်ရန် အားပေးပါသည်။

၁၈၊ ၇၊ ၄

ဘိသိက်မင်္ဂလာဆောင်ရွက်ရမည့်နေရာ

ဗတ္တိဇံများကို ဗတ္တိဇံကန်တစ်ခု ရှိလျှင် ထိုကန်တွင် ဆောင်ရွက်ရမည်။ ကန်မရှိလျှင်၊ အန္တရာယ်ကင်းသောရေကွက်တစ်ခုကို အသုံးပြုနိုင်ပါသည်။

အန္တရာယ်ကင်းရေးအတွက် ရေကန်ဖြည့်စဉ် တာဝန်ရှိအရွယ်ရောက်တစ်ဦး ရှိရမည်၊ ရေထုတ်ပြီး၊ သန့်ရှင်း၍၊ လုံခြုံစေပြီးသည်အထိလည်း ဆက်၍ရှိရမည်။ ဗတ္တိဇံအမှုဆောင်ခြင်းတစ်ခုပြီးတိုင်း ရေကန်ကို ချက်ချင်းရေထုတ်ပစ်ရမည်။ ရေကန်ကို အသုံးမပြုသောအခါ၊ ရေကန်သို့သွားရာတံခါးကို သော့ခတ်ထားရမည်။

၁၈၊ ၇၊ ၅

အဝတ်အစား

ဗတ္တိဇံကို ဆောင်ရွက်သူနှင့် ဗတ္တိဇံခံနေသည့်သူတို့သည် ရေစိုသည့်အခါ ထိုးဖောက်မမြင်ရသည့် အဖြူရောင်အဝတ်အစားကို ဝတ်ပါသည်။ ဝိညာဉ်ပကတိအပ်နှင်းခံပြီးသောသူသည် ဗတ္တိဇံဆောင်ရွက်စဉ်တွင် ဤအဝတ်အစားအောက်၌ ဗိမာန်တော်အဝတ်တန်ဆာကို ဝတ်ဆင်ပါသည်။ ဒေသန္တရဌာနများသည် အသုံးစရိတ်ရန်ပုံငွေဖြင့် ဗတ္တိဇံအဝတ်အစားများကို ဝယ်ပါသည် အသုံးပြုခြင်းအတွက် အခမတောင်းပါ။

၁၈၊ ၇၊ ၆

သက်သေများ

ဦးစီးခေါင်းဆောင်များအတည်ပြုထားသည့် သက်သေနှစ်ဦးသည် ဗတ္တိဇံတစ်ခုချင်းစီကို သင့်လျော်စွာဆောင်ရွက်ကြောင်း သေချာစေရန် စောင့်ကြည့်ပါသည်။ ကလေးများနှင့် လူငယ်များအပါအဝင် အသင်းတော်မှ ဗတ္တိဇံခံပြီးသားအသင်းသားများသည် သက်သေများအဖြစ် အမှုဆောင်နိုင်ပါသည်။

စကားလုံးများကို ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၂၀း၇၃ တွင် ဖော်ပြထားသည့်အတိုင်း အတိအကျ မဆိုလျှင် ဗတ္တိဇံကို ထပ်၍ပြုလုပ်ရမည်။ လူ၏ကိုယ်၊ ဆံပင်၊ သို့မဟုတ် အဝတ်အစားတစ်ပိုင်းတစ်စ ပြည့်စုံစွာမနစ်မြုပ်လျှင်လည်း ထပ်၍ပြုလုပ်ရမည်။

၁၈၊ ၇၊ ၇

လမ်းညွှန်ချက်များ

ဗတ္တိဇံဘိသိက်မင်္ဂလာကို ဆောင်ရွက်ရန် ယဇ်ပုရောဟိတ် သို့မဟုတ် မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့် ကိုင်ဆောင်သူတစ်ဦးသည်

  1. ဗတ္တိဇံခံမည့်သူနှင့်အတူ ရေထဲတွင် ရပ်ရမည်။

  2. ထိုသူ၏ညာလက်ကောက်ဝတ်ကို သူ၏ဘယ်လက်ဖြင့်ကိုင်ပါ (အဆင်ပြေခြင်းနှင့် အန္တရာယ်ကင်းခြင်းအတွက်)။ ဗတ္တိဇံခံမည့်သူသည် ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူ၏ ဘယ်ဘက်လက်ကောက်ဝတ်ကို သူသို့မဟုတ် သူမ၏ဘယ်ဘက်လက်ဖြင့်ကိုင်ပါ။

  3. သူ့ညာလက်ကို ထောင့်မှန်ပုံမြှောက်ပါ။

  4. ထိုသူ၏နာမည်အပြည့်အစုံကို ဖော်ပြ၍ ဆိုရမည်မှာ “ယေရှုခရစ်တော်အားဖြင့် အခွင့်အာဏာပေးခန့်ထားတော်မူသည်ကို ခံရလျက်၊ ငါသည် သင့်ကို ခမည်းတော်၏၊ ထို့အတူ သားတော်၏၊ ထို့အတူ သန့်ရှင်းသောဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံပေး၏။ အာမင်” (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၂၀း၇၃)။

  5. ထိုသူကို သူ သို့မဟုတ် သူမ၏ နှာခေါင်းကို ညာလက်ဖြင့် ပိတ်စေပါ (အဆင်ပြေခြင်းအတွက်)၊ ထို့နောက်တွင် သူ၏ညာလက်ကို ထိုသူ၏နောက်ကျောပေါ်မြှောက်၍ ထိုသူကို အဝတ်အစားအပါအဝင် လုံးဝနှစ်မြှုပ်ပါ။

  6. ထိုသူကို ရေထဲမှထရန် ကူညီပါ။

3:16

Baptism of a New Member

၁၈၊ ၈

အတည်ပြုခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူး

လူတစ်ဦး ဗတ္တိဇံခံပြီးသောအခါ၊ သူ သို့မဟုတ် သူမသည် အသင်းတော်၏အသင်းသားတစ်ဦးအဖြစ် အတည်ပြုခံရပါသည်၊ လက်တင်ခြင်းဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို ရရှိပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၂၀း၄၁တမန်တော်ဝတ္ထု ၁၉း၁-၆)။ ဤဘိသိက်မင်္ဂလာနှစ်ခုစလုံး ပြီး၍ သင့်လျော်စွာမှတ်တမ်းတင်ပြီးနောက် ထိုလူသည် အသင်းသားတစ်ဦး ဖြစ်လာပါသည် (ရှု ယောဟန် ၃း၅ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၃၃း၁၁၃ နီဖိုင်း ၂၇း၂၀)။

သင်းအုပ်သည် အတည်ပြုခြင်းဆောင်ရွက်မှုကို ကြီးကြပ်ပါသည်။ ရှစ်နှစ်သားကလေးများကို ပုံမှန်အားဖြင့် သူတို့ဗတ္တိဇံခံသည့်နေ့တွင် အတည်ပြုပါသည်။ ပြောင်းလဲသူများကို ပုံမှန်အားဖြင့် သူတို့နေသည့် အသင်းတော်စုပွဲတော်အစည်းအဝေးတစ်ခုခုတွင် အတည်ပြုပါသည်၊ ဖြစ်နိုင်လျှင် သူတို့ဗတ္တိဇံအပြီးတနင်္ဂနွေနေ့တွင်အတည်ပြုပါသည်။

သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ဝင်တစ်ဦးသည် အသင်းသားအသစ်များကို မိတ်ဆက်သောအခါ ၂၉၊ ၂၊ ၁၊ ၁ ရှိလမ်းညွှန်ချက်များကို လိုက်နာပါသည်။

၁၈၊ ၈၊ ၁

ဘိသိက်မင်္ဂလာဆောင်ရွက်သူ

ဗိမာန်တော်နှင့် ထိုက်တန်သည့် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့် ကိုင်ဆောင်သူကသာ အတည်ပြုခြင်းအသံကို ဆိုသူအဖြစ် ဆောင်ရွက်နိုင်ပါသည်။ သို့သော်လည်း၊ သင်းအုပ်သည် မိမိကလေး၏အတည်ပြုခြင်းအတွက် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သော ဖခင်တစ်ဦးအား ဗိမာန်တော်နှင့်ထိုက်တန်ခြင်းပြည့်စုံစွာမရှိသည်ပင်ဖြစ်စေ စက်ဝိုင်း၌ ရပ်ရန် အခွင့်ပေးနိုင်ပါသည် (ရှု ၁၈၊ ၃)။

ဤဘိသိက်မင်္ဂလာ၌ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့မှ အဖွဲ့တစ်ဦး အနည်းဆုံးပါဝင်ပါသည်။ သာသနာပြု အသင်းလူကြီးများ ပြောင်းလဲသူတစ်ဦးကို သွန်သင်ပေးသောအခါ၊ သင်းအုပ်သည်သူတို့ကို ဖိတ်ခေါ်ပါသည်။

