လက်စွဲစာအုပ်များနှင့်အမှုတော်ဆောင်တာဝန်များ
၁၄။ အိမ်ထောင်မရှိသည့်အသင်းသားများ


“၁၄။ အိမ်ထောင်မရှိသည့် အသင်းသားများ၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။

“၁၄။ အိမ်ထောင်မရှိသည့်အသင်းသားများ၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ

စကားပြောနေသည့်လူများ

၁၄။

အိမ်ထောင်မရှိသည့်အသင်းသားများ

၁၄၊ ၀

နိဒါန်း

အိမ်ထောင်မပြုသေးသော သို့မဟုတ် အိမ်ထောင်ကွဲခဲ့သော သို့မဟုတ် မုဆိုးဖို မုဆိုးမဖြစ်ခဲ့သည့် အမျိုးသားအမျိုးသမီးတို့သည် အသင်းတော်အသင်းသားဖြစ်ခြင်း၌ သိသာသည့် အစိတ်အပိုင်းတစ်ခုကို ဖြစ်စေပါသည်။ ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် (ရှု ဧသာ ၁၂း၄) မျှော်လင့်ခြင်းကို ရှာရန်မှာ အားလုံးအတွက်အရေးကြီးပါသည်။ အောက်ပါထာဝရသမ္မတရားများသည် ထိုကဲ့သို့သော မျှော်လင့်ခြင်းကို ဖြစ်စေပါသည်၊

  • ဧဝံဂေလိတရားတော်ပဋိညာဉ်များကို စောင့်ထိန်းရာ၌ သစ္စာရှိသောသူတိုင်းသည် ချီးမြှောက်ခြင်းအတွက် အခွင့်အလမ်းတစ်ခု ရရှိလိမ့်မည်ဟု ကျမ်းစာများနှင့် နောက်ဆုံးကာလ ပရောဖက်များက အတည်ပြုပါသည်။

  • ချီးမြှောက်ခြင်းကောင်းချီးမင်္ဂလာများကို ရရှိရာ အချိန်နှင့် ပုံစံအတိအကျအားလုံးကို ဖော်ပြမထားပါ။ သို့ရာတွင် ၎င်းတို့ကို အာမခံထားပါသည် (ရှု မောဇိယ ၂း၄၁)။

  • ကိုယ်တော်ရှင်ကို စောင့်မျှော်ခြင်းဆိုသည်မှာ အဆက်မပြတ်နာခံခြင်းနှင့် ကိုယ်တော်ထံ ဝိညာဉ်ပကတိ တိုးတက်ခြင်းကို ရည်ညွှန်းပါသည် (ရှု ‌‌‌‌‌‌‌‌‌‌ဟေရှာယ ၆၄း၄)။

  • ဘုရားသခင်သည် သူ၏သားသမီးအားလုံးသို့ ထာဝရအသက်ကို ကမ်းလှမ်းပါသည်။ ကယ်တင်ရှင်၏ ခွင့်လွှတ်ခြင်း ကျေးဇူးတော်ဆုကျေးဇူးအတွက် အရည်အချင်းပြည့်မီပြီး သူ၏ပညတ်တော်များကို ကျင့်သုံးသူများသည် ထာဝရအသက်ကို ရရှိကြလိမ့်မည်။ (ရှု မောဇိယ ၂၆း၃၀မော်ရော်နိုင်း ၆း၈။)

  • ဤအာမခံချက်များ၌ ယုံကြည်မှုရှိခြင်းသည် ယေရှုခရစ်တော်၌ ယုံကြည်ခြင်းတွင် အမြစ်တည်ပါသည်။ ကိုယ်တော်၏ကျေးဇူးတော်အားဖြင့်၊ လူ့ဇာတိနှင့်စပ်ဆိုင်သည့် အရာခပ်သိမ်းတို့ကို သင့်လျော်စွာနေရာချထားပါသည် (ရှု အယ်လမာ ၇◌း၁၁-၁၃)။

ကိုယ်တော်ရှင်သည် အသင်းသားအားလုံးကို သူတို့၏အသင်းတော်စုများနှင့် ပန္နက်များ၌ ကယ်တင်ခြင်းအမှုတွင် ကူညီရန် လိုအပ်ပါသည် ( ရှု ကောရိန္သုဩဝါဒစာ ပဌမစောင် ၁၂း ၁၂-၂၇)။ ဝိညာဉ်တော်လမ်းညွှန်သည့်အတိုင်း၊ အိမ်ထောင်မရှိသည့်အသင်းသားများသည် ခေါင်းဆောင်မှုနှင့် သွန်သင်ခြင်းနေရာများ၌ ခေါ်သွင်းခံကြရပါသည်။

