၂၀၁၀-၂၀၁၉
ဘုရားသခင်၏တစ်ခဏချင်းကောင်းမြတ်မှု
ဧပြီ ၂၀၁၉ အထွေထွေညီလာခံ


ဘုရားသခင်၏တစ်ခဏချင်းကောင်းမြတ်မှု

ကျွန်တော်တို့ ကိုယ်တော့်ကိုစိတ်ရှည်စွာစောင့်စားနေစဥ်မှာတောင် ကျွန်တော်တို့ထံချက်ချင်းရောက်လာသော ကျိန်းသေသောကောင်းချီးများရှိပါတယ်။

လွန်ခဲ့သောနှစ်များစွာက ကျွန်တော်တို့ရဲ့ငါးနှစ်သားလေးက ကျွန်တော့်ဆီကိုလာပြီး အသိပေးခဲ့တယ် “အဖေ သားတစ်စုံတစ်ခုကိုနားလည်သဘောပေါက်သွားပြီ။ အဖေ့အတွက် မကြာမီဆိုတာက သားအတွက်အချိန်အကြာကြီးပဲဆိုတာ သားနားလည်သဘောပေါက်သွားပြီ။”

ကိုယ်တော်ရှင် သို့မဟုတ် သူ့ရဲ့အစေခံများက “မကြာမမြင့်မီ” သို့မဟုတ် “အချိန်သည်ဝေးဝေးလံလံမဟုတ်” ကဲ့သို့ပြောလာတဲ့အခါ ၎င်းသည်တစ်သက်တာ သို့မဟုတ် ပိုကြာသည်ကို အမှန်တကယ်ဆိုလိုနိုင်တာဖြစ်တယ်။ သူ၏အချိန် နှင့် မကြာခဏ သူ၏အချိန်သတ်မှတ်မှုက ကျွန်တော်တို့နှင့်ကွဲပြားပါတယ်။ သည်းခံခြင်းသည်သော့ချက်ဖြစ်သည်။ ၎င်းမပါဘဲ ကျွန်တော်တို့ တိုးတက်ခြင်းနှင့် ဘုရားသခင်၌ယုံကြည်ခြင်းကို ဘဝနှင့် ကယ်တင်ခြင်း၌ လက်တွေ့ပြနိုင်မှာမဟုတ်ပါဘူး။ သို့သော် ယနေ့ကျွန်တော့်ရဲ့သတင်းစကားကတော့ ကျွန်တော်တို့ ကိုယ်တော့်ကိုစိတ်ရှည်စွာစောင့်စားနေစဥ်မှာတောင် ကျွန်တော်တို့ထံချက်ချင်းရောက်လာသော ကျိန်းသေသောကောင်းချီးများရှိပါတယ်။

အယ်လ်မာနှင့် သူ၏လူများကို လေမန်လူမျိုးများကဖမ်းဆီးတဲ့အခါ သူတို့ကယ်တင်ဖို့ဆုတောင်းခဲ့ကြတယ်။ သူတို့ချက်ချင်းကယ်တင်မခံရဘူး သို့သော် ကယ်တင်ခြင်းအတွက်သူတို့စိတ်ရှည်စွာစောင့်နေစဥ် ကိုယ်တော်ရှင်က ကျိန်းသေသောတစ်ခဏချင်းကောင်းချီးများနှင့် သူ၏ကောင်းမြတ်မှုကိုထုတ်ပြခဲ့ပါတယ်။ လေမန်လူမျိုးများ၏နှလုံးသားများကိုသူကချက်ချင်းနူးညံ့စေခဲ့လို့ သူတို့တွေကိုမသတ်ခဲ့ဘူး။ သူကအယ်လ်မာ၏လူများကိုလည်းအားဖြည့်စေပြီး သူတို့၏ဝန်များကိုပေါ့စေခဲ့တယ်။ နောက်ဆုံးမှာသူတို့ကယ်တင်ခံခဲ့ရတဲ့အခါ ဇာရာဟမ်လာသို့သူတို့ခရီးထွက်ခဲ့ကြတယ်။ ထိုအရပ်မှာ အံ့အားသင့်နေတဲ့လူအစုအဝေးကို သူတို့ရဲ့အတွေအကြုံကိုအသေးစိတ်ပြန်ပြောပြခဲ့တယ်။ ဇာရာဟမ်ရှိလူများအံ့သြခဲ့ကြပြီး “ဘုရားသခင်၏ချက်ချင်းကောင်းမြတ်မှုနှင့် ကျွန်ဘဝမှအယ်လ်မာနှင့်သူ၏ညီအကိုများကိုကယ်တင်ရာ၌ သူ၏တန်ခိုးကို သူတို့တွေးတောခဲ့ကြတဲ့အခါ သူတို့၏အသံများကိုလွှင့်ကာ ဘုရားသခင်အားကျေးဇူးချီးမွမ်းကြပါတယ်။”

