သာသနာပြုအမှုတော်ဆောင်တာဝန်များ
အခန်း ၃၊ သင်ခန်းစာ ၁—ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အား ပြန်လည်ဆောင်ယူခြင်းသတင်းစကား


“အခန်း ၃၊ သင်ခန်းစာ ၁—ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အား ပြန်လည်ဆောင်ယူခြင်းသတင်းစကား၊” ငါ၏ဧဝံဂေလိတရားတော်ကို ဟောပြောလော့၊ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ဝေငှခြင်းအတွက် လမ်းညွှန် (၂၀၂၃)

“အခန်း ၃၊ သင်ခန်းစာ ၁၊” ငါ၏ဧဝံဂေလိတရားတော်ကို ဟောပြောလော့

အခန်း ၃၊ သင်ခန်းစာ ၁

ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အား ပြန်လည်ဆောင်ယူခြင်းသတင်းစကား

ရုပ်ပုံ
ပထမရူပါရုံ

လူတို့ သိချင်ကောင်းသိချင်ကြလိမ့်မည်

  • ဘုရားသခင်ရှိပါသလား။

  • ကျွန်ုပ်သည် ဘုရားသခင်နှင့် ပိုနီးသည်ဟု မည်သို့ခံစားနိုင်ပါသနည်း။

  • ကျွန်ုပ်သည် ယနေ့ရှုပ်ထွေးသည့်လောကတွင် သမ္မာတရားကို မည်သို့ သင်ယူနိုင်ပါသနည်း။

  • ဘာသာရေးက ကျွန်ုပ်ကို မည်သို့ ကူညီနိုင်ပါသနည်း။

  • အဘယ်ကြောင့် အသင်းတော်များစွာရှိသနည်း။

  • ကျွန်ုပ်တွင်အဘယ်ကြောင့်အလွန်များသောစိန်ခေါ်မှုများရှိသနည်း။

  • ကျွန်ုပ်သည် ရုန်းကန်ရသောအချိန်များတွင် ငြိမ်းချမ်းခြင်းကို မည်သို့ ရှာတွေ့နိုင်ပါသနည်း။

  • ကျွန်ုပ်သည် မည်သို့အားဖြင့် ပို၍ပျော်ရွှင်နိုင်ပါသနည်း။

  • ပရောဖက်တစ်ပါးက ယနေ့လောကကို မည်သို့ ကူညီနိုင်ပါသနည်း။

ကမ္ဘာဦးမှစ၍၊ ဘုရားသခင်သည် ဧဝံဂေလိတရားတော်ကို ကိုယ်တော်၏သားသမီးများဆီသို့ ပရောဖက်များမှတစ်ဆင့် ဖော်ပြခဲ့ပါသည်။ ကိုယ်တော်သည် ဤအမှုကို ကိုယ်တော်၏သားတော် ယေရှုခရစ်တော်အားဖြင့် ပြုခဲ့ပါသည်။ ရှေးခေတ်တွင်၊ ယေရှုသည် ဧဝံဂေလိတရားတော်ကို အာဒံ၊ နောဧ၊ အာဗြဟံနှင့် မောရှေအစရှိသည့် ပရောဖက်များသို့ ဖော်ပြခဲ့ပါသည်။ သို့ရာတွင် လူများစွာတို့က ထိုတရားတော်ကို ငြင်းပယ်ခဲ့ကြသည်။

လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်တွင်၊ ယေရှုခရစ်တော်ကိုယ်တိုင်သည် ကိုယ်တော်၏ဧဝံဂေလိတရားတော်ကိုသွန်သင်ခဲ့ပါသည်၊ ကိုယ်တော်၏အသင်းတော်ကိုလည်း တည်ထောင်ခဲ့ပါသည်။ လူတို့သည် ယေရှုကိုပင်ငြင်းပယ်ခဲ့ကြပါသည်။ ကိုယ်တော်၏သေခြင်းပြီးနောက်မကြာမီတွင်၊ ကိုယ်တော်ရှင်၏အမှန်တရား နှင့် အသင်းတော်မှ အဝေးသို့ များပြားစွာကျရှုံးခြင်းများရှိခဲ့ပါသည်။ ဧဝံဂေလိတရားတော်ပြည့်စုံခြင်းနှင့် ယဇ်ပုရောဟိတ်အခွင့်အာဏာသည် မြေကြီးပေါ်တွင်မရှိခဲ့တော့ပေ။

ရာစုနှစ်များစွာကြာပြီးနောက်၊ ဘုရားသခင်သည်၊ တခြားပရောဖက်တစ်ဦးဖြစ်သည့်၊ ဂျိုးဇက်စမစ်ကို ခေါ်သွင်းခဲ့ပါသည်။ ဘုရားသခင်သည် ဧဝံဂေလိတရားတော်အပြည့်အစုံကို သူ့အားဖြင့် ပြန်လည်ဆောင်ယူခဲ့ပါသည်၊ ယေရှုခရစ်တော်၏အသင်းတော်ကို တစ်ဖန်ဖွဲ့စည်းရန် သူ့ကို အခွင့်အာဏာပေးခဲ့ပါသည်။

မြေကြီးပေါ်၌ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အပြည်အစုံရှိခြင်းသည် ကျွန်ုပ်တို့ခေတ်၏ကြီးစွာသောကောင်းချီးမင်္ဂလာများထဲမှ တစ်ခုဖြစ်ပါသည်။ ဧဝံဂေလိတရားတော်သည် ဘဝ၏အမေးအများဆုံးမေးခွန်းများကို ဖြေဖို့ ကျွန်ုပ်တို့ကို ကူညီပါသည်။ အသက်ရှင်သောပရောဖက်များသည် ကျွန်ုပ်တို့အား စိန်ခေါ်မှုရှိသောအချိန်များတစ်လျှောက် လမ်းညွှန်ပါသည်။ ဘုရားသခင်၏ယဇ်ပုရောဟိတ်အခွင့်သည် ကိုယ်တော်၏သားသမီးများကို ကောင်းချီးပေးရန် မြေကြီးပေါ်တွင် တစ်ဖန်ရှိလာပါသည်။

ရုပ်ပုံ
မိသားစုကို သွန်သင်နေသည့် သာသနာပြုများ

သွန်သင်ခြင်းအတွက်အကြံပြုချက်များ

ဤကဏ္ဍသည် သွန်သင်ဖို့ပြင်ဆင်ရန် သင့်ကိုကူညီနိုင်သည့် နမူနာပုံစံတစ်ခုကို ပြပေးပါသည်။ သင်အသုံးပြုနိုင်သည့် မေးခွန်းများနှင့် ဖိတ်ခေါ်ချက်ဥပမာများလည်း ပါဝင်ပါသည်။

သင်သည် သွန်သင်ရန် ပြင်ဆင်သောအခါ၊ လူတစ်ဦးချင်းစီ၏ အခြေအနေနှင့် ဝိညာဉ်ပကတိလိုအပ်ချက်များကို ဆုတောင်းခြင်းထက်သန်စွာဖြင့် စဉ်းစားသုံးသပ်ပါ။ သွန်သင်ရန် အကူအညီအဖြစ်ဆုံးဖြစ်မည့်အရာကို ဆုံးဖြတ်ပါ။ လူတို့နားမလည်နိုင်မည့် စကားအသုံးအနှုန်းများကို ရှင်းပြရန်ပြင်ဆင်ပါ။ သင်ရှိသည့်အချိန်အလျှောက်သင့်တော်စွာ ပြင်ဆင်ပြီး၊ သင်ခန်းစာကို အတိုချုံးရန်သတိရပါ။

သင်သွန်သင်သည့်အခါ အသုံးပြုမည့်ကျမ်းစာများကို ရွေးချယ်ပါ။ သင်ခန်းစာ၏ “ဩဝါဒဆိုင်ရာအုတ်မြစ်” ကဏ္ဍတွင် အကူအညီဖြစ်သည့် ကျမ်းစာများစွာပါဝင်ပါသည်။

သင်သွန်သင်သည့်အခါ မေးရန်မေးခွန်းများကို စဥ်းစားပါ။ လူတစ်ဦးချင်းစီတိုင်းလုပ်ဆောင်ရန် အားပေးမည့် ဖိတ်ခေါ်ချက်များကမ်းလှမ်းရန် စီစဉ်ပါ။

ဘုရားသခင်၏ကတိထားသောကောင်းချီးမင်္ဂလာများကို အထူးအလေးထားပါ၊ သင်သွန်သင်သည့်အရာနှင့် ပတ်သက်သည့် သင်၏သက်သေခံချက်ကို ဝေငှပါ။

၁၅-၂၅ မိနစ်အတွင်းတွင်လူတို့အားသင်ကြားပေးနိုင်သောအရာ

သွန်သင်ရန် တစ်ခုသို့မဟုတ်တစ်ခုထက်ပိုသည့် အောက်ပါအခြေခံသဘောတရားများကို ရွေးပါ။ အခြေခံသဘောတရားတစ်ခုချင်း၏ဩဝါဒဆိုင်ရာအုတ်မြစ်ကို ဤအကျဉ်းချုပ်၏နောက်တွင်ပေးထားပါသည်။

ဘုရားသခင်သည်ကျွန်ုပ်တို့၏ချစ်မြတ်နိုးဖွယ်ရာအဘဖြစ်သည်။

  • ဘုရားသခင်သည် ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှင်အဘဖြစ်ပါသည်၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏သားသမီးများဖြစ်ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကိုယ်တော်၏ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းခဲ့ပါသည်။

  • ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကိုယ်တိုင်သိပါသည်၊ ကျွန်ုပ်တို့ကိုချစ်လည်းချစ်ပါသည်။

  • ဘုရားသခင်တွင် အသရေရှိသော၊ စုံလင်သည့် အရိုးအသားနှင့် ခန္ဓာကိုယ်တစ်ခုရှိပါသည်။

  • ဘုရားသခင်သည် ကျွန်ုပ်တို့ကို ထာဝရတည်မြဲမည့် ငြိမ်းချမ်းခြင်းနှင့် ပြည်စုံသောဝမ်းမြောက်ခြင်းတို့ဖြင့် ကောင်းချီးပေးလိုတော်မူပါသည်။

  • ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်သောကြောင့်၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အပြစ်နှင့်သေခြင်းမှ ရွေးနှုတ်ရန် ကိုယ်တော်၏သားတော် ယေရှုခရစ်တော်ကို စေလွှတ်ခဲ့ပါသည်။

ဘုရားသခင်သည် သာသနာကာလတိုင်းတွင် ဧဝံဂေလိတရားတော်ကို ပရောဖက်များမှတစ်ဆင့် ဖော်ပြတော်မူပါသည်။

