၄။ ယေရှုခရစ်တော်၏အသင်းတော်၌ ခေါင်းဆောင်မှုနှင့် တိုင်ပင်ဆွေးနွေးခြင်းများ၊”အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။
“၄။ ယေရှုခရစ်တော်၏အသင်းတော်၌ ခေါင်းဆောင်မှုနှင့် တိုင်ပင်ဆွေးနွေးခြင်းများ၊”အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ
၄။
ယေရှုခရစ်တော်၏အသင်းတော်၌ ခေါင်းဆောင်မှုနှင့် တိုင်ပင်ဆွေးနွေးခြင်းများ
၄၊ ၀
နိဒါန်း
အသင်းတော်၌ ခေါင်းဆောင်တစ်ဦးအဖြစ်၊ သင်သည် ကိုယ်တော်ရှင်၏အခွင့်အာဏာရှိအစေခံများမှတစ်ဆင့် လမ်းပြလှုံ့ဆော်ခြင်းအားဖြင့် ခေါ်သွင်းခံရပြီးဖြစ်ပါသည်။ သင့်တွင် “လူသား၏ သေခြင်းမရှိရာနှင့် ထာဝရအသက်ကို ဖြစ်ပေါ်စေခြင်း”(မောရှေ ၁း၃၉)ဟူသည့် ကောင်းကင်ဘုံရှင်အဘ၏ အမှုတော်၌ ကူညီရန် အထူးအခွင့်အရေးရှိပါသည်။
၄၊ ၂
အသင်းတော်၌ ခေါင်းဆောင်မှုအခြေခံသဘောတရားများ
ကယ်တင်ရှင်သည် သူ၏အစောပိုင်း အမှုတော်ဆောင်ခြင်းတွင်၊ သူ၏အသင်းတော်အတွက် ခေါင်းဆောင်မှုပုံသက်သေကို ချပြခဲ့ပါသည်။ ကိုယ်တော်၏အဓိကရည်ရွယ်ချက်မှာ သူ့ကောင်းကင်ဘုံရှင်အဘ၏အလိုတော်ကို ဆောင်ခြင်းနှင့် အခြားသူတို့အား ကိုယ်တော်၏ဧဝံဂေလိတရားတော်ကို နားလည်ရန်နှင့် နေထိုင်ရန်ကူညီခြင်းဖြစ်ပါသည် (ရှု ရှင်ယောဟန် ၅း၃၀၊ မောရှေ ၁၅း၇)။
သင်၏အမှုတော်ဆောင်တာဝန်ကိုသင်ယူရန်နှင့် တာဝန်များကို ပြီးပြည့်စုံစေဖို့ ကူညီရန် ကိုယ်တော်ရှင်၏လမ်းညွှန်မှုကို ရှာပါ။
၄၊ ၂၊ ၁
ဝိညာဉ်ပကတိပြင်ဆင်ခြင်း
ယေရှုသည် ကိုယ်တော်၏လောကအထူးတာဝန်အတွက် ဝိညာဉ်ပကတိ၌ သူ့ကိုယ်သူပြင်ဆင်ခဲ့ပါသည် (ရှု ရှင်လုကာ ၄း၁-၂)။ သင်သည်လည်း ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်းနှင့် ကိုယ်တော်၏ ပညတ်တော်များကို နာခံလျက် ကောင်းကင်ဘုံရှင်အဘဆီသို့ ချဉ်းကပ်ခြင်းအားဖြင့် ဝိညာဉ်ပကတိ၌ ပြင်ဆင်ပါသည်။
သင်ဦးဆောင်သည့်သူတို့၏ လိုအပ်ချက်များကို နားလည်ရန်နှင့် သင့်ကို ဘုရားသခင်ခေါ်သွင်းတော်မူထားသည့် အမှုကို မည်သို့ပြီးပြည့်စုံစေရမည်ကို နားလည်ရန် ဗျာဒိတ်တော်ကို ရှာပါ။
ကိုယ်တော်ရှင်ကလည်း ဝိညာဉ်ပကတိဆုကျေးဇူးများကို ရှာသူတို့အပေါ် သွန်းလောင်းဖို့ ကတိတော်ထားခဲ့ပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၄၆း၈)။
