“၁၁။ လူငယ်အမျိုးသမီးများ၊ ” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။
“၁၁။ လူငယ်အမျိုးသမီးများ၊ ” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ
၁၁။
လူငယ်အမျိုးသမီးများ
၁၁၊ ၁
ရည်ရွယ်ချက်နှင့် အဖွဲ့အစည်း
၁၁၊ ၁၊ ၁
ရည်ရွယ်ချက်
လူငယ်အမျိုးသမီးများအဖွဲ့သည် လူငယ်အမျိုးသမီးတို့အား သန့်ရှင်းမွန်မြတ်သည့် ပဋိညာဉ်များပြု၍ စောင့်ထိန်းရန်နှင့် ယေရှုခရစ်တော်နှင့် သူ၏ဧဝံဂေလိတရားတော်သို့ သူတို့၏ပြောင်းလဲခြင်းကို နက်နဲစေရန် ကူညီပါသည်။
၁၁၊ ၁၊ ၂
လူငယ်အမျိုးသမီးများဆောင်ပုဒ်
“ကျွန်ုပ်သည် ကောင်းကင်ဘုံရှင်မိဘတို့၏ ချစ်သောသမီးတစ်ဦးဖြစ်၏၊ မြင့်မြတ်သောသဘာဝနှင့် ထာဝရကြမ္မာရှိ၏။
“ယေရှုခရစ်တော်၏တပည့်တော်တစ်ဦးအဖြစ်၊ ကျွန်ုပ်သည်သူနှင့် ပိုတူလာရန် ကြိုးစား၏။ ကျွန်ုပ်သည် ကိုယ်ပိုင်ဗျာဒိတ်တော်ကိုရှာ၍ ဆောင်ရွက်၏၊ အခြားသူတို့အား ကိုယ်တော်၏သန့်ရှင်းသော နာမဖြင့် အမှုတော်ဆောင်၏။
“ကျွန်ုပ်သည် ဘုရားသခင်၏ သက်သေတစ်ဦးအဖြစ် အချိန်တိုင်း၊ အရာတိုင်း၊ နေရာတိုင်း၌ ရပ်တည်မည်။
“ကျွန်ုပ်သည် ချီးမြှောက်ခြင်းအတွက် အရည်အချင်း ပြည့်မီရန် ကြိုးစားရင်း၊ နောင်တရခြင်းဆုကျေးဇူးကို မြတ်နိုး၍၊ တိုးတက်ရန် နေ့တိုင်းကြိုးစား၏။ ယုံကြည်ခြင်းဖြင့်၊ ကျွန်ုပ်သည် ကျွန်ုပ်အိမ်နှင့် မိသားစုကို ခွန်အားဖြည့်ပေးမည်၊ သန့်ရှင်းမွန်မြတ်သောပဋိညာဉ်များပြု၍ စောင့်ထိန်းမည်၊ သန့်ရှင်းသောဗိမာန်တော်ဘိသိက်မင်္ဂလာများနှင့် ကောင်းချီးမင်္ဂလာများကိုလည်း ရရှိမည်။
၁၁၊ ၁၊ ၃
အတန်းများ
လူငယ်အမျိုးသမီးများသည် အသက် ၁၂ နှစ်ရောက်သည့်နှစ် ဇန္နဝါရီလမှ အစပြု၍ လူငယ်အမျိုးသမီးအတန်းသားများဖြစ်လာကြပါသည်။
သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့၊ လူငယ်အမျိုးသမီးခေါင်းဆောင်တို့သည် အတန်းများကို အသက်အလိုက် မည်သို့စီစဉ် ရမည့်အကြောင်း ဆုတောင်းခြင်းထက်သန်စွာဆုံးဖြတ်ကြပါသည်။ အတန်းတိုင်းတွင်၊ ပမာဏမည်မျှပင်ရှိစေ၊ ဥက္ကဋ္ဌတစ်ဦး၊ ဖြစ်နိုင်သောနေရာတွင်၊ အတိုင်ပင်ခံ တစ်ဦး သို့မဟုတ် နှစ်ဦးနှင့် အတွင်းရေးမှူးတစ်ဦး ရှိရမည်။
၁၁၊ ၂
ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှု၌ ပါဝင်ခြင်း
၁၁၊ ၂၊ ၁
ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်၌ နေထိုင်ခြင်း
၁၁၊ ၂၊ ၁၊ ၂
ဧဝံဂေလိတရားတော်သင်ယူခြင်း
အတန်းအစည်းအဝေးများကို လ၏ ဒုတိယနှင့် စတုတ္ထတနင်္ဂနွေနေ့များတွင် ကျင်းပကြပါသည်။ ၎င်းတို့သည် မိနစ် ၅၀ ကြာပါသည်။ အတန်းဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးက ဦးဆောင်ပါသည်။ သူမသည် ဆောင်ပုဒ်ကို ဖတ်ရှုခြင်း၊ တာဝန်ပေးခြင်းများနှင့် အခြားကိစ္စများအကြောင်းတိုင်ပင်ဆွေးနွေးခြင်းတို့ဖြင့် အတန်းကို ဦးဆောင်ပါသည်။
ထို့နောက်တွင် အတန်းသားတစ်ဦး သို့မဟုတ် အရွယ်ရောက်ခေါင်းဆောင်တစ်ဦးက ဧဝံဂေလိတရားတော်ညွှန်ကြားချက်ကို ဦးဆောင်ပါသည်။
၁၁၊ ၂၊ ၁၊ ၃
အမှုတော်ဆောင်ခြင်းနှင့် လှုပ်ရှားမှုများ
အမှုတော်ဆောင်ခြင်းနှင့် လှုပ်ရှားမှုများသည် သက်သေခံချက်များကို တည်ဆောက်ရမည်၊ မိသားစုများကို ခွန်အားဖြည့်ပေးရမည်၊ အတန်းစည်းလုံးမှုကို တိုးတက်စေရမည်၊ အခြားသူများကို အစေခံဖို့ အခွင့်အလမ်းများကိုလည်း ပံ့ပိုးပေးရမည်။
အချို့အမှုတော်ဆောင်ခြင်းနှင့် လှုပ်ရှားမှုများတွင် လူငယ်အမျိုးသားများနှင့် လူငယ်အမျိုးသမီးများ နှစ်မျိုးစလုံး ပါဝင်ရမည်၊ အထူးသဖြင့် အသက်ပိုကြီးသောလူငယ်များပါဝင်ရမည်။
နှစ်ပတ်လည် လှုပ်ရှားမှုများ။ ပုံမှန်လူငယ်လှုပ်ရှားမှုများကို ထပ်တိုးခြင်းအဖြစ်၊ လူငယ်အမျိုးသမီးများသည် အောက်ပါတို့တွင်လည်း နှစ်တိုင်းပါဝင်နိုင်ပါသည်၊
-
လူငယ်အမျိုးသမီးစခန်းတစ်ခု (ရှု လူငယ်အမျိုးသမီးစခန်းလမ်းညွှန်)။
-
အသင်းတော်စု သို့မဟုတ် ပန္နက်ညီလာခံ သို့မဟုတ် လူငယ်တို့အတွက်ခွန်အား (FSY) ညီလာခံတစ်ခု။
၁၁၊ ၂၊ ၁၊ ၄
ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှု
လူငယ်တို့အား ကယ်တင်ရှင်နှင့် ပို၍ တူလာစေဖို့ အားထုတ်ကြရာတွင်၊ သူတို့၏ ဝိညာဥ်ရေးရာ၊ လူမှုရေးရာ၊ ရုပ်ပိုင်းဆိုင်ရာ နှင့် ဉာဏ်ပညာဆိုင်ရာများ တိုးတက်လာစေရန်အတွက် ပန်းတိုင်များချမှတ်ရန် ဖိတ်ခေါ်ပါသည် (ရှု ရှင်လုကာ ၂း၅၂)။
နောက်ထပ်အချက်အလက်အတွက်၊ ရှု ChildrenandYouth.ChurchofJesusChrist.org.
၁၁၊ ၂၊ ၂
လိုအပ်သူများကို ဂရုစိုက်ခြင်း
လူငယ်အမျိုးသမီးများသည် အခြားသူတို့အား သူတို့မိသားစုများနှင့်အတူ၊ လူငယ်လှုပ်ရှားမှုများနှင့် သူတို့ကိုယ်ပိုင်လှုပ်ရှားမှုများတွင် အမှုဆောင်ဖို့ ပုံမှန်အခွင့်အလမ်းများရှိရမည်။
၁၁၊ ၂၊ ၂၊ ၁
အမှုတော်ဆောင်ခြင်း
လူငယ်အမျိုးသမီးများသည် အသက် ၁၄ နှစ်ရောက်သည့်နှစ် ဇန္နဝါရီလမှ အစပြု၍ အမှုတော်ဆောင်တာဝန်ပေးခြင်းများကို ရရှိနိုင်ပါသည်။ နောက်ထပ်အချက်အလက်အတွက်၊ ရှု အခန်း ၂၁}။
၁၁၊ ၂၊ ၃
အားလုံးကို ဧဝံဂေလိတရားတော်ရရှိစေဖို့ ဖိတ်ခေါ်ခြင်း
လူငယ်အမျိုးသမီးများသည် “ဘုရားသခင်၏ သက်သေများအဖြစ်၊ အချိန်တိုင်း၊ အရာရာတိုင်းနှင့် နေရာတိုင်း၌ ရပ်တည်”၍မောဇိယ ၁၈း၉အားလုံးကို ဧဝံဂေလိတရားတော်ကို ရရှိဖို့ ဖိတ်ခေါ်ပါသည်။
မိဘများနှင့်ခေါင်းဆောင်များသည် လူငယ်အမျိုးသမီးများကို သူတို့ဘဝတစ်လျှောက်တွင် ဧဝံဂေလိတရားတော်ကို ဝေငှ ဖို့ ပြင်ဆင်ရန် ကူညီနိုင်ပါသည်။
၁၁၊ ၂၊ ၄
မိသားစုများကို ထာဝရစည်းလုံးခြင်း
လူငယ်အမျိုးသမီးများသည် မိသားစုများကို နည်းများစွာဖြင့် ထာဝရစည်းလုံးရန် ကူညီနိုင်ပါသည်။
-
သူတို့၏မိဘများကို ရိုသေ၍၊ သူတို့၏အိမ်များ၌ ခရစ်တော်ကဲ့သို့ နေထိုင်ခြင်းပုံသက်သေကို ဆောင်ကြပါသည်။
-
ထာဝရလက်ထပ်ခြင်းအပါအဝင် ဗိမာန်တော်ကောင်းချီးမင်္ဂလာများကို ရရှိဖို့ ပြင်ဆင်ကြပါသည်။
-
ဗိမာန်တော်ဘိသိက်မင်္ဂလာများလိုအပ်သည့် ဘိုးဘေးတို့ကို ဖော်ထုတ်ကြပါသည် (ရှု FamilySearch.org).
-
သေသူတို့အတွက် ဗတ္တိဇံနှင့် အတည်ပြုခြင်းတို့၌ အခြေအနေပေးသမျှ ပါဝင်ကြပါသည်။
၁၁၊ ၃
အသင်းတော်စု လူငယ်အမျိုးသမီးခေါင်းဆောင်မှု
၁၁၊ ၃၊ ၁
သင်းအုပ်နှင့် အတိုင်ပင်ခံအဖွဲ့
သင်းအုပ်နှင့် အတိုင်ပင်ခံအဖွဲ့၏ အဓိကတာဝန်မှာ သူ၏အသင်းတော်စုရှိ လူငယ်အမျိုးသမီးများနှင့် လူငယ်အမျိုးသားများကို ဂရုစိုက်ရန်ဖြစ်ပါသည်။ သူနှင့် သူ၏အတိုင်ပင်ခံတို့သည် သူတို့၏အမည်များကို သိရန်၊ သူတို့၏အိမ်အခြေအနေများကို သိရန် လုပ်ဆောင်ကြပါသည်။ သူတို့သည် လူငယ်အမျိုးသမီးတိုင်းနှင့် တစ်နှစ်လျှင် အနည်းဆုံး နှစ်ကြိမ် တွေ့ဆုံကြပါသည် (ရှု ၃၁၊ ၃၊ ၁)။
အသင်းတော်စု လူငယ်အမျိုးသမီးအဖွဲ့အစည်းအတွက် သင်းအုပ်၌ တာဝန်ရှိပါသည်။ သူသည် လူငယ်အမျိုးသမီးများဥက္ကဋ္ဌနှင့် ပုံမှန်တွေ့ဆုံပါသည်။
သင်းအုပ်နှင့် အတိုင်ပင်ခံတို့သည် လူငယ်အမျိုးသမီးများအစည်းအဝေး၊ အမှုတော်ဆောင်ခြင်းနှင့် လှုပ်ရှားမှုများတွင် ပုံမှန်ပါဝင်ကြပါသည်။
၁၁၊ ၃၊ ၂
အရွယ်ရောက်လူငယ်အမျိုးသမီးများဥက္ကဋ္ဌအဖွဲ့
သင်းအုပ်သည် အရွယ်ရောက်အမျိုးသမီးတစ်ဦးကို အသင်းတော်စုလူငယ်အမျိုးသမီးဥက္ကဋ္ဌအဖြစ် အမှုတော်ဆောင်ရန်ခေါ်သွင်း၍ ခွဲခန့်ပါသည်။ ဧရိယာအလုံအလောက်ကြီးလျှင်၊ သူမသည် အမျိုးသမီး တစ်ဦး သို့မဟုတ် နှစ်ဦးကို သူမ၏အတိုင်ပင်ခံများအဖြစ် ခေါ်သွင်းဖို့ ထောက်ခံပါသည် (ရှု အခန်း ၃၀)။
သေးသောဧရိယာတစ်ခုတွင်၊ လူငယ်အမျိုးသမီးများဥက္ကဋ္ဌသည် လူငယ်အမျိုးသမီးများအဖွဲ့အစည်းတွင် တစ်ဦးတည်းသော ခေါ်သွင်းခံ အရွယ်ရောက်ခေါင်းဆောင်ဖြစ်နိုင်ပါသည်။ ဤကိစ္စတွင်၊ သူမသည် လူငယ်အမျိုးသမီးများအတွက် လမ်းညွှန်ချက်များနှင့် လှုပ်ရှားမှုများကို စီစဉ်ရန် မိဘများနှင့် အတူ အလုပ်လုပ်ပါသည်။
လူငယ်အမျိုးသမီးများ ဥက္ကဋ္ဌမရှိသည့် အသင်းတော်ခွဲတစ်ခုတွင်၊ လူမှုသက်သာရေးဥက္ကဋ္ဌသည် လူငယ်အမျိုးသမီးများဥက္ကဋ္ဌမခေါ်သွင်းမီအထိ လူငယ်အမျိုးသမီးများအတွက် လမ်းညွှန်ချက်ကို စီစဉ်နိုင်ပါသည်။
လူငယ်အမျိုးသမီးများဥက္ကဋ္ဌတွင် အောက်ပါတာဝန်များရှိပါသည်။ သူမ၏အတိုင်ပင်ခံများက သူမကို ကူညီပါသည်။
-
အသင်းတော်စုကောင်စီတွင်အမှုတော်ဆောင်ခြင်း။
-
အသင်းတော်စုလူငယ်ကောင်စီဝင်တစ်ဦးအဖြစ်အမှုတော်ဆောင်ခြင်း (ရှု ၂၉၊ ၂၊ ၆)။
-
လူငယ်အမျိုးသမီးတစ်ဦးချင်းကို အမှုတော်ဆောင်ခြင်း။
-
အခြားလူငယ်အမျိုးသမီးများခေါင်းဆောင်များနှင့် အတန်းဥက္ကဋ္ဌအဖွဲ့ဝင်များအား သူတို့၏တာဝန်များကို သွန်သင်ခြင်း။
-
သင်းအုပ်မလိုအပ်သည့် သို့မဟုတ် ပါဝင်ဖို့မလိုသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ လူငယ်အမျိုးသမီးများနှင့် တိုင်ပင်ခြင်း (ရှု ၃၂၊ ၃၊ ၃၁၊ ၃၊ ၁၊နှင့် ၃၈၊ ၆၊ ၂)။
၁၁၊ ၃၊ ၄
အတန်းဥက္ကဋ္ဌအဖွဲ့နှင့် အတွင်းရေးမှူး
၁၁၊ ၃၊ ၄၊ ၁
ခေါ်သွင်းခြင်း၊ ထောက်မခြင်းနှင့် ခွဲခန့်ခြင်း
လူငယ်အမျိုးသမီးအတန်းတိုင်းတွင် အတန်းဥက္ကဋ္ဌအဖွဲ့တစ်ခုရှိရမည်။
သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ဝင်တစ်ဦးသည် လူငယ်အမျိုးသမီးတစ်ဦးကို အတန်းဥက္ကဋ္ဌတစ်ဦးအဖြစ်အမှုတော်ဆောင်စေရန် ခေါ်သွင်းပါသည်။ အမှုတော်ဆောင်ဖို့ လုံလောက်သောလူငယ်အမျိုးသမီးများရှိသောအခါ၊ သူမသည် အတန်းသားများကို တိုင်ပင်ဖက်များနှင့် အတွင်းရေးမှူးတစ်ဦးအဖြစ် ထောက်ခံရန် ဆုတောင်းခြင်းထက်သန်စွာ စဉ်းစားပါသည်။
ဤခေါ်သွင်းခြင်းများ ကမ်းလှမ်းပြီးနောက်တွင်၊ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ဝင်တစ်ဦးသည် လူငယ်အမျိုးသမီးများကို ထောက်မခြင်းအတွက် သူတို့၏အတန်း၌ ဖော်ပြပါသည်။ သင်းအုပ် သို့မဟုတ် ခန့်အပ်ထားသည့် အတိုင်ပင်ခံတစ်ဦးသည် လူငယ်အမျိုးသမီးများကို ခွဲခန့်ပါသည်။
၁၁၊ ၃၊ ၄၊ ၂
တာဝန်များ
အတန်းဥက္ကဋ္ဌများသည် အသင်းတော်စုလူငယ်ကောင်စီတွင် အမှုတော်ဆောင်ပါသည် (ရှု ၁၁၊ ၃၊ ၄၊ ၄)။ အတန်းဥက္ကဋ္ဌအဖွဲ့တွင် အောက်ပါတာဝန်များလည်းရှိပါသည်၊
-
ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှု၌ ပါဝင်ရန် အားထုတ်မှုများတွင် အတန်းကို ဦးဆောင်ခြင်း (ရှု အခန်း ၁)။
-
အတန်းအစည်းအဝေးများကို မတက်ရောက်သောသူများ အပါအဝင် လူငယ်အမျိုးသမီးတိုင်းကို သိအောင်ပြုခြင်းနှင့် အမှုတော်ဆောင်ခြင်း။
-
တနင်္ဂနွေနေ့အတန်း အစည်းအဝေးများကို စီစဉ်ဆောင်ရွက်ခြင်း (ရှု ၁၁၊ ၂၊ ၁၊ ၂)။
-
အတန်းအမှုတော်ဆောင်ခြင်းနှင့် လှုပ်ရှားမှုများကို စီစဉ်ဆောင်ရွက်ခြင်း (ရှု ၁၁၊ ၂၊ ၁၊ ၃)။
၁၁၊ ၃၊ ၄၊ ၃
အတန်းဥက္ကဋ္ဌအဖွဲ့အစည်းအဝေး
လူငယ်အမျိုးသမီးဥက္ကဋ္ဌအဖွဲ့သည် ပုံမှန်တွေ့ဆုံကြပါသည်။ အတန်းဥက္ကဋ္ဌသည် ဤအစည်းအဝေးများကို ဦးဆောင်ပါသည်။ အတန်းဥက္ကဋ္ဌအဖွဲ့ကို ကူညီရန်တာဝန်းပေးထားသည့်အရွယ်ရောက်လူငယ်အမျိုးသမီးခေါင်းဆောင်များသည်လည်းတက်ရောက်ကြပါသည်။
၁၁၊ ၃၊ ၄၊ ၄
အသင်းတော်စုလူငယ်ကောင်စီ
အသင်းတော်စုလူငယ်ကောင်စီနှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်အတွက် ရှု ၂၉၊ ၂၊ ၆။
၁၁၊ ၆
ထပ်တိုးလမ်းညွှန်ချက်များနှင့် မူဝါဒများ
၁၁၊ ၆၊ ၁
လူငယ်များကို ကာကွယ်ခြင်း
အသင်းတော်အပြင်အဆင်များ၌ အရွယ်ရောက်သူများ လူငယ်တို့နှင့် ဖလှယ်ကြသည့်အခါ တာဝန်ရှိအရွယ်ရောက်သူနှစ်ဦး အနည်းဆုံးရှိရမည်။ ဤသို့ဖြစ်နိုင်ရန် အတန်းများကို ပေါင်းရန် လိုအပ်ကောင်းလိုအပ်နိုင်ပါသည်။
လူငယ်တို့နှင့် အလုပ်လုပ်သည့် အရွယ်ရောက်သူအားလုံးသည် ထောက်မခံရပြီးတစ်လအတွင်းတွင် ကလေးများနှင့် လူငယ်တို့အားကာကွယ်ခြင်းသင်တန်းကို တက်ပြီးဖြစ်ရမည် (ProtectingChildren.ChurchofJesusChrist.org).