၂၀၁၀-၂၀၁၉
မရှိမဖြစ်လိုအပ်သော အရာများကို ရရှိရန် ပြင်ဆင်ခြင်း
ဧပြီ ၂၀၁၉ အထွေထွေညီလာခံ


မရှိမဖြစ် လိုအပ်သော အရာများကို ရရှိရန် ပြင်ဆင်ခြင်း

ကျွန်တော်တို့ တစ်ဦးချင်းစီ၏ လေ့လာရန်တာဝန်များကို ဖြည့်ဆည်းရန် ကြိုးစားပြီး ယေရှုခရစ်တော်၏ ပြန်လည်ပြင်ဆင်သော ဧဝံဂတိတရားကို ချစ်သည်နှင့်အမျှ ကောင်းချီးမင်္ဂလာများစွာ ရရှိမည်။

မကြာသေးခင်အချိန်က ရှိခဲ့သော အထွေထွေညီလာခံများတွင် ကြေညာခဲ့သော ပြင်ဆင်ချက်များစွာ၏ သက်သေအတိုင်းပင်၊ ယေရှုခရစ်တော်၏ နှောင်းပိုင်းကာလ သန့်ရှင်းသူများအသင်းတော်၏ အစီအစဥ်များနှင့် လုပ်ဆောင်မှုများသည် အိမ်ကို ဗဟိုပြုပြီး အသင်းတော်ကို ထောက်ပံ့ခြင်းပိုပြီး ဖြစ်လာပါတယ်။ “ထပ်လာမည့်အရာများ ရပါတယ်” ဟု ဥက္ကဠ ရဆယ် အမ် နယ်လ်ဆင် က ကျွန်တော်တို့ကို သြဝါဒပေးခဲ့ပါတယ်။ ဗီတာမင်ပါသော ဆေးဝါးများကို သုံးဆောင်ပါ။ အနားယူပါ။ ထိုအရာက အရမ်းစိတ်လှုပ်ရှားစရာကောင်းပါတယ်။

အရှင်ဘုရား ပြန်လည်ပြင်ဆင်ထားသော အသင်းတော်တွင် အနည်ထိုင်ရန် ပြုလုပ်နေဆဲဖြစ်သော အခြေခံကျသည့် လမ်းညွှမ်မှများကို ကျွန်တော်တို့ အတူ ဆွေးနွေးရာတွင် သန့်ရှင်းသော ဝိညာဥ်တော်၏ အကူအညီကို ဖိတ်ခေါ်တောင်းဆိုပါတယ်။

အိမ်ကို ဗဟိုပြုပြီး အသင်းတော်က ထောက်ပံ့သော ဧဝံဂတိတရားအား သင်ယူခြင်း

အယ်လ်ဒါ ခရိတ်ဂ် စီ ခရစ်ရှင်ဆင် နှင့် ကျွန်တော်က မကြာသေးခင်က ယဇ်ပရောဟိတ် ခေါင်းဆောင်ပိုင်း ညီလာခံမှာ အလုပ်ဖော်အဖြစ် အတူဖြစ်ခဲ့ပါတယ်။ သူကအိမ်ကို ဗဟိုပြုခြင်းနဲ့ အသင်းတော်က ထောက်ပံ့ခြင်းကို အလေးထားသော အခြေခံမူဝါဒအတွက် ရိုးရှင်းသောမေးခွန်းနှစ်ခုကို သုံးခဲ့ပါတယ်။ ကျွန်တော်တို့ တနင်္ဂနွေနေ့တွင် ဘုရားကျောင်းအစည်းအဝေးများပြီး၍ အိမ်ပြန်သည့်အခါ “ဒီနေ့ဘုရားကျောင်းတွင် ကယ်တင်ရှင်နင့် သူ၏ဧဝံဂတိအကြောင်း ဘာသင်ယူခဲ့သလဲ” ဟု မေးသင့်ပါတယ် ဟု သူကအကြံပြုခဲ့ပါတယ်။ ဥပုဒ်နေ့ကို စစ်မှန်စွာ စောင့်ထိန့်ခြင်း၊ သင်ရိုးညွန်းတမ်းအသစ်၊ အစည်းအဝေးအချိန်ဇယားကို ကျင့်သားရခြင်း တို့အားလုံးက အိမ်နှင့် ဘုရားကျောင်းနှစ်ခုစလုံးတွင် ဧဝံဂတိသင်ယူရန် ကူညီပေးပါတယ်။

