၂၀၁၀-၂၀၁၉
နောင်တရခြင်းဖြင့် သန့်စင်စေခြင်း
ဧပြီ ၂၀၁၉ အထွေထွေညီလာခံ


နောင်တရခြင်းဖြင့် သန့်စင်စေခြင်း

ဘုရားသခင်ရဲ့အစီအစဉ်နဲ့ ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာကြောင့်၊ ကျွန်တော်တို့ဟာ နောင်တရခြင်းဖြစ်စဉ်အားဖြင့် သန့်စင်လာနိုင်ကြပါတယ်။

လူ့ဇာတိမှာ ကျွန်တော်တို့ဟာ လူ့ဥပဒေများနဲ့ ဘုရားသခင့်ဥပဒေများရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိကြပါတယ်။ ပြင်းထန်တဲ့အကျင့်ပျက်မှုကို ဒီဥပဒေနှစ်မျိုးစလုံးနဲ့ တရားစီရင်ရတဲ့၊ သမားရိုးကျမဟုတ်တဲ့ အတွေ့အကြုံ ကျွန်တော့မှာ ရှိခဲ့ဖူးပါတယ်။ အရင်တုန်းကတော့ ယုတ တရားရုံးချုပ်ရဲ့ တရားသူကြီးအဖြစ်နဲ့ပါ၊ အခုဆိုရင် ပထမဥက္ကဌအဖွဲ့ဝင်တစ်ယောက်အဖြစ်နဲ့ပါပဲ။ လူ့ဥပဒေများနဲ့ ဘုရားသခင့်ဥပေဒေများကြား ကျွန်တော်တွေ့ကြုံခဲ့ရတဲ့ ကွဲပြားချက်က၊ ယေရှုခရစ်တော်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာ၏ အစစ်အမှန်ဖြစ်ခြင်းနဲ့ တန်ခိုးအပေါ် ကျွန်တော်ရဲ့လေးစားတန်ဖိုးထားမှုကို တိုးလာစေခဲ့ပါတယ်။ လူ့ဥပဒေများမှာဆိုလျှင်၊ အပြင်းထန်ဆုံးပြစ်မှုကို ကျူးလွန်တဲ့သူတစ်ယောက်ဟာ အာမခံရနိုင်ခြေမရှိဘဲ တစ်သက်တစ်ကျွန်းထောင်ချ ခံရနိုင်ပါတယ်။ ဒါပေမယ့် ကြင်နာသနားတဲ့ ချစ်သောကောင်းကင်ဘုံရှင်အဘရဲ့ အစီစဉ်မှာကျတော့ ခြားနားပါတယ်။ “ကျိုးပဲ့သောနှလုံးသားနှင့် ကြေကွဲသောစိတ်ရှိသူအားလုံး” (၂နီဖိုင်း ၂း၇) ၏အပြစ်များအတွက် ကယ်တင်ရှင်၏အပြစ်ဖြေခြင်းယဇ်ကြောင့် သေခြင်းရှိရာဘဝမှာ ဤကဲ့သို့ပြင်းထန်သောအပြစ်များမှ ခွင့်လွှတ်ခြင်းရနိုင်ကြောင်း ကျွန်တော်မြင်တွေ့ခဲ့ရပါတယ်။ ခရစ်တော်ကရွေးနှုတ်ပါတယ်၊ သူ၏အပြစ်ဖြေခြင်းမင်္ဂလာဟာ အစ်အမှန်ဖြစ်ပါတယ်။

ကျွန်တော်တို့ကယ်တင်ရှင်ရဲ့ ချစ်ခြင်းကရုဏာကို ဓမ္မတေးအဖွဲ့ ခုနကဆိုခဲ့တဲ့ ဓမ္မသီချင်းထဲမှာ ဖော်ပြထားပါတယ်။

ယေရှုထံ လာပါ၊ သင့်ကို သူအမြဲဂရုစိုက်ပါလိမ့်မယ်။

မှောင်မိုက်၌ သင်လမ်းလွဲလျှင်တောင်မှ

သူ၏ချစ်ခြင်းက သင့်ကိုရှာပြီး ညင်သာစွာ လမ်းပြပါလိမ့်မယ်။

အမှောင်မိုက်ဆုံးညမှ နေ့သို့

ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းယဇ်က လူသားအပေါင်းကို နောင်တရရန်နှင့် သူ့ထံလာရန် တံခါးကို ဖွင့်ပေးပါတယ် (ဩဝါဒနှင့်ပဋိညာဉ်များ ၁၈း၁၁မာကု ၃း၂၈၁နီဖိုင်း ၁၀း၁၈ အယ်လမာ ၃၄း၈၊ ၁၆ တွင်လည်းကြည့်ပါ။ ဆိုးညစ်ပြီးသွေးဆာသောလူတို့၏နောင်တရခြင်းနှင့် ခွင့်လွှတ်ခြင်းကို အယ်လမာကျမ်းက ဖော်ပြပါတယ်(အယ်လမာ ၂၅း၁၆ ၂၇း၂၇၊ ၃၀ တွင်ကြည့်ပါ)။ ဒီနေ့ ကျွန်တော်ရဲ့အမှာစကားကတော့ ထုတ်ပစ်ခြင်း သို့မဟုတ် အမည်ပယ်ဖျောက်ခြင်းအားဖြင့် အသင်းတော်၌ မိမိတို့အသင်းသားအဖြစ်ကို ဆုံးရှုံးရသူများအပါအဝင် ကျွန်တော်တို့အားလုံးအတွက် မျှော်လင့်ခြင်းတစ်ခုအကြောင်းဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ နောင်တရခြင်းအားဖြင့် သန့်စင်လာနိုင်သော အပြစ်သားများဖြစ်ကြပါတယ်။ “အပြစ်မှနောင်တရဖို့ဆိုတာ မလွယ်ပါဘူး”လို့ အသင်းလူကြီးရပ်ဆဲလ် အမ်နယ်လဆင်က အရင်အထွေထွေညီလာခံတစ်ခုမှာ သွန်သင်ခဲ့ပါတယ်။ “ဒါပေမယ့် အဖိုးအခက တော့ ဆုကြေးနဲ့ ထိုက်တန်ပါတယ်”

