၂၀၁၀-၂၀၁၉
ဝိညာဉ်ပကတိနှင့် အကာအကွယ်အတွက် ခံတပ်ဆောက်လော့
ဧပြီ ၂၀၁၉ အထွေထွေညီလာခံ


ဝိညာဉ်ပကတိနှင့် အကာအကွယ်အတွက် ခံတပ်ဆောက်လော့

ကျွန်တော်တို့ဟာ ယေရှုခရစ်တော်ရဲ့ဧဝံဂေလိတရားတော်ကို ကျင့်သုံးတဲ့အခါ၊ ကယ်တင်ရှင်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာကို ကိုးစား၍ ယုံကြည်ခြင်းဖြင့် ရှေ့ကိုဆက်ပြီးကြိုးစားကြတဲ့အခါ မာရ်နတ်ရဲ့တစ်ဖက်မှာ အင်အားခိုင်မာကြပါတယ်။

ကျွန်တော့ရဲ့ ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျာ၊ ဒီညီလာခံနိဂုံးကိုလည်း ရောက်လာပါပြီ၊ ပြီးခဲ့တဲ့နှစ်ရက်အတွင်း ဒီတရားပလ္လင်မှ ဝေငှခဲ့တဲ့ သွန်သင်မှု၊ သမ္မာတရားနဲ့ ဗျာဒိတ်တော်အတွက် ကောင်းကင်ဘုံရှိ ကျွန်တော်တို့အဘကို ကျွန်တော်ကျေးဇူးတော်ချီးမွမ်းပါတယ်။ ဘုရားသခင်ရဲ့ သန့်ရှင်းသောနှုတ်ကပတ်တော်များကို ဟောပြောဖို့ ခေါ်သွင်းခံရတဲ့ အစေခံတို့ရဲ့ သွန်သင်မှုကို ကျွန်တော်တို့ခံခဲ့ကြပြီးပါပြီ။ “ငါ၏အသံတော်အားဖြင့်ဖြစ်စေ၊ ငါ့အစေခံတို့၏ အသံအားဖြင့် ဖြစ်စေ၊ အတူတူပင်ဖြစ်၏” လို့ ကိုယ်တော်ရှင်က ကျွန်တော်တို့ကို နောက်ပိုင်းကာလဗျာဒိတ်တော်မှာ သတိပေးတော်မူခဲ့ပါတယ်။

ဒီသူတော်စင်ပရိတ်သတ်ကြီးကိုကြည့်ရင်းနဲ့၊ ပြီးတော့ ကမ္ဘာတစ်ဝှမ်းလုံးမှာ အထွေထွေညီလာခံကို ကြည့်ရှုနေကြတဲ့ အသင်းသားတွေကို ပုံဖော်ကြည့်ရင်းနဲ့ ကျွန်တော်ဟာ ခရစ်တော်လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ခံရပြီးနောက် နီဖိုင်းအမျိုးသားတွေဆီကို ရောက်တော်မူလာတဲ့အခါ ရှိနေကြတဲ့ မော်မုန်ကျမ်းထဲက လူအစုအဝေးအကြောင်းကို စဉ်းစားမိပါတယ်။ ပရောဖက်ပြု ဟောထားသည့်အတိုင်းပင် နတ်ဆိုးသည် “လူသားတို့၏ စိတ်နှလုံးကို လှုပ်ရှားထကြွစေလျက်၊ ကောင်းမြတ်သောအရာကို ဆန့်ကျင်၍ အမျက်ထွက်စေကြောင်း သူတို့ကို နှိုးဆော်မည့်”နေ့တွင် ခရစ်တော်ဗဟိုပြုအိမ်များဟာ မြေကြီးပေါ်ရှိဘုရားသခင်၏ နိုင်ငံတော်အတွက် ခံတပ်များဖြစ်ကြပါတယ်။

“သင်တို့အိမ်သို့ပြန်၍၊ မှတ်ကျုံး၍ စဉ်းစားဆင်ခြင်” ဆိုတာ ဒီသန့်ရှင်းမွန်မြတ်တဲ့အခမ်းအနားမှာ ပရောဖက်များနဲ့ အသင်းတော်ခေါင်းဆောင်များ ဟောပြောခဲ့တဲ့ စကားများကို စိတ်နှလုံးထဲကို သွင်းတဲ့ နောက်တစ်ဆင့်ဖြစ်ပါတယ်။ ပရောဖက်ပြု ဟောထားသည့်အတိုင်းပင် နတ်ဆိုးသည် “လူသားတို့၏ စိတ်နှလုံးကို လှုပ်ရှားထကြွစေလျက်၊ ကောင်းမြတ်သောအရာကို ဆန့်ကျင်၍ အမျက်ထွက်စေကြောင်း သူတို့ကို နှိုးဆော်မည့်”နေ့တွင် ခရစ်တော်ဗဟိုပြုအိမ်များဟာ မြေကြီးပေါ်ရှိဘုရားသခင်၏ နိုင်ငံတော်အတွက် ခံတပ်များဖြစ်ကြပါတယ်။

