“၇။ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ(၂၀၂၃)။
“၇။ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ။
၇။
သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့
၇၊ ၁
သင်းအုပ်နှင့် သူ၏အတိုင်ပင်ခံများ
သင်းအုပ်သည် အသင်းတော်စု၌ အသင်းတော်၏အမှုကို ဦးဆောင်ရန် ယဇ်ပုရောဟိတ်အခွင့် သော့များကို ကိုင်ဆောင်ပါသည်(ရှု ၃၊ ၄၊ ၁)။ သူနှင့် သူ၏အတိုင်ပင်ခံများသည် သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့တစ်ခုကို တည်ဆောက်ကြပါသည်။
သင်းအုပ်တွင် အဓိကတာဝန် ငါးခုရှိပါသည်။
-
သူသည် အသင်းတော်စုတွင် ဦးစီးသည့် ယဇ်ပုရောဟိတ်မင်းဖြစ်ပါသည်။
-
သူသည် အာရုန်ယဇ်ပုရောဟိတ်အခွင့်၏ ဥက္ကဋ္ဌဖြစ်ပါသည်။
-
သူသည် ဘုံတရားသူကြီးဖြစ်ပါသည်။
-
သူသည် လိုအပ်သူများကို ဂရုစိုက်ခြင်းအပါအဝင် ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှုကို ညှိနှိုင်းဆောင်ရွက်ပါသည်။
-
သူသည် မှတ်တမ်းများ၊ ဘဏ္ဍာရေးနှင့် အစည်းအဝေးအိမ်အသုံးပြုခြင်းတို့ကို ကြီးကြပ်ပါသည်။
သင်းအုပ်၏အဓိကအကျဆုံးတာဝန်မှာ အသင်းတော်စု၌ မျိုးဆက်များကို ပြုစုပျိုးထောင်ခြင်းဖြစ်ပါသည် (ကလေးများ၊ လူငယ်များ၊ အရွယ်ရောက်အိမ်ထောင်မရှိလူငယ်များ)။ သူ့အား ဤတာဝန်၌ အာရုံစိုက်နိုင်စွမ်းရှိစေရန် သူသည် တာဝန်များစွာကို လွှဲပေးပါသည် ( ရှု ၄၊ ၂၊ ၅)။
၇၊ ၁၊ ၁
ဦးစီး ယဇ်ပုရောဟိတ်မင်း
သင်းအုပ်သည် အသင်းတော်စု၏အဓိကဝိညာဉ်ပကတိခေါင်းဆောင်ဖြစ်ပါသည်။
၇၊ ၁၊ ၁၊ ၁
အသင်းတော်စုအဖွဲ့အစည်းများနှင့် ယဇ်ပုရောဟိတ်အခွင့် အဖွဲ့များ
သင်းအုပ်သည် အသင်းတော်စု လူမှုသက်သာရေးအဖွဲ့နှင့် လူငယ်အမျိုးသမီးအဖွဲ့များအတွက် တာဝန်ရှိပါသည်။ သူသည် သူ၏အတိုင်ပင်ခံတို့အား တနင်္ဂနွေကျောင်း၊ မူလတန်းအဖွဲ့အစည်းများနှင့် အသင်းတော်စု အခြားအစီအစဉ်များအတွက် တာဝန်ခန့်အပ်ပါသည်။
အာရုန်ယဇ်ပုရောဟဟိတ်အခွင့်အတွက် သင်းအုပ်၏တာဝန်များကို ၇၊ ၁၊ ၂ တွင်အနှစ်ချုပ်ဖော်ပြထားပါသည်။ အသင်းလူကြီးအဖွဲ့အတွက် သူ၏တာဝန်များကို ၈၊ ၃၊ ၁ တွင်အနှစ်ချုပ်ဖော်ပြထားပါသည်။
၇၊ ၁၊ ၁၊ ၂
ဘိသိက်မင်္ဂလာများနှင့် ကောင်းချီးမင်္ဂလာများ
သင်းအုပ်သည် အသင်းတော်စုတွင် အောက်ပါ ဘိသိက်မင်္ဂလာများနှင့် ကောင်းချီးမင်္ဂလာအား စီမံဆောင်ရွက်ခြင်းကို လမ်းညွှန်ပါသည်။
