“၉။ လူမှုသက်သာရေးအဖွဲ့၊ ”အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။
“၉။ လူမှုသက်သာရေးအဖွဲ့၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ
၉။
လူမှုသက်သာရေးအဖွဲ့
၉၊ ၁
ရည်ရွယ်ချက်နှင့် အဖွဲ့အစည်း
၉၊ ၁၊ ၁
ရည်ရွယ်ချက်
လူမှုသက်သာရေးအဖွဲ့၏ ရည်ရွယ်ချက်မှာ စိတ်ဝိညာဉ်များကို ကယ်တင်ရန်နှင့် ခံစားမှုများမှ သက်သာစေရန်ဖြစ်ကြောင်း ပရောဖက်ဂျိုးဇက်စမစ်က သွန်သင်ခဲ့ပါသည်။
လူမှုသက်သာရေးအဖွဲ့၏ ဆောင်ပုဒ်မှာ “မေတ္တာသည် ဘယ်တော့မျှမကျရှုံး” (ကောရိန္သုဩဝါဒစာပထမစောင် ၁၃း၈) ဖြစ်ပါသည်။
၉၊ ၁၊ ၂
လူမှုသက်သာရေးအဖွဲ့ရှိအသင်းသား
အမျိုးသမီးငယ်တစ်ဦးသည် ၁၈ နှစ်ရောက်သည့်အချိန်တွင် လူမှုသက်သာရေးအဖွဲ့၌ တက်ရောက်ခြင်းကို စတင်နိုင်ပါသည်။ အသက် ၁၉ နှစ်ရှိသောအခါ သို့မဟုတ်၊ တက္ကသိုလ်တစ်ခုတက်ရန် သို့မဟုတ် သာသနာပြုအမှုတော်ဆောင်ရန် စသည့်အကြောင်းများဖြင့် အိမ်မှ ထွက်သောအခါ၊ လူမှုသက်သာရေးအဖွဲ့တွင် ပါဝင်သင့်ပါသည်။
အိမ်ထောင်ပြုထားသည့် အသက် ၁၈ နှစ်အောက်အမျိုးသမီးများသည်လည်း လူမှုသက်သာရေးအဖွဲ့ အသင်းသားများဖြစ်ပါသည်။
၉၊ ၂
ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှုတို့၌ ပါဝင်ခြင်း
၉၊ ၂၊ ၁
ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်၌ နေထိုင်ခြင်း
၉၊ ၂၊ ၁၊ ၂
လူမှုသက်သာရေးအဖွဲ့အစည်းအဝေးများ၌ ဧဝံဂေလိတရားတော်သင်ယူခြင်း
အစည်းအဝေးများကို လ၏ ဒုတိယနှင့် စတုတ္ထတနင်္ဂနွေနေ့များတွင် ကျင်းပကြပါသည်။ ၎င်းတို့သည် ၅၀ မိနစ်ကြာပါသည်။ လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့ကဤအစည်းအဝေးများကို စီစဉ်ပါသည်။ ဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးက ဦးဆောင်ပါသည်။
လူမှုသက်သာရေးအစည်းအဝေးများတွင် အနီးဆုံးအထွေထွေညီလာခံမှ တစ်ခုသို့မဟုတ် တစ်ခုထက်ပိုသည့် အကြောင်းအရာများကို အာရုံစိုက်ပါသည်။
၉၊ ၂၊ ၁၊ ၃
လှုပ်ရှားမှုများ
လူမှုသက်သာရေးဥက္ကဋ္ဌအဖွဲ့ဝင်များက လှုပ်ရှားမှုများကို စီစဉ်နိုင်ပါသည်။ လှုပ်ရှားမှုအများစုကို တနင်္ဂနွေ သို့မဟုတ် တနင်္လာနေ့ညနေနှင့် လွဲသည့် အချိန်များတွင် ကျင်းပကြပါသည်။
၉၊ ၂၊ ၂
လိုအပ်သူများကို ဂရုစိုက်ခြင်း
၉၊ ၂၊ ၂၊ ၁
အမှုတော်ဆောင်ခြင်း