သမိုင်းတစ်လျှောက်မှာ လူတွေဟာ အပြင်ရန်သူတွေကိုကာကွယ်ဖို့ ခံတပ်များကို ဆောက်ခဲ့ကြပါတယ်။ အဲဒီခံတပ်တွေမှာဆိုလျှင်၊ ခြိမ်းခြောက်တဲ့တပ်အင်အားများနဲ့ လာနေတဲ့တိုက်ခိုက်မှုတွေကို သတိပေးတဲ့ ပရောဖက်များကဲ့သို့သော ကင်းစောင့်တွေရှိရာ ကင်းမျှော်စင်တွေပါဝင်ပါတယ်။

ရုပ်ပုံ
သောမတ်စ ရာစဘင်

ယုတပြည်ကနဦးကာလများမှာ၊ ကျွန်တော့အဘေး သောမတ်စ် ရာစဘင်နဲ့ သူ့မိသားစုဟာ ယုတပြည်ရဲ့ လှပတဲ့ ဝါစက်တောင်များရှိ ဟေဘာတောင်ကြားကို ပထမဆုံးဝင်ရောက်အခြေချသူတွေထဲက အချို့ဖြစ်ပါတယ်။

၁၈၅၉ ခုမှာ၊ သောမတ်စဟာ မိမိတို့အကာအကွယ်အတွက် ဟေဘာခံတပ်တည်ဆောက်ရာမှာ ကူညီခဲ့ပါတယ်။ အဲဒါက တစ်လုံးနဲ့တစ်လုံး တစ်ဆက်တည်းရှိပြီး၊ ခံတပ်ရဲ့အပြင်စည်းရိုးကို ပုံဖော်နေတဲ့ သစ်လုံးတန်းရိုးရိုးဖြစ်ပါတယ်။ အဲဒီဘုံစည်းရိုးကို အသုံးပြုပြီး၊ ခံတပ်ထဲမှာ သစ်လုံးတဲငယ်များကို တည်ဆောက်ကြပါတယ်။ အဲဒီ ကနဦးအသင်းသားမိသားစုများ အခြေချပြီး၊ ကိုယ်တော်ရှင်ကို ကိုးကွယ်ကြတဲ့အချိန်မှာ စည်းရိုးက သူတို့ကို လုံခြုံမှုနဲ့ဘေးကင်းမှုကို ပေးပါတယ်။

ရုပ်ပုံ
ကနဦးအသင်းသားခံတပ်

ကျွန်တော်တို့အတွက်လည်း အဲဒီလိုပါပဲ။ ကျွန်တော်တို့အိမ်တွေဟာဆိုရင်လဲ လောကရဲ့ မကောင်းမှုတွေတစ်ဖက်မှာ ခံတပ်တွေဖြစ်ကြပါတယ်။ ကျွန်တော်တို့ရဲ့အိမ်တွေမှာ၊ ကိုယ်တော်ရဲ့ ပညတ်တော်များကို လိုက်လျှောက်ဖို့ သင်ယူခြင်းအားဖြင့်၊ ကျမ်းစာများလေ့လာခြင်းနဲ့ အတူတကွဆုတောင်းခြင်းအားဖြင့်၊ ပြီးတော့ ပဋိညာဉ်လမ်းကြောင်းပေါ်မှာရှိဖို့ အချင်းချင်းကူညီခြင်းအားဖြင့်၊ ခရစ်တော်ဆီကို ကျွန်တော်တို့လာကြပါတယ်။ အိမ်တွင်းမှာ လာလော့၊ ငါ့နောက်သို့လိုက်လော့ သင်ရိုးညွှန်းတမ်းအားဖြင့် ကိုယ်ပိုင်နဲ့ မိသားစုလုက်လေ့လာခြင်း အလေးထားမှုအသစ်ဟာဆိုရင် ကျွန်တော်တို့ရဲ့ပြောင်းလဲခြင်းကို ပိုပြီးလေးနက်အောင်၊ ကျွန်တော်တို့ကို ယေရှုခရစ်တော်လို ပိုပြီးဖြစ်လာအောင် ကူညီဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ အဒီလိုလုပ်ခြင်းအားဖြင့်၊ ကျွန်တော်တို့ဟာ ပေါလုပြောသလို ဘုရားသခင်နဲ့ လိုက်ဖက်တဲ့ နှလုံးသားနဲ့စိတ်ဝိညာဉ်ရှိသော” “သတ္တဝါအသစ်များ “ ဖြစ်လာကြပါလိမ့်မယ်။ မာရ်နတ်ရဲ့ လက်ရောက်ကျူးလွန်မှုများကို ရင်ဆိုင်ရန်သော်လည်းကောင်း၊ လမ်းလွှဲပစ်ရန်သော်လည်းကောင်း ကျွန်တော်တို့မှာ ခွန်အားလိုအပ်ပါတယ်။

