“၁၂။ မူလတန်း၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။
“၁၂။ မူလတန်း၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ
၁၂။
မူလတန်း
၁၂၊ ၁
ရည်ရွယ်ချက်နှင့် အဖွဲ့အစည်း
မူလတန်းသည် အိမ်ဗဟိုပြု၊ အသင်းတော်ထောက်မသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ အသက် ၁၈ လမှ ၁၁ နှစ်ထိကလေးများအတွက်ဖြစ်ပါသည်။
၁၂၊ ၁၊ ၁
ရည်ရွယ်ချက်များ
မူလတန်းသည် ကလေးများကို ကူညီပါသည်၊
-
သူတို့၏ကောင်းကင်ဘုံရှင်အဘ၏ ချစ်ခြင်းကို ခံစားစေရန်နှင့် ကိုယ်တော်၏ ပျော်ရွှင်ခြင်းအစီအစဉ်အကြောင်း သင်ယူရန်။
-
ယေရှုခရစ်တော်အကြောင်းနှင့် ကောင်းကင်ဘုံရှင်အဘ၏အစီအစဉ်၌ ကိုယ်တော်၏ကဏ္ဍအကြောင်း သင်ယူရန်။
-
ယေရှုခရစ်တော်၏ ဧဝံဂေလိတရားကို သင်ယူရန်နှင့် ကျင့်သုံးရန်။
-
သန့်ရှင်းသောဝိညာဉ်တော်၏လွှမ်းမိုးမှုကို ခံစား၊ သိမှတ်၊ ဆောင်ရွက်ရန်။
-
သန့်ရှင်းမွန်မြတ်သော ပဋိညာဉ်များအတွက် ပြင်ဆင်ရန်နှင့် ပြုလုပ်ရန်။
-
ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှု၌ ပါဝင်ရန်။
၁၂၊ ၁၊ ၃
အတန်းများ
ကလေးများအလုံအလောက်ရှိသောအခါ၊ သူတို့အသက်အလိုက် အတန်းများခွဲပါသည်။
ကလေးများသည် ယေဘုယျအားဖြင့် သူတို့အသက် ၁၂ နှစ်သို့ရောက်သည့်နှစ်တွင် မူလတန်းမှ လူငယ်အမျိုးသမီးအဖွဲ့ သို့မဟုတ် သင်းထောက်အဖွဲ့သို့ တိုးတက်ကြပါသည်။
၁၂၊ ၁၊ ၄
သီချင်းဆိုချိန်
သီချင်းဆိုချိန်သည် ကလေးများကို ကောင်းကင်ဘုံရှင်အဘ၏ချစ်ခြင်းကို ခံစားဖို့နှင့် ကိုယ်တော်၏ ပျော်ရွှင်ခြင်းအစီအစဉ်အကြောင်းကို သင်ယူရန် ကူညီပါသည်။ ကလေးများသည် ဧဝံဂေလိတရားတော် အခြေခံသဘောတရားများ အကြောင်းကို သင်ယူကြသည်နှင့်အမျှ၊ သန့်ရှင်းသောဝိညာဉ်တော်သည် ထိုတရားတို့၏မှန်ကန်ခြင်းကို သက်သေခံပါသည်။
မူလတန်းဥက္ကဋ္ဌအဖွဲ့နှင့် တေးဂီတခေါင်းဆောင်များသည် ကလေးများ သူတို့၏အတန်းများနှင့် အိမ်၌ သင်ယူနေသည့် ဧဝံဂေလိတရားတော်အခြေခံသဘောတရားများကို အားဖြည့်ပေးရန် လတိုင်းအတွက် သီချင်းများကို ရွေးချယ်ပါသည်။
၁၂၊ ၁၊ ၅
ကလေးထိန်းတန်း
ကလေးထိန်းတန်းသည် အသက် ၁၈ လမှ ၃ နှစ်အထိကလေးများကို ကောင်းကင်ဘုံရှင်အဘ၏ချစ်ခြင်းကို ခံစားရန်နှင့် ကိုယ်တော်၏ပျော်ရွှင်ခြင်းအစီအစဉ်အကြောင်းသင်ယူရန် ကူညီပါသည်။
