လက်စွဲစာအုပ်များနှင့်အမှုတော်ဆောင်တာဝန်များ
၃၈။ အသင်းတော်မူဝါဒများနှင့် လမ်းညွှန်ချက်များ


“၃၈။ အသင်းတော်မူဝါဒများနှင့် လမ်းညွှန်ချက်များ၊” အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ(၂၀၂၃)။

“၃၈။ အသင်းတော်မူဝါဒများနှင့် လမ်းညွှန်ချက်များ၊”အထွေထွေလက်စွဲစာအုပ်မှ ကောက်နုတ်ချက်များ

၃၈။

အသင်းတော်မူဝါဒများနှင့် လမ်းညွှန်ချက်များ

၃၈၊ ၁

အသင်းတော်ပါဝင်ဆောင်ရွက်မှု

ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှင်အဘသည် ကျွန်ုပ်တို့ကို ချစ်ပါသည်။ “ခပ်သိမ်းသောသူတို့သည် ဘုရားသခင်အဖို့ အတူတူပင်ဖြစ်၏၊” ကိုယ်တော်သည် ခပ်သိမ်းသောသူတို့ကို “သူ့ထံသို့လာ၍ သူ၏ကောင်းမြတ်ခြင်းကို ခံယူကြရန်” လည်းဖိတ်ခေါ်၏ (၂ နီဖိုင်း ၂၆း၃၃)။

၃၈၊ ၁၊ ၁

အသင်းတော်အစည်းအဝေးများ၌ တက်ရောက်စာရင်း

အားလုံးကို ပွဲတော်အစည်းအဝေး၊ အခြားတနင်္ဂနွေအစည်းအဝေးများနှင့် ယေရှုခရစ်တော်၏နောက်ပိုင်းကာလ သန့်ရှင်းသူများ အသင်းတော်၏ လူမှုရေးပွဲများသို့လည်း တက်ရောက်ရန် ကြိုဆိုပါသည်။ ဦးစီးအရာရှိသည် တက်ရောက်သူအားလုံး ပွဲတော်အစည်းအဝေးကို လေးစားစေကြောင်းသေချာစေဖို့ တာဝန်ရှိပါသည်။

တက်ရောက်သူများသည် ကိုးကွယ်ခြင်း သို့မဟုတ် အစည်းအဝေး၏အခြားရည်ရွယ်ချက်များကို ဖျက်စီးခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းကို ရှောင်ရမည်။ အသက်အရွယ်နှင့် အပြုအမူအားလုံးသည် အသင်းတော်အစည်းအဝေးများနှင့် ပွဲအမျိုးမျိုး၏လိုအပ်ချက်များကို လေးစားရမည်။ ထိုလေးစားမှုတွင် ချစ်ရေးချစ်ရာအပြုအမူနှင့် အနှောင့်အယှက်ဖြစ်စေသည့်အဝတ်အစား သို့မဟုတ် ဆင်ယင်မှုကို ရှောင်ရှားခြင်းလိုအပ်ပါသည်။ အစည်းအဝေးကို ကယ်တင်ရှင်အပေါ်အာရုံစိုက်ခြင်းကို လျော့ပါးစေသည့် နိုင်ငံရေး ဖော်ပြချက်များပြုလုပ်ခြင်း သို့မဟုတ် လိင်ကိစ္စအကြောင်းများပြောကြားခြင်း သို့မဟုတ် အခြား ကိုယ်ရေးအကြောင်းအရာများပြောခြင်းတို့ကိုလည်း ကြိုတင်တားမြစ်ပါသည်။

မသင့်လျော်သော အပြုအမူတစ်ခုရှိလျှင်၊ သင်းအုပ် သို့မဟုတ် ဥက္ကဋ္ဌသည် ချစ်ခြင်းမေတ္တာဖြင့် လျှို့ဝှက်စွာ အကြံပြုပါသည်။ သူသည် အခမ်းအနားအား တက်ရောက်သူတိုင်းအတွက် သန့်ရှင်းမွန်မြတ်သောနေရာဖြစ်နေစေဖို့ ကူညီခြင်းနှင့်ပတ်သက်၍ အာရုံစိုက်ခြင်းအတွက် မသင့်လျော်သော အပြုအမူရှိသူကို ကောင်းကင်ဘုံရှင်အဘနှင့် ကယ်တင်ရှင်အား ကိုးကွယ်ခြင်းအပေါ် အထူးအလေးထားမှုတစ်ခုဖြင့် အားပေးပါသည်။

အသင်းတော်အစည်းအဝေးအိမ်များသည် အသင်းတော်မူဝါဒများအရ သီးသန့်အဆောက်အဦးအဖြစ်ရှိပါသည်။ ဤလမ်းညွှန်ချက်များကို လိုက်နာရန် လိုလားခြင်းမရှိသောသူများသည် အသင်းတော်အစည်းအဝေးများနှင့် ပွဲများကို မတက်ရောက်ရန် လေးစားစွာတောင်းဆိုခံရပါမည်။

၃၈၊ ၂

ဘိသိက်မင်္ဂလာများနှင့် ကောင်းချီးမင်္ဂလာများ

ဘိသိက်မင်္ဂလာများနှင့် ကောင်းချီးမင်္ဂလာများအကြောင်း အထွေထွေအချက်အလက်ကို အခန်း ၁၈ တွင်ပံ့ပိုးပေးထားပါသည်။ ဗိမာန်တော်ဘိသိက်မင်္ဂလာများအကြောင်း အချက်အလက်ကို အခန်း ၂၇နှင့် ၂၈ တွင် ပံ့ပိုးပေးထားပါသည်။ သင်းအုပ်များသည် မေးစရာများရှိလျှင် ပန္နက်ဥက္ကဋ္ဌကို ဆက်သွယ်နိုင်ပါသည်။ ပန္နက်ဥက္ကဋ္ဌများသည် မေးစရာများရှိလျှင် ဒေသဥက္ကဋ္ဌအဖွဲ့ကို ဆက်သွယ်နိုင်ပါသည်။

၃၈၊ ၃

အရပ်ဘက်လက်ထပ်ခြင်း

အသင်းတော်ခေါင်းဆောင်များသည် အသင်းသားတို့အား ဗိမာန်တော်လက်ထပ်ခြင်းအတွက် အရည်အချင်းပြည့်မီစေရန်နှင့် ဗိမာန်တော်ထဲ၌ လက်ထပ်ရန်နှင့် တံဆိပ်ခတ်ခံရဖို့ တိုက်တွန်းပါသည်။ ဒေသန္တရဥပဒေများက ခွင့်ပြုလျှင်၊ အသင်းတော်ခေါင်းဆောင်များသည် အရပ်ဘက်လက်ထပ်ခြင်းကို ဆောင်ရွက်ကြပါသည်။

အရပ်ဘက်လက်ထပ်ခြင်းများကို လက်ထပ်ခြင်းဆောင်ရွက်ရာနေရာ၏ဥပဒေများအတိုင်း ဆောင်ရွက်ရမည်။

၃၈၊ ၃၊ ၁

အရပ်ဘက်လက်ထပ်ခြင်းကို ဆောင်ရွက်နိုင်သူ

ဒေသန္တရဥပဒေခွင့်ပြုလျှင်၊ လက်ရှိအမှုတော်ဆောင်နေသော အသင်းတော်အရာရှိများသည် သူတို့၏အမှုတော်ဆောင်တာဝန်၌ အရပ်ဘက်လက်ထပ်ခြင်းအခမ်းအနား တစ်ခုကို ဆောင်ရွက်နိုင်ပါသည်။

  • သာသနာဥက္ကဋ္ဌ

  • ပန္နက်ဥက္ကဋ္ဌ

  • ခရိုင်ဥက္ကဋ္ဌ

  • သင်းအုပ်

  • အသင်းတော်ခွဲ ဥက္ကဋ္ဌ

ဤအရာရှိများသည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး အရပ်ဘက်လက်ထပ်ခြင်းကိုသာ ဆောင်ရွက်နိုင်ပါသည်။ အောက်ပါအခြေအနေများနှင့်လည်း ကိုက်ညီရမည်၊

  • သတို့သား သို့မဟုတ် သတို့သမီးသည် အသင်းတော်အသင်းသားတစ်ယောက်ဖြစ်ခြင်း၊ သို့မဟုတ် ဗတ္တိဇံနေ့စွဲရှိခြင်း။

  • သတို့သား၏ သို့မဟုတ် သတို့သမီး၏အသင်းသားမှတ်တမ်းသည် အရာရှိဦးစီးသည့် အသင်းတော်ဧရိယာ၌ ရှိခြင်း သို့မဟုတ် ဗတ္တိဇံခံပြီးနောက် ရှိမည်ဖြစ်ခြင်း။

  • အသင်းတော်အရာရှိသည် လက်ထက်ခြင်းကျင်းပမည့် နေရာရှိ စီရင်ပိုင်ခွင့်ဖြင့် အရပ်ဘက်လက်ထပ်ခြင်းတစ်ခုကို ကြီးမှူးရန် တရားဝင်အခွင့်အာဏာရှိပါသည်။

၃၈၊ ၃၊ ၄

အသင်းတော်အဆောက်အဦးအတွင်း၌ ကျင်းပသည့် အရပ်ဘက်လက်ထပ်ခြင်းများ

အသင်းတော်ပုံမှန်ပွဲများအစီအစဉ်ကို မနှောင့်ယှက်လျှင် အရပ်ဘက်လက်ထပ်ပွဲအခမ်းအနားတစ်ခုကို အသင်းတော်အဆောက်အဦး၌ ကျင်းပနိုင်ပါသည်။ လက်ထပ်ပွဲကို ဥပုသ်နေ့ သို့မဟုတ် တနင်္လာနေ့ညနေများတွင် မကျင်းပရပါ။ အသင်းတော်အဆောက်အဦးများ၌ကျင်းပသည့် လက်ထပ်ပွဲများသည် ရိုးရှင်း၍ သိက္ခာရှိရမည်။ တေးဂီတသည် သန့်ရှင်းမွန်မြတ်၊ ရိုသေ၍၊ ဝမ်းမြောက်ဖွယ်ဖြစ်ရမည်။

လက်ထပ်ပွဲများကို ဓမ္မာရုံ၊ ယဉ်ကျေးမှုခန်း သို့မဟုတ် တခြားသင့်လျော်သည့် အခန်းတွင် ကျင်းပနိုင်ပါသည်။ လက်ထပ်ခြင်းများသည် အစည်းအဝေးအိမ်သင့်လျော်စွာအသုံးပြုခြင်း လမ်းညွှန်ချက်များကို လိုက်နာရမည်။

၃၈၊ ၃၊ ၆

အရပ်ဘက်လက်ထပ်ခြင်းအခမ်းအနား

အရပ်ဘက်လက်ထပ်ခြင်းတစ်ခုကို ဆောင်ရွက်ရန်၊ အသင်းတော်အရာရှိသည် ဇနီးမောင်နှံကို အမည်ခေါ်၍၊ “ ကျေးဇူးပြု၍ တစ်ယောက်နှင့်တစ်ယောက် ညာဘက်လက်ကို ကိုင်ပါ”ဟု ဆိုရမည်။ ထို့နောက်၊ “[သတို့သားအမည့်အပြည့်အစုံ] နှင့် [သတို့သမီးအမည်အပြည့်အစုံ] ၊ သင်တို့သည် ကတိသစ္စာအမှတ်လက္ခဏာဖြင့် တစ်ဦးနှင့် တစ်ဦး ညာလက်ကိုကိုင်၍ ဘုရားသခင်နှင့် ဤသက်သေများရှေ့သို့ ယခုဝင်ရောက်လိမ့်မည်”ဟု ဆိုပါသည်။ (ဇနီးမောင်နှံသည် ဤသက်သေများကို ကြိုတင်၍ ရွေးချယ်ခြင်း သို့မဟုတ် တင်သွင်းခြင်းပြုနိုင်ပါသည်။)

ထို့နောက်တွင် အရာရှိသည် သတို့သားကို အမည်ခေါ်၍ မေးပါသည်၊ “[သတို့သားအမည်အပြည့်အစုံ] သင်သည် [သတို့သမီးအမည်အပြည့်အစုံ] ကို သင်၏တရားဝင်လက်ထပ်ဇနီးအဖြစ်လက်ခံပါသလား၊ သင်သည် သူမ၏လက်တွဲဖော်၊ တရားဝင်လက်ထပ်ခင်ပွန်းအဖြစ်သူမကိုသာစွဲမြဲ၍ အခြားမည်သူ့ကိုမျှ မစွဲမြဲမည့်အကြောင်း၊ သင်သည် သန့်ရှင်းသောအိမ်ထောင်တည်ခြင်းနှင့် စပ်ဆိုင်သည့် ဥပဒေများ၊ တာဝန်များနှင့် ဝတ္တရားအားလုံးကို စောင့်သိမည့်အကြောင်း၊ ထို့အတူ သင်တို့နှစ်ဦးစလုံးအသက်ရှင်သမျှ သူမကို ချစ်ခင်လေးစားတန်ဖိုးထားမည့်အကြောင်း သင်၏လွတ်လပ်သောစိတ်နှင့် ရွေးချယ်မှုဖြင့် အလေးအနက်ကတိပြုပါသလား။”

သတို့သားကဖြေပါသည်၊ “ဟုတ်ကဲ့” သို့မဟုတ် “ကျွန်ုပ်ပေးပါသည်။”

