“၂။ ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှု၌ တစ်ဦးချင်းနှင့် မိသားစုများကို ကူညီထောက်မခြင်း၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။
“၂။ တစ်ဦးချင်းနှင့် မိသားစုများကို ကူညီထောက်မခြင်း၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ
၂။
ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှု၌ တစ်ဦးချင်းနှင့် မိသားစုများကို ကူညီထောက်မခြင်း
၂၊ ၀
နိဒါန်း
ယေရှုခရစ်တော်၏အသင်းတော်၌ ခေါင်းဆောင်တစ်ဦးအဖြစ်၊ သင်သည် တစ်ဦးချင်းနှင့် မိသားစုများကို ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှု ပြီးမြောက်ခြင်း၌ ကူညီထောက်မပါသည် (ရှု ၁၊ ၂)။ ဤအမှု၏အဆုံးစွန်သောရည်ရွယ်ချက်မှာ ဘုရားသခင်၏သားသမီးအားလုံးကို ထာဝရအသက်ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသောဝမ်းမြောက်ခြင်းကို ရရှိရန်ကူညီဖို့ဖြစ်ပါသည်။
ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှုများစွာတို့မှာ မိသားစုအားဖြင့် ပြီးမြောက်ပါသည်။ အသင်းသားအားလုံးအတွက်၊ ဤအမှုကို အိမ်တွင်ဗဟိုပြုပါသည်။
၂၊ ၁
ဘုရားသခင်၏အစီအစဉ်၌ မိသားစု၏ကဏ္ဍ
ကိုယ်တော့်အစီအစဉ်၏တစ်စိတ်တစ်ပိုင်းအဖြစ်၊ ကောင်းကင်ဘုံရှင်အဘသည် မြေကြီးပေါ်တွင်မိသားစုကို တည်ထောင်ခဲ့ပါသည်။ သူသည် ကျွန်တော်တို့အတွက် မိသားစုများမှပျော်ရွှင်ခြင်းကို သယ်ဆောင်လာပေးရန်ရည်ရွယ်ပါသည်။ မိသားစုများသည် သင်ယူရန်၊ တိုးတက်ရန်၊ အမှုဆောင်ရန်၊ နောင်တရရန်နှင့် ခွင့်လွှတ်ရန်အခွင့်အလမ်းများကို ပေးပါသည်။ ထိုအရာတို့သည် ကျွန်ုပ်တို့ကို ထာဝရအသက်အတွက် ပြင်ဆင်ရန် ကူညီပါသည်။
ဘုရားသခင်၏ထာဝရအသက်ကတိတော်တွင် ထာဝရလက်ထပ်ခြင်း၊ သားသမီးများနှင့် ထာဝရမိသားစု၏ အခြားကောင်းချီးမင်္ဂလာများအားလုံး ပါဝင်ပါသည်။ ဤကတိတော်သည် လက်ရှိလက်မထပ်ရသေးသော သို့မဟုတ် အသင်းတော်၌ မိသားစုမရှိသောသူများနှင့်လည်း ဆိုင်ပါသည်။
၂၊ ၁၊ ၁
ထာဝရမိသားစုများ
အသင်းတော်အသင်းသားများ ဗိမာန်တော်ထဲ၌ တံဆိပ်ခတ်ခြင်းဘိသိက်မင်္ဂလာကို ရရှိသောအခါ ထာဝရမိသားစုများကို တည်ဆောက်ကြပါသည်။ အသင်းသားများ ထိုပဋိညာဉ်များကို လိုက်လျှောက်ကြသောအခါ၊ မျှော်မှန်းသလိုမပြုသောအချိန်တွင် နောင်တရကြသည်နှင့်အမျှ ထာဝရမိသားစုတစ်ခု၏ကောင်းချီးမင်္ဂလာများ အမှန်တကယ်ဖြစ်ပေါ်လာကြပါသည်။ အသင်းတော်ခေါင်းဆောင်များသည် အသင်းသားတို့အား ထိုဘိသိက်မင်္ဂလာများကို ရရှိရန်နှင့် သူတို့၏ပဋိညာဉ်များကို လေးစားရန် ကူညီကြပါသည်။