ဤအခန်းတွင်၊

  • “အိမ်ထောင်မရှိသည့်အသင်းသားများ” ဆိုသည်မှာ လက်ရှိတွင် လက်ထပ်ထားခြင်းမရှိသည့် အသင်းတော်၏အသင်းသားအားလုံးကို ရည်ညွှန်းပါသည်။

  • “အိမ်ထောင်မရှိအရွယ်ရောက်လူငယ်များ” ဆိုသည်မှာ အသက် ၁၈-၃၀ ရှိသောသူများကို ရည်ညွှန်းပါသည်။

  • “အိမ်ထောင်မရှိအရွယ်ရောက်များ” ဆိုသည်မှာ အသက် ၃၁ နှင့်အထက် ရှိသောသူများကို ရည်ညွှန်းပါသည်။

၁၄၊ ၁

မြေမျက်နှာသွင်ပြင်ဒေသတွင်းရှိ အိမ်ထောင်မရှိသောအသင်းသားများ

၁၄၊ ၁၊ ၁

ပန္နက်ခေါင်းဆောင်မှု

၁၄၊ ၁၊ ၁၊ ၂

ပန္နက်အိမ်ထောင်မရှိအရွယ်ရောက်လူငယ်များနှင့် အိမ်ထောင်မရှိအရွယ်ရောက် ကော်မတီများ

ပန္နက်ဥက္ကဋ္ဌအဖွဲ့သည် အိမ်ထောင်မရှိအရွယ်ရောက်လူငယ်ကော်မတီတစ်ခုကို ဖွဲ့ပါသည်။

ပန္နက်ဥက္ကဋ္ဌအဖွဲ့သည် အိမ်ထောင်မရှိအရွယ်ရောက် ကော်မတီတစ်ခုကိုလည်း ဖွဲ့နိုင်ပါသည်။

ကော်မတီတို့သည် အသင်းသားတို့အား မိတ်ဆွေဖြစ်ခြင်းဖြင့်၊ ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှုတော်၌ ပါဝင်ရန် အခွင့်အလမ်းများဖြင့် ထောက်မရန် ကြိုးစားကြပါသည် (ရှု ၁၄၊ ၂)။

၁၄၊ ၁၊ ၂

အသင်းတော်စုခေါင်းဆောင်မှု

၁၄၊ ၁၊ ၂၊ ၁

သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့

သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့သည် အိမ်ထောင်မရှိအသင်းသားများကို ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှု၌ အဓိကဖြစ်ပါသည်။ သူတို့သည် အိမ်ထောင်မရှိအသင်းသားများအတွက် အဓိပ္ပာယ်ရှိသော အမှုတော်ဆောင်တာဝန်များနှင့် ခန့်ထားခြင်းများကို ပိုင်းခြားသတ်မှတ်ရန် အသင်းတော်စုကောင်စီနှင့် အတူအလုပ်လုပ်ကြပါသည်။ သူတို့သည် တစ်ဦးတည်းသောမိဘများ၏ လိုအပ်ချက်များကို သိရန်နှင့် ပြည့်စေဖို့ကူညီရန် ကြိုးစားကြပါသည်။

  • သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ဝင်တစ်ဦးသည်အိမ်ထောင်မရှိအရွယ်ရောက်လူငယ်တစ်ဦးချင်း နှင့် အနည်းဆုံး တစ်နှစ်တစ်ကြိမ်တွေ့ဆုံပါသည်။

  • သင်းအုပ်သည် အသင်းတော်စု အိမ်ထောင်မရှိအရွယ်ရောက်လူငယ် ကော်မတီ တစ်ခုကို ဖွဲ့နိုင်ပါသည်။

၁၄၊ ၁၊ ၂၊ ၂

အိမ်ထောင်မရှိအရွယ်ရောက်လူငယ်များ သို့ ခန့်အပ်ထားသည့် အသင်းလူကြီးအဖွဲ့နှင့် လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌအဖွဲ့ အဖွဲ့ဝင်များ

အသင်းလူကြီးအဖွဲ့နှင့် လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌများသည် သူတို့၏ဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးကို အိမ်‌‌‌‌‌‌ထောင်မရှိအရွယ်ရောက်လူငယ်တို့အား ထောက်မရန် ခန့်ထားနိုင်ပါသည်။ ဤဥက္ကဋ္ဌအဖွဲ့ဝင်များသည် အိမ်ထောင်မရှိအရွယ်ရောက်လူငယ်တို့၏ အားသာချက်များကို သိအောင်ပြုကြ၊ သူတို့၏လိုအပ်ချက်များကို ပြည့်စေရန် ကူညီကြပါသည်။

အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌနှင့် လူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌတို့သည် ဤအားထုတ်မှုများကို အသင်းတော်စုကောင်စီအစည်းအဝေး၌ အစီရင်ခံတင်ပြနိုင်ပါသည်။