၁၈၊ ၈၊ ၂

လမ်းညွှန်ချက်များ

သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့၏ လမ်းညွှန်မှုအောက်တွင်၊ မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူ တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသောသူများ သည် အတည်ပြုခြင်းတွင် ပါဝင်နိုင်ပါသည်။ သူတို့သည် လက်များကို ထိုသူ၏ ဦးခေါင်းပေါ်ဖွဖွတင်ပါသည်။ ထို့နောက်တွင် အသံထွက်၍ ဆိုပါသည်၊

  1. သူ သို့မဟုတ် သူမ၏ အမည်အပြည့်အစုံကို ခေါ်ပါသည်။

  2. ဘိသိက်မင်္ဂလာကို မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်အာဏာဖြင့်ဆောင်ရွက်ကြောင်း ဖော်ပြပါသည်။

  3. ထိုသူကို ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏အသင်းသားတစ်ဦးအဖြစ် အတည်ပြုပါသည်။

  4. “သန့်ရှင်းသောဝိညာဉ်တော်ကို ရရှိသည်”ဟု ဖော်ပြပါသည် (“သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးကို ရရှိသည်” ဟု မဟုတ်ပါ)။

  5. ဝိညာဉ်တော်လမ်းညွှန်သည့်အတိုင်း ကောင်းချီးမင်္ဂလာစကားများကို ပြောပါ။

  6. ယေရှုခရစ်တော်၏နာမတော်ဖြင့်ဟု ပိတ်ပါ။

1:54

Confirming a Recently Baptized Member

၁၈၊ ၈၊ ၃

ဗတ္တိဇံနှင့် အတည်ပြုခြင်းမှတ်တမ်းနှင့် လက်မှတ်

မှတ်တမ်းဝင်ကလေးတစ်ဦး ဗတ္တိဇံအတွက် လူတွေ့မေးမြန်းမခံရမီ၊ စာရေးတစ်ဦးသည် ဗတ္တိဇံနှင့်အတည်ပြုခြင်း ပုံစံကို ပြင်ဆင်ရန် အယ်လ်စီအာကို အသုံးပြုပါသည်။ သင်းအုပ် သို့မဟုတ် ခန့်ထားသည့် အတိုင်ပင်ခံတစ်ဦးသည် လူတွေ့မေးမြန်းခြင်းကို ပြုလုပ်၍ ပုံစံကို လက်မှတ်ထိုးပါသည်။ ဗတ္တိဇံနှင့် အတည်ပြုခြင်းအပြီးတွင်၊ စာရေးတစ်ဦးသည် ကလေး၏ အသင်းသားမှတ်တမ်းကို အယ်လစီအာ ၌ပြင်ဆင်ရန် ဤပုံစံကို အသုံးပြုပါသည်။

အချိန်ပြည့်သာသနာပြုတစ်ဦးသည် ပြောင်းလဲသူတစ်ဦးကို ဗတ္တိဇံအတွက် လူတွေ့မေးမြန်းသောအခါ၊ ဒေသအစီအစဉ် (အေဘီပီ) အက်ပ် ကို အသုံးပြု၍ ဗတ္တိဇံနှင့် အတည်ပြုခြင်းမှတ်တမ်းကို ဖြည့်ပါသည်။ ဗတ္တိဇံနှင့် အတည်ပြုခြင်းအပြီးတွင်၊ သာသနာပြုများသည် အချက်အလက်ကို အေဘီပီတွင်ဖြည့်၍ အသင်းတော်စုစာရေးထံသို့ အီလက်ထရောနစ်ဖြင့်တင်သွင်းပါသည်။ အသင်းတော်စုစာရေးသည် အယ်လ်စီအာရ်၌ အချက်အလက်ကို ဆန်းစစ်ပြီး၊ အသင်းသားမှတ်တမ်းကို ဖန်တီးပါသည်။

အသင်းသားမှတ်တမ်းကို ဖန်တီးပြီးနောက်၊ စာရေးတစ်ဦးသည် ဗတ္တိဇံနှင့် အတည်ပြုခြင်းလက်မှတ်ကို ပြင်ဆင်ပါသည်။ ဤလက်မှတ်ကို သင်းအုပ်မှ လက်မှတ်ထိုး၍ ထိုသူအားပေးပါသည်။

အသင်းသားမှတ်တမ်းနှင့် လက်မှတ်ပေါ်ရှိအမည်သည် မွေးစာရင်း၊ အရပ်ဘက်မွေးဖွားမှတ်ပုံတင်၊ သို့မဟုတ် လက်ရှိတရားဝင်အမည်နှင့် ကိုက်ညီရပါမည်။

၁၈၊ ၉

ပွဲတော်

အသင်းတော်အသင်းသားများသည် ဘုရားသခင်ကို ကိုးကွယ်ရန်နှင့် ပွဲတော်ကို သုံးဆောင်ရန် ဥပုသ်နေ့တွင် တွေ့ဆုံကြပါသည် (ရှုဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၂၀း၇၅၅၉း၉မော်ရော်နိုင်း ၆း၅-၆)။ ဤဘိသိက်မင်္ဂလာများအတွင်းတွင်၊ သူတို့သည် ကယ်တင်ရှင်၏ အသားတော်နှင့် အသွေးတော်ယဇ်ကို အောက်မေ့ရန်နှင့် သူတို့၏သန့်ရှင်းမွန်မြတ်သောပဋိညာဉ်များကို သက်တမ်းတိုးရန် မုန့်နှင့် ရေကို သုံးဆောင်ကြပါသည် (ရှု ရှင်မဿဲ ၂၆း၂၆-၂၈ဂျိုးဇက်စမစ်ဘာသာပြန်၊ ရှင်မာကု ၁၄း၂၀-၂၅ရှင်လုကာ ၂၂း၁၅-၂၀၃ နီဖိုင်း ၁၈မော်ရော်နိုင်း ၆း၆)။

၁၈၊ ၉၊ ၁

ပွဲတော်ကို စီမံဆောင်ရွက်ရန် ခွင့်ပြုချက်

အသင်းတော်စု၌ ပွဲတော်စီမံဆောင်ရွက်ခြင်းအတွက် သင်းအုပ်သည် ယဇ်ပုရောဟိတ်အခွင့်သော့များကို ကိုင်ဆောင်ပါသည်။ ပွဲတော်ကို ပြင်ဆင်ခြင်း၊ ကောင်းချီးပေးခြင်းနှင့် ဝေငှခြင်း၌ ပါဝင်သူအားလုံးသည် သူ သို့မဟုတ် သူ့လမ်းညွှန်မှုအောက်၌ရှိသူ တစ်စုံတစ်ဦးထံမှ ခွင့်ပြုချက်ကို ရရှိရမည်။

၁၈၊ ၉၊ ၂

ဘိသိက်မင်္ဂလာကို ဆောင်ရွက်သူ

  • ဆရာများ၊ ယဇ်ပုရောဟိတ်များနှင့် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့် ကိုင်ဆောင်သူများသည် ပွဲတော်ကို ပြင်ဆင်နိုင်ပါသည်။

  • ယဇ်ပုရောဟိတ်များနှင့် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့် ကိုင်ဆောင်သူများသည် ပွဲတော်ကို ကောင်းချီးပေးနိုင်ပါသည်။

  • သင်းထောက်များ၊ ဆရာများ၊ ယဇ်ပုရောဟိတ်များနှင့် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့် ကိုင်ဆောင်သူများသည် ပွဲတော်ကို ဝေငှနိုင်ပါသည်။

၁၈၊ ၉၊ ၃

ပွဲတော်အတွက် လမ်းညွှန်ချက်များ

ပွဲတော်၏သန့်ရှင်းမွန်မြတ်သောသဘာဝကြောင့်၊ ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သော ခေါင်းဆောင်များသည် ဂရုတစိုက်ပြင်ဆင်ရပါမည်၊ သို့မှသာ အစီအစဉ်တကျဖြစ်ပြီးရိုသေခြင်းရှိပါမည်။

ပွဲတော်ကို စီမံဆောင်ရွက်သူများသည် ကိုယ်တော်ကို ကိုယ်စားပြုနေသည်ဟု သတိထားလျက် သိက္ခာရှိသောအမူအရာနှင့် လုပ်ဆောင်ရပါမည်။

ပွဲတော်ကို ဝေငှခြင်းသည် ပုံမှန်ဖြစ်ရပါမည်၊ အလွန်အမင်းတခမ်းတနားမဖြစ်ရပါ။

ပွဲတော်သည် အသင်းတော်အသင်းသားတို့အတွက် ဖြစ်သော်လည်း၊ အခြားသူများကို သုံးဆောင်ခြင်းမှ တားမြစ်ရန် မည်သည့်အရာကိုမျှမပြုလုပ်ရပါ။