  • ဘုရားသခင်သည် ပရောဖက်များကို မြေကြီးပေါ်၌ သူ၏ကိုယ်စားလှယ်များအဖြစ် ခေါ်သွင်းတော်မူပါသည်။

  • ရှေးခေတ်တွင်၊ ဘုရားသခင်သည် အာဒံ၊ နောဧ၊ အာဗြဟံနှင့် မောရှေကဲ့သို့သောပရောဖက်များကို ခေါ်သွင်းခဲ့ပါသည်။

  • အသက်ရှင်သောပရောဖက်တစ်ပါးသည် ယခုခေတ်တွင် ကျွန်ုပ်တို့ကို သွန်သင်ရန်နှင့် ဦးဆောင်ရန် ဘုရားသခင်ထံမှ ဗျာဒိတ်တော်ကို ရရှိပါသည်။

ယေရှုခရစ်တော်၏ မြေကြီးပေါ်အမှုတော်ဆောင်ခြင်းနှင့် အပြစ်ဖြေခြင်းမင်္ဂလာ

  • ယေရှုခရစ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ပါသည်။

  • ကိုယ်တော်၏မြေကြီးပေါ်အမှုတော်ဆောင်ကာလတွင်၊ ယေရှုသည် ကိုယ်တော်၏ဧဝံဂေလိတရားတော်ကို သွန်သင်ခဲ့ပါသည်၊ ကိုယ်တော်၏အသင်းတော်ကိုလည်း တည်ထောင်ခဲ့ပါသည်။

  • ယေရှုသည် တမန်တော်တစ်ဆယ့်နှစ်ပါးကို ခေါ်သွင်းခဲ့ပြီး၊ သူတို့အား ကိုယ်တော်၏အသင်းတော်ကို ဦးဆောင်ရန်အခွင့်အာဏာပေးခဲ့သည်။

  • ကိုယ်တော်၏အသက်တာအဆုံးတွင်၊ ယေရှုသည် ဂေသရှေမန်ဥယျာဉ်နှင့် ကားတိုင်ပေါ်ကွပ်မျက်ခံရခြင်းကာလအတွင်းကိုယ်တော်၏ခံစားခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်များအတွက် အပြစ်ဖြေခဲ့ပါသည်။ ယေရှုသေခြင်းအပြီးတွင်၊ သူသည် ရှင်ပြန်ထမြောက်ခဲ့ပါသည်။

  • ယေရှု၏အပြစ်ဖြေခြင်းယဇ်ကြောင့်၊ ကျွန်ုပ်တို့သည်နောင်တရကြသည်နှင့်အမျှ ခွင့်လွှတ်ခံရနိုင်ပါသည်၊ ကျွန်ုပ်တို့၏အပြစ်များမှ သန့်ရှင်းစေနိုင်ပါသည်။ ဤအရာက ကျွန်ုပ်တို့အတွက် ငြိမ်းချမ်းခြင်းကို ဆောင်ယူလာပါသည်၊ ကျွန်ုပ်တို့အတွက် ကိုယ်တော်၏မျက်မှောက်တော်သို့ ပြန်သွားရန်နှင့် ပြည့်စုံသောဝမ်းမြောက်ခြင်းကို ရရှိရန် ဖြစ်နိုင်စေပါသည်။

  • ယေရှု၏ရှင်ပြန်ထမြောက်ခြင်းကြောင့်၊ ကျွန်ုပ်တို့သည် သေပြီးနောက် ရှင်ပြန်ထမြောက်ကြလိမ့်မည်။ ဤအရာမှာ လူတစ်ဦးချင်းစီ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ပြန်လည်ပေါင်းစည်းလိမ့်မည်၊ ကာလအစဉ်အဆက်အသက်ရှင်လိမ့်မည်ဟု ဆိုလိုပါသည်။

အဝေးသို့ကျရှုံးခြင်း

  • ယေရှု၏တမန်တော်များ သေပြီးနောက်တွင်၊ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်နှင့် အသင်းတော်မှ အဝေးသို့ များပြားစွာကျရှုံးခြင်းများရှိခဲ့ပါသည်။

  • ဤကာလအတွင်းတွင်၊ လူတို့သည် ဧဝံဂေလိတရားတော်သွန်သင်ခြင်းများစွာတို့ကို ပြောင်းလဲခဲ့ပါသည်။ လူတို့သည် ဗတ္တိဇံကဲ့သို့သော ယဇ်ပုရောဟိတ်အခွင့်ဘိသိက်မင်္ဂလာများစွာတို့ကိုလည်း ပြောင်းလဲခဲ့ပါသည်။ ယဇ်ပုရောဟိတ်အခွင့်နှင့် ယေရှုခရစ်တော်တည်ထောင်ခဲ့သည့် အသင်းတော်သည် မြေကြီးပေါ်တွင်မရှိခဲ့တော့ပေ။

ဂျိုးဇက်စမစ်အားဖြင့် ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ပြန်လည်ဆောင်ယူခြင်း

  • ဂျိုးဇက်စမစ်သည် သူပါဝင်နိုင်ရန် ဘုရားသခင်၏စစ်မှန်သောအသင်းတော်ကို သိရန်ရှာခဲ့ပါသည်။ ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော်သည် ၁၈၂၀ တွင် သူ့ထံပေါ်လာခဲ့ပါသည်။ ဤအဖြစ်အပျက်ကို ပထမရူပါရုံဟုခေါ်ပါသည်။

  • ဘုရားသခင်သည် ဂျိုးဇက်စမစ်ကို ပရောဖက်တစ်ပါးအဖြစ် ခေါ်သွင်းခဲ့ပါသည်၊ အစောပိုင်းအချိန်များက ပရောဖက်များကို ကိုယ်တော်ခေါ်သွင်းခဲ့သည့်အတိုင်းပင်ဖြစ်ပါသည်။

  • ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ဂျိုးဇက်စမစ်အားဖြင့် ပြန်လည်ဆောင်ယူခဲ့ပါသည်။

  • အခြားကောင်းကင်ဘုံရှင်တမန်တော်များက ယဇ်ပုရောဟိတ်အခွင့်ကို ပြန်လည်ဆောင်ယူခဲ့ပါသည်၊ ဂျိုးဇက်စမစ်သည် ယေရှုခရစ်တော်၏အသင်းတော်ကို ဖွဲ့စည်းရန် အခွင့်အာဏာပေးခံခဲ့ရပါသည်။

  • ယေရှုခရစ်တော်သည် အသက်ရှင်သောပရောဖက်များနှင့် တမန်တော်တို့အားဖြင့် ယနေ့တွင် ကိုယ်တော်၏အသင်းတော်ကို ဆက်၍ဦးဆောင်ပါသည်။

မော်မုန်ကျမ်း၊ ယေရှုခရစ်တော်အကြောင်း တစ်ခြားသောသက်သေခံချက်

  • မော်မုန်ကျမ်းသည် ရှေးကာလ၌ အမေရိကရှိပရောဖက်များရေးထားသည့် ကျမ်းစာတွဲတစ်ခုဖြစ်ပါသည်။ ဂျိုးဇက်စမစ်က ထိုကျမ်းကို ဘုရားသခင်၏ဆုကျေးဇူးနှင့် တန်ခိုးတို့ဖြင့် ဘာသာပြန်ခဲ့ပါသည်။

  • သမ္မာကျမ်းနှင့်အတူ၊ မော်မုန်ကျမ်းသည် ယေရှု၏အမှုတော်ဆောင်ခြင်း၊ သွန်သင်ခြင်းများနှင့် ကျွန်ုပ်တို့၏ကယ်တင်ရှင်အဖြစ် အထူးတာဝန်အကြောင်းသက်သေတစ်ခုကို ဖော်ပြပါသည်။

  • ကျွန်ုပ်တို့သည် မော်မုန်ကျမ်းကို ဖတ်ခြင်းနှင့် ထိုကျမ်း၏ပညတ်များအတိုင်း နေထိုင်ခြင်းဖြင့် ဘုရားသခင်နှင့် ပိုနီးလာနိုင်ပါသည်။

  • ကျွန်ုပ်တို့သည် မော်မုန်ကျမ်းကို ဖတ်ခြင်း၊ ဆင်ခြင်ခြင်းနှင့် ထိုကျမ်းအကြောင်းဆုတောင်းခြင်းတို့အားဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ကြောင်း သိနိုင်ကြပါသည်။ ဤလုပ်ငန်းစဉ်က ကျွန်ုပ်တို့ကို ဂျိုးဇက်စမစ်သည် ပရောဖက်တစ်ပါးဖြစ်ကြောင်း သိလာကြစေရန်လည်း ကူညီပါသည်။

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သမ္မာတရားကို သိရန် ဆုတောင်းပါ

  • ဆုတောင်းခြင်းသည် ဘုရားသခင်နှင့် ကိုယ်တော်၏သားသမီးများအကြား အပြန်အလှန်ဆက်သွယ်ခြင်းတစ်ခုဖြစ်ပါသည်။

  • စစ်မှန်သောဆုတောင်းခြင်းအားဖြင့်၊ ကျွန်ုပ်တို့သည် ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ပြန်လည်ဆောင်ယူခြင်းသတင်းစကားမှန်ကြောင်း သိနိုင်ကြပါသည်။

  • ကျွန်ုပ်တို့ဆုတောင်းသည့်အခါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အား သမ္မာတရားကို သွန်သင်ပါသည်၊ အတည်ပြုပါသည်။

ရုပ်ပုံ
လူငယ်အမျိုးသားများကို သွန်သင်နေသည့် သာသနာပြုများ

လူများအား သင်မေးနိုင်သောမေးခွန်းများ

အောက်ပါမေးခွန်းများသည် လူတို့ကို သင်မေးနိုင်သည့် မေးခွန်းများ၏ဥပမာဖြစ်ပါသည်။ ဤမေးခွန်းများသည် သင့်အား အဓိပ္ပာယ်ရှိသောစကားပြောခြင်းများရှိရန်၊ လူတစ်ဦး၏လိုအပ်ချက်များနှင့် ရှုထောင့်ကို နားလည်ရန် ကူညီနိုင်ပါသည်။

  • ဘုရားသခင်အကြောင်းသင်ဘာယုံကြည်ပါသလဲ။

  • ဘုရားသခင်နှင့် ပိုနီးလာသည်ဟူသောခံစားချက်က သင့်ကို မည်သို့ကူညီမည်နည်း။

  • ယေရှု၏အကြောင်းကိုသင်ဘာသိပါသလဲ။ ကိုယ်တော်၏အသက်တာနှင့် သွန်သင်ခြင်းများက သင့်ကို မည်သို့လွှမ်းမိုးခြင်းရှိပါသလဲ။