ကျွန်တော်တို့ဟာ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းမှ မွေးဖွားလာသည့် ကိုးကွယ်မှုဖြင့်နေထိုင်ခြင်းအားဖြင့်၊ ကျွန်တော်တို့ကို သမ္မာတရားဆီလမ်းညွှန်တဲ့၊ ကိုယ်တော်ရှင်ရဲ့ကောင်းချီးမင်္ဂလာများနဲ့ ထိုက်တန်အောင်နေထိုင်ဖို့ လမ်းညွှန်တဲ့၊ ပြီးတော့ ဘုရားသခင်အသက်ရှင်တော်မူကြောင်းနဲ့ ကျွန်တော်တို့ကို ချစ်တဲ့အကြောင်း သက်သေခံတဲ့ သန့်ရှင်းသောဝိညာဉ်တော်၏ ငြိမ်းချမ်းစွာသက်ရောက်ခြင်းကို ခံစားရမှာဖြစ်ပါတယ်။ ဒီဟာတွေအားလုံးဟာ ကျွန်တော်တို့ကိုယ်ပိုင်အိမ်ခံတပ်ထဲမှာ ရှိပါတယ်။ ဒါပေမယ့်၊ အိမ်နံရံအတွင်းရှိ ကျွန်တော်တို့အယောက်စီတိုင်းရဲ့ ဝိညာဉ်ပကတိခွန်အားရှိသလောက်ပဲ ကျွန်တော်တို့ရဲ့အိမ်တွေခွန်အားရှိမယ်ဆိုတာ သတိရကြပါ။

“လာမယ့်ကာလတွင်၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဦးဆောင်ခြင်း၊ လမ်းညွှန်ခြင်း၊ နှစ်သိမ့်ခြင်းနဲ့ ပုံမှန် လွှမ်းမိုးမှုတို့ မရှိဘဲနှင့် ဝိညာဉ်ပကတိရှင်သန်ဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး”လို့ ဥက္ကဌ ရပ်ဆဲလ်အမ်နယ်လဆင်က သွန်သင်ခဲ့ပါတယ်။ ဒီခေတ်မှာ ယေရှုခရစ်တော်၏ နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ဖြစ်တဲ့ ကျွန်တော်တို့ခံတပ်ရဲ့ မျှော်စင်ပေါ်ရှိ ကင်းစောင့်ဖြစ်တဲ့ ၊ ကိုယ်တော်ရှင်ရဲ့ အသက်ရှင်သောပရောဖက်၊ မြင်သောသူနဲ့ ဗျာဒိတ်ဟောသူအဖြစ် သူက ရန်သူ၏ ချီတက်ခြင်းကို မြင်ရပါတယ်။

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့ဟာ လူသားတို့ရဲ့စိတ်ဝိညာဉ်တွေအတွက် စာတန်နဲ့ စစ်တိုက်ကြရပါတယ်။ ဒီကမ္ဘာမရောက်မီဘဝကတည်းက စစ်ပွဲအတွက် တာစူခဲ့ပြီးဖြစ်ပါတယ်။ ကောင်းကင်ဘုံရှင်အဘ၏ သားသမီးသုံးပုံတစ်ပုံနှင့် စာတန်သည် ကိုယ်တော်ရှင်၏ချီးမြှောက်ခြင်းကတိတော်များကို ငြင်းပယ်ကြပါတယ်။ အဲဒီအချိန်ကစပြီး၊ မာရ်နတ်ရဲ့လက်ပါးစေတွေဟာ ခမည်းတော်ရဲ့အစီအစဉ်ကို ရွေးချယ်တဲ့သစ္စာရှိသူများကို တိုက်ခိုက်လျက်ရှိနေခဲ့ကြပါတယ်။

စာတန်ဟာ သူ့ရဲ့နေ့တွေရေတွက်ခံရပြီး အချိန် တဖြည်းဖြည်းနဲ့တိုတောင်းလာတယ်ဆိုတာကို သိပါတယ်။ သူဟာကောက်ကျစ်ဉာဏ်များပေမယ့်လည်း အောင်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့်၊ ကျွန်တော်တို့တစ်ယောက်ချင်းစီရဲ့ စိတ်ဝိညာဉ်များနဲ့ သူ့ရဲ့စစ်ပွဲကတော့ ဆက်ပြီးရှိနေပါတယ်။