၁၈၊ ၉၊ ၄

လမ်းညွှန်ချက်များ

  1. ပွဲတော်ကို ပြင်ဆင်၊ ကောင်းချီးပေး၊ သို့မဟုတ် ဝေငှသူများသည် ပထမဦးစွာ မိမိတို့လက်များကို ဆပ်ပြာ သို့မဟုတ် သန့်စင်ဆေးဖြင့် ဆေးရပါမည်။

  2. ဆရာများ၊ ယဇ်ပုရောဟိတ်များ၊ သို့မဟုတ် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကိုင် ဆောင်သူများသည် မဖဲ့ရသေးသည့်မုန့်နှင့် မုန့်လင်ပန်းများ၊ ရေသန့်ခွက်များနှင့် ရေလင်ပန်းများ၊ သန့်ရှင်းသောစားပွဲတင်အဝတ်များ အစည်းအဝေးမတိုင်မီနေရာတကျရှိစေဖို့ သေချာစေရပါမည်။

  3. အသင်းတော်စုအသင်းသားများ ပွဲတော်ဓမ္မတေးဆိုသည်နှင့်၊ ပွဲတော်ကို ကောင်းချီးပေးသူများသည် ရိုသေစွာရပ်၍၊ မုန့်လင်ပန်းများကို ဖုံးထားသည့် အဝတ်စကို ဖယ်၍၊ မုန့်ကို တစ်ကိုက်စာအရွယ်များဖြစ်အောင်ဖဲ့ပါသည်။

  4. ဓမ္မတေးအပြီးတွင်၊ မုန့်ကို ကောင်းချီးပေးသူသည် ဒူးထောက်၍ မုန့်အတွက်ပွဲတော်ဆုတောင်းကို ဆိုပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၂၀း၇၇)။

  5. သင်းအုပ်သည် ပွဲတော်ဆုတောင်းခြင်းများကို ရှင်းလင်းတိကျစွာ၊ သိက္ခာရှိရှိဆိုကြောင်းသေချာစေပါသည်။ တစ်စုံတစ်ဦး စကားလုံးမှားဆို၍ သူ့ဘာသာသူပြင်လျှင်၊ ထပ်၍ပြင်ခြင်းမလိုအပ်ပါ။ ထိုသူသည် မိမိအမှားကို မပြင်လျှင်၊ သင်းအုပ်သည် ထိုသူအား ဆုတောင်းခြင်းကို ထပ်၍ ဆိုရန် ကြင်နာစွာခိုင်းပါသည်။

  6. ဆုတောင်းခြင်းအပြီးတွင်၊ ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူများသည် မုန့်ကို အသင်းသားများဆီသို့ ရိုသေစွာဝေငှပါသည်။ ဦးစီးခေါင်းဆောင်များသည် ဦးစွာရရှိပါသည်၊ ထို့နောက်တွင် သတ်မှတ်ထားသော အစီအစဉ်မရှိပါ။ လင်းပန်းတစ်ခုကို အသင်းသားများသို့ လက်ကမ်းပြီးသောအခါ၊ သူတို့သည် တစ်ဦးပြီးတစ်ဦးလက်ဆင့်ကမ်းနိုင်ပါသည်။

  7. အသင်းသားများသည် ဖြစ်နိုင်သောအခါ မိမိတို့ညာလက်ဖြင့် သုံးဆောင်ကြပါသည်။

  8. မုန့်ကို အသင်းသားအားလုံးသို့ ဝေငှပြီးသောအခါ၊ ပွဲတော်ဝေငှသောသူများသည် လင်ပန်းများကို ပွဲတော်စားပွဲသို့ ပြန်ယူလာပါသည်။ ပွဲတော်ကို ကောင်းချီးပေးသောသူများသည် အဝတ်ကို မုန့်လင်ပန်းပေါ်ဖုံးပြီး၊ ရေလင်ပန်းများကို ဖွင့်ပါသည်။

  9. ရေကို ကောင်းချီးပေးသောသူသည် ဒူးထောက်၍၊ ရေအတွက် ပွဲတော်ဆုတောင်းကို ဆိုပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၂၀း၇၉)။ သူသည် ရေဆိုသည့်စကားလုံးကို ဝိုင်အစားအသုံးပြုပါသည်။

  10. ဆုတောင်းအပြီးတွင်၊ ယဇ်ပုရောဟိတ်အခွင့် ကိုင်ဆောင်သူများသည် ရေကို အသင်းသားများသို့ ရိုသေစွာဝေငှပါသည်။ ဦးစီးခေါင်းဆောင်များ ဦးစွာရရှိပါသည်၊ ထို့နောက်တွင် သတ်မှတ်ထားသော အစီအစဉ်မရှိပါ။

  11. ရေကို အသင်းသားအားလုံးသို့ ဝေငှပြီးသောအခါ၊ ပွဲတော်ဝေငှသောသူများသည် လင်ပန်းများကို ပွဲတော်စားပွဲသို့ ပြန်ယူလာပါသည်။ ပွဲတော်ကို ကောင်းချီးပေးသောသူများသည် အဝတ်ကို လင်ပန်းများပေါ်ဖုံးပါသည်၊ ပွဲတော်ကို ကောင်းချီးပေးသော၊ ဝေငှသောသူများသည် မိမိတို့ခုံများ၌ ရိုသေစွာထိုင်ကြပါသည်။

  12. အစည်းအဝေးအပြီးတွင်၊ ပွဲတော်ကိုပြင်ဆင်ခဲ့သောသူများသည် သန့်ရှင်းရေးပြုလုပ်၊ စားပွဲတင်အဝတ်များကိုခေါက်ပြီး၊ မသုံးဖြစ်သောမုန့်များကို ဖယ်ရှားပါသည်။

3:32

Blessing the Sacrament

၁၈၊ ၁၀

ယဇ်ပုရောဟိတ်အခွင့်ကို အပ်နှင်းခြင်းနှင့် အမှုအရာတစ်ခုသို့ ခန့်ထားခြင်း

ယဇ်ပုရောဟိတ်အခွင့်တွင် အပိုင်း နှစ်ပိုင်းရှိပါသည်၊ အာရုန်နှင့် မေလခိဇေဒက်ဖြစ်ပါသည် (ရှု ၃၊ ၃ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၀၇း၁-၆)။ လူတစ်ဦးအား ယဇ်ပုရောဟိတ်အခွင့်ကို အပ်နှင်းသောအခါ၊ ထိုသူသည် ယဇ်ပုရောဟိတ်အခွင့်ရှိ အမှုအရာတစ်ခုသို့လည်း အပ်နှင်းခံရပါသည်။ ဤယဇ်ပု‌ရောဟိတ်အခွင့်များထဲမှ တစ်ခုခုကို အပ်နှင်းပြီးသောအခါ၊ အမျိုးသားတစ်ဦးသည် ထိုယဇ်ပုရောဟိတ်အခွင့်၌ အခြားအမှုအရာတစ်ခုသို့ ခန့်ထားရန်သာလိုအပ်ပါသည်။

၁၈၊ ၁၀၊ ၁

မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့်

ပန္နက်ဥက္ကဋ္ဌသည် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကို အပ်နှင်းခြင်းအတွက်လည်းကောင်း၊ အသင်းလူကြီးနှင့် ယဇ်ပုရောဟိတ်မင်းအမှုအရာများသို့ ခန့်ထားခြင်းအတွက်လည်းကောင်း ယဇ်ပုရောဟိတ်အခွင့်သော့များကို ကိုင်ဆောင်ပါသည်။ သို့သော်လည်း၊ သင်းအုပ်သည်အများအားဖြင့် ဤဘိသိက်မင်္ဂလာများအတွက် ‌ထောက်ခံချက်များ ပံ့ပိုးပေးပါသည်။

၁၈၊ ၁၀၊ ၁၊ ၁

အသင်းလူကြီးများ

ထိုက်တန်သောညီအစ်ကိုများသည် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကို ရရှိနိုင်ပါသည်၊ သူတို့ အသက် ၁၈ နှစ် သို့မဟုတ် ၁၈ နှစ် ကျော်သောအခါ အသင်းလူကြီးများအဖြစ် ခန့်ထားခံရနိုင်ပါသည်။ တစ်ဦးချင်းအခြေအနေများပေါ်အခြေခံ၍၊ သင်းအုပ်သည် လူငယ်အမျိုးသားတစ်ဦးအား ၁၈ နှစ်ပြည့်မွေးနေ့အပြီးမကြာမီ အသင်းလူကြီးအဖြစ် ခန့်ထားခံရဖို့ သို့မဟုတ် ယဇ်ပုရောဟိတ်အဖွဲ့၌ ကြာကြာဆက်၍ရှိဖို့ ထောက်ခံခြင်းခံရသင့်မသင့်ကို ဆုံးဖြတ်ပါသည်။

