လက်စွဲစာအုပ်များနှင့်အမှုတော်ဆောင်တာဝန်များ
၁၀။ အာရုန်ယဇ်ပုရောဟိတ်အခွင့် အဖွဲ့များ


“၁၀။ အာရုန်ယဇ်ပုရောဟိတ်အခွင့် အဖွဲ့များ၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။

“၁၀။ အာရုန်ယဇ်ပုရောဟိတ်အခွင့် အဖွဲ့များ၊”အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ

ဘုရားကျောင်းရှိ လူငယ်အမျိုးသားများ

၁၀။

အာရုန်ယဇ်ပုရောဟိတ်အခွင့် အဖွဲ့များ

၁၀၊ ၁

ရည်ရွယ်ချက်နှင့် အဖွဲ့အစည်း

၁၀၊ ၁၊ ၁

ရည်ရွယ်ချက်

အဖွဲ့တစ်ဖွဲ့၏ရည်ရွယ်ချက်မှာ ယဇ်ပုရောဟိတ်အခွင့် ကိုင်ဆောင်သူတို့အား ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှုကို ပြီးမြောက်ရန် အတူတကွအလုပ်လုပ်ဖို့ ကူညီပါသည်။

၁၀၊ ၁၊ ၂

အာရုန်ယဇ်ပုရောဟိတ်အခွင့်အဖွဲ့ ဆောင်ပုဒ်

“ ကျွန်ုပ်သည် ဘုရားသခင်၏ချစ်သားတစ်ယောက်ဖြစ်၏၊ ကိုယ်တော်၌ ကျွန်ုပ်အတွက် လုပ်ဆောင်စရာ အလုပ်တစ်ခုရှိ၏။

“ကျွန်ုပ်၏စိတ်နှလုံး၊ စွမ်းအား၊ စိတ်၊ ခွန်အားရှိသမျှဖြင့်၊ ကျွန်ုပ်သည် ဘုရားသခင်ကို ချစ်မည်၊ ကျွန်ုပ်၏ပဋိညာဉ်များကို စောင့်ထိန်းမည်၊ အခြားသူများကို အစေခံဖို့ ကိုယ်တော်၏ယဇ်ပုရောဟိတ်အခွင့်ကို အသုံးပြုမည်၊ ကျွန်ုပ်၏ကိုယ်ပိုင်အိမ်မှ အစပြုမည်။

“ကျွန်ုပ်သည် အမှုတော်ဆောင်ဖို့၊ ယုံကြည်ခြင်းကို ကျင့်သုံးဖို့၊ နောင်တရဖို့နှင့် နေ့စဉ်တိုးတက်ဖို့ ကြိုးစားရင်း၊ ဗိမာန်တော်ကောင်းချီးမင်္ဂလာများနှင့် ဧဝံဂေလိတရားတော်၏ တည်တံ့သော ဝမ်းမြောက်မှုတို့ကို ရရှိဖို့ အရည်အချင်းပြည့်မီစေပါမည်။

“ကျွန်ုပ်သည် ယေရှုခရစ်တော်၏ စစ်မှန်သော တပည့်တော်တစ်ဦးဖြစ်ခြင်းအားဖြင့် လုံ့လဝီရိယထက်သန်သော သာသနာပြု၊ သစ္စာရှိသောခင်ပွန်းနှင့် ချစ်ခြင်းရှိသောဖခင်တစ်ယောက်ဖြစ်လာအောင် ပြင်ဆင်မည်။

“ကျွန်ုပ်သည် အားလုံးကို ခရစ်တော်ထံသို့လာရန်နှင့် ကိုယ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာကောင်းချီးတို့ကို ရရှိရန် ဖိတ်ခေါ်ခြင်းဖြင့် ကယ်တင်ရှင်၏ပြန်လာခြင်းအတွက် လောကကို ပြင်ဆင်ဖို့ ကူညီမည်။”