၁၂၊ ၂
ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှု၌ ပါဝင်ခြင်း
၁၂၊ ၂၊ ၁
ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ကျင့်သုံးခြင်း
၁၂၊ ၂၊ ၁၊ ၂
ဧဝံဂေလိတရားတော်သင်ယူခြင်း
တနင်္ဂနွေနေ့ မူလတန်းအစည်းအဝေးများ။ မူလတန်းဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးသည် ဖွင့်လှစ်ခြင်းကို စီစဉ်ပါသည်။
အချိန်ဇယားမှာ အောက်ပါအတိုင်းဖြစ်ပါသည်၊
အစည်းအဝေးအစိတ်အပိုင်း |
ကြာချိန် |
---|---|
အစည်းအဝေးအစိတ်အပိုင်း ဖွင့်လှစ်ခြင်း (ဆုတောင်းခြင်း၊ ကျမ်းစာ သို့မဟုတ် ယုံကြည်ခံယူချက်၊ စကားပြော—အားလုံးကို ကလေးများပြုလုပ်ပါသည်) | ကြာချိန် ၅ မိနစ် |
အစည်းအဝေးအစိတ်အပိုင်း သီချင်းဆိုချိန် | ကြာချိန် ၂၀ မိနစ် |
အစည်းအဝေးအစိတ်အပိုင်း အတန်းများသို့ ပြောင်းခြင်း | ကြာချိန် ၅ မိနစ် |
အစည်းအဝေးအစိတ်အပိုင်း အတန်းများနှင့် အပိတ်ဆုတောင်း | ကြာချိန် ၂၀ မိနစ် |
အသက် ၁၈ လမှ ၃ နှစ် ကလေးများအတွက် ကလေးထိန်းတန်းသည် မိနစ် ၅၀ ကြာပါသည်။ သင်တို့၏ကလေးသူငယ်များကို ကြည့်ရှုလော့တွင် အကြံပြုသည့် အချိန်ဇယားတစ်ခုကို ပေးထားပါသည်။
ကလေးများ၏ ပွဲတော်အစည်းအဝေးတင်ဆက်ခြင်း။ ကလေးများ၏ နှစ်ပတ်လည် ပွဲတော်အစည်းအဝေးတင်ဆက်ခြင်းကို နှစ်၏နောက်ဆုံး လအနည်းငယ်အတွင်း ကျင်းပပါသည်။
မူလတန်းဥက္ကဋ္ဌအဖွဲ့နှင့် တေးဂီတခေါင်းဆောင်သည် တင်ဆက်ခြင်းကို ဆုတောင်းခြင်းထက်သန်စွာဖြင့် စီစဉ်ကြပါသည်။ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့က လမ်းညွှန်ချက်ပေးပါသည်။ ကလေးများသည် သီချင်းဆိုနိုင်၊ စကားပြောနိုင်၊ ပုံပြင်များ၊ ကျမ်းစာများ၊ သို့မဟုတ် သက်သေခံချက်များကို ဝေငှနိုင်ပါသည်။
ဗိမာန်တော်နှင့် ယဇ်ပုရောဟိတ်အခွင့်အစည်းအဝေးပြင်ဆင်ခြင်း။ မူလတန်းဥက္ကဋ္ဌအဖွဲ့သည် ဗိမာန်တော်နှင့် ယဇ်ပုရောဟိတ်အခွင့်ပြင်ဆင်ခြင်းအစည်းအဝေးကို နှစ်စဉ်ပြင်ဆင်ပါသည်။ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့က လမ်းညွှန်မှုပေးပါသည်။ အစည်းအဝေးသည် အသက် ၁၀ နှစ်အရွယ်ကလေးများအတွက်ဖြစ်ပါသည်။ မိဘများကို ဖိတ်ခေါ်ပါသည်။
၁၂၊ ၂၊ ၁၊ ၃