-
ပွဲတော်
-
ကလေးများကို အမည်ပေးခြင်းနှင့် ကောင်းချီးပေးခြင်း
-
မှတ်တမ်းဝင် အသက် ၈ နှစ် ကလေးများ’အတွက် ဗတ္တိဇံနှင့် အတည်ပြုခြင်း (ပြောင်းလဲသူများအတွက်၊ ရှု ၃၁၊ ၂၊ ၃၊ ၂)
-
သင်းအုပ်၊ ဆရာနှင့် ယဇ်ပုရောဟိတ်အမှုအရာများသို့ အပ်နှင်းခြင်း
၇၊ ၁၊ ၁၊ ၃
ကောင်စီများနှင့် အစည်းအဝေးများ
သင်းအုပ်သည် အသင်းတော်စုကောင်စီနှင့် အသင်းတော်စု လူငယ်ကောင်စီတို့ကို ဦးဆောင်ပါသည် (ရှု ၂၉၊ ၂၊ ၅နှင့် ၂၉၊ ၂၊ ၆)။
သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့သည် ပွဲတော်အစည်းအဝေးများနှင့် အခန်း ၂၉ ၌စာရင်းပြုစုထားသည့် အသင်းတော်စုအခြားအစည်းအဝေးများကို စီစဉ်ပါသည်။
၇၊ ၁၊ ၁၊ ၄
ခေါ်သွင်းခြင်းများနှင့် ဖြေလွှတ်ခြင်းများ
ခေါ်သွင်းခြင်းများနှင့် ဖြေလွှတ်ခြင်းများအတွက် သင်းအုပ်၏ တာဝန်များကို အခန်း ၃၀တွင် အနှစ်ချုပ်ဖော်ပြထားပါသည်။
၇၊ ၁၊ ၂
အာရုန်ယဇ်ပုရောဟိတ်အခွင့်၏ဥက္ကဋ္ဌ
သင်းအုပ်သည် အသင်းတော်စုရှိ အာရုန်ယဇ်ပုရောဟိတ်အခွင့်၏ဥက္ကဋ္ဌအဖြစ် အောက်ပါတာဝန်များရှိပါသည်။ သူ၏အတိုင်ပင်ခံများက သူ့ကို ကူညီပါသည်။
-
လူငယ်တို့ကို သွန်သင်ရာ၌ မိဘများကို ကူညီပါသည်။
-
အာရုန်ယဇ်ပုရောဟိတ်အခွင့်အဖွဲ့နှင့် လူငယ်အမျိုးသမီးအဖွဲ့အတန်းများကို ကြီးကြပ်ပါသည်။ သင်းအုပ်သည် ယဇ်ပုရောဟိတ်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်ပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၀၇း၈၇-၈၈)။ သူ၏ပထမအတိုင်ပင်ခံသည် ဆရာအဖွဲ့အတွက် တာဝန်ရှိပါသည်။ သူ၏ဒုတိယ အတိုင်ပင်ခံသည် သင်းထောက်အဖွဲ့အတွက် တာဝန်ရှိပါသည်။
-
အသင်းတော်စု လူငယ်အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌနှင့် တိုင်ပင်ဆွေးနွေးပါသည်။
-
လူငယ်တစ်ယောက်ချင်းစီနှင့် ပုံမှန် တွေ့ဆုံပါသည်။
၇၊ ၁၊ ၃
အထွေထွေတရားသူကြီး
သင်းအုပ်သည် အသင်းတော်စုတွင် အထွေထွေတရားသူကြီးဖြစ်ပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၀၇း၇၁-၇၄)။ သူ့တွင်အောက်ပါ တာဝန်များရှိပါသည်။
-
လူငယ်နှင့် အရွယ်ရောက်သူတို့အား ဗိမာန်တော်ထောက်ခံချက်အတွက် ထိုက်တန်ဖို့ အရည်အချင်း ပြည့်မီစေရန် ကူညီပါသည်။
-
၃၁၊ ၂ တွင် အနှစ်ချုပ်ဖော်ပြထားသည့်အတိုင်း လူတွေ့မေးမြန်းခြင်းတို့ကို ဆောင်ရွက်ပါသည်။
-