ယေရှုခရစ်တော်၏ နှောင်းပိုင်းကာလ သန့်ရှင်းသူများအသင်းတော်မှ အသင်းသားတစ်ယောက်စီတိုင်းသည် မိမိကိုင်တိုင် တစ်ယောက်ချင်းအတွက်သင်ယူရန်၊ အရှင်ဘုရား၏ သင်ကြားမှများကို နေထိုင်ရန် နင့် ကယ်တင်ခြင်းနှင့် ချီးမြောက်ခြင်း၏ ဘိသိတ်မင်္ဂလာများအတွက် စစ်မှန်သော အခွင့်အာဏာဖြင့် လက်ခံရရှိရန် တာဝန်ရှိပါတယ်။ ကျွန်တော်တို့က အသင်းတော်ကို အဖွဲ့အစည်းတစ်ခု အနေဖြင့် ကျွန်တော်တို့ သိရန် လိုအပ်သော အရာများကို သင်ကြားပြောပြပြီး စိတ်နှစ်မြုပ်စွာ လိုက်လျှက်သော နောက်လိုက်များဖြစ်လာပြီး စွမ်းစွမ်းတမံ အဆုံးတိုင် တည်ကြည်သောသူများ ဖြစ်လာရန် ပြုလုပ်ပေးဖို့ မမျှော်သင့်ပါ။ . ထိုမျသာမက၊ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်တာဝန်သည် သင်ယူသင့်သည်ကို သင်ယူခြင်း၊ ကျွန်တော်တို့ ဘယ်လိုနေထိုင်သင့်သည်ကို သိသည်နင့်အညီနေထိုင်ခြင်းနင့်၊ အရင်သခင် ကျွန်တော်တို့ကို ဖြစ်စေချင်သည့်အတိုင်း ဖြစ်လာစေခြင်းတို့ ဖြစ်ပါသည်။ ပြီးတော့ ကျွန်တော်တို့ရဲ့ အိမ်တွေကလည်း လေ့လာရန်၊ လိုက်နာကျင့်သုံးရန်၊ ဖြစ်မြောက်လာစေရန်တို့ အတွက် အခြေခံကျတဲ့ ဝန်းကျင်တစ်ခု ဖြစ်ပါတယ်။

ကလေးတစ်ယောက်အနေနင့်၊ ဂျိုးဇက် စမစ်က ဘုရားသခင်အကြောင်းအား မိသားစုမ တဆင့် သင်ယူခဲ့ပါတယ်။ သူ့အတွက် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေရန် ပြုလုပ်ခဲ့သော သူ့၏အားထုတ်ကြိုးပမ်းမှုက ဂျိုးဇက်ကို ခရစ်ယာန်အသင်းများစွာထဲမှ အမှန်ကို ရှာဖွေနိုင်၊ ကျမ်းစာများကို လုံ့လဝီရိယရစွာ နုလုံးသွင်းနိုင်ခဲ့ပြီး ဘုရားသခင်အား မှန်ကန်သော စိတ်ထားဖြင့်ဆုတောင်း တို့ကို ဖြစ်စေခဲ့ပါတယ်။ ငယ်သော ဂျိုးဇက်စမစ် အနေဖြင့် ကိုယ်တော်နှင့်သားတော် ပေါ်လာသည်ကို မြင်ပြီးနောက်တွင် မြင့်မြတ်သောသစ်တောအုပ်မှ သူ၏အိမ်သို့ ချက်ချင်းပြန်သွားပြီး သူ၏အမေကို ပထမဆုံးပြောခဲ့ပါတယ်။ သူက မီးလင်းဖိုနားသို့ ကပ်လိုက်သည်နှင့် သူ့အမေက ဘာဖြစ်လဲဆိုတဲ့အကြောင်းကို မေးခဲ့ပါတယ်။ “ဘာမှမဖြစ်ပါဘူး၊ အားလုံးအဆင်ပြေပါတယ်။ကျွန်တော်နေကောင်းပါတယ်” လို့ ဂျိုးဇက်ပြန်ဖြေခဲ့ပါတယ်။ ထို့နောက် သူက သူ့ရဲ့မိခင်ကို “ကျွန်တော်ကိုင်တိုင် အတွက် သင်ယူခဲ့ပါတယ်” လို့ပြောခဲ့ပါတယ်။” ဂျိုးဇက်၏ အတွေ့အကြုံက ကျွန်တော်တို့ အယောက်ချင်းစီတိုင်း အတုယူသင့်သော ကောင်းမွန်လှသည့် လေ့လာခြင်း စံနမူနာ တစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့လည်း မိမိကိုယ်ကို အတွက် လေ့လာရန် လိုအပ်ပါတယ်။