၁။ နောင်တရခြင်း

နောင်တရခြင်းဟာ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်နဲ့စတင်ပြီး၊ ဝမ်းမြောက်မှုတစ်ခုဖြစ်ပါတယ်၊ ဝန်ထုပ်ဝန်ပိုးတစ်ခုမဟုတ်ပါ။ လွန်ခဲ့တဲ့ဒီဇင်ဘာခရစ္စမတ်ဝတ်ပြုကိုးကွယ်ပွဲမှာ ဥက္ကဌနယ်လဆင် သွန်သင်ခဲ့တာကတော့“စစ်မှန်တဲ့နောင်တရခြင်းဆိုတာ အဖြစ်အပျက်တစ်ခုမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ဒီဇင်ဘာခရစ္စမတ်ဝတ်ပြုကိုးကွယ်ပွဲမှာ ဥက္ကဌနယ်လဆင် သွန်သင်ခဲ့တာကတော့“စစ်မှန်တဲ့နောင်တရခြင်းဆိုတာ အဖြစ်အပျက်တစ်ခုမဟုတ်ပါဘူး။ ဘယ်တော့မှ အဆုံးမရှိတဲ့အထူးအခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် စိတ်ငြိမ်းချမ်းမှုရှိခြင်း၊ နှစ်သိမ့်ခြင်းနဲ့ ဝမ်းမြောက်ခြင်းတို့အတွက် အခြေခံ ဖြစ်ပါတယ်။

နောင်တရခြင်းအကြောင်း အကောင်းဆုံးသွန်သင်ချက်အချို့ကတော့ “များစွာသောမယုံကြည်မှု၊” “မာနဖြင့် ဘဝင်မြင့်ခြင်း၊” ပြီးတော့၊ “စည်းစိမ်ဥစ္စာများနှင့် လောက၏ အချည်းနှီးသောအရာများအပေါ်မှာ စိတ်နှလုံးကိုထားခြင်း” အခြေအနေတို့၌ ရှိနေကြသူများလို့ နောက်ပိုင်းမှာ အယ်လမာဖော်ပြခဲ့သူ အသင်းတော်အသင်းသားများသို့ ဟောခဲ့တဲ့ သူ့ရဲ့မော်မုန်ကျမ်းဒေသနာထဲမှာ ရှိပါတယ်။ (အယ်လမာ ၇း၆ ) ။ ဒီပြန်လည်ဆောင်ယူထားတဲ့အသင်းတော်ရဲ့ အသင်းသားတိုင်းမှာ အယ်လမာရဲ့လမ်းပြလှုံ့ဆော်တဲ့ သွန်သင်ခြင်းမှ သင်ယူစရာတွေများစွာရှိပါတယ်။

ကျွန်တော်တို့ဟာ ယေရှုခရစ်တော်၌ ယုံကြည်ခြင်းနှင့် စတင်ကြပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့၊ “သူဟာ လောကီသားတို့၏ အပြစ်များကို ယူဆောင်သွားသူ” ဖြစ်လို့ပါပဲ (အယ်လမာ ၅း၄၈)။ ကျွန်တော်တို့ နောင်တရကြရပါမယ်၊ ဘာဖြစ်လို့လဲဆိုတော့၊ အယ်လမာသွန်သင်ခဲ့သလိုပါပဲ၊ “သင်တို့သည် နောင်တမရလျှင် ကောင်းကင်နိုင်ငံတော်ကို အလျှင်းအမွေမခံနိုင်”ကြလို့ပါပဲ။အယ်လမာ ၅း၅၁ နောင်တရခြင်းဟာ ဘုရားသခင်ရဲ့အစီအစဉ်ထဲမှာ မရှိမဖြစ်လိုအပ်တဲ့အပိုင်းတစ်ပိုင်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့၊ ကျွန်တော်တို့ရဲ့လူ့ဇာတိဘဝမှာ အားလုံးဟာ အပြစ်ပြုကြမှာဖြစ်ပြီး၊ ဘုရားသခင်ရဲ့မျက်မှောက်တော်ကနေ ပယ်ရှင်းခံကြရပါတယ်၊ လူသားဟာ နောင်တရခြင်းမရှိဘဲ ကယ်တင်ခြင်းသို့ မရောက်နိုင်ပါဘူး (အယ်လမာ ၅း၃၁ဟေလမန် ၁၂း၂၂ ကိုလည်း ကြည့်ပါ)။