ကျွန်တော်တို့ရဲ့ ဘေးကင်းခြင်းအတွက်၊ ဝိညာဉ်ပကတိခံတပ်နဲ့ ကျွန်တော်တို့စိတ်ဝိညာဉ်များအတွက် အကာအကွယ်ကို၊ မာရ်နတ်ထိုးဖောက်နိုင်မှာမဟုတ်တဲ့ခံတပ်ကို ကျွန်တော်တို့ တည်ဆောက်ကြရမှာဖြစ်ပါတယ်။

စာတန်ဟာ ပါးနပ်တဲ့မြွေဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ဒိုင်းကို အောက်ချတဲ့အခါ၊ စိတ်ပျက်စရာနဲ့ရင်ဆိုင်ရတဲ့အခါ၊ ဒါမှမဟုတ် မျှော်လင့်ချက်ပျောက်ဆုံးတဲ့အခါ သူက ကျွန်တော်တို့ရဲ့ စိတ်နဲ့ နှလုံးသားထဲကို ခိုးဝင်တတ်ပါတယ်။ သူက ကျွန်တော်တို့ကို မြှောက်လုံးပင့်လုံးနဲ့၊ အလွယ်နှစ်သိမ့်ကတိ၊ ဒါမှမဟုတ် ကျွန်တော်တို့စိတ်ဓာတ်ကျနေတဲ့အခါ ခဏပန်းသာယာမှုနဲ့ ဖြားယောင်းပါတယ်။ မာန၊ မကြင်နာမှု၊ မရိုးသားမှု၊ မကျေနပ်မှု၊ ပြီးတော့ စာရိတ္တပျက်မှုတို့ကို တရားတယ်လို့အကြောင်းပြပါတယ်၊ အချိန်ကြာလတာနဲ့အမျှ၊ ကျွန်တော်တို့မှာ “ခံစားတတ်စွမ်းမရှိတော့ဘဲ” ဖြစ်လာနိုင်ပါတယ်။ ဝိညာဉ်တော်က ကျွန်တော်တို့ကို စွန့်ခွာသွားနိုင်ပါတယ်။ “ထိုကဲ့သို့အားဖြင့်၊ နတ်ဆိုးသည် သူတို့၏စိတ်ဝိညာဉ်ကို လိမ်လည်လှည့်ဖြား၍၊ သူတို့ကို ငရဲသို့ သတိကြီးစွာလှည့်ဖြားခေါ်ဆောင်သွား၏။”

ဆန့်ကျင်ဘက်အနေနဲ့၊ ကျွန်တော်တို့ဟာ ဘုရားသခင်ကို အောက်ပါကဲ့သို့သောစကားလုံးများနဲ့ ချီးမွမ်းသီချင်းဆိုတဲ့အခါ၊ ဝိညာဉ်တော်ကို အလွန်အားကြီးစွာခဏခဏခံစားကြရပါတယ်။

ငါတို့ဘုရားသခင်သည် အားကြီးသောခံတပ်ဖြစ်၏၊

ခွန်အားမျှော်စင် အဘယ်တော့မျှ မရှုံး။

အားကြီးသော ကူညီသူ ငါတို့ဘုရားသခင်၊

ဘဝရဲ့အန္တရာယ်တွေကိုအောင်နိုင်ပြီ။

ကျွန်တော်တို့ဟာ ဝိညာဉ်ပကတိခွန်အားခံတပ်ကို ဆောက်တဲ့အခါ မာရ်နတ်ရဲ့ချဉ်းကပ်မှုကို ရှောင်ရှားနိုင်၊ သူ့ကို ကျောခိုင်းနိုင်ပြီး၊ ဝိညာဉ်တော်၏ငြိမ်းချမ်းမှုကို ခံစားနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ကိုယ်တော်ရှင်၊ ကယ်တင်ရှင်ရဲ့ ပုံသက်သေနောက်ကို လိုက်လျှောက်နိုင်ကြပါတယ်၊ သူဟာ စုံစမ်းနှောင့်ယှက်ခံရတဲ့အခါ“အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့”လို့ မိန့်တော်မူခဲ့ပါတယ်။ ကျွန်တော်တို့အယောက်စီတိုင်းဟာ အဲဒီလိုပြုလုပ်ဖို့ ဘဝအတွေ့အကြုံတွေဆီကနေ သင်ယူရမှာဖြစ်ပါတယ်။