၁၀၊ ၁၊ ၃

အဖွဲ့များ

၁၀၊ ၁၊ ၃၊ ၁

သင်းထောက်များအဖွဲ့

လူငယ်အမျိုးသားများသည် အသက် ၁၂ နှစ်ရောက်သည့် နှစ် ဇန္နဝါရီလမှစ၍ သင်းထောက်များအဖွဲ့တွင် ပါဝင်ကြပါသည်။ ဤအချိန်တွင် သူတို့သည် ပြင်ဆင်ပြီး၍ ထိုက်တန်လျှင် သင်းထောက်များအဖြစ်ခန့်အပ်ခံရဖို့လည်း အကျုံးဝင်ပါသည်။

သင်းထောက်တစ်ဦး၏တာဝန်များကို ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၂၀း၅၇-၅၉၈၄း၁၁၁ တွင် ဖော်ပြထားပါသည်။ အခြားတာဝန်များတွင် ပွဲတော်ဝေငှခြင်း၊ “ဇာတိပကတိအရာအားလုံး”ကို စီမံဆောင်ရွက်ခြင်း (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၀၇း၆၈)တွင် သင်းအုပ်ကို ကူညီခြင်းတို့ ပါဝင်ပါသည်။

၁၀၊ ၁၊ ၃၊ ၂

ဆရာများအဖွဲ့

လူငယ်အမျိုးသားများသည် အသက် ၁၄ နှစ်သို့ရောက်သည့် နှစ် ဇန္နဝါရီလမှ အစပြု၍ ဆရာများအဖွဲ့သို့ ဝင်ရောက်ကြပါသည်။ ဤအချိန်တွင် သူတို့သည် ပြင်ဆင်ထား၍ ထိုက်တန်လျှင် ဆရာများအဖြစ် ခန့်အပ်ခံရဖို့လည်း အကျုံးဝင်ပါသည်။

ဆရာများသည် သင်းထောက်များကဲ့သို့ အလားတူတာဝန်များ ရှိပါသည်။ သူတို့သည်လည်း ပွဲတော်ကို ပြင်ဆင်၍ အမှုတော်ဆောင်ညီအစ်ကိုများအဖြစ် အမှုတော်ဆောင်ကြပါသည်။ ထပ်တိုးတာဝန်များကို ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၂၀း၅၃-၅၉၈၄း၁၁၁တွင်ဖော်ပြထားပါသည်။

၁၀၊ ၁၊ ၃၊ ၃

ယဇ်ပုရောဟိတ်များအဖွဲ့

လူငယ်အမျိုးသားများသည် အသက် ၁၆ နှစ်ရောက်သည့်နှစ် ဇန္နဝါရီလတွင်စ၍ ယဇ်ပုရောဟိတ်များအဖွဲ့တွင် ပါဝင်ကြပါသည်။ ဤအချိန်တွင် သူတို့သည် ပြင်ဆင်ထား၍ ထိုက်တန်လျှင် ယဇ်ပုရောဟိတ်များအဖြစ် ခန့်အပ်ခံရဖို့လည်း အကျုံးဝင်ပါသည်။

ယဇ်ပုရောဟိတ်များသည် သင်းထောက်များနှင့် ဆရာများကဲ့သို့ အလားတူတာဝန်များ ရှိပါသည်။ ထပ်တိုးတာဝန်များမှာ ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၂၀း၄၆-၅၂၊ ၇၃-၇၉ တွင်ဖော်ပြထားပါသည်။

၁၀၊ ၁၊ ၄

ယဇ်ပုရောဟိတ်အခွင့် သော့များ

ဤသော့များအကြောင်း နောက်ထပ်အချက်အလက်များကို ၃၊ ၄၊ ၁တွင် ကြည့်ပါ။

၁၀၊ ၁၊ ၅

အဖွဲ့များကို ဒေသန္တရလိုအပ်ချက်များနှင့် ညှိခြင်း

လူငယ်အမျိုးသား အနည်းငယ်ရှိသည့် အသင်းတော်စု သို့မဟုတ် အသင်းတော်ခွဲတစ်ခုတွင် အာရုံယဇ်ပုရောဟိတ်အခွင့် အဖွဲ့များသည် လမ်းညွှန်ချက်များနှင့် လှုပ်ရှားမှုများအတွက် အတူတကွ တွေ့ဆုံနိုင်ကြပါသည်။