  • သင်သည် ယနေ့ရှုပ်ထွေးသောလောကတွင် အားထားရသောအဖြေများကို မည်သို့ ရှာပါသလဲ။

  • ယနေ့မြေကြီးပေါ်တွင် အသက်ရှင်သောပရောဖက်တစ်ပါးရှိကြောင်း သိရခြင်းက သင့်ကို မည်သို့ ကူညီနိုင်ပါမလဲ။

  • သင် မော်မုန်ကျမ်းအကြောင်း ကြားဖူးပါသလား။ အဲဒီကျမ်းဘာကြောင့်အရေးကြီးသလဲဆိုတာ ကျွန်ုပ်တို့ဝေငှလို့ရပါသလား။

  • သင်ဆုတောင်းခြင်းအကြောင်း သင်၏ယုံကြည်ချက်များကို ဝေငှလိုပါသလား။ ဆုတောင်းခြင်းအကြောင်း ကျွန်ုပ်တို့၏ယုံကြည်ချက်များကို ကျွန်ုပ်တို့ ဝေငှလို့ရနိုင်မလား။

သင်ကမ်းလှမ်းနိုင်သော ဖိတ်ခေါ်ချက်များ

  • ကျွန်ုပ်တို့သွန်သင်ခဲ့သည့်အရာများ မှန်ကြောင်း သိရှိရန် သင့်ကို ကူညီစေဖို့ ဘုရားသခင်ထံဆုတောင်းမည်လား။ (ရှု “သွန်သင်ခြင်း အတွေးအမြင်များ၊ ဆုတောင်းခြင်း” ဤသင်ခန်းစာ၏နောက်ဆုံးကဏ္ဍတွင်။)

  • သင်သည် ကျွန်ုပ်တို့သွန်သင်သည့်အရာများအကြောင်း ပို၍သင်ယူနိုင်ရန် ဤတနင်္ဂနွေနေ့တွင် ဘုရားကျောင်းတက်မည်လား။

  • သင်သည် မော်မုန်ကျမ်းကို ဖတ်မည်လား၊ ထိုကျမ်းကို ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ကြောင်းသိရန် ဆုတောင်းမည်လား။ (သင်သည် အထူးသီးသန့် အခန်းကြီးများ သို့မဟုတ် အခန်းငယ်များကို အကြံပြုနိုင်ပါသည်။)

  • သင်သည်ယေရှု၏ပုံသက်သေနောက်လိုက်လျှောက်ပြီး ဗတ္တိဇံခံမည်လား။ (ရှု “ဗတ္တိဇံခံရန်နှင့် အတည်ပြုခံရန်ဖိတ်ခေါ်ချက်၊” ဤသင်ခန်းစာမတိုင်မီတွင်ရှိပါသည်။)

  • ကျွန်ုပ်တို့ နောက်တကြိမ်လာရန်အတွက် အချိန်သတ်မှတ်လို့ရမလား။

ဩဝါဒအခြေခံအုတ်မြစ်

ဤကဏ္ဍသည် သင်၏အသိပညာနှင့် ဧဝံဂေလိတရားတော်အကြောင်း သက်သေခံချက်ကို ခွန်အားဖြည့်ပေးဖို့နှင့် သွန်သင်ရာတွင် သင့်ကို ကူညီရန် လေ့လာရမည့် ဩဝါဒနှင့် ကျမ်းစာများကို ဖော်ပြထားပါသည်။

ရုပ်ပုံ
မိသားစု

ဘုရားသခင်သည်ကျွန်ုပ်တို့၏ချစ်မြတ်နိုးဖွယ်ရာအဘဖြစ်သည်။

ဘုရားသခင်သည် ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှင်အဘဖြစ်ပါသည်၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏သားသမီးများဖြစ်ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကိုယ်တော်၏ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းထားပါသည်။ ကိုယ်တော်၌အသရေရှိသည့်၊ စုံလင်သည့်၊ “လူသား၏ ကိုယ်ခန္ဓာကဲ့သို့ပင် ထိနိုင်သိနိုင်သည့် အသားနှင့် အရိုးတို့ရှိသည့် ကိုယ်ခန္ဓာ ရှိ၏” (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၃၀း၂၂)။

ဘုရားသခင်သည် ကျွန်ုပ်တို့ကိုယ်တိုင်ကိုယ်ကျသိပါသည်၊ ကိုယ်တော်သည် ကျွန်ုပ်တို့နားလည်နိုင်သည်ထက်ပို၍ ကျွန်ုပ်တို့ကိုချစ်ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏၊ ဒုက္ခများ၊ ဝမ်းနည်းမှုများနှင့် အားနည်းချက်များကို နားလည်ပါသည်၊ ကိုယ်တော်သည် ထိုအရာတို့အားဖြင့် ကျွန်ုပ်တို့ကို ထောက်ကူရန် ကမ်းလှမ်းပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏တိုးတက်မှု၌ ရွှင်လန်းဝမ်းမြောက်ပါသည်၊ ကျွန်ုပ်တို့ကို မှန်သောရွေးချယ်မှုများပြုလုပ်ရန်ကူညီပါလိမ့်မည်။ ကိုယ်တော်သည် ကျွန်ုပ်တို့နှင့် ဆက်သွယ်လိုပါသည်၊ ကျွန်ုပ်တို့သည် ဆုတောင်းခြင်းဖြင့် ကိုယ်တော်နှင့် ဆက်သွယ်နိုင်ပါသည်။

ဘုရားသခင်သည် ကျွန်ုပ်တို့ကို မြေကြီးပေါ်တွင်၊ ဤအတွေ့အကြုံကို ပေးထားပါသည်၊ ထို့ကြောင့်ကျွန်ုပ်တို့ သင်ယူနိုင်၊ တိုးတက်နိုင်၊ ကိုယ်တော်နှင့်ပို၍တူလာနိုင်ပါသည်။ စုံလင်သောချစ်ခြင်းဖြင့်၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကိုသေပြီးနောက်သူ့ဆီပြန်လာကြစေလိုပါသည်။ သို့သော်လည်း၊ ကျွန်ုပ်တို့သည် ဤအရာကို ကိုယ်ဘာသာကိုယ်မလုပ်နိုင်ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်သောကြောင့်၊ ကျွန်ုပ်တို့ကို ရွေးနှုတ်ရန် ကိုယ်တော်၏သားတော် ယေရှုခရစ်တော်ကို စေလွှတ်ခဲ့ပါသည်။ “ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏၊ … လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း” (ရှင်ယောဟန် ၃း၁၆-၁၇)။

ဘုရားသခင်သည် ကျွန်ုပ်တို့ကို ထာဝရတည်မြဲမည့် ငြိမ်းချမ်းခြင်း၊ ပြည့်စုံသောဝမ်းမြောက်ခြင်းတို့ဖြင့် ကောင်းချီးပေးလိုပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဤကောင်းချီးမင်္ဂလာများရရှိရန် အခွင့်အရေးကို ပေးသည့်အစီအစဉ်တစ်ခုကို ပေးထားပါသည်။ ဤအစီအစဉ်ကို ကယ်တင်ခြင်းအစီအစဉ်ဟု ခေါ်ပါသည် (ရှု သင်ခန်းစာ ၂)။

ကျမ်းစာလေ့လာခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

ရုပ်ပုံ
ဂျယ်ရီဟာစတန်၏ မောရှေနှင့် ကျောက်ပြားများ

ဘုရားသခင်သည် သာသနာကာလတိုင်းတွင် ဧဝံဂေလိတရားတော်ကို ပရောဖက်များအားဖြင့် ဖော်ပြပါသည်။

ပရောဖက်များသည် မြေကြီးပေါ်တွင် ဘုရားသခင်၏ ကိုယ်စားလှယ်များဖြစ်ပါသည်

ကျွန်ုပ်တို့အပေါ်ဘုရားသခင် ကိုယ်‌တော်၏ချစ်ခြင်းကို ဖော်ပြသည့် အရေးကြီးသည့်နည်းလမ်းတစ်ခုမှာ ပရောဖက်များကို ခေါ်သွင်းခြင်း၊ သူတို့ကို ယဇ်ပုရောဟိတ်အခွင့်အာဏာပေးခြင်း၊ ကိုယ်တော်အတွက်စကားပြောရန် သူတို့ကို လမ်းပြလှုံ့ဆော်ပေးခြင်းဖြစ်ပါသည်။ ပရောဖက်များသည် မြေကြီးပေါ်တွင် ဘုရားသခင်၏ ကိုယ်စားလှယ်များဖြစ်ပါသည်။ ဓမ္မဟောင်းကျမ်းပရောဖက်အာမုတ်က “ကိုယ်တော်ရှင်သည် မိမိကျွန်ပရောဖက်တို့အား မဘော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ” (အာမုတ် ၃း၇) ကြောင်း မှတ်တမ်းတင်ခဲ့ပါသည်။ အသက်ရှင်သောပရောဖက်များထံမှရရှိသည့် ကောင်းချီးမင်္ဂလာအချို့ကို အောက်တွင် အကျဉ်းချုပ်ထားပါသည်။

ယေရှုခရစ်တော်၏သက်သေများ ပရောဖက်များသည် ယေရှုခရစ်တော်၏အထူးသက်သေများဖြစ်ပါသည်၊ ကိုယ်တော်အကြောင်း ကျွန်ုပ်တို့၏ကယ်တင်ရှင်နှင့် ရွေးနှုတ်ရှင်အဖြစ် သက်သေခံကြပါသည်။

သွန်သင်ခြင်းများ။ ပရောဖက်များသည် ကျွန်ုပ်တို့အား အမှန်နှင့်အမှားကို ခွဲခြားသိရန် ကူညီဖို့ ဘုရားသခင်ထံမှ လမ်းညွှန်ချက်ကို ရရှိပါသည်။ သူတို့သည် ကျွန်ုပ်တို့အား ဘုရားသခင်၏ပညတ်တော်များကို နာခံရန်၊ မပြည့်စုံသည့်အခါ နောင်တရရန် သွန်သင်ပေးပါသည်။ သူတို့သည် အပြစ်ကို ရှုတ်ချပါသည်၊ ၎င်း၏အကျိုးဆက်များကို သတိပေးပါသည်။

ပရောဖက်များ၏သွန်သင်ချက်များသည် ကျွန်ုပ်တို့ကို ဘုရားသခင်ဆီသို့ တင်မြှောက်ပေးပါသည်၊ ကျွန်ုပ်တို့အတွက် ကိုယ်တော်အလိုရှိသည့် ကောင်းချီးမင်္ဂလာများရရှိစေရန် ကျွန်ုပ်တို့ကို ကူညီပါသည်။ ကျွန်ုပ်တို့၏အကြီးဆုံး‌ဘေးကင်းခြင်းသည် ပရောဖက်များမှတစ်ဆင့်ပေးသည့် ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်နောက်လိုက်လျှောက်ခြင်းတွင်ရှိပါသည်။

