လက်စွဲစာအုပ်များနှင့်အမှုတော်ဆောင်တာဝန်များ
၈။ အသင်းလူကြီးအဖွဲ့


“၈။ အသင်းလူကြီးအဖွဲ့၊” အထွေထွေလက်စွဲစာအုပ်မှကောက်နုတ်ချက်များ (၂၀၂၃)။

“၈။ အသင်းလူကြီးအဖွဲ့၊” အထွေထွေလက်စွဲစာအုပ်မှကောက်နုတ်ချက်များ

စကားပြောနေသည့်အမျိုးသားများ

၈။

အသင်းလူကြီးအဖွဲ့

၈၊ ၁

ရည်ရွယ်ချက်နှင့် အဖွဲ့အစည်း

၈၊ ၁၊ ၁

ရည်ရွယ်ချက်

အသက် ၁၈ နှစ်နှင့် အထက် ထိုက်တန်သည့် အမျိုးသားများသည် မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့်ကို ရရှိနိုင်ကြပါသည်၊ အသင်းလူကြီးအမှုအရာသို့ ခန့်ထားခံရနိုင်ပါသည်။ ထိုအမှုအရာသို့ ခန့်ထားခံရသည့် အမျိုးသားတစ်ဦးသည် ဘုရားသခင်အား ကိုယ်တော်၏အမှုတော်ပြီးမြောက်စေခြင်းတွင် ကူညီရန် သန့်ရှင်းမွန်မြတ်သည့် ပဋိညာဉ်တစ်ခုကို ပြုပါသည် (ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၈၄း၃၃-၄၄)။

၈၊ ၁၊ ၂

အသင်းလူကြီးအဖွဲ့၌အသင်းသားဖြစ်ခြင်း

အသင်းတော်စုတစ်ခုချင်းတွင် အသင်းလူကြီးအဖွဲ့တစ်ဖွဲ့ရှိပါသည်။ အောက်ပါညီအစ်ကိုများ ပါဝင်ပါသည်၊

  • အသင်းတော်စုအတွင်းရှိ အသင်းလူကြီးများအားလုံး။

  • အသင်းတော်စုရှိ အလားအလာရှိသော အသင်းလူကြီးများ (ရှု ၈၊ ၄)။

  • အသင်းတော်စုရှိ ယဇ်ပုရောဟိတ်မင်းများအားလုံး၊ လက်ရှိတွင် ပန္နက်ဥက္ကဋ္ဌအဖွဲ့တစ်ခု၌၊ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့တစ်ခု၌၊ အတိုင်ပင်ခံမင်းအဖွဲ့တစ်ခု၌၊ သို့မဟုတ် မျိုးနွယ်စုအဘတစ်ဦးအဖြစ် အမှုဆောင်နေသူများမှတစ်ပါး။

လူငယ်အမျိုးသားတစ်ဦးသည် အသင်းလူကြီးတစ်ဦးအဖြစ် ခန့်ထားမခံရသေးသော်လည်း ၁၈ နှစ်သို့ရောက်လျှင် အသင်းလူကြီးအဖွဲ့ အစည်းအဝေးများသို့ တက်ရောက်ခြင်းကို စတင်နိုင်ပါသည်။ အသက် ၁၉ နှစ် သို့မဟုတ် တက္ကသိုလ်တစ်ခုတက်ရန်၊ သာသာပြုအမှုဆောင်ရန် အိမ်မှထွက်သောအခါ၊ သူသည် ထိုက်တန်လျှင် အသင်းလူကြီးတစ်ဦးအဖြစ် ခန့်ထားခံရမည်။

အသက် ၁၈ နှစ်အောက် အိမ်ထောင်ပြုပြီးသည့် အမျိုးသားများသည် အလားအလာရှိအသင်းလူကြီးများဖြစ်ကြပြီး၊ အသင်းလူကြီးအဖွဲ့ အသင်းသားများလည်းဖြစ်ကြပါသည်။

၈၊ ၂

ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှု၌ ပါဝင်ခြင်း

3:42

၈၊ ၂၊ ၁

ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ကျင့်သုံးခြင်း

၈၊ ၂၊ ၁၊ ၂

အဖွဲ့အစည်းအဝေးများ၌ ဧဝံဂေလိတရားတော်သင်ယူခြင်း

အစည်းအဝေးများကို လ၏ဒုတိယနှင့် စတုတ္ထတနင်္ဂနွေနေ့များတွင် ကျင်းပပါသည်။ ၅၀ မိနစ်ကြာပါသည်။ အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌအဖွဲ့သည် ဤအစည်းအဝေးများကို စီစဉ်ပါသည်။ ဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးက ဦးဆောင်ပါသည်။

အဖွဲ့အစည်းအဝေးများသည် မကြာသေးမီကထွေထွေညီလာခံ ဒေသနာများမှ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသည့်အကြောင်းအရာများကို အာရုံစိုက်ပါသည်။