လှည့်စားသော၊ သွေးဆာသော၊ အာဏာငတ်မွတ်သော အာမလိခိယအမျိုးသားတို့၏ တိုက်ခိုက်ခြင်းကို ရင်ဆိုင်ဖို့ နီဖိုင်းအမျိုးသားတို့ကို ဗိုယ်မော်ရော်နိုင်းပြင်ဆင်ရာ၌ အဲဒီလိုဖြောင့်မတ်တဲ့ရည်ရွယ်ချက်ကို မော်မုန်ကျမ်းထဲမှာ ကောင်းစွာဖော်ပြထားပါတယ်။ မော်ရော်နိုင်းဟာ နီဖိုင်းအမျိုးသားများ “သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်အတွက် သူတို့အသက်ရှင်နိုင်ကြခြင်းငှာလည်းကောင်း၊ သူတို့၏ရန်သူများခေါ်သည့် ခရစ်ယာန်တို့၏အမှုကို သူတို့ထိန်းသိမ်းနိုင်ခြင်းငှာလည်းကောင်း၊” သူတို့ကို ကာကွယ်ရန် ခံတပ်များကို တည်ဆောက်ခဲ့ပါတယ်။ မော်ရောနိုင်းဟာ “ခရစ်တော်ကို ယုံကြည်ခြင်း၌ ခိုင်မြဲ”ပြီး ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းရာ၌… ပြီးတော့ ဒုစရိုက်ကို တားဆီးရာ၌” သစ္စာရှိခဲ့ပါတယ်။

လာမန်အမျိုးသားတို့ လာပြီးတိုက်တဲ့အခါ၊ နီဖိုင်းအမျိုးသားတို့၏ပြင်ဆင်ခြင်းကြောင့် အံ့အားသင့်ကြပြီး၊ ရှုံးနိမ့်ခဲ့ကြပါတယ်။ နီဖိုင်းအမျိုးသားတို့ဟာ “သူတို့၏ဘုရားသခင်ကိုယ်တော်ရှင်ကို ကျေးဇူးတော်ချီးမွမ်းကြ၏၊ သူတို့ကို ရန်သူများလက်မှ ကယ်လွှတ်တော်မူရာ၌၊ သူ၏အတုမရှိသောတန်ခိုးတော်ကြောင့်ဖြစ်ပါတယ်”။ သူတို့ဟာ အပြင်မှာ အကာအကွယ်အတွက် ခံတပ်များကို တည်ဆောက်ခဲ့ပြီး၊ အတွင်းမှာ ကိုယ်တော်ရှင်ယေရှုခရစ်တော်၌ ယုံကြည်ခြင်းကို သူတို့စိတ်ဝိညာဉ်ထဲလေးနက်စွာနဲ့ တည်ဆောက်ခဲ့ပါတယ်။

ကျွန်တော်တို့တတွေ”ဤကြီးစွာသောအမှုတော်ကို ပြီးမြောက်စေရန် ဘုရားသခင်၏လက်တော်၌ တန်ဆာများ” ဖြစ်နိုင်စေဖို့ ဒုက္ခများတဲ့ကာလမှာ ကိုယ့်ကိုယ်ကို အင်အားခိုင်မာစေနိုင်တဲ့ နည်းလမ်းအချို့က ဘာတွေပါလဲ။ ကျမ်းစာကို ကြည့်ကြရအောင်

ကျွန်တော်တို့ နာခံကြပါတယ်။ ကိုယ်တော်ရှင်က အဖလေဟိကို “မှတ်တမ်းများကို ရယူပြီး၊ ဤနေရာတောရိုင်းထဲသို့ ဆောင်ယူလာ” စေရန်သူ့သားတွေကို ယေရုရှလင်သို့ ပြန်လွှတ်စေကြောင်း မိန့်တော်မူခဲ့ပါတယ်။ လေဟိ မမေးခဲ့ဘူး။ ဘာကြောင့်လဲ၊ ဘယ်လိုလဲလို့ မစဉ်းစားခဲ့ဘူး။ နီဖိုင်းလည်း မမေးခဲ့ဘူး၊ ကိုယ်တော်ရှင် မိန့်တော်မူလေသည့်အရာတို့ကို အကျွန်ုပ်သွား၍ဆောင်ရွက်ပါမည်။”လို့ သူပြန်ပြောခဲ့ပါတယ်။

ကျွန်တော်တို့ဟာ နီဖိုင်းလို လိုလိုလားလားနာခံခြင်းနဲ့ ပြုမူကြပါသလား။ ဒါမှမဟုတ် ယုံကြည်မှုမဲ့ပြီး၊ နောက်ဆုံးမှာ ကိုယ်တော်ရှင်ကို ကျောခိုင်းခဲ့သူတွေဖြစ်ကြတဲ့ နီဖိုင်းရဲ့ အစ်ကိုတွေပြုခဲ့သလိုပဲ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ အမိန့်တွေကို ယုံမှားတဲ့ဘက်ကို ပိုပြီးတိမ်းညွှတ်ကြပါသလား။ နာခံခြင်း၊ “စိတ်နှလုံး၏သန့်ရှင်းခြင်း”နှင့်ပြုခြင်းဆိုတာ > ကျွန်တော်တို့ဆီကနေ ကိုယ်တော်ရှင်တောင်းဆိုတဲ့အရာဖြစ်ပါတယ်။