ယဇ်ပုရောဟိတ်အခွင့်အာဏာ။ လက်ရှိပရောဖက်သည် ကမ္ဘာမြေပေါ်တွင် ဦးစီးသည့်ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူဖြစ်ပါသည်။ ယဇ်ပုရောဟိတ်အခွင့်သည် ဘုရားသခင်၏ အခွင့်အာဏာနှင့် တန်ခိုးဖြစ်ပါသည်။ ပရောဖက်တွင် ဘုရားသခင့်သားသမီးများ၏ကယ်တင်ခြင်းအတွက် ဘုရားသခင်၏နာမတော်ဖြင့် ပြောဆိုဆောင်ရွက်ရန် အခွင့်အာဏာရှိပါသည်။

အသင်းတော်လမ်းညွှန်ချက် ယေရှုခရစ်တော်၏အသင်းတော်သည် ပရောဖက်များနှင့် တမန်တော်များအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားပါသည် (ရှု ဧဖက်ဩဝါဒစာ ၂း၁၉-၂၀၄း၁၁-၁၄)။

ရှေးခေတ်ကပရောဖက်များ

အာဒံသည် မြေကြီးပေါ်တွင်ပထမဆုံးပရောဖက်ဖြစ်ပါသည်။ ဘုရားသခင်သည် သူ့အား ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ဖော်ပြပါသည်၊ သူ့အား ယဇ်ပုရောဟိတ်အခွင့်အာဏာကို ပေးပါသည်။ အာဒံနှင့် ဧဝသည် သူတို့၏သားသမီးများအား ဤသမ္မာတရားများကို သွန်သင်ပေးပါသည်၊ သူတို့အား ယုံကြည်ခြင်းတိုးတက်ရန်နှင့်၊ ဧဝံဂေလိတရားတော်ကို ကျင့်သုံးရန် အားပေးပါသည်။

နောက်ဆုံးတွင် အာဒံနှင့် ဧဝတို့၏အမျိုးအနွယ်တို့သည် ပုန်ကန်ကြပြီး၊ ဧဝံဂေလိတရားတော်ကို ကျောခိုင်းခဲ့ကြပါသည်။ ဤအရာက ဖောက်ပြန်သင်းကွဲခြင်း၊ သို့မဟုတ် အဝေးသို့ကျရှုံးခြင်းဟုခေါ်သည့် အခြေအနေတစ်ခုသို့ ပို့ဆောင်ပါသည်။ ကျယ်ပြန့်သောဖောက်ပြန်သင်းကွဲခြင်းဖြစ်ပွားသောအခါ၊ ဘုရားသခင်သည် ကိုယ်တော်၏ယဇ်ပုရောဟိတ်အခွင့်ကို ရုပ်သိမ်းခဲ့ပါသည်၊ ထိုအခွင့်မှာ ဧဝံဂေလိတရားတော်ဘိသိက်မင်္ဂလာများကို သွန်သင်ရန်နှင့် စီမံဆောင်ရွက်ရာတွင် လိုအပ်ပါသည်။

ဓမ္မဟောင်းကျမ်းတွင် ကျယ်ပြန့်သောဖောက်ပြန်သင်းကွဲခြင်းအခိုက်အတန့်များစွာကို မှတ်တမ်းတင်ပါသည်။ ဤအချိန်များကို အဆုံးသတ်ရန်၊ ဘုရားသခင်သည် တခြားပရောဖက်တစ်ပါးကို ခေါ်သွင်းခြင်းဖြင့်၊ ကိုယ်တော်၏သားသမီးများဆီသို့ ဖြန့်ကျက်ပါသည်။ ကိုယ်တော်သည် ဤပရောဖက်များသို့ ဧဝံဂေလိတရားတော်ကို အသစ်ဖော်ပြပါသည်၊ သူတို့အား ယဇ်ပုရောဟိတ်အခွင့်အာဏာကိုလည်းပေးပါသည်။ ဤပရောဖက်များထဲမှ အချို့မှာ၊ နောဧ၊ အာဗြဟံနှင့် မောရှေတို့ဖြစ်ပါသည်။ ဝမ်းနည်းစွာပင်၊ အချိန်ကြာသောအခါ ထပ်တလဲလဲဖြစ်သည့်ပုံစံအတိုင်း၊ လူတို့သည် နောက်ဆုံးတွင် ပရောဖက်များကို ငြင်းပယ်ကြပြီး၊ အဝေးသို့ စွန့်ခွာကြပါသည်။

ကျမ်းစာလေ့လာခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

  • ကျမ်းစာလမ်းညွှန်၊ “ပရောဖက်

  • ဧဝံဂေလိတရားတော်အကြောင်းအရာများ၊ “ပရောဖက်များ၊” “အသင်းတော်ပြန်လည်ဆောင်ယူခြင်း

ရုပ်ပုံ
အိုကျွန်ုပ်အဘ၊ ဆိုင်မွန်ဒွေး၏ လက်ရာ

ယေရှုခရစ်တော်၏မြေကြီးပေါ်အမှုတော်ဆောင်ခြင်းနှင့် အပြစ်ဖြေခြင်းမင်္ဂလာ

ယေရှုခရစ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ပါသည်။ ယေရှုနှင့် ကိုယ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာသည် ကျွန်ုပ်တို့အတွက် ဘုရားသခင့်အစီအစဉ်၏ ဗဟိုဖြစ်ပါသည်။ ကိုယ်တော်၏အပြစ်ဖြေခြင်းတွင် ဂေသရှေမန်ဥယျာဉ်ထဲ၌ ကိုယ်တော်၏ခံစားခြင်း၊ ကားတိုင်ပေါ်၌ ကိုယ်တော်၏ခံစားခြင်းနှင့် သေခြင်း၊ နှင့် ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းတို့ပါဝင်ပါသည်။

အာဒံနှင့် ဧဝတို့၏အချိန်မှစ၍၊ လူတို့သည် သူတို့၏ကယ်တင်ရှင်နှင့် ရွေးနှုတ်ရှင်အဖြစ် ယေရှုခရစ်တော်၏ ကြွလာတော်မူခြင်းကို မျှော်လင့်ခဲ့ကြပါသည်။ ကောင်းကင်ဘုံရှင်အဘသည်၊ ယေရှုကို မြေကြီးသို့ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ကျော်က စေလွှတ်ခဲ့ပါသည်။

ယေရှုသည် စုံလင်သော၊ အပြစ်မဲ့သောဘဝဖြင့်နေခဲ့ပါသည်။ ကိုယ်တော်သည် ကိုယ်တော်၏ဧဝံဂေလိတရားတော်ကို သွန်သင်ခဲ့ပါသည်၊ ကိုယ်တော်၏အသင်းတော်ကို တည်ထောင်ခဲ့ပါသည်။ ကိုယ်တော်သည် တမန်တော်တစ်ဆယ့်နှစ်ပါးကို ခေါ်သွင်း၍၊ ဗတ္တိဇံကဲ့သို့သော သန့်ရှင်းမွန်မြတ်သည့် ဘိသိက်မင်္ဂလာများကို သွန်သင်ရန် နှင့်ဆောင်ရွက်ရန် ယဇ်ပရောဟိတ်အခွင့်အာဏာကို ပေးခဲ့ပါသည်။ ကိုယ်တော်သည် သူတို့အား ကိုယ်တော်၏အသင်းတော်ကို ဦးဆောင်ရန်လည်း အခွင့်အာဏာပေးခဲ့ပါသည်။

ကိုယ်တော်၏အသက်တာအဆုံးတွင်၊ ယေရှုသည် ဂေသရှေမန်၌၊ ကိုယ်တော်၏ကားတော်ပေါ်ကွပ်မျက်ခံရခြင်းကာလ၌ ကိုယ်တော်၏ခံစားခြင်းဖြင့် ကျွန်ုပ်တို့၏အပြစ်များအတွက် အပြစ်ဖြေခဲ့ပါသည်။ ကျွန်ုပ်တို့သည် နောင်တရသည့်အခါ ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းယဇ်ကြောင့်၊ ကျွန်ုပ်တို့၏အပြစ်များမှ သန့်ရှင်းစေနိုင်ကြပါသည်။ ဤအရာက ကျွန်ုပ်တို့အတွက် ဘုရားသခင်၏မျက်မှောက်သို့ ပြန်သွားရန်နှင့် ဝမ်းမြောက်ခြင်းအပြည့်အစုံကို ရရှိဖို့ ဖြစ်နိုင်စေပါသည်။

ယေရှု ကားတိုင်ပေါ်ကွပ်မျက်ခံရပြီးနောက်၊ ကိုယ်တော်သည် ရှင်ပြန်ထမြောက်ခဲ့ပါသည်၊ ကောင်းကင်ဘုံရှင်အဘ၏တန်ခိုးအားဖြင့် သေခြင်းအပေါ်အောင်နိုင်ခြင်းကိုလည်း ရရှိခဲ့ပါသည်။ ယေရှု၏ရှင်ပြန်ထမြောက်ခြင်းကြောင့်၊ ကျွန်ုပ်တို့အားလုံးသည် သေပြီးနောက်တွင် ရှင်ပြန်ထမြောက်ကြလိမ့်မည်။ ဤအရာမှာ လူတိုင်း၏ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် ပြန်လည်ပေါင်းစည်းလိမ့်မည်၊ ကျွန်ုပ်တို့အယောက်တိုင်းသည် စုံလင်သော၊ ရှင်ပြန်ထမြောက်သည့် ခန္ဓာကိုယ်ဖြင့် ကာလအစဉ်အဆက် အသက်ရှင်ကြလိမ့်မည်။ (ရှု သင်ခန်းစာ ၂ ရှိ “ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာ”)

ရုပ်ပုံ
ပရောဖက်ဂျိုးဇက်စမစ်

ပရောဖက်ဂျိုးဇက်စမစ်ကသွန်သင်ခဲ့ပါသည်၊ “ကျွန်ုပ်တို့ဘာသာရေး၏အခြေခံသဘောတရားများမှာ၊ ယေရှုခရစ်တော်နှင့်ပတ်သက်၍၊ တမန်တော်များနှင့် ပရောဖက်တို့၏ သက်သေခံချက်များ၊ ကိုယ်တော်သေခဲ့ကြောင်း၊ သင်္ဂြိုဟ်ခံ၍၊ သုံးရက်မြောက်နေ့၌ တစ်ဖန်ထမြောက်ကြောင်း၊ ကောင်းကင်သို့ တက်သွားခဲ့ကြောင်းဖြစ်ပါသည်၊ ကျွန်ုပ်တို့၏ဘာသာရေးနှင့် စပ်ဆိုင်သည့် အခြားအရာအားလုံးမှာ ထိုအရာ၏တွဲဖက်များသာဖြစ်ပါသည်” (အသင်းတော်ဥက္ကဋ္ဌများဩသွန်သင်ခြင်းများ ၊ ဂျိုးဇက်စမစ်၊ [၂၀၀၇]၊ ၄၉)။