၈၊ ၂၊ ၁၊ ၃

လှုပ်ရှားမှုများ

အသင်းလူကြီးဥက္ကဋ္ဌအဖွဲ့သည် လှုပ်ရှားမှုများကို စီစဉ်နိုင်ပါသည်။ လှုပ်ရှားမှုအများစုကို တနင်္ဂနွေနေ့များနှင့် တနင်္လာနေ့ညနေများနှင့် လွဲသည့် အချိန်များတွင်ကျင်းပကြပါသည်။

၈၊ ၂၊ ၂

လိုအပ်သူများကို ဂရုစိုက်ခြင်း

2:43

၈၊ ၂၊ ၂၊ ၁

အမှုတော်ဆောင်ခြင်း

အသင်းလူကြီးအဖွဲ့အသင်းသားများသည် အဖွဲ့ ဥက္ကဋ္ဌအဖွဲ့ထံမှ အမှုတော်ဆောင်တာဝန်များကို ရရှိပါသည်။ နောက်ထပ်အချက်အလက်အတွက်၊ ရှု အခန်း ၂၁

၈၊ ၂၊ ၂၊ ၂

ရေတိုလိုအပ်ချက်များ

အမှုတော်ဆောင်ညီအစ်ကိုများသည် သူတို့အမှုတော်ဆောင်သည့် သူတို့၏လိုအပ်ချက်များကို နားလည်ကြ၊ တုန့်ပြန်ကြပါသည်။ အသင်းသားများသည် ဖျားနာခြင်း၊ မွေးဖွားခြင်း၊ သေဆုံးခြင်း၊ အလုပ်မရှိခြင်းနှင့် အခြားအခြေအနေများတွင် ရေတို အကူအညီများ လိုအပ်နိုင်ပါသည်။

လိုအပ်သောအခါ၊ အမှုတော်ဆောင်ညီအစ်ကိုတို့သည် အသင်းလူကြီးဥက္ကဋ္ဌအဖွဲ့ကို အကူအညီတောင်းပါသည်။

၈၊ ၂၊ ၂၊ ၃

ရေရှည်လိုအပ်ချက်များနှင့် ကိုယ့်အားကိုယ်ကိုးခြင်း

သင်းအုပ်ညှိနှိုင်းဆောင်ရွက်သည့်အတိုင်း၊ အသင်းလူကြီးအဖွဲ့နှင့် လူမှုသက်သာရေးဥက္ကဋ္ဌအဖွဲ့တို့သည် အသင်းသားများကို ရေရှည်လိုအပ်ချက်များ၊ ကိုယ့်အားကိုယ်ကိုးခြင်းနှင့် ပတ်သက်၍ ကူညီပါသည်။

အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌ၊ လူမှုသက်သာရေးအဖွဲ့ဥက္ကဋ္ဌ၊ သို့မဟုတ် တခြားခေါင်းဆောင်သည် လူတစ်ဦး သို့မဟုတ် မိသားစုကို ကိုယ့်အားကိုယ်ကိုးခြင်းအစီအစဉ်တစ်ခု ဖော်ထုတ်ရန် ကူညီပါသည်။ အမှုတော်ဆောင်ညီအစ်ကိုများ သို့မဟုတ် ညီအစ်မများသည်လည်း ထိုအစီအစဉ်နှင့် ပတ်သက်၍ ကူညီကြပါသည်။

၈၊ ၂၊ ၂၊ ၄

အသင်းတော်စုအသင်းသားတစ်ဦး သေသောအခါ

အသင်းတော်စုအသင်းသားတစ်ဦး သေသောအခါ၊ အသင်းလူကြီးအဖွဲ့နှင့် လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့တို့သည် နှစ်သိမ့်မှုနှင့် အကူအညီ ကမ်းလှမ်းပါသည်။ သင်းအုပ်၏လမ်းညွှန်မှုအောက်တွင်၊ သူတို့သည် အသုဘကိစ္စကို ကူညီနိုင်ကြပါသည်။

နောက်ထပ်အချက်အလက်အတွက်၊ ရှု၃၈၊ ၅၊ ၈

၈၊ ၂၊ ၃

အားလုံးကို ဧဝံဂေလိတရားတော်ရရှိရန် ဖိတ်ခေါ်ခြင်း

အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌသည် ဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးကို အသင်းတော်စု၌ အသင်းသားသာသနာပြုလုပ်ငန်းကို ဦးဆောင်ဖို့ ကူညီရန် ခန့်ထားပါသည်။ သူသည် ဤအားထုတ်မှုများကို ညှိနှိုင်းဆောင်ရွက်ရန် ခန့်ထားသည့် လူမှုသက်သာရေးဥက္ကဋ္ဌအဖွဲ့နှင့် အတူအလုပ်လုပ်ပါသည်။

