လက်စွဲစာအုပ်များနှင့်အမှုတော်ဆောင်တာဝန်များ
၁၅။ ဘာသာရေး သက်ငယ်ကျမ်းစာသင်ကျောင်းများနှင့် သက်ကြီးကျမ်းစာသင်ကျောင်းများ


“၁၅။ ဘာသာရေး သက်ငယ်ကျမ်းစာသင်ကျောင်းများနှင့် သက်ကြီးကျမ်းစာသင်ကျောင်းများ၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ (၂၀၂၃)။

“၁၅။ ဘာသာရေး သက်ငယ်ကျမ်းစာသင်ကျောင်းများနှင့် သက်ကြီးကျမ်းစာသင်ကျောင်းများ၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ

အတန်းထဲ၌မိမိလက်ကို မြှောက်နေသည့် လူငယ်အမျိုးသမီး

၁၅။

ဘာသာရေး သက်ငယ်ကျမ်းစာသင်ကျောင်းများနှင့် သက်ကြီးကျမ်းစာသင်ကျောင်းများ

၁၅။၀

နိဒါန်း

ဘာသာရေး (အက်စ်& အိုင်) သက်ငယ်ကျမ်းစာသင်ကျောင်းများနှင့် သက်ကြီးကျမ်းစာသင်ကျောင်းများသည် လူငယ်များနှင့် အရွယ်ရောက်လူငယ်များကို ယေရှုခရစ်တော်နှင့် ကိုယ်တော်၏ ပြန်လည်ဆောင်ယူထားသောဧဝံဂေလိတရားတော်၌ သူတို့၏ယုံကြည်ခြင်းကို တိုးတက်စေရန် ကူညီခြင်းတွင် မိဘများနှင့် အသင်းတော်ခေါင်းဆောင်များကို ကူညီပါသည်။

ခေါင်းဆောင်များအား အက်စ်&အိုင် အစီအစဉ်များကို စီမံဆောင်ရွက်ဖို့ ကူညီရန် ပန္နက်တစ်ခုချင်းစီတွင် အက်စ်&အိုင် ကိုယ်စားလှယ် တစ်ဦးကို ခန့်ထားပါသည်။

၁၅၊ ၁

သက်ငယ်ကျမ်းစာသင်ကျောင်း

သက်ငယ်ကျမ်းစာသင်ကျောင်းသည် လေးနှစ်အစီအစဉ်တစ်ခုဖြစ်ပါသည်၊ ထိုအစီအစဉ်တွင် လူငယ်တို့သည် ကျမ်းစာများ၌တွေ့ရသည့် ယေရှုခရစ်တော်၏ ဧဝံဂေလိတရားတော်နှင့် နောက်ပိုင်းကာလ ပရောဖက်တို့၏ သွန်သင်ခြင်းများကို လေ့လာကြပါသည်။ သက်ငယ်ကျမ်းစာသင်ကျောင်း၊ ကျောင်းသားများသည် အများအားဖြင့် အသက် ၁၄-၁၈ နှစ်ရှိကြပါသည်။

သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့၊ အဖွဲ့နှင့် အတန်းဥက္ကဋ္ဌအဖွဲ့ဝင်များသည် လူငယ်တိုင်းကို သက်ငယ်ကျမ်းစာသင်ကျောင်း၌ ပြည့်စုံစွာပါဝင်ကြဖို့ တိုက်တွန်းပါသည်။

၁၅၊ ၁၊ ၁

ဆရာများ

သက်ငယ်ကျမ်းစာသင်ကျောင်းဆရာများသည် ယေရှုခရစ်တော်၌ ယုံကြည်ခြင်းရှိပြီး၊ ကိုယ်တော်၏ပြန်လည်ဆောင်ယူထားသည့် ဧဝံဂေလိတရားတော်၌ သက်သေခံချက်ရှိသောအသင်းသားများဖြစ်သင့်သည်။ သူတို့သည် သူတို့သွန်သင်သည့် ကျင့်ဝတ်စည်းကမ်းများကို ကျင့်သုံးကြပြီး လူငယ်များနှင့် အဆင်ပြေကြရမည်။ ဖြစ်နိုင်သောအခါ၊ ဆရာများသည် လက်ရှိဗိမာန်တော်ထောက်ခံချက်တစ်ခုရှိရမည်။