ဝိညာဉ်ပကတိလမ်းညွှန်မှုကိုရှာသည့်၊ ကြီးလေးသည့်ပုဂ္ဂိုလ်ရေးပြဿနာများရှိသည့် သို့မဟုတ် ကြီးလေးသောအပြစ်များ ကျူးလွန်ခဲ့သည့် အသင်းသားများနှင့် တွေ့၍၊ သူတို့ကို ယေရှုခရစ်တော်၏အနာငြိမ်းစေခြင်းတန်ခိုးသို့ချဉ်းကပ်ရန် ကူညီပါသည်။
-
ပန္နက်ဥက္ကဋ္ဌ၏လမ်းညွှန်မှုအောက်တွင်၊ အသင်းသားကောင်စီများကို လိုအပ်သလိုကျင်းပပါသည်။ လမ်းညွှန်မှုများအတွက်၊ ရှု အခန်း ၃၂။
၇၊ ၁၊ ၄
ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှုကို ညှိနှိုင်းဆောင်ရွက်ခြင်း
သင်းအုပ်သည် အသင်းတော်စုတွင် ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှုကို ညှိနှိုင်းဆောင်ရွက်ပါသည် (ရှု အခန်း ၁)။ သူ၏အတိုင်ပင်ခံများနှင့် အသင်းတော်စုအခြားခေါင်းဆောင်များသည် သူ့ကို ကူညီကြပါသည်။
၇၊ ၁၊ ၄၊ ၁
ဇာတိပကတိလိုအပ်ချက်များရှိသောသူတို့ကို ဂရုစိုက်ရန် အားထုတ်မှုများကို ဦးဆောင်ခြင်း
လိုအပ်သောသူများကို သင်းအုပ် မည်သို့ဂရုစိုက်ခြင်းနှင့် ပတ်သက်၍ နောက်ထပ်အချက်အလက်အတွက်၊ ရှု ၂၂၊ ၆၊ ၁။
၇၊ ၁၊ ၅
မှတ်တမ်းများ၊ ဘဏ္ဍာရေးနှင့် အစည်းအဝေးအိမ်
မှတ်တမ်းများနှင့် ပတ်သက်သည့် အချက်အလက်အတွက်၊ ရှု အခန်း ၃၃။ ဆယ်ဖို့တစ်ဖို့ အပါအဝင်၊ ဘဏ္ဍာရေးနှင့် ပတ်သက်သည့် အချက်အလက်အတွက်၊ ရှု အခန်း ၃၄။ အစည်းအဝေးအိမ်များနှင့် ပတ်သက်သည့် အချက်အလက်အတွက်၊ ရှု အခန်း ၃၅။
၇၊ ၃
အသင်းတော်အမှုဆောင်အတွင်းရေးမှူးနှင့် အသင်းတော်စု အမှုဆောင် လက်ထောက်အတွင်းရေးမှူး
သင်းအုပ်နှင့် အတိုင်ပင်ခံအဖွဲ့သည် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတစ်ဦးအား အသင်းတော်စုအမှုဆောင်အတွင်းရေးမှူးအဖြစ် အမှုဆောင်ရန် ထောက်ခံပါသည်။
သူ့တွင် အောက်ပါတာဝန်များ ရှိပါသည်။
-
သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့နှင့် တွေ့၍ အကြောင်းအရာများကို တာဝန်ပေးထားသည့်အတိုင်း ပြင်ဆင်ပါသည်။
-
အသင်းတော်စုကောင်စီဝင်တစ်ဦးအဖြစ် အမှုဆောင်၍၊ အသင်းတော်စုကောင်စီအစည်းအဝေးများကို တက်ရောက်ပါသည်။
-
သင်းအုပ်အတိုင်ပင်ခံအဖွဲ့အတွက် ချိန်းဆိုမှုများကို အချိန်ဇယားဆွဲပါသည်။
၇၊ ၄
အသင်းတော်စု စာရေးနှင့် အသင်းတော်စု လက်ထောက်စာရေးများ
အသင်းတော်စု စာရေးနှင့် အသင်းတော်စု လက်ထောက်စာရေးများ၏ တာဝန်များကို ၃၃၊ ၄၊ ၂တွင် ဖော်ပြထားပါသည်။