ဒီဟာကို အစကတည်းက သွန်သင်ထားခဲ့ပါတယ်။ ကိုယ်တော်ရှင်က အာဒံကို မိန့်မှာခဲ့တာကတော့၊ “နေရာတိုင်းရှိ၊ လူသားအပေါင်းတို့ နောင်တရကြရမည်၊ သို့မဟုတ်လျှင်၊ ဘုရားသခင်၏နိုင်ငံတော်ကို အလျှင်းအမွေမခံနိုင်၊ အကြောင်းမူကား၊ အဘယ်မသန့်ရှင်းသောအရာမျှ ထိုနေရာမှာ မနေထိုင်နိုင်၊ သို့မဟုတ် သူ၏မျက်မှောက်တော်မှာ မနေထိုင်နိုင်ကြောင်း သင်၏သားသမီးတို့ကို သွန်သင်ပေးလော့လို့ပဲဖြစ်ပါတယ်မောရှေ ၆း၅၇။ ကျွန်တော်တို့ရဲ့အပြစ်အားလုံးမှ—ဘုရားသခင်ရဲ့ပညတ်တော်များနဲ့ဆန့်ကျင်တဲ့ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှု၊ သို့မဟုတ် မလှုပ်ရှားမှုအားလုံးမှ ကျွန်တော်တို့နောင်တရကြရပါမယ်။ ဘယ်သူမှလွတ်ငြိမ်းခွင့်မရပါဘူး။ လွန်ခဲ့တဲ့ညနေတုန်းက ဥက္ကဌနယ်လဆင်က ကျွန်တော်တို့ကို “ ညီအစ်ကိုများခင်ဗျာ၊ ကျွန်တော်တို့အားလုံး နောင်တရဖို့ လိုအပ်ပါတယ်”လို့ ဖိတ်ခေါ်ခဲ့ပါတယ်။

နောင်တရခြင်းအားဖြင့် သန့်စင်လာစေဖို့ဆိုလျှင်၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အပြစ်များကို စွန့်ပစ်ပြီး၊ ကိုယ်တော်ရှင်နဲ့ သူ့ရဲ့သေခြင်းရှိရာတရားသူကြီးဆီကို ဝန်ခံရမှာဖြစ်ပါတယ် ( ဩဝါဒနှင့်ပဋိညာဉ်များ ၅၈း၄၃ တွင် ကြည့်ပါ )။ ျွန်တော်တို့ဟာ “ဖြောင့်မတ်ခြင်းအကျင့်များကို ဖြစ်ပေါ်စေ”ရမှာဖြစ်ကြောင်းကိုလည်း အယ်လမာက သွန်သင်ခဲ့ပါတယ် ( အယ်လမာ ၅း၃၅ )။ ဒါတွေအားလုံးဟာ ခရစ်တော်ထံလာဖို့ ကျမ်းစာများမှာပါတဲ့ ခဏခဏဖိတ်ခေါ်ခြင်းရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ဥပုသ်နေ့တိုင်းမှာ ပွဲတော်ကို သုံးဆောင်ဖို့ လိုအပ်ပါတယ်။ အဲဒီဘိသိက်မင်္ဂလာမှာဆိုရင် ကျွန်တော်တို့ဟာပဋိညာဉ်များပြုပြီး၊ ကျွန်တော်တို့ဖြစ်မြောက်စေရန် ကျွန်တော်တို့ရဲ့ကယ်တင်ရှင်ဖိတ်ခေါ်ရာ စုံလင်ခြင်းမှ ကျွန်တော်တို့ကို တားဆီးတဲ့ ကျွန်တော်တို့ရဲ့အပြုအမူနဲ့ အလိုဆန္ဒများကို အောင်နိုင်ဖို့ ကျွန်တော်တို့ကို ကူညီတဲ့ ကောင်းချီးမင်္ဂလာများကို ရရှိကြပါတယ် ( မဿဲ ၅း၄၈ ၃ နီဖိုင်း ၁၂း၄၈ တွင် ကြည့်ပါ)။ ကျွန်တော်တို့ဟာ ဘုရားမဲ့နေခြင်းအမှု အပေါင်းတို့မှ ကိုယ့်ကိုယ်ကို ငြင်းဆိုပြီး၊ ဘုရားသခင်ကို ကျွန်တော်တို့ရဲ့ အစွမ်းသတ္တိ၊ စိတ်နှင့် ခွန်အားရှိသမျှဖြင့် ချစ်ကြတာနဲ့အမျှ “ခရစ်တော်အားဖြင့် စုံလင်ရာသို့ရောက်” နိုင်ကြပါတယ်၊ ပြီးတော့၊ သူ၏အသွေးတော်သွန်းလောင်းခြင်းကြောင့် သန့်ရှင်းစေခြင်းသို့ ရောက်၍၊ အစွန်းအထင်းမရှိဘဲ သန့်ရှင်းလာကြပါတယ်။ ( မော်ရော်နိုင်း ၁၀း၃၂‒၃၃)။ တကယ့်ကတိတော်ပါပဲ။ တကယ့်အလွန်တရာအံ့ဩဖွယ်ပါပဲ။ တကယ့်ကောင်းချီးမင်္ဂလာပါပဲခင်ဗျာ။

၂။ တာဝန်ခံမှုနဲ့ သေခြင်းရှိရာ တရားစီရင်မှုများ

ဒီလူ့ဇာတိဘဝအတွက် ဘုရားသခင့်အစီအစဉ်၏ရည်ရွယ်ချက်တစ်ခုမှာ ကျွန်တော်တို့ရဲ့ဘုရားသခင်ကိုယ်တော်ရှင် ကျွန်တော်တို့ကို မိန့်မှာမယ့်အရာမှန်သမျှကို ကျွန်တော်တို့ပြုမပြုသက်သေပြရန်နဲ့ သိမြင်ရန်ဖြစ်ပါတယ် အာဗြဟံ ၃း၂၅ ။ ဒီအစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်၊ ကျွန်တော်တို့ဟာ ဘုရားသခင်နဲ့ သူ့ရဲ့ရွေးကောက်ထားတဲ့အစေခံတွေကို တင်ပြအစီရင်ခံရမှာဖြစ်ပါတယ်၊ အဲဒီတာဝန်ခံမှုမှာ လူ့ဇာတိနဲ့ မြင့်မြတ်ရာ နှစ်ခုစလုံးရဲ့ တရားစီရင်ခြင်းတွေပါဝင်ပါတယ်။