ထာဝရမိသားစုများတည်ဆောက်ခြင်း၏ထပ်တိုးလက္ခဏာတစ်ခုမှာ ဗိမာန်တော်ထဲ၌ ဘိသိက်မင်္ဂလာများ ဆောင်ရွက်ခြင်းဖြစ်ပါသည်၊ ထိုအရာက အသင်းသားတို့အား သူတို့၏ကွယ်လွန်သွားသော ဘိုးဘေးတို့နှင့် တံဆိပ်ခတ်ခံရစေဖို့ အခွင့်ပေးပါသည်။
၂၊ ၁၊ ၂
ခင်ပွန်းနှင့် ဇနီး
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး လက်ထပ်ခြင်းသည် ဘုရားသခင်ခန့်ထားသည့် အရာတစ်ခုဖြစ်ပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၄၉း၁၅)။ ခင်ပွန်းနှင့် ဇနီးသည် ထာဝရအသက်ဆီသို့ အတူတကွတိုးတက်စေဖို့ ရည်ရွယ်ပါသည် (ရှု ကောရိန္သုဩဝါဒစ ပဌမစောင် ၁၁း၁၁)။
ထာဝရအသက်ကို ရရှိခြင်းအတွက် လိုအပ်ချက်များထဲမှ တစ်ခုမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဆီလက်ရှယ်လ်လက်ထပ်ခြင်းပဋိညာဉ်သို့ ဝင်ရောက်ဖို့ဖြစ်ပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၃၁း၁-၄)။ မောင်နှံတစ်စုံသည် ဗိမာန်တော်ထဲ၌ လက်ထပ်ခြင်းဘိသိက်မင်္ဂလာကို ရရှိသောအခါ ဤပဋိညာဉ်ကို ပြုကြပါသည်။ ဤပဋိညာဉ်သည် ထာဝရမိသားစု၏အုတ်မြစ်ဖြစ်ပါသည်။ သစ္စာရှိစွာစောင့်ထိန်းကြသောအခါ၊ သူတို့၏လက်ထပ်ခြင်းကို ထာဝတည်မြဲစေရန် အခွင့်ပေးပါသည်။
ခင်ပွန်းနှင့်ဇနီးကြား မေထုန်မှုသည် လှပပြီး သန့်ရှင်းမွန်မြတ်စေဖို့ ရည်ရွယ်ပါသည်။ ကလေးများမွေးဖွားခြင်းအတွက်နှင့် ခင်ပွန်းနှင့်ဇနီးကြားချစ်ခြင်းဖော်ပြမှုအတွက် ဘုရားသခင်ခန့်ထားသည့်အရာဖြစ်ပါသည်။ သိမ်မွေ့ခြင်းနှင့် လေးစားခြင်း—တစ်ကိုယ်ကောင်းဆန်ခြင်းမှုမရှိခြင်း—တို့သည်သူတို့၏ ရင်းနှီးသောဆက်ဆံရေးကိုလမ်းညွှန်မှုပေးသင့်သည်။
လိင်မေထုန်မှုကို အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးလက်ထပ်ခြင်းအတွက် ထိန်းသိမ်းထားရမည့်အကြောင်း ဘုရားသခင်မိန့်တော်မူခဲ့ပါသည်။
ခင်ပွန်းနှင့် ဇနီးသည် ဘုရားသခင်၏အမြင်တွင် တူညီကြပါသည်။ တစ်ဦးသည် အခြားတစ်ဦးကို အနိုင်မယူရပါ။ သူတို့၏ဆုံးဖြတ်ချက်များကို စည်းလုံးခြင်းနှင့် ချစ်ခြင်း၌၊ နှစ်ဦးစလုံးပြည့်စုံစွာပါဝင်ခြင်းဖြင့် ပြုရမည်။
၂၊ ၁၊ ၃
မိဘများနှင့် သားသမီးများ
“ဘုရားသခင်၏သားသမီးများအတွက်၊ ပွားများရန်နှင့် မြေကြီးကို ပြည့်စေရန်ဟူသော သူ၏ပညတ်တော်မှာ တရားဝင်လျက်ရှိနေ” (“မိသားစု၊ လောကသို့ ကြေညာချက်”၊ လည်းရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၄၉း၁၆-၁၇) ကြောင်း နောက်ပိုင်းကာလ ပရောဖက်များက သွန်သင်ခဲ့ပါသည်။