ဘုရားသခင်၏တစ်ခဏချင်းကောင်းမြတ်မှုက စစ်မှန်သောစိတ်အားထက်သန်မှုနှင့် နှလုံးသား၏ရည်ရွယ်ချက်အပြည့်ဖြင့်သူ့ကိုခေါ်တော်မူသောသူများဆီသို့လာပါတယ်။ လွတ်မြောက်မှုကအလွန်ဝေးကွာပုံပေါ်ပြီး ဒုက္ခဝေဒနာကကြာရှည်ကာပြင်းထန်တယ်လို့တောင်ပုံပေါ်တဲ့အခါ အပြင်းအထန်အရဲစွန့်ခြင်း၌ အော်ဟစ်ငိုကြွေးသူပါဝင်ပါတယ်။

ဒါကြောင့် “အို ဘုရားသခင် ကိုယ်တော်ဘယ်မှာရှိပါသလဲ…လို့နောက်ဆုံးမှာဟစ်အော်မှုမတိုင်ခင် အေးစက်တဲ့မြေအောက်အကျဥ်းခန်းရှိ ချောက်ကမ်းပါးမှာ ဒုက္ခဝေဒနာခံစားခဲ့တဲ့ လူငယ်ပရောဖက်နှင့်အတူဖြစ်ပါတယ်။ အဘယ်မျှကာလပတ်လုံးကိုယ်တော့်လက်ကိုထိန်းချုပ်ပါမည်နည်း။ အို သခင် အဘယ်မျှကာလပတ်လုံး … တုံ့ပြန်မှုအ​နေဖြင့် ဂျိုးဇက်ကိုကိုယ်တော်ကချက်ချက်းမလွတ်မြောက်စေခဲ့ပါဘူး။ သို့သော်သူကငြိမ်သက်ခြင်းကိုချက်ချင်းချပေးခဲ့ပါတယ်။

ဘုရားသခင်က ​နောက်ဆုံးပိတ်လွတ်မြောက်ခြင်းအတွက် တစ်ခဏချင်းမျှော်လင့်ချက်ကိုလည်းပေးခဲ့ပါတယ်။ မည်သည့်အရာဖြစ်စေ၊ မည်သည့်နေရာတွင်ဖြစ်စေ ခရစ်တော်၌နှင့် ခရစ်တော်အားဖြင့် ကျွန်တော်တို့ရှေ့မှာ တောက်ပစွာပြုံးနေတဲ့မျှော်လင့်ခြင်:အမြဲရှိပါတယ်။ ချင်ချင်း ကျွန်တော်တို့ရှေ့မှောက်မှာ။

ဒါ့အပြင် “ငါ၏ ကြင်နာမှုသည် သင်တို့မှထွက်ခွာသွားလိမ့်မည်မဟုတ်။”ဟု သူကတိပေးခဲ့ပါတယ်။

အားလုံးအထက်မှာ ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည်တစ်ခဏချင်းဖြစ်ပါသည်။ မည်သည့်အရာမှ “ယေရှုခရစ်တော်၌ရှိသော ဘုရားသခင်၏ချစ်ခြင်းမေတ္တာမှကျွန်တော်တို့ကိုကွဲကွာစေ”နိုင်မည်မဟုတ်ဟု ရှင်ပေါလုနှင့်အတူ ကျွန်တော်သက်သေခံပါတယ်။ အချိန်ခဏအကြာ သူ၏၀ိညာဥ်တော်ကိုကျွန်တော်တို့မှကွဲကွာစေနိုင်သည့် ကျွန်တော်တို့၏အပြစ်များပင်လျှင် သူ၏မြင့်မြတ်သောဖခင်မေတ္တာ၏နီးစပ်မှုနှင့် တည်မြဲမှုမှ ကျွန်တော်တို့ကိုကွဲကွာစေနိုင်မည်မဟုတ်ပါ။