ကိုယ်တော်ရှင်ရဲ့အသင်းတော်ထဲမှာဆိုလျှင်၊ အသင်းသားများ သို့မဟုတ် အလားအလာရှိအသင်းသားများအတွက် လူ့ဇာတိတရားစီရင်ခြင်းများကို မြင့်မြတ်သောလမ်းညွှန်မှုကို ရှာတဲ့ခေါင်းဆောင်များက စီမံဆောင်ရွက်ကြပါတယ်။ ထာဝရအသက်ဆီသို့သွားရာ ပဋိညာဉ်လမ်းကြောင်းမှာ ခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာတန်ခိုးကို ရရှိရန် သူ့ထံလာဖို့ ကြိုးစားနေတဲ့လူများကို ဆုံးဖြတ်ခြင်းဟာ သူတို့ရဲ့တာဝန်ဖြစ်ပါတယ်။ လူ့ဇာတိတရားစီရင်ခြင်းများက လူတစ်ဦး ဗတ္တိဇံအတွက် အဆင်သင့်ဖြစ်မဖြစ်ကို ဆုံးဖြတ်ပါတယ်။ လူတစ်ယောက်ဟာ ဗိမာန်တော်တက်ရောက်ရန် ထောက်ခံချက်အတွက် ထိုက်တန်ပါသလား။ အသင်းတော်မှတ်တမ်းမှ အမည်ပယ်ဖျက်ခံရတဲ့လူတစ်ဦး ဗတ္တိဇံအားဖြင့် ပြန်လည်ဝင်ခွင့်ပြုခံရဖို့ ယေရှုခရစ်တော်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် လုံလုံလောက်လောက်နောင်တရပြီးပါပြီလား။

ဘုရားသခင်ခေါ်သွင်းထားထဲ့ လူ့ဇာတိတရားသူကြီးက လူတစ်ယောက်ကို ဗိမာန်တော်အခွင့်အရေးကဲ့သို့သော နောက်ထပ်တိုးတက်မှုအတွက် အတည်ပြုတဲ့အခါ၊ အဲဒီလူဟာ စုံလင်တယ်လို့ အဓိပ္ပာယ်သက်ရောက်စေနေတာမဟုတ်ပါဘူး၊ ဘယ်အပြစ်ကိုမှ သူခွင့်လွှတ်နေတာလည်း မဟုတ်ပါဘူး။ အသင်းလူကြီးစပင်ဆာဒဗလျူကင်းဘောလ်က သူပြောခဲ့တဲ့ “လူ့ဇာတိအပြစ်ဒဏ်မှသက်ညှာခွင့်ပေးခြင်း”အတွက် လူဟာ “နောက်ဆုံးနောင်တရခြင်းကို ကောင်းကင်ဘုံရှင်ဘုရားသခင်ဆီကနေလည်း တောင်းပြီးရယူရမယ်၊ သူကသာလျှင် လွတ်ငြိမ်းခွင့်ပေးနိုင်တယ်”လို့ သွန်သင်ခဲ့ပါတယ်။ အပြစ်ရောက်သောအပြုအမူများနဲ့ အလိုဆန္ဒများ နောက်ဆုံးတရာစီရင်ခြင်းအထိ နောင်တမရသေးဘဲ ရှိနေဦးမယ်ဆိုလျှင်၊ နောင်တမရသေးတဲ့သူဟာ မသန့်ရှင်းဘဲရှိနေဦးမှာဖြစ်ပါတယ်။ နောင်တရခြင်းရဲ့နောက်ဆုံး သန့်စင်စေခြင်းအကျိုးဆက်အပါအဝင်၊ နောက်ဆုံးပိတ် တာဝန်ခံမှုကတော့ ကျွန်တော်တို့အယောက်စီတိုင်းနဲ့ ဘုရားသခင်ကြားမှာရှိပါတယ်။

၃။ ရှင်ပြန်ထမြောက်ခြင်းနှင့် နောက်ဆုံးတရားစီရင်ခြင်း

ကျမ်းစာထဲမှာအများအားဖြင့်ဖော်ပြတဲ့တရာစီရင်ခြင်းဆိုတာ ရှင်ပြန်ထမြောက်ခြင်းရဲ့နောက်မှာပြုလုပ်တဲ့ နောက်ဆုံးတရားစင်ရင်ခြင်းဖြစ်ပါတယ် ( ၂ နီဖိုင်း ၉း၁၅ တွင်ကြည့်ပါ)။ “ငါတို့ရှိသမျှသည် ခရစ်တော်၏တရားပလ္လင်ရှေ့၌ ရပ်ရကြမည်” (ရောမဩဝါဒစာ ၁၄း၁၀၂ နီဖိုင်း ၉း၁၅မောဇိယ ၂၇း၃၁ တွင်လည်း ကြည့်ပါ) “ လူ့ဇာတိခန္ဓာကိုယ်၌ ပြုုပြီးလေသောအကျင့်များအတိုင်း တရားစီရင်ခံရဖို့ဖြစ်၏” လို့ ကျမ်းစာများစွာထဲမှာ ဖော်ပြထားပါတယ်။ (အယ်လမာ ၅း၁၅ဗျာဒိတ်ကျမ်း ၂၀း၁၂တွင်လည်း ကြည့်ပါ၊ အယ်လမာ ၄၁း၁၃ ၃ နီဖိုင်း ၂၆း၄)။ ခပ်သိမ်းသောသူတို့သည် “မိမိတို့အပြုအမူများအတိုင်း” ( ၃ နီဖိုင်း ၂၇း၁၅) နှင့် “ မိမိတို့စိတ်နှလုံး၏အလိုဆန္ဒများအတိုင်း” တရားစီရင်ခံရကြမည် ( ဩဝါဒနှင့်ပဋိညာဉ်များ ၁၃၇း၉ >အယ်လမာ ၄၁း၆ တွင်လည်း ကြည့်ပါ)။