ဤဆုံးဖြတ်ချက်ကို ပြုရာတွင်၊ သင်းအုပ်သည် ပထမတွင် ထိုလူငယ်အမျိုးသားနှင့် သူ၏မိဘများ သို့မဟုတ် အုပ်ထိန်းသူများနှင့် ‌ ဆွေး‌နွေး ပါသည်။ ထိုက်တန်သောအမျိုးသားများသည် အသက် ၁၉ နှစ် သို့မဟုတ် ကောလိပ်တက်ဖို့၊ အချိန်ပြည့်သာသနာပြုအမှုဆောင်ဖို့၊ စစ်မှုထမ်းဖို့၊ အိမ်မှ မထွက်ခွာမီ သို့မဟုတ် အချိန်ပြည့်အလုပ်တစ်ခု လက်ခံဖို့ အိမ်မှမထွက်ခွာမီ အသင်းလူကြီးများအဖြစ် ခန့်ထားခံရပါမည်။

မကြာသေးမီက ဗတ္တိဇံခံထားသော အသက် ၁၈ နှစ်နှင့်အထက် အမျိုးသားများသည် အောက်ပါတို့အပြီးတွင် အသင်းလူကြီးများအဖြစ် ခန့်ထားခံရပါသည်၊

  • အာရုန်ယဇ်ပုရောဟိတ်အခွင့်ကို ရရှိပြီး၊ ယဇ်ပုရောဟိတ်များအဖြစ် အမှုဆောင်ခြင်း။

  • ဧဝံဂေလိတရားတော်အကြောင်း လုံလောက်သောနားလည်မှု ဖွံ့ဖြိုးပြီးခြင်း။

  • သူတို့၏ထိုက်တန်မှုကို ဖော်ပြပြီးခြင်း။

အသင်းသားတစ်ဦးအဖြစ် သီးသန့်သတ်မှတ်ထားသောအချိန် မလိုအပ်ပါ။

၁၈၊ ၁၀၊ ၁၊ ၂

ယဇ်ပုရောဟိတ်မင်းများ

အမျိုးသားများသည် ပန္နက်ဥက္ကဋ္ဌအဖွဲ့၊ အတိုင်ပင်ခံမင်း၊ သို့မဟုတ် သင်းအုပ်နှင့် တိုင်ပင်ဖက်အဖြစ် ခေါ်သွင်းခံရသောအခါ၊ ယဇ်ပုရောဟိတ်မင်းများအဖြစ် ခန့်ထားခံရပါသည်။

၁၈၊ ၁၀၊ ၁၊ ၃

လူတွေ့မေးမြန်းခြင်းနှင့် ထောက်မခြင်း

ပန္နက်ဥက္ကဋ္ဌအဖွဲ့၏ ‌ထောက်ခံမှုဖြင့်၊ သင်းအုပ်သည် မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့် ခန့်အပ်ခြင်းမှတ်တမ်းတွင် လမ်းညွှန်ထားသည့်အတိုင်း ညီအစ်ကိုကို လူတွေ့မေးမြန်းပါသည်။ ထို့နောက်တွင် ပန္နက်ဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးကလည်း ထိုသူကို လူတွေ့မေးမြန်းပါသည်။ သာသနာပြုဥက္ကဋ္ဌ၏ထောက်ခံမှုဖြင့်၊ ခရိုင်ဥက္ကဋ္ဌသည် ညီအစ်ကိုတစ်ဦးကို အသင်းလူကြီးတစ်ဦးအဖြစ် ခေါ်သွင်းခံရဖို့ လူတွေ့မေးမြန်းနိုင်ပါသည် (ရှု ၆၊ ၃)။

၁၈၊ ၁၀၊ ၂

အာရုန်ယဇ်ပုရောဟိတ်အခွင့်

သင်းအုပ်သည် အာရုန်ယဇ်ပုရောဟိတ်အခွင့်ကို အပ်နှင်းခြင်းနှင့် သင်းထောက်၊ ဆရာနှင့် ယဇ်ပုရောဟိတ်အမှုအရာများသို့ ခန့်အပ်ခြင်းအတွက် ယဇ်ပုရောဟိတ်အခွင့်သော့များကို ကိုင်ဆောင်ပါသည်။ ထိုက်တန်သောညီအစ်ကိုများကို များသောအားဖြင့် ဤအမှုအရာများသို့ အောက်ပါအသက်များတွင် ခန့်အပ်ပါသည်၊ ထိုထက်ပို၍ မစောပါ၊

  • သင်းထောက်ကို သူတို့အသက် ၁၂ နှစ်ရောက်သည့်နှစ်အစတွင်

  • ဆရာကို သူတို့အသက် ၁၄ နှစ်ရောက်သည့် နှစ်အစတွင်

  • ယဇ်ပုရောဟိတ်ကို သူတို့ အသက် ၁၆ နှစ်သို့ရောက်သည့်နှစ်အစတွင်

သင်းအုပ်သို့မဟုတ် ခန့်အပ်ထားသည့် အတိုင်ပင်ခံတစ်ဦးသည် သင်းထောက်များ သို့မဟုတ် ဆရာများအဖြစ်ခန့်အပ်ခံရမည်သူများအား ဝိညာဉ်ပကတိအရပြင်ဆင်ထားခြင်းရှိမရှိ ဆုံးဖြတ်ရန် လူတွေ့မေးမြန်းပါသည်။ သင်းအုပ်သည် ယဇ်ပုရောဟိတ်များအဖြစ် ခန့်အပ်ခံရမည့် ညီအစ်ကိုတို့ကို လူတွေ့မေးမြန်းပါသည်။

လူငယ်အမျိုးသားတစ်ဦးအား ယဇ်ပရောဟိတ်ဘိသိက်မင်္ဂလာအတွက် သင်းအုပ်က လူတွေ့မေးမြန်းသောအခါ၊ သင်းအုပ်သည် သူ၏မိဘ သို့မဟုတ် အုပ်ထိန်းသူထံမှ နှုတ်အားဖြင့်ခွင့်ပြုချက်ရယူသည်။ လုပ်ငန်းစဥ်ကို ဆန့်ကျင်ရန်အတွက် အခြေခံတရားဝင်အုပ်ထိန်းခွင့်မရှိသော မိဘ သို့မဟုတ် အုပ်ထိန်းသူတို့ထံမှခွင့်ပြုချက်ရရှိရန်မလိုအပ်ပါ။

၁၈၊ ၁၀၊ ၃

အသင်းသားတစ်ဦးအား ခန့်ထားခြင်းမခံရမီ ထောက်မခံရရန် ဖော်ပြခြင်း

ညီအစ်ကိုတစ်ဦးအား လူတွေ့မေးမြန်းပြီး၍၊ ယဇ်ပုရောဟိတ်အခွင့်အမှုအရာတစ်ခုသို့ ခန့်ထားခံရရန် ထိုက်တန်ကြောင်းတွေ့ရပြီးနောက်၊ ထောက်မခြင်းအတွက် ဖော်ပြခံရပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၂၀း၆၅၊ ၆၇)။ အသင်းလူကြီးများ သို့မဟုတ် ယဇ်ပုရောဟိတ်မင်းများအဖြစ် ခန့်ထားခံရမည့်သူများသည် ပန္နက်ညီလာခံ အထွေထွေကဏ္ဍ၌ ပန္နက်ဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးအားဖြင့် ဖော်ပြခံရပါသည် (ခရိုင်ဥက္ကဋ္ဌများအတွက် လမ်းညွှန်ချက်များအတွက် ရှု ၆၊ ၃)။ သင်းထောက်များ၊ ဆရာများ၊ သို့မဟုတ် ယဇ်ပုရောဟိတ်များအဖြစ် ခန့်ထားခံရမည့်သူများသည် ပွဲတော်အစည်းအဝေးတွင် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ဝင်တစ်ဦးအားဖြင့် ဖော်ပြခံရပါသည်။

ထောက်မခြင်းကို စီစဉ်သူသည် ညီအစ်ကို ကို မတ်တတ်ရပ်ရန်တောင်းဆိုပါသည်။ သူသည် အာရုန်သို့မဟုတ် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကို (လိုအပ်လျှင်) အပ်နှင်းရန်နှင့် ညီအစ်ကိုကို ယဇ်ပုရောဟိတ်အခွင့် အမှုအရာသို့ ခန့်ထားရန် အဆိုပြုချက်ကို ကြေညာပါသည်။ ထို့နောက်တွင်၊ အဆိုပြုချက်ကို ထောက်မရန် အသင်းသားများကို ဖိတ်ခေါ်ပါသည်။ ဥပမာအားဖြင့်၊ ညီအစ်ကို တစ်ဦးကို အသင်းလူကြီးတစ်ဦးအဖြစ် ခန့်ထားခံရရန်၊ သူသည် ဤကဲ့သို့သော စကားလုံးများကို အသုံးပြုနိုင်ပါသည်၊