၄၊ ၂၊ ၂
ဘုရားသခင်၏သားသမီးအားလုံးကို အမှုတော်ဆောင်ပါ
သင်အမှုတော်ဆောင်သည့်သူတို့ကို ယေရှုချစ်သကဲ့သို့ ချစ်ပါ။ ကိုယ်တော်၏ချစ်ခြင်းနှင့် ပြည့်စေရန် “စိတ်နှလုံးအစွမ်းရှိသမျှဖြင့်” ဆုတောင်းပါ (မော်ရော်နိုင်း ၇း၄၈)။
တစ်ဦးချင်းတို့အား သူတို့၏ပြောင်းလဲခြင်းကို လေးနက်စေရန်၊ ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော်၌ သူတို့၏ယုံကြည်ခြင်းကို ခွန်အားဖြည့်ပေးရန် ကူညီပါ။ သူတို့၏နောက်ထပ်ဘိသိက်မင်္ဂလာကို ရရှိ၍ ပဋိညာဉ်များပြုလုပ်ဖို့ ပြင်ဆင်ရန် သူတို့ကို ကူညီပါ။ သူတို့ပြုသည့် ပဋိညာဉ်များကို စောင့်ထိန်းရန်နှင့် နောင်တရခြင်းကောင်းချီးမင်္ဂလာများကို သုံးဆောင်ရန် သူတို့ကို တိုက်တွန်းပါ။
၄၊ ၂၊ ၃
ယေရှုခရစ်တော်၏ ဧဝံဂေလိတရားတော်ကို သွန်သင်ပါ
ခေါင်းဆောင်အားလုံးသည် ဆရာများဖြစ်ပါသည်။ ဆရာတစ်ဦးအဖြစ် ကယ်တင်ရှင်၏ ပုံသက်သေနောက် လိုက်လျှောက်ဖို့ ကြိုးစားပါ ( ရှု အခန်း ၁၇၊ ကယ်တင်ရှင်၏နည်းဖြင့် သွန်သင်ခြင်း)။ သင်၏စကားများနှင့် အပြုအမူတို့အားဖြင့်၊ ယေရှုခရစ်တော်၏ဩဝါဒနှင့် သူ့ဧဝံဂေလိတရားတော်၏ အခြေခံသဘောတရားများကို သွန်သင်ပါ ( ရှု ၃ နီဖိုင်း ၁၁း၃၂-၃၃၊ ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၄၂း၁၂-၁၄)။
ကျမ်းစာများနှင့် နောက်ပိုင်းကာလ ပရောဖက်တို့၏စကားများမှ သွန်သင်ပါ (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၅၂း၉)။
သင်သည် အသင်းတော်အစည်းအဝေး သို့မဟုတ် လှုပ်ရှားမှုတစ်ခုကို ဦးစီးဖို့ ခေါ်သွင်းခံရ သို့မဟုတ် တာဝန်ပေးခံရလျှင် သွန်သင်ခြင်းကို တည်ဆောက်စေ၍၊ ဩဝါဒအရာ၌ မှန်ကန်ရန် သေချာပါစေ ( ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၅၀း၂၁-၂၃)။
၄၊ ၂၊ ၄
ဖြောင့်မတ်ခြင်းဖြင့် ဦးစီးပါ
ဦးစီးသည့် အရာရှိတိုင်းသည် ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတစ်ဦး၏ လမ်းညွှန်မှုအောက်၌ အမှုတော်ဆောင်ပါသည် (ရှု ၃၊ ၄၊ ၁)။ ဤဖွဲ့စည်းပုံသည် ကိုယ်တော်ရှင်၏အမှုတော်ကိုလုပ်ဆောင်ခြင်း၌ တာဝန်ယူမှု နှင့် တာဝန်ခံမှုတို့အကြောင်း ရှင်းလင်းသောအစီအစဥ် အချက်များဖြင့် ပေးထားပါသည်။