ထို့နောက်တွင် အရာရှိသည် သတို့သားကို အမည်ခေါ်၍ မေးပါသည်၊“[သတို့သမီးအမည့်အပြည့်အစုံ] သင်သည် [သတို့သားအမည်အပြည့်အစုံ] ကို သင်၏တရားဝင်လက်ထပ်ခင်ပွန်းအဖြစ်လက်ခံပါသလား၊ သင်သည် သူ၏လက်တွဲဖော်၊ တရားဝင်လက်ထပ်ဇနီးအဖြစ် သူ့ကိုသာစွဲမြဲ၍ အခြားမည်သူ့ကိုမျှ မစွဲမြဲမည့်အကြောင်း၊ သင်သည် သန့်ရှင်းသောအိမ်ထောင်တည်ခြင်းနှင့် စပ်ဆိုင်သည့် ဥပဒေများ၊ တာဝန်များနှင့် ဝတ္တရားအားလုံးကို စောင့်သိမည့်အကြောင်း၊ ထို့အတူ သင်တို့နှစ်ဦးစလုံးအသက်ရှင်သမျှ သူ့ကို ချစ်ခင်လေးစားတန်ဖိုးထားမည့်အကြောင်း သင်၏လွတ်လပ်သောစိတ်နှင့် ရွေးချယ်မှုဖြင့် အလေးအနက်ကတိပြုပါသလား။”

သတို့သမီးက၊ “ဟုတ်ကဲ့” သို့မဟုတ် “ကျွန်ုပ်ပေးပါသည်”ဟု ဖြေပါသည်။

ထို့နောက်တွင် အသင်းတော်အရာရှိသည် ဇနီးမောင်နှံကို အမည်ခေါ်၍၊ ဆိုပါသည်၊ “ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏ အသင်းလူကြီးတစ်ယောက်အဖြစ်၊ ကျွန်ုပ်အပေါ် သက်ရောက်သည့် တရားဝင်အခွင့်အာဏာ၏တန်ခိုးအားဖြင့်၊ ကျွန်ုပ်သည် သင်တို့ကို ကြေညာပါသည်၊ [သတို့သားအမည်] နှင့် [သတို့သမီးအမည်] ၊ သင်တို့၏ လူ့ဇာတိဘဝအချိန်၌ ဥပဒေအရတရားဝင် ခင်ပွန်းနှင့် ဇနီး ဖြစ်ကြ၏။”

(အသင်းတော်ဦးစီးအဖြစ် မဦးစီးသည့် ဓမ္မဆရာတစ်ယောက်အတွက် တစ်နည်း စကားအသုံးအနှုန်း၊ ) [အသင်းတော်ခွဲ သို့မဟုတ် တပ်၊ သို့မဟုတ် အရပ်ဘက်အဖွဲ့အစည်း] ၌ ဓမ္မဆရာတစ်ယောက်အဖြစ်၊ ကျွန်ုပ်အပေါ် သက်ရောက်သည့် တရားဝင်အခွင့်အာဏာ၏တန်ခိုးအားဖြင့်၊ ကျွန်ုပ်သည် သင့်ကို ကြေညာပါသည်၊ [သတို့သားအမည်] နှင့် [သတို့သမီးအမည်] ၊ သင်တို့၏ လူ့ဇာတိဘဝအချိန်၌ ဥပဒေအရတရားဝင်ခင်ပွန်းနှင့် ဇနီး ဖြစ်ကြ၏။”

“ဘုရားသခင်သည် သင်တို့၏ပေါင်းစည်းခြင်းကို သင်တို့၏နောင်လာနောက်သားတို့၌ ဝမ်းမြောက်ခြင်း၊ အတူတကွပျော်ရွှင်ခြင်းနှင့်အသက်ရှည်ခြင်းတို့နှင့် ကောင်းချီးပေးတော်မူပါစေ၊ သင်တို့ပြုသည့် သန့်ရှင်းမွန်မြတ်သောသစ္စာပြုခြင်းတို့ကို စောင့်ထိန်းရန် သင်တို့ကို ကိုယ်တော်ကောင်းချီးပေးတော်မူပါစေ။ ဤကောင်းချီးမင်္ဂလာများကို ကျွန်ုပ်သည် သင်တို့အပေါ်၌ ကိုယ်တော်ရှင်ယေရှုခရစ်တော်၏ နာမတော်ဖြင့် ပေးပါ၏၊ အာမင်။”

ခင်ပွန်းနှင့် ဇနီးအဖြစ်တစ်ယောက်နှင့် တစ်ယောက်နမ်းရန်ဖိတ်ခေါ်ခြင်းမှာ ယဉ်ကျေးမှုသတ်မှတ်ချက်များအပေါ်အခြေခံ၍ ရွေးချယ်ခွင့်ရှိပါသည်။

၃၈၊ ၄

တံဆိပ်ခတ်ခြင်းမူဝါဒများ

ဗိမာန်တော်တံဆိပ်ခတ်ခြင်း ဘိသိက်မင်္ဂလာများသည် အသင်းသားများ ဘိသိက်မင်္ဂလာများကို ရရှိစဉ် ပြုသည့် ပဋိညာဉ်များကို လေးစားရန် ကြိုးစားကြသည်နှင့်အမျှ မိသားစုများကို ထာဝရပေါင်းစပ်ပါသည်။ တံဆိပ်ခတ်ခြင်းဘိသိက်မင်္ဂလာများတွင် အောက်ပါတို့ ပါဝင်ပါသည်၊

  • ခင်ပွန်းနှင့် ဇနီးတံဆိပ်ခတ်ခြင်း။

  • သားသမီးများကို မိဘများနှင့် တံဆိပ်ခတ်ခြင်း။

မိမိတို့ပဋိညာဉ်များကို စောင့်ထိန်းသူများသည် တံဆိပ်ခတ်ခြင်းမှပေးသည့် တစ်ဦးချင်းကောင်းချီးမင်္ဂလာများကို ဆက်လက်ထိန်းထားနိုင်ပါလိမ့်မည်။ ဤအရာမှာ လူတစ်ဦး၏အိမ်ထောင်ဖက် ပဋိညာဉ်များကို ချိုးဖောက်ခြင်း သို့မဟုတ် လက်ထပ်ခြင်းမှ နုတ်ထွက်လျှင်ပင် အမှန်ဖြစ်ပါသည်။

မိဘများနှင့် တံဆိပ်ခတ်ထားသော သို့မဟုတ် ပဋိညာဉ်ဖြင့်မွေးသည့် သစ္စာရှိသောကလေးများသည် ထာဝရမိဘမျိုးရိုးကောင်းချီးမင်္ဂလာကို ဆက်လက်ထိန်းထားပါသည်။ ဤအရာမှာ၊ မိဘများသူတို့၏လက်ထပ်တံဆိပ်ခတ်ခြင်းကို ပယ်ဖျက်၍၊ အသင်းသားဖြစ်ခြင်းမှ ရုပ်သိမ်းခံရ၍၊ သို့မဟုတ် အသင်းသားဖြစ်ခြင်း မှ နုတ်ထွက်လျှင်ပင်၊ အမှန်ဖြစ်ပါသည်။

အသင်းသားများသည် တံဆိပ်ခတ်ခြင်းမူဝါဒများနှင့် ပတ်သက်၍ မေးခွန်းများရှိလျှင် မိမိတို့သင်းအုပ်ကို မေးရမည်။ သင်းအုပ်သည် မေးခွန်းများရှိလျှင် ပန္နက်ဥက္ကဋ္ဌကို မေးပါသည်။ ပန္နက်ဥက္ကဋ္ဌများသည် မေးခွန်းများရှိလျှင် မိမိတို့ဗိမာန်တော်ခရိုင်ရှိ၊ ဒေသဥက္ကဋ္ဌအဖွဲ့၊ သို့မဟုတ် ပထမဥက္ကဋ္ဌအဖွဲ့ရုံးကို ဆက်သွယ်နိုင်ပါသည်။

၃၈၊ ၅

ဗိမာန်တော်အဝတ်အစားနှင့် အဝတ်တန်ဆာများ

၃၈၊ ၅၊ ၁

ဗိမာန်တော်အဝတ်အစား

ဗိမာန်တော်ထဲ၌ ဝိညာဉ်ပကတိအပ်နှင်းခြင်းနှင့် တံဆိပ်ခတ်ခြင်း ဘိသိက်မင်္ဂလာများအတွင်းတွင်၊ အသင်းတော်အသင်းသားများသည် အဖြူရောင်အဝတ်အစားများကို ဝတ်ဆင်ကြပါသည်။ အမျိုးသမီးများသည် အောက်ပါ အဖြူရောင်အဝတ်အစားကို ဝတ်ဆင်ကြပါသည်၊ လက်ရှည် သို့မဟုတ် လက်စက ဝတ်စုံ( စကတ်နှင့် လက်ရှည် သို့မဟုတ် လက်စကဘလောက်အင်္ကျီ)၊ ခြေအိတ်များ သို့မဟုတ် မော်ဇာ၊ ရှူးဖိနပ် သို့မဟုတ် ကွင်းထိုးဖိနပ်။

အမျိုးသားများသည် အောက်ပါအဝတ်အစားများကို ဝတ်ဆင်ကြပါသည်၊ ရှပ်အင်္ကျီလက်ရှည်၊ နက်ကတိုင် သို့မဟုတ် ဘိုးတိုင်၊ ဘောင်းဘီရှည်၊ ခြေအိတ်၊ ရှူးဖိနပ် သို့မဟုတ် ကွင်းထိုးဖိနပ်။

ဝိညာဉ်ပကတိအပ်နှင်းခြင်းနှင့် တံဆိပ်ခတ်ခြင်း ဘိသိက်မင်္ဂလာများအတွင်းတွင် အသင်းသားများသည် မိမိတို့အဖြူရောင်အဝတ်အစားများပေါ်တွင် အခမ်းအနားဆိုင်ရာ အဝတ်အစားကို ထပ်၍ဝတ်ကြပါသည်။

၃၈၊ ၅၊ ၂

ဗိမာန်တော်အဝတ်အစားနှင့် အဝတ်တန်ဆာများရရှိခြင်း

အသင်းတော်စုနှင့် ပန္နက်ခေါင်းဆောင်များသည် ဝိညာဉ်ပကတိအပ်နှင်းခံပြီးသောအသင်းသားများအား ကိုယ်ပိုင်ဗိမာန်တော်အဝတ်အစားများရရှိရန် တိုက်တွန်းပါသည်။ ဗိမာန်တော်အဝတ်အစားနှင့် အဝတ်တန်ဆာများကို အသင်းတော်ဖြန့်ဝေရေးစတိုး သို့မဟုတ် store.ChurchofJesusChrist.org တွင် ဝယ်ယူနိုင်ပါသည်။ ပန္နက်နှင့် အသင်းတော်စုစာရေးများသည် အသင်းသားများအား အဝတ်အစားမှာယူရန်ကူညီနိုင်ပါသည်။

၃၈၊ ၅၊ ၅

အဝတ်တန်ဆာကို ဝတ်ဆင်ခြင်းနှင့် ဂရုစိုက်ခြင်း

ဝိညာဉ်ပကတိအပ်နှင်းခြင်းကို ရရှိသောအသင်းသားများသည် ဗိမာန်တော်အဝတ်တန်ဆာကို မိမိတို့ဘဝတစ်လျှောက်ဝတ်ဆင်ကြပါသည်။

ဗိမာန်တော်အဝတ်တန်ဆာသည် ဗိမာန်တော်ထဲတွင်ပြုလုပ်ခဲ့သည့် ပဋိညာဥ်များကို အမှတ်ရရန်ဖြစ်ပြီး၊ ဘဝအသက်တာတလျှောက်လုံးတွင် မှန်မှန်ကန်ကန်ဝတ်ဆင်သောအခါ၊ စုံစမ်းနှောင့်ယှက်ခြင်းနှင့်ဆိုးညစ်ခြင်းတို့မှ အကာအကွယ်တစ်ခုအဖြစ် ဆောင်ရွက်ပါလိမ့်မည်။ အဝတ်တန်ဆာကို အပြင်အဝတ်အစားအောက်၌ဝတ်ရမည်။ အဝတ်တန်ဆာများကိုဝတ်ဆင်ပြီး သင့်တင့်စွာဆောင်ရွက်နိုင်သောလုပ်ငန်းဆောင်တာများအတွက် ၎င်းတို့အားဖယ်ရှားခြင်းမပြုလုပ်သင့်ပါ၊ ကွဲပြားခြားနားသည့်ဝတ်စားဆင်ယင်မှုများနှင့် ကိုက်ညီရန်အတွက်လည်း ၎င်းတို့အားပြုပြင်ပြောင်းလဲခြင်းမပြုသင့်ပါ။ ဝိညာဉ်ပကတိအပ်နှင်းခံပြီးသောအသင်းသားများသည် အဝတ်တန်ဆာဝတ်ခြင်းနှင့်ပတ်သက်၍ ကိုယ်ပိုင်မေးခွန်းများအတွက်အဖြေရရန် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုကို ရှာရမည်။

အဝတ်တန်ဆာများကိုဝတ်ဆင်ရခြင်းသည် မြင့်မြတ်သောအခွင့်ထူးဖြစ်ပြီး၊ ထိုသို့ပြုလုပ်ခြင်းသည် ကယ်တင်ရှင်ယေရှုခရစ်တော်ကို စိတ်အတွင်းတွင် လိုက်နာသောကတိကဝတ်ကို ပြင်ပတွင် ဖော်ပြခြင်းဖြစ်သည်။

ဗိမာန်တော် အဝတ်တန်ဆာ အပေါ်၌ဖြစ်စေ၊ အောက်၌ဖြစ်စေ အခြားအောက်ခံများကို ဝတ်ဆင်ခြင်းမှာ ကိုယ့်စိတ်ကြိုက်ရွေးချယ်မှုဖြစ်ပါသည်။

ရှု ၂၆၊ ၃၊ ၃

၃၈၊ ၅၊ ၇

အဝတ်တန်ဆာများနှင့် ဗိမာန်တော်အဝတ်အစားကို စွန့်ပစ်ခြင်း

စုတ်ပြဲသောဗိမာန်တော်အဝတ်တန်ဆာများကို စွန့်ပစ်ရန်၊ အသင်းသားများသည် အမှတ်အသားများကို ဖြတ်၍ ဖျက်ဆီးပစ်ရမည်။ ထို့နောက်တွင် အသင်းသားများသည် ကျန်သောပိတ်သားကိုလည်း ဖြတ်ပစ်ရမည်၊ အဝတ်တန်ဆာမှန်း ခွဲခြား၍မရနိုင်စေခြင်းငှာဖြစ်ပါသည်။ ကျန်သောအဝတ်အစားကို စွန့်ပစ်နိုင်ပါသည်။