ကျမ်းစာလေ့လာခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

အဝေးကိုကျရှုံးခြင်း

ယေရှုခရစ်တော်သေပြီးနောက်တွင်၊ ကိုယ်တော်၏တမန်တော်တို့သည် ခရစ်တော်၏ဩဝါဒကို စင်ကြယ်နေစေရန်နှင့် အသင်းတော်ထဲ၌ အစီအစဉ်ကို ထိန်းသိမ်းထားရန် ကြိုးစားခဲ့ပါသည်။ သို့သော်လည်း၊ အသင်းတော်အသင်းသားများစွာတို့သည် တမန်တော်များထံမှ၊ ယေရှုသွန်သင်ခဲ့သည့် ဩဝါဒထံမှ ကျောခိုင်းသွားခဲ့ကြပါသည်။

တမန်တော်များအသတ်ခံရပြီးနောက်တွင်၊ ဧဝံဂေလိတရားတော်နှင့် ခရစ်တော်၏အသင်းတော်ထံမှ ကျယ်ပြန့်စွာ ကျရှုံးခြင်းများရှိခဲ့သည်။ ဤအဝေးသို့ကျရှုံးခြင်းကို တစ်ခါတစ်ရံတွင် ကြီးစွာသောဖောက်ပြန်သင်းကွဲခြင်းဟု ခေါ်ပါသည်။ ထိုအရာကြောင့်၊ ဘုရားသခင်သည် ယဇ်ပုရောဟိတ်အခွင့်အာဏာကို မြေကြီးမှ ရုပ်သိမ်းခဲ့ပါသည်။ ဤဆုံးရှုံးမှုတွင် အသင်းတော်ကို ညွှန်ကြားရန်လိုအပ်သည့် အခွင့်အာဏာပါဝင်ခဲ့ပါသည်။ ရလဒ်တစ်ခုအနေဖြင့်၊ ယေရှုတည်ထောင်ခဲ့သည့်အသင်းတော်မှာ မြေကြီးပေါ်တွင်မရှိတော့ပေ။

ဤကာလအတွင်းတွင်၊ လူတို့သည် ဧဝံဂေလိတရားတော်သွန်သင်ခြင်းများစွာတို့ကို ပြောင်းလဲခဲ့ပါသည်။ ကောင်းကင်ဘုံရှင်အဘ၊ ယေရှုခရစ်တော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏မှန်သောသဘာဝအကြောင်းအသိပညာအများစုမှာ ပုံပျက်ခဲ့ သို့မဟုတ် ပျောက်ဆုံးသွားခဲ့ပါသည်။ လူတို့သည် ဗတ္တိဇံကဲ့သို့သော ယဇ်ပုရောဟိတ်အခွင့်ဘိသိက်မင်္ဂလာများကိုလည်း ပြောင်းလဲခဲ့ပါသည်။

ရာစုနှစ်များစွာကြာပြီးနောက်တွင်၊ သမ္မာတရားကိုရှာသည့် အမျိုးသားအမျိုးသမီးတို့သည် ပြောင်းလဲခဲ့သည့် သွန်သင်ခြင်းများနှင့် အလေ့အကျင့်များကို ပြုပြင်ရန် ကြိုးစားခဲ့ကြပါသည်။ သူတို့သည် ပို၍ကြီးမြတ်သည့် ဝိညာဉ်ပကတိအလင်းကို ရှာခဲ့ပါသည်၊ သူတို့အထဲမှအချို့သည် သမ္မာတရားပြန်လည်ဆောင်ယူခြင်းလိုအပ်ခြင်းကိုပြောခဲ့ကြပါသည်။ သူတို့၏အားထုတ်မှုများသည် အသင်းတော်များစွာဖွဲ့စည်းခြင်းသို့ ပို့ဆောင်ခဲ့ပါသည်။

ဤအချိန်ကာလအပိုင်းအခြားသည် ဘာသာရေးလွတ်လပ်မှုအပေါ်အလေးထားခြင်းကို တိုးစေခဲ့ပါသည်၊ ထိုတိုးခြင်းက သမ္မာတရားပြန်လည်ဆောင်ယူခြင်းနှင့် ဘုရားသခင်ထံမှ အခွင့်အာဏာအတွက် လမ်းကိုဖွင့်ပေးခဲ့ပါသည်။

အဝေးသို့ကျရှုံးခြင်းကို ပရောဖက်များနှင့် တမန်တော်များက ကြိုတင်ဟောပြောခဲ့ပါသည် (ရှု သက်သာလောနိဩဝါဒစာ ဒုတိယစောင် ၂း၁-၃)။ ဧဝံဂေလိတရားတော်နှင့် ယေရှုခရစ်တော်၏အသင်းတော်ကို မြေကြီးသို့ ပြန်လည်ဆောင်ယူလိမ့်မည့်အကြောင်းကိုလည်း ကြိုတင်ဟောပြောခဲ့ပါသည် (ရှု တမန်တော်ဝတ္ထု ၃း၂၀-၂၁)။ အဝေးသို့ကျရှုံးခြင်းမရှိခဲ့လျှင်၊ ပြန်လည်ဆောင်ယူခြင်းကို လိုအပ်မည်မဟုတ်ပေ။

ကျမ်းစာလေ့လာခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

ဂျိုးဇက်စမစ်အားဖြင့် ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကိုပြန်လည်ဆောင်ယူခြင်း

ပထမရူပါရုံ၊ ပရောဖက်တစ်ပါးအဖြစ်ဂျိုးဇက်စမစ်၏အမှုတော်ဆောင်တာဝန်

ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အပြည့်အစုံမြေကြီးပေါ်တွင်မရှိသည့်ကာလအတွင်းတွင်၊ ကောင်းကင်ဘုံရှင်အဘသည် ကိုယ်တော်၏သားသမီးများဆီသို့ ဆက်၍ဖြန့်ကျက်ခဲ့ပါသည်။ အချိန်ကြာသောအခါ၊ ကိုယ်တော်သည် နည်းလမ်းကိုပြင်ဆင်ခဲ့ပါသည်၊ ထိုကဲ့သို့အားဖြင့် သူတို့သည် ကိုယ်တော်၏ဧဝံဂေလိတရားတော်အပြည့်အစုံဖြင့် ကောင်းချီးခံစားနိုင်ခဲ့ကြပါသည်။ အခြေအနေများကောင်းသောအခါ၊ ကိုယ်တော်သည် ဂျိုးဇက်စမစ်အား ပရောဖက်တစ်ပါးအဖြစ် ခေါ်သွင်းခဲ့ပါသည်၊ သူ့အားဖြင့် ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ပြန်လည်ဆောင်ယူနိုင်မည်ဖြစ်ပါသည်။

ဂျိုးဇက်စမစ်သည် ကြီးစွာသောဘာသာရေးစိတ်လှုပ်ရှားမှုရှိသည့်အချိန်တွင် အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်းတွင်နေခဲ့ပါသည်။ သူ၏မိသားစုများသည် ဘုရားသခင်ကို ဆက်ကပ်ခဲ့ကြပါသည်၊ သမ္မာတရားကိုလည်းရှာခဲ့ကြပါသည်။ အသင်းတော်များစွာတို့သည် သမ္မာတရားရှိကြောင်းဆိုခဲ့ကြပါသည်၊ ဂျိုးဇက်စမစ်သည် မည်သည့်အသင်းတော်မှန်ကြောင်းကို သိလိုခဲ့ပါသည် (ရှု ဂျိုးဇက်စမစ်—သမိုင်း ၁း၁၈)။ “ကိုယ်တော်ရှင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ခု၊ ဗတ္တိဇံတစ်ခု” (ဧဖက်ဩဝါဒစာ ၄း၅) ရှိကြောင်း သမ္မာကျမ်းက သွန်သင်ပါသည်။ ဂျိုးဇက်သည်အသင်းတော်များစွာကို တက်ရင်း၊ မည်သည့်အသင်းတော်ကို ပါဝင်ရမှန်းမသိဖြစ်ခဲ့ပါသည်။ နောက်ပိုင်းတွင်သူကပြောခဲ့ပါသည်၊

“အလွန်ကြီးမား သည်ကား ခြားနားသောဂိုဏ်းခွဲတို့၌ ရှိလေသည့် ရှုပ်ထွေးခြင်းနှင့် ရန်တွေ့ခြင်းတို့ ဖြစ်လေ၍၊ ကျွန်ုပ်ကဲ့သို့ ငယ်ရွယ်သောသူတစ်ယောက် အတွက် … အဘယ်သူမှန်၍၊ အဘယ်သူမှားသည်ဟူသော သေချာသည့် ကောက်ချက်တစ်စုံတစ်ခုကို ချရန်မှာ မဖြစ်နိုင်ခဲ့ပေ။

“ဤစကားစစ်ထိုးခြင်းနှင့် ရုန်းရင်းခတ်ခြင်းသဘောတို့အလယ်၌၊ ကျွန်ုပ်သည်လည်း၊ အဘယ်အရာကို ပြုရမည်နည်း၊ ဤခပ်သိမ်းသော အုပ်စုတို့၌ အဘယ်သူသည် မှန်သနည်း၊ သို့မဟုတ်၊ သူတို့အားလုံး အတူ မှားကြလေသလော၊ သူတို့အထဲမှ အုပ်စုတစ်ခုခုက မှန်လျှင်၊ ထိုအုပ်စုမှာ အဘယ်အုပ်စုနည်း၊ အဘယ်နည်းဖြင့် အကျွန်ုပ်သိရမည်နည်း။” (ဂျိုးဇက်စမစ်—သမိုင်း ၁း၈-၁၀)။

လူများစွာတို့ကဲ့သို့ပင်၊ ဂျိုးဇက်စမစ်သည်လည်း သူ့စိတ်ဝိညာဉ်၏ကယ်တင်ခြင်းနှင့်ပတ်သက်ပြီး မေးခွန်းများရှိခဲ့ပါသည်။ သူသည် သူ၏အပြစ်များကို ခွင့်လွှတ်ခံရလိုသည်၊ ဘုရားသခင်ရှေ့တွင် သန့်ရှင်းလိုခဲ့ပါသည်။ သူသည် အမျိူးမျိုးသောအသင်းတော်များကြားတွင် သမ္မာတရားကို ရှာရင်း သမ္မာကျမ်းကို ဖတ်ခဲ့ပါသည်၊ “သင်တို့တွင် တစုံတယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ၊ တောင်းလျှင် ရလိမ့်မည်” (ရှင်ယာကုပ်ဩဝါဒစာ ၁း၅)။

