လက်စွဲစာအုပ်များနှင့်အမှုတော်ဆောင်တာဝန်များ
၁၇၊၊ ဧဝံဂေလိတရားတော်ကို သွန်သင်ခြင်း


“ ၁၇။ ဧဝံဂေလိတရားတော်ကို သွန်သင်ခြင်း၊ ” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။

“ ၁၇။ ဧဝံဂေလိတရားတော်ကို သွန်သင်ခြင်း၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ

သားကို သွန်သင်နေသည့် မိခင်

၁၇။

ဧဝံဂေလိတရားတော်ကို သွန်သင်ခြင်း

ကျွန်ုပ်တို့သည် လူတို့အား ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော်၌ သူတို့၏ယုံကြည်ခြင်းကို ခွန်အားဖြည့်ပေးဖို့ ကူညီရန် ဧဝံဂေလိတရားတော်ကို သွန်သင်ပါသည်။

၁၇၊ ၁

ခရစ်တော်ကဲ့သို့သွန်သင်ခြင်းအခြေခံသဘောတရားများ

ဧဝံဂေလိတရားတော်ကို သွန်သင်သောအခါ၊ မိဘများ၊ ဆရာများနှင့် ခေါင်းဆောင်များသည် သခင်ဆရာဖြစ်သည့် ယေရှုခရစ်တော်၏ ပုံသက်သေနောက်ကို လိုက်လျှောက်ကြပါသည်။

ခေါင်းဆောင်များသည် အောက်ပါ ခရစ်တော်ကဲ့သို့သော သွန်သင်ခြင်း အခြေခံသဘောတရားများကို သူတို့အဖွဲ့အစည်းများရှိ ဆရာများနှင့် ဝေငှကြပါသည်။ ဤအခြေခံသဘောတရားများကို ကယ်တင်ရှင်၏နည်းဖြင့် သွန်သင်ခြင်း ၌ ပို၍ အသေးစိတ် ရှင်းပြထားပါသည်။

3:45

၁၇၊ ၁၊ ၁

သင်သွန်သည့်သူများကို ချစ်ပါ

ကယ်တင်ရှင်လုပ်ဆောင်သည့် အရာမှန်သမျှသည် ကိုယ်တော်၏ ချစ်ခြင်းကို ဖော်ပြချက်တစ်ခု ဖြစ်ပါသည် (ရှု ၂ နီဖိုင်း ၂၆း၂၄)။

3:20

၁၇၊ ၁၊ ၂

ဝိညာဉ်တော်ဖြင့် သွန်သင်ပါ

ဆရာများသည် ပြင်ဆင်၍ သွန်သင်ရာ၌ ဝိညာဉ်တော်၏ လမ်းညွှန်မှုကို ရှာပါသည်၊ ကိုယ်တော်၏လွှမ်းမိုးမှုနှင့် ထိုက်တန်အောင်လည်း နေ့စဉ်ကြိုးစားကြပါသည်။

3:47

၁၇၊ ၁၊ ၃

ဩဝါဒကို သွန်သင်ပါ

ကယ်တင်ရှင်၏ပုံသက်သေနောက်သို့ လိုက်လျှောက်ရာတွင်၊ ဆရာများသည် ဧဝံဂေလိတရားတော်၏ မရှိမဖြစ်အရေးကြီးသော သမ္မာတရားများကို အာရုံစိုက်ကြပါသည်။ သူတို့သည် ကျမ်းစာများ၊ နောက်ပိုင်းကာလ ပရောဖက်တို့၏သွန်သင်ခြင်းများနှင့် ခွင့်ပြုချက်ရ သင်ရိုးများကို အသုံးပြု၍ သွန်သင်ကြပါသည်။

3:33

၁၇၊ ၁၊ ၄

လုံ့လဝီရိယရှိသောသင်ယူခြင်းကို ဖိတ်ခေါ်ပါ

ဆရာများသည် အသင်းသားတို့အား သူတို့၏ကိုယ်ပိုင်သင်ယူခြင်းအတွက်တာဝန်ယူစေဖို့ အားပေးပါသည်။

၁၇၊ ၂

အိမ်ဗဟိုပြု ဧဝံဂေလိတရားတော်သင်ယူခြင်းနှင့် သွန်သင်ခြင်း

အသင်းတော်ခေါင်းဆောင်များနှင့် ဆရာများသည် အိမ်ဗဟိုပြု ဧဝံဂေလိတရားတော်သင်ယူခြင်းနှင့် သွန်သင်ခြင်းကို အားပေးပါသည်။

ခေါင်းဆောင်များနှင့် ဆရာများသည် အသင်းသားတို့အား ဧဝံဂေလိတရားတော်ကို မည်သို့ လေ့လာသွန်သင်ရမည်ဆိုသည်နှင့်ပတ်သက်၍ သူတို့၏ကိုယ်ပိုင်လမ်းပြလှုံ့ဆော်မှုကို ရှာရန် အားပေးပါသည်။ သူတို့၏အဓိကရင်းမြစ်များမှာ ကျမ်းစာများနှင့် အထွေထွေညီလာခံအမှာစကားများ ဖြစ်ပါသည်။

3:35

၁၇၊ ၃

ခေါင်းဆောင်တို့၏ တာဝန်များ

  • ဧဝံဂေလိတရားတော်ကို သင်ယူခြင်းနှင့် ကယ်တင်ရှင်၏နည်းဖြင့် သွန်သင်ခြင်းဖြင့် ပုံသက်သေတစ်ခုအဖြစ်ရှိပါ။

  • သူတို့၏အဖွဲ့အစည်းများ၌ သွန်သင်ခြင်းသည် ယုံကြည်ခြင်းကို တည်ဆောက်ကြောင်းနှင့် ဩဝါဒအရာ၌ မှန်ကန်ကြောင်းသေချာပါစေ။

  • ဆရာတို့အား သူတို့၏အဖွဲ့အစည်းများ၌ ဆက်တိုက် အကူအညီများပေးပါ။

၁၇၊ ၄

ဆရာတိုင်ပင်ခြင်း အစည်းအဝေးများ

ဆရာတိုင်ပင်ခြင်းအစည်းအဝေးများတွင်၊ ဆရာတို့သည် ခရစ်တော်ကဲ့သို့သောသွန်သင်ခြင်းအခြေခံသဘောတရားများအကြောင်းကို တိုင်ပင်ဆွေးနွေးကြပါသည်။ သူတို့သည် ဧဝံဂေလိတရားတော်သင်ယူခြင်းနှင့် သွန်သင်ခြင်းကို မည်သို့ တိုးတက်ရမည့်အကြောင်းကိုလည်း တိုင်ပင်ဆွေးနွေးကြပါသည်။ သူတို့သည် ကယ်တင်ရှင်၏နည်းဖြင့် သွန်သင်ခြင်းကို ရင်းမြစ်တစ်ခုအဖြစ် အသုံးပြုကြပါသည်။

ဆရာတိုင်ပင်ဆွေးနွေးခြင်းအစည်းအဝေးများကို တနင်္ဂနွေနေ့ မိနစ် ၅၀ စာသင်ချိန်တွင် သုံးလတစ်ကြိမ်ကျင်းပကြပါသည်။

6:7