အသင်းသားများသည် အဝတ်တန်ဆာနှင့် ဗိမာန်တော်အဝတ်အစားအကောင်းများကို အခြားဝိညာဉ်ပကတိအပ်နှင်းခံအသင်းသားများကို ပေးနိုင်ပါသည်။

၃၈၊ ၅၊ ၈

ဗိမာန်တော်သင်္ဂြိုဟ်အဝတ်အစား

ဖြစ်နိုင်လျှင်၊ ဝိညာဉ်ပကတိအပ်နှင်းခံပြီးသည့် ကွယ်လွန်အသင်းသားများကို ဗိမာန်တော်အဝတ်အစားနှင့် သင်္ဂြိုဟ်ရမည်၊ သို့မဟုတ် မီးသင်္ဂြိုဟ်ရမည်။ ယဉ်ကျေးမှုဓလေ့များ သို့မဟုတ် သင်္ဂြိုဟ်ခြင်းအလေ့အကျင့်များ၌ ဤသို့ပြုခြင်းက မသင့်လျော် သို့မဟုတ် ခက်ခဲလျှင်၊ အဝတ်အစားကို ခေါက်၍ ကိုယ်ခန္ဓာဘေးတွင်ထားနိုင်ပါသည်။

အမျိုးသားကိုယ်ခန္ဓာကို အဝတ်တန်ဆာနှင့် အောက်ပါအဖြူရောင်အဝတ်အစား၊ ရှပ်အင်္ကျီလက်ရှည်၊ နက်ကတိုင်သို့မဟုတ် ဘိုးတိုင်၊ ဘောင်းဘီရှည်၊ ခြေအိတ်၊ ရှူးဖိနပ် သို့မဟုတ် ကွင်းထိုးဖိနပ်တို့ဖြင့်ဝတ်ပါ။ အမျိုးသမီးကိုယ်ခန္ဓာကို အဝတ်တန်ဆာနှင့် အောက်ပါအဝတ်အစား၊ လက်ရှည်သို့မဟုတ် လက်စကဝတ်စုံ (သို့မဟုတ် စကတ်နှင့် လက်ရှည်သို့မဟုတ် လက်စက ဘလောက်စ်အင်္ကျီ)၊ ခြေအိတ်၊ မော်ဇာ၊ ရှူးဖိနပ်သို့မဟုတ် ကွင်းထိုးဖိနပ်များဖြင့် ဝတ်ပါ။

ဝိညာဉ်ပကတိအပ်နှင်းခြင်း၌ လမ်းညွှန်ထားသည့်အတိုင်း သင်္ဂြိုဟ်ဗိမာန်တော်အဝတ်အစားကို ကိုယ်ပေါ်၌တင်ပါသည်။ ဝတ်ရုံကို ညာဘက်ပခုံးပေါ်တင်၍၊ ရှုံ့ကြိုးဖြင့် ခါးဘယ်ဘက်တွင်ချည်ပါသည်။ ရှေ့ဖုံးခါးစည်းကို ခါးပတ်လည်တွင်စည်းပါသည်။ စလွယ်ကို ခါးပတ်လည်၌ထား၍၊ ဘယ်ဘက်တင်ပါးပေါ်တွင်ဖဲကြိုးပုံဖြင့်ချည်ပါသည်။ အမျိုးသားဦးထုပ်ကို အများအားဖြင့် ကိုယ်ခန္ဓာဘေးတွင် အခေါင်းသို့မဟုတ် ထည့်စရာပိတ်သည်အထိ ချထားပါသည်။ နောက်တွင် ဦးထုပ်ကို ဘယ်ဘက်နားအပေါ်၌ ဖဲကိုးဖြင့်ထားပါသည်။ အမျိုးသမီးမျက်နှာလွှားဇာကို ခေါင်းနောက်ပိုင်း ခေါင်းအုံးပေါ်တွင် လွှမ်းခြုံထားနိုင်ပါသည်။ မြေမမြှုပ်မီ သို့မဟုတ် မီးမသဂြိုဟ်မီ အမျိုးသမီးမျက်နှာလွှားဇာဖုန်းခြင်းမှာ မိသားစုဆုံးဖြတ်သည့်အတိုင်း ရွေးချယ်စရာရှိပါသည်။

၃၈၊ ၆

စာရိတ္တကိစ္စများနှင့်ပတ်သက်သည့် မူဝါဒများ

၃၈၊ ၆၊ ၁

ကလေးဖျက်ချခြင်း

ကိုယ်တော်ရှင်မိန့်မှာထားပါသည်၊ “သင်သည် အသက် မသတ်ရ၊ ထိုကဲ့သို့သောအမှု တစ်စုံတစ်ခုကိုမျှ မပြုရ။” (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၅၉း၆)။ ကိုယ်ပိုင် သို့မဟုတ် လူမှုသက်သာရေးအတွက် စိတ်ကြိုက်ကလေးဖျက်ချခြင်းကို အသင်းတော်က ဆန့်ကျင်ပါသည်။ အသင်းသားများသည် ကလေးဖျက်ချခြင်းတစ်ခုကို တင်သွင်းခြင်း၊ ဆောင်ရွက်ခြင်း၊ စီစဉ်ခြင်း၊ ငွေပေးခြင်း၊ သဘောတူခြင်းသို့မဟုတ် အားပေးခြင်းတို့ကို မပြုရ။ ဖြစ်နိုင်သော ချွင်းချက်များမှာ အောက်ပါအခြေအနေများ၌သာ ရှိပါသည်၊

  • အတင်းအဓမ္မပြုခံရခြင်းသို့မဟုတ် သွေးရင်းစပ်ယှက်ခြင်းကြောင့်ရသည့် ကိုယ်ဝန်။

  • မိခင်၏ကျန်းမာရေးသို့မဟုတ် အသက် ပြင်းထန်သောအန္တရာယ်ရှိသည်ဟု ကျွမ်းကျင်သောသမားတော်က ဆုံးဖြတ်သောအခါ။

  • ဝမ်းတွင်းသန္ဓေသား၌ ပြင်းထန်သောရောဂါရှိ၍၊ ကလေးဖွားပြီးသည်အထိ အသက်မရှင်နိုင်ဟု ကျွမ်းကျင်သောသမားတော်က ဆုံးဖြတ်သောအခါ။

ဤချွင်းချက်များသည်ပင် ကလေးဖျက်ချခြင်းကို အလိုအလျောက်အပြစ်ကင်းစေခြင်းမရှိပါ။ ကလေးဖျက်ချခြင်းသည် အပြင်းထန်ဆုံးကိစ္စတစ်ခုဖြစ်ပါသည်။ တာဝန်ရှိသောသူများ ဆုတောင်းခြင်းဖြင့် အတည်ပြုချက်ရရှိပြီးမှသာ စဉ်းစားသင့်ပါသည်။ အသင်းသားများသည် ဤလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မိမိတို့သင်းအုပ်များနှင့် တိုင်ပင်နိုင်ပါသည်။

၃၈၊ ၆၊ ၂

နှိပ်စက်ခြင်း

နှိပ်စက်ခြင်းသည် ရုပ်ပိုင်း၊ လိင်ပိုင်း၊ စိတ်ခံစားမှုပိုင်း သို့မဟုတ် ငွေကြေးထိခိုက်မှုကို ဖြစ်စေသည့် အခြားသူများ၏ မတရားပြုခြင်း သို့မဟုတ် လျစ်လျူရှုခြင်းဖြစ်ပါသည်။ အသင်းတော်၏ရပ်တည်ချက်မှာ နှိပ်စက်ခြင်းကို မည်သည့်ပုံစံမျိုးဖြင့်မှ သည်းမခံပါ။ မိမိတို့အိမ်ထောင်ဖက်၊ ကလေးများ၊ အခြားမိသားစုဝင်များ၊ သို့မဟုတ် အခြားတစ်ယောက်ယောက်ကို နှိပ်စက်သူများသည် ဘုရားသခင်နှင့် လူသားဥပဒေကို ချိုးဖောက်ပါသည်။

အသင်းသားအားလုံး၊ အထူးသဖြင့် မိဘများနှင့် ခေါင်းဆောင်များအား ကလေးများနှင့် အခြားသူများကို နှိပ်စက်ခြင်းမှ ကာကွယ်ရန် သတိရှိဖို့၊ လုံ့လဝီရိယရှိဖို့နှင့် သူတို့တတ်နိုင်သမျှ လုပ်ဆောင်ကြဖို့ တိုက်တွန်းပါသည်။ အသင်းသားများသည် နှိပ်စက်ခြင်း ဖြစ်ရပ်များကို သတိထားမိလျှင်၊ အရပ်ဘက်အာဏာရှိသူများထံအစီရင်ခံပါ၊ သင်းအုပ်နှင့် တိုင်ပင်ပါ။ အသင်းတော်ခေါင်းဆောင်များသည် နှိပ်စက်ခြင်းအစီရင်ခံစာများကို အလေးထားရမည်၊ ဘယ်တော့မျှသဘောမတူခြင်းမရှိရ။

ကလေးများ သို့မဟုတ် လူငယ်များနှင့် အလုပ်လုပ်သည့် အရွယ်ရောက်သူအားလုံးသည် ထောက်မခံရပြီး တစ်လအတွင်းတွင် ကလေးများနှင့် လူငယ်များအား ကာကွယ်ခြင်းသင်တန်းကို တက်ပြီးရမည် (ရှု ProtectingChildren.ChurchofJesusChrist.org)။ သူတို့သည် သင်တန်းကို သုံးနှစ်ပြည့်တိုင်း ထပ်၍တက်ရမည်။

နှိပ်စက်ခြင်း ဖြစ်ပေါ်သည့်အခါ၊ အသင်းတော်ခေါင်းဆောင်တို့၏ ပထမဆုံးနှင့် ချက်ချင်းဆောင်ရွက်ရမည့် တာဝန်မှာ နှိပ်စက်ခံရသောသူများကို ကူညီရန်နှင့် အားနွဲ့သောသူများကို နောက်ထပ်နှိပ်စက်ခြင်းမှ ကာကွယ်ရန် ဖြစ်ပါသည်။ ခေါင်းဆောင်များသည် လူတစ်ဦးကို ရိုင်းစိုင်းသော သို့မဟုတ် အန္တရာယ်မကင်းသော အိမ် သို့မဟုတ် အခြေအနေတစ်ခု၌ ဆက်၍နေရန် အားမပေးရ။

၃၈၊ ၆၊ ၂၊ ၁

နှိပ်စက်ခြင်းအရေးပေါ်အကူအညီဌာန

အချို့နိုင်ငံများတွင်၊ အသင်းတော်သည် ပန္နက် ဥက္ကဋ္ဌများနှင့် သင်းအုပ်များကို ကူညီရန်နှိပ်စက်ခြင်းအရေးပေါ်လျှို့ဝှက်အကူအညီဌာနကို တည်ထောင်ထားပါသည်။ ဤခေါင်းဆောင်များသည် လူတစ်ဦး အနှိပ်စက်ခံရနိုင်ပြီးသည့်—သို့မဟုတ် နှိပ်စက်ခံရဖွယ်ရှိသည့် အခြေအနေမှန်သမျှနှင့်ပတ်သက်၍ အရေးပေါ်အကူအညီဌာနကို ခေါ်ရမည်။ အသင်းသားတစ်ဦး ကလေးညစ်ညမ်းရုပ်ရှင်ကြည့်ခြင်း၊ ဝယ်ခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်းကို သတိထားမိလျှင်လည်း ခေါ်ရမည်။

အရေးပေါ်အကူအညီမရှိသည့်နိုင်ငံတွင်၊ နှိပ်စက်ခြင်းအကြောင်းကို သိသည့် သင်းအုပ်သည် သူ၏ပန္နက်ဥက္ကဋ္ဌကို ဆက်သွယ်ရမည်။ ပန္နက်ဥက္ကဋ္ဌသည် ဒေသရုံးရှိ ဒေသတရားဝင် တိုင်ပင်ခြင်းထံမှ လမ်းညွှန်မှုကို ရယူပါ။

၃၈၊ ၆၊ ၂၊ ၂

နှိပ်စက်ခြင်းကိစ္စများနှင့် ပတ်သက်၍တိုင်ပင်ဆွေးနွေးခြင်း

နှိပ်စက်ခြင်းခံရသူများသည် ပြင်းထန်သော စိတ်ဒဏ်ရာများ အကြိမ်ကြိမ်ရကြပါသည်။ ပန္နက်ဥက္ကဋ္ဌများနှင့် သင်းအုပ်များသည် စိတ်နှလုံးပြည့်ဝသော ကရုဏာနှင့် စာနာစိတ်တို့ဖြင့် တုန့်ပြန်ကြပါသည်။ သူတို့သည် ဒုက္ခခံရသူများ နှိပ်စက်ခြင်း၏ ဖျက်ဆီးသောအကျိုးသက်ရောက်မှုများကို ကျော်လွှားဖို့ ကူညီရန် ဝိညာဉ်ပကတိအကြံပေးခြင်းနှင့် ထောက်ပံ့မှုပေးပါသည်။

တစ်ခါတစ်ရံတွင် ဒုက္ခခံရသူတို့သည် ရှက်ခြင်းနှင့် အပြစ်ရောက်ခြင်းခံစားမှုများ ရှိကြပါသည်။ ခံခဲ့ရသူများသည် အပြစ်ရောက်ခြင်းမရှိပါ။ ခေါင်းဆောင်တို့သည် သူတို့နှင့် သူတို့၏မိသားစုတို့အား ဘုရားသခင်၏ချစ်ခြင်း၊ ယေရှုခရစ်တော်နှင့် ကိုယ်တော်၏အပြစ်ဖြေခြင်းတို့ဖြင့် ဖြစ်လာသည့် အနာငြိမ်းစေခြင်းတို့ကို နားလည်စေရန် ကူညီပါသည် ( ရှု အယ်လမာ ၁၅း၈၃ နီဖိုင်း ၁၇း၉)။