ညီအစ်မများသည် အမှုတော်ဆောင်ခြင်းတာဝန်များကို လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့ထံမှ ရရှိကြပါသည်။ ပိုများသောသတင်းအချက်အလက်အတွက်၊ ရှု အခန်း ၂၁။
၉၊ ၂၊ ၂၊ ၂
ရေတိုလိုအပ်ချက်များ
အမှုတော်ဆောင်ညီအစ်မများသည် သူတို့အမှုတော်ဆောင်သည့်သူတို့၏ လိုအပ်ချက်များကို နားလည်ကြ၊ တုန့်ပြန်ကြပါသည်။ အသင်းသားများသည် ဖျားနာခြင်း၊ မွေးဖွားခြင်း၊ သေဆုံးခြင်း၊ အလုပ်ပြုတ်ခြင်းနှင့် အခြား အခြေအနေအချိန်များတွင် ရေတိုအကူအညီလိုအပ်နိုင်ပါသည်။
လိုအပ်သည့်အချိန်တွင်၊ အမှုတော်ဆောင်ညီအစ်မများသည် လူမှုသက်သာရေးဥက္ကဋ္ဌအဖွဲ့ထံ အကူအညီတောင်းကြပါသည်။
၉၊ ၂၊ ၂၊ ၃
ရေရှည်လိုအပ်ချက်များနှင့် ကိုယ့်အားကိုယ်ကိုးခြင်း
သင်းအုပ်ညှိနှိုင်းဆောင်ရွက်သည့်အတိုင်း၊ လူမှုသက်သာရေးအဖွဲ့နှင့် အသင်းလူကြီးဥက္ကဋ္ဌအဖွဲ့များသည် အသင်းသားများကို ရေရှည်လိုအပ်ချက်များနှင့် ကိုယ့်အားကိုယ်ကိုးခြင်းတို့နှင့်ပတ်သက်၍ ကူညီပါသည်။
လူမှုသက်သာရေးအဖွဲ့ဥက္ကဋ္ဌ၊ အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌ၊ သို့မဟုတ် တခြားခေါင်းဆောင်တစ်ဦးသည် လူပုဂ္ဂိုလ်သို့မဟုတ် မိသားစုကို ကိုယ့်အားကိုယ်ကိုးခြင်းအစီအစဉ်တစ်ခု ထွက်လာဖို့ ကူညီပါသည်။
၉၊ ၂၊ ၂၊ ၄
အသင်းသားတစ်ဦး ကွယ်လွန်သောအခါ
အသင်းတော်စု အသင်းသားတစ်ဦး ကွယ်လွန်သောအခါ၊ လူမှုသက်သာရေးအဖွဲ့နှင့် အသင်းလူကြီးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့များသည် နှစ်သိမ့်ခြင်းနှင့် အကူအညီများပေးပါသည်။ သင်းအုပ်၏လမ်းညွှန်မှုဖြင့် သူတို့သည် အသုဘနှင့်ပတ်သက်၍ ကူညီနိုင်ပါသည်။
ပို၍များသောသတင်းအချက်အလက်အတွက်၊ ရှု ၃၈၊ ၅၊ ၈။
၉၊ ၂၊ ၃
ဧဝံဂေလိတရားတော်ကို ရရှိစေဖို့ အားလုံးကို ဖိတ်ခေါ်ခြင်း
လူမှုသက်သာရေးအဖွဲ့ဥက္ကဋ္ဌသည် ဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးကို အသင်းတော်စုတွင် အသင်းသားသာသနာပြုအမှု၌ ခေါင်းဆောင်ဖို့ ကူညီရန် တာဝန်ပေးပါသည်။ သူမသည် ဤအားထုတ်မှုများကို ညှိနှိုင်းဆောင်ရွက်ရန် အသင်းလူကြီးဥက္ကဋ္ဌအဖွဲ့မှ တာဝန်ပေးခံရသူအဖွဲ့ဝင်နှင့် အတူလုပ်ဆောင်ပါသည် ( ရှု ၂၃၊ ၅၊ ၁)။
၉၊ ၂၊ ၄
မိသားစုများကို ထာဝရစည်းလုံးခြင်း
လူမှုသက်သာရေးအဖွဲ့ဥက္ကဋ္ဌသည် ဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးကို အသင်းတော်စုတွင် မိသားစုသမိုင်းလုပ်ငန်း၌ ခေါင်းဆောင်ဖို့ ကူညီရန် တာဝန်ပေးပါသည်။ သူမသည် ဤအားထုတ်မှုများကို ညှိနှိုင်းဆောင်ရွက်ရန် အသင်းလူကြီးဥက္ကဋ္ဌအဖွဲ့မှ တာဝန်ပေးခံရသူအဖွဲ့ဝင်နှင့် အတူလုပ်ဆောင်ပါသည် ( ရှု ၂၅၊ ၂၊ ၂)။