ရှု ၂၃၊ ၅၊ ၁နှင့် ၂၃၊ ၅၊ ၃

၈၊ ၂၊ ၄

မိသားစုများကို ထာဝရစည်းလုံးခြင်း

အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌသည်ဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးကို အသင်းတော်စု၌ ဗိမာန်တော်နှင့် မိသားစုသမိုင်းအမှုကို ဦးဆောင်ဖို့ ကူညီရန် ခန့်ထားပါသည်။ သူသည် ဤအားထုတ်မှုများကို ညှိနှိုင်းဆောင်ရွက်ရန် ခန့်ထားသည့် လူမှုသက်သာရေးဥက္ကဋ္ဌအဖွဲ့နှင့် အတူအလုပ်လုပ်ပါသည်။

ရှု ၂၅၊ ၂၊ ၂

2:49

၈၊ ၃

အသင်းလူကြီးအဖွဲ့ခေါင်းဆောင်များ

၈၊ ၃၊ ၁

ပန္နက်ဥက္ကဋ္ဌအဖွဲ့နှင့် သင်းအုပ်

အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌသည် ပန္နက်ဥက္ကဋ္ဌသို့ တိုက်ရိုက်တာဝန်ရှိပါသည်။ သူသည် မိမိတာဝန်များနှင့် ပတ်သက်၍ လမ်းညွှန်မှုရရှိရန်နှင့် အစီရင်ခံတင်ပြရန် ဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးနှင့် ပုံမှန်တွေ့ဆုံပါသည်။

အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌသည် အသင်းတော်စု၌ ဦးစီးအရာရှိဖြစ်သူ၊ သင်းအုပ်ထံမှလည်း လမ်းညွှန်မှုကို ရရှိပါသည်။ သူတို့သည် ပုံမှန်တွေ့ဆုံကြပါသည်။

၈၊ ၃၊ ၂

အတိုင်ပင်ခံမင်း

ပန္နက်ဥက္ကဋ္ဌအဖွဲ့သည် အသင်းလူကြီးအဖွဲ့တစ်ခုစီ၌ သူတို့ကို ကိုယ်စားပြုရန် အတိုင်ပင်ခံမင်းတစ်ဦးကို ခန့်ထားပါသည်။ သူ၏တာဝန်များကို ၆၊ ၅တွင် အနှစ်ချုပ်ဖော်ပြထားပါသည်။

၈၊ ၃၊ ၃

အသင်းလူကြီးဥက္ကဋ္ဌအဖွဲ့

၈၊ ၃၊ ၃၊ ၁

အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌအဖွဲ့တစ်ခုကို ခေါ်သွင်းခြင်း

သင်းအုပ်နှင့် တိုင်ပင်ပြီးနောက်တွင်၊ အသင်းလူကြီး သို့မဟုတ် ယဇ်ပုရောဟိတ်မင်းတစ်ဦးကို အသင်းလူကြီးဥက္ကဋ္ဌအဖွဲ့ဥက္ကဋ္ဌအဖြစ် အမှုဆောင်ရန်ခေါ်သွင်းပါသည်။

ဒေသသည် အလုံအလောက်ကြီးမားလျှင်၊ အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌသည် အသင်းလူကြီး တစ်ဦးသို့မဟုတ် နှစ်ဦး၊ သို့မဟုတ် ယဇ်ပုရောဟိတ်မင်းများကို သူ၏အတိုင်ပင်ခံများအဖြစ် အမှုဆောင်ရန် ပန္နက်ဥက္ကဋ္ဌထံ ထောက်ခံပါသည်။

၈၊ ၃၊ ၃၊ ၂

တာဝန်များ

အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌတွင် အောက်ပါတာဝန်များရှိပါသည်။ သူ၏အတိုင်ပင်ခံများက သူ့ကို ကူညီကြပါသည်။

  • အသင်းတော်စုကောင်စီတွင် အမှုဆောင်ပါသည်။

  • ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်း အမှု၌ ပါဝင်ရန် အဖွဲ့၏အားထုတ်မှုများကို ဦးဆောင်ပါသည် (ရှု အခန်း ၁)။

  • အမှုတော်ဆောင်ညီအစ်ကိုတို့၏အမှုဆောင်ခြင်းကို စီစဉ်ကြီးကြပ်ပါသည်။

  • သင်းအုပ်၏လမ်းညွှန်မှုအောက်တွင်၊ အသင်းတော်စုရှိအရွယ်ရောက်အသင်းသားများနှင့် တိုင်ပင်ဆွေးနွေးပါသည်။