ပန္နက်ဥက္ကဋ္ဌများနှင့် သင်းအုပ်များသည် နှိပ်စက်ခြင်းကျူးလွန်သူတို့အား နောင်တရရန်နှင့် သူတို့၏ရိုင်းစိုင်းသော အပြုအမူများမှ ရပ်တန့်ရန် ကူညီရမည်။ အရွယ်ရောက်သူတစ်ဦးသည် ကလေးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်လျှင်၊ အပြုအမူသည် ပြောင်းလဲရန် အလွန်ခက်နိုင်ပါသည်။ နောင်တရခြင်းလုပ်ငန်းစဉ်သည် အလွန်ရှည်ကြာနိုင်ပါသည်။ ရှု၃၈၊ ၆၊ ၂၊ ၃

ဒုက္ခခံစားရသူများ၊ စော်ကားခံရသူများနှင့် သူတို့၏မိသားစုများသည်အသင်းတော်ခေါင်းဆောင်များထံမှ လမ်းပြလှုံ့ဆော်သည့်အကူအညီများရရှိခြင်းအပြင်၊ ကျွမ်းကျင်သည့် အကြံပေးခြင်းများ လိုအပ်နိုင်ပါသည်။ ပိုများသောအချက်အလက်အတွက်၊ ရှု ၃၁၊ ၃၊ ၆

၃၈၊ ၆၊ ၂၊ ၃

ကလေး သို့မဟုတ် လူငယ်နှိပ်စက်ခံရခြင်း

ကလေး သို့မဟုတ် လူငယ်တစ်ဦးကို နှိပ်စက်ခြင်းသည် အထူးသဖြင့် ပြင်းထန်သည့် အပြစ်တစ်ခု ဖြစ်ပါသည် (ရှု ရှင်လုကာ ၁၇း၂)။ ဤနေရာတွင်အသုံးပြုထားသည့်အတိုင်း၊ ကလေး သို့မဟုတ် လူငယ်နှိပ်စက်ခံရခြင်းတွင် အောက်ပါတို့ ပါဝင်ပါသည်၊

  • ရုပ်ပိုင်းနှိပ်စက်ခြင်း ရုပ်ပိုင်းအကြမ်းဖက်မှုအားဖြင့် ပြင်းထန်သောကိုယ်ခန္ဓာနာကျင်မှု ဖြစ်စေခြင်း။ အချို့နာကျင်မှုများမှာ မမြင်ရနိုင်ပါ။

  • လိင်နှိပ်စက်ခြင်း သို့မဟုတ် အမြတ်ထုတ်ခြင်း၊ ကလေး သို့မဟုတ် လူငယ်တစ်ဦးနှင့် လိင်ကိစ္စတစ်ခုခုပြုခြင်း သို့မဟုတ် အခြားသူတို့အား ထိုကဲ့သို့သောကိစ္စကို တမင်အခွင့်ပေးခြင်း သို့မဟုတ် ကူညီခြင်း။ ဤနေရာတွင် အသုံးပြုထားသည့်အတိုင်း၊ လိင်ပိုင်းနှိပ်စက်ခြင်းတွင် အသက်ချင်းနီးသည့် ဆယ်ကျော်သက်နှစ်ဦး နှစ်ဦးသဘောတူလိင်ကိစ္စမပါဝင်ပါ။

  • စိတ်ခံစားမှုနှိပ်စက်ခြင်း ကလေး သို့မဟုတ် လူငယ်တစ်ဦး၏ ကိုယ့်ကိုယ်ကို လေးစားမှု သို့မဟုတ် ထိုက်တန်မှုကို ပြင်းထန်စွာ ပျက်စီးစေသည့် အပြုအမူများနှင့် စကားလုံးများကို အသုံးပြုခြင်း။ ဤအရာတွင် အများအားဖြင့်၊ ထပ်ခါထပ်ခါဆက်တိုက်စော်ကားခြင်းများ၊ ကျီစယ်ခြင်း၊ အရှက်ခွဲ၍ သိမ်ငယ်စေသည့်ဝေဖန်ခြင်းများ ပါဝင်ပါသည်။ အလွန်ဆိုးသောလျစ်လျူရှုခြင်းလည်း ပါဝင်နိုင်ပါသည်။

  • ကလေးညစ်ညမ်းရုပ်ရှင်၊ ရှု ၃၈၊ ၆၊ ၆

သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌတစ်ဦးသည် ကလေး သို့မဟုတ် လူငယ်နှိပ်စက်ခံရခြင်းကို သိရလျှင် သို့မဟုတ် သံသယဖြစ်လျှင်၊ ၃၈၊ ၆၊ ၂၊၁ ရှိလမ်းညွှန်ချက်များကို လိုက်နာပါသည်။ သူသည် အခြားနှိပ်စက်မှုများကို ကာကွယ်ဖို့ ကူညီရန်လည်း အရေးယူလုပ်ဆောင်ပါသည်။

ဤအပိုင်းတွင် ဖော်ပြထားသည့်အတိုင်း ကလေးသို့မဟုတ် လူငယ်တစ်ဦးကို အရွယ်ရောက် အသင်းသားတစ်ဦး နှိပ်စက်လျှင်၊ အသင်းတော်အသင်းသားကောင်စီနှင့် မှတ်တမ်းမှတ်ချက်တစ်ခုလိုအပ်ပါသည်။ လည်းရှု ၃၈၊ ၆၊ ၂၊ ၅

၃၈၊ ၆၊ ၂၊ ၄

အိမ်ထောင်ဘက် သို့မဟုတ် တစ်ခြားအရွယ်ရောက်သူတစ်ဦးကို နှိပ်စက်ခြင်း

အများအားဖြင့် အခြေအနေအားလုံး၌ သုံးနိုင်သည့် နှိပ်စက်ခြင်း သီးသန့်အဓိပ္ပာယ်သတ်မှတ်ချက်တစ်ခုမရှိပါ။ ထိုအစား၊ နှိပ်စက်သည့်အပြုအမူ၌ ပြင်းထန်မှုနယ်ပယ်တစ်ခုရှိပါသည်။ ဤနယ်ပယ်သည် တစ်ခါတစ်ရံ တွင် ပြင်းထန်သောနာကျင်မှုကို ဖြစ်စေသည့် စူးရှသောစကားများကိုသုံးခြင်းမှ စ၍ အကျယ်တဝန်းရှိပါသည်။

သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌတစ်ဦးသည် အိမ်ထောင်ဘက် သို့မဟုတ် တခြားအရွယ်ရောက်သူတစ်ဦး နှိပ်စက်ခံရခြင်းအကြောင်းကို သိရလျှင်၊ ၃၈၊ ၆၊ ၂၊ ၁ ရှိလမ်းညွှန်ချက်များကို ချက်ချင်းလိုက်နာရပါမည်။ အခြားနှိပ်စက်မှုများကိုကာကွယ်ရန် ကူညီဖို့လည်း လုပ်ဆောင်ပါသည်။

ခေါင်းဆောင်များသည် နှိပ်စက်မှုကို ဖြေရှင်းရန် ပုဂ္ဂလိကတိုင်ပင်ခြင်း သို့မဟုတ် အသင်းသားတိုင်ပင်ခြင်းက အသင့်တော်ဆုံးအခင်းအကျင်းဖြစ်မဖြစ်ကို ဆုံးဖြတ်ရန် ဝိညာဉ်တော်၏လမ်းညွှန်မှုကို ရှာကြပါသည်။ အခင်းအကျင်းနှင့်ပတ်သက်၍ သူတို့၏တိုက်ရိုက် ယဇ်ပုရောဟိတ်ခေါင်းဆောင်နှင့်လည်း တိုင်ပင်ကြပါသည်။ သို့သော်လည်း၊ အိမ်ထောင်ဘက်သို့မဟုတ် တခြားအရွယ်ရောက်တစ်ဦးနှိပ်စက်ခြင်းသည် အောက်ဖော်ပြပါအဆင့်များအထိရှိလာပါက အသင်းသားဖြစ်ခြင်းအပေါ် တိုင်ပင်ခြင်းကျင်းပဖို့လိုအပ်ပါသည်။

  • ကိုယ်ထိလက်ရောက်နှိပ်စက်ခြင်းကိုယ်ခန္ဓာ၌ ပြင်းထန်သောကိုယ်ထိလက်ရောက်ထိခိုက်ခြင်းကို ဖြစ်စေခြင်း။ အချို့ထိခိုက်မှုကို မမြင်ရနိုင်ပါ။

  • လိင်ပိုင်းနှိပ်စက်ခြင်း ၃၈၊ ၆၊ ၁၈၊၃ ၌ အထူးဖော်ပြထားသည့်အခြေအနေများကို ကြည့်ပါ။

  • စိတ်ခံစားမှုနှိပ်စက်ခြင်း လူတစ်ဦး၏ကိုယ့်ကိုယ်ကိုလေးစားမှု သို့မဟုတ် ကိုယ့်ကိုယ်ကို ထိုက်တန်မှုတို့ကို ပြင်းထန်စွာပျက်စီးစေသည့် အပြုအမူများ သို့မဟုတ် စကားများကို အသုံးပြုခြင်း။ ဤအရာတွင်၊ ထပ်ခါထပ်ခါဆက်တိုက် နှောင့်ယှက်ခြင်း၊ ခြယ်လှယ်ခြင်းနှင့် အရှက်ခွဲ၍ သိမ်ငယ်စေသည့် ဝေဖန်ခြင်းများ ပါဝင်ပါသည်။

  • ငွေကြေးအလွဲသုံးစားပြုခြင်း တစ်စုံတစ်ဦးအပေါ် ငွေကြေးအမြတ်ထုတ်ခြင်း။ ဤအရာတွင် လူတစ်ဦး၏ဥစ္စာ၊ ငွေ သို့မဟုတ် အခြားတန်ဖိုးကြီးအရာများကို တရားမဝင် သို့မဟုတ် အခွင့်မရှိဘဲအသုံးပြုခြင်း ပါဝင်ပါသည်။ တစ်စုံတစ်ဦးအပေါ် ကလိမ်ကကျစ်ငွေကြေးအင်အားသုံးခြင်းလည်းပါဝင်ပါသည်။ အပြုအမူကို အကျပ်ကိုင်ရန် ငွေကြေးအင်အား အသုံးပြုခြင်းပါဝင်ပါသည်။

၃၈၊ ၆၊ ၂၊ ၅

အသင်းတော်အမှုတော်ဆောင်တာဝန်များ၊ ဗိမာန်တော်ထောက်ခံချက်များ၊ အသင်းသားမှတ်တမ်းမှတ်ချက်များ

အခြားသူများကို နှိပ်စက်ခဲ့သည့် အသင်းသားများကို အသင်းတော်အမှုတော်ဆောင်တာဝန်များ မပေးရပါ၊ သူတို့နောင်တရ၍၊ အသင်းတော်အသင်းသားကန့်သတ်ချက်များ မဖယ်ရှားမချင်း ဗိမာန်တော်ထောက်ခံချက်လည်း မရရှိနိုင်ပါ။

လူတစ်ဦးသည် ကလေးတစ်ဦး သို့မဟုတ် လူငယ်တစ်ဦးကို လိင်ပိုင်းသို့မဟုတ် ပြင်းထန်စွာ နှိပ်စက်လျှင်၊ သို့မဟုတ် ရုပ်ပိုင်းအရဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာအရဖြစ်စေ နှိပ်စက်လျှင်၊ သူသို့မဟုတ် သူမ၏အသင်းသားမှတ်တမ်းတွင် မှတ်ချက်အရေးခံရမည်။ သူ သို့မဟုတ် သူမအား ကလေးများ သို့မဟုတ် လူငယ်များပါဝင်သည့် မည်သည့်အမှုတော်ဆောင်တာဝန် သို့မဟုတ် ခန့်အပ်ခြင်းကိုမျှ မပေးရ။ ဤအရာတွင်၊ အိမ်၌ လူငယ်များ သို့မဟုတ်ကလေးများရှိသည့် မိသားစုတစ်ခုသို့ အမှုတော်ဆောင်ခြင်းတာဝန်အပေးမခံရခြင်းလည်း ပါဝင်ပါသည်။ လူငယ်တစ်ဦး အမှုတော်ဆောင်အဖော်အဖြစ်မရှိရခြင်းလည်း ပါဝင်ပါသည်။ ဤကန့်သတ်ချက်များသည် မှတ်ချက်ကိုဖယ်ရှားဖို့ ပထမဥက္ကဋ္ဌအဖွဲ့မှ အခွင့်အာဏာမပေးမချင်း ဆက်၍ရှိနေစေရမည်။

၃၈၊ ၆၊ ၂၊ ၆

ပန္နက်နှင့် အသင်းတော်စု ကောင်စီများ

ပန္နက်နှင့် အသင်းတော်စုကောင်စီအစည်းအဝေးများတွင်၊ ပန္နက်ဥက္ကဋ္ဌအဖွဲ့၊ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့တို့သည် နှိပ်စက်ခြင်းကို ကာကွယ်ခြင်းနှင့် တုန့်ပြန်ခြင်းတို့နှင့် ပတ်သက်၍ အသင်းတော်မူဝါဒများနှင့် လမ်းညွှန်ချက်များကို ပုံမှန်သုံးသပ်ကြပါသည်။ ခေါင်းဆောင်များနှင့် ကောင်စီဝင်များသည် ဤအလွန်သတိထားရသောအကြောင်းအရာကို သွန်သင်ဆွေးနွေးချိန်တွင် ဝိညာဉ်တော်၏လမ်းညွှန်မှုကို ရှာကြပါသည်။

ကောင်စီဝင်များသည်လည်း ကလေးများနှင့် လူငယ်များကို ကာကွယ်ခြင်းသင်တန်းကို တက်ပြီးရပါမည် (ရှု ၃၈၊ ၆၊ ၂)။