ဦးစီးသောအရာရှိတစ်ဦးသည် အခြားသူတစ်ဦးအား ယာယီတာဝန်တစ်ခုကို ဦးစီးစေရန် ခွဲဝေပေးနိုင်ပါသည်။
အသင်းတော် အဖွဲ့အစည်း၊ အစည်းအဝေး၊ သို့မဟုတ် လှုပ်ရှားမှုတစ်ခုကို ဦးစီးသည့် ခေါင်းဆောင်တစ်ဦးသည် ကိုယ်တော်ရှင်၏ရည်ရွယ်ချက်များ ပြီးမြောက်ကြောင်း သေချာစေပါသည်။ ဤအရာကို လုပ်ဆောင်ခြင်း၌၊ ခေါင်းဆောင်သည် ဧဝံဂေလိတရားတော် ကျင့်ဝတ်စည်းကမ်းများ၊ အသင်းတော်မူဝါဒများ၊ ထို့အတူ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုကို လိုက်လျှောက်ပါသည်။
ဦးစီးရသည့် အမှုတော်ဆောင်တာဝန် သို့မဟုတ် ခန့်အပ်ခြင်းတစ်ခုသည် ရရှိသူကို အခြားသူများထက် ပို၍အရေးကြီးစေခြင်း သို့မဟုတ် တန်ဖိုးရှိစေခြင်း မရှိပါ (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၈၄း၁၀၉-၁၀)။
ကိုယ်တော်ရှင်၏အသင်းတော်၌ မည်သည့်အဖွဲ့အစည်းတွင်မဆို ဦးစီးရန် စွဲလန်းဆန္ဒပြင်းပြခြင်းသည် မသင့်လျော်ပါ (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၂၁း၃၄-၃၇)။
၄၊ ၂၊ ၅
တာဝန်ယူမှုကို ခွဲဝေပေးပါ၊ တာဝန်ခံမှုကို သေချာစေပါ
ကယ်တင်ရှင်သည် သူ၏တပည့်တော်များကို အဓိပ္ပာယ်ရှိသည့် ခန့်အပ်ခြင်းများနှင့် တာဝန်ယူမှုများကို ပေးပါသည် (ရှု ရှင်လုကာ ၁၀း၁)။ လုပ်ဆောင်ရန် သူတို့အား ပေးထားသည့် အမှုအတွက် တာဝန်ခံဖို့ အခွင့်အရေးတစ်ခုကိုလည်း ပေးထားပါသည် (ရှု ရှင်လုကာ ၉း၁၀)။
ခေါင်းဆောင်တစ်ဦးအဖြစ်၊ သင်သည် အခြားသူများကို ခန့်အပ်ခြင်းများ ခွဲဝေပေးခြင်းအားဖြင့် တိုးတက်စေဖို့ ကူညီနိုင်ပါသည်။ အသင်းသားအားလုံးကို ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ခြင်း၌ ရှိစေဖို့ ကြိုးစားပါ။
ခွဲဝေပေးခြင်းကလည်း သင်၏အမှုတော်ဆောင်ခြင်းကို ပို၍ထိရောက်စေပါလိမ့်မည်။ သင်သည် သင်၏အမြင့်ဆုံးဦးစားပေးမှုများကို အာရုံစိုက်နိုင်စေရန် ခွဲဝေပေးရမည့်အရာနှင့် ပတ်သက်၍ ဝိညာဉ်တော်၏လမ်းညွှန်မှုကို ရှာပါ။
၄၊ ၂၊ ၆
အခြားသူများကို ခေါင်းဆောင်များနှင့် ဆရာများဖြစ်ရန် ပြင်ဆင်ပေးပါ