ဒီနောက်ဆုံးတရားစီရင်ခြင်းရဲ့ရည်ရွယ်ချက်ကတော့ အယ်လမာဖော်ပြခဲ့တဲ့ “စိတ်နှလုံး၏ကြီးစွာပြောင်းလဲ”ခြင်း ကျွန်တော်တို့မှာ ရှိမရှိကို ဆုံးဖြတ်ဖို့ဖြစ်ပါတယ် (အယ်လမာ ၅း၁၄၊ ၂၆တွင် ကြည့်ပါ)၊ အဲဒီလိုနဲ့ ကျွန်တော်တို့ဟာ လူသတ္တဝါအသစ်များ ဖြစ်လာပြီး၊ “မကောင်းမှုကို ပြုဖို့ စိတ်မညွတ်တော့ဘဲ၊ ကောင်းမှုကိုသာ အစဉ်မပြတ်ပြုလိုကြပါတယ် (မောဇိယ ၅း၂)။ ဒီအရာရဲ့တရားသူကြီးကတော့ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်၊ ယေရှုခရစ်တော်ဖြစ်ပါတယ် (ယောဟန် ၅း၂၂၂ နီဖိုင်း ၉း၄၁ တွင် ကြည့်ပါ)။ သူ့ရဲ့ တရားစီရင်ခြင်းများ ပြီးတဲ့အခါ၊ “သူ့ရဲ့တရားစီရင်ခြင်းများ တရားမျှတတော်မူတဲ့အကြောင်း” ကျွန်တော်တို့ ဝန်ခံကြပါလိမ့်မယ် ( မောဇိယ ၁၆း၁ မောဇိယ ၂၇း၃၁ အယ်လမာ ၁၂း၁၅ တွင်လည်း ကြည့်ပါ)၊ ဘာဖြစ်လို့လဲဆိုလျှင် သူ့ရဲ့ အလုံးစုံကို သိတဲ့ဉာဏ် (၂ နီဖိုင်း ၉း၁၅ တွင်ကြည့်ပါ) က ဖြောင့်မတ်သော သို့မဟုတ် နောင်တရပြီးသောသူများနှင့် နောင်တမရသေးသော သို့မဟုတ် မပြောင်းလဲသေးသောသူ ကျွန်တော်တို့ရဲ့ အပြုအမူများနဲ့ အလိုဆန္ဒများအားလုံး အကြောင်း စုံလင်သောအသိဉာဏ်ကို သူ့ကို ပေးလို့ပဲဖြစ်ပါတယ်။

ဒီနောက်ဆုံးတရားစီရင်ခြင်းအကြောင်းဖြစ်စဉ် ကို ကျမ်းစာများက ဖော်ပြပါတယ်။ ရှင်ပြန်ထမြောက်ခြင်း၌ “ခပ်သိမ်းသောအရာတို့သည် မိမိတို့သင့်လျော်ရာသို့ ပြန်လည်ဆောင်ယူခံရရန် ဘုရားသခင်၏တရားမျှတတော်မူခြင်းက လိုအပ်ကြောင်း” အယ်လမာက သွန်သင်ခဲ့ပါတယ် (အယ်လမာ ၄၁း၂)။ ဆိုလိုတာကတော့”ယခုအသက်တာ၌ သူတို့အကျင့်များ ကောင်းမြတ်လျှင်၊ ထို့အတူ သူတို့စိတ်နှလုံး၏အလိုဆန္ဒများ ကောင်းမြတ်လျှင်၊ သူတို့သည် နောက်ဆုံးသောနေ့၌ ကောင်းမြတ်သည့်အရာသို့ ပြန်လည်ဆောင်ယူခံရလိမ့်မည်” လို့ပဲဖြစ်ပါတယ် (အယ်လမာ ၄၁း၃)။ အလားတူပါပဲ “သူတို့အကျင့်များ သို့မဟုတ် သူတို့အလိုဆန္ဒများ ဆိုးလျှင်၊ သူတို့သည် မကောင်းမှုအဖြစ်ပြန်လည် ဆောင်ယူခံရမှာ ဖြစ်ပါတယ်” (အယ်လမာ ၄၁း၄‒၅ ဟေလမန် ၁၄း၃၁ တွင်လည်း ကြည့်ပါ)။ အလားတူပါပဲ၊ နောက်ဆုံးတရားစီရင်ခြင်းတွင်၊ ဖြောင့်မတ်သောသူတို့သည် ဖြောင့်မတ်လျက် ရှိနေကြလိမ့်ဦးမည်၊ ညစ်ညမ်းသောသူတို့သည် ညစ်ညမ်းလျက်ရှိနေကြလိမ့်ဦးမည်”လို့ ပရောဖက် ယာကုပ်က သွန်သင်ခဲ့ပါတယ် (၂နီဖိုင ၉း၁၆>မော်မုန် ၉း၁၄ ၁ နီဖိုင်း ၁၅း၃၃ တွင်လည်း ကြည့်ပါ)။ အဲဒါကတော့” ကြီးမြတ်တော်မူသော ယေဟောဝါ၊ အသက်ရှင်သူနှင့် သေသူတို့၏ ထာဝရတရားသူကြီး၏နှစ်သက်စရာကောင်းသော တရားစီရင်တော်မူရာတိုင်ရှေ့မှာ”လို့ မော်ရော်နိုင်းဆိုတဲ့ တိုင်ရှေ့မှာ ကျွန်တော်တို့မရပ်မီရှိတဲ့ ဖြစ်စဉ်ပဲဖြစ်ပါတယ်”( မော်ရော်နိုင်း ၁၀း၃၄၃ နီဖိုင်း ၂၇း၁၆ တွင်လည်း ကြည့်ပါ)။

