အထွေထွေညီလာခံ
COVID-19 နှင့် ဗိမာန်တော်များ
ဧပြီ ၂၀၂၁ အထွေထွေညီလာခံ


6:40

COVID-19 နှင့် ဗိမာန်တော်များ

ဒီအတောအတွင်း၊ သင်တို့ရဲ့ဗိမာန်တော်ပဋိညာဉ်တွေနှင့်ကောင်းချီးမင်္ဂလာတွေကို သင့်တို့ရဲ့စိတ်နဲ့ နှလုံးသားထဲမှာထင်ရှားနေစေပါ။ သင်တို့ပြုထားတဲ့ပဋိညာဉ်တွေအပေါ်သစ္စာရှိနေကြပါ။

ကျွန်တော့်ချစ်သောညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့အမှန်တကယ် ဝိညာဉ်ရေးရာခွန်အားပွဲတော်ကို ရရှိခဲ့ပါတယ်။ ညီလာခံတစ်ခုလုံး၏ဆုတောင်းချက်များ၊ သတင်းစကားများနှင့်တေးဂီတအတွက် ကျွန်တော်ကျေးဇူးတင်မဆုံးပါ။ သင်မည်သည့်နေရာတွင်ရှိနေပါစေ၊ ကျွန်တော်တို့နှင့်အတူပူးပေါင်းခြင်းအတွက် အယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။

ပြီးခဲ့သည့်နှစ်အစောပိုင်းမှာ၊ COVID-19 ကူးစက်ရောဂါနှင့် ကမ္ဘာ့နိုင်ငံသားကောင်းတွေ ဖြစ်လိုတဲ့ကျွန်တော်တို့ရဲ့ဆန္ဒကြောင့်၊ ဗိမာန်တော်တွေအားလုံးကို ယာယီပိတ်ထားဖို့ ခက်တဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ပြုလုပ်ခဲ့ပါတယ်။ အဲဒါရဲ့ နောက်ဆက်တွဲလတွေမှာ၊ ကျွန်တော်တို့ဟာ ဗိမာန်တော်တွေကို အလွန်သတိထားခြင်းဖြင့် တဖြည်းဖြည်း ပြန်ဖွင့်ဖို့ လမ်းပြလှုံ့ဆော်ခံခဲ့ကြရပါတယ်။ ယခုအခါ ဗိမာန်တော်တွေကို ပြန်ဖွင့်ပြီး အဆင့်လေး ဆင့်နဲ့လည်ပတ်နေပါတယ်၊ ဒေသခံအစိုးရစည်းမျဉ်းတွေနဲ့ ဘေးကင်းရေး ကျင့်ဝတ်တွေကို တိကျစွာလိုက်နာနေပါတယ်။

ဗိမာန်တော်တွေ၌ အဆင့် ၁ မှာ၊ မိမိတို့ကိုယ်ပိုင်ဝိညာဉ်ပကတိအပ်နှင်းခြင်း ရပြီးသား အရည်အချင်းပြည့်စုံစုံတွဲတွေဟာ ခင်ပွန်းနှင့်ဇနီးအဖြစ်တံဆိပ်ခတ်ခံလို့ရပါတယ်။

ဗိမာန်တော်တွေ၌ အဆင့် ၂ မှာ၊ ကိုယ်ပိုင်ဝိညာဉ်ပကတိအပ်နှင်းခြင်း၊ ခင်ပွန်းနှင့်ဇနီး၊ ပြီးတော့ သားသမီးတွေကို မိဘတွေနဲ့ တံဆိပ်ခတ်ပေးခြင်းတို့အပါအဝင် အသက်ရှင်သူတွေအတွက် ဘိသိက်မင်္ဂလာအားလုံးကို ဆောင်ရွက်ပါတယ်။ ကျန်တော်တို့ မကြာမီကအဆင့် ၂ ကိုပြဌာန်းချက်တွေ ပြင်ဆင်ခဲ့ပါတယ်၊ ယခုဆိုလျှင်၊ ကျွန်တော်တို့ရဲ့လူငယ်တွေ၊ အသင်းသားသစ်တွေ၊ ပြီးတော့ အခြားသူတွေကို သူတို့ဘိုးဘေးတွေအတွက် ကိုယ်စားဗတ္တိဇံမှာ ပါဝင်ဖို့ ကန့်သတ်သုံး ထောက်ခံချက်နဲ့ ကိုခွင့်ပြုပါပြီ။