  • အိမ်ထောင်မရှိ နှင့်အိမ်ထောင်ရှိ အရွယ်ရောက်လူငယ်ညီအစ်ကိုတို့ကို ခွန်အားဖြည့်ပေးရန် အသင်းလူကြီးအဖွဲ့ ၏အားထုတ်မှုများကို ညှိနှိုင်းဆောင်ရွက်ပါသည်။

  • အသင်းလူကြီးအဖွဲ့ အသင်းသားတစ်ဦးချင်းနှင့် အနည်းဆုံးတစ်နှစ်တစ်ကြိမ်တွေ့ဆုံပါသည်။

  • အဖွဲ့အသင်းသားတို့အား သူတို့၏ယဇ်ပုရောဟိတ်အခွင့် တာဝန်များကို သွန်သင်ပေးပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၀၇း၈၉)။ ဤအရာတွင် ဘိသိက်မင်္ဂလာများနှင့် ကောင်းချီးမင်္ဂလာများကို ဆောင်ရွက်ရာ၌ သူတို့၏ယဇ်ပုရောဟိတ်အခွင့်ကို မည်သို့ကျင့်သုံးကြောင်း သူတို့အား သွန်သင်ခြင်းပါဝင်ပါသည်။

  • အဖွဲ့ မှတ်တမ်းများ၊ အစီရင်ခံစာများနှင့် ဘဏ္ဍာရေးတို့ကို ကြီးကြပ်ပါသည် (ရှု LCR.ChurchofJesusChrist.org).

၈၊ ၃၊ ၃၊ ၃

ဥက္ကဋ္ဌအဖွဲ့အစည်းအဝေး

အသင်းလူကြီးဥက္ကဋ္ဌအဖွဲ့နှင့် အတွင်းရေးမှူးသည် ပုံမှန်တွေ့ဆုံပါသည်။ ဥက္ကဋ္ဌက အစည်းအဝေးကို ဦးဆောင်ပါသည်။ ခန့်ထားသည့် အတိုင်ပင်ခံမင်းကို အဖွဲ့သို့ အခါအားလျော်စွာတက်ရောက်စေပါသည်။

အစည်းအဝေးအစီအစဉ်တွင် အောက်ပါအချက်များ ပါဝင်ပါသည်၊

  • (အလားအလာရှိ အသင်းလူကြီးများအပါအဝင်) အဖွဲ့အသင်းသားများနှင့် သူတို့မိသားစုများအား မည်သို့ခွန်အားဖြည့်ပေးရမည်ကို စီစဉ်ခြင်း။

  • သာသနာပြုအမှုနှင့် မိသားစုသမိုင်းအမှုများကို ညှိနှိုင်းဆောင်ရွက်ခြင်း။။

  • အသင်း‌‌တော်စုကောင်စီအစည်းအဝေးများမှ တာဝန်ပေးခြင်းများကို တုန့်ပြန်ကြားခြင်း။

  • အမှုတော်ဆောင်လူတွေ့မေးမြန်းခြင်းမှ အချက်အလက်ကို သုံးသပ်ခြင်း။

  • ညီအစ်ကိုတို့အား အမှုတော်ဆောင်တာဝန်များနှင့် တာဝန်ပေးခြင်းများ၌ အမှုဆောင်ကြစေရန် သုံးသပ်ဆင်ခြင်ခြင်း။

  • အဖွဲ့အစည်းအဝေးများနှင့် လှုပ်ရှားမှုများကို စီစဉ်ခြင်း။

၈၊ ၃၊ ၄

အတွင်းရေးမှူး

သင်းအုပ်၏ခွင့်ပြုချက်ဖြင့်၊ အသင်းလူကြီးဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးသည် အဖွဲ့ဝင်တစ်ဦးကို အဖွဲ့အတွင်းရေးမှူး တစ်ဦးအဖြစ် ခေါ်သွင်းနိုင်ပါသည်။

၈၊ ၄

အလားအလာရှိအသင်းလူကြီးများကို မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့် ရရှိဖို့ ပြင်ဆင်ရန် ကူညီခြင်း

အလားအလာရှိအသင်းလူကြီးတစ်ဦးသည် မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့် မရရှိသေးသည့် အမျိုးသား အသင်းသားတစ်ဦးဖြစ်ပါသည်၊ (၁) ၁၉ နှစ်သို့မဟုတ် ၁၉ နှစ်ထက်ကြီး သို့မဟုတ် (၂) ၁၉ နှစ်ထက်ငယ်ပြီး အိမ်ထောင်ရှိပါသည်။

အလားအလာရှိအသင်းလူကြီးများကို မေလခိဇေဒက် ယဇ်ပုရောဟိတ်အခွင့် ရရှိဖို့ ပြင်ဆင်ခြင်းသည် အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌအဖွဲ့၏ အမြင့်ဆုံးဦးစားပေးခြင်းများထဲမှ တစ်ခုဖြစ်ပါသည်။