ကောင်းကင်ဘုံရှင်အဖ၏ အလုံးစုံသော အစီအစဥ်၏ ရည်ရွယ်ချက်က သူ၏သားသမီးများကို သူ့ကဲ့သို့ ပိုဖြစ်လာစေခြင်း ဖြစ်ပါသည်။ ထို့ကြောင့် သူက ကျွန်တော်တို့ တိုးတက်ရန်နှင့် ရှေ့ဆက်နိုင်ရန် မရှိမဖြစ်လိုအပ်သော အခွင့်အလမ်းများ ပေးပါတယ်။ ကျွန်တော်တို့၏ စိတ်ဆုံးဖြတ်ချက်ချခြင်းဖြစ်သည့် သင်ယူခြင်းနှင့် ထိုအမှန်တရားအတိုင်း နေထိုင်ခြင်းက “ငြိမ်သက်မှု မရှိသော” ပို၍ရှုပ်ထွေးပြီး ကောက်ကျစ်သောဤလောကတွင် အလွန်အရေးကြီးပါသည်။ ကျွန်တော်တို့ အသင်းတော်၏ အစည်းအဝေးများကို တက်ရောက်ရုံ အစီအစဥ်များတွင် ပါဝင်ရုံဖြင့် ဝိညာဥ်ရေးရာ မြှင့်တင်ခြင်းနှင့် “ဆိုးသောနေ့တွင် ကြံ့ကြံ့ခိုင်နိုင်ခြင်း” များ ရရှရန်အတွက် မျှော်လင့်၍ မရနိုင်ပါ။

“မိဘများက သူတို့၏ သားသမီးများကို ချစ်ခြင်းနင့် မှန်ကန်ခြင်းတရားဖြင့် ပြုစုပျိုးထောင်ပေးရန် မြင့်မြတ်သော တာဝန် ရှိပါတယ်။” ဝိညာဥ်ရေးရာ လှုံ့ဆော်မှုရှိသော ခေါင်းဆောင်များ၊ ဆရာများ နှင့် လုပ်ဆောင်စရာများက ဝိညာဥ်ရေးရာတိုးတက်ရန် တစ်ဦးချင်းစီနှင့် မိသားစု အားထုတ်ကြိုးပမ်းမှုကို ကူညီပေးပါတယ်။ ကျွန်တော်တို့အားလုံး ပဋိညာဥ်လမ်းကြောင်းပေါ်တွင် ရှေ့ဆက်လျှေက်ရန် အကူအညီလိုသော်လည်း၊ ဝိညာဥ်ရေးရာခွန်အား တိုးတက်ရန်နှင့် ဇွဲရှိရန်မှာ ကျွန်တော်တို့ တစ်ဦးချင်းစီတိုင်း၏ အခြေခံတာဝန်ပင် ဖြစ်ပါတယ်။

နီဖိုင်း ၊ပရောဖက်လေဟိ၏ သား၏ မြင်တွေ့ရန် ၊ ကြားရန်နှင့် အသက်အပင် ဗျာဒိတ်တော်တွင် သူ့အဖသင်ယူခဲ့သောအရာများကို သန့်ရှင်းသောဝိညာဥ်အားဖြင့် သူကိုယ်တိုင်အတွက် သိရန် အားထုတ်ကြိုးပမ်းခဲ့တယ်။ နီဖိုင်းက သူ၏ “ယဥ်ကျေးသော မိဘများ” ၏ ဥပမာနှင့် သင်ကြားခြင်းများက သူ၏ ငယ်ရွယ်သော ဘဝအတွက် အမှန်တကယ် လိုအပ်ခဲ့ပြီး ကောင်းချီးမင်္ဂလာ ဖြစ်ခဲ့ပါတယ်။ ဂျိုးဇက်စမစ် ကဲ့သို့ပင် သင်ယူဖို့နှင့် သူကိုယ်တိုင်အတွက် သိဖို့ တောင်းတမှု ရှိခဲ့ပါတယ်။

သင်တို့အားလုံး သို့မဟုတ် ကျွန်တော်တို့ သိသော ယေရှုခရစ်တော်နှင့် သူ၏ပြန်လည်ပြင်ဆင်ထားသော ဧဝံဂလိအကြောင်းက တခြားသူများသင်ကြားပြောပြခြင်းသာ ဖြစ်ပါက ကျွန်တော်တို့ သူ့အပေါ်တွင် ထားရှိသော သက်သေခံချက်၏ အခြေခံအုတ်မြစ်နှင့် သူ၏ မွန်မြတ်သော နောက်ဆုံးကာလ လုပ်ဆောင်စရာများသည်သဲပေါ်တွင် တည်ဆောက်ထားခြင်းပင် ဖြစ်ပါတယ်။ ကျွန်တော်တို့က တခြားသူများထံမှ အသိပညာနှင့် ဧဝံဂေလိအလင်းကို ငှားခြင်း သို့မဟုတ် သူတို့ တစ်ဦးတည်းကိုသာ မှီခိုခြင်းများ မလုပ်နိုင်ပါ။ ထိုသူများက ကျွန်တော်တို့ ချစ်ပြီးယုံကြည်နေရသူများ ဖြစ်နေသည့်တိုင်အောင်ပင်။