အသင်းတော်ရှိအမှုတော်ဆောင်တာဝန်များ သို့မဟုတ် ခန့်အပ်ခြင်းများ၌ အမှုတော်ဆောင်နိုင်မည့်သူကို စဉ်းစားသောအခါ ထက်သန်စွာဆုတောင်းပါ။ ကိုယ်တော်ရှင်သည် သူခေါ်သွင်းတော်မူသည့်သူများကို အရည်အချင်းပြည့်စေမည်ဖြစ်ကြောင်းကို သတိရပါ။ အရေးအကြီးဆုံးအရာမှာ သူတို့သည် အမှုတော်ဆောင်ဖို့ လိုလိုလားလားရှိကြောင်း၊ ကိုယ်တော်ရှင်၏အကူအညီကို နှိမ့်ချစွာရှာမည့်အကြောင်းနှင့်၊ ထိုက်တန်ဖို့ ကြိုးစားနေကြောင်းပင်ဖြစ်ပါသည်။
၄၊ ၂၊ ၇
အစည်းအဝေးများ၊ သင်ခန်းစာများနှင့် လှုပ်ရှားမှုများကို ရှင်းလင်းသောရည်ရွယ်ချက်များဖြင့် စီစဉ်ပါ။
ရှင်းလင်းသောရည်ရွယ်ချက်များရှိသည့် အစည်းအဝေးများ၊ သင်ခန်းစာများနှင့် လှုပ်ရှားမှုများကို စီစဉ်ရာတွင် ဝိညာဉ်တော်၏လမ်းညွှန်မှုကို ရှာပါ။ ဤရည်ရွယ်ချက်များသည် တစ်ဦးချင်းတို့နှင့် မိသားစုများကို ခွန်အားဖြည့်ပေးရမည်၊ သူတို့ကို ခရစ်တော်နှင့် ပိုနီးရာသို့ ဆောင်ယူရမည်၊ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှုကို ပြီးမြောက်စေဖို့ ကူညီရမည် (ရှု အခန်းများ -၁ နှင့်၂)။
၄၊ ၂၊ ၈
သင်၏ကြိုးပမ်းမှုများကို အကဲဖြတ်ခြင်း
ခေါင်းဆောင်တစ်ဦးအဖြစ် သင်၏တာဝန်များနှင့် ဝိညာဉ်ပကတိတိုးတက်မှုကို ပုံမှန်သုံးသပ်ပါ။ သင်ဦးဆောင်သူတို့၏တိုးတက်မှုကိုလည်းဆင်ခြင်သုံးသပ်ပါ။
ခေါင်းဆောင်တစ်ဦးအဖြစ် သင်၏အောင်မြင်မှုကို အဓိကအားဖြင့် ဘုရားသခင်၏သားသမီးများအား ယေရှုခရစ်တော်၏ သစ္စာရှိတပည့်တော်များဖြစ်လာစေရန် ကူညီခြင်း၌ သင်၏ ကတိကဝတ်အားဖြင့် တိုင်းပါသည်။ သင့်၌ဝိညာဉ်တော်အလုပ်လုပ်တော်မူနေသည်ဟု သင်ခံစားရသည်နှင့်အမျှ ကိုယ်တော်ရှင်သည် သင့်ကို နှစ်သက်တော်မူသည့်အကြောင်းကို သင်သိနိုင်ပါသည်။
၄၊ ၃
အသင်းတော်၌ တိုင်ပင်ဆွေးနွေးခြင်းများ
ကိုယ်တော်ရှင်သည် သူ့အသင်းတော်ခေါင်းဆောင်တို့အား သူ၏အမှုတော်ကို လုပ်ဆောင်ရာ၌ အတူတကွတိုင်ပင်ဆွေးနွေးကြရန် လမ်းညွှန်ထားပါသည် (ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၄၁း၂-၃)။ တိုင်ပင်ဆွေးနွေးခြင်းများသည် တိုင်ပင်ဆွေးနွေးသူတို့အား ဘုရားသခင်သားသမီးတို့၏လိုအပ်ချက်များနှင့် ထိုလိုအပ်ချက်များကို ပြည့်စေဖို့ကူညီရမည့်အစီအစဉ်တို့ကို နားလည်စေရန် ကြိုးစားကြသည်နှင့်အမျှ ဗျာဒိတ်တော်ရရှိစေဖို့ အခွင့်အရေးများ ပေးပါသည်။