၉၊ ၃
လူမှုသက်သာရေးအဖွဲ့ခေါင်းဆောင်များ
၉၊ ၃၊ ၁
သင်းအုပ်
သင်းအုပ်သည် အများအားဖြင့် လူမှုသက်သာရေးအဖွဲ့ဥက္ကဋ္ဌနှင့် လစဉ်တွေ့ဆုံပါသည်။ သူတို့သည် အမှုတော်ဆောင်ခြင်းညီအစ်မများ၏အမှုတော်ဆောင်ခြင်းအပါအဝင် ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှုကို ဆွေးနွေးကြပါသည်။
၉၊ ၃၊ ၂
လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့
၉၊ ၃၊ ၂၊ ၁
လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့ကို ခေါ်သွင်းခြင်း
သင်းအုပ်သည် အမျိုးသမီးတစ်ဦးကို အသင်းတော်စု လူမှုသက်သာရေးအဖွဲ့ဥက္ကဋ္ဌအဖြစ်အမှုတော်ဆောင်ရန် ခေါ်သွင်းပါသည်။ ဒေသကြီးလျှင်၊ သူမသည် အမျိုးသမီးတစ်ဦး သို့မဟုတ် နှစ်ဦးကို သူမ၏အတိုင်ပင်ခံများအဖြစ် အမှုတော်ဆောင်ဖို့ အကြံပြုပါသည်။
သေးငယ်သောဒေသအချို့တွင် လူငယ်အမျိုးသမီး သို့မဟုတ် မူလတန်းဥက္ကဋ္ဌတစ်ဦး ရှိချင်မှရှိနိုင်ပါသည်။ ဤဒေသများတွင်၊ လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌသည် လူငယ်များနှင့် ကလေးများအတွက် လမ်းညွှန်ချက် စီစဉ်ရန် မိဘများကို ကူညီနိုင်ပါသည်။
၉၊ ၃၊ ၂၊ ၂
တာဝန်များ
လူမှုသက်သာရေးဥက္ကဋ္ဌတွင် အောက်ပါတာဝန်များရှိပါသည်။ သူမ၏အတိုင်ပင်ခံများက သူမကို ကူညီပါသည်။
-
အသင်းတော်ကောင်စီတွင်အမှုတော်ဆောင်ခြင်း
-
ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှု၌ ပါဝင်ရန် လူမှုသက်သာရေးအဖွဲ့၏အားထုတ်မှုများကို ဦးဆောင်ခြင်း (ရှု အခန်း ၁)။
-
အမှုတော်ဆောင်ညီအစ်မများ၏အမှုတော်ဆောင်ခြင်းကို ဖွဲ့စည်းကြီးကြပ်ခြင်း။
-
သင်းအုပ်၏လမ်းညွှန်မှုအောက်၌၊ အသင်းတော်စုရှိ အရွယ်ရောက်အသင်းသားများနှင့် တိုင်ပင်ခြင်း။
3:13 -
အသင်းတော်စုရှိ၊ အရွယ်ရောက်လူငယ်ညီအစ်မ လူလွတ်နှင့် အိမ်ထောင်ရှိ နှစ်မျိုးစလုံးကို ခွန်အားဖြည့်ပေးရန် လူမှုသက်သာရေးအဖွဲ့၏ အားထုတ်မှုများကို ညှိနှိုင်းဆောင်ရွက်ခြင်း။
-
လူမှုသက်သာရေးအဖွဲ့ အဖွဲ့ဝင်တိုင်းနှင့် အနည်းဆုံး တစ်နှစ်တစ်ကြိမ်တွေ့ဆုံခြင်း။
-
လူမှုသက်သာရေးအဖွဲ့မှတ်တမ်းများ၊ သတင်းများနှင့် ငွေကြေးကို ကြီးကြပ်ခြင်း( ရှု LCR.ChurchofJesusChrist.org).