ဤကျမ်းပိုဒ်ကြောင့်၊ ဂျိုးဇက်စမစ်သည် သူလုပ်သင့်သည့်အရာကို ဘုရားသခင်အားမေးရန် ဆုံးဖြတ်ခဲ့ပါသည်။ ၁၈၂၀ နွေဦးတွင်၊ သူသည် သူ့အိမ်အနီးရှိတောတန်းသို့သွားပြီးဒူးထောက်၍ဆုတောင်းခဲ့ပါသည်။ ထို့နောက်တွင်ဖြစ်လာခဲ့သည့် ရူပါရုံအကြောင်း မှတ်တမ်းလေးခုရှိပါသည်၊ ဂျိုးဇက်စမစ်က မှတ်တမ်းတင်ခဲ့ သို့မဟုတ် သူ၏လမ်းညွှန်မှုအောက်တွင် ရေးမှတ်ထားပါသည် (ရှု ဧဝံဂေလိတရားတော်အကြောင်းအရာစာတမ်းများ၊ “ပထမရူပါရုံမှတ်တမ်း”)။ ကျမ်းစာများအဖြစ်သတ်မှတ်ထားသည့်မှတ်တမ်းတွင်၊ သူသည် သူ၏အတွေ့အကြုံကို အောက်ပါအတိုင်း ဖော်ပြခဲ့ပါသည်။

ရုပ်ပုံ
ပထမရူပါရုံ၊ လင်ဒါခရစ္စတင်းနှင့် မိုက်ကယ်လ်မမ် တို့၏လက်ရာ

“ကျွန်ပ်သည်အလင်းတန်းတစ်ခုကိုတွေ့ခဲ့ရသည်။ ကျွန်ုပ်၏ဦးခေါင်းပေါ်တည့်တည့်တွင် နေ၏အလင်းထက်သာလွန်ပြီးထွန်းလင်းတောက်ပနေခဲ့သည်။ထိုအလင်းတန်းသည် ကျွန်ုပ်ပေါ်သို့တဖြည်းဖြည်းဆင်းသက်လာပြီး ထိုအလင်း ကျွန်ုပ်အပေါ် ကိန်းဝပ်သော အခါ၊ ဖော်ပြ၍ မရလောက်အောင် ရှိသော ရောင်ခြည်နှင့် ဘုန်းတော်အရှင် ပုဂ္ဂိုလ်နှစ်ပါးကို၊ ကျွန်ုပ်အထက် လေထဲ၌ ရပ်နေသည်ကို မြင်ရ၏။ သူတို့ထဲကတစ်ယောက်ကကျွန်တော့်ကိုစကားပြောပြီး၊သူကကျွန်တော့်ကိုနာမည်နဲ့ခေါ်ပြီး၊တစ်ယောက်ကိုလက်ညှိုးထိုးပြလိုက်ပါတယ်—ဤသူကားငါ၏ချစ်သားပေတည်း။ သူ့ကို နားထောင်လော့” (ဂျိုးဇက်စမစ်သမိုင်းအကြောင်း ၁:၁၆-၁၇)

ဤရူပါရုံတွင်၊ အဘဘုရားသခင်နှင့် ကိုယ်တော်၏သားတော်ယေရှုခရစ်တော်တို့သည် ဂျိုးဇက်စမစ်ဆီ ပေါ်လာတော်မူခဲ့ပါသည်။ ကယ်တင်ရှင်က သူ့အား မည်သည့်အသင်းတော်ကိုမျှမဝင်ရန် မိန့်တော်မူခဲ့ပါသည်။

ဤရူပါရုံအကြောင်းတခြားမှတ်တမ်းတစ်ခုတွင်၊ ဂျိုးဇက်သည် သူ့ကိုကယ်တင်ရှင်မိန့်တော်မူသည့်အရာကို ဝေငှခဲ့ပါသည် “သင်၏အပြစ်များကို ခွင့်လွှတ်၏။ … ရှုလော့ ငါသည် ဘုန်းအသရေကိုယ်တော်ရှင်ဖြစ်၏။ ငါ၏နာမတော်ကို ယုံကြည်သူအပေါင်းတို့ ထာဝရအသက်ကို ရကြစေခြင်းငှာ ငါသည် လောကအတွက် ကားစင်တွင် ကွပ်မျက်ခံရ၏။

ဤရူပါရုံပြီးနောက်တွင်၊ ဂျိုးဇက်ကပြန်၍စဉ်းစားခဲ့ပါသည်၊ “ကျွန်ုပ်၏စိတ်ဝိညာဉ်သည် ချစ်ခြင်းနှင့် ပြည့်၏၊ နေ့များစွာကြာအောင်၊ ကျွန်ုပ်သည် ကြီးစွာသောဝမ်းမြောက်ခြင်းနှင့် ရွှင်လန်းဝမ်းမြောက်နိုင်ခဲ့သည်၊ ကိုယ်တော်ရှင်သည် ကျွန်ုပ်နှင့်အတူရှိတော်မူ၏” (ဂျိုးဇက်စမစ်သမိုင်း၊ နွေရာသီ ၂၈၃၂-၃ ခန့်၊ josephsmithpapers.org၊ စာလုံးပေါင်းနှင့် ပုဒ်ဖြတ်ပုဒ်ရပ်ကို ခေတ်မီအောင်လုပ်ထားသည်)။

ဤရူပါရုံအားဖြင့်၊ ဂျိုးဇက်စမစ်သည် ယေရှုခရစ်တော်၏သက်သေတစ်ဦးဖြစ်လာခဲ့ပြီး၊ ဘုရားဂုဏ်နှင့်ပတ်သက်သည့် အရေးကြီးသောသမ္မာတရားများကို သင်ယူခဲ့ပါသည်။ ဥပမာအားဖြင့်၊ ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော်တို့သည် သီးခြားပုဂ္ဂိုလ်များဖြစ်ကြပါသည်။ ကိုယ်တော်တို့က သူ့ကိုအမည်တပ်ခေါ်သောအခါ၊ ကိုယ်တော်တို့ သူ့ကို ကိုယ်တိုင်ကိုယ်ကျသိကြောင်း သူသင်ယူခဲ့ရပါသည်။ ဂျိုးဇက်သည် ခွင့်လွှတ်ခံရကြောင်း မိန့်တော်မူခံရသောအခါ၊ ဘုရားသခင်သည် ကရုဏာကြီးတော်မူကြောင်းကို သိခဲ့၏။ ဤအတွေ့အကြုံက သူ့ကို ဝမ်းမြောက်ခြင်းနှင့် ပြည့်စေပါသည်။

ဘုရားသခင်သည် ယခင်ပရောဖက်များစွာတို့ကို ပြုခဲ့သည့်နည်းတူ၊ ကိုယ်တော်သည် ဂျိုးဇက်စမစ်ကို မြေကြီးသို့ ဧဝံဂေလိတရားတော်အပြည့်အစုံကို ပြန်လည်ဆောင်ယူရာ ပရောဖက်တစ်ပါးအဖြစ်ခေါ်သွင်းခဲ့ပါသည်။ ဤပြန်လည်ဆောင်ယူခြင်းသည် ဘုရားသခင့်သားသမီးများကို ဤလောကနှင့် လာမည့်လောက၌ ယေရှုခရစ်တော်အားဖြင့် ဝမ်းမြောက်ခြင်းကို ရှာတွေ့ရန် ကူညီလိမ့်မည်။

ယဇ်ပုရောဟိတ်အခွင့်နှင့် ယဇ်ပုရောဟိတ်အခွင့်သော့များကို ပြန်လည်ဆောင်ယူခြင်း

ရုပ်ပုံ
သင်တို့ ငါ၏အပေါင်းအဖော်အစေခံများသို့၊ လင်ဒါကာလီခရစ္စတင်းနှင့် မိုက်ကယ်မမ်လ်မ်တို့၏လက်ရာ

ခမည်းတော်နှင့်သားတော်ပေါ်လာတော်မူခြင်းနောက်တွင်၊ အခြားတမန်တော်များကို ဂျိုးဇက်စမစ်နှင့် သူ၏တွဲဖက်အော်လစ်ဗာကောင်ဒရီတို့ထံ စေလွှတ်ခဲ့ပါသည်။ ဗတ္တိဇံဆရာယောဟန်သည် ရှင်ပြန်ထမြောက်သောပုဂ္ဂိုလ်အဖြစ်ပေါ်လာခဲ့ပြီး၊ သူတို့အား အာရုန်ယဇ်ပုရောဟိတ်အခွင့်နှင့် သော့များကို ပေးခဲ့ပါသည်။ အာရုန်ယဇ်ပုရောဟိတ်အခွင့်တွင် ဗတ္တိဇံပေးရန် အခွင့်အာဏာ ပါဝင်ပါသည်။

ရုပ်ပုံ
ပေတရု၊ ယာကုန်နှင့် ယောဟန်တို့၏အသံ၊ ဝယ်လ်ဒင် စီ၊ အန်ဒါဆင်၏လက်ရာ

များမကြာမီတွင်၊ ပေတရု၊ ယာကုပ်နှင့် ယောဟန် ခရစ်တော်၏မူလတမန်တော်သုံးပါးသည်၊ ရှင်ပြန်ထမြောက်သောပုဂ္ဂိုလ်များအဖြစ် ပေါ်လာခဲ့ကြပြီး၊ မေလခိဇေဒက်ယဇပုရောဟိတ်အခွင့်နှင့် ထိုအခွင့်၏ သော့များကို ဂျိုုးဇက်စမစ်နှင့် အော်လီဗာကောင်ဒရီတို့အား ပေးခဲ့ပါသည်။ ဤယဇ်ပုရောဟိတ်အခွင့်သည် ခရစ်တော်၊ ကိုယ်တော်၏တမန်တော်များကို ရှေးကပေးခဲ့သည့် အခွင့်အာဏာနှင့် အလားတူဖြစ်ပါသည်။

ရုပ်ပုံ
Image of Moses Elias and Elijah descending into the Kirtland temple and appearing to Joseph Smith.