ဘုရားသခင်ရှေ့မှာ ကျွန်တော်တို့ သန့်စင်စေဖို့အတွက် နောက်ဆုံးတရားစီရင်ခြင်း မတိုင်မီ ကျွန်တော်တို့နောင်တရကြရမှာဖြစ်ပါတယ် (မော်မုန် ၃း၂၂)။ “သင်နောင်တမရလျှင် ၎င်းတို့သည် နောက်ဆုံးသောနေ့ ၌ သင့်တစ်ဖက်မှာ သက်သေအဖြစ် ရှိလိမ့်မည်”လို့ အယ်လမာက အပြစ်များတဲ့သူ့သားကို ပြောခဲ့သလိုပါပဲ၊ ကျွန်တော်တို့ဟာ ဘုရားသခင်ရှေ့မှာ ကျွန်တော်တို့အပြစ်တွေကို မကွယ်ဝှက်နိုင်ပါဘူး (အယ်လမာ ၃၉း၈)။ နောင်တရခြင်းအားဖြင့် လိုအပ်တဲ့သန့်စင်ခြင်းကို ရရှိနိုင်ရာတစ်ခုတည်းသောနည်းကို ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာက ကျွန်တော်တို့ကို ပေးပါတယ်၊ ဒီလူ့ဇာတိဘဝဟာ အဲဒါကို ဆောင်ရွက်ရမယ့် အချိန်ဖြစ်ပါတယ်။ ဝိညာဉ်လောက၌ နောင်တရခြင်းအချို့ဖြစနိုင်တယ်လို့ ကျွန်တော်တို့ သွန်သင်ခံခဲ့ကြရပေမယ့်လည်း ( ဩဝါဒနှင့် ပဋိညာဉ်များ ၁၃၈း၃၁၊ ၃၃၊ ၅၈ )အဲဒါက မသေချာပါဘူး။ “ခန္ဓာကိုယ်နဲ့ ဝိညာဉ် တစ်ပေါင်းတည်းရှိနေတဲ့အချိန်မှာ အောင်နိုင်ပြီး၊ ကိုယ်တော်ရှင်ကို အစေခံဖို့က အများကြီးပိုပြီးလွယ်ကူပါတယ်” လို့ အသင်းလူကြီး မယ်လဗင်ဂျေဘောလာ့ဒ်က သွန်သင်ခဲ့ပါတယ်။ ဒီအချိန်ဟာ လူသားတွေပိုပြီးပျော့ပြောင်းပြီး ခံယူသိမြင်နိုင်တဲ့အချိန်ဖြစ်ပါတယ်။ ဒီဘဝဟာနောင်တရရမယ့်အချိန်ဖြစ်ပါတယ်။

ကျွန်တော်တို့နောင်တရတဲ့အခါ၊ ကျွန်တော်တို့ရဲ့ အပြုအမူနဲ့အလိုဆန္ဒများအပါအဝင် ကျွန်တော်တို့ရဲ့အပြစ်တွေကနေသန့်စင်လာမှာဖြစ်ပြီး၊ ကျွန်တော်တို့ရဲ့ ကြင်နာသနားတတ်တဲ့ နောက်ဆုံးတရားသူကြီးက “အဲဒါတွေကို အမှတ်ရမှာမဟုတ်” တဲ့အကြောင်း ကိုယ်တော်ရှင်ရဲ့အာမခံချက်ကို ကိုကျွန်တော်တို့ရရှိကြပါတယ် ဩဝါဒနှင့် ပဋိညာဉ်များ ၅၈း၄၂ ဟေရှာယ ၁း၁၈ ယေရမိ ၃၁း၃၄ ဟေဗြဲဩဝါဒစာ ၈း၁၂ အယ်လမာ ၄၁း၆ ဟေလမန် ၁၄း ၁၈-၁၉ တွင်လည်းကြည့်ပါ)။ နောင်တရလို့ သန့်စင်လာခြင်းအားဖြင့်၊ ကျွန်တော်တို့ဟာ ထာဝရအသက်အတွက် အရည်အချင်းပြည့်မှီနိုင်စေကြပါတယ်၊ အဲဒါကို”အဘယ်တော့မျှအဆုံးမရှိသော ပျော်ရွှင်ခြင်းအခြေအနေ၌ ဘုရားသခင်နှင့် အတူနေထိုင်နိုင်ခြင်း”လို့ ဗင်္ယာမိန်မင်းကြီးက ဖော်ပြခဲ့ပါတယ်( မောဇိယ ၂း၄၁ ဩဝါဒနှင့် ပဋိညာဉ်များ ၁၄း၇)။