၄၊ ၄
ထိရောက်သောတိုင်ပင်ဆွေးနွေးခြင်းအခြေခံသဘောတရားများ
၄၊ ၄၊ ၁
တိုင်ပင်ဆွေးနွေးခြင်းများ၏ရည်ရွယ်ချက်များ
တိုင်ပင်ဆွေးနွေးခြင်းများသည် အသင်းသားတို့အား ဘိသိက်မင်္ဂလာများရရှိဖို့နှင့် ဆက်စပ်သောပဋိညာဉ်များကို စောင့်ထိန်းဖို့ ကူညီခြင်းအတွက် အထူးအလေးထားမှုများကို ဖော်ပြပါသည်။
၄၊ ၄၊ ၂
တိုင်ပင်ဆွေးနွေးခြင်းအစည်းအဝေးများအတွက် ပြင်ဆင်ခြင်း
ဥက္ကဋ္ဌအဖွဲ့များနှင့် တိုင်ပင်ဆွေးနွေးခြင်းတို့ကို ပုံမှန်တွေ့ဆုံဖို့ မျှော်လင့်ပါသည်။ ဤခေါင်းဆောင်များသည် တိုင်ပင်ဆွေးနွေးခြင်းအစည်းအဝေးများကို စီစဉ်ရာ၌ ကိုယ်တော်ရှင်၏လမ်းညွှန်မှုကို ရှာကြပါသည်။ သူတို့သည် ဆွေးနွေးရမည့်အရာကို ဆုံးဖြတ်ရာ၌ တိုင်ပင်ဆွေးနွေးသူတို့၏ တင်သွင်းမှုကိုလည်း ရှာကြပါသည်။
ခေါင်းဆောင်များသည် တိုင်ပင်ဆွေးနွေးသူတို့ကို ဆွေးနွေးရမည့်ကိစ္စများအကြောင်း ကြိုတင်အသိပေးပါသည်။ တိုင်ပင်ဆွေးနွေးသူတို့သည် ဤကိစ္စများနှင့် ပတ်သက်သည့် အတွေးအမြင်များကို ဝေငှဖို့ ပြင်ဆင်ကြပါသည်။
၄၊ ၄၊ ၃
ဆွေးနွေးခြင်းနှင့် ဆုံးဖြတ်ခြင်းများ
တိုင်ပင်ဆွေးနွေးခြင်းအစည်းအဝေးတစ်ခုတွင်၊ ခေါင်းဆောင် (သို့မဟုတ် ခေါင်းဆောင် ခန့်အပ်သည့် တစ်စုံတစ်ဦး) သည် ဆင်ခြင်သုံးသပ်ရမည့်ကိစ္စရပ် ကို ရှင်းပြပါသည်။ ထို့နောက်တွင် ခေါင်းဆောင်သည် တိုင်ပင်ဆွေးနွေးသူအားလုံးတို့ကို မေးခွန်းများမေးရန်အားပေးပြီး၊ အကြံဉာဏ်များတောင်းပါသည်။
အသင်းသားများသည် အကြံပြုချက်များ ဝေငှ၍၊ အချင်းချင်း လေးစားစွာနားထောင်ကြပါသည်။ သူတို့သည် ကိုယ်တော်ရှင်၏အလိုတော်ကို သိဖို့ကြိုးစားကြသည်နှင့်အမျှ လမ်းပြလှုံ့ဆော်သည့်ဝိညာဉ်နှင့် စည်းလုံးခြင်းကို ဖော်ပြနိုင်ပါသည်။
အမျိုးသမီးနှင့် အမျိုးသားများပါဝင်သည့် တိုင်ပင်ဆွေးနွေးခြင်းတစ်ခုတွင်၊ ခေါင်းဆောင်သည် နှစ်ဖက်စလုံးမှ အတွေးအမြင်များနှင့် အကြံဉာဏ်များကို ရှာပါသည်။ အမျိုးသားများနှင့် အမျိုးသမီးများသည် လိုအပ်သည့် ညီမျှမှုကို ပံ့ပိုးသည့် ကွဲပြားသောရှုမြင်မှုများရှိတတ်ကြပါသည်။