ဤအရာများသည် “[ကျွန်ုပ်တို့ကို]သူတစ်ခဏချင်းကောင်းချီးပေး”သည့် နည်းလမ်းနှင့် လမ်းကြောင်းအချို့ဖြစ်ပါသည်။ ယခု ဤမူ၀ါဒများကိုစပ်လျဥ်းပြီး ဘုရားသခင်၏တစ်ခဏချင်းကောင်းမြတ်မှု၏ သက်သေများအဖြစ်ရပ်တည်အသက်ရှင်နေတဲ့ လူ၂ယောက်ရဲ့အတွေ့အကြုံများကိုသင်တို့ကိုကျွန်တော်​ဝေမျှပါမယ်။

အေမီလီဟာ သူမဆယ်ကျော်သက်အရွယ်မှစပြီး မူးယဇ်ဆေး၀ါးတရားမ၀င်သုံးစွဲမှုနဲ့ရုန်းကန်နေခဲ့ပါတယ်။ စမ်းသပ်လေ့လာခြင်းက အကျင့်ဖြစ်လာပြီး ရံဖန်ရံခါ ကျန်းမာရေးကောင်းတဲ့အချိန်များရှိခဲ့သော်လည်း အကျင့်ကနောက်ဆုံးမှာ နှစ်ပေါင်းများစွာ သူမကိုထွက်ပေါက်မရှိအောင်ချုပ်ကိုင်ထားတဲ့ ဆေးစွဲမှုသို့ရောက်ရှိခဲ့တယ်။ အေမီလီဟာ အထူးသဖြင့်ဇနီးနှင့်မိခင်တစ်ယောက်ဖြစ်လာခဲ့ပြီးနောက်မှာ သူမရဲ့ပြဿနာကိုဂရုတစိုက်ဖုံးကွယ်ထားခဲ့တယ်။

သူမရဲ့လွတ်မြောက်ခြင်းအစပိုင်းမှာ လုံး၀လွတ်မြောက်တယ်လို့မခံစားခဲ့ရဘူး။ တစ်မိနစ်လောက် အေမီလီဟာ ဆေးစစ်မှုလုပ်ငန်းစဥ်ကိုကြုံခဲ့ပြီ: နောက်တစ်မိနစ်မှာ သူမကိုလူနာတင်ကားဖြင့်အတွင်းလူနာကုသမှုဆောင်ကိုပို့ခဲ့တယ်။ သူမရဲ့သားသမီးများ၊ သူမရဲ့ခင်ပွန်းနှင့်သူမရဲ့အိမ်မှ ခွဲရမယ်လို့တွေးတဲ့အခါ သူမထိတ်လန့်ခဲ့တယ်။

အဲဒီညမှာ အေမီလီဟာ အေးစက်ပြီးမဲမှောင်တဲ့အခန်းထဲမှာတစ်ယောက်တည်း ကုတင်ပေါ်မှာကွေးပြီး ငိုရှိုက်ခဲ့တယ်။ သူမရဲ့စိတ်၀ိညာဥ်ထဲနှင့် ထိုအခန်းရှိနှိပ်စက်နေတဲ့အမှောင်ထု၊ ကြောက်ရွံ့မှုနှင့် ပူပန်မှုကို ကျော်လွှားရန် သူမရဲ့ဆင်ခြင်သုံးသပ်ဖို့စွမ်းရည်ဟာ နောက်ဆုံးတိုင်အောင် လျော့ပါးသွားခဲ့ပြီး အေမီလီဟာ ထိုညမှာသူမသေဆုံးမယ်လို့တကယ်ပဲထင်ခဲ့တယ်။ တစ်ယောက်တည်း။

ထိုကြမ်းတမ်းတဲ့အခြေအနေမှာ အေမီလီဟာ ဘာကြောင့်မှန်းမသိဘဲ အိပ်ရာကိုခေါက်သိမ်းပြီး ဒူးထောက်ဖို့အားယူခဲ့တယ်။ ယခင်ကဆုတောင်းချက်များအစိတ်အပိုင်းအဖြစ်တစ်ခါတစ်ရံမှာ ရှိခဲ့တဲ့ကိုယ်ဟန်မရှိဘဲ အေမီလီဟာ ပြင်းပြင်းထန်ထန်အသနားခံတဲ့အခါ ကိုယ်တော်ရှင်ထံလုံး၀အပ်နှံခဲ့ပါတယ်။ “ချစ်သောဘုရားသခင် ကျွန်မကိုယ်တော့်ကိုလိုအပ်ပါတယ်။ ကျေးဇူးပြု၍ကျွန်မကိုကူညီပါ။ ကျွန်မတစ်ယောက်တည်းအထီးမကျန်ချင်ပါဘူး။ ကျေးဇူးပြု၍ ဒီညကိုလွန်စေပါ။”