ဘုရားသခင်၏”ပြန်လည်ဆောင်ယူခြင်းအစီအစဉ်”(အယ်လမာ ၄၁း၂)၊ ၏အခြားအစိတ်အပိုင်းတစ်ခုအဖြစ် ရှင်ပြန်ထမြောက်ခြင်းက အရာခပ်သိမ်းကို မိမိတို့ ပကတိ၊ စုံလင်သောကိုယ်သို့ ပြန်လည်ပေါင်းစည်း” မှာဖြစ်ပါတယ်(အယ်လမာ ၄၀း၂၃)။ မွေးဖွားခြင်းကြောင့် သို့မဟုတ် ရောဂါကြောင့်ရတဲ့ဒဏ်ရာအပါအဝင်၊ လူ့ဇာတိမှာ ရရှိခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ ကိုယ်အင်္ဂါ ချို့တဲ့ချို့ယွင်းချက်အပေါင်းကို ပြည့်ဝစုံလင်စေခြင်းလည်း အဲဒီမှာ ပါဝင်ပါတယ်။

ဒီပြန်လည်ဆောင်ယူခြင်းက ကျွန်တော်တို့ရဲ့ မသန့်ရှင်းသော ဒါမှဟုတ် မထိန်းနိုင်တဲ့ဆန္ဒများ သို့မဟုတ် စွဲကပ်ခြင်းများမှ ကျွန်တော်တို့ကို ပြည့်ဝစုံလေစေပါသလား။ အဲဒါကတော့မဖြစ်နိုင်ပါဘူး။ ျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အပြုအမူနဲ့ အလိုဆန္ဒများ အတွက် တရားစီရင်ခံကြရမှာဖြစ်ကြောင်း( အယ်လမာ ၄၁း၅ ဩဝါဒနှင့် ပဋိညာဉ်များ ၁၃၇း၉ တွင်ကြည့်ပါ) နဲ့ ကျွန်တော်တို့ရဲ့ အတွေးများ ကတောင်မှ ကျွန်တော်တို့ကို ပြစ်ဒဏ်ချမှတ်မှာဖြစ်တဲ့အကြောင်း လက်ရှိဗျာဒိတ်တော်အရ ကျွန်တော်တို့သိကြပါတယ် ( အယ်လမာ ၁၂း၁၄ တွင် ကြည့်ပါ)။ ကျွန်တော်တို့ရဲ့ နောင်တရခြင်းကို သေချိန်အထိ ကျွန်တော်တို့အချိန်မဆွဲရပါဘူး၊ ( အယ်လမာ ၃၄း၃၃) ဘာဖြစ်လို့လဲဆိုလျှင် ကိုယ်တော်ရှင်ဆီကဖြစ်စေ၊ နတ်ဆိုးဆီကဖြစ်စေ၊ ဒီဘဝမှာ ကျွန်တော်တို့ကိုယ်ခန္ဓာကိုပိုင်ထားတဲ့ အဲဒီဝိညာဉ်ကပဲ “ထာဝရလောကမှာ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်မှာဖြစ်လို့ပါပဲလို့ အာမြူးလက်က သွန်သင်ခဲ့ပါတယ်( အယ်လမာ ၃၄း၃၄)။ ကျွန်တော်တို့ကို မကောင်းမှုမှ သန့်စင်စေဖို့ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်မှာ တန်ခိုးနဲ့ အဆင်သင့်ရှိနေပါတယ်။ ယခုအချိန်ဟာ ဘရားသခင်ရဲ့ နောက်ဆုံးတရားစီရင်ခြင်းရှေ့မှာ ရပ်ရန် ကျွန်တော်တို့ရဲ့ ဆိုးညစ်တဲ့ သို့မဟုတ် မလျော်ကန်တဲ့အလိုဆန္ဒများနဲ့ အတွေးများမှ သန့်ရှင်းစေပြီး ပြင်ဆင်ပြီးသားဖြစ်စေဖို့ နောင်တရရန် သူ့ရဲ့အကူအညီကို တောင်းခံရမယ့်အချိန်ဖြစ်ပါတယ်။