ခေါင်းဆောင်တစ်ဦးသည် တိုင်ပင်ဆွေးနွေးခြင်း ဆွေးနွေးမှုများကို လမ်းညွှန်ပါသည်။ သို့ရာတွင်၊ သူ သို့မဟုတ် သူမသည် ပြောခြင်းထက် နားထောင်ခြင်းကို ပို၍ပြုသင့်ပါသည်။
ဆွေးနွေးခြင်းအပြီးတွင်၊ ခေါင်းဆောင်သည် လုပ်ဆောင်မှုအရာကို ဆုံးဖြတ်ခြင်း သို့မဟုတ် နောက်ထပ်သတင်းအချက်အလက်နှင့် လမ်းညွှန်မှုကို ရှာနေစဉ် ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းနိုင်ပါသည်။
၄၊ ၄၊ ၄
စည်းလုံးခြင်း
တိုင်ပင်ဆွေးနွေးသူတို့သည် ဆန္ဒနှင့် ရည်ရွယ်ချက်၌ ကောင်းကင်ဘုံရှင်အဘ၊ ယေရှုခရစ်တော်တို့နှင့် တစ်လုံးတစ်ဝတည်းဖြစ်လာရန် ကြိုးစားကြပါသည်။ သူတို့၏ ဆွေးနွေးခြင်းများနှင့် ဆုံးဖြတ်ချက်များ၌ စည်းလုံးခြင်းအတွက် ကြိုးစားကြပါသည်။
၄၊ ၄၊ ၅
လုပ်ဆောင်မှုနှင့် တာဝန်ခံမှု
တိုင်ပင်ဆွေးနွေးသူတို့သည် မိမိတို့အလုပ်အများစုကို တိုင်ပင်ဆွေးနွေးခြင်းအစည်းအဝေးများ မတိုင်မီနှင့် နောက်ပိုင်းတွင် လုပ်ဆောင်ကြပါသည်။ အစည်းအဝေးတွင်၊ သူတို့သည် ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ဖို့ အစီအစဉ်များ ထုတ်ဖော်ရာ၌ လမ်းပြလှုံ့ဆော်မှုကို ရှာကြပါသည်။ တိုင်ပင်ဆွေးနွေးခြင်းခေါင်းဆောင်သည် အသင်းသားတို့အား ဤအစီအစဉ်များနှင့် ဆက်စပ်သည့် တာဝန်ပေးမှုများကို ပြီးပြည့်စုံစေရန် ဖိတ်ခေါ်ပါသည်။
တိုင်ပင်ဆွေးနွေးသူအသင်းသားတို့သည် မိမိတို့တာဝန်ပေးအပ်ခြင်းများနှင့် ပတ်သက်၍ သတင်းပို့ကြပါသည်။ တိုးတက်မှုတွင် ထောက်မသောအာရုံစိုက်မှုနှင့် လိုက်ပါလုပ်ဆောင်မှုတာဝန်ပေးအပ်ခြင်းများ လိုအပ်ပါသည်။
၄၊ ၄၊ ၆
နှုတ်လုံခြင်း
ခေါင်းဆောင်တို့သည် ကိုယ်ရေးအချက်အလက်များကို တိုင်ပင်ဆွေးနွေးခြင်းတစ်ခုနှင့် ဝေငှရာ၌ သိုသိပ်မှုကို အသုံးပြုပါသည်။ သူတို့သည် အများအားဖြင့် ဤအချက်အလက်ကို ဝေငှဖို့ အသင်းသားတို့၏ခွင့်ပြုချက်ကို ရယူပါသည်။
တိုင်ပင်ဆွေးနွေးသူတို့သည် တိုင်ပင်ဆွေးနွေးသူ ခေါင်းဆောင်ထံမှ တာဝန်ပေးမှုကို ပြီးပြည့်စုံစေခြင်းအတွက် လိုအပ်ခြင်းမရှိလျှင်၊ ကိုယ်ရေးအချက်အလက်များကိုအပြင်ဘက်တွင် မဝေငှရပါ။
အချို့ကိစ္စများသည် တိုင်ပင်ဆွေးနွေးခြင်းတစ်ခုလုံးရှေ့သို့ တင်ပြဖို့ အလွန်ဆင်ခြင်ရလွန်းသောအရာများလည်း ဖြစ်ကြပါသည်။