၁၀၊ ၂

ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှုတွင် ပါဝင်ခြင်း

၁၀၊ ၂၊ ၁

ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်၌ နေထိုင်ခြင်း

၁၀၊ ၂၊ ၁၊ ၂

ဧဝံဂေလိတရားတော်သင်ယူခြင်း

အဖွဲ့အစည်းအဝေးများကို လ၏ဒုတိယနှင့် စတုတ္ထတနင်္ဂနွေနေ့များတွင် ကျင်းပကြပါသည်။ ၎င်းတို့သည် မိနစ် ၅၀ ကြာပါသည်။ အဖွဲ့ဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦး (သို့မဟုတ် ယဇ်ပုရောဟိတ်အခွင့်ရှိ သင်းအုပ်၏ အကူများထဲမှ တစ်ဦးက) ဦးဆောင်ပါသည်။ သူသည် အဖွဲ့ကို ဆောင်ပုဒ်ကို ရွတ်ဖတ်ခြင်းနှင့် ခန့်အပ်ခြင်းများ၊ တာဝန်များ၊ အခြားကိစ္စများ အကြောင်း တိုင်ပင်ဆွေးနွေးခြင်းတို့ကို ဦးဆောင်ပါသည်။

အဖွဲ့အသင်းသား သို့မဟုတ် အရွယ်ရောက်ခေါင်းဆောင်သည် ဧဝံဂေလိတရားတော်လမ်းညွှန်ချက်ကို ဦးဆောင်ပါသည်။

၁၀၊ ၂၊ ၁၊ ၃

အမှုတော်ဆောင်ခြင်းနှင့် လှုပ်ရှားမှုများ

အမှုတော်ဆောင်ခြင်းနှင့် လှုပ်ရှားမှုများသည် သက်သေခံချက်များ တည်ဆောက်ခြင်း၊ မိသားစုများကို ခွန်အားဖြည့်ပေးခြင်း၊ အဖွဲ့စည်းလုံးမှုကို မြှင့်တင်ခြင်း၊ ထို့အတူ အခြားသူများကို ကောင်းချီးပေးရန် အခွင့်အလမ်းများပံ့ပိုးခြင်းတို့ကို လုပ်ဆောင်ရမည်။

အချို့အမှုတော်ဆောင်ခြင်းနှင့် လှုပ်ရှားမှုများတွင် လူငယ်အမျိုးသားများနှင့် လူငယ်အမျိုးသမီးများ နှစ်မျိုးစလုံး ပါဝင်ရမည်၊ အထူးသဖြင့် အသက်ပိုကြီးသည့် လူငယ်များ။

နှစ်ပတ်လည် လှုပ်ရှားမှုများ။ လူငယ်ပုံမှန်လှုပ်ရှားမှုများသို့ ထပ်တိုးခြင်းအဖြစ်၊ လူငယ်အမျိုးသားတို့သည်လည်း အောက်ပါနှစ်များတွင် ပါဝင်နိုင်ပါသည်။

  • အာရုန်ယဇ်ပုရောဟိတ်အခွင့် စခန်း( ရှုအာရုန်ယဇ်ပုရောဟိတ်အခွင့်စခန်း လမ်းညွှန်)။

  • အသင်းတော်စု သို့မဟုတ် ပန္နက် လူငယ်ညီလာခံ သို့မဟုတ် လူငယ်တို့အတွက်ခွန်အား (အက်ဖ် အက်စ် ဝိုင်) ညီလာခံ။

၁၀၊ ၂၊ ၁၊ ၄

ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှု

ကယ်တင်ရှင်နှင့် ပိုတူလာဖို့ သူတို့၏အားထုတ်မှုများတွင် လူငယ်တို့ကို ဝိညာဉ်ပကတိ၊ လူမှုရေး၊ ရုပ်ပိုင်း၊ ဉာဏ်ပိုင်းတို့၌ ဖွံ့ဖြိုးဖို့ ရည်မှန်းချက်များချရန် ဖိတ်ခေါ်ပါသည် (ရှု ရှင်လုကာ ၂း၅၂)။

နောက်ထပ်အချက်အလက်အတွက်၊ ကြည့်ပါ ChildrenandYouth.ChurchofJesusChrist.org.