ဗိမာန်တော်တွေ၌ အဆင့် ၃ မှာ၊ ရက်ချိန်းတွေနဲ့စီစဉ်ထားတဲ့သူတွေဟာ အသက်ရှင်သူတွေအတွက် ဘိသိက်မင်္ဂလာတွေမှာသာမက၊ သေသူဘိုးဘွားတွေအတွက် ကိုယ်စားဘိက်သိက်မင်္ဂလာတွေမှာလည်း ပါဝင်နိုင်ကြပါတယ်။

အဆင့် ၄ မှာ ပုံမှန်ဗိမာန်တော်လှုပ်ရှားမှု အပြည့်ဆီကို ပြန်ရောက်ပါပြီ။

ဒီပြောင်းလဲနေတဲ့စိန်ခေါ်မှုကာလအတွင်း၊ သင်တို့ရဲ့သည်းခံခြင်းနှင့် ဆက်ကပ်တဲ့ အစေခံခြင်းအတွက် ကျွန်တော်တို့ကျေးဇူးတင်ပါတယ်။ သင်တို့ရဲ့ ဗိမာန်တော်မှာကိုးကွယ်ခြင်းနှင့် အစေခံခြင်း ဆန္ဒယခင်ကထက် ပိုတောက်ပလာစေကြောင်း ကျွန်တော်ဆုတောင်းပါတယ်။

ယခုဆိုရင်၊ သင်တို့ဟာ ဗိမာန်တော်ဆီဘယ်အချိန်ပြန်သွားလို့ရမှာလဲလို့ စဉ်းစားနေဖွယ်ရှိပါတယ်။ အဖြေကတော့၊ သင်တို့ရဲ့ဗိမာန်တော်ကို ဒေသခံအစိုးရစည်းမျဉ်းတွေခွင့်ပြုတဲ့အခါ ဖွင့်မှာဖြစ်ပါတယ်။ သင့်ဒေသမှာ COVID-19 ဖြစ်ပွားမှု ဘေးကင်းကန့်သတ်ချက်များအတွင်း ရှိတဲ့အခါ၊ သင်တို့ရဲ့ဗိမာန်တော်ကို ပြန်ဖွင့်မှာ ဖြစ်ပါတယ်။ သင်တို့ရဲ့ ဗိမာန်တော်အခွင့်အလမ်းတွေ တိုးလာစေကြောင်း သင်တို့ဒေသမှာ COVID အရေအတွက် လျှော့ချရန်ကူညီဖို့ သင်တို့တတ်နိုင်သမျှလုပ်ဆောင်ရန် ကျွန်တော်တို့ တိုက်တွန်းပါတယ်။

ဒီအတောအတွင်း၊ သင်တို့ရဲ့ဗိမာန်တော်ပဋိညာဉ်တွေနှင့်ကောင်းချီးမင်္ဂလာတွေကို သင့်တို့ရဲ့စိတ်နဲ့ နှလုံးသားထဲမှာထင်ရှားနေစေပါ။ သင်တို့ပြုထားတဲ့ပဋိညာဉ်တွေအပေါ်သစ္စာရှိနေကြပါ။

ကျန်တော်တို့ဟာအနာဂတ်အတွက်ယခုတည်ဆောက်နေကြပါတယ်။ ဗိမာန်တော် ၄၁ ခုဟာ လက်ရှိမှာ ဆောက်လုပ်ဆဲ၊ ပြန်လည်မွမ်းမံဆဲရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ကပဲ၊ ကူးစက်ရောဂါရှိသော်လည်း ဗိမာန်တော်အသစ် ၂၁ ခုအတွက် မြေတူးခဲ့ပါတယ်။

ကျွန်တော်တို့ဟာ ကိုယ်တော်ရှင်ရဲ့ဗိမာန်တော်ကို ကျွန်တော်တို့ရဲ့ အသင်းသားတွေနဲ့ ပိုပြီးနီးစေချင်ပါတယ်၊ သူတို့ရဲ့အခြေအနေတွေ အခွင့်ပေးသမျှ ဗိမာန်တော်တက်ရောက်ခြင်း သန့်ရှင်းမွန်မြတ်သော အထူးအခွင့်အရေးကို ခဏခဏရနိုင်စေဖို့ပဲ ဖြစ်ပါတယ်။