ထို့နောက်တစ်ခဏချင်းတွင် အသက်ကြီးသူပေတရုအားပြုခဲ့သလို ယေရှုကသူ၏လက်ကိုဆန့်ကာသူမ၏နှစ်မြုပ်နေသောစိတ်၀ိညာဥ်ကိုဖမ်းဆုပ်ခဲ့တယ်။ အဲဒီမှာ အေမီလီဟာ အံ့ဖွယ်ငြိမ်သက်မှု၊ သတ္တိ၊ ယုံကြည်စိတ်ချမှုနှင့် ချစ်ခြင်းမေတ္တာခံစားရလာခဲ့တယ်။ အခန်းဟာအေးစက်မှုမရှိတော့ဘဲ သူမအသက်၁၄နှစ်ကတည်းက ပထမဆုံးအကြိမ်အနေနဲ့ သူမဟာတစ်ယောက်တည်းအထီးကျန်နေတာမဟုတ်ဘူးဆိုတာကိုသူမသိလာခဲ့ပြီး အေမီလီဟာအရာအားလုံးအဆင်ပြေသွားလိမ့်မယ်ဆိုတာသိခဲ့တယ်။ သူမ “ဘုရားသခင်ထံ၌နှိုးထ”တဲ့အခါ { အေမီလီဟာငြိမ်းချမ်းစွာအိပ်စက်ခဲ့တယ်။ “သင်တို့နောက်တရပြီး သင်တို့နှလုံးသားများမမာကျောလျှင် သင်တို့ထံသို့ ရွေးနှုတ်ခြင်း၏ကြီးမားသောအစီအစဥ်ကိုချက်ချင်းယူဆောင်လာမည်။”ဆိုတာကိုကျွန်တော်တို့မြင်ပါတယ်။

ရုပ်ပုံ
ဗိမာန်တော်ရှိမိသားစု

အေမီလီရဲ့ကုသခြင်းနှင့် အဆုံးစွန်လွတ်မြောက်ခြင်းက သူမကိုအားပေးပြီး ကိုယ်တော်ရဲ့ကောင်းမြတ်မှုအားဖြင့် တစ်ခါတစ်ရံ ဆွဲဆောင်နေစဥ်မှာ ကုသမှု၊ သင်တန်းနှင့် ဆွေးနွေးလမ်းညွှန်ခြင်း၏လများစွာ အချိန်အတော်ကြာခဲ့ပါတယ်။ သူမရဲ့ခင်ပွန်းနှင့်ကလေးများနှင့်အတူတကွထာ၀ရပေါင်းစည်းဖို့ ဗိမာန်တော်ကို သူမ၀င်တဲ့အခါ ထိုကောင်းမြတ်မှုဟာသူမနှင့်ဆက်လက်တည်ရှိခဲ့ပါတယ်။ ဇာရာဟမ်လာရှိလူများကဲ့သို့ သူမဟာ ဘုရားသခင်၏တစ်ခဏချင်းကောင်းမြတ်မှုနှင့် ချုပ်နှောင်ခြင်းမှသူမကိုလွတ်မြောက်ရာတွင် သူ၏တန်ခိုးကိုသူမပြန်လည်ဆင်ခြင်တဲ့အခါ အေမီလီဟာယခုကျေးဇူးတင်နေပါတယ်။

ယခု အခြားရဲရင့်သောယုံကြည်သူတစ်ဦး၏ဘ၀ကို၀ေမျှပါမယ်။ ဒီဇင်ဘာ ၂၇၊ ၂၀၁၃မှာ ဧလိရှ ရှရိုဒါဟာ မမျှော်လင့်ဘဲသူမအိမ်တံခါး၀ကိုရောက်ရှိလာတဲ့ သူမရဲ့မိတ်ဆွေများရှော်န်နှင့် ရှောလာ ချီလ်ခုတ်ကို၀မ်းမြောက်စွာကြိုဆိုခဲ့ပါတယ်။ ဧလိရှရဲ့သင်းအုပ်ဖြစ်တဲ့ရှော်န်က သူ့ရဲ့လက်ကိုင်ဖုန်းကိုသူမအားလှမ်းပေးပြီး လေးနက်စွာပြောခဲ့ပါတယ်။ “ဧလိရှ ကျွန်တော်တို့သင့်ကိုချစ်တယ်။ ဒီဖုန်းကိုသင်ပြောရမယ်။”