၅။ ကြင်နာသနားခြင်းလက်ရုံးတော်များ

ဘုရားသခင်၏အစီအစဉ်နဲ့ သူရဲ့ပညတ်တော်များအားလုံးကို ထွေးပွေ့ရခြင်းဟာ ကျွန်တော်တို့အရောက်စီတိုင်းအတွက် သူ့ရဲ့ ချစ်ခြင်းဖြစ်ပါတယ်၊ အဲဒါက “အရာခပ်သိမ်းတို့ထက် နှစ်လိုဖွယ်အကောင်းဆုံးနဲ့ စိတ်ဝိညာဉ်အတွက် ဝမ်းမြောက်စရာအကောင်းဆုံးဖြစ်ပါတယ် ( ၁ နီဖိုင်း ၁၁း၂၂-၂၃ )။ ဆိုးညစ်သောသူများတောင်မှ “ကိုယ်တော်ရှင်ထံပြန်လာတဲ့အခါ၊ သူကြင်နာသနားတော်မူပြီး၊ များစွာခွင့်လွှတ်လိမ့်မယ်”လို့ ပရောဖက်ဟေရှာယက အာမခံခဲ့ပါတယ် ( ဟေရှာယ ၅၅း၇ )။ ”ရှုလော့၊ သူသည် လူအပေါင်းတို့ထံသို့ ဖိတ်ခေါ်ခြင်းကို စေလွှတ်တော်မူ၏။ အကြောင်းမူကား၊ ကြင်နာသနားခြင်းလက်ရုံးတော်တို့သည် သူတို့ထံသို့ ဆန့်တန်းတော်မူလျက်ရှိ၏”လို့ အယ်လမာက သွန်သင်ခဲ့ပါတယ် ( အယ်လမာ ၅း၃၃ ၂ နီဖိုင်း ၂၆း၂၅-၃၃)။ “ရှုလော့၊ ငါ၏ကြင်နာသနားခြင်းလက်ရုံးတော်သည် သင်တို့ဆီသို့ ဆန့်တန်း၍၊ လာမည့်သူမှန်သမျှကို ငါလက်ခံတော်မူမည်” လို့ ထမြောက်တော်မူတဲ့ ကိုယ်တော်ရှင်က နီဖိုင်းအမျိုးသားတို့ကို မိန့်တော်မူခဲ့ပါတယ် (၃ နီဖိုင်း ၉း၁၄)။ ဘုရားသခင်ဆီမှာ သူ့သားသမီးတွေအတွက်ရှိတဲ့ အကြီမားဆုံးကောင်းချီးမင်္ဂလာတွေကို ခံစားနိုင်ကြစေဖို့ ကျွန်တော်တို့ရဲ့ချစ်သောကယ်တင်ရှင်က သူညွှန်ပြခဲ့တဲ့နှစ်သက်ဖွယ်ပြဌာန်းချက်များနဲ့ ယောက်ျား၊ မိန်းမ အပေါင်းတို့ကို လက်ခံရန် သူ့လက်ရုံးတော်များကို ဖွင့်ထားတဲ့အကြောင်း ဒီဟာတွေနဲ့ အခြားသွန်သင်မှုများစွာဆီကနေကျွန်တော်တို့သိကြရပါတယ်။

ဘုရားသခင်၏အစီအစဉ်နဲ့ ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာကြောင့်၊ ဘုရားသခင်က ကျွန်တော်တို့ကိုချစ်တယ်၊ ကျွန်တော်တို့ဟာ နောင်တရခြင်း ဖြစ်စဉ်အားဖြင့် သန့်စင်လာ နိုင် စေကြောင်း “စုံလင်သောမျှော်လင့်ခြင်းရောင်ခြည်”ဖြင့် ကျွန်တော်သက်သေခံပါတယ် “ကျွန်တော်တို့ဟာ ရှေ့သို့ဆက်၍ ကြိုးစားအားထုတ်လျက်၊ ခရစ်တော်၏နှုတ်ကပတ်တော်ကို ပွဲခံပျော်မွေ့လျက်၊ အဆုံးတိုင်အောင်တည်ကြည်လျှင်၊ ရှုလော့၊ ခမည်းတော် မိန့်တော်မူသည်ကား၊ သင်တို့သည် ထာဝရအသက်ကို ရကြလိမ့်မည်”လို့ ကျွန်တော်တို့ကို ကတိပေးထားပါတယ် “( ၂ နီဖိုင်း ၃၁း၂၀ ) ။ ကျွန်တော်တို့အားလုံး အဲဒီအတိုင်းကြိုးစားနိုင်ကြပါစေလို့ ယေရှုခရစ်တော်၏နာမတော်အားဖြင့် ကျွန်တော်တောင်းဆိုးပြီး ဆုတောင်းပါတယ်၊ အာမင်။

မှတ်စုများ

  1. “ခရစ်တော်ထံလာကြလော့၊” ဓမ္မသီချင်း နံပါတ် ၁၁၇။

  2. ရပ်ဆဲလ်အမ် နယ်လဆင်၊ “နောင်တရခြင်းနှင့် ပြောင်းလဲခြင်း၊” လီယဟိုနာ မေ ၂၀၀၇၊ ၁၀၂။

  3. ရပ်ဆဲလ်အမ်၊နယ်လဆင်၊ “. ယေရှုခရစ်တော် သင့်ကို ပေးတဲ့ဆုကျေးဇူး လေးခု ” (၂၀၁၈ ပထမဥက္ကဌအဖွဲ့၏ခရစ္စမတ် ဝတ်ပြုအစည်းအဝေး၊ ဒီဇင်ဘာ ၂၊ ၂၀၁၈)၊ broadcasts.ChurchofJesusChrist.org

  4. ရပ်ဆဲလ်အမ် နယ်လဆင်၊ “ ကျွန်တော်တို့ပိုကောင်းအောင်လုပ်နိုင်ပြီး ပိုကောင်းလာနိုင်ပါသည် ၊” လီယဟိုနာ ၊ မေ ၂၀၁၉၊ ၆၉။

  5. ဥက္ကဌ စပင်ဆာဒဗလျူ ကင်းဘောလ်၏ သွန်သင်ချက်များ ed. အက်ဒဝပ် အယ်လ် ကင်းဘောလ် (၁၉၈၂)၊ ၁၀၁။

  6. မယ်လဗင် ဂျေ ဘောလာ့ဒ်၊ မယ်လဗင် အာ ဘောလ်ဒ်၊ မယ်လဗင် ဂျေ ဘောလာ့ဒ်၊ ဖြောင့်မတ်ခြင်းအတွက် ကရူးဆိတ် (၁၉၆၆)၊ ၂၁၂-၁၃။

  7. တက် အာ၊ ကောလစ်စတာ၊ အဆုံးမဲ့အပြစ်ဖြေခြင်းမင်္ဂလာ (၂၀၀၀)၊ ၂၇-၂၉တွင် ကြည့်ပါ။

ပုံနှိပ်သည်