လက်စွဲစာအုပ်များနှင့်အမှုတော်ဆောင်တာဝန်များ
၁၃။ တနင်္ဂနွေကျောင်း


“၁၃။ တနင်္ဂနွေကျောင်း၊ ”အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။

“၁၃။ တနင်္ဂနွေကျောင်း၊”အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ

ကျမ်းစာများလေ့လာနေသည့် မိသားစု

၁၃။

တနင်္ဂနွေကျောင်း

၁၃၊ ၁

ရည်ရွယ်ချက်

တနင်္ဂနွေကျောင်းခေါင်းဆောင်များ၊ ဆရာများ နှင့် အတန်းများသည်

  • “နိုင်ငံတော်၏ ဩဝါဒ” ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၈၈း၇၇ ကို သွန်သင်ခြင်းဖြင့် ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော်၌ ယုံကြည်ခြင်းကို ခွန်အားဖြည့်ပေးပါသည်။

  • အိမ်ဗဟိုပြု၊ အသင်းတော်ထောက်ကူ ဧဝံဂေလိတရားတော်သင်ယူခြင်းကို ထောက်မပါသည်။

  • အသင်းသားများကို ကယ်တင်ရှင်၏နည်းများဖြင့် သွန်သင်ဖို့ ကူညီပါသည်။

၁၃၊ ၂

အသင်းတော်စု တနင်္ဂနွေကျောင်းခေါင်းဆောင်မှု

၁၃၊ ၂၊ ၁

သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့

သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့သည် တနင်္ဂနွေကျောင်းကို ကြီးကြပ်ပါသည်။ ပုံမှန်အားဖြင့်၊ သင်းအုပ်သည် ဤတာဝန်ကို သူ၏လမ်းညွှန်မှုအောက်၌ ပြီးပြည့်စုံစေရန် သူ၏အတိုင်ပင်ခံများထဲမှ တစ်ဦးကို ခန့်အပ်ပါသည်။

၁၃၊ ၂၊ ၂

တနင်္ဂနွေကျောင်းဥက္ကဋ္ဌ

၁၃၊ ၂၊ ၂၊ ၁

တနင်္ဂနွေကျောင်းဥက္ကဋ္ဌတစ်ဦးကို ခေါ်သွင်းခြင်း

သင်းအုပ်သည် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတစ်ဦးကို အသင်းတော်စုတနင်္ဂနွေကျောင်းဥက္ကဋ္ဌဖြစ်ဖို့ ခေါ်သွင်းပါသည်။ အတိုင်ပင်ခံများ လိုအပ်လျှင်၊ ဤရာထူးများ၌ အမှုဆောင်ရန် လုံလောက်သောအမျိုးသားများ ရှိလျှင်၊ တနင်္ဂနွေကျောင်းဥက္ကဋ္ဌသည် အတိုင်ပင်ခံတစ်ဦး သို့မဟုတ် နှစ်ဦးကို ထောက်ခံနိုင်ပါသည်။

၁၃၊ ၂၊ ၂၊ ၂

တာဝန်များ

  • အသင်းတော်စုကောင်စီ၌ အမှုဆောင်ခြင်း။

  • အိမ်နှင့် ဘုရားကျောင်း၌ ဧဝံဂေလိတရားတော်သင်ယူခြင်းနှင့် သွန်သင်ခြင်း တိုးတက်ရန် အားထုတ်မှုများကို ကြီးကြပ်ပါသည်။

  • တနင်္ဂနွေကျောင်းဆရာများအဖြစ် အမှုဆောင်ရန် အရွယ်ရောက်အသင်းသားများကို သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့သို့ ထောက်ခံပါသည်။

  • တနင်္ဂနွေကျောင်းဆရာများကို ထောက်မ၊ အားပေး၍ လမ်းညွှန်ပါသည်။

  • သင်းအုပ်လမ်းညွှန်ထားသည့်အတိုင်း ဆရာကောင်စီအစည်းအဝေးများကို ဦးဆောင်ပါသည် ( ရှု ကယ်တင်ရှင်၏နည်းလမ်းများဖြင့် သွန်သင်ခြင်း၊ )။

၁၃၊ ၂၊ ၃

တနင်္ဂနွေကျောင်းဆရာများ

သွန်သင်ဖို့ ပြင်ဆင်ရန်၊တနင်္ဂနွေကျောင်းဆရာများသည် ကျမ်းစာများ တစ်ဦးချင်းများနှင့် မိသားစုများအတွက်—လာ၍၊ ငါ့နောက်သို့လိုက်လော့၊ နှင့်တနင်္ဂနွေကျောင်းအတွက်—လာ၍၊ ငါ့နောက်သို့လိုက်လော့တို့ကို အသုံးပြုပါသည်။

၁၃၊ ၃

တနင်္ဂနွေကျောင်းအတန်းများ

တနင်္ဂနွေကျောင်းအတန်းများကို လ၏ ပထမနှင့် တတိယတနင်္ဂနွေနေ့များတွင် ဖွင့်ပါသည်။

သင်းအုပ်၏ခွင့်ပြုချက်ဖြင့်၊ တနင်္ဂနွေကျောင်း ဥက္ကဋ္ဌသည် အရွယ်ရောက်သူများနှင့် လူငယ်များအတွက် အတန်းများကို ဖွဲ့စည်းပါသည်။

လူငယ်အတန်းတစ်ခုချင်းစီတွင်၊ တာဝန်ရှိသောအရွယ်ရောက်သူအနည်းဆုံး နှစ်ဦးရှိရပါမည်။

လူငယ်များနှင့် အလုပ်လုပ်သူအားလုံးသည် ထောက်မထားသော တစ်လအတွင်း ကလေးများနှင့် လူငယ်များကာကွယ်ရေးသင်တန်းကို တက်ပြီးဖြစ်ရမည် ( ProtectingChildren.ChurchofJesusChrist.org).

၁၃၊ ၄

အသင်းတော်စု၌ သင်ယူခြင်းနှင့် သွန်သင်ခြင်းကို တိုးတက်စေခြင်း

အသင်းတော်စုခေါင်းဆောင်များသည် သူတို့၏အဖွဲ့အစည်းများ၌ သင်ယူခြင်းနှင့် သွန်သင်ခြင်းတိုးတက်စေခြင်းအတွက် တာဝန်ရှိကြပါသည်။ သူတို့သည် လိုအပ်လျှင် အသင်းတော်စုတနင်္ဂနွေကျောင်းဥက္ကဋ္ဌထံ တောင်းဆိုနိုင်ပါသည်။

၁၃၊ ၅

အိမ်၌ သင်ယူခြင်းနှင့် သွန်သင်ခြင်းကို တိုးတက်စေခြင်း

မိဘများသည် သူတို့၏သားသမီးတို့အား ဧဝံဂေလိတရားတော်သွန်သင်ပေးခြင်းအတွက် တာဝန်ရှိပါသည်။ သူတို့ကို ဆရာများအဖြစ် တိုးတက်ဖို့ကူညီရန် တနင်္ဂနွေကျောင်းဥက္ကဋ္ဌကို တောင်းဆိုနိုင်ပါသည်။