“အားယူ၍ ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ အကြောင်းမူကား၊ သင်သွား လေရာရာ၌ သင်၏ဘုရားသခင် ကိုယ်တော်ရှင်သည် သင်နှင့်အတူရှိ၏” လို့ ယောရှုကို မိန့်တော်မူခဲ့တဲ့ ကိုယ်တော်ရှင်ကို ကျွန်တော်တို့ယုံကြည်စိတ်ချပါတယ်။ ယောရှုဟာ အဲဒီစကားတွေကို ယုံကြည်စိတ်ချပြီး၊ လူတို့အား “သင်တို့သည် ကိုယ့်ကိုယ်ကို သန့်ရှင်းစေကြလော့။ အကြောင်းမူကား၊ နက်ဖြန်နေ့၌ ထာဝရဘုရားသည် အံ့ဘွယ်သောအမှုတို့ကို သင်တို့၌ ပြုတော်မူမည်။”လို့ အကြံပြုခဲ့ပါတယ်။ ကိုယ်တော်ရှင်သည် ယော်ဒန်မြစ်ရေကို ခွဲပြီး၊ ဣသရေလအမျိုးသားတို့အား တောရိုင်းထဲ၌အနှစ် ၄၀ လှည့်ပတ်ခြင်းကို အဆုံးသတ်ခဲ့ပါတယ်။

မော်မုန်ကျမ်းထဲမှာ ပရောဖက်အဘိနဒိပြုခဲ့သလို ကျွန်တော်တို့ဟာ သမ္မာတရားအတွက် ရပ်တည်ကြပါတယ်။ အဖမ်းခံခဲ့ရတယ်၊ နောဧမင်းကြီးနဲ့ သူ့ရဲ့ ဆိုးညစ်တဲ့ယဇ်ပုရောဟိတ်တွေရဲ့ရှေ့ကို အခေါ်ခံခဲ့ရတယ်၊ အဘိနဒိက ပညတ်တော်ဆယ်ပါးကို သွန်သင်ပေးခဲ့ပါတယ်၊ ခရစ်တော်” လူသားတို့၌ ကြွဆင်းလာတော်မူပြီး၊…. သူ့လူမျိုးတွေကို ရွေးနှုတ်မယ့်”အကြောင်း အားကြီးစွာ ဟောပြောခဲ့ပါတယ်။ အဲဒီနောက်၊ သူဟာ သူ့အထဲမှာ နက်စွာသော ယုံကြည်ခြင်းနဲ့ “အို ဘုရားသခင်၊ အကျွန်ုပ်အသက်ဝိညာဉ်ကို လက်ခံတော်မူပါ”လို့ ဟစ်ကြွေးပြီး၊” မီးဘေးဖြင့်သေခြင်းကို အဘိနဒိ ခံစားခဲ့ပါတယ်။

ရုပ်ပုံ
ရောမ အီတလီ ဗိမာန်တော်

ကျွန်တော်တို့ဟာ ပွဲတော်သုံးဆောင်ခြင်းအားဖြင့်၊ ပြီးတော့ ဗိမာန်တော်ထဲမှာ ကိုးကွယ်ခြင်းအားဖြင့် ပဋိညာဉ်တွေကို ပြန်လည်ပြုလုပ်ကြပါတယ်။ ပွဲတော်ဟာ “သူ၏ဝိညာဉ်တော် ကျွန်တော်တို့နဲ့အတူ အမြဲတည်ရှိလိမ့်မည်” ဆိုတဲ့ ကတိတော်ကို ကျွန်တော်တို့ရရှိရာ တနင်္ဂနွေဝတ်ပြုခြင်းရဲ့ ဗဟိုချက်ဖြစ်ပါတယ် အဲဒီသန့်ရှင်းမွန်မြတ်တဲ့ ဘိသိက်မင်္ဂလာအားဖြင့် ကျွန်တော်တို့အပေါ်မှာ ယေရှုခရစ်တော်၏နာမတော်ကို ခံယူရန်၊ သူ့နောက်ကို လိုက်လျှောက်ရန်၊ သူပြုခဲ့သလိုပဲ ဤမြင့်မြတ်သောအမှုတော်၌ ကျွန်တော်တို့ရဲ့တာဝန်များကို ထမ်းဆောင်ရန် ကျွန်တော်တို့ ကတိကဝတ်ပြုကြပါတယ်။ ဗိမာန်တော်ထဲမှာ ကျွန်တော်တို့ဟာ ဤလောကီအရာများကို “ဘေးဖယ်ထား” ပြီးတော့၊ ကိုယ်တော်ရှင်ရဲ့ မျက်မှောက်တော်နဲ့ သူ့ရဲ့အလွန့်အလွန်ကောင်းမွန်တဲ့ ငြိမ်းချမ်းခြင်းကို ခံစားနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ဘိုးဘေးတို့ကို၊ ကျွန်တော်တို့ရဲ့မိသားစုများကို၊ ပြီးတော့ ထာဝရအသက်ကို အဘမျက်မှောက်မှာ ကျွန်တော်တို့ အာရုံစိုက်နိုင်ကြပါတယ်။ “ ဒီဗိမာန်တော်က ထွက်လာမယ့်ကောင်းမြတ်ခြင်းဟာ တွက်ဆလို့မရအောင် ကြီးမြတ်ပါတယ်လို့” ရောမ မှာ ဥက္ကဌနယ်လဆင် ဖော်ပြခဲ့တာ မဆန်းပါဘူးခင်ဗျာ။