အရေးပါသော အချက်တစ်ခု အနေနှင့်ပင် ပရောဖက်ဂျိုးဇက်စမစ်က နောက်ပိုင်းကာလ သန့်ရှင်းသူများ တစ်ယောက်ချင်းစီတိုင်းသည် သူတို့ သို့မဟုတ် သူမတို့ ကိုယ်တိုင်အတွက် နားလည်ရန် လိုအပ်ပါတယ်လို့ သင်ပေးခဲ့ပါတယ်။“ ကျွန်တော်တို့၏ လာမည့်လောက၌ ဘုရားသခင်၏ အကြံအစည်တော်နှင့် ရည်ရွယ်ချက်များ”

“အာဒံ၏ နေ့များအကြောင်း ရေးသားထားသော အရာများအားလုံးကို ဖတ်ပြီး နားလည်သဘောပေါက်ခြင်းအားဖြင့် အနာဂတ်ကာလတွင် လူတွေနှင့် ဘုရားသခင် ကောင်းကင်တမန်များနှင့် ဆက်နွယ်မှုများအား ကျွန်တော်တို့ အနည်းငယ်သိလာနိုင်ပါတယ်။ အခြားသူများ၏ အတွေ့အကြုံ သို့မဟုတ် ထိုသူတို့ အားပေးထားသော ဗျာဒိတ်တော်များကို ဖတ်ခြင်းက ကျွန်တော်တို့ အခြေအနေနှင့် ဘုရားသခင်နှင့် ဆက်သွယ်ခြင်းအား အားပို၍ ကောင်းမွန်သော အမြင်တစ်ခုကို ကျွန်တော်တို့အား ဘယ်တော့မှ မပေးနိုင်ပါ။ အသိပညာများသည် ဘုရားသခင် ထိုရည်ရွယ်ချက်အတွက် သတ်မှတ်ထားသော ဘိသိတ်မင်္ဂလာများအတွေ့အကြုံအားဖြင့်သာ ရရှိနိုင်ပါတယ်။

ထို အလွန်ကောင်းမွန်လှသော ဝိညာဥ်ရေးရာ ရည်မှန်းချက်များကို ပြီးမြောက်စေနိုင်ခြင်းသည် ယေရှုခရစ်တော်၏ နှောင်းပိုင်းကာလ သန့်ရှင်းသူများ အသင်းတော်၏ အစီအစဥ်နှင့် လုပ်ဆောင်ခြင်းများအတွက် အခြေခံကျသော အကြောင်းတစ်ခု ဖြစ်ပါတယ်။ အချိန်များအားလုံးထဲမှ အထူးသဖြင့် ဤအချိန်ကာလတွင် အသင်းတော်သည် အိမ်ကိုဗဟိုပြုခြင်းနှင့် အသင်းတော်မှ ထောက်ပံ့ခြင်းပို ဖြစ်လာပါတယ်။

အိမ်ကိုဗဟိုပြုပြီး အသင်းတော်က ထောက်ပံ့သော ဧဝံဂေလိတရား သင်ယူခြင်းတွင် ပါဝင်ပတ်သတ်ခြင်း

အိမ်ကိုဗဟို ပြုပြီး အသင်းတော်က ထောက်ပံ့သော ဧဝံဂေလိတရား သင်ယူခြင်း ပိုမိုတိုးတက်စွာ ဖြစ်လာစေရန် အခြေခံ ပါဝင်ပတ်သတ်ခြင်းအချို့ကို အတိုချုံး ပြောပြပါရစေ။

မူလအခြေခံ သာသနာပြုသင်တန်းကျောင်းက ကျွန်တော်တို့ အိမ်တွေမှာဖြစ်ပြီး ဒုတိယသင်တန်းကျောင်းကတော့ ပရိုဗို၊ မနီလာ၊ မက်စီကို စီးတီးနှင့် တစ်ခြားနေရာများတွင် တည်ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ အသိပညာများ တိုးတက်မှုအပေးဆုံး တနင်္ဂနွေသင်တန်းများက ကျွန်တော်တို့ တစ်ယောက်ချင်းစီနှင့် ကျွန်တော်တို့ နေထိုင်ရာနေရာမှ မိသားစုနှင့် သင်ယူခြင်း ဖြစ်ပါတယ်။ အကူအညီ အများကြီးပေးပါတယ်။ သို့သော်လည်း ကျွန်တော်တို့၏ စုဝေးသော အိမ်များတွင် ပြုလုပ်တဲ့ တနင်္ဂနွေသင်တန်းများမှ ဒုတိယသင်တန်းသာ ဖြစ်ပါတယ်။

