လက်စွဲစာအုပ်များနှင့်အမှုတော်ဆောင်တာဝန်များ
၆။ ပန္နက်ခေါင်းဆောင်မှု


“၆။ ပန္နက်ခေါင်းဆောင်မှု၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၁၃)။

“၆။ ပန္နက်ခေါင်းဆောင်မှု၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ

မိသားစုတစ်စုကို စကားပြောနေသည့် ခေါင်းဆောင်

၆။

ပန္နက်ခေါင်းဆောင်မှု

၆၊ ၁

ပန္နက်တစ်ခု၏ ရည်ရွယ်ချက်

ဟေရှာယသည် နောက်ပိုင်းကာလဇိအုန်ကို ပန္နက်များနှင့် ခိုင်မာစေသည့် တဲတစ်ခု သို့မဟုတ် တဲတော်တစ်ခုအဖြစ် ဖော်ပြခဲ့ပါသည် (ရှုဟေရှာယ ၃၃း၂၀၅၄း၂)။

ကိုယ်တော်ရှင်သည် ကိုယ်တော်၏လူမျိုးတို့ကို “အတူတကွစုဝေးခြင်း” အတွက်နှင့် လောကမှ “အကာအကွယ်နှင့် ခိုလှုံရာတစ်ခုအတွက်” ပန္နက်များကို တည်ထောင်ပါသည်(ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၁၅း၆)။

၆၊ ၂

ပန္နက်ဥက္ကဋ္ဌအဖွဲ့

ပန္နက်ဥက္ကဋ္ဌသည် ပန္နက်၌ အသင်းတော်၏အမှုကို ဦးဆောင်ရန် ယဇ်ပုရောဟိတ်အခွင့် သော့များကို ကိုင်ဆောင်ပါသည် (ရှု ၃၊ ၄၊ ၁ )။ သူနှင့် သူ၏အတိုင်ပင်ခံများသည် ပန္နက်ဥက္ကဋ္ဌအဖွဲ့တစ်ခုကို တည်ထောင်ကြပါသည်။ သူတို့သည် ပန္နက်အသင်းသားများကို ချစ်ခြင်းဖြင့် ဂရုစိုက်၍၊ သူတို့ကို ယေရှုခရစ်တော်၏စစ်မှန်သောနောက်လိုက်များ ဖြစ်လာစေရန် ကူညီပါသည်။

ပန္နက်ဥက္ကဋ္ဌတွင် အဓိကတာဝန် လေးခုရှိပါသည်၊

  1. သူသည် ပန္နက်တွင် ဦးစီးသည့် ယဇ်ပုရောဟိတ်မင်းဖြစ်ပါသည်။

  2. သူသည် ပန္နက်၌ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှုကို ဦးဆောင်ပါသည်။

  3. သူသည် အထွေထွေတရားသူကြီးတစ်ဦးဖြစ်ပါသည်။

  4. သူသည် မှတ်တမ်းများ၊ ဘဏ္ဍာရေးနှင့် ပစ္စည်းများကို ကြီးကြပ်ပါသည်။

၆၊ ၃

ခရိုင်ဥက္ကဋ္ဌများနှင့် ပန္နက်ဥက္ကဋ္ဌတို့၏အခွင့်အာဏာကြား ခြားနားချက်များ

အသင်းသားခရိုင်တစ်ခုစီတွင်၊ မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတစ်ဦးကို ခရိုင်ဥက္ကဋ္ဌအဖြစ် ခေါ်သွင်းပါသည်။ သူသည် ပန္နက်ဥက္ကဋ္ဌတစ်ဦးကဲ့သို့ပင် အမှုဆောင်ပါသည်၊ သို့ရာတွင် အောက်ပါခြားနားချက်များရှိပါသည်၊

  • သူသည် ယဇ်ပုရောဟိတ်မင်းအဖွဲ့၏ဥက္ကဋ္ဌတစ်ဦးမဟုတ်ပါ။ ထိုကဲ့သို့သောအဖွဲ့များကို ပန္နက်များတွင်သာဖွဲ့စည်းထားပါသည်။