အမှုဆောင်ခြင်းနှင့် လှုပ်ရှားမှုများ
ကလေးများသည် အသက် ၈ နှစ်သို့ရောက်သည့်နှစ် ဇန္နဝါရီလမှစ၍ မူလတန်းလှုပ်ရှားမှုများသို့ တက်ရောက်ခြင်းကို စတင်နိုင်ပါသည်။
မူလတန်းလှုပ်ရှားမှုများကို တနင်္ဂနွေနေ့များ သို့မဟုတ် တနင်္လာနေ့ညနေများမှလွဲသည့် အခြားအချိန်များတွင် ကျင်းပကြပါသည်။
-
ဖြစ်နိုင်လျှင် မူလတန်းလှုပ်ရှားမှုများကို တစ်လနှစ်ကြိမ်ကျင်းပကြပါသည်။
-
ပုံမှန်အားဖြင့် ယောက်ျားလေးများနှင့် မိန်းကလေးများ သီးခြားစီတွေ့ဆုံကြပါသည်။ သို့ရာတွင်၊ သူတို့သည် အချို့သောလှုပ်ရှားမှုများအတွက် ပူးပေါင်းနိုင်သည် သို့မဟုတ် ကလေးအနည်းငယ်နှင့် နေရာများတွင် ရှိနိုင်ပါသည်။
သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့သည် မူလတန်းရှိ ယောက်ျားလေးများနှင့် မိန်းကလေးများအတွက် အသုံးစရိတ်နှင့် လှုပ်ရှားမှုများလုံလောက်ပြီး သာတူညီမျှရှိစေကြောင်း သေချာစေပါသည်။
၁၂၊ ၂၊ ၁၊ ၄
ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှု
ကလေးများ အသက် ၈ နှစ်သို့ရောက်သည့်နှစ်မှ စ၍၊ ကယ်တင်ရှင်နှင့် ပို၍တူလာစေရန် သူတို့၏ အားထုတ်မှုတွင် ဝိညာဉ်ပကတိ၊ လူမှုရေး၊ ရုပ်ပိုင်းဆိုင်ရာနှင့် အသိဉာဏ်ပိုင်းဆိုင်ရာ (ရှု ရှင်လုကာ ၂း၅၂) ဖွံ့ဖြိုးရန် ရည်မှန်းချက်များ ချမှတ်ဖို့ ဖိတ်ခေါ်ပါသည်။
သူတို့သည် ရည်မှန်းချက်များချမှတ်ရန် ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှု၊ ကလေးများအတွက် လမ်းညွှန်စာအုပ်ကို အသုံးပြုနိုင်ပါသည်။
၁၂၊ ၃
အသင်းတော်စုမူလတန်း ခေါင်းဆောင်မှု
၁၂၊ ၃၊ ၁
သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့
သင်းအုပ်၏အဓိကတာဝန်မှာ ကလေးများအပါအဝင် တက်လာသည့် မျိုးဆက်အတွက်ဖြစ်ပါသည်။ သင်းအုပ်သည် မူလတန်းအတွက် သူ၏တာဝန်၌ ကူညီရန် အတိုင်ပင်ခံတစ်ဦး ခန့်ထားနိုင်ပါသည်။ သင်းအုပ်သို့မဟုတ် ခန့်ထားသည့် အတိုင်ပင်ခံတစ်ဦးသည် မူလတန်းဥက္ကဋ္ဌနှင့် ပုံမှန်တွေ့ဆုံပါသည်။
သင်းအုပ်နှင့် သူ၏အတိုင်ပင်ခံများသည် မူလတန်းကို ပုံမှန်တက်ရောက်ကြပါသည်။
၁၂၊ ၃၊ ၂
မူလတန်းဥက္ကဋ္ဌအဖွဲ့
သင်းအုပ်သည် အရွယ်ရောက်အမျိုးသမီးတစ်ဦးကို အသင်းတော်စုမူလတန်းဥက္ကဋ္ဌအဖြစ် အမှုဆောင်ရန် ခေါ်သွင်း၍ ခွဲခန့်ပါသည်။
သေးငယ်သောဒေသတစ်ခုတွင်၊ မူလတန်းဥက္ကဋ္ဌသည် မူလတန်း၌ ခေါ်သွင်းထားသည့် တစ်ဦးတည်းသော ခေါင်းဆောင်ဖြစ်နိုင်ပါသည်။ ဤအခြေအနေတွင်၊ သူမသည် သင်ခန်းစာများ၊ သီချင်းဆိုချိန်နှင့် လှုပ်ရှားမှုများကို စီစဉ်ရန် မိဘများနှင့်အတူ အလုပ်လုပ်ပါသည်။ ဒေသသည် အလုံအလောက်ကြီးမားလျှင်၊ ထပ်တိုးအမှုတော်ဆောင်တာဝန်များကို ဤအစီအစဉ်အတိုင်း ဖြည့်နိုင်ပါသည်၊ အတိုင်ပင်ခံများ၊ တေးဂီတခေါင်းဆောင်၊ ကလေးထိန်းခေါင်းဆောင်များ၊ အတွင်းရေးမှူးနှင့် လှုပ်ရှားမှု ခေါင်းဆောင်များ။
မူလတန်းခေါင်းဆောင်များသည် မိဘများအား ကလေးများကို ပဋိညာဉ်လမ်းကြောင်းသို့ဝင်ရောက်ပြီး လမ်းကြောင်းတလျှောက်တိုးတက်စေဖို့ ပြင်ဆင်ရန် ကူညီပါသည်။
ဤအရာ ပြီးမြောက်ရန်၊ မူလတန်းဥက္ကဋ္ဌသည် ဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးအား မိဘများ သူတို့၏ကလေးများဗတ္တိဇံခံရန်နှင့် အတည်ပြုခံရစေဖို့ ပြင်ဆင်ရန် ကူညီပါသည်။ မူလတန်းဥက္ကဋ္ဌသည် မိဘများအား သူတို့၏ကလေးများအတွက် ဗိမာန်တော်နှင့် ယဇ်ပုရောဟိတ်အခွင့် ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ ကူညီရန် တခြားဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးကို ခန့်ထားနိုင်ပါသည်။
မူလတန်းဥက္ကဋ္ဌတွင် အောက်ပါထပ်တိုးတာဝန်များရှိပါသည်။ သူမ၏အတိုင်ပင်ခံများက သူမကို ကူညီပါသည်။
-
အသင်းတော်စုကောင်စီတွင်အမှုဆောင်ပါသည်။
-
မူလတန်းဥက္ကဋ္ဌအဖွဲ့အစည်းအဝေးများ ပုံမှန်ကျင်းပ၍ သင်းအုပ်သို့မဟုတ် သူ၏ခန့်ထားသည့် အတိုင်ပင်ခံနှင့် တွေ့ဆုံပါသည်။
-
တောင်းဆိုသည့်အခါ၊ မှတ်တမ်းဝင်ကလေးများအတွက် ဗတ္တိဇံအမှုဆောင်ခြင်းများ စီစဉ်ဖို့ ကူညီပါသည် (ရှု ၁၈၊ ၇၊ ၂)။
-
တနင်္ဂနွေနေ့မူလတန်းအစည်းအဝေးများကို စီစဉ်၍ ဖွင့်လှစ်ခြင်းများကို ဦးဆောင်ပါသည်။
-
မူလတန်းရှိ ကလေးတစ်ဦးချင်း၊ ဆရာများနှင့် ခေါင်းဆောင်များကို အမှုတော်ဆောင်ပါသည်။
-
မူလတန်းခေါင်းဆောင်များနှင့် ဆရာတို့အား သူတို့၏တာဝန်များကို သွန်သင်ပေး၍၊ သူတို့၏အမှုတော်ဆောင်တာဝန်များသို့ နေရာချထားပေးခြင်းဖြင့် ထိုတာဝန်များ၌ သူတို့ကို ထောက်မပါသည် (ရှု ကယ်တင်ရှင်၏နည်းဖြင့် သွန်သင်ခြင်း [၂၀၁၆]၊ ၃၈)။
-
မူလတန်း၏ မှတ်တမ်းများ၊ အစီရင်ခံစာများ၊ အသုံးစာရင်းနှင့် ဘဏ္ဍာရေးတို့ကို ကြီးကြပ်ပါသည်။
၁၂၊ ၃၊ ၄
တေးဂီတခေါင်းဆောင်နှင့် စန္ဒရားတီးသူ
တေးဂီတခေါင်းဆောင်နှင့် စန္ဒယားတီးသူတို့သည် ကလေးများအား သီချင်းဆိုချိန်တွင် တေးဂီတဖြင့် ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို သွန်သင်ပါသည်။
စန္ဒရားတီးသူ သို့မဟုတ် စန္ဒရားမရရှိနိုင်လျှင်၊ ခေါင်းဆောင်များသည် အသံသွင်းထားခြင်းများကို အသုံးပြုနိင်ပါသည်။
၁၂၊ ၃၊ ၅
ဆရာများနှင့် ကလေးထိန်းခေါင်းဆောင်များ
မူလတန်းဥက္ကဋ္ဌအဖွဲ့သည် အမျိုးသား အမျိုးသမီးတို့ကို မူလတန်းဆရာများနှင့် ကလေးထိန်းခေါင်းဆောင်များအဖြစ် အမှုဆောင်ရန် သင်းအုပ်နှင့် အတိုင်ပင်ခံအဖွဲ့ထံ ထောက်ခံအကြံပေးပါသည်။ ဤခေါင်းဆောင်များသည် သီးသန့်အသက်အရွယ်ရှိကလေးများအား သွန်သင်ရန်နှင့် အမှုတော်ဆောင်ရန် ခေါ်သွင်းခံထားရပါသည်။
မူလတန်းဆရာများနှင့် ကလေးထိန်းခေါင်းဆောင်များသည် လာ၍ငါ့နောက်သို့လိုက်လော့—မူလတန်းအတွက် (အသက် ၃နှစ်-၁၁နှစ်) နှင့်သင်၏ကလေးသူငယ်တို့ကို ကြည့်ရှုလော့ (ကလေးထိန်း) မှအရာတို့ကို သွန်သင်ပါသည်။
၁၂၊ ၃၊ ၆
လှုပ်ရှားမှုခေါင်းဆောင်များ
မူလတန်းလှုပ်ရှားမှု ခေါင်းဆောင်များသည် ကလေးများ အသက် ၈ နှစ်သို့ရောက်သည့်နှစ် ဇန္နဝါရီလမှစ၍ အမှုဆောင်ခြင်းနှင့် လှုပ်ရှားမှုများကို စီစဉ်လျက် သူတို့ကို အမှုတော်ဆောင်ကြပါသည် (ရှု ၁၂၊ ၂၊ ၁၊ ၃)။ အမှုဆောင်ခြင်းနှင့် လှုပ်ရှားမှုများသည် ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှုကို အာရုံစိုက်ပါသည်။ ၎င်းတို့သည် ပျော်စရာကောင်းပြီး အားလုံးပါဝင်နိုင်ကြပါသည်။
၁၂၊ ၅
ထပ်လောင်းလမ်းညွှန်ချက်များနှင့် မူဝါဒများ
၁၂၊ ၅၊ ၁
ကလေးများကို ကာကွယ်ခြင်း
အရွယ်ရောက်သူများသည် အသင်းတော်အပြင်အဆင်များတွင် ကလေးများနှင့် အပြန်အလှန်ဆက်ဆံကြသောအခါ၊ တာဝန်ရှိသောအရွယ်ရောက်သူ အနည်းဆုံးနှစ်ဦး ရှိရပါမည်။
ကလေးများနှင့် အလုပ်လုပ်သည့်အရွယ်ရောက်သူအားလုံးသည် အတည်ပြုခံရပြီးတစ်လအတွင်းတွင် ကလေးများနှင့် လူငယ်များကာကွယ်ရေးသင်တန်းတက်ရောက်ပြီးဖြစ်ရမည် (ProtectingChildren.ChurchofJesusChrist.org).