မိသားစုသမိုင်း ပြုလုပ်သည့်နေရာသည်လည်း ယခုအခါတွင် ကျွန်တော်တို့၏ နေအိမ်များတွင်သာ ဖြစ်ပါတယ်။ ကျွန်တော်တို့၏ မိသားစုသမိုင်း ရှာဖွေရေးကို ထပ်လောင်းကူညီ ထောက်ပံ့ပေးသည့် အလုပ်ကလည်း ကျွန်တော်တို့ရဲ့ စုဝေးရာအိမ်များမှာ ရပါတယ်။

အရေးပါသော ဗိမာန်တော်အတွက် ပြင်ဆင်ခြင်းသည်လည်း ကျွန်တော်တို့၏ အိမ်များတွင်သာ ဖြစ်ပါတယ်။ အရေးကြီးပါတယ် သို့သော်လည်း ဒုတိယဗိမာန်တော်အတွက် ပြင်ဆင်ခြင်း သင်တန်းများသည် ကျွန်တော်တို့၏ စုဝေးရာအိမ်များတွင် အခါအားလျော်စွာ ပြုလုပ်နိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ နေအိမ်များကို အထွတ်အမြတ်ထားပါ။ သို့ပါမှ ကျွန်တော်တို့ “မြင့်မြတ်သော နေရာတွင် တည်ရှိ” နိုင်ပါမယ်။ အိမ်ကို ဗဟိုပြုပြီး အသင်းတော် ထောက်ပံ့သော သင်ယူခြင်းသည် ကျွန်တော်တို့၏ ဝိညာဥ်ရေးရာ ခွန်အားနှင့် ယနေ့တွင် ကာကွယ်မှ ကို ပေးနိုင်ရန် အရေးကြီးလှ ကဲ့သို့ပင် နောင်အနာဂတ်အတွက် ပို၍အရေးပါသော နေရာမှ ပါဝင်ပါလိမ့်မည်။

အိမ်ကို ဗဟိုပြုပြီး အသင်းတော်က ထောက်ပံ့သော သင်ယူခြင်းနှင့် ဗိမာန်တော်အတွက် ပြင်ဆင်ခြင်း

“အိမ်ကို ဗဟိုပြုပြီး အသင်းတော်က ထောက်ပံ့ခြင်း” အခြေခံသဘော တရားသည် ကျွန်တော်တို့ တစ်ယောက်ချင်းစီ၏ ပြင်ဆင်ခြင်းနှင့် အရှင်ဘုရား၏ အိမ်တော်တွင် မြင့်မြတ်သော ဘိသိတ်မင်္ဂလာများနှင့် ဂတိတော်များပြုလုပ်ရန် ထိုက်တန်မှု ရှိရန် မည်သို့အသုံးချနိုင်သည်ကို စဥ်းစားတွေးတောပါ။

အမှန်တကယ်ပင် ဗိမာန်တော် အတွက် ပြင်ဆင်ခြင်းသည် ကျွန်တော်တို့ရဲ့ အိမ်များမှာ ပိုမိုအကျိုးသက်ရောက်မှု ရှိပါတယ်။ ဒါပေမဲ့ များစွာသော အသင်းသားများသည် ဗိမာန်တော်အတွေ့အကြုံနှင့် ပတ်သတ်ပြီး ဗိမာန်တော် အပြင်ဘက်တွင် ခန့်မှန်းခြေအားဖြင့် ပြောနိုင်မပြောနိုင်သော အရာများ အကြောင်းကို မသေချာ ကြပါ။

ဥက္ကဌ အီဇရာတပ်ဘင်ဆင် ကဘာကြောင့် ထိုအရာများ မသေချာခြင်း အကြောင်း ဖော်ပြခဲ့ပါတယ်။

ဗိမာန်တော်က မြင့်မြတ်သောနေရာ ဖြစ်ပါတယ်။ ဗိမာန်တော်မှ ဘိသိတ်မင်္ဂလာများသည်လည်း မြင့်မြတ်သောလုပ်ဆောင်မှု များဖြစ်ပါတယ်။ ထိုမြင့်မြတ်မှု များကြောင့် တစ်ခါတစ်ရံမှာ ကျွန်တော်တို့ရဲ့ သားသမီးများနှင့် မြေးတွေကို ဗိမာန်တော် အကြောင်း ပြောပြရန် ဝန်လေးကြတာ ဖြစ်ပါတယ်။

အကျိုးဆက်အနေနဲ့ကတော့၊ တော်တော်များများက ဗိမာန်တော်သို့သွားနိုင်ရန် စစ်မှန်သောဆန္ဒတိုးတက်မှု မရှိတော့ပါဘူး။သို့မဟုတ် သူတို့သွားသော အခါတွင်လည်း သူတို့ပြုလုပ်မည် ဖြစ်သော ဂတိတော်များနှင့် ထိုအရာတို့အတွက် ပြင်ဆင်မှု များမပါဝင်ဘဲ ပြုလုပ်ကြပါတယ်။