ဗိမာန်တော်များ ၂၀ ထပ်ဆောက်ရန်ကျွန်ုပ်တို့၏အစီအစဉ်ကိုကြေငြာလိုက်သည်နှင့်အမျှ၊ရှေ့ဆောင်များကိုချီးမွမ်းပါ—အတိတ်နှင့်မျက်မှောက်ခေတ်—သူများ၏သန့်ရှင်းသောဘဝတွေကိုယနေ့ဒီသမိုင်းကကူညီပေးခဲ့တယ်။ အောက်ပါနေရာတစ်ခုများတွင်ဗိမာန်တော်အသစ်တစ်ခုဆီဆောက်လုပ်ပါလိမ့်မည်၊ အော့လို၊ နော်ဝေး။ ဘရပ်ဆဲလ်၊ ဘယ်လ်ဂျီယံ။ ဗီယင်နာ၊ သြစတြီးယား။ ဂူမာစီ၊ ဂါနာ။ ဘာရာ၊ မိုဇမ်ဘစ်။ ကိပ်တောင်း၊ တောင်အာဖရိက။ စင်ကာပူသမ္မတနိုင်ငံ၊ ဘလို ဟိုရီဇုံတီ၊ ဘရာဇီး။ ကိုလီ၊ ကိုလံဘီယာ။ ကွာရီတရို၊ မက္ကစီကို။ တွမ်ရွန် မက္ကဆီကို။ ဟီလနာ၊ မွန်တနာ။ ဂတ်စ်ပါ၊ ဝိုင်းမင်း။ ဂရန်ဒ် ဂျမ်းရှင်း၊ ကိုလိုရဒို။ ဖာမင်းတန်၊နယူးမက္ကစီကို။ ဘာလီ၊ အိုင်ဒါဟို။ ယူဂျင်း, အော်ရီဂွန်။ အယ်ကို၊ နီဗားဒါး။ ရိုဘာ လင်ဒါ၊ ကယ်လိုဖိုးနီးယား။ နှင့် စမစ်သ်ဖီး၊ ယုတ။

ဗိမာန်တော်အမှုတော်ဟာ ယေရှုခရစ်တော်ရဲ့ဧဝံဂေလိတရားတော်ကို အပြည့်အစုံဆောင်ယူခြင်းရဲ့ တစ်မူထူးပြီး အသက်သွေးကြော အပိုင်းဖြစ်ပါတယ်။ ဗိမာန်တော်ဘိသိက်မင်္ဂလာတွေက ကျွန်တော်တို့ဘဝတွေကို—အခြားဘယ်နည်းနဲ့မှမရနိုင်တဲ့ တန်ခိုးနဲ့ခွန်အာားတွေနဲ့ ဖြည့်ပေးပါတယ်။ ကျွန်တော်တို့ ထိုကောင်းချီးများအတွက် ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့ဒီညီလာခံကို ပိတ်ရင်း၊ သင်တို့အတွက် ကျွန်တော်တို့ရဲ့ချစ်ခြင်းကို တစ်ဖန်ဖော်ပြပါတယ်။ ဘုရားသခင်က သင်တို့တစ်ယောက်ချင်းစီကို သူ့ကောင်းချီးမင်္ဂလာတွေနဲ့ ကြည့်ရှုစောင့်ရှောက်ခြင်းတွေ သွန်းလောင်းပါမည့် အကြောင်း ကျွန်တော်တို့ ဆုတောင်းပါတယ်။ အတူတကွ၊ ကျွန်တော်တို့ဟာ သူ့ရဲ့ သန့်ရှင်းမွန်မြတ်သောအမှုတော်ဆောင်ခြင်းမှာ ပါဝင်နေကြပါတယ်။ သတ္တိရှိရှိနှင့်၊ ကျွန်တော်တို့အားလုံး ကိုယ်တော်ရှင်ရဲ့ ဘုန်းတော်အမှုမှာ ရှေ့ဆက်ကြိုးစားကြပါစို့။ ဒီအကြောင်းကို ယေရှုခရစ်တော်၏ သန့်ရှင်းမွန်မြတ်သောနာမတော်အားဖြင့် ကျွန်တော်ဆုတောင်းပါတယ်၊ အာမင်။