“၅၊ အထွေထွေနှင့် ဒေသခေါင်းဆောင်မှု၊ ”အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။
“၅၊ အထွေထွေနှင့် ဒေသခေါင်းဆောင်မှု၊ ” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ။
၅။
အထွေထွေနှင့် ဒေသခေါင်းဆောင်မှု
၅၊ ၀
နိဒါန်း
ယေရှုခရစ်တော်သည် ကိုယ်တော့်အသင်းတော်၏ “အဓိကထောင့်ကျောက်” (ဧဖက်ဩဝါဒစာ ၂း၂၀) ဖြစ်ပါသည်)။ သူသည် ယဇ်ပုရောဟိတ်အခွင့်သော့အားလုံးကို ကိုင်ဆောင်ပါသည်။ သူသည် တမန်တော်များနှင့် ပရောဖက်များကို ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှု၌ ကိုယ်တော်ကို ကူညီရန် ခေါ်သွင်းပါသည်။ သူသည် ဤရွေးကောက်ထားသည့် အစေခံတို့အား မြေကြီးပေါ်၌ နိုင်ငံတော်နှင့်ယခုသက်ဆိုင်သည့် သော့များအားလုံးကို အပ်နှင်းပါသည်။ (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၂၇း၁၂-၁၃၊ လည်းရှု ဤလက်စွဲစာအုပ် ရှိ ၃၊ ၄၊ ၁။)
ပရောဖက်များနှင့် တမန်တော်တို့အားဖြင့်၊ ကိုယ်တော်ရှင်သည် လူတို့အား လောကအားလုံး၌ ကိုယ်တော်၏အမှုကို ကူညီရန် ခုနစ်ကျိပ်အမှုအရာသို့ ခေါ်သွင်းပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၀၇း၃၈)။ ထပ်လောင်း၍၊ ဦးစီးသင်းအုပ်အတိုင်ပင်ခံအဖွဲ့၊ အထွေထွေအရာရှိများ၊ အခြားအမျိုးသားနှင့် အမျိုးသမီးခေါင်းဆောင်တို့အား ဤအမှု၌ ကူညီရန် အရေးကြီးသောတာဝန်များကို ပေးထားပါသည်။
နောက်ထပ်အချက်အလက်များအတွက်၊ ရှု အထွေထွေလက်စွဲစာအုပ်၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၌ အမှုဆောင်ခြင်း ရှိအခန်း ၅ (ChurchofJesusChrist.org).