“မှန်ကန်သော နားလည်ခြင်း သို့မဟုတ် နောက်ကြောင်းက ကျွန်တော်တို့ရဲ့ လူငယ်တွေ ဗိမာန်တော် အတွက် ပြင်ဆင် ရန် အတိုင်းအတာ မရှိ ကူညီပေးနိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အာဗရေဟန် ရှာဖွေကဲ့ သကဲ့သို့ပင် သူတို့၏ ယဇ်ပရောဟိတ် ကောင်းကြီးမင်္ဂလာများကို ရှာဖွေရန် စိတ်ဆန္ဒတစ်ခုအား မွေးဖွားပေးပါလိမ့်မယ်။”

မှန်ကန်သော နားလည်မှုကို ရရှိနိုင်စေရန် အခြေခံလမ်းညွှန်မှု နှစ်ခုကို ဥက္ကဌ ဘင်ဆင် အလေးထားပြောခဲ့ပါတယ်။

လမ်းညွှန်မှု #၁ ကျွန်တော်တို့က အရှင်ဘုရားကို ချစ်သောကြောင့် သူ၏အိမ်တော်တွင် အမြဲငြိမ်သက်ခြင်းဖြင့် စကားပြောသင့်ပါတယ်။ မြင့်မြတ်သော ဗိမာန်တော် အခမ်းအနားများတွင် ထူးခြားသော သင်္ကေတများနှင့် ဆက်ဆိုင်သည့် ကတိတော်များကို ကျွန်တော်တို့ ထုတ်ဖော်ပြခြင်း သို့မဟုတ် သရုပ်ဖော်ခြင်းများ မပြုလုပ်သင့်ပါ။ မဖော်ပြရန် ဗိမာန်တော်ထဲတွင် အထူးဂတိပြုခဲ့သော မြင့်မြတ်သောဂတိတော်များ အကြောင်းအရာများ အကြောင်းကိုလည်း မဆွေးနွေးသင့်ပါ။

လမ်းညွှန်မှု #၂ ဗိမာန်တော်က ဘုရားသခင်ရဲ့ အိမ်တော်ဖြစ်ပါတယ်။ ဗိမာန်တော်ရဲ့ အရာအားလုံးက ကျွန်တော်တို့ရဲ့ ကယ်တင်ရှင် ၊ ယေရှုခရစ်တော်ကို ဦးတည်ပါတယ်။ ဗိမာန်တော် ဘိသိတ်မင်္ဂလာများ၊ ဂတိတော်များနှင့် ပတ်သတ်သော သြဝါဒနှင့် မူဝါဒ အခြေခံ ရည်ရွယ်ချက်များကို ကျွန်တော်တို့ ဆွေးနွေးနိုင်ပါတယ်။

ဥက္ကဌ ဟိုဝက်ဒ် ဒပက်ယူ ဟန်တာက “ဗိမာန်တော်ထဲတွင် ရှိခဲ့သော ဝိညာဥ်ရေးရာခံစားမှုများကို ကျွန်တော်တို့သားသမီးများနှင့် ဝေငှကြပါစို့”ဟု ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။ ထိုအပြင် အရှင်ဘုရား အိမ်တော်၏ ရည်ရွယ်ချက်များ အကြောင်း ကျွန်တော်တို့ယေဘုယျ ပြောနိုင်သော အရာများကို ပိုမိုကောင်းမွန်စွာနှင့် ပိုမိုစိတ်အားထက်သန်စွာ သူတို့အား သင်ကြားပေးကြပါစို့”

မျိုးဆက်တစ်လျှောက်လုံးတွင် ပရောဖက်ဂျိုးဇက်စမစ်မှ ဥက္ကဌ ရာဆယ်အမ် နေလ်ဆင် အထိ အသင်းတော်ခေါင်းဆောင်များက ဗိမာန်တော် ဘိသိတ်မင်္ဂလာများနှင့် ဂတိတော်များ၏ အယူဝါဒဆိုင်ရာ ရည်ရွယ်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးခဲ့ပါတယ်။ များပြားလှသော တွေ့ရမှုများ စုစည်းရာကတော့ ပုံနိုပ်စာ ၊ အသံသွင်းထားသော အသံ၊ ဗီဒီရိုနှင့် တစ်ခြားပုံစံများတွင် ရှိပါတယ်။ ထိုအရာတွေက ဘိသိတ်မင်္ဂလာများ အစပျိုးခြင်း ၊ ဗိမာန်တော်တွင် ဂတိများပြုလုပ်ခြင်း ၊လက်ထပ်မင်္ဂလာများပြုလုပ်ခြင်းနှင့် တစ်ခြားသော တံဆိပ်ခတ်နိုပ်ခြင်းများကို လေ့လာရန်အတွက် ကျွန်တော်တို့ကို အကူအညီပေးပါတယ်။ နာခံခြင်းဥပဒေကို စောင့်ထိန်းရန် ကတိတော်များကို ရရှိခြင်းနင့် လေးစားခြင်းအားဖြင့် ယေရှုခရစ်တော်အား လိုက်လျှက်ခြင်း ၊ စွန့်လွှတ်အနစ်နာခံခြင်း၏ ဥပဒေ ဧဝံဂေလိ၏ ဥပဒေ၊ ကာမဂုဏ်စောင့်ထိန်းခြင်း ဥပဒေနှင့် ဆပ်ကပ်အပ်နှံခြင်း ဥပဒေတို့အကြောင်း အချက်အလက်များလည်း ရှိပါတယ်။ အသင်းတော်မှ အသင်းသားအားလုံးသည် ဗိမာန်တော်များတွင် ရှိသော အလွန်ကောင်းမွန်သည့် အရာများနှင့် ရင်းနှီးကျွမ်းဝင်လာသင့်ပါသည် temples.ChurchofJesusChrist.org