၃၈၊ ၆၊ ၂၊ ၇

နှိပ်စက်ခြင်းနှင့် ပတ်သက်သည့် ဥပဒေဆိုင်ရာ ပြဿနာများ

အသင်းသားတစ်ဦး၏ နှိပ်စက်သော လှုပ်ရှားမှုများသည် သက်ဆိုင်ရာဥပဒေများကို ချိုးဖောက်လျှင်၊ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် အသင်းသားအား ဤလှုပ်ရှားမှုများကို ဥပဒေပြုပုဂ္ဂိုလ် သို့မဟုတ် အခြားသင့်လျော်သည့်အခွင့်အာဏာရှိသူတို့အား အစီရင်ခံဖို့ တိုက်တွန်းရမည်။

အသင်းတော်ခေါင်းဆောင်များနှင့် အသင်းသားများသည် အရပ်ဘက်အခွင့်အာဏာရှိသူတို့အား နှိပ်စက်မှုကို အစီရင်ခံရန် ဥပဒေဆိုင်ဝတ္တရားအားလုံးကို ပြီးပြည့်စုံစေရမည်။

၃၈၊ ၆၊ ၄

သန္ဓေတားခြင်း

ဘုရားသခင်၏ဝိညာဉ်သားသမီးများအတွက် လူဇာတိကိုယ်ခန္ဓာများ ပံ့ပိုးပေးနိုင်ရန် သားသမီးများမွေးနိုင်စွမ်းသည် လက်ထပ်ဇနီးမောင်နှံတို့၏အထူးအခွင့်အရေးဖြစ်ပါသည်၊ ထိုသားသမီးတို့အား ကျွေးမွေးစောင့်ရှောက်ရန် တာဝန်ရှိပါသည် (ရှု ၂၊ ၁၊ ၃)။ သားသမီးမည်မျှယူရန်နှင့် မည်သည့်အချိန်၌ ယူရန်ဆိုသည်မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ပါသည်။ ထိုကိစ္စကို ဇနီးမောင်နှံနှင့် ကိုယ်တော်ရှင်ကြား၌သာ ရှိစေရပါမည်။

၃၈၊ ၆၊ ၅

ကာမစင်ကြယ်ခြင်းနှင့် သစ္စာရှိခြင်း

ကိုယ်တော်ရှင်၏ ကာမစင်ကြယ်ခြင်းပညတ်မှာ၊

  • အမျိုးသားနှင့် အမျိုးသမီး တရားဝင်လက်ထက်ခြင်းအပြင်ဘက်၌ ကာမဆက်ဆံခြင်းကို ရှောင်ခြင်း။

  • အိမ်ထောင်၌ သစ္စာရှိခြင်း။

ခင်ပွန်းနှင့် ဇနီး ကိုယ်လက်နှီးနှောခြင်းသည် တင့်တယ်၍ သန့်ရှင်းမွန်မြတ်ဖို့ ရည်ရွယ်ပါသည်။ သားသမီးများမွေးဖွားခြင်းအတွက်နှင့် ခင်ပွန်းနှင့်ဇနီး ချစ်ခြင်းကို ဖော်ပြခြင်းအတွက်ဘုရားသခင်ခန့်အပ်ထားသောအရာဖြစ်ပါသည်။

၃၈၊ ၆၊ ၆

ကလေးညစ်ညမ်းရုပ်ရှင်

အသင်းတော်သည် ကလေးညစ်ညမ်းရုပ်ရှင်မှန်သမျှကို အပြစ်တင်ရှုတ်ချပါသည်။ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌတစ်ဦးသည် အသင်းသားတစ်ဦး ကလေးညစ်ညမ်းရုပ်ရှင်နှင့် ပတ်သက်နေသည်ဟု သိရလျှင်၊ ၃၈၊ ၆၊ ၂၊ ၁ ရှိညွှန်ကြားချက်များကို ချက်ချင်းလိုက်နာပါသည်။

၃၈၊ ၆၊ ၈

မအင်္ဂါဖြတ်ခြင်း

အသင်းတော်သည် မအင်္ဂါဖြတ်ခြင်းကို ပြစ်တင်ရှုတ်ချပါသည်။

၃၈၊ ၆၊ ၁၀

သွေးရင်းစပ်ယှက်ခြင်း

အသင်းတော်သည် သွေးရင်းစပ်ယှက်ခြင်းမှန်သမျှကို ရှုတ်ချပါသည်။ ဤနေရာတွင်အသုံးပြုသည့်အတိုင်း၊ သွေးရင်းစပ်ယှက်ခြင်းသည် အောက်ပါလူနှစ်ဦး၌ လိင်ဆက်ဆံခြင်းဖြစ်ပါသည်။

  • မိဘနှင့်သားသမီး

  • အဘိုးအဘွားနှင့် မြေး

  • မွေးချင်းများ။

  • ဦးလေး သို့မဟုတ် အဒေါ်နှင့် တူမ သို့မဟုတ် တူ။

ဤနေရာတွင်အသုံးပြုသည့်အတိုင်း၊ သားသမီး၊ မြေး၊ မွေးချင်းများ၊ တူမ၊ နှင့် တူ တို့တွင် သွေးရင်း၊ မွေးစား၊ လင်ပါ မယားပါ သို့မဟုတ် မွေးစားခြင်းမှဆက်နွယ်မှုများ ပါဝင်ပါသည်။

ဆယ်ကျော်သက်တစ်ဦး သွေးရင်းစပ်ယှက်မှုပြုခြင်းခံရသောအခါ၊ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် ရရှိနိုင်သည့် နိုင်ငံများတွင် အသင်းတော်၏ နှိပ်စက်မှု အရေးပေါ်အကူအညီကို ဖုန်းခေါ်ပါသည် (ရှု ၃၈၊ ၆၊ ၂၊ ၁)။ အခြားနိုင်ငံများတွင်၊ ပန္နက်ဥက္ကဋ္ဌသည် ဒေသရုံးရှိဒေသဥပဒေအကြံပေးထံမှ လမ်းညွှန်ချက်ကို ရှာရမည်။ သူ့ကို ဒေသရုံးရှိ မိသားစုအမှုတော်ဆောင်ဝန်ထမ်း သို့မဟုတ် ဖူလုံရေးနှင့် ကိုယ့်အားကိုယ်ကိုး မန်နေဂျာနှင့်တိုင်ပင်ရန် တိုက်တွန်းပါသည်။

အသင်းသားတစ်ဦး သွေးရင်းစပ်ယှက်မှုဖြစ်လျှင်အသင်းတော်အသင်းသားကောင်စီနှင့် မှတ်တမ်းမှတ်ချက် လိုအပ်ပါသည်။ သွေးရင်းစပ်ယှက်မှုတွင် အသင်းတော်သည် အမြဲတမ်းနီးပါး လူတစ်ဦး၏ အသင်းသားဖြစ်ခြင်းအားရုပ်သိမ်းရန် လိုအပ်ပါသည်။

ဆယ်ကျော်သက်တစ်ဦး သွေးရင်စပ်ယှက်မှုကျူးလွန်လျှင်၊ ပန္နက်ဥက္ကဋ္ဌသည် လမ်းညွှန်မှုအတွက် ပထမဥက္ကဋ္ဌအဖွဲ့ရုံးကို ဆက်သွယ်ပါသည်။

သွေးရင်းစပ်ယှက်မှုခံကြရသူများသည် ပြင်းထန်သောစိတ်ဒဏ်ရာကို အကြိမ်ကြိမ်ခံစားရပါသည်။ ခေါင်းဆောင်များသည် စိတ်နှလုံးပြည့်ဝသောဂရုဏာ နှင့် ကိုယ်ချင်းစာစိတ်တို့ဖြင့် တုန့်ပြန်ကြပါသည်။ သွေးရင်းစပ်ယှက်ခြင်း၏ ဖျက်ဆီးသော သက်ရောက်မှုများကို အောင်နိုင်ဖို့ ဝိညာဉ်ပကတိအထောက်အကူနှင့် အကြံပြုခြင်းများ ပံ့ပိုးပါသည်။

တစ်ခါတစ်ရံတွင်၊ ခံခဲ့ရသူများ၌ အရှက်နှင့် အပြစ်ရောက်ခြင်း ခံစားချက်များ ရှိကြပါသည်။ ခံခဲ့ရသူများသည် အပြစ်ရောက်ခြင်းမရှိပါ။ ခေါင်းဆောင်များသည် ထိုသူတို့နှင့် ထိုသူတို့၏မိသားစုများ ဘုရားသခင်၏ ချစ်ခြင်း၊ ယေရှုခရစ်တော်နှင့် ကိုယ်တော်၏ အပြစ်ဖြေခြင်းမင်္ဂလာ အားဖြင့် ဖြစ်လာသည့် အနာငြိမ်းခြင်းတို့ကို နားလည်စေရန် ကူညီပါသည် (ရှု အယ်လမာ ၁၅း၈၃ နီဖိုင်း ၁၇း၉)။

အသင်းတော်ခေါင်းဆောင်များ၏ လမ်းပြလှုံ့ဆော်သောအကူအညီအပြင်၊ ခံခဲ့ရသောသူများနှင့် သူတို့၏မိသားစုများသည် ကျွမ်းကျင်သော အကြံပေးခြင်းကို လိုအပ်နိုင်ပါသည်။ နောက်ထပ်အချက်အလက်အတွက် ရှု ၃၈၊ ၆၊ ၁၈၊ ၂

၃၈၊ ၆၊ ၁၂

ဂမ္ဘီရပညာ

ဂမ္ဘီရပညာသည် မှောင်မိုက်ကို အာရုံစိုက်၍၊ လှည့်စားခြင်းသို့ ပို့ဆောင်ပါသည်။ ခရစ်တော်၌ ယုံကြည်ခြင်းကို ဖျက်ဆီးပါသည်။

ဂမ္ဘီရပညာတွင် စာတန်ကို ဝတ်ပြုခြင်း ပါဝင်ပါသည်။ ယေရှုခရစ်တော်၏ ဧဝံဂေလိတရားတော်နှင့် မကိုက်ညီသည့် ဆန်းကြယ်သော လှုပ်ရှားမှုများလည်း ပါဝင်ပါသည်။ ထိုကဲ့သို့သော လှုပ်ရှားမှုများတွင်၊ (ကန့်သတ်မထားပါ) ဗေဒင်ဟောခြင်း၊ ကျိန်ဆဲခြင်းများ၊ ဘုရားသခင်၏ ယဇ်ပုရောဟိတ်အခွင့် တန်ခိုး အတုများဖြင့် အနာငြိမ်းစေခြင်း အလေ့အကျင့်များ ပါဝင်ပါသည် ( ရှု မော်ရော်နိုင်း ၇း၁၁-၁၇)။

အသင်းတော်အသင်းသားများသည် မည်သည့်ပုံစံမျိုးဖြင့် ရှိသည့် စာတန်ကိုးကွယ်ခြင်း၌ဖြစ်စေ သို့မဟုတ် မည်သည့်နည်းမျိုးဖြင့်ရှိသည့် ဂမ္ဘီရပညာ၌ဖြစ်စေ မပါဝင်ရန်။ သူတို့သည် ထိုကဲ့သို့သော မှောင်မိုက်ကို စကားပြောခြင်း၌ဖြစ်စေ သို့မဟုတ် အသင်းတော်အစည်းအဝေးများ၌ဖြစ်စေ အာရုံမစိုက်ရ။

၃၈၊ ၆၊ ၁၃

ညစ်ညမ်းရုပ်ရှင်

အသင်းတော်သည် မည်သည့်ပုံစံမျိုးဖြင့်ရှိသည့် ညစ်ညမ်းရုပ်ရှင်မျိုးကို မဆို ပြစ်တင်ရှုတ်ချပါသည်။ မည်သည့်ညစ်ညမ်းရုပ်ရှင်အမျိုးအစားမဆို တစ်ဦးချင်းများ၊ မိသားစုများနှင့် လူ့အသိုင်းအဝိုင်းကို ဖျက်ဆီးပါသည်။ ကိုယ်တော်ရှင်၏ဝိညာဉ်တော်ကိုလည်း အဝေးသို့ ရောက်စေပါသည်။ အသင်းတော်အသင်းသားများသည် ညစ်ညမ်းရုပ်ရှင်ပစ္စည်းပုံစံအားလုံးကို ရှောင်ရမည်၊ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုနှင့် အသုံးပြုမှုကို ဆန့်ကျင်ရမည်။

လူတစ်ဦး ညစ်ညမ်းရုပ်ရှင်အသုံးပြုခြင်းနှင့် ပတ်သက်၍ နောင်တရသောအခါကိုယ်ရေးအကြံပေးခြင်းနှင့် ရိုးရိုးအသင်းသားကန့်သတ်ချက်များသည် လုံလောက်ပါသည်။ အသင်းသားကောင်စီများ အများအားဖြင့် မကျင်းပပါ။ သို့ရာတွင်၊ အသင်းသား၏ အိမ်ထောင် သို့မဟုတ် မိသားစုကို သိသာသောထိခိုက်ခြင်းကို ဖြစ်စေသည့် ပြင်းထန်သော၊ စွဲလန်းသောညစ်ညမ်းရုပ်ရှင်အသုံးပြုခြင်းအတွက် ကောင်စီတစ်ခု လိုအပ်နိုင်ပါသည် (ရှု ၃၈၊ ၆၊ ၅)။ အသင်းသားတစ်ဦး ကလေးများ၏ ညစ်ညမ်းရုပ်ရှင်များကို ပြုုလုပ်၊ ဝေငှ၊ ပိုင်ဆိုင် သို့မဟုတ် ထပ်ကာထပ်ကာကြည့်လျှင် ကောင်စီတစ်ခု လိုအပ်ပါသည် (ရှု ၃၈၊ ၆၊ ၆)။