ဧလိရှရဲ့ခင်ပွန်း မာရီယိုဟာဖုန်းလိုင်းမှာရှိတယ်။ သူက ၀ေးလံတဲ့ဒေသမှာ သူတို့ရဲ့ကလေးတချို့နဲ့ ကြိုတင်မျှော်မှန်းခဲ့တာကြာပြီဖြစ်တဲ့နှင်းပေါ်စီးယာဥ်ခရီးမှာရှိတယ်။ ဆိုးရွားတဲ့မတော်တဆမှုတစ်ခုဖြစ်ခဲ့တယ်။ မာရီယိုဟာ ပြင်းထန်စွာဒဏ်ရာရခဲ့ပြီ: သူတို့ရဲ့၁၀နှစ်သားလေး ကာလက်ဟာဆုံးပါးသွားခဲ့တယ်။ မာရီယိုက ဧလိရှကို ကာလက်သေဆုံးခြင်းအကြောင်းကိုမျက်ရည်များနဲ့ပြောပြတဲ့အခါ သူမဟာ ကျွန်တော်တို့အနည်းငယ်သာသိမယ့် ထိတ်လန့်တုန်လှုပ်မှုဖြစ်ခဲ့တယ်။ ၎င်းကသူမကိုလဲကျစေခဲ့တယ်။ ဖော်ပြလို့မရတဲ့ပရိဒေ၀ဖြင့်လက်ခြေသေခဲ့ပြီး ဧလိရှဟာလှုပ်ရှားလို့မရသလိုစကားလည်းမပြောနိုင်တော့ပါဘူး။

သင်းအုပ်နှင့် ညီအစ်မချီလ်ခုတ်ကသူမကိုချီမပြီးဖမ်းကိုင်ထားခဲ့တယ်။ သူတို့ဟာအချိန်အတော်ကြာ အတူတကွအလွန်၀မ်းနည်းစွာငိုကြွေးခဲ့ကြတယ်။ ထို့နောက် သင်းအုပ်ချီလ်ခုတ်ကဧလိရှကိုကောင်းချီးပေးခဲ့တယ်။

ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းနှင့် ဘုရားသခင်၏တစ်ခဏချင်းကောင်းမြတ်မှုအကြောင်းနားလည်သဘောပေါကမှုတချို့မပါဘဲ နောက်ဖြစ်လာတာကိုနားမလည်နိုင်ပါဘူး။ သင်းအုပ်ချီလ်ခုတ်က ဧလိရှရဲ့ခေါင်းပေါ်ကိုသူ့ရဲ့လက်ကိုညင်သာစွာတင်ပြီး တုန်ယင်တဲ့အသံဖြင့် စတင်ပြောပါတယ်။ ဧလိရှက ဘုရားသခင်ကိုယ်တော်တိုင်ပြောနေသကဲ့သို့ အရာနှစ်ခုကိုကြားခဲ့ပါတယ်။ ပထမက သူမရဲ့နံမည် ဧလိရှ ဆူဆန် ရှရိုဒါကိုကြားခဲ့ပါတယ်။ ထို့နောက် သင်းအုပ်က ဘုန်းတန်ခိုးကြီးသောဘုရားသခင်၏အခွင့်အာဏာတော်ကိုတိုင်တည်တာကို သူမကြားပါတယ်။ ထိုအချိန်မှာ ဘုရားသခင်၏တန်ခိုးတော်နှင့်သူမ၏အမည်ကိုဖွင့်ဟရုံဖြင့်—ဧလိရှက ဖော်မပြနိုင်သောငြိမ်သက်ခြင်း၊ ချစ်ခြင်းမေတ္တာ၊ နှစ်သိမ့်မှုနှင့် တစ်နည်းအားဖြင့် ၀မ်းမြောက်ခြင်းဖြင့်ပြည့်ခဲ့တယ်။ ထို့နောက် ၎င်းဟာသူမနှင့်အတူဆက်ရှိနေခဲ့တယ်။