ကျွန်တော်တို့ဟာ ကျွန်တော်တို့ပြုသမျှအရာတွေမှာ ရိုးဖြောင့်ခြင်းရှိရမှာဖြစ်ပါတယ်။ ဘယ်ဟာမှန်သလဲ၊ ဘယ်ဟာမှားသလဲလို့ ကျွန်တော်တို့အမြဲမပြတ်ဆုံးဖြတ်နေဖို့ မလိုရအောင်၊ ပိုင်းခြားသိမြင်ခြင်းနဲ့ စည်းကမ်းအရာမှာ ကျွန်တော်တို့တိုးတက်ရမှာဖြစ်ပါတယ်။ “သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။” လို့ သတိပေးခဲ့တဲ့ ရှေးအသင်းတော်တမန်တော် ပေတရုရဲ့ စကားများကို ကျွန်တော်တို့စိတ်နှလုံးမှာ မှတ်ယူကြရပါမယ်။

ကျွန်တော်တို့ဟာ လုံ့လဝီရိယထက်သန်စွာနဲ့ ကျွန်တော်တို့ခံတပ်များကို အင်အားခိုင်မာကြစေတာနဲ့အမျှ၊ ယေရှုခရစ်တော်လို ဖြစ်လာကြပါတယ်၊ သူ့ရဲ့ စစ်မှန်သော တပည့်တော်များအဖြစ်နဲ့ ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်များဟာ သူ့ရဲ့ အကာအကွယ်အောက်မှာရှိကြပါတယ်။

ယေရှုခရစ်တော်အကြောင်း သင့်ရဲ့ သက်သေခံချက်ဟာ သင့်ရဲ့ ကိုယ်ပိုင်ခံတပ်၊ သင့်စိတ်ဝိညာဉ်အတွက် လုံခြုံရာဖြစ်ပါတယ်။ ကျွန်တော့အဘေးနဲ့ သူ့အပေါင်းအဖော် ကနဦးအသင်းသားများ ဟေဘာခံတပ်ကိုဆောက်ခဲ့တုန်းကဆိုရင်၊ သူတို့ဟာ ခံတပ်ကို အံကိုက်အတူဆက်စပ်မိတဲ့အထိ သစ်လုံးကို တစ်ကြိမ်တစ်လုံး တည်ဆောက်ခဲ့ကြ ပြီး သူတို့အကာအကွယ်ရခဲ့ကြပါတယ်။ သက်သေခံချက်ကလည်း အဲဒီလိုပါပဲ။ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်တို့ရဲ့ဝိညာဉ်ကို ဟောပြောပြီး၊ “အတွင်းပိုင်းမှာ သမ္မာတရား”ကို သွန်သင်နေတာနဲ့အမျှ၊ သူ့ဆီက နေ သက်သေတစ်ခုပြီးတစ်ခု ကျွန်တော်တို့ရရှိကြပါတယ်၊ ကျွန်တော်တို့ဟာ ယေရှုခရစ်တော်ရဲ့ဧဝံဂေလိတရားတော်ကို ကျင့်သုံးတဲ့အခါ၊ ကယ်တင်ရှင်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာကို ကိုးစား၍ ယုံကြည်ခြင်းဖြင့် ရှေ့ကိုဆက်ပြီးကြိုးစားကြတဲ့အခါ၊ မကြောက်တဲ့အခါ မာရ်နတ်ရဲ့တစ်ဖက်မှာ အင်အားခိုင်မာကြပါတယ်။ ကျွန်တော်တို့ရဲ့သက်သေခံချက်တွေက ကျွန်တော်တို့ကို ကောင်းကင်နဲ့ဆက်ပေးပြီး၊ အရာခပ်သိမ်းရဲ့သမ္မာတရားနဲ့ ကျွန်တော်တို့ကောင်းချီးခံစားကြရပါတယ်။ ပြီးတော့၊ ကနဦးအသင်းသားများ ခံတပ်အားဖြင့် အကာအကွယ်ရသလို၊ ကျွန်တော်တို့ဟာလည်း ကင်တင်ရှင်ရဲ့ချစ်ခြင်းလက်များထဲမှာ ဘေးကင်းစွာထွေးပွေ့ခံကြရပါတယ်။