“ကျွန်ုပ်တို့သည် [အမည်] အား မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့် ရရှိရန်နှင့် အသင်းလူကြီးတစ်ဦးအဖြစ် ခန့်ထားခံရရန် အဆိုပြုပါသည်။ သဘောတူသူများ လက်မြှောက်၍ ပြနိုင်ပါသည်။ [ခဏစောင့်ပါ။] ကန့်ကွက်သူများ၊ ရှိလျှင်လည်း၊ ဖော်ပြနိုင်ပါတယ်။ [ခဏစောင့်ပါ။]”

နာမည်ကောင်းရှိသောသူတစ်ဦးက ခန့်ထားခြင်းကို ကန့်ကွက်လျှင်၊ ဦးစီးခေါင်းဆောင် သို့မဟုတ် ခန့်အပ်ထားသည့် တခြားယဇ်ပုရောဟိတ်အခွင့် ခေါင်းဆောင်သည် အစည်းအဝေးအပြီးတွင် သူသို့မဟုတ် သူမနှင့် သီးသန့်တွေ့ပါသည်။ ခေါင်းဆောင်သည် ထို အသင်းသား အဘယ်ကြောင့် ကန့်ကွက်ခံရသည်ကို နားလည်ရန် ကြိုးစားပါသည်။ လူတစ်ဦးအား ယဇ်ပုရောဟိတ်အခွင့် အမှုအရာသို့ ခန့်ထားခံရခြင်းမှ အတွက်အရည်အချင်း မပြည့်မီစေသည့် အပြုအမူကို အသင်းသား သိခြင်းရှိမရှိလေ့လာပါသည်။

အချို့ကိစ္စများတွင်၊ ညီအစ်ကိုတစ်ဦးသည် ပန္နက်ညီလာခံတွင် ဖော်ပြခြင်းမခံရနိုင်မီ၊ အသင်းလူကြီးတစ်ဦး သို့မဟုတ် ယဇ်ပုရောဟိတ်မင်းတစ်ဦးအဖြစ် ခန့်ထားခံရရန် လိုအပ်နိုင်ပါသည်။ ဤသို့ဖြစ်သောအခါ၊ သူသည် ထောက်မခြင်းအတွက် သူ၏အသင်းတော်စုပွဲတော်အစည်းအဝေး၌ ဖော်ပြခံရပါသည်။ ထို့နောက်တွင် နောက်ပန္နက်ညီလာခံတွင် ခန့်ထားခြင်းကို ဖော်ပြခံရပါသည် ( ထောက်မခြင်းအတွက် လုပ်ငန်းစဉ် ထိန်းညှိခြင်း၊ အထက်တွင်ဖော်ပြထားပါသည်)။

၁၈၊ ၁၀၊ ၄

ဘိသိက်မင်္ဂလာဆောင်ရွက်သူ

ပန္နက်ဥက္ကဋ္ဌသို့မဟုတ် ‌သူ၏လမ်းညွှန်မှုအောက်ရှိ မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့် ကိုင်ဆောင်သူတစ်ဦးသည် အမျိုးသားတစ်ဦးကို အသင်းလူကြီးအမှုအရာတစ်ခုသို့ ခန့်ထားနိုင်ပါသည်။ သာသနာပြုဥက္ကဋ္ဌ၏ခွင့်ပြုချက်ဖြင့်၊ ခရိုင်ဥက္ကဋ္ဌသို့မဟုတ် သူ့လမ်းညွှန်မှုအောက်ရှိ တစ်စုံတစ်ဦးသည် ဘိသိက်မင်္ဂလာကို ဆောင်ရွက်နိုင်ပါသည် (ရှု ၆၊ ၃)။ မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူများသာ စက်ဝိုင်းတွင် ရပ်နိုင်ပါသည်။

ပန္နက်ဥက္ကဋ္ဌသို့မဟုတ် ‌သူ၏လမ်းညွှန်မှုအောက်ရှိ ယဇ်ပုရောဟိတ်မင်းတစ်ဦးသည် အမျိုးသားတစ်ဦးကို ယဇ်ပုရောဟိတ်မင်းအမှုအရာသို့ ခန့်ထားနိုင်ပါသည်။ ယဇ်ပုရောဟိတ်မင်းများသာ စက်ဝိုင်းတွင် ရပ်နိုင်ပါသည်။

အမျိုးသားတစ်ဦးကို မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်သို့ ခန့်အပ်သူတစ်ဦးသည် ဗိမာန်တော်နှင့်ထိုက်တန်သောသူဖြစ်ရပါမည်။ ပန္နက်ဥက္ကဋ္ဌသို့မဟုတ် ‌သူခန့်ထားသည့် တစ်စုံတစ်ဦးတက်ရောက်ရမည်။

ယဇ်ပုရောဟိတ်တစ်ဦး သို့မဟုတ် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့် ကိုင်ဆောင်သူတစ်ဦးသည် ညီအစ်ကိုတစ်ဦးကို သင်းထောက်၊ ဆရာ၊ သို့မဟုတ် ယဇ်ပုရောဟိတ်အမှုအရာသို့ ခန့်ထားနိုင်ပါသည်။ သူသည် သင်းအုပ်၏အခွင့်အာဏာပေးခြင်းကို ခံရပါမည်။ သင်းအုပ် သို့မဟုတ် သူခန့်ထားသည့်တစ်စုံတစ်ဦးတက်ရောက်ရမည်။

အာရုန်ယဇ်ပုရောဟိတ်အခွင့် ခန့်ထားခြင်း၌ ပါဝင်ရန်၊ လူတစ်ဦးသည် ယဇ်ပုရောဟိတ်တစ်ဦး သို့မဟုတ် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတစ်ဦးဖြစ်ရမည်။

သင်းအုပ်သည် ယဇ်ပုရောဟိတ်တစ်ဦး သို့မဟုတ် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတစ်ဦးဖြစ် သည် ဖခင်တစ်ယောက်အား ဗိမာန်တော်နှင့် ပြည့်စုံစွာထိုက်တန်ခြင်းမရှိသော်လည်း သူ၏သားကို သင်းထောက်၊ ဆရာ သို့မဟုတ် ယဇ်ပုရောဟိတ် အမှုအရာသို့ ခန့်ထားရန် အခွင့်ပေးနိုင်ပါသည် ( ရှု ၁၈၊ ၃)။ သင်းအုပ်များသည် ဖခင်တို့အား သူတို့၏သားများကို သူတို့ကိုယ်တိုင် ခန့်ထားဖို့ ပြင်ဆင်ရန် တိုက်တွန်းပါသည်။

၁၈၊ ၁၀၊ ၅

လမ်းညွှန်ချက်များ

ယဇ်ပုရောဟိတ်အခွင့်ကို အပ်နှင်းရန်နှင့် လူတစ်ဦးကို ယဇ်ပုရောဟိတ်အမှုအရာသို့ ခန့်ထားရန်၊ တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော အခွင့်အာဏာရှိ ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူများသည် သူတို့၏လက်များကို ထိုသူ၏ ဦးခေါင်းပေါ်တွင် ဖော့ဖော့တင်ကြပါသည်။ ထို့နောက်တွင် တစ်ဦးက အသံထွက်၍ဆိုပါသည်၊

  1. ထိုသူကို နာမည်အပြည့်အစုံဖြင့် ခေါ်ပါသည်။

  2. ဘိသိက်မင်္ဂလာကို ဆောင်ရွက်ရန် သူကိုယ်တိုင်ကိုင်ဆောင်ထားသည့် အခွင့်အာဏာကို ဖော်ပြပါသည် (အာရုန် သို့မဟုတ် မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့်)။

  3. အပ်နှင်းထားမခံရသေးလျှင်၊ အာရုန် သို့မဟုတ် မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့်ကို အပ်နှင်းပါ။

  4. ထိုသူကို အာရုန် သို့မဟုတ် မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့်အမှုအရာသို့ ခန့်ထားပါ၊ ထိုအမှုအရာ၏ အခွင့်ရေးများ၊ တန်ခိုးများနှင့် အခွင့်အာဏာကို ပေးပါ။