၁၀၊ ၂၊ ၂

လိုအပ်သူများကို ဂရုစိုက်ခြင်း

အာရုန်ယဇ်ပုရောဟိတ်အခွင့် ကိုင်ဆောင်သူများသည် “ခပ်သိမ်းသော ဇာတိပကတိအရာတို့ကို စီမံဆောင်ရွက်ခြင်း” တွင် ကူညီကြပါသည် (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၀၇း၆၈ )။ သူတို့၌ အခြားသူများကို မိသားစု၌ လူငယ်လှုပ်ရှားမှုများ၌၊ ထို့အတူ သူတို့ကိုယ်ပိုင်လှုပ်ရှားမှုများ၌ အတူတကွ၊ အမှုဆောင်ဖို့ ပုံမှန်အခွင့်အလမ်းများရှိရမည်။

၁၀၊ ၂၊ ၂၊ ၁

အမှုတော်ဆောင်ခြင်း

အာရုန်ယဇ်ပုရောဟိတ်အခွင့် ကိုင်ဆောင်သူများသည် အသက် ၁၄ နှစ်ရောက်သည့်နှစ် ဇန္နဝါရီလ၌ အစပြု၍ အမှုတော်ဆောင်ခန့်အပ်ခြင်းများကို ရရှိကြပါသည်။ နောက်ထပ်အချက်အလက်အတွက်၊ အခန်း ၂၁ တွင်ကြည့်ပါ။

၁၀၊ ၂၊ ၃

အားလုံးကို ဧဝံဂေလိတရားတော်ရရှိစေဖို့ ဖိတ်ခေါ်ခြင်း

အာရုန်ယဇ်ပုရောဟိတ်အခွင့် ကိုင်ဆောင်သူများ၌ “အားလုံးကို ခရစ်တော်ထံလာ” (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၂၀း၅၉) တာဝန်တစ်ခု ရှိပါသည်။

မိဘများနှင့် ခေါင်းဆောင်များသည် လူငယ်အမျိုးသားတို့အား အချိန်ပြည့်သာသနာပြုအမှုတော်ဆောင်ရန်နှင့် သူတို့ဘဝတစ်လျှောက် ဧဝံဂေလိတရားတော်ကို ဝေငှဖို့ ပြင်ဆင်ရန် တိုက်တွန်းကြပါသည်။

၁၀၊ ၂၊ ၄

မိသားစုများကို ထာဝရစည်းလုံးခြင်း

အာရုန်ယဇ်ပုရောဟိတ်အခွင့် ကိုင်ဆောင်သူများသည် မိသားစုများကို ထာဝရစည်းလုံးရန် နည်းများစွာဖြင့် ကူညီနိုင်ပါသည်။

  • သူတို့၏မိဘများကို ရိုသေကြ၊ သူတို့အိမ်၌ ခရစ်တော်ကဲ့သို့ နေထိုင်ခြင်း ပုံသက်သေတစ်ခုကို ဆောင်ကြပါသည်။

  • ထာဝရလက်ထပ်ခြင်းအပါအဝင်၊ ဗိမာန်တော်ဘိသိက်မင်္ဂလာများကို ရရှိရန် ပြင်ဆင်ကြပါသည်။

  • ဗိမာန်တော်ဘိသိက်မင်္ဂလာများလိုအပ်သည့် ဘိုးဘေးတို့ကို ဖော်ထုတ်ကြပါသည် (ရှု FamilySearch.org).