၉၊ ၃၊ ၂၊ ၃
ဥက္ကဋ္ဌအဖွဲ့အစည်းအဝေး
လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့နှင့် အတွင်းရေးမှူးတို့သည် ပုံမှန်တွေ့ဆုံကြပါသည်။ ဥက္ကဋ္ဌက ဤအစည်းအဝေးများကို ဦးဆောင်ပါသည်။ အစီအစဉ်တွင် အောက်ပါအကြောင်းအရာများပါဝင်နိုင်ပါသည်၊
-
ညီအစ်မများနှင့် မိသားစုများကို ခွန်အားဖြည့်ပေးရန် စီစဉ်ခြင်း။
-
သာသနာပြုအမှု၊ ဗိမာန်တော်နှင့်မိသားစုသမိုင်းအမှုများကို ညှိနှိုင်းဆောင်ရွက်ခြင်း။
-
အသင်းတော်စုကောင်စီအစည်းအဝေးမှ တာဝန်များကို ပြန်ကြားခြင်း။
-
အမှုတော်ဆောင်လူတွေ့မေးမြန်းခြင်းမှ သတင်းအချက်အလက်များကို သုံးသပ်ခြင်း။
-
ညီအစ်မများကို လူမှုသက်သာရေးအဖွဲ့ အမှုတော်ဆောင်တာဝန်များနှင့် ခန့်အပ်ခြင်းတို့၌ အမှုတော်ဆောင်ရန် စဉ်းစားခြင်း။
-
လူမှုသက်သာရေးအဖွဲ့ အစည်းအဝေးများနှင့် လှုပ်ရှားမှုများကို စီစဉ်ခြင်း
၉၊ ၃၊ ၃
အတွင်းရေးမှူး
လူမှုသက်သာရေးဥက္ကဋ္ဌအဖွဲ့သည် ညီအစ်မတစ်ဦးကို လူမှုသက်သာရေးအဖွဲ့ အတွင်းရေးမှူးအဖြစ်အမှုတော်ဆောင်ရန် ထောက်ခံနိုင်ပါသည်။
၉၊ ၄
လူငယ်အမျိုးသမီးများကို လူမှုသက်သာရေးအဖွဲ့၌ ပါဝင်ဖို့ ပြင်ဆင်ရန် ကူညီခြင်း။
လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့သည် လူငယ်အမျိုးသမီးများကို လူမှုသက်သာရေးအဖွဲ့၌ ပါဝင်ဖို့ ပြင်ဆင်ရန် လူငယ်အမျိုးသမီးများ၊ သူတို့၏မိဘများ၊ ထို့အတူ လူငယ်အမျိုးသမီးခေါင်းဆောင်များနှင့် အလုပ်လုပ်ပါသည်။
ခေါင်းဆောင်များသည်လည်း လူငယ်အမျိုးသမီးများနှင့် လူမှုသက်သာရေးအဖွဲ့ညီအစ်မများ အတွက် ဆက်ဆံရေးဖွံ့ဖြိုးရန် ဆက်တိုက်အခွင့်အလမ်းများကိုလည်း ပံ့ပိုးပေးပါသည်။ အမှုတော်ဆောင်ညီအစ်မများအဖြစ် အမှုတော်ဆောင်ခြင်းသည် ဆက်သွယ်မှုများပြုလုပ်ရန် အဖိုးတန်နည်းလမ်းတစ်ခုဖြစ်ပါသည်။
၉၊ ၆
ထပ်လောင်းလမ်းညွှန်ချက်များနှင့် မူဝါဒများ
၉၊ ၆၊ ၂
စာတတ်မြောက်မှု
လိုအပ်သည့်အတိုင်း၊ လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့သည် အသင်းသားများအား အရေးအဖတ်သင်ယူဖို့ ကူညီရန်သင်းအုပ်၊ အသင်းလူကြီးဥက္ကဋ္ဌအဖွဲ့၊ ထို့အတူ အသင်းတော်စုကောင်စီတို့နှင့်အတူ အလုပ်လုပ်ပါသည်။