၃၈၊ ၆၊ ၁၄

ဘက်လိုက်ဆုံးဖြတ်ခြင်း

လူသားအားလုံးသည် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြပါသည်။ အားလုံးသည် ကိုယ်တော်၏ မြင့်မြတ်သောမိသားစု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့် ညီအစ်ကို မောင်နှများ ဖြစ်ကြပါသည် (ရှု “မိသားစု၊ လောကသို့ ကြေညာချက်တစ်ခု”)။ ဘုရားသခင်သည် မြေတပြင်လုံး၌ နေရသော လူအမျိုးမျိုးတို့ ကိုတသွေးတည်းနှင့် ဖန်ဆင်းတော်မူ၍၊“တမန်တော်ဝတ္ထု ၁၇း၂၆)။ ကိုယ်တော်အဖို့ “ခပ်သိမ်းသောသူတို့သည် အတူတူ” ပင်ဖြစ်၏(၂ နီဖိုင်း ၂၆း၃၃)။ တစ်ဦးချင်းစီတိုင်းသည် “ကိုယ်တော်အမြင်၌ အခြားတစ်ဦးကဲ့သို့ပင် အဖိုးထိုက်၏”(ယာကုပ် ၂း၂၁)။

မျက်နှာလိုက်ဆုံးဖြတ်ခြင်းသည် ဘုရားသခင်ဖော်ပြတော်မူသည့် နှုတ်ကပတ်တော်နှင့် မကိုက်ညီပါ။ ဘုရားသခင်နှစ်သက်ခြင်း မနှစ်သက်ခြင်းမှာ ကိုယ်တော်နှင့် ကိုယ်တော်၏ပညတ်တော်များသို့ ဆက်ကပ်ခြင်း အပေါ်မူတည်ပါသည်၊ လူတစ်ဦး၏အသားအရောင် သို့မဟုတ် အခြားဂုဏ်ရည်များအပေါ် မူမတည်ပါ။

အသင်းတော်သည် လူသားအားလုံးကို မည်သည့် အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ပေါ်ကိုမျှ မျက်နှာလိုက်ဆုံးဖြတ်ခြင်းလက္ခဏာများနှင့် အပြုအမူများကို စွန့်ပစ်ရန် တောင်းဆိုပါသည်။ အသင်းတော်အသင်းသားများသည် ဘုရားသခင်၏သားသမီးအားလုံးအတွက် လေးစားမှုတိုးမြှင့်ရန် ဦးဆောင်ရမည်။ အသင်းသားများသည် အခြားသူများကို ချစ်ရမည် ဟူသောကယ်တင်ရှင်၏ ပညတ်တော်ကို လိုက်လျှောက်ကြပါသည် (ရှု ရှင်မဿဲ ၂၂း ၃၅-၃၉)။ သူတို့သည် မျက်နှာလိုက်ခြင်းမှန်သမျှကို ငြင်းပယ်လျက်၊ အားလုံးအပေါ် စိတ်ကောင်းရှိသောသူများဖြစ်စေရန် ကြိုးစားကြပါသည်။ ဤအရာတွင် လူမျိုး၊ အမျိုးစု၊ နိုင်ငံသား၊ မျိုးနွယ်စု၊ လိင်၊ အသက်၊ မသန်စွမ်းမှု၊ လူမှုစီးပွားအခြေအနေ၊ ဘာသာရေးယုံကြည်မှု မယုံကြည်မှု၊ လိင်စိတ်သဘောထားတို့ ပါဝင်ပါသည်။

၃၈၊ ၆၊ ၁၅

လိင်တူစွဲလမ်းခြင်းနှင့် လိင်တူအမူအရာ

လိင်တူစွဲလမ်းသူတို့အား သတိပြုခြင်း၊ ချစ်ခြင်း နှင့် လေးစားမှုတို့ဖြင့် ကမ်းလှမ်းရန် မိသားစုများနှင့် အသင်းသားများကို အသင်းတော်က တိုက်တွန်းပါသည်။ အသင်းတော်သည် ကြင်နာခြင်း၊ ပါဝင်ခြင်း၊ အခြားသူများကို ချစ်ခြင်း၊ လူသားအားလုံးကို လေးစားခြင်းတို့နှင့် ပတ်သက်သည့် သွန်သင်ခြင်းများကို ကျယ်ပြန့်သောလူ့အသိုင်းအဝိုင်း၌ နားလည်ခြင်းကိုလည်း တိုးတက်စေပါသည်။ အသင်းတော်သည် လိင်တူစွဲလမ်းခြင်းအကြောင်းရင်းများနှင့်ပတ်သက်၍ မလုပ်ဆောင်ပါ။

ဘုရားသခင်၏ပညတ်တော်များသည် လိင်တူကာမဖြစ်စေ လိင်မတူကာမဖြစ်စေ ကာမ မစင်ကြယ်သည့် အပြုအမူအားလုံးကို တားမြစ်ပါသည်။ ကာမ စင်ကြယ်ခြင်းဥပဒေကို ချိုးဖောက်သည့် အသင်းသားများကို အသင်းတော်ခေါင်းဆောင်များက ဆုံးမအကြံပေးပါသည်။ ခေါင်းဆောင်များသည် သူတို့အား ယေရှုခရ‌စ်တော်နှင့် ကိုယ်တော်၏ အပြစ်ဖြေခြင်း မင်္ဂလာ၌ ယုံကြည်ခြင်း၊ နောင်တရခြင်းလုပ်ငန်းစဉ်၊ ကမ္ဘာမြေ‌ပေါ်ရှိ ဘဝ၏ ရည်ရွယ်ချက်တို့နှင့် ပတ်သက်၍ ရှင်းလင်းသောနားလည်ခြင်း ရှိစေရန် ကူညီပါသည်။

လိင်တူ- စိတ်ဝင်စားခြင်းသည် အပြစ်တစ်ခုမဟုတ်ပါ။ ထိုခံစားချက်များရှိပြီး ၎င်းတို့ကို လက်ကိုင်မပြုဘဲ သို့မဟုတ် မကျင့်သုံးဘဲ နေထိုင်သောအသင်းသားတို့သည် သူ၏သားသမီးများအတွက် ကောင်းကင်ဘုံရှင်အဘ၏ အစီအစဥ်နှင့် အသင်းတော်၏သြဝါဒအတိုင်း ကျင့်သုံးနေထိုင်နေကြသောသူများဖြစ်ကြသည်။ ခေါင်းဆောင်များသည် ကိုယ်တော်ရှင်၏ပညတ်တော်များအတိုင်း အသက်ရှင်နေထိုင်မည့် သူတို့၏သန္နိဋ္ဌာန်ကို ထောက်ခံအားပေးကြသည်။ ဤခံစားချက်ရှိသောအသင်းသားများသည် ထိုက်တန်လျှင်အသင်းတော်အမှုတော်ဆောင်တာဝန်များ၊ ဗိမာန်တော်ထောက်ခံချက်များ နှင့်၊ ဗိမာန်တော်ဘိသိက်မင်္ဂလာများလည်း ရရှိနိုင်ပါသည်။ အသင်းတော်အသင်းသားအမျိုးသားများသည် ယဇ်ပုရောဟိတ်အခွင့်ကို ရရှိနိုင် ကျင့်သုံးနိုင်ပါသည်။

မိမိတို့ပဋိညာဉ်များကို စောင့်ထိန်းသူ အသင်းသားအားလုံးသည် ဤဘဝတွင် ထာဝရလက်ထပ်ခြင်းနှင့် မိဘဖြစ်ခြင်းကောင်းချီးမင်္ဂလာများကို ရရှိရန် သူတို့၏အခြေအနေများက အခွင့်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ထာဝရကာလတွင် ကတိတော်လာကောင်းချီးမင်္ဂလာအားလုံးကို ရရှိလိမ့်မည်။ (ရှု မောဇိယ ၂း၄၁)။

၃၈၊ ၆၊ ၁၆

လိင်တူ လက်ထပ်ခြင်း

ဩဝါဒအခြေခံသ‌ဘောတရားတစ်ခုအဖြစ်၊ ကျမ်းစာများအပေါ် အခြေခံ၍၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး လက်ထပ်ခြင်းသည် ကိုယ်တော်၏သားသမီးအားလုံး၏ ထာဝရပန်းတိုင်အတွက် ကယ်တင်ရှင်၏ အစီအစဉ်အဖို့ မရှိမဖြစ်လိုအပ်ပါသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး လက်ထပ်ခြင်းကို တရားဝင်ဥပဒေနှင့်အညီ‌ပေါင်းစည်းခြင်းဟု ဘုရားသခင်၏ပညတ်တရားက သတ်မှတ်ကြောင်းကိုလည်း အသင်းတော်က အတည်ပြုပါသည်။

၃၈၊ ၆၊ ၁၇

လိင်ပညာရေး

မိဘများသည် မိမိတို့ သားသမီးများ၏ လိင်ပညာရေးအတွက် အဓိကတာဝန်ရှိပါသည်။ မိဘများသည် ကျန်းမာဖြောင့်မတ်သော လိင်လက္ခဏာနှင့် ပတ်သက်၍ မိမိတို့သားသမီးများနှင့် ရိုးသားရှင်းလင်းသည့် အဆက်မပြတ် စကားပြောဆိုမှု ရှိရမည်။

၃၈၊ ၆၊ ၁၈

လိင်နှိပ်စက်ခြင်း၊ မတရားကျင့်ခြင်း၊ နှင့်တခြားလိင်စော်ကားမှုများ

အသင်းတော်သည် လိင်နှိပ်စက်ခြင်းကို ပြစ်တင်ရှုတ်ချပါသည်။ ဤနေရာတွင် အသုံးပြုသည့်အတိုင်း၊ လိင်နှိပ်စက်ခြင်းသည် တခြားသူအပေါ် အလိုမတူဘဲအတင်းအဓမ္မပြုသည့် လိင်ကိစ္စတစ်စုံတစ်ခုဟု သတ်မှတ်ပါသည်။ တရားဝင် ခွင့်ပြုချက်မပေးသည့် သို့မဟုတ် မပေးနိုင်သည့် သူတစ်ဦးနှင့် ပြုသည့် လိင်ကိစ္စကိုလည်း လိင်နှိပ်စက်ခြင်းဟု သတ်မှတ်ပါသည်။ လိင်နှိပ်စက်ခြင်းသည် အိမ်ထောင်ဘက်တစ်ဦးနှင့် သို့မဟုတ် ချိန်းတွေ့ခြင်းဆက်ဆံရေး၌လည်း ဖြစ်နိုင်ပါသည်။ ကလေးတစ်ဦး သို့မဟုတ် လူငယ်တစ်ဦးအပေါ် လိင်နှိပ်စက်ခြင်းအကြောင်း အချက်အလက်ကို ၃၈၊ ၆၊ ၂၊ ၃ တွင် ကြည့်ပါ။

လိင်နှိပ်စက်ခြင်းတွင် နှောင့်ယှက်ခြင်းမှ စ၍၊ မုဒိမ်းကျင့်မှုနှင့် အခြားလိင်စော်ကားမှုများအထိ ကျယ်ပြန့်သော လှုပ်ရှားမှုများ ပါဝင်ပါသည်။ ကိုယ်၊ နှုတ်နှင့် အခြားနည်းများဖြင့်လည်း ဖြစ်ပေါ်နိုင်ပါသည်။ လိင်နှိပ်စက်မှု၊ မုဒိမ်းမှု၊ သို့မဟုတ် အခြားလိင်စော်ကားမှု ပုံစံများဖြင့် တွေ့ကြုံခဲ့ရသည့် အသင်းသားများကို အကြံပေးခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်အတွက် ၃၈၊ ၆၊ ၁၈၊ ၂ တွင်ကြည့်ပါ။

အသင်းသားများသည် လိင်နှိပ်စက်ခြင်းကို သံသယဖြစ်လျှင် သို့မဟုတ် သတိထားလာမိလျှင်၊ ခံရသူများနှင့် အခြားသူများကို ဖြစ်နိုင်လျှင် ဖြစ်နိုင်ချင်း ကာကွယ်ရန် လုပ်ဆောင်ကြပါသည်။ ထိုတွင် အရပ်ဘက်အာဏာပိုင်များထံ အစီရင်ခံခြင်းနှင့် သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌထံ သတိပေးခြင်းများ ပါဝင်ပါသည်။ ကလေးတစ်ဦး နှိပ်စက်ခံရလျှင်၊ အသင်းသားများသည် ၃၈၊ ၆၊ ၂ ရှိလမ်းညွှန်ချက်များကို လိုက်နာရမည်။

၃၈၊ ၆၊ ၁၈၊ ၂

လိင်နှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် အခြား လိင်စော်ကားမှုပုံစံများခံရသည့် သူများကို အကြံပေးခြင်း။

လိင်နှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် အခြား လိင်စော်ကားမှုပုံစံများခံရသည့် သူများသည် ပြင်းထန်သော စိတ်ဒဏ်ရာ ခံစားရလေ့ရှိပါသည်။ သူတို့သည် သင်းအုပ်တစ်ဦး သို့မဟုတ် ပန္နက်ဥက္ကဋ္ဌတစ်ဦးနှင့် လျှို့ဝှက်တိုင်ပင်ကြသောအခါ၊ သူတို့သည် စိတ်နှလုံးပြည့်ဝသော ဂရုဏာ နှင့် ကိုယ်ချင်းစာချင်းတို့ဖြင့် တုန့်ပြန်ကြပါသည်။ ခံရသူအား နှိပ်စက်ခြင်း၏ဆိုးကျိုးများကို ကျော်လွှားဖို့ ကူညီရန် ဝိညာဉ်ပကတိအကြံပေးခြင်းနှင့် ထောက်မမှု ပံ့ပိုးပေးပါသည်။ လမ်းညွှန်မှု ရရှိနိုင်သည့်နေရာတွင် အသင်းတော်၏ နှိပ်စက်ခြင်းအရေးပေါ်အကူအညီဌာနကိုလည်း ဖုန်းခေါ်ပါသည်။