  • သေသူတို့အတွက် ဗတ္တိဇံနှင့် အတည်ပြုခြင်းတို့၌ အခြေအနေ ပေးသမျှ ပါဝင်ကြပါသည်။

၁၀၊ ၃

သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့

သင်းအုပ်၏ အဓိကတာဝန်မှာ သူ၏အသင်းတော်စုရှိ လူငယ်အမျိုးသားများနှင့် အမျိုးသမီးတို့ကို ဂရုစိုက်ရန်ဖြစ်ပါသည်။ သူတို့၏အမည်များနှင့် သူတို့အိမ်အခြေအနေများကို သိရန် လုပ်ဆောင်ပါသည်။ သူတို့၏လှုပ်ရှားမှုများနှင့် တနင်္ဂနွေနေ့အစည်းအဝေးများကို ပုံမှန် တက်ရောက်ပါသည်။

သင်းအုပ်သည် ယဇ်ပုရောဟိတ်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်ပါသည်။

သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ပထမအတိုင်ပင်ခံသည် ဆရာအဖွဲ့အတွက် တာဝန်ရှိပါသည်။ ဒုတိယအတိုင်ပင်ခံသည် သင်းထောက်များအဖွဲ့အတွက် တာဝန်ရှိပါသည်။

သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့တွင် အာရုန်ယဇ်ပုရောဟိတ်အခွင့်အဖွဲ့များအတွက် အောက်ပါထပ်တိုးတာဝန်များရှိပါသည်၊

  • လူငယ်အမျိုးသားတိုင်းနှင့် အနည်းဆုံး တစ်နှစ် နှစ်ကြိမ်တွေ့ဆုံခြင်း (ရှု ၃၁၊ ၃၊ ၁)။

  • လူငယ်အမျိုးသားတို့အား မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့် ရရှိစေဖို့ ပြင်ဆင်ရန် ကူညီခြင်း။

  • အာရုန်ယဇ်ပုရောဟိတ်အခွင့်အဖွဲ့များ၏ မှတ်တမ်းများ၊ အစီရင်ခံစာများနှင့် ငွေကြေးများကို ကြီးကြပ်ခြင်း။

အဖွဲ့အကြံပေးများနှင့် အထူးကျွမ်းကျင်သူတို့သည် ဤတာဝန်များနှင့်ပတ်သက်၍ တောင်းဆိုလျှင် ကူညီကြပါသည်။

၁၀၊ ၄

လူငယ်အဖွဲ့ခေါင်းဆောင်များ

၁၀၊ ၄၊ ၁

ခေါ်သွင်းခြင်း၊ ထောက်မခြင်းနှင့် ခွဲခန့်ခြင်း

သင်းအုပ်သည် ယဇ်ပုရောဟိတ်များအဖွဲ့ကို ဦးဆောင်ခြင်း၌ ယဇ်ပုရောဟိတ်တစ်ဦး သို့မဟုတ် နှစ်ဦးကို သူ၏အကူများအဖြစ် ခေါ်သွင်းပါသည်။

သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့သည် သင်းထောက်များနှင့် ဆရာအဖွဲ့ ဥက္ကဋ္ဌများကို ခေါ်သွင်းပါသည်။ အမှုတော်ဆောင်ရန် လုံလောက်သော အာရုန်ယဇ်ပုရောဟိတ်အခွင့်ဆောင်သူများရှိသောအခါ၊ ဤလူငယ်အမျိုးသားတို့သည် အဖွဲ့ဝင်တို့ကို အတိုင်ပင်ခံများနှင့် အတွင်းရေးမှူးအဖြစ် ထောက်ခံရန် ဆုတောင်းခြင်းထက်သန်စွာ စဉ်းစားကြပါသည်။