  • သာသနာဥက္ကဋ္ဌ၏ခွင့်ပြုချက်ဖြင့်၊ ခရိုင်ဥက္ကဋ္ဌတစ်ဦးသည် ညီအစ်ကိုတစ်ဦးကို အသင်းလူကြီးတစ်ဦးအဖြစ် ခန့်ထားခံရစေဖို့ လူတွေ့မေးမြန်းပါသည်။ ခရိုင်ဥက္ကဋ္ဌတစ်ဦး သို့မဟုတ် သူ့လမ်းညွှန်မှုအောက်ရှိတစ်စုံတစ်ဦးသည်လည်း (၁) ညီအစ်ကိုတစ်ဦးကို ထောက်မခြင်း အတွက် ဖော်ပြနိုင်ပါသည်၊ (၂) ဘိသိက်မင်္ဂလာကို ဆောင်ရွက်နိုင်ပါသည် (ရှု ၁၈၊ ၁၀၊ ၁၊ ၃၁၈၊ ၁၀၊ ၃၊ နှင့် ၁၈၊ ၁၀၊ ၄)။ သို့ရာတွင်၊ ခရိုင်ဥက္ကဋ္ဌတစ်ဦးသည် မျိုးနွယ်စုအဘများ၊ ယဇ်ပုရောဟိတ်မင်းများ၊ သို့မဟုတ် သင်းအုပ်များကို ခန့်ထားခြင်းမပြုနိုင်ပါ။

  • သာသနာဥက္ကဋ္ဌ၏ခွင့်ပြုချက်ဖြင့်၊ ခရိုင်ဥက္ကဋ္ဌတစ်ဦးသည် အသင်းတော်ခွဲ ဥက္ကဋ္ဌများကို ခွဲခန့်နိုင်ပါသည် (ရှု ၁၈၊ ၁၁)။

  • သူသည် အချိန်ပြည့် သာသနာပြုများကို မဖြေလွှတ်ပါ။

  • သူသည် ဗိမာန်တော်ထောက်ခံချက် လူတွေ့မေးမြန်းခြင်းများကို မဆောင်ရွက်ပါ၊ သို့မဟုတ် ဗိမာန်တော်ထောက်ခံချက်များကို လက်မှတ်မထိုးပါ (ရှု ၂၆၊ ၃၊ ၁)။

  • သူသည် သာသနာဥက္ကဋ္ဌမှ အခွင့်အာဏာပေးမထားလျှင် အသင်းသားကောင်စီတစ်ခုကို မဆင့်ခေါ်ပါ။

၆၊ ၅

အတိုင်ပင်ခံမင်း

ပန္နက်ဥက္ကဋ္ဌအဖွဲ့သည် ပန္နက်ကောင်စီတစ်ခု ဖွဲ့စည်းရန် ယဇ်ပုရောဟိတ်မင်း ၁၂ ဦးကို ခေါ်သွင်းပါသည် ( ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၀၂း၁၁၂၄း၁၃၁)။

၆၊ ၅၊ ၁

ပန္နက်ဥက္ကဋ္ဌအဖွဲ့ကို ကိုယ်စားပြုခြင်း

ပန္နက်ဥက္ကဋ္ဌအဖွဲ့သည် အတိုင်ပင်ခံမင်းတစ်ဦးကို ပန္နက်အတွင်းရှိ အသင်းတော်စုတစ်ခုချင်းစီသို့ ခန့်ထားပါသည်။

ပန္နက်ဥက္ကဋ္ဌအဖွဲ့သည် အတိုင်ပင်ခံမင်းတစ်ဦးကို ပန္နက်အတွင်းရှိ အသင်းလူကြီးအဖွဲ့တစ်ခုချင်းစီသို့လည်း ခန့်ထားပါသည်။

ပန္နက်ဥက္ကဋ္ဌအဖွဲ့သည် အတိုင်ပင်ခံမင်းများကို အောက်ပါလူတို့အား ဗိမာန်တော်နှင့်မိသားစုသမိုင်းအမှုနှင့် သာသနာပြုအမှုအတွက် သူတို့၏တာဝန်များ၌ လမ်းညွှန်ပေးရန် အတိုင်ပင်ခံများကို ခန့်ထားနိုင်ပါသည်။

  • အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌအဖွဲ့များ

  • အသင်းတော်စုသာသနာပြုခေါင်းဆောင်များ

  • အသင်းတော်စု ဗိမာန်တော်နှင့် မိသားစုသမိုင်းခေါင်းဆောင်များ

၆၊ ၇

ပန္နက်အဖွဲ့အစည်းများ

ပန္နက် လူမှုသက်သာရေးအဖွဲ့၊ လူငယ်အမျိုးသမီးအဖွဲ့၊ မူလတန်းအဖွဲ့၊ တနင်္ဂနွေကျောင်းအဖွဲ့၊ လူငယ်အမျိုးသားအဖွဲ့ အဖွဲ့အစည်းများကို ဥက္ကဋ္ဌတစ်ဦးက ဦးဆောင်ပါသည်။ ဤဥက္ကဋ္ဌများသည် ပန္နက်ဥက္ကဋ္ဌ၏လမ်းညွှန်မှုအောက်တွင် အမှုဆောင်ကြပါသည်။

ဤခေါင်းဆောင်တို့၏အဓိက တာဝန်များမှာ ပန္နက်ဥက္ကဋ္ဌအဖွဲ့ကို ကူညီရန်နှင့် အသင်းတော်စုအဖွဲ့အစည်းဥက္ကဋ္ဌအဖွဲ့များကို လမ်းညွှန်ထောက်မရန်ဖြစ်ပါသည်။

၆၊ ၇၊ ၁

ပန္နက် လူမှုသက်သာရေးအဖွဲ့၊ လူငယ်အမျိုးသမီးအဖွဲ့၊ မူလတန်းအဖွဲ့၊ တနင်္ဂနွေကျောင်းအဖွဲ့ဥက္ကဋ္ဌအဖွဲ့များ

ဤဥက္ကဋ္ဌအဖွဲ့များ၏အဖွဲ့ဝင်များတွင် အောက်ပါတာဝန်များ ရှိပါသည်။

  • ပန္နက်ကောင်စီတွင် အမှုဆောင်ခြင်း (ဥက္ကဋ္ဌများသာ)။

  • ခေါ်သွင်းပြီးခါစ အသင်းတော်စုအဖွဲ့အစည်းဥက္ကဋ္ဌအဖွဲ့များကို နေရာချထားခြင်း။

  • ဆက်တိုက်ကူညီထောက်မခြင်းနှင့် လမ်းညွှန်ချက် ကမ်းလှမ်းခြင်း။ အသင်းတော်စုအဖွဲ့အစည်းဥက္ကဋ္ဌအဖွဲ့များကိုသိရန် ပုံမှန်ညှိနှိုင်းဆောင်ရွက်ခြင်း၊ သူတို့အမှုဆောင်သည့် အသင်းသားများ၏လိုအပ်ချက်များကို ဆွေးနွေးခြင်း၊ ပန္နက်ဥက္ကဋ္ဌအဖွဲ့ထံမှ အချက်အလက်ကို ဆက်သွယ်ပေးခြင်း။

  • အသင်းတော်စုအဖွဲ့အစည်းဥက္ကဋ္ဌအဖွဲ့များကို ပန္နက်ခေါင်းဆောင်မှု အစည်းအဝေးများတွင် လမ်းညွှန်ခြင်း (ရှု ၂၉၊ ၃၊ ၄)။

၆၊ ၇၊ ၂

ပန္နက်လူငယ်အမျိုးသားဥက္ကဋ္ဌအဖွဲ့

ပန္နက်လူငယ်အမျိုးသားဥက္ကဋ္ဌအဖွဲ့တွင် အောက်ပါတာဝန်များ ရှိပါသည်၊

  • သင်းအုပ်အတိုင်ပင်ခံအဖွဲ့ကို အာရုန်ယဇ်ပုရောဟိတ်အခွင့် ညီအစ်ကိုများအတွက် သူတို့၏တာဝန်များ၌ အင်အားစုတစ်ခုအဖြစ် အမှုဆောင်ပါသည်။

  • ပန္နက်လူငယ်ခေါင်းဆောင်မှု ကော်မတီ၌ အမှုဆောင်ပါသည် (ရှု ၂၉၊ ၃၊ ၁၀)။

  • ပန္နက်ဥက္ကဋ္ဌအဖွဲ့၏လမ်းညွှန်မှုအောက်တွင် ပန္နက်အာရုန်ယဇ်ပုရောဟိတ်အခွင့် လှုပ်ရှားမှုများနှင့် စခန်းချခြင်းများကို စီစဉ်ပြီး ညှိုနှိုင်းဆောင်ရွက်ပါသည်။