ပန္နက်ဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦး သို့မဟုတ် ခန့်အပ်ထားသည့် အတိုင်ပင်ခံတစ်ဦးသည် ပန္နက်သက်ငယ်ကျမ်းစာသင်ကျောင်းဆရာများနှင့် ပန္နက်ကြီးကြပ်သူများအား ခေါ်သွင်းခြင်း၊ တာဝန်ပေးခြင်းနှင့် လွှတ်ထုတ်‌‌ပေးခြင်းတို့ကိုပြုလုပ်ပါသည်။

ဆရာများနှင့် ကျောင်းသားများကို ကာကွယ်ရန်၊ အရွယ်ရောက်သူနှစ်ဦးသည် သက်ငယ်ကျမ်းစာသင်ကျောင်းအတန်းကို သွန်သင်နေသည့် အဆောက်အအုံ သို့မဟုတ် အိမ်၌ ရှိနေရမည်။

၁၅၊ ၁၊ ၂

သက်ငယ်ကျမ်းစာသင်ကျောင်းရွေးချယ်ခွင့်များ

သက်ငယ်ကျမ်းစာသင်ကျောင်းအတွက် ကျောင်းသားများသည် သီတင်းပတ်နေ့များတွင် ဆရာတစ်ဦးနှင့်တွေ့လျှင် အကူအညီအရအများဆုံးရနိုင်သည်။ သို့သော်လည်း၊ ဤအရာသည် ဘေးကင်းရေးကိစ္စများ၊ ခရီးအကွာအဝေးနှင့် အခြားအချက်များကြောင့် မဖြစ်နိုင်ခြင်းရှိနိုင်သည်။

အသင်းတော်ခေါင်းဆောင်များသည် အောက်ပါတို့အတွက် မည်သည့် ရွေးချယ်ချက်အဆင်ပြေမည်ကို အက်စ်&အိုင် ကိုယ်စားလှယ်နှင့် တိုင်ပင်ဆွေးနွေးပါသည်။

  • ကျောင်းသားများ ဧဝံဂေလိတရားတော်သင်ယူပြီး ဝိညာဉ်ပကတိတိုးတက်ခြင်းရှိကြရန် အကောင်းဆုံးအကူအညီပေးခြင်း။

  • ကျောင်းသားများကို ဘေးကင်းစေခြင်း။

  • မိသားစုများအတွက် မလိုအပ်ဘဲဝန်ထုပ်ဝန်ပိုးမဖြစ်စေခြင်း။

အတန်းကို တနင်္ဂနွေနေ့တွင် မကျင်းပရပါ။

၁၅၊ ၁၊ ၃

အဆောက်အဦးများ၊ ကိရိယာနှင့် ပစ္စည်းများ

ပန္နက်နှင့် အသင်းတော်စုခေါင်းဆောင်များသည် သက်ငယ်ကျမ်းစာသင်ကျောင်းအတန်းများအတွက် အစည်းအဝေးအိမ်များ၊ သို့မဟုတ် အသင်းသားတို့၏အိမ်များ ရရှိနိုင်စေရန် သေချာစေပါသည်။

အက်စ်&အိုင် ကိုယ်စားလှယ်သည် အတန်းတိုင်းအတွက် ဆရာများနှင့် ကျောင်းသားများအတွက် ပစ္စည်းများကို ပံ့ပိုးပေးပါသည်။ ကျောင်းသားများသည် ကိုယ်ပိုင်ပုံနှိပ် သို့မဟုတ် ဒစ်ဂျစ်တယ်ကျမ်းစာများကို ယူလာရမည်။