ကာ့တ်လန်းဗိမာန်တော်တွင်၊ မောရှေ၊ ဧလိုင်ယနှင့် ဧလိယတို့သည် ဂျိုးဇက်စမစ်နှင့် အော်လီဗာကောင်ဒရီတို့ထံပေါ်လာခဲ့ပြီး၊ နောက်ပိုင်းကာလများ၌ ဘုရားသခင့်အမှုတော်ပြီးမြောက်ရန် လိုအပ်သည့် နောက်ထပ်အခွင့်အာဏာနှင့် ယဇ်ပုရောဟိတ်အခွင့်သော့များကို ပေးအပ်ခဲ့ပါသည်။ မောရှေသည် သော့များကို ဣသရေလအမျိုးသားတို့ကို စုဝေးစေခြင်းအတွက် ပေးအပ်ခဲ့ပါသည်။ ဧလိုင်ယသည် အာဗြဟံ၏ဧဝံဂေလိတရားတော်သာသနာကာလကို ပေးအပ်ခဲ့ပါသည်။ ဧလိယသည် တံဆိပ်ခတ်ခြင်းတန်ခိုးကို ပေးအပ်ခဲ့ပါသည်။ (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၁၀း၁၀-၁၆၊ လည်းရှု အထွေထွေလက်စွဲစာအုပ်၃၊ ၁။)

အသင်းတော်အဖွဲ့အစည်း

ဂျိုးဇက်စမစ်သည် မြေကြီးပေါ်၌ ယေရှုခရစ်တော်၏အသင်းတော်ကို တစ်ဖန်ဖွဲ့စည်းရန် လမ်းညွှန်ခံခဲ့ရပါသည်။ သူ့အားဖြင့်၊ ယေရှုခရစ်တော်သည် တမန်တော်တစ်ဆယ့်နှစ်ပါးကို ခေါ်သွင်းခဲ့ပါသည်။

သမ္မာကျမ်းခေတ်ကပရောဖက်များက ကျွန်ုပ်တို့ယခုနေသည့်ခေတ်ကို နောက်ဆုံးကာလ သို့မဟုတ် နောက်ပိုင်းကာလဟု ရည်ညွှန်းခဲ့ပါသည်။ ထိုအချိန်သည် ယေရှုခရစ်တော်၏ဒုတိယအကြိမ်ကြွလာတော်မူခြင်းမတိုင်မီ ကပ်လျက်အချိန်ဖြစ်ပါသည်။ ထို့ကြောင့် အသင်းတော်ကို ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ဟု အမည်ပေးခဲ့ပါသည် (ရှုဩဝါဒနှင့် ပဋိညာဉ်များကျမ်း၁၁၅း၃-၄၊ လည်းရှု ၃နီဖိုင်း ၂၇း၃-၈)။

ယနေ့ အသက်ရှင်သောပရောဖက်များနှင့် တမန်တော်များ

ယေရှုသည် ကိုယ်တော်၏သေခြင်းရှိရာအမှုတော်ဆောင်ခြင်းအတွင်း ကိုယ်တော်၏အသင်းတော်ကို ဦးဆောင်ရန် တမန်တော်များကို ခေါ်သွင်းခဲ့သကဲ့သို့ပင်၊ ကိုယ်တော်သည် ယနေ့တွင်ဦးဆောင်ရန် တမန်တော်များကို ခေါ်သွင်းခဲ့ပါသည်။ ပထမဥက္ကဋ္ဌအဖွဲ့နှင့် တမန်တော်တစ်ဆယ့်နှစ်ပါး အဖွဲ့သည် ပရောဖက်များ၊ မြင်သောသူများနှင့် ဗျာဒိတ်ဟောသူများဖြစ်ပါသည်။

အကြီးပိုင်းတမန်တော်ကိုသာ ပရောဖက်ဟုခေါ်ပါသည်၊ အဘယ်ကြောင့်ဆိုသော် သူသည် အသင်းတော်တစ်ခုလုံးကို ဦးစီး၍၊ ကိုယ်တော်အတွက်ဟောပြောရန် ထူးခြားစွာအခွင့်အာဏာရရှိထားပါသည်။ သူသည် ဂျိုးဇက်စမစ်နောက်တွင် အခွင့်အာဏာ ရရှိထားပါသည်။ သူနှင့်လက်ရှိတမန်တော်များသည် ကောင်းကင်တမန်များလက်အောက်၌ ဂျိုးဇက်စမစ်ခန့်ထားခံရသောအချိန်တွင် စခဲ့သည့် ယေရှုခရစ်တော်အထိ မပြတ်သောခန့်ထားခြင်းများဖြင့် သူတို့၏အခွင့်အာဏာကို ထပ်ကူးပါသည်။

ကျမ်းစာလေ့လာခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

မော်မုန်ကျမ်း၊ ယေရှုခရစ်တော်အကြောင်း တစ်ခြားသောသက်သေခံချက်

မော်မုန်ကျမ်းသည် သမ္မာကျမ်းကဲ့သို့ပင် သန့်ရှင်းသောရှေးကျမ်းစာတွဲတစ်ခုဖြစ်ပါသည်။ သမ္မာကျမ်းသည် ယေရှုခရစ်တော်အကြောင်းသက်သေခံချက်တစ်ခုဖြစ်ပါသည်၊ မော်မုန်ကျမ်းသည် ကိုယ်တော်၏အမှုတော်ဆောင်ခြင်း၊ ကိုယ်တော်၏သွန်သင်ခြင်းများ၊ ကျွန်ုပ်တို့၏ကယ်တင်ရှင်အဖြစ် ကိုယ်တော်၏ အထူးတာဝန်အကြောင်း ဒုတိယသက်သေခံချက်တစ်ခုဖြစ်ပါသည်။

ဂျိုးဇက်စမစ်သည် ရာစုနှစ်များစွာက ရှေးမှတ်တမ်းတစ်ခုကို မြှုပ်ထားရာ တောင်ကုန်းတစ်ခုဆီသို့ မော်ရော်နိုင်းဟုခေါ်သည့် ကောင်းကင်တမန်အားဖြင့် လမ်းညွှန်ခံခဲ့ရပါသည်။ ဤမှတ်တမ်းကို၊ ရွှေပုရပိုက်ပြားများ (သတ္တုပြားပါးပါးများ)ပေါ်တွင်ရေးထွင်းထားပါသည်၊ ရှေးအမေရိကနေထိုင်သူအချို့နှင့် ဘုရားသခင်၏ဆက်သွယ်ခြင်းအကြောင်း ပရောဖက်တို့၏စာများ ပါဝင်ပါသည်။ ဂျိုးဇက်စမစ်သည် ဤမှတ်တမ်းကို ဘုရားသခင်၏ဆုကျေးဇူးနှင့် တန်ခိုးတို့ဖြင့် ဘာသာပြန်ခဲ့ပါသည်။

မော်မုန်ကျမ်းရှိ ပရောဖက်တို့သည် ယေရှုခရစ်တော်၏အထူးတာဝန်ကို သိကြပါသည်၊ ကိုယ်တော်၏ဧဝံဂေလိတရားတော်ကို သွန်သင်ခဲ့ကြပါသည်။ ယေရှုရှင်ပြန်ထမြောက်ပြီးနောက်တွင်၊ ကိုယ်တော်သည် လူတို့ထံပေါ်လာခဲ့ပြီး၊ သူတို့ကို ကိုယ်တိုင်ကိုယ်ကျ အမှုတော်ဆောင်ခဲ့ပါသည်။ ကိုယ်တော်သည် သူတို့ကို သွန်သင်ပြီး ကိုယ်တော်၏အသင်းတော်ကို တည်ထောင်ခဲ့ပါသည်။

ကျွန်ုပ်တို့သည် မော်မုန်ကျမ်းကို သင်ယူကြ၊ နားလည်ကြ၊ ထိုကျမ်း၏သွင်သင်ချက်များကို အသုံးပြုကြသမျှ၊ ထိုကျမ်းသည် ကျွန်ုပ်တို့ကို ဘုရားသခင်နှင့် ပိုနီးရာသို့ ချဉ်းကပ်ရန် ကူညီပါသည်။ ပရောဖက်ဂျိုးဇက်စမစ်က ပြောခဲ့ပါသည်၊ “အမျိုးသား (သို့မဟုတ် အမျိုးသမီး)တစ်ဦးသည် အခြားတစ်စုံတစ်ခုသောကျမ်းထက် (ထိုကျမ်း၏) ပညတ်များအတိုင်းနေထိုင်ခြင်းအားဖြင့် ဘုရားသခင်နှင့် ပိုနီးလာလိမ့်မည်” (သွန်သင်ခြင်းများ၊ ဂျိုးဇက်စမစ်၆၄

ရုပ်ပုံ
စာဖတ်နေသည့်အမျိုးသား

မော်မုန်ကျမ်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ကြောင်းသိရန်၊ ကျွန်ုပ်တို့သည် ထိုကျမ်းကို ဖတ်ရန်၊ နှလုံးသွင်းရန်နှင့် ထိုကျမ်းအကြောင်း ဆုတောင်းရန်လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် ရိုးသားသောစိတ်နှလုံးနှင့်၊ စစ်မှန်သောရည်ရွယ်ချက်နှင့်၊ ယေရှုခရစ်တော်၌ ယုံကြည်ခြင်းနှင့် ဆုတောင်းကြသည်နှင့်အမျှ၊ ဘုရားသခင်သည် ထိုကျမ်း၏သမ္မာတရားကို ဖော်ပြလိမ့်မည်ဖြစ်ကြောင်း မော်မုန်ကျမ်း ပရောဖက်တစ်ပါးက ကတိပေးထားပါသည် ( ရှု မော်ရော်နိုင်း ၁၀း၃-၅)။ မော်မုန်ကျမ်းကို လေ့လာခြင်းသည် ပြောင်းလဲခြင်းကြံ့ကြံ့ခံခြင်းအတွက် မရှိမဖြစ်လိုအပ်ပါသည်။

ကျွန်ုတို့သည် မော်မုန်ကျမ်းကို ဖတ်၍၊ ထိုကျမ်းအကြောင်း ဆုတောင်းကြသည်နှင့်အမျှ၊ ကျွန်ုပ်တို့ဘဝများကို ကောင်းချီးပေးမည့် ယေရှုခရစ်တော်အကြောင်း သမ္မာတရားများကို သင်ယူရလိမ့်မည်။ ဂျိုးဇက်စမစ်သည် ဘုရားသခင်၏ပရောဖက်တစ်ပါးဖြစ်ကြောင်း၊ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်နှင့် အသင်းတော်ကို သူ့အားဖြင့် ပြန်လည်ဆောင်ယူထားကြောင်းတို့ကိုလည်း သိလာကြလိမ့်မည်။