၁၄၊ ၁၊ ၂၊ ၃

အိမ်ထောင်မရှိအရွယ်ရောက်လူငယ်ခေါင်းဆောင်များ

အိမ်‌‌ထောင်မရှိအရွယ်ရောက်လူငယ်များစွာရှိသည့် အသင်းတော်စုတစ်ခုတွင်၊ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့သည် အရွယ်ရောက်အိမ်ထောင်မရှိလူငယ် အမျိုးသားနှင့်အမျိုးသမီး တစ်ဦးကို အိမ်‌‌ထောင်မရှိအရွယ်ရောက်လူငယ်ခေါင်းဆောင်များအဖြစ် ခေါ်သွင်းနိုင်ပါသည်။ သူတို့၏တာဝန်များတွင် ပါဝင်သောအရာများမှာ၊

  • အိမ်‌‌ထောင်မရှိအရွယ်ရောက်လူငယ်တို့အား ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှု၌ ပါဝင်ရန် ကူညီခြင်း (ရှု ၁၄၊ ၂)။

  • ပန္နက်အိမ်‌‌ထောင်မရှိအရွယ်ရောက်လူငယ် ကော်မတီ၌ အမှုဆောင်ခြင်း။

  • အသင်းတော်စုအိမ်‌‌ထောင်မရှိအရွယ်ရောက်လူငယ်ကော်မတီတစ်ခု ဖွဲ့စည်းထားလျှင် ဦးဆောင်ခြင်း။

  • အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌအဖွဲ့၊ လူမှုသက်သာရေးအဖွဲ့ဥက္ကဋ္ဌအဖွဲ့တို့နှင့် ပုံမှန်တွေ့ဆုံခြင်း။ ဤအစည်းအဝေးများတွင်၊ သူတို့သည် အိမ်‌‌ထောင်မရှိအရွယ်ရောက်လူငယ်တို့၏အားသာချက်များအကြောင်း၊ သူတို့၏လိုအပ်ချက်များကို ပြည့်စေရန် မည်သို့ကူညီရမည့်အကြောင်းတို့ကို ဆွေးနွေးကြပါသည်။ အိမ်‌‌ထောင်မရှိအရွယ်ရောက်လူငယ်တို့အား အမှုတော်ဆောင်ခြင်းကိုလည်း အာရုံစိုက်ကြပါသည်။

၁၄၊ ၂

ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှု၌ပါဝင်ခြင်း

၁၄၊ ၂၊ ၁

ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ကျင့်သုံးခြင်း

၁၄၊ ၂၊ ၁၊ ၁

အိမ်တွင်းညနေနှင့် ဧဝံဂေလိတရားတော်လေ့လာခြင်း

ပါဝင်ရန် ဆန္နရှိသည့် ခေါင်းဆောင်များသည် အိမ်ထောင်မရှိ အရွယ်ရောက်တို့အတွက် အိမ်တွင်းညနေအဖွဲ့များ သို့မဟုတ် အိမ်‌‌ထောင်မရှိအရွယ်ရောက်လူငယ်တို့အတွက် အခြားအဖွဲ့များကို ဖွဲ့စည်းနိုင်ပါသည်။

၁၄၊ ၂၊ ၁၊ ၃

လှုပ်ရှားမှုများ

အသင်းတော်စု သို့မဟုတ် ပန္နက်ခေါင်းဆောင်တို့၏လမ်းညွှန်မှုအောက်တွင်၊ အိမ်‌‌ထောင်မရှိအရွယ်ရောက်လူငယ်တို့သည် သူတို့အတွက်အထူးသီးသန့်ဖြစ်သည့် လှုပ်ရှားမှုများကို စီစဉ်ပါဝင်နိုင်ကြပါသည်။ ဥပမာအနေဖြင့်ပါဝင်နိုင်သည့်အရာများမှာ၊

  • ဗိမာန်တော်အလည်သွားခြင်းများ။

  • မိသားစုသမိုင်းအမှု။

  • ဧဝံဂေလိတရားတော်ကို ဝေငှခြင်း။

  • လူထုပတ်ဝန်းကျင်အမှုဆောင်ခြင်း။

  • တေးဂီတနှင့် ယဉ်ကျေးမှုပွဲများ။

  • အားကစားပွဲများ။

ပန္နက်ခေါင်းဆောင်တို့၏လမ်းညွှန်မှုအောက်တွင်၊ အိမ်ထောင်မရှိအရွယ်ရောက်တို့သည်လည်း ပန္နက်အဆင့်တွင် အလားတူလှုပ်ရှားမှုများကို စီစဉ်နိုင်ပါသည်။