ယခု ဧလိရှ၊ မာရီယိုနှင့် သူတို့ရဲ့ မိသားစုဟာ ကာလက်ကိုလွမ်းဆွတ်ပြီး တကယ်ပဲ ၀မ်းနည်းပူဆွေးနေတုန်းပါပဲ။ ၎င်းကခက်ခဲပါတယ်။ သူမနဲ့ကျွန်တော်စကားပြောတိုင်း သူမရဲ့သားငယ်လေးကိုသူမဘယ်လောက်ချစ်ပြီးလွမ်းလဲဆိုတာကိုသူမပြောတဲ့အခါ ဧလိရှရဲ့မျက်လုံးမှာမျက်ရည်များ၀ဲပါတယ်။ “ရက်များစွာမကြာတော့ဘူး။”ဆိုတဲ့ ချိုမြိန်တဲ့ပေါင်းစည်းခြင်းရဲ့ တောက်ပတဲ့မျှော်လင့်ချက်နှင့်အတူ ယခုဆက်လက်ရပ်တည်နေခြင်းနှင့် သူမရဲ့ အဆိုးဆုံးမျှော်လင့်ချက်မဲ့ချိန်မှာ ကိုယ်တော်၏တစ်ခဏချင်းကောင်းမြတ်မှုနှင့်စတင်ခြင်းနှင့် သူမရဲ့ချောက်ခြားဖွယ်အတွေ့အကြုံတိုင်းမှာ ကြီးမြတ်တဲ့ကယ်တင်ရှင်ဟာ သူမကိုဘယ်လိုအားပေးခဲ့တာကိုသူမပြောတဲ့အခါ သူမရဲ့မျက်လုံးများမျက်ရည်၀ဲပါတယ်။

တစ်ခါတစ်ရံ ဘ၀ရဲ့အတွေ့အကြုံမှားဟာ အေမီလီနဲ့ ဧလိရှသို့ရောက်တဲ့ သက်သာမှုမျိုးထိန်းထားဖို့ သို့မဟုတ် အသိအမှတ်ပြုဖို့ သို့မဟုတ် လက်ခံဖို့ ခက်ခဲအောင်ပြုတဲ့ ရှုပ်ထွေးမှုနှင့်လှိုင်းထန်မှုကိုဖန်တီးတယ်ဆိုတာကျွန်တော်သဘောပေါက်ပါတယ်။ ထိုအချိန်များကိုကျွန်တော်ဖြတ်သန်းခဲ့ပြီးပါပြီ။ ထိုအချိန်များအတောအတွင်းမှာ ကျွန်တော်တို့ရဲ့ထိန်းသိမ်းထားရုံမျှဟာ ဘုရားသခင်၏တစ်ခဏချင်းကောင်းမြတ်မှု၏ကြင်နာသနားတတ်သော၊ တန်ခိုးကြီးသောထင်ရှားပြသခြင်းတစ်ခုဖြစ်တယ်ဆိုတာကျွန်တော်သက်သေခံပါတယ်။ ရှေးကဣသရေလလူမျိုးများကို “သူတို့ကိုကာကွယ်စောင့်ရှောက်ထားသောတူညီသောဘုရားအားဖြင့်”နောက်ဆုံးမှာကယ်တင်ခဲ့တယ်ဆိုတာ သတိရပါ။

ယေရှုခရစ်တော်ဟာကြီးမြတ်တဲ့ကယ်တင်ရှင်ဖြစ်တယ်ဆိုတာကျွန်တော်သက်သေခံပါတယ်။ သင်တို့ဟာ စစ်မှန်သောအကြံနှင့်နှလုံးသား၏ရည်ရွယ်ချင်အပြည့်ဖြင့် သူ့ထံသို့သင်လှည့်လာပါက သင့်ဘ၀နှင့်ပျော်ရွှင်မှုကိုဖျက်ဆီး သို့မဟုတ် လျော့ပါးစေရန်ခြိမ်းခြောက်နေတဲ့အရာအားလုံးမှသင့်ကိုသူကယ်တင်မယ်ဆိုတာ သူ၏နာမ၌ ကျွန်တော်ကတိပေးပါတယ်။ လွတ်မြောက်ခြင်းကသင်ဖြစ်ချင်တာထက်ပိုကြာကောင်းကြာမယ်—တစ်ဘ၀လုံး သို့မဟုတ် ပိုကြာကောင်းကြာမယ်။ ဒါကြောင့် သင့်ကို နှစ်သိမ့်မှု၊ ရဲရင့်မှုနှင့် မျှော်လင့်ချက်ပေးရန်၊ နောက်ဆုံးလွတ်မြောက်ခြင်းနေ့၌သင့်ကို အားဖြည့်ပေးရန်နှင့် ထောက်ပံ့ပေးရန် ယေရှုခရစ်တော်၏နာမ၌ ဘုရားသခင်၏တစ်ခဏချင်းကောင်းမြတ်မှုကိုသ

ပုံနှိပ်သည်