ရုပ်ပုံ
ဥက္ကဌရပ်ဆယ် အမ် နယ်လ်ဆင်

“သင်တို့ဟာ မော်မုန်ကျမ်းကို ဆုတောင်းခြင်းထက်သန်စွာ နေ့တိုင်း လေ့လာကြသည်နှင့်အမျှ၊ သင်သည်—နေ့တိုင်းပိုကောင်းသည့် ဆုံးဖြတ်ချက်များပြုမယ့်အကြောင်း ကျွန်တော်ကတိပေးပါတယ်။ သင်တို့ဟာ လေ့လာတဲ့အရာကို နှလုံးသွင်းကြတာနဲ့အမျှ၊ ကောင်းကင်ဘုံပြတင်းတွေပွင့်လိမ့်မယ်၊ သင်တို့မေးခွန်းတွေအတွက်အဖြေတွေ၊ သင်တို့ဘဝအတွက်လမ်းညွှန်ချက် ရလိမ့်မယ်လို့ ကျွန်တော်ကတိပြုပါတယ်။ သင်တို့ဟာ မိမိကိုယ်ကို မော်မုန်ကျမ်းထဲမှာ နေ့စဉ်နှစ်မြှုပ်ကြတာနဲ့အမျှ၊ တစ်နေ့တာရဲ့ မကောင်းမှုများကို ဆန့်ကျင်ကာကွယ်နိုင်မယ့်အ‌ကြောင်း ကျွန်တော်ကတိပေးပါတယ်” (ရပ်ဆဲလ်အမ်၊ နယ်လဆင်၊ “မော်မုန်ကျမ်း၊ သင်၏ဘဝသည် ထိုကျမ်းမရှိလျှင် မည်သို့ ဖြစ်မည်နည်းလီယဟိုနာ၊ နို၊ ၂၀၁၇၊ ၆၂-၆၃)။

ကျမ်းစာလေ့လာခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

  • ကျမ်းစာလမ်းညွှန်၊ “မော်မုန်ကျမ်း

  • ဧဝံဂေလိတရားတော်အကြောင်းအရာများ၊ “မော်မုန်ကျမ်း

ရုပ်ပုံ
ဆုတောင်းနေသည့်အမျိုးသမီး

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သမ္မာတရားကို သိရန်ဆုတောင်းပါ

ဘုရားသခင်သည် ကျွန်ုပ်တို့၏အဘဖြစ်သောကြောင့်၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သမ္မာတရားကို သိရှိရန် ကူညီလိမ့်မည်။ ကျွန်ုပ်တို့သည် မော်မုန်ကျမ်းကို ဖတ်၍၊ ဘုရားသခင်ထံဆုတောင်းကြသည်နှင့်အမျှ၊ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အား ပြန်လည်ဆောင်ယူခြင်း သတင်းစကားကို သိနိုင်ကြပါသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းနှင့် စစ်မှန်သောရည်ရွယ်ချက်နှင့် ဆုတောင်းကြသောအခါ၊ ကိုယ်တော်သည် ကျွန်ုပ်တို့၏မေးခွန်းများကို ဖြေလိမ့်မည်၊ ကျွန်ုပ်တို့၏ဘဝများကို လမ်းညွှန်လိမ့်မည်။

ဘုရားသခင်သည် ကျွန်ုပ်တို့၏ဆုတောင်းခြင်းများကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အဖြေပေးလေ့ရှိပါသည်။ ကျွန်ုပ်တို့ဆုတောင်းကြသည်နှင့်အမျှ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သမ္မာတရားကို သွန်သင်ပေးပါသည်၊ အတည်ပြုပါသည်။ သန့်ရှင်းသောဝိညာဉ်တော်ထံမှ ဆက်သွယ်ချက်များသည် တန်ခိုးကြီးပါသည်။ ၎င်းတို့သည် ကျွန်ုပ်တို့၏ခံစားချက်များ၊ အတွေးများနှင့် ထင်မြင်ချက်များမှတစ်ဆင့် တိတ်ဆိတ်သောအာမခံချက်တစ်ခုအဖြစ် လာလေ့ရှိပါသည် (ရှု ၁ ဓမ္မရာဇဝင် ၁၉း၁၁-၁၂ဟေလမန် ၅း၃၀ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၈း၂)။

ကျမ်းစာများပုံမှန်လေ့လာခြင်း (အထူးသဖြင့် မော်မုန်ကျမ်း)၊ အပတ်စဉ်ပွဲတော်အစည်းအဝေးတက်ရောက်ခြင်း၊ ရိုးသားသောဆုတောင်းခြင်းများသည် ကျွန်ုပ်တို့ကို သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးကို ခံစားရန်နှင့် သမ္မာတရားကို ရှာဖွေရန် ကူညီပါသည်။

ကျမ်းစာလေ့လာခြင်း

ဤအခြေခံသဘောတရားအကြောင်းကိုပို၍လေ့လာခြင်း

သင်ခန်းစာ အတိုနှင့်အလတ်တို့အတွက် အကြမ်းဖော်ပြချက်

အောက်ပါအကျဉ်းချုပ်သည် သင့်တွင် အချိန်အနည်းငယ်သာရှိလျှင် တစ်စုံတစ်ဦးကို သင်သွန်သင်နိုင်သည့် ပုံစံတစ်ခုဖြစ်ပါသည်။ ဤအကျဉ်းချုပ်ကို အသုံးပြုသောအခါ၊ သွန်သင်ရန် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသည့် အခြေခံသဘောတရားများကို ရွေးချယ်ပါ။ အခြေခံသဘောတရားတစ်ခုချင်းစီ၏ ဩဝါဒအုတ်မြစ်ကို သင်ခန်းစာအစောပိုင်းတွင်ဖော်ပြပေးထားပါသည်။

သင် သွန်သင်သောအခါ၊ မေးခွန်းများမေးပါ၊ နားထောင်ပါ။ ဘုရားသခင်နှင့် မည်သို့ ပိုနီးလာပုံကို သင်ယူရန် လူတို့ကို ကူညီမည့် ဖိတ်ခေါ်ချက်များကို ကမ်းလှမ်းပါ။ အရေးကြီးသောဖိတ်ခေါ်ချက်တစ်ခုမှာ ထိုသူကို သင်နှင့် တစ်ဖန်တွေ့ဆုံဖို့ဖြစ်ပါသည်။ သင်ခန်းစာကြာချိန်သည် သင်မေးသည့်မေးခွန်းများနှင့် သင်ပြုလုပ်သည့် နားထောင်ခြင်းအပေါ်တွင် မူတည်ပါသည်။

ရုပ်ပုံ
အမျိုးသားတစ်ဦးကို စကားပြောနေသည့်သာသနာပြုများ

၃-၁၀ မိနစ်အတွင်းတွင်လူတို့အားသင်ကြားပေးနိုင်သောအရာ

  • ဘုရားသခင်သည် ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှင်အဘဖြစ်ပါသည်၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကိုယ်တော်၏ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းခဲ့ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကိုယ်တိုင်ကိုယ်ကျသိပါသည်၊ ကျွန်ုပ်တို့ကို ချစ်ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ငြိမ်းချမ်းခြင်း၊ ထာဝရတည်မြဲသည့် ဝမ်းမြောက်ခြင်းတို့ဖြင့် ကောင်းချီးပေးလိုတော်မူပါသည်။

  • ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ပါသည်။ ကိုယ်တော်၏အထူးတာဝန်မှာ ကျွန်ုပ်တို့၏အပြစ်များမှ သန့်ရှင်းစေခြင်း၊ သေခြင်းကို အောင်နိုင်ခြင်းနှင့် ထာဝရအသက်ကို ရရှိရန် ကျွန်ုပ်တို့အတွက် ဖြစ်နိုင်စေဖို့ဖြစ်ပါသည်။

  • ဘုရားသခင်သည် ပရောဖက်များကို မြေကြီးပေါ်တွင် ကိုယ်တော်၏ ကိုယ်စားလှယ်များအဖြစ် ခေါ်သွင်းတော်မူပါသည်။ ရှေးခေတ်တွင်၊ ကိုယ်တော်သည် အာဒံ၊ နောဧ၊ အာဗြဟံနှင့် မောရှေ အစရှိသည့် ပရောဖက်များကို ခေါ်သွင်းခဲ့ပါသည်။ အသက်ရှင်သောပရောဖက်တစ်ပါးသည် ယနေ့တွင်ကျွန်ုပ်တို့ကို သွန်သင်ရန်နှင့် ဦးဆောင်ရန် ဘုရားသခင်ထံမှ ဗျာဒိတ်တော်ကို ရရှိပါသည်။

  • ယေရှု၏သေခြင်းရှိသောအမှုတော်ဆောင်ကာလတွင်၊ ကိုယ်တော်သည် ကိုယ်တော်၏အသင်းတော်ကို တည်ထောင်ခဲ့ပါသည်။ ယေရှု၏တမန်တော်များသေပြီးနောက်တွင်၊ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်နှင့် အသင်းတော်မှ ကျယ်ပြန့်စွာအဝေးသို့ ကျရှုံးခြင်းရှိခဲ့ပါသည်။ လူတို့သည် ဧဝံဂေလိတရားတော်သွန်သင်ခြင်းမျာစွာနှင့် ဗတ္တိဇံကဲ့သို့သော ဘိသိက်မင်္ဂလာများကို ပြောင်းလဲခဲ့ပါသည်။

  • ဘုရားသခင်သည် ဂျိုးဇက်စမစ်ကို ပရောဖက်တစ်ပါးအဖြစ်ခေါ်သွင်းခဲ့ပါသည်၊ အစောပိုင်းအချိန်များ၌ ပရောဖက်များကို ကိုယ်တော်ခေါ်သွင်းခဲ့သကဲ့သို့ပင် ဖြစ်ပါသည်။ ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော်တို့သည် သူ့ထံပေါ်လာတော်မူခဲ့ပါသည်။ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို သူ့အားဖြင့် ပြန်လည်ဆောင်ယူခဲ့ပါသည်။

  • မော်မုန်ကျမ်းသည် ကျမ်းစာတွဲတစ်ခုဖြစ်ပါသည်။ သမ္မာကျမ်းကဲ့သို့ပင်၊ ထိုကျမ်းသည် ယေရှုခရစ်တော်အကြောင်း သက်သေခံချက်တစ်ခု ဖြစ်ပါသည်၊ ကျွန်တို့သည် ထိုကျမ်းကိုဖတ်၍ ထိုကျမ်း၏ပညတ်များကို အသုံးပြုကြသည်နှင့်အမျှ၊ ကျွန်ုပ်တို့ကို ဘုရားသခင်နှင့် ပိုနီးလာစေရန် ကူညီပါသည်။ ဂျိုးဇက်စမစ်သည် ထိုကျမ်းကို ဘုရားသခင်၏တန်ခိုးဖြင့် ဘာသာပြန်ခဲ့ပါသည်။

  • ရိုးသားသောဆုတောင်းခြင်းဖြင့်၊ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ဆက်သွယ်နိုင်ပါသည်။ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ပြန်လည်ဆောင်ယူခြင်းအကြောင်း သတင်းစကားသည် မှန်ကန်ကြောင်း ကျွန်ုပ်တို့သိနိုင်ပါသည်။

ပုံနှိပ်သည်