၁၅၊ ၁၊ ၅

သင်ရိုးအောင်မြင်မှုနှင့် ဘွဲ့အပ်နှင်းခြင်း

သက်ငယ်ကျမ်းစာသင်ကျောင်းသားများသည် အတန်းကို ပုံမှန်တက်ခြင်း၊ ပါဝင်ခြင်းနှင့် အတန်းအပြင်၌ ကျမ်းစာများကို လေ့လာလျှင် ပို၍ထိရောက်စွာသင်ယူနိုင်ပြီး သူတို့၏ပြောင်းလဲခြင်း နက်နဲစေနိုင်ပါသည်။ သူတို့သည် ဤအရာတို့ကို လုပ်ဆောင်ကြသည်နှင့်အမျှ၊ တစ်နှစ်ချင်းစီတွင် သက်ငယ်ကျမ်းစာသင်ကျောင်းမှ သက်ငယ်ကျမ်းစာသင်ကျောင်း သင်ရိုးအောင်မြင်မှုကို ရရှိကြပြီး ဘွဲ့အပ်နှင်းခြင်းကိုလည်း ရရှိနိုင်ကြပါသည်။

သက်ငယ်ကျမ်းစာသင်ကျောင်းမှ ဘွဲ့အပ်နှင်းခြင်းကို ရရှိရန်၊ ကျောင်းသားတစ်ဦးသည် လေးနှစ်စာ သင်ရိုးကို အောင်မြင်ရမည်၊ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ဝင်တစ်ဦးထံမှ ဓမ္မဆရာဆိုင်ရာထောက်ခံချက်ကိုလည်း ရရှိရမည်။

၁၅၊ ၂

သက်ကြီးကျမ်းစာသင်ကျောင်း

သက်ကြီးကျမ်းစာသင်ကျောင်းသည် ယေရှုခရစ်တော်၊ ကိုယ်တော်၏ဧဝံဂေလိတရားတော်၌ ယုံကြည်ခြင်းနှင့် သက်သေခံချက်ကို ခွန်အားဖြည့်ပေးသည့် အပတ်စဉ်ဧဝံဂေလိတရားတော်သင်တန်းများကို ပံ့ပိုးပေးပါသည်။ အသက် ၁၈-၃၀ ရှိ အိမ်‌‌ထောင်မရှိ‌သောအရွယ်‌ရောက်သူအားလုံးသည် ကျောင်းတက်နေကြသည်ဖြစ်စေ မတက်ကြသည်ဖြစ်စေ သက်ကြီးကျမ်းစာသင်ကျောင်းကို တက်ရန် အားပေးသင့်ပါသည်။

၁၅၊ ၃

အသင်းတော်ကျောင်းများနှင့် အသင်းတော်ပညာရေးစနစ်

အသင်းတော်မူလတန်းနှင့် အလယ်တန်းကျောင်း အချက်အလက်နှင့် ပတ်သက်၍၊ ဘီဝိုင်ယူကမ္ဘာ့ပေါင်းကူး၊ ပိုမြင့်များသည့် ပညာရေးအဖွဲ့အစည်းများ၊ ရှု CES.ChurchofJesusChrist.org. ဤကျောင်းများကိုတက်ရန် ဓမ္မဆရာထောက်ခံချက်များ ပြီးမြောက်ခြင်းနှင့်ပတ်သက်သည့် အချက်အလက်ကိုလည်း ထိုနေရာတွင် ဖော်ပြထားပါသည်။

ထပ်လာင်း၍၊ စီအီးအက်စ် ဓမ္မဆရာ ရှင်းလင်းချက်ရုံးမှတစ်ဆင့် အလုပ်အကိုင်ဓမ္မဆရာရှင်းလင်းချက်နှင့် ပတ်သက်သည့်အချက်အလက်များကိုလည်း တွေ့နိုင်ပါသည် help.ChurchofJesusChrist.org.