ရုပ်ပုံ
temples.churchofjesuschrist.org

ဥက္ကဌ ရော်ဆယ်လ် အမ် နေလ်ဆင်က မြင့်မြတ်သော ဗိမာန်တော်အခမ်းအနားများနှင့် အသင်းတော်မှ မှန်ကန်စွာ၊ သင့်တော်စွာ ၊အများပြည်သူအတွက် ထုတ်ဝေသော တန်ဖိုးရှိလှသည့် ဗိမာန်တော်အကြောင်းအရာများ၏ အရေးကြီးမှု ညီမျှခြင်းကို အလေးထားပြောကြားပါတယ်။ “အသင်းသားများသည် သမ္မာကျမ်းအဗိဓာန်၏ အစပိုင်းတွင်ရှိသော ဗိမာန်တော်နှင့် ဆက်စပ်သည့် စကားလုံးများဖြစ်သည့် ‘ဆီသုတ်လိမ်းပြီး ဆုတောင်းခြင်း’၊ ‘ပဋိညာဥ်’၊ ‘စွန့်လွတ်အနစ်နာခံခြင်း’ နှင့် ‘ဗိမာန်တော်’ စသော စကားလုံးများကို ဖတ်ရန် အကြံပေးပါတယ်” လို့သူက ရှင်းပြခဲ့ပါတယ်။ တချို့က ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၆-၂၉ နှင့် ဝတ်ပြုရာကျမ်း အခန်းကြီး ၈ ကို ဖတ်ချင်ပါလိမ့်မည်။ ဓမ္မဟောင်းကျမ်း၊ မောရှေ၏ စာအုပ်များ၊ မြတ်ပုလဲကျမ်းမှ အာဗရဟံတို့မှ ရှေးကျသောဗိမာန်တော် အလုပ်နှင့် ဘိသိတ်မင်္ဂလာတို့အား အဆုံးတိုင် တည်ကြည်ရမည် ဖြစ်ကြောင်း မျဥ်းတားပါ။”

ရုပ်ပုံ
မြင့်မြတ်သော ဗိမာန်တော် အဝတ်အစား ဗီဒီရို

“ကျောင်းမ တစ်ယောက်က ထူးဆန်းတဲ့ အဝတ်အစားတွေကို ဗိမာန်တော်မာ ဝတ်ကြတယ်” လို့ သင့်ရဲ့သားသမီး တစ်ယောက်က မေးခြင်းကို စဥ်းစားကြည့်ပါ။ မှန်ပါသလား” ဗိမာန်တော်များမှ ဗီဒီရို အသေးတစ်ခု ရှိပါတယ်။ ChurchofJesusChrist.org entitled “မြင့်မြတ်သော ဗိမာန်တော် အဝတ်အစား .” ထိုအလွန်ကောင်းမွန်သော မှီငြမ်းစရာများက ရှေးတုန်းက အမျိုးသား၊ အမျိုးသမီးတို့ မြင့်မြတ်သော တေးသံများကို လက်ခံခြင်း၊ ကွဲပြားခြားနားသော ဆုတောင်းမှု ပုံစံများ၊ သင်္ကေတပါရှိသော ဘာသာရေးဆိုင်ရာ အဝတ်အစားများ ၊ အမူအရာများ ၊ စိတ်ထဲတွင်ရှိသော ဘုရားသခင်ကို ကိုးကွယ်ကိုင်းရှိုင်းမှု ကို ဖော်ပြသည့် ဘာသာဓလေ့များကို ရှင်းပြပါတယ်။ ထို့ကြောင့် ၊ အသင်းတော်က ဗိမာန်တော်၏ ကောင်းမြတ်သော ကောင်းချီးမင်္ဂလာများစွာ အတွက် အိမ်ကို ဗဟိုပြုသော ပြင်ဆင်ခြင်းကို ထောက်ပံ့ပါတယ်။ ထိုအရာများက ဤဗီဒီရို ကဲ့သိုပင် အံ့သြဖွယ်ကောင်းလောက်သော ရှာဖွေမှုများနှင့် အခြေကျသော ညွှန်ကြားမှု များမှဖြစ်ပါတယ်။ ပိုပြီး အသုံးဝင်သော အချက်အလက်များကို သင့်အတွက် ရှိပါတယ်။