တစ်ခါတစ်ရံတွင် ခံရသူများသည် ရှက်ခြင်း သို့မဟုတ် အပြစ်ရောက်ခြင်းကို ခံစားချက်များရှိကြပါသည်။ ခံရသူများသည် အပြစ်ရောက်ခြင်းမရှိပါ။ ခေါင်းဆောင်များသည် ခံရသူများကို အပြစ်မတင်ပါ။ သူတို့သည် ခံရသူများနှင့် မိသားစုတို့အား ဘုရားသခင်၏ချစ်ခြင်း၊ ထို့အတူ ယေရှုခရစ်တော်နှင့် ကိုယ်တော်၏အပြစ်ဖြေခြင်း မင်္ဂလာအားဖြင့် ဖြစ်လာသည့် အနာငြိမ်းစေခြင်းတို့ကို နားလည်စေရန် ကူညီပါသည် (ရှု အယ်လမာ ၁၅း၈၃ နီဖိုင်း ၁၇း၉)။

နှိပ်စက်ခြင်း သို့မဟုတ် စော်ကားခြင်းအကြောင်းအချက်အလက်ကို ဝေငှဖို့ အသင်းသားများက ရွေးချယ်သည့်အခါ ခေါင်းဆောင်များသည် အသေးစိတ်ကို အလွန်အမင်းအာရုံမစိုက်ရပါ။ ဤအရာသည် ခံရသူများကို ထိခိုက်နစ်နာစေနိုင်ပါသည်။

အသင်းတော်ခေါင်းဆောင်များ၏ လမ်းပြလှုံ့ဆော်သော အကူအညီရရှိခြင်းအပေါ်ထပ်လောင်း၍၊ ခံရသူများနှင့် သူတို့၏မိသားစုများသည် ကျွမ်းကျင်သောအကြံပေးခြင်းကို လိုအပ်နိုင်ပါသည်။ အချက်အလက်အတွက် ၊ ၃၁၊ ၃၊ ၆ တွင်ကြည့်ပါ။

၃၈၊ ၆၊ ၁၈၊ ၃

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းများ

တစ်စုံတစ်ဦးကို လိင်ပိုင်းစော်ကားခဲ့ သို့မဟုတ် နှိပ်စက်ခဲ့သူတစ်ဦးအတွက် အသင်းသားတိုင်ပင်ခြင်းတစ်ခု လိုအပ်နိုင်ပါသည်။ အသင်းသားတစ်ဦး မုဒိမ်းမှုကျူးလွန်ခဲ့ သို့မဟုတ် တခြားလိင်စော်ကားမှု ပုံစံတစ်ခု ကြောင့် စီရင်ချက်ချခံရလျှင် အသင်းသားတိုင်ပင်ခြင်းတစ်ခု လိုအပ်ပါသည်။

၃၈၊ ၆၊ ၂၀

ကိုယ့်ကိုယ်ကို သေကြောင်းကြံခြင်း

လူ့ဇာတိဘဝသည် ဘုရားသခင်ထံမှ အဖိုးထိုက်သည့် ဆုကျေးဇူးတစ်ခုဖြစ်ပါသည်—တန်ဖိုးထား၍ ကာကွယ်ရမည့် ဆုကျေးဇူးတစ်ခု ဖြစ်ပါသည်။ အသင်းတော်သည် ကိုယ့်ကိုယ်ကို သေကြောင်းကြံခြင်းကို ကာကွယ်မှုအပေါ် ခိုင်ခိုင်မာမာထောက်မပါသည်။

လူအများစုသည် ကိုယ့်ကိုယ်ကို သေကြောင်းကြံခြင်းကို ကိုယ်၊ စိတ်၊ ခံစားမှု သို့မဟုတ် ဝိညာဉ်ပကတိနာကျင်မှု မှသက်သာရန် ရှာဖွေလိုမှုဟု တွေးကြပါသည်။ ထိုကဲ့သို့သောသူများသည် မိသားစု၊ အသင်းတော်ခေါင်းဆောင်များနှင့် အရည်အချင်းပြည့်မီသောကျွမ်းကျင်သူတို့ထံမှ ချစ်ခြင်း၊ အကူအညီနှင့် ထောက်မမှုများ လိုအပ်ပါသည်။

အသင်းသားတစ်ဦး ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့ စဉ်းစားနေလျှင် သို့မဟုတ် ကြိုးစားခဲ့လျှင် သင်းအုပ်သည် ဓမ္မဆရာထောက်မမှုကို ပံ့ပိုးပေးပါသည်။ ထိုအသင်းသား ကျွမ်းကျင်သူမှအကူအညီရရှိဖို့လည်း ချက်ချင်းကူညီပါသည်။

ချစ်သောသူများ၊ ခေါင်းဆောင်များနှင့် ကျွမ်းကျင်သူတို့၏ အကောင်းဆုံးအားထုတ်မှုများ ရှိသော်လည်း ကိုယ့်ကိုယ်ကို သေကြောင်းကြံခြင်းသည် အမြဲတားဆီးနိုင်သောအရာမဟုတ်ပါ။ ပြင်းထန်သော အသည်းကွဲခြင်း၊ စိတ်ခံစားမှု ကသောင်းကနင်းဖြစ်ခြင်း၊ ချစ်သောသူများနှင့် အခြားသူတို့အတွက် အဖြေမရသောမေးခွန်းများ ကျန်ရစ်စေပါသည်။ ခေါင်းဆောင်များသည် မိသားစုကို အကြံပေး ဖြေသိမ့်ရမည်။ စောင့်ရှောက်ထောက်ပံ့မှုကို ပံ့ပိုးပေးကြပါသည်။

လူတစ်ဦး မိမိဘဝကို အဆုံးစီရင်သည်မှာ မမှန်ပါ။ သို့သော်လည်း၊ ဘုရားသခင်သာလျှင် ထိုလူ၏ အတွေးများ၊ လှုပ်ရှားမှုများနှင့် တာဝန်ရှိမှုအဆင့်ကို စီရင်နိုင်ပါသည် (ရှု ဓမ္မရာဇဝင် ပထမစာစောင် ၁၆း၇ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၃၇း၉)။

ချစ်သောသူတစ်ဦး ကိုယ့်ကိုယ်ကို သေကြောင်းကြံ၍ ဆုံးရှုံးခဲ့ကြရသောသူများသည် ယေရှုခရစ်တော်နှင့် ကိုယ်တော်၏ အပြစ်ဖြေခြင်းမင်္ဂလာ၌ မျှော်လင့်ခြင်းနှင့် အနာငြိမ်းကို ရှာတွေ့နိုင်ပါသည်။

၃၈၊ ၆၊ ၂၃

လိင်စိတ်လွဲသူများ

လိင်စိတ်လွဲသူများသည် ရှုပ်ထွေးသော စိန်ခေါ်မှုများကို ရင်ဆိုင်ရပါသည်။ လိင်စိတ်လွဲသူများအဖြစ်ရှိသည့် အသင်းသားများနှင့် အသင်းသားမဟုတ်သူများ—သူတို့၏မိသားစုများနှင့် မိတ်ဆွေများ—ကို သတိရှိခြင်း၊ ကြင်နာခြင်း၊ သနားခြင်း၊ ခရစ်တော်ကဲ့သို့သော ချစ်ခြင်းများစွာတို့ဖြင့် ဆက်ဆံရမည်။ အားလုံးကို ပွဲတော်အစည်းအဝေး၊ အခြားတနင်္ဂနွေအစည်းအဝေးများနှင့် အသင်းတော်၏ လူမှုရေးပွဲများသို့ တက်ရောက်ရန် ကြိုဆိုပါသည် (ရှု ၃၈၊ ၁၊ ၁)။

လိင်သည် ကောင်းကင်ဘုံရှင်အဘ၏ ပျော်ရွှင်ခြင်း အစီအစဉ်၌ မရှိမဖြစ်လိုအပ်သော လက္ခဏာတစ်ခုဖြစ်ပါသည်။ မိသားစုကြေညာချက်လိင်၏ဆိုလိုရာ အဓိပ္ပာယ်မှာ မွေးရာပါဇီဝလိင် ဖြစ်ပါသည်။ အချို့လူများသည် မိမိတို့ ဇီဝလိင်နှင့် လိင်လက္ခဏာကြား မကိုက်ညီခြင်းခံစားချက်များရှိကြပါသည်။ ရလဒ်မှာ၊ သူတို့သည် လိင်စိတ်လွဲခြင်းအဖြစ် လက္ခဏာပြကြပါသည်။ အသင်းတော်သည် လိင်စိတ်လွဲခြင်းလက္ခဏာပြသူတို့၏ အကြောင်းရင်းများအပေါ် တာဝန်မယူပါ။

အသင်းတော် ပါဝင်ခြင်းအများစုနှင့် အချို့ယဇ်ပုရောဟိတ်အခွင့် ဘိသိက်မင်္ဂလာများမှာ လိင်ခွဲခြားခြင်းမရှိပါ။ လိင်စိတ်လွဲသူများသည် ၃၈၊ ၂၊ ၈၊ ၁၀ တွင် ရည်ညွှန်းထားသည့်အတိုင်း ဗတ္တိဇံခံရနိုင်၊ အတည်ပြုခံရနိုင်ပါသည်။ ပွဲတော်ကိုလည်းသုံးဆောင်နိုင်၊ ယဇ်ပုရောဟိတ်အခွင့် ကောင်းချီးမင်္ဂလာများလည်း ရရှိနိုင်ပါသည်။ သို့သော်လည်း၊ ယဇ်ပုရောဟိတ်အခွင့်ဘိသိက်မင်္ဂလာနှင့် ဗိမာန်တော်ဘိသိက်မင်္ဂလာများကို မွေးရာပါဇီဝလိင်အတိုင်း ရရှိကြပါသည်။

အသင်းတော်ခေါင်းဆောင်တို့သည် လူတစ်ဦး၏မွေးရာပါလိင်ကို ဆန့်ကျင်ဘက်လိင်သို့ပြောင်းရန် ကြိုးစားခြင်း (“လိင်ပြန်လည်သတ်မှတ်ခြင်း”) ရည်ရွယ်ချက်နှင့်ပတ်သက်၍ ဆေးဝါးသုံးစွဲခြင်း သို့မဟုတ် ခွဲစိတ်မှုဆိုင်ရာပြုလုပ်ခြင်းတို့ကို မပြုလုပ်ရန်အကြံပြုကြပါသည်။ ဤအရာများလုပ်ဆောင်ခြင်းသည် အသင်းတော်အသင်းသား ကန့်သတ်ခြင်းများကို ဖြစ်စေကြောင်း ခေါင်းဆောင်များက အကြံပေးကြပါသည်။

ခေါင်းဆောင်များသည် လူမှုရေး အကူးအပြောင်းနှင့် ပတ်သက်၍လည်း ဆန့်ကျင်အကြံပြုကြပါသည်။ လူမှုရေးအပြောင်းအလဲတွင်၊ လူတစ်ဦးအား မိမိမွေးရာပါ လိင်နှင့်ဖော်ပြခြင်းထက်အခြားလိင်ဖြင့် ဖော်ပြခြင်း၊ ဝတ်စားဆင်ယင်မှု ပြောင်းလဲခြင်း၊မိမိ၏ နာမ်သို့မဟုတ် နာမ်စားပြောင်းလဲခြင်းတို့ ပါဝင်ပါသည်။ လူမှုရေးအပြောင်းအလဲလုပ်သူများသည် ဤအပြောင်းအလဲကာလအတွင်းတွင် အသင်းတော်အသင်းသား ကန့်သတ်ချက်အချို့နှင့် တွေ့ကြုံရနိုင်ပါသည်။

ကန့်သတ်ချက်များတွင် ယဇ်ပုရောဟိတ်အခွင့် ရရှိခြင်း သို့မဟုတ် ကျင့်သုံးခြင်း၊ ဗိမာန်တော်ထောက်ခံချက် ရရှိခြင်း သို့မဟုတ် အသုံးပြုခြင်း၊ အသင်းတော်အမှုတော်ဆောင်တာဝန်အချို့ ရရှိခြင်းတို့မှ ကန့်သတ်ခြင်းများပါဝင်ပါသည်။ အသင်းတော်အသင်းသားအထူးအခွင့်အရေးအချို့ကို ကန့်သတ်ထားသော်လည်း အသင်းတော်အခြားပါဝင်မှုများ၌ပါဝင်ရန်ကြိုဆိုပါသည်။

အသင်းသားတစ်ဦးသည် သူ သို့မဟုတ် သူမ၏ဦးစားပေးအမည် သို့မဟုတ် လိပ်စာနာမ်စားကို ပြောင်းလဲရန် ဆန္ဒရှိလျှင်၊ ဦးစားပေးအမည်ကို အသင်းသားမှတ်တမ်းတွင် ဦးစားပေးအမည်နေရာ၌ ရေးမှတ်ရမည်။ ထိုသူသည် အသင်းတော်စုတွင် ဦးစားပေးအမည်ဖြင့်အခေါ်ခံရနိုင်ပါသည်။

အခြေအနေများသည် ဒေသတစ်ခုနှင့်တစ်ခု၊ လူတစ်ဦးနှင့် တစ်ဦး များစွာခြားနားပါသည်။ အသင်းသားများနှင့် ခေါင်းဆောင်များသည် အတူတကွတိုင်ပင်ကြပြီး ကိုယ်တော်ရှင်နှင့်လည်း တိုင်ပင်ကြပါသည်။ ဒေသဥက္ကဋ္ဌအဖွဲ့များသည် ဒေသန္တရခေါင်းဆောင်တို့အား တစ်ဦးချင်းအခြေအနေများကို သတိထား၍ဖော်ပြရန် ကူညီပါလိမ့်မည်။ သင်းအုပ်များသည် ပန္နက်ဥက္ကဋ္ဌနှင့် တိုင်ပင်ကြပါသည်။ ပန္နက်ဥက္ကဋ္ဌများနှင့် သာသနာဥက္ကဋ္ဌများသည် ဒေသဥက္ကဋ္ဌအဖွဲ့ထံမှ အကြံဉာဏ်ကို ရယူရမည် (ရှု ၃၂၊ ၆၊ ၃)။