  5. ဝိညာဉ်တော်လမ်းညွှန်သည့်အတိုင်း ကောင်းချီးမင်္ဂလာစကားများပေးပါ။

  6. ယေရှုခရစ်တော်၏နာမတော်ဖြင့်ပိတ်ပါ။

လူတစ်ဦး သင့်လျော်သောယဇ်ပုရောဟိတ်အခွင့် အပ်နှင်းခံပြီးနောက် ယဇ်ပုရောဟိတ်အခွင့်အမှုသို့ ခန့်ထားရန်၊ ဘိသိက်မင်္ဂလာကို ဆောင်ရွက်သောသူသည် အဆင့် ၃ ကို ချန်လှပ်ပါသည်။

1:58

Ordination to the Priesthood

၁၈၊ ၁၀၊ ၆

ဘိသိက်မင်္ဂလာမှတ်တမ်းနှင့် လက်မှတ်

ညီအစ်ကိုတစ်ဦး အာရုန်ယဇ်ပုရောဟိတ်အခွင့်အမှုအရာသို့ ခန့်ထားခံရဖို့ လူတွေ့မေးမြန်းမခံရမီ၊ စာရေးတစ်ဦးသည် အာရုန်ယဇ်ပုရောဟိတ်အခွင့် ဘိသိက်မင်္ဂလာမှတ်တမ်း တစ်ခုကို ပြင်ဆင်ရန် အယ်လ်စီအာကို အသုံးပြုပါသည်။ ထိုက်တန်မှုပြဋ္ဌာန်းချက်အားလုံးနှင့် ကိုက်ညီလျှင်၊ သင်းအုပ် သို့မဟုတ် ခန့်အပ်ထားသော အတိုင်ပင်ခံတစ်ဦးသည် လူတွေ့မေးမြန်းပြီး၊ ပုံစံကို လက်မှတ်ထိုးပေးပါသည်။

ဘိသိက်မင်္ဂလာအပြီးတွင်၊ သင်းအုပ်သို့မဟုတ် ခန့်အပ်ထားသော အတိုင်ပင်ခံတစ်ဦးသည် ပုံစံကိုဖြည့်ပြီး စာရေးကို ပေးပါသည်။ စာရေးသည် ဘိသိက်မင်္ဂလာကို အယ်လ်စီအာ၌ မှတ်တမ်းတင်ပြီး၊ ဘိသိက်မင်္ဂလာလက်မှတ်ကို ပြင်ဆင်ပါသည်။

လူတစ်ဦး၏ လက်ရှိတရားဝင်အမည်ကို ဘိသိက်မင်္ဂလာမှတ်တမ်းနှင့် လက်မှတ်ပေါ်တွင် အသုံးပြုရမည်။

၁၈၊ ၁၁

အသင်းသားများကို အမှုတော်ဆောင်တာဝန်များ၌ အမှုဆောင်ရန် ခွဲခန့်ခြင်း

အသင်းတော်နေရာအများစုသို့ ခေါ်သွင်းထောက်မခံရသော အသင်းသားများသည် ထိုနေရာ၌ အမှုဆောင်ရန် ခွဲခန့်ခံရမည် (ရှု ရှင်ယောဟန် ၁၅း၁၆ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၄၂း၁၁၊ လည်းရှု ဤလက်စွဲစာအုပ်ရှိ ၃၊ ၄၊ ၃၊ ၁)။ ခွဲခန့်ခြင်းကာလတွင်၊ ထိုသူအား (၁) အမှုတော်ဆောင်တာဝန်၌ ဆောင်ရွက်ဖို့ အခွင့်အာဏာနှင့် (၂) ဝိညာဉ်တော်လမ်းညွှန်သည့်အတိုင်း ကောင်းချီးမင်္ဂလာစကားများကို ပေးပါသည်။

ပန္နက်ဥက္ကဋ္ဌများ၊ သင်းအုပ်များနှင့် အဖွဲ့ဥက္ကဋ္ဌများသည် ခွဲခန့်ခံရသောအခါ ဥက္ကဋ္ဌအဖွဲ့ သော့များကို ရရှိကြပါသည် ( ရှု ၃၊ ၄၊၁၊ ၁)။ သို့သော်လည်း၊ အသင်းသားများကို ဥက္ကဋ္ဌအဖွဲ့များ၌ အတိုင်ပင်ခံများအပါအဝင် အခြားအမှုတော်ဆောင်တာဝန်များ၌ ခွဲခန့်သောအခါ သော့များ ဟူသောစကားလုံးကို မသုံးရပါ။

၁၈၊ ၁၁၊ ၁

ခွဲခန့်ခြင်းကို ဆောင်ရွက်သူ

ခွဲခန့်ခြင်းတစ်ခုကို မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူအားဖြင့် လုပ်ဆောင်ပါသည်။ သူသည် သင့်လျော်သော ယဇ်ပုရောဟိတ်အခွင့်သော့များကို ကိုင်ဆောင်သည့် ခေါင်းဆောင်ထံမှ ခွင့်ပြုချက်ကို ရရှိရမည်။ ခွဲခန့်ခြင်းကို ဆောင်ရွက်ရန် အခွင့်အာဏာရသည့် သူများကို ၃၀၊ ၈တွင်ဖော်ပြထားပါသည်။ အမျိုးသားတစ်ဦးကို ယဇ်ပုရောဟိတ်မင်းဖြစ်ရန် အမှုဆောင်တာဝန် ခန့်အပ်သောအခါ၊ အသင်းလူကြီးတစ်ဦးသည် အသံအဖြစ် မရှိရပါ သို့မဟုတ် စက်ဝန်းအတွင်းတွင်မပါဝင်ရပါ။

ဦးစီးခေါင်းဆောင်၏ လမ်းညွှန်မှုအောက်တွင် တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော မေလေခိဇေဒက် ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူများသည် ခွဲခန့်ခြင်း၌ ပါဝင်နိုင်ပါသည်။ ဥက္ကဋ္ဌများသည် သူတို့၏အတိုင်ပင်ခံများထက် အရင် ခွဲခန့်ခံရပါသည်။

ဦးစီးခေါင်းဆောင်တစ်ဦးသည် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သည့် ခင်ပွန်း၊ သို့မဟုတ် ဖခင်တစ်ဦးကို ဗိမာန်တော်နှင့် ပြည့်စုံစွာ ထိုက်တန်ခြင်းမရှိသည်ပင်ဖြစ်စေ မိမိဇနီး သို့မဟုတ် ကလေးများကို ခွဲခန့်ခြင်းအတွက် စက်ဝိုင်းတွင်ရပ်ရန် အခွင့်ပေးနိုင်ပါသည် (ရှု ၁၈၊ ၃)။

၁၈၊ ၁၁၊ ၂

လမ်းညွှန်ချက်များ

တစ်ဦးသို့မဟုတ် တစ်ဦးထက်ပိုသော မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သောသူများသည် မိမိတို့လက်များကို ထိုလူ၏ခေါင်းပေါ်တွင် ဖော့ဖော့တင်ကြပါသည်။ ထို့နောက်တွင် တစ်ဦးက အသံဖြင့်ဆိုပါသည်၊

  1. ထိုသူ၏ သို့မဟုတ် သူမ၏အမည်အပြည့်အစုံကို ခေါ်ပါသည်။

  2. သူသည် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်အာဏာဖြင့် ဆောင်ရွက်နေကြောင်း ဖော်ပြပါသည်။

  3. ထိုသူကို ပန္နက်၊ အသင်းတော်စု၊ အဖွဲ့၊ သို့မဟုတ် အတန်း အမှုတော်ဆောင်တာဝန်သို့ ခွဲခန့်ပါသည်။

  4. ထိုသူသော့များကို ရရှိသင့်လျှင် ပေးပါသည်။

  5. ဝိညာဉ်တော်လမ်းညွှန်သည့်အတိုင်း ကောင်းချီးမင်္ဂလာစကားများကို ပေးပါသည်။

  6. ယေရှုခရစ်တော်၏နာမတော်ဖြင့် ပိတ်ပါ။

၁၈၊ ၁၂

သန့်ရှင်းမွန်မြတ်သောဆီ

မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူများသည် သံလွင်ဆီကို ဖျားနာသူများနှင့် ဒုက္ခရောက်သူများအား လိမ်းရန် အသုံးမပြုမီသန့်ရှင်းစင်ကြယ်စေရမည် (ရှု ရှင်ယာကုပ်ဩဝါဒစာ ၅း၁၄)။ အခြားဆီကို အသုံးမပြုရပါ။

အသင်းသားများသည် သန့်ရှင်းစင်ကြယ်စေထားသောဆီကို မစားသုံးရ သို့မဟုတ် ကိုယ်ခန္ဓာ၏ ဒဏ်ရာ‌ရှိသောအပိုင်းများပေါ် မလိမ်းရပါ။