ကျွန်တော်တို့ အရှင်ဘုရား၏ ဝိညာဥ်တော် အားကျိုးနွံစွာ လျက်လမ်းသည်နှင့်အမျှ မြင့်မြတ်သော ဘိသိတ်မင်္ဂလာများ နှင့် ပဋိညာဥ်များ အကြောင်းကို ကျွန်တော်တို့ အိမ်များတွင် မည်သည်ကို ပြောသင့်မပြောသင့် လိုအပ်သည့် ညီမျှတဲ့ နားလည်ခြင်း ရရှိမှုဖြင့် ကျွန်တော်တို့ကို ကောင်းချီးမင်္ဂလာ ရရှိစေပါလိမ့်မယ်။

ကတိတော်နှင့် သက်သေခံချက်

သင်တို့မှ တစ်ချို့သောသူများက ကျွန်တော်တို့ရဲ့ ဧဝံဂေလသင်ယူခြင်းက အမှန်တကယ်ပင် အိမ်ကို ဗဟိုပြုပြီးအသင်းတော်ကို ထောက်ပံ့ခြင်း ဖြစ်ရဲ့လားဟု သိချင်နေကြမည်ဟု ကျွန်တော် ယူဆပါတယ်။ သင်ရဲ့ အိမ်မှာ သင်က တစ်ဦးတည်းသော အသင်းတော်၏ အသင်းသား ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ သို့မဟုတ် ထောက်ခံမှု မရှိသော အိမ်ထောင်ဖက်၊ သားသမီးများကို တစ်ဦးတည်း စောင့်ရှောက်ရသည့်သူ၊ အိမ်ထောင်မရှိဘဲ တစ်ဦးတည်းနေထိုင်သူ၊ သို့မဟုတ် ကွာရှင်းထားသော နောက်ဆုံးသူလည်း ဖြစ်နိုင်ပါတယ်။ဒီမူဝါဒတွေက သင့်အတွက် ဘယ်လို အသုံးချနိုင်လဲဆိုတာ မေးခွန်းရှိကောင်းရှိနိုင်ပါတယ်။ သင်က “ဒါကိုလုပ်နိုင်ပါ့မလား” လို့ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး မေးခွန်းထုတ်နေတဲ့ ဇနီးသည် သို့မဟုတ် ခင်ပွန်း လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဟုတ်ကဲ့ သင်လုပ်နိုင်ပါတယ်။ ဖြစ်မြောက်စေနိုင်သော ကောင်းချီးမင်္ဂလာတွေက သင့်ရဲ့ဘဝထဲကို ဝင်ရောက်ပြီး သင့်ရဲ့ဘဝမှာ သက်သေပြလိမ့်မယ် ဆိုတာ ကျွန်တော်ကတိပေးပါတယ်။ တံခါးတွေ ပွင့်လာပါလိမ့်မယ်။ အလင်းရောင်က ထွန်းလင်းလာပါလိမ့်မည်။ မဆုတ်မနစ်သော လုံ့လနင့် သည်းခံစိတ်များ တိုးတက်ရန် သင်၏စွမ်းဆောင်ရည် တိုးတက်လာပါလိမ့်မည်။

ယေရှုခရစ်တော်၏ ပြန်လည်ပြင်ဆင်ထားသော ဧဝံဂေလိတရားကို ချစ်ပြီး လေ့လာရန် ကျွန်တော်တို့ တစ်ယောက်ချင်းစီ တိုင်း၏ တာဝန်ကို ကြိုးစားပြီး ဖြည့်ဆည်းသည်နှင့်အမျှ ပြန်လည်ရရှိမည့် ကောင်းချီးမင်္ဂလာများ ရရှိနိုင်သည်ကို ကျွန်တော်ဝမ်းမြောက်စွာ သက်သေခံပါတယ်။ ကျွန်တော်က အမှန်တကယ်ပင် “မရှိမဖြစ်လိုအပ်သော အရာများရရှိရန် ပြင်ဆင်ရမည်”။ ကျွန်တော်ကတိပေးပြီး သခင်ယေရှုခရစ်တော်၏ မြင့်မြတ်သောနာမတော်အားဖြင့် သက်သေခံပါတယ်၊ အာမင် ။

ပုံနှိပ်သည်