“သို့ဖြစ်၍၊ ဘုရားသခင်၌ ယုံကြည်သူမှန်သမျှသည် သာ၍ကောင်းမြတ်သောလောကကို၊ အမှန်စင်စစ်၊ ဘုရားသခင်၏လက်ျာတော်ဘက်နေရာကိုပင် ဧကန်အမှန်မျှော်လင့်နိုင်ကြ၏။ ထိုမျှော်လင့်ခြင်းသည် ယုံကြည်ခြင်းမှလာ၍၊ လူတို့ကို ခိုင်ခန့်ပြီး မြဲမြံခြင်းကို ဖြစ်စေ၍၊ ကောင်းမြတ်သောအမှုများနှင့် အစဉ်အမြဲကြွယ်ဝလျက်၊ ဘုရားသခင်ကို ချီးမွမ်းစေခြင်းငှာ လမ်းညွှန်မည့် လူသားတို့စိတ်ဝိညာဉ်များ၏ကျောက်ဆူးကို ဖြစ်စေ၏။”လို့ ပရောဖက် ဧသာက သွန်သင်ခဲ့ပါတယ်။

ကျွန်တော့ရဲ့ ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကိုယ်တော်ရှင်နဲ့ သူ့ရဲ့ဧဝံဂေလိတရားတော်၌ ယုံကြည်မှုနဲ့ရှေ့ဆက်ချီတက်ကြဖို့ သင်တို့ကို ကျွန်တော်ကောင်းချီးပေးပါတယ်။ ခလုတ်တိုက်မိတဲ့လူတွေကို သင်တို့လက်နဲ့ထွေးပွေ့ပါ၊ သင်တို့အထဲမှာရှိတဲ့ ဝိညာဉ်တော်ရဲ့ခွန်အားဖြင့်၊ သူတို့ကို ဝိညာဉ်ပကတိနဲ့အကာအကွယ်ခံတပ်ဆီကို ချစ်ခင်စွာ ပြန်ပြီးပို့ဆောင်ကြပါ။ သင်တို့ပြုသမျှ၌ “ယေရှုခရစ်တော်လိုဖြစ်အောင်” ကြိုးစားကြပါ။ မကောင်းမှုနဲ့ သွေးဆောင်နှောင့်ယှက်ခြင်းတွေကို ရှောင်ရှားကြပါ။ ကျွန်တော်တို့ရဲ့ ချစ်သောပရောဖက် မနေ့ကဆုံးမခဲ့သလိုပဲ နောင်တရကြပါ။ စိတ်နှလုံးရိုးသားကြပါ။ ဖြောင့်မတ်စင်ကြယ်ကြပါ။ သနားခြင်းနဲ့မေတ္တာကို ပြကြပါ။ မှန်သောတပည့်တော်တစ်ဦး၏ဆက်ကပ်မှုဖြင့် သင်တို့ရဲ့ဘုရားသခင်ကိုယ်တော်ရှင်ကို ချစ်ကြပါ။

ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အကြောင်း ကျွန်တော်တို့ရဲ့သက်သေခံချက်များ၊ ကျွန်တော်တို့ရဲ့အိမ်များ၊ ကျွန်တော်တို့မိသားစုများ၊ ပြီးတော့ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသူတော်စင်များအသင်းတော်မှာ ကျွန်တော်တို့အသင်းသားဖြစ်ခြင်းက ကျွန်တော်တို့ပတ်လည်မှာ ဝိုင်းထားတဲ့၊ ပြီးတော့ ကျွန်တော်တို့ကို မာရ်နတ်ထံမှ ကာကွယ်ပေးထားတဲ့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ခံတပ်ဖြစ်ပါတယ်။ ဒီအကြောင်းကို ကျွန်တော်တို့ရဲ့ကိုယ်တော်ရှင်နဲ့ကယ်တင်ရှင်၊ ယေရှုခရစ်တော်၏နာမတော်အားဖြင့်ပင် ကျွန်တော်အလေးအနက်သက်သေခံပါတယ်။ အာမင်။

ပုံနှိပ်သည်