လက်စွဲစာအုပ်များနှင့်အမှုတော်ဆောင်တာဝန်များ
၃၇။ အထူး ပန္နက်များ၊ အသင်းတော်စုများနှင့် အသင်းတော်ခွဲများ


“၃၇။ အထူး ပန္နက်များ၊ အသင်းတော်စုများနှင့် အသင်းတော်ခွဲများအထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။

“၃၇။ အထူး ပန္နက်များ၊ အသင်းတော်စုများနှင့် အသင်းတော်ခွဲများ၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ

အပြင်တွင်အစားအစာစားနေသည့်လူများ

၃၇။

အထူး ပန္နက်များ၊ အသင်းတော်စုများနှင့် အသင်းတော်ခွဲများ၊

၃၇၊ ၀

နိဒါန်း

ပန္နက်ဥက္ကဋ္ဌတစ်ဦးသည် အသင်းသားများကို အမှုဆောင်ရန် အထူးပန္နက်များ၊ အသင်းတော်စုများနှင့် အသင်းတော်ခွဲများ ဖန်တီးခြင်းကို ဤအခန်းတွင် လမ်းညွှန်ထားသည့်အတိုင်း အဆိုပြုနိုင်ပါသည်။

၃၇၊ ၁

ဘာသာစကား အသင်းတော်စုများနှင့် အသင်းတော်ခွဲများ

ပန္နက်ဥက္ကဋ္ဌတစ်ဦးသည် (၁) ဒေသမူရင်းဘာသာစကားမပြောသူ သို့မဟုတ် (၂) သင်္ကေတဘာသာစကားပြောသူ ပန္နက်အသင်းသားများအတွက် ဘာသာစကား အသင်းတော်စု သို့မဟုတ် အသင်းတော်ခွဲတစ်ခု ဖန်တီးခြင်းကို အဆိုပြုနိုင်ပါသည်။

၃၇၊ ၇

ပန္နက်များ၊ သာသနာများနှင့် ဒေသများရှိ အဖွဲ့များ

အဖွဲ့များသည် သင်းအုပ်၊ အသင်းတော်ခွဲဥက္ကဋ္ဌ သို့မဟုတ် သာသနာဥက္ကဋ္ဌတစ်ဦး ကြီးကြပ်သည့် အသင်းသားများ၏ အခွင့်အာဏာရ စုဝေးခြင်းအဖွဲ့အငယ်များဖြစ်ပါသည်။ ပန္နက်သို့မဟုတ် သာသနာဥက္ကဋ္ဌသည် အောက်ပါအခြေအနေများတွင် အဖွဲ့တစ်ခုဖွဲ့ဖို့ ထောက်ခံနိုင်ပါသည်။

  • အသင်းတော်စု သို့မဟုတ် အသင်းတော်ခွဲတစ်ခု၏ အသင်းသားများနှင့် တွေ့ဖို့ ခရီးသွားရန် ခက်ခဲခြင်း။

  • အသင်းတော်စု သို့မဟုတ် အသင်းတော်ခွဲရှိ အသင်းသားများနှင့် မတူသည့် ဘာသာစကားပြောသူ အသင်းသားအရေအတွက်အနည်းငယ်သာရှိခြင်း။

  • စစ်တပ်အတွင်းရှိ အသင်းသားများသည် အဖွဲ့အတွင်း၌ရှိခြင်းဖြင့် အကောင်းဆုံး အမှုတော်ဆောင်ခံရခြင်း။

အဖွဲ့တစ်ခုတွင် အနည်းဆုံး အသင်းသား နှစ်ဦးရှိရမည်။ တစ်ဦးသည် အာရုန်ယဇ်ပုရောဟိတ်အခွင့်၌ ထိုက်တန်သော ယဇ်ပုရောဟိတ်တစ်ပါး သို့မဟုတ် ထိုက်တန်သော မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့် ကိုင်ဆောင်သူတစ်ဦး ဖြစ်ရမည်။

ပန္နက်များတွင်၊ အဖွဲ့ကို ဖွဲ့စည်းရန်နှင့် ကြီးကြပ်ရန် ပန္နက်ဥက္ကဋ္ဌသည် သင်းအုပ် သို့မဟုတ် အသင်းတော်ခွဲ ဥက္ကဋ္ဌတစ်ဦးကို တာဝန်ပေးပါသည်။ သာသနာများတွင်၊ ဖွဲ့စည်းရန်နှင့် ကြီးကြပ်ရန် သာသနာဥက္ကဋ္ဌသည် အသင်းတော်ခွဲဥက္ကဋ္ဌတစ်ဦးကို တာဝန်ပေးပါသည်။

ပန္နက်ဥက္ကဋ္ဌ၊ သာသနာဥက္ကဋ္ဌ၊ သင်းအုပ်၊ သို့မဟုတ် အသင်းတော်ခွဲ ဥက္ကဋ္ဌသည် အဖွဲ့ခေါင်းဆောင်တစ်ဦးကို ခေါ်သွင်း၍၊ ခွဲခန့်ပါသည်။ အဖွဲ့ခေါင်းဆောင်သည် အဖွဲ့အစည်းအဝေးများကို စီစဉ်ဆောင်ရွက်ပါသည်၊ ပွဲတော်စီမံဆောင်ရွက်ခြင်းပါဝင်ပါသည်။

အဖွဲ့ခေါင်းဆောင်တစ်ဦးသည် ယဇ်ပုရောဟိတ်အခွင့် သော့ကို မကိုင်ဆောင်ပါ၊ အောက်ပါတို့ကို လုပ်ဆောင်ရန်လည်း အခွင့်အာဏာမရှိပါ၊

  • ဆယ်ဖို့တစ်ဖို့နှင့် အလှူတော်စုများကို လက်ခံခြင်း။

  • အသင်းသားတို့အား ပြင်းထန်သောအပြစ်နှင့်ပတ်သက်၍ အကြံပေးခြင်း။

  • ပုံမှန်နှင့် ပုံမှန်မဟုတ်သော အသင်းသားကန့်သတ်ချက်များထုတ်ခြင်း။

  • ယဇ်ပုရောဟိတ်အခွင့်သော့များလိုအပ်သည့် အခြားတာဝန်များကို ဆောင်ရွက်ခြင်း။

ပုံမှန်အားဖြင့်၊ အဖွဲ့များသည် အခြေခံဧရိယာအစီအစဉ်ကို အသုံးပြုပါသည်။

အဖွဲ့အသင်းသားတို့၏ အသင်းသားမှတ်တမ်းများကို အဖွဲ့အားကြီးကြပ်သည့် အသင်းတော်စု သို့မဟုတ် အသင်းတော်ခွဲ၌ သိမ်းထားပါသည်။

အသင်းတော်ရုံးချုပ်သည် အဖွဲ့များအတွက် ဧရိယာနံပါတ်တစ်ခုကို သတ်မှတ်မပေးပါ။