၃၈၊ ၇

ဆေးနှင့် ကျန်းမာရေးမူဝါဒများ

၃၈၊ ၇၊ ၂

မြေမြှုပ်ခြင်းနှင့် မီးသဂြိုဟ်ခြင်း

ကွယ်လွန်သူ၏မိသားစုသည် သူ သို့မဟုတ် သူမ၏ အလောင်းကို မြေမြှုပ် သို့မဟုတ် မီးသင်္ဂြိုဟ်မည်ကို ဆုံးဖြတ်ပါသည်။ သူတို့သည် ပုဂ္ဂလဆန္ဒကို လေးစားပါသည်။

အချို့နိုင်ငံများတွင်၊ ဥပဒေအရ မီးသင်္ဂြိုဟ်ရန်လိုအပ်ပါသည်။ အချို့ကိစ္စများတွင်၊ မြေမြှုပ်ခြင်းမှာ မိသားစုအတွက် မဖြစ်နိုင် မတတ်နိုင်သောကိစ္စဖြစ်ပါသည်။ ကိစ္စအားလုံးတွင်၊ အလောင်းကို လေးစားရိုသေစွာကိုင်တွယ်ရပါမည်။ အသင်းသားများသည် ရှင်ပြန်ထမြောက်ခြင်းတန်ခိုးမှာ အမြဲသက်ဆိုင်ကြောင်း စိတ်ချလက်ချရှိစေရပါမည် (ရှု အယ်လမာ ၁၁း၄၂-၄၅ )။

ဖြစ်နိုင်သည့်နေရာတွင်၊ ဝိညာဉ်ပကတိအပ်နှင်းခံရပြီးသည့် ကွယ်လွန်သူ၏ အလောင်းကို မြေမြှုပ် သို့မဟုတ် မီးသင်္ဂြိုဟ်သောအခါ ဗိမာန်တော်အခမ်းအနား အဝတ်ဖြင့် ဝတ်ထားပေးရမည် (ရှု ၃၈၊ ၅၊ ၈)။

၃၈၊ ၇၊ ၃

မမွေးမီသေဆုံးသောကလေးများ (အသေမွေးနှင့် ပျက်ကျကလေး)

အမှတ်တရ သို့မဟုတ် ဈာပနပွဲကျင်းပရန် မိဘများက ဆုံးဖြတ်နိုင်ပါသည်။

မမွေးမီသေသောကလေးများအတွက် ဗိမာန်တော်ဘိသိက်မင်္ဂလာများ မလိုအပ် သို့မဟုတ် မဆောင်ရွက်ရပါ။ ဤအရာမှာ၊ ဤကလေးများသည် ထာဝရကာလ၌ မိသားစု၏တစ်စိတ်တစ်ပိုင်းဖြစ်နိုင်ခြေရှိခြင်းကို မငြင်းပယ်ပါ။ မိဘများ ကိုယ်တော်ရှင်ကို ယုံကြည်စိတ်ချရန်နှင့် ကိုယ်တော်၏နှစ်သိမ့်မှုကို ရှာကြဖို့ တိုက်တွန်းပါသည်။

၃၈၊ ရ၊ ၄

ညင်သာစွာဇီဝိန်ခြွေပေးခြင်း

လူ့ဇာတိဘဝသည် ဘုရားသခင်ထံမှ အဖိုးတန် ဆုကျေးဇူးတစ်ခု ဖြစ်ပါသည်။ ညင်သာစွာဇီဝိန်ခြွေပေးခြင်းမှာ ကုမရသည့်ရောဂါ သို့မဟုတ် အခြားအခြေအနေတစ်ခုကို ခံစားနေရသည့် သူတစ်ဦး၏ဘဝကို တမင်တကာအဆုံးသတ်ပေးခြင်းဖြစ်ပါသည်။ ကိုယ့်ကိုယ်ကိုသေကြောင်းကြံခြင်းဖြင့် သေသောသူတစ်ဦးကို ကူညီခြင်းအပါအဝင်၊ ညင်သာစွာဇီဝိန်ခြွေပေးခြင်း၌ ပါဝင်သူတစ်ဦးသည် ဘုရားသခင်၏ပညတ်တော်များကို ချိုးဖောက်ပါသည်၊ ဒေသန္တရဥပဒေများကိုလည်း ချိုးဖောက်ကောင်းချိုးဖောက်နိုင်ပါသည်။

လူတစ်ဦးအတွက် ဘဝအဆုံးတွင် တစ်ဘက်စွန်းဘဝထောက်ပံ့ခြင်းဆောင်ရွက်မှုများကို အဆက်ဖြတ်ခြင်း သို့မဟုတ် ရပ်တန့်လိုက်ခြင်းကို ညင်သာစွာဇီဝိန်ခြွေပေးခြင်းဟု မသတ်မှတ်ပါ (ရှု ၃၈၊ ၇၊ ၁၁)။

၃၈၊ ၇၊ ၅

အိတ်ခ်ျအိုင်ဗီ ရောဂါနှင့် အေအိုင်ဒီအက်စ်

အိတ်ခ်ျအိုင်ဗီ (ကိုယ်ခံအားကျဆင်းမှုဗိုင်းရပ်စ်) ရောဂါခံစားရသော သို့မဟုတ် အေအိုင်ဒီအက်စ် (ကိုယ်ခံအားကျဆင်းမှုရောဂါလက္ခဏာ) ရှိသောအသင်းသားများကို အသင်းတော်အစည်းအဝေးများနှင့် လှုပ်ရှားမှုများတွင် ကြိုဆိုသင့်ပါသည်။ သူတို့၏တက်ရောက်မှုမှာ အခြားသူများ၏ကျန်းမာရေးအတွက် အန္တရာယ်မရှိပါ။

၃၈၊ ၇၊ ၈

ဆေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု

ကျွမ်းကျင်သောဆေးဝါးအကူအညီရယူခြင်း၊ ယုံကြည်ခြင်းကို ကျင့်သုံးခြင်းနှင့် ယဇ်ပုရောဟိတ်အခွင့်ကောင်းချီးမင်္ဂလာရရှိခြင်းတို့သည်၊ ကိုယ်တော်ရှင်၏အလိုတော်အတိုင်း အနာငြိမ်းစေခြင်းအတွက် အတူတကွလုပ်ဆောင်ပါသည်။

အသင်းသားများသည် စာရိတ္တ၊ ဝိညာဉ်ပကတိ သို့မဟုတ် ဥပဒေနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ်ရှိသည့် ဆေးဝါး သို့မဟုတ် ကျန်းမာရေးအလေ့အကျင့်များကို မသုံးရ သို့မဟုတ် အားမပေးရပါ။ ကျန်းမာရေးပြဿနာရှိသောသူများသည် လုပ်ကိုင်ရာနယ်ပယ်တွင် လိုင်စင်ရဆေးဝါးကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်သင့်ပါသည်။

၃၈၊ ၇၊ ၉

ဆေးဝါးဆေးခြောက်

အသင်းတော်သည် ဆေးဝါးအတွက်မဟုတ်သည့် ဆေးခြောက်သုံးစွဲမှုကို ကန့်ကွက်ပါသည်။ ရှု ၃၈၊ ၇၊ ၁၄

၃၈၊ ၇၊ ၁၁

အသက်ရှည်စေခြင်း (အသက်ကယ်ခြင်းအပါအဝင်)

အသင်းသားများသည် အစွန်းရောက်နည်းများဖြင့် လူ့ဇာတိဘဝကို ရှည်စေရန် ဝတ္တရားရှိသည်ဟု မခံစားသင့်ပါ။ ဤဆုံးဖြတ်ချက်များကို ဖြစ်နိုင်လျှင်၊ ပုဂ္ဂလိကအားဖြင့်၊ သို့မဟုတ် မိသားစုဝင်တို့အားဖြင့် အကောင်းဆုံးပြုကြပါသည်။ သူတို့သည် ကျွမ်းကျင်သောဆေးဝါး အကြံဉာဏ်၊ ဆုတောင်းခြင်းဖြင့် ဘုရားလမ်းညွှန်မှုကို ရှာရပါမည်။

၃၈၊ ၇၊ ၁၃

ကာကွယ်ဆေး ထိုးခြင်း

ကျွမ်းကျင်ဆေးဝါးပညာရှင်တို့ဖြင့် စီမံဆောင်ရွက်သည့် ကာကွယ်ဆေးထိုးခြင်းတို့သည် ကျန်းမာရေးကို ကာကွယ်၍၊ အသက်ကို စောင့်ရှောက်ပါသည်။ အသင်းတော်အသင်းသားများ ကာကွယ်ဆေးထိုးခြင်းဖြင့် မိမိတို့ကိုယ်ကို၊ မိမိတို့သားသမီးများကို၊ ထို့အတူ မိမိတို့ပတ်ဝန်းကျင်ကို ကာကွယ်ကြဖို့ အားပေးပါသည်။

အခြေခံအားဖြင့်၊ တစ်ဦးချင်းစီတိုင်းသည် ကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သက်၍ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရန် တာဝန်ရှိပါသည်။ အသင်းသားများသည် စိုးရိမ်စရာများရှိလျှင်၊ ကျွမ်းကျင်ဆေးဝါးပညာရှင်များနှင့် တိုင်ပင်ရမည်၊ သန့်ရှင်းသောဝိညာဉ်တော်၏လမ်းညွှန်မှုကိုလည်း ရှာရပါမည်။

၃၈၊ ၇၊ ၁၄

ပညာရှိစကားနှင့် ကျန်းမာသောအလေ့အကျင့်များ

ပညာရှိစကားသည် ဘုရားသခင်၏ ပညတ်တော်တစ်ခု ဖြစ်ပါသည်။ ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၈၉ရှိသွန်သင်ချက်များတွင် ဆေးရွက်ကြီး၊ သေရည်သေရက် (အရက်)၊ အပူဖျော်ရည် (လက်ဖက်ရည်နှင့် ကော်ဖီ)တို့ကို ရှောင်ခြင်း ပါဝင်ပါသည်။

ပညာရှိစကားတွင် သို့မဟုတ် အသင်းတော်ခေါင်းဆောင်များမှ သီးသန့်ဖော်ပြမထားသည့် အခြားအန္တရာယ်ရှိပစ္စည်များနှင့် အလေ့အကျင့်များရှိပါသည်။ အသင်းသားများသည် မိမိတို့ ကိုယ်၊ ဝိညာဉ်ပကတိနှင့် စိတ်ခံစားမှုကျန်းမာရေးကို မြှင့်တင်ရန် ရွေးချယ်မှုများ ပြုလုပ်ခြင်းတွင် ဉာဏ်ပညာ၊ ဆုတောင်းခြင်းထက်သန်သည့် ဝေဖန်ပိုင်းခြားမှုတိုကို အသုံးပြုရမည်။

၃၈၊ ၈

စီမံဆောင်ရွက်ခြင်းမူဝါဒများ

၃၈၊ ၈၊ ၁

အစဉ်မွေးစားခြင်းနှင့် ယာယီမွေးစားခြင်းစောင့်ရှောက်မှု

ကလေးများကို အစဉ်မွေးစားခြင်းနှင့် ယာယီမွေးစား ဂရုစိုက်မှုပေးခြင်းတို့သည် ကလေးများနှင့် မိသားစုများကို ကောင်းချီးပေးနိုင်ပါသည်။ ချစ်ခြင်း၊ ထာဝရမိသားစုများကို အစဉ်မွေးစားခြင်းဖြင့် ဖန်တီးနိုင်ပါသည်။ ကလေးများသည် မိသားစုတစ်ခုသို့ အစဉ်မွေးစားခြင်းဖြင့်ရောက်လာသည်ဖြစ်စေ၊ မွေးဖွားခြင်းဖြင့်ရောက်လာသည်ဖြစ်စေ၊ တူညီသောအဖိုးတန်ကောင်းချီးမင်္ဂလာများ ဖြစ်ပါသည်။

ကလေးများကို အစဉ်မွေးစားဖို့ သို့မဟုတ် ယာယီမွေးစားဖို့ ကြိုးစားသောအသင်းသားများသည် နိုင်ငံနှင့် အစိုးရများပါဝင်ပတ်သက်သည့် လိုက်နာစရာဥပဒေအားလုံးကို နာခံရမည်။

၃၈၊ ၈၊ ၄

အထွေထွေအခွင့်အာဏာရှိသောသူများ၊ အထွေထွေအရာရှိများနှင့် ဒေသခုနစ်ကျိပ်တို့၏လက်မှတ်များနှင့် ဓာတ်ပုံများ

အသင်းတော် အသင်းသားများသည်အထွေထွေအခွင့်အာဏာရှိသောသူများ၊ အထွေထွေအရာရှိများနှင့် ဒေသခုနစ်ကျိပ်တို့၏လက်မှတ်များကို မတောင်းရပါ။ ထိုသို့ပြုလုပ်ခြင်းသည် သူတို့၏သန့်ရှင်းမွန်မြတ်သောအမှုတော်ဆောင်တာဝန်များနှင့် အစည်းအဝေးစိတ်ကို နိမ့်ကျစေပါသည်။ သူတို့အား အခြားအသင်းသားများကို နှုတ်ဆက်ခြင်းကိုလည်း တားဆီးနိုင်ပါသည်။

အသင်းသားများသည် ဓမ္မာရုံအတွင်းတွင်အထွေထွေအခွင့်အာဏာရှိသောသူများ၊ အထွေထွေအရာရှိများနှင့် ဒေသခုနစ်ကျိပ်တို့၏ဓာတ်ပုံများကို မရိုက်ရပါ။

၃၈၊ ၈၊ ၇

အသင်းတော်မဂ္ဂဇင်းများ

အသင်းတော်မဂ္ဂဇင်းများတွင် အောက်ပါတို့ ပါဝင်ပါသည်၊

ပထမဥက္ကဋ္ဌအဖွဲ့သည် အသင်းသားအားလုံးကို အသင်းတော်မဂ္ဂဇင်းများဖတ်ရန် တိုက်တွန်းပါသည်။ မဂ္ဂဇင်းများသည် အသင်းသားတို့အား ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို သင်ယူရန်၊ အသက်ရှင်သောပရောဖက်တို့၏သွန်သင်ခြင်းများကို လေ့လာရန်၊ တစ်ကမ္