ချစ်ခြင်းရှိသောခင်ပွန်းနှင့် ဇနီးတို့သည် ကလေးများပြုစုပျိုးထောင်ခြင်းအတွက် အကောင်းဆုံးအပြင်အဆင်ကို အတူတကွပံ့ပိုးပေးကြပါသည်။ တစ်ဦးချင်းအခြေအနေများသည် မိဘများအား သူတို့၏ကလေးများကို အတူတကွပြုစုခြင်းမှ တားမြစ်နိုင်ပါသည်။ သို့သော်လည်း၊ သူတို့သည် ကိုယ်တော်၏အကူအညီကို ရှာ၍၊ ကိုယ်တော်နှင့်ပြုသည့် သူတို့၏ပဋိညာဉ်များကို စောင့်ထိန်းရန် ကြိုးစားကြသည်နှင့်အမျှ ကိုယ်တော်ရှင်သည် သူတို့ကို ကောင်းချီးပေးတော်မူလိမ့်မည်။
မိဘများတွင် သူတို့၏သားသမီးများအား ထာဝရအသက်ကောင်းချီးမင်္ဂလာကို ရရှိရန် ပြင်ဆင်ဖို့ အရေးကြီးသော တာဝန်ရှိပါသည်။ သူတို့သည် မိမိတို့သားသမီးများအား ဘုရားသခင်နှင့် အခြားသူများကို ချစ်ရန်နှင့် အမှုဆောင်ရန် သွန်သင်ပေးပါသည် (ရှု ရှင်မဿဲ ၂၂း၃၆-၄၀)။
“အဘများသည် မိမိတို့မိသားစုများအပေါ် ချစ်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ဖြင့် ဦးစီးရမည်၊ မိမိတို့မိသားစုများ၏ ဘဝလိုအပ်ချက်များနှင့် အကာအကွယ်ကို ပံ့ပိုးပေးရန် တာဝန်ရှိပါသည်” (“မိသားစု၊ လောကသို့ ကြေညာချက်”)။ အိမ်တွင် ခင်ပွန်း သို့မဟုတ် ဖခင်မရှိသောအခါ မိခင်သည် မိသားစုကို ဦးစီးပါသည်။
မိသားစု၌ဦးစီးခြင်းသည် မိသားစုဝင်များကို ဘုရားသခင်၏မျက်မှောက်တော်၌နေထိုင်ရန် ပြန်ခေါ်ဖို့ကူညီရန်တာဝန်ဖြစ်ပါသည်။ နူးညံ့ခြင်း၊ သိမ်မွေ့အောက်ကျို့ခြင်း၊ စင်ကြယ်သောချစ်ခြင်း၊ ယေရှုခရစ်တော်၏ ပုံသက်သေနောက်လိုက်လျှောက်ခြင်း (ရှု ရှင်မဿဲ ၂၀း၂၆-၂၈)တို့ဖြင့် ထိုအရာကို ပြီးမြောက်နိုင်ပါသည်။ အိမ်၌မိသားစုကို ဦးစီးခြင်းတွင် မိသားစုဝင်များကို ပုံမှန်ဆုတောင်းခြင်း၊ ဧဝံဂေလိတရားတော်လေ့လာခြင်း၊ ကိုးကွယ်ခြင်း၏အခြားပုံစံများ၌ ဦးဆောင်ခြင်းတို့ ပါဝင်ပါသည်။ မိဘများသည် ဤတာဝန်များကို ပြီးပြည့်စုံစေရန် စည်းလုံးစွာအလုပ်လုပ်ကြပါသည်။
“မိခင်များသည် အဓိကအားဖြင့် မိမိတို့သားသမီးများကို ပြုစုစောင့်ရှောက်ခြင်း၌ တာဝန်ရှိပါသည်” (“မိသားစု၊ လောကသို့ကြေညာချက်”)။ ပြုစုပျိုးထောင်သည်ဆိုသည်မှာ ကယ်တင်ရှင်၏ပုံသက်သေနောက်ကို လိုက်လျှောက်ရင်း ကျွေးမွေးရန်၊ သွန်သင်ရန်၊ ထောက်မသည် (ရှု ၃ နီဖိုင်း ၁၀း၄) ဟု ဆိုလိုပါသည်။ မိခင်တစ်ဦးသည် မိမိခင်ပွန်းနှင့် စည်းလုံးစွာဖြင့် သူမ၏မိသားစုကို ဧဝံဂေလိတရားတော်သမ္မာတရားများကို သင်ယူရန်နှင့် ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော်၌ ယုံကြည်ခြင်းတိုးပွားရန် ကူညီပါသည်။ သူတို့သည် မိသားစု၌ ချစ်ခြင်းပတ်ဝန်းကျင်တစ်ခုကို အတူတကွ မြှင့်တင်ကြပါသည်။