၁၈၊ ၁၂၊ ၁

ဘိသိက်မင်္ဂလာကို ဆောင်ရွက်သူ

တစ်ဦးသို့မဟုတ် တစ်ဦးထက်ပိုသော မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့် ကိုင်ဆောင်သူများသည် ဆီကို သန့်ရှင်းစင်ကြယ်စေနိုင်ပါသည်။ သူတို့သည် ယဇ်ပုရောဟိတ်အခွင့် ခေါင်းဆောင်တစ်ဦးထံမှ ခွင့်ပြုချက်တောင်းရန် မလိုအပ်ပါ။

၁၈၊ ၁၂၊ ၂

လမ်းညွှန်ချက်များ

ဆီကို သန့်ရှင်းစင်ကြယ်စေရန် မေလခိယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတစ်ဦးသည် အောက်ပါတို့ကို လုပ်ဆောင်ရမည်၊

  1. ဖွင့်ထားသော သံလွင်ဆီခွက်ကို ကိုင်ပါ။

  2. ဆုတောင်းခြင်းတွင် ပြုသည့်အတိုင်း ကောင်းကင်ဘုံရှင်အဘကို တိုင်တည်ပါ။

  3. သူသည် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်အာဏာအားဖြင့် လုပ်ဆောင်ကြောင်း ဖော်ပြပါ။

  4. ဆီကို သန့်ရှင်းစင်ကြယ်စေပါ (ခွက်ကို မဟုတ်ပါ)၊ ထို့နောက် ဖျားနာသူများနှင့် ဒုက္ခရောက်သူတို့အား လိမ်းခြင်းနှင့် ကောင်းချီးမင်္ဂလာပေးခြင်းအတွက် ခွဲခန့်ပါ။

  5. ယေရှုခရစ်တော်၏နာမတော်ဖြင့် ပိတ်ပါ။

1:12

Consecrating Oil

၁၈၊ ၁၃

ဖျားနာသူများကို စီမံဆောင်ရွက်ခြင်း

“လက်တင်ခြင်းဖြင့်” ဖျားနာသူများကို စီမံဆောင်ရွက်ခြင်းတွင် အပိုင်းနှစ်ပိုင်းရှိပါသည်၊ ဆီလိမ်းခြင်းနှင့် လိမ်းခြင်းကို ကောင်းချီးမင်္ဂလာတစ်ခုနှင့် တံဆိပ်ခတ်ခြင်းဖြစ်ပါသည်။ သန့်ရှင်းစင်ကြယ်စေထားသောဆီမရရှိနိုင်လျှင်၊ လိမ်းခြင်းမပြုဘဲ မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့်အာဏာဖြင့် ကောင်းချီးပေးနိုင်ပါသည်။

၁၈၊ ၁၃၊ ၁

ကောင်းချီးပေးသောသူ

ထိုက်တန်သော မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့် ကိုင်ဆောင်သူများသာ ဖျားနာသူများနှင့် ဒုက္ခရောက်သူများကို စီမံဆောင်ရွက်နိုင်ပါသည်။ သူတို့သည် ယဇ်ပုရောဟိတ်အခွင့်ခေါင်းဆောင်ထံမှ ခွင့်ပြုချက်ရယူရန် မလိုပါ။ ဖြစ်နိုင်လျှင်၊ မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူ ဖခင်တစ်ဦးသည် သူ၏ ဖျားနာသောမိသားစုဝင်များကို စီမံဆောင်ရွက်နိုင်ပါသည်။

အများအားဖြင့်၊ နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူများသည် ဖျားနာသူများကို စီမံဆောင်ရွက်ပါသည်။ သို့သော်လည်း၊ တစ်ဦးသည် ဆီလိမ်းခြင်းနှင့် တံဆိပ်ခတ်ခြင်းနှစ်ခုစလုံးကို ဆောင်ရွက်နိုင်ပါသည်။

၁၈၊ ၁၃၊ ၂

လမ်းညွှန်ချက်များ

ဆီနှင့် လိမ်းခြင်းကို မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့် ကိုင်ဆောင်သူတစ်ဦးက လုပ်ဆောင်နိုင်ပါသည်။ သူသည်၊

  1. သန့်ရှင်းစေထားသော ဆီတစ်စက်ကို ထိုသူ၏ဦးခေါင်းပေါ်ချပါသည်။

  2. လက်ကို ထိုသူ၏ဦးခေါင်းပေါ် ဖော့ဖော့တင်၍ သူ သို့မဟုတ် သူမ၏ အမည်အပြည့်အစုံကို ခေါ်ပါသည်။

  3. သူသည် မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့်အာဏာဖြင့် လုပ်ဆောင်ကြောင်း ဖော်ပြပါသည်။

  4. ဖျားနာသူများနှင့် ဒုက္ခရောက်သူများကို လိမ်းခြင်းနှင့် ကောင်းချီးပေးခြင်းအတွက် သန့်ရှင်းစင်ကြယ်စေထားသော ဆီကိုလိမ်းနေကြောင်း ဖော်ပြပါသည်။

  5. ယေရှုခရစ်တော်၏နာမတော်ဖြင့် ပိတ်ပါ။

ဆီလိမ်းခြင်းကို တံဆိပ်ခတ်ရန်၊ တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့် ကိုင်ဆောင်သူများသည် သူတို့လက်များကို ထိုသူ၏ဦးခေါင်းပေါ် ဖော့ဖော့တင်ပါသည်။ ထို့နောက်တွင် ဆီလိမ်းခြင်းကို တံဆိပ်ခတ်သူသည်၊

  1. ထိုသူ သို့မဟုတ် သူမ၏ အမည် အပြည့်အစုံကို ခေါ်ပါသည်။

  2. သူသည် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်အာဏာအားဖြင့် တံဆိပ်ခတ်နေကြောင်းနှင့် ဆီလိမ်းနေကြောင်း ဖော်ပြပါသည်။

  3. ဝိညာဉ်တော်လမ်းညွှန်သည့်အတိုင်း ကောင်းချီမင်္ဂလာစကားများကို ပေးပါသည်။

  4. ယေရှုခရစ်တော်၏နာမတော်ဖြင့် ပိတ်ပါ။

2:3

Administering to the Sick

၁၈၊ ၁၄

ဖခင်ကောင်းချီးမင်္ဂလာများအပါအဝင်၊ သက်သာခြင်းနှင့် အကြံဉာဏ်ကောင်းချီးမင်္ဂလာများ

၁၈၊ ၁၄၊ ၁

ကောင်းချီးပေးသူ

မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့် ကိုင်ဆောင်သူများသည် မိသားစုဝင်များ၊ သူတို့ထံ တောင်းဆိုသည့်အခြားသူများကို နှစ်သိမ့်ခြင်းနှင့် အကြံဉာဏ်ကောင်းချီးမင်္ဂလာများ ပေးနိုင်ပါသည်။

မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့် ကိုင်ဆောင်သည့် ဖခင်တစ်ဦးသည် သူ့သားသမီးများကို ဖခင်ကောင်းချီးမင်္ဂလာများ ပေးနိုင်ပါသည်။ မိဘများသည် မိမိတို့၏သားသမီးများကို လိုအပ်သည့်အချိန်များတွင် ဖခင်ကောင်းချီးမင်္ဂလာများတောင်းကြဖို့ တိုက်တွန်းပါသည်။ ဖခင်ကောင်းချီးမင်္ဂလာများကို ကိုယ်ပိုင်အသုံးပြုမှုများအတွက် မှတ်တမ်းတင်ထားနိုင်ပါသည်။

မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့် ကိုင်ဆောင်သူတစ်ဦးသည် နှစ်သိမ့်ခြင်းနှင့် အကြံဉာဏ်ကောင်းချီးမင်္ဂလာ သို့မဟုတ် ဖခင်ကောင်းချီးမင်္ဂလာပေးရန် ယဇ်ပုရောဟိတ်အခွင့်ခေါင်းဆောင်ထံမှ ခွင့်ပြုချက်တောင်းရန်မလိုပါ။

၁၈၊ ၁၄၊ ၂

လမ်းညွှန်ချက်များ

နှစ်သိမ့်ခြင်းနှင့် အကြံဉာဏ်ကောင်းချီးမင်္ဂလာ သို့မဟုတ် ဖခင်ကောင်းချီးမင်္ဂလာပေးရန် တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူများသည် မိမိတို့လက်များကို ထိုသူ၏ဦးခေါင်းပေါ်ဖော့ဖော့တင်ပါသည်။ ထို့နောက်တစ်‌ယောက်က အသံထွက်၍ဆိုပါသည်၊

  1. ထိုသူ သို့မဟုတ် သူမ၏အမည်အပြည့်အစုံကို ခေါ်ပါသည်။

  2. မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်အာဏာဖြင့် ကောင်းချီးပေးခြင်းကို ဆောင်ရွက်ကြောင်း ဖော်ပြပါသည်။

  3. ဝိညာဉ်တော်လမ်းညွှန်သည့်အတိုင်း ကောင်းချီးမင်္ဂလာ၊ နှစ်သိမ့်ခြင်းနှင့် အကြံဉာဏ်စကားများကို ပေးပါသည်။

  4. ယေရှုခရစ်တော်၏နာမတော်ဖြင့် ပိတ်ပါသည်။

၁၈၊ ၁၅

အိမ်များကို ဆက်ကပ်ခြင်း

အသင်းတော်အသင်းသားများသည် မိမိတို့အိမ်များကို မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်အာဏာအားဖြင့် ဆက်ကပ်ခြင်းခံရနိုင်ပါသည်။

၁၈၊ ၁၅၊ ၁၂

လမ်းညွှန်ချက်များ

အိမ်တစ်အိမ်ကို ဆက်ကပ်ရန်၊ မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတစ်ဦးသည်၊

  1. ဆုတောင်းခြင်းမှာကဲ့သို့ ကောင်းကင်ဘုံရှင်အဘကို တိုင်တည်ပါသည်။

  2. သူသည် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်အာဏာဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြပါသည်။

  3. အိမ်ကို သန့်ရှင်းသောဝိညာဉ်တော်တည်နိုင်သည့် သန့်ရှင်းမွန်မြတ်သောနေရာတစ်ခုအဖြစ် ဆက်ကပ်ပါသည်၊ ဝိညာဉ်တော်လမ်းပြသည့်အတိုင်း အခြားစကားများကိုလည်း ပြောပါသည်။

  4. ယေရှုခရစ်တော်၏နာမတော်ဖြင့် ပိတ်ပါသည်။

၁၈၊ ၁၆

သင်္ချိုင်းကို ဆက်ကပ်ခြင်း

၁၈၊ ၁၆၊ ၁

သင်္ချိုင်းကို ဆက်ကပ်သူ

သင်္ချိုင်းတစ်ခုကို ဆက်ကပ်သောသူတစ်ဦးသည် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကို ကိုင်ဆောင်ရမည်၊ အမှုဆောင်ခြင်းကို စီစဉ်သည့် ယဇ်ပုရောဟိတ်အခွင့်ခေါင်းဆောင်၏အခွင့်အာဏာပေးခြင်းကို ခံရမည်။

၁၈၊ ၁၆၊ ၂

လမ်းညွှန်ချက်များ

သင်္ချိုင်းတစ်ခုကို ဆက်ကပ်ရန်၊ မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတစ်ဦးသည်၊

  1. ဆုတောင်းခြင်းမှာကဲ့သို့ ကောင်းကင်ဘုံရှင်အဘကို တိုင်တည်ပါသည်။

  2. သူသည် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်အာဏာဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြပါသည်။

  3. မြှုပ်နှံရာမြေကွက်ကို သေဆုံးသူ၏ကိုယ်ခန္ဓာနားနေသည့် နေရာအဖြစ် ဆက်ကပ်ပါသည်။

  4. ရှင်ပြန်ထမြောက်ခြင်းအထိ ထိုနေရာကို သန့်ရှင်းစေမည်၊ အကာအကွယ်ရစေမည့်အကြောင်း ဆုတောင်းပါသည်( သင့်လျော်သည့်နေရာတွင်)။

  5. မိသားစုကို နှစ်သိမ့်စေရန် ကောင်းကင်ဘုံရှင်အဘထံဆုတောင်း၍၊ ဝိညာဉ်တော်လမ်းညွှန်သည့်အတိုင်း အတွေးများကို ဖော်ပြပါ။

  6. ယေရှုခရစ်တော်၏နာမတော်ဖြင့် ပိတ်ပါသည်။

အသင်းတော်အသင်းသား၏ ကိုယ်ခန္ဓာကို မီးသင်္ဂြိုဟ်ထားလျှင်၊ ဦးစီးခေါင်းဆောင်သည် ပြာများသိမ်းထားသည့်နေရာကို ဆက်ကပ်ခြင်းပြုမပြုကို ဆုံးဖြတ်ရန် သူ၏‌ဝေဖန်ပိုင်းခြားမှုကို အသုံးပြုပါသည်။

1:58

Dedication of Graves

၁၈၊ ၁၇

အမျိုး၏အဘကောင်းချီးမင်္ဂလာများ

ဗတ္တိဇံခံထားသည့် ထိုက်တန်သောအသင်းသားတိုင်းသည် အမျိုး၏အဘကောင်းချီးမင်္ဂလာတစ်ခု ရရှိအခွင့်ရှိပါသည်၊ ထိုကောင်းချီးမင်္ဂလာသည် ကောင်းကင်ဘုံရှင်အဘထံမှ လမ်းပြလှုံ့ဆော်သည့် လမ်းညွှန်မှုကို ပံ့ပိုးပေးပါသည် (ရှု ကမ္ဘာဦး ၄၈း၁၄-၁၆၄၉ ၂ နီဖိုင်း ၄း၃-၁၁)။

သင်းအုပ်သို့မဟုတ် ခန့်ထားသည့် အတိုင်ပင်ခံတစ်ဦးသည် အမျိုး၏အဘကောင်းချီးမင်္ဂလာရရှိလိုသည့်အသင်းသားများကို လူတွေ့မေးမြန်းပါသည်။ အသင်းသားသည် ထိုက်တန်လျှင်၊ လူတွေ့မေးမြန်းသူသည် အမျိုး၏အဘကောင်းချီးမင်္ဂလာထောက်ခံချက်တစ်ခုကို ပြင်ဆင်ပါသည်။ သူသည် ထိုထောက်ခံချက်ကို အမျိုး၏အဘကောင်းချီးမင်္ဂလာစနစ်ဖြင့် ChurchofJesusChrist.org တွင် တင်သွင်းပါသည်။

အမျိုး၏အဘကောင်းချီးမင်္ဂလာထောက်ခံချက်ကို ထုတ်ပေးသူသည် ထိုအသင်းသားမှာ ကောင်းချီးမင်္ဂလာ၏ ထူးခြားပြီးသန့်ရှင်းမွန်မြတ်သောသဘာဝကို နားလည်ရန် အလုံအလောက်ရင့်ကျက်ကြောင်း သေချာစေပါသည်။

၁၈၊ ၁၇၊ ၁

အမျိုး၏အဘကောင်းချီးမင်္ဂလာတစ်ခုရရှိခြင်း

ထောက်ခံချက်ကို ရရှိပြီးနောက်တွင်၊ အသင်းသားသည် အမျိုး၏အဘကောင်းချီးမင်္ဂလာရရှိဖို့ ချိန်းဆိုမှုတစ်ခု ပြုလုပ်ရန် အမျိုး၏အဘကို ဆက်သွယ်ပါသည်။ ထိုချိန်းဆိုသည့်နေ့တွင်၊ အသင်းသားသည် ဆုတောင်းခြင်းထက်သန်သောစိတ်နှင့် တနင်္ဂနွေနေ့အဝတ်အစားဖြင့် အမျိုး၏အဘထံသို့ သွားရမည်။

အမျိုး၏အဘကောင်းချီးမင်္ဂလာတစ်ခုချင်းစီတိုင်းသည် သန့်ရှင်းမွန်မြတ်ပါသည်၊ နှုတ်လုံရပါသည်၊ ကိုယ်ရေးကိုယ်တာဖြစ်ပါသည်။ ထို့ကြောင့်၊ တက်ရောက်နိုင်သည့် အကန့်အသတ်ရှိမိသားစုဝင်အရေအတွက်မှတစ်ပါး တစ်ဦးချင်းပေးပါသည်။

အမျိုး၏အဘကောင်းချီးမင်္ဂလာရရှိသူတစ်ဦးသည် ထိုကောင်းချီးမင်္ဂလာ၏ စကားလုံးများကို တန်ဖိုးထားမြတ်နိုးရမည်၊ နှလုံးသွင်းရမည်၊ ဤဘဝနှင့် ထာဝရကာလတွင် ကတိထားသည့်ကောင်းချီးမင်္ဂလာများနှင့် ထိုက်တန်ရန်နေရမည်။

အသင်းတော်အသင်းသားများသည် ကောင်းချီးမင်္ဂလာများကို မနှိုင်းယှဉ်ရ၊ ရင်းနှီးသော မိသားစုဝင်များနှင့်မှတပါး အခြားသူများနှင့် မဝေငှရပါ။ အမျိုး၏အဘကောင်းချီးမင်္ဂလာများကို အသင်းတော်အစည်းအဝေးများတွင် သို့မဟုတ် အခြားလူထု စုဝေးခြင်းများတွင် မဖတ်ရပါ။