ဤအမှုတော်ဆောင်တာဝန်များကို ကမ်းလှမ်းပြီးနောက်တွင်၊ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ဝင်တစ်ဦးသည် သူတို့အဖွဲ့အစည်းအဝေး၌ လူငယ်အဖွဲ့ခေါင်းဆောင်များကို ထောက်မရန် ဖော်ပြပါသည်။ သင်းအုပ်သည် သူ၏အကူများ၊ သင်းထောက်များနှင့် ဆရာအဖွဲ့ ဥက္ကဋ္ဌများကို ခွဲခန့်ပါသည်။ သူသည် အဖွဲ့ဥက္ကဋ္ဌတို့အား ယဇ်ပုရောဟိတ်အခွင့်သော့များကို အပ်နှင်းပါသည်။ သူသည် အခြားဥက္ကဋ္ဌအဖွဲ့ဝင်များနှင့် အတွင်းရေးမှူးများကို ခွဲခန့်ရန် သူ၏အတိုင်ပင်ခံများကို ခန့်အပ်နိုင်ပါသည်။

၁၀၊ ၄၊ ၂

တာဝန်များ

  • ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှုအားထုတ်မှုများ၌ ပါဝင်ရန် အဖွဲ့အားထုတ်မှုများကို ဦးဆောင်ခြင်း (ရှု အခန်း ၁)။

  • အဖွဲ့အစည်းအဝေးများကို မတက်ရောက်သော သူများအပါအဝင် အဖွဲ့ဝင်တိုင်းကို သိကျွမ်းခြင်းနှင့် အမှုတော်ဆောင်ခြင်း။

  • အသင်းတော်စု လူငယ်ကောင်စီ၌ အမှုတော်ဆောင်ခြင်း (ရှု ၁၀၊ ၄၊ ၄)။

  • အဖွဲ့ဝင်တို့အား သူတို့၏ယဇ်ပုရောဟိတ်အခွင့်တာဝန်များကို သွန်သင်ခြင်း (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၀၇း၈၅-၈၈)။

  • အဖွဲ့အစည်းအဝေးများကို စီစဉ်ဆောင်ရွက်ခြင်း (ရှု ၁၀၊ ၂၊ ၁၊ ၂)။

  • အဖွဲ့ အမှုတော်ဆောင်ခြင်းနှင့် လှုပ်ရှားမှုများကို စီစဉ်ဆောင်ရွက်ခြင်း ( ရှု ၁၀၊ ၂၊ ၁၊ ၃)။

၁၀၊ ၄၊ ၃

အဖွဲ့ ဥက္ကဋ္ဌအဖွဲ့အစည်းအ‌ဝေး

အာရုန်ယဇ်ပုရောဟိတ်အခွင့်အဖွဲ့ ဥက္ကဋ္ဌအဖွဲ့သည် ပုံမှန်တွေ့ဆုံကြပါသည်။ အဖွဲ့ဥက္ကဋ္ဌသည် ဤအစည်းအဝေးများကို ဦးဆောင်ပါသည်။ အနည်းဆုံး အရွယ်ရောက်နှစ်ဦးတက်ရောက်ပါသည်- သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ၊ အကြံပေးတစ်ဦး၊ သို့မဟုတ် ကျွမ်းကျင်သူတစ်ဦး။

၁၀၊ ၄၊ ၄

အသင်းတော်စု လူငယ်ကောင်စီ

အသင်းတော်စု လူငယ်ကောင်စီအကြောင်း နောက်ထပ် အချက်အလက်အတွက် ရှု ၂၉၊ ၂၊ ၆

၁၀၊ ၈

ထပ်တိုးလမ်းညွှန်ချက်များနှင့် မူဝါဒများ

၁၀၊ ၈၊ ၁

လူငယ်များကို ကာကွယ်ခြင်း

အသင်းတော်အပြင်အဆင်များ၌ အရွယ်ရောက်သူများ လူငယ်တို့နှင့် ဖလှယ်ကြသည့်အခါ၊ အနည်းဆုံး အရွယ်ရောက်တာဝန်ရှိသူနှစ်ဦး တက်ရောက်ရမည်။

လူငယ်တို့နှင့် အတူ အလုပ်လုပ်မည့် အရွယ်ရောက်သူအားလုံးသည် ကလေးများနှင့် လူငယ်ကာကွယ်ရေးသင်တန်းကို ထောက်မခံရပြီး တစ်လအတွင်း တက်ပြီးရမည်(ProtectingChildren.ChurchofJesusChrist.org).