“ဤသန့်ရှင်းမွန်မြတ်သောတာဝန်များ၌ အဘများနှင့် အမိများသည်၊ တူညီသောလုပ်ဖော်ကိုက်ဖက်များအဖြစ် တစ်ယောက်ကိုတစ်ယောက် ကူညီရန်ဝတ္တရားရှိပါသည်” (“မိသားစု၊ လောကသို့ကြေညာချက်”)။ သူတို့သည် ဆုတောင်းခြင်းထက်သန်စွာ အတူတကွတိုင်ပင်ကြ၊ ကိုယ်တော်ရှင်နှင့် တိုင်ပင်ကြပါသည်။ သူတို့သည် ဆုံးဖြတ်ချက်များကို အတူတကွစည်းလုံးစွာချစ်ခြင်းဖြင့်၊ နှစ်ဦးစလုံးပြည့်စုံစွာ ပါဝင်ခြင်းဖြင့် ပြုလုပ်ကြပါသည်။
၂၊ ၂
အိမ်၌ ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှု
ပထမဥက္ကဋ္ဌအဖွဲ့က ပြောထားပါသည်၊ “အိမ်သည် ဖြောင့်မတ်သောဘဝတစ်ခု၏ အခြေခံ” (ပထမဥက္ကဋ္ဌအဖွဲ့ စာ၊ ဖေ ၁၁၊ ၁၉၉၉) ဖြစ်ပါသည်။
အသင်းသားတို့အား အိမ်တွင် ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှုကို လုပ်ဆောင်ခြင်း၌ ထောက်မရန်၊ အသင်းတော်ခေါင်းဆောင်များသည် သူတို့ကို ဝိညာဉ်တော်တည်နိုင်ရာ အိမ်တစ်အိမ်ကို တည်ဆောက်ရန် တိုက်တွန်းပါသည်။ သူတို့သည် အသင်းသားတို့အား ဥပုသ်နေ့ကို ရိုသေရန်၊ အိမ်၌ ဧဝံဂေလိတရားတော်ကို လေ့လာသင်ယူရန်နှင့်၊ အပတ်စဉ်အိမ်တွင်းညနေကျင်းပဖို့ကိုလည်း တိုက်တွန်းပါသည်။
၂၊ ၂၊ ၃
အိမ်၌ ဧဝံဂေလိတရားတော်လေ့လာသင်ယူခြင်း
ဧဝံဂေလိတရားတော်သွန်သင်ခြင်းနှင့် သင်ယူခြင်းတို့သည် အိမ်ဗဟိုပြု အသင်းတော်ထောက်မသောအရာများဖြစ်ပါသည်။ အသင်းတော်ခေါင်းဆောင်များသည် အသင်းသားတို့အား ဧဝံဂေလိတရားတော်ကို ဥပုသ်နေ့နှင့် သီတင်းပတ်တလျှောက်သင်ယူရန် တိုက်တွန်းကြပါသည်။
လာ၍၊ ငါ့နောက်သို့ လိုက်လော့—တစ်ဦးချင်းနှင့် မိသားစုများအတွက်တွင် အနှစ်ချုပ်ဖော်ပြထားသည့်အတိုင်း ကျမ်းစာများလေ့လာခြင်းသည် အိမ်တွင် ဧဝံဂေလိတရားတော်လေ့လာခြင်းအတွက် အကြံပြုထားသည့် သင်ရိုးဖြစ်ပါသည်။
၂၊ ၂၊ ၄
အိမ်တွင်းညနေနှင့် အခြားလှုပ်ရှားမှုများ
နောက်ပိုင်းကာလပရောဖက်များသည် အသင်းသားတို့အား အပတ်စဉ်အိမ်တွင်းညနေတစ်ခု ကျင်းပဖို့ အကြံပေးထားပါသည်။ ဤအချိန်သည် တစ်ဦးချင်းနှင့် မိသားစုများအတွက် ဧဝံဂေလိတရားတော်ကို သင်ယူရန်၊ သက်သေခံချက်များကို ခွန်အားဖြည့်ပေးရန်၊ စည်းလုံးခြင်းတည်ဆောက်ရန်နှင့် တစ်ဦးနှင့်တစ်ဦး မွေ့လျော်ရန် သန့်ရှင်းမွန်မြတ်သည့် အချိန်တစ်ခုဖြစ်ပါသည်။
အိမ်တွင်းညနေသည် အသင်းသားတို့၏အခြေနေများအတိုင်း ပြောင်းလွယ်ပြင်လွယ်ရှိပါသည်။ ထိုညနေကို ဥပုသ်နေ့ သို့မဟုတ် အခြားနေ့များနှင့် အချိန်များတွင် ကျင်းပနိုင်ပါသည်။ ပါဝင်နိုင်သောအရာများမှာ၊
-
ဧဝံဂေလိတရားတော်လေ့လာခြင်းနှင့် လမ်းညွှန်ခြင်း (လာ၍၊ ငါ့နောက်သို့ လိုက်လော့ ပစ္စည်းများကို ဆန္ဒရှိသလို အသုံးပြုနိုင်ပါသည်)။
-
အခြားသူများကို အမှုဆောင်ခြင်း။
-
ဓမ္မတေးများနှင့် မူလတန်းသီချင်းများကို သီဆိုခြင်း သို့မဟုတ် တီးခတ်ခြင်း (ရှု အခန်း ၁၉)။
-
အသင်းတော်နှင့် လူငယ်ဖွံ့ဖြိုးမှု၌ မိသားစုဝင်များကို ကူညီထောက်မခြင်း။
-
မိသားစုကောင်စီတစ်ခုသည် ရည်မှန်းချက်များ ချမှတ်ရန်၊ ပြဿနာများ ဖြေရှင်းရန်နှင့် အချိန်ဇယားများ ညှိနိုင်းဆောင်ရွက်ရန်ဖြစ်ပါသည်။
-
အပန်းဖြေလှုပ်ရှားမှုများ
အိမ်ထောင်မရှိသောအသင်းသားများနှင့် အခြားအသင်းသားများသည် အိမ်တွင်းညနေ၌ ပါဝင်ရန်နှင့် ဧဝံဂေလိတရားတော်လေ့လာခြင်းဖြင့် တစ်ဦးနှင့်တစ်ဦးခွန်အားဖြည့်ပေးရန် တနင်္ဂနွေဝတ်ပြုခြင်းအစီအစဉ်အပြင် အဖွဲ့များဖွဲ့၍ စုဝေးနိုင်ကြပါသည်။
၂၊ ၂၊ ၅
တစ်ဦးချင်းတို့ကို ကူညီထောက်မခြင်း
အသင်းတော်ခေါင်းဆောင်များသည် မိသားစုမှ ကူညီထောက်မမှုမရှိသောအသင်းသားများကို ကူညီကြပါသည်။
ခေါင်းဆောင်များသည် ဤအသင်းသားများနှင့် သူတို့၏မိသားစုများကို မိတ်သဟာယပြုခြင်း ကောင်းမြတ်သော လူမှုရေးအတွေ့အကြုံများ၊ ဝိညာဉ်ပကတိကြီးထွားခြင်းအခွင့်အရေးများ ရရှိရန် ကူညီကြပါသည်။
၂၊ ၃
အိမ်နှင့် အသင်းတော်ကြားဆက်ဆံရေး
ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှုသည် အိမ်ဗဟိုပြု၊ အသင်းတော်ကူညီထောက်မသည့်အရာတစ်ခုဖြစ်ပါသည်။ အောက်ပါအခြေခံသဘောတရားများကို အိမ်နှင့် အသင်းတော်ကြားဆက်ဆံရေးတွင် အသုံးပြုနိုင်ပါသည်။
-
ခေါင်းဆောင်များနှင့် ဆရာများသည် မိဘများ၏ကဏ္ဍများကို လေးစားကြပါသည်၊ သူတို့ကို ကူညီကြပါသည်။
-
အသင်းတော်အချို့အစည်းအဝေးများသည် အသင်းတော်စု သို့မဟုတ် အသင်းတော်ခွဲတစ်ခုချင်းစီတွင် မရှိမဖြစ်အရေးကြီးပါသည်။ ဤအရာတို့တွင် တနင်္ဂနွေနေ့၌ ကျင်းပသည့် ပွဲတော်အစည်းအဝေးနှင့် အတန်းများ၊ အဖွဲ့အစည်းအဝေးများ ပါဝင်ပါသည်။ အခြားများစွာသောအစည်းအဝေးများ၊ လှုပ်ရှားမှုများ၊ နှင့် အစီအစဉ်များသည် မရှိမဖြစ်အရေးမကြီးပါ။
-
အသင်းတော်အမှုဆောင်ခြင်းနှင့် ပါဝင်ခြင်းတို့သည် စွန့်လွှတ်မှုအတိုင်းအတာတစ်ခု လိုအပ်ပါသည်။ ကိုယ်တော်ရှင်သည် အသင်းသားများ ကိုယ်တော်၏အသင်းတော်တွင် အမှုဆောင်၍ စွန့်လွှတ်မှုရှိကြသည်နှင့်အမျှ သူတို့ကို ကောင်းချီးပေးလိမ့်မည်။ သို့သော်လည်း၊ အသင်းတော်အမှုဆောင်ခြင်းအတွက်ပေးသည့် အချိန်ပမာဏသည် အသင်းသားတို့အိမ်၌၊ အလုပ်၌၊ ထို့အတူ အခြားတစ်နေရာရာ၌ သူတို့၏တာဝန်များအား ပြီးပြည့်စုံစေနိုင်စွမ်းကို မနိမ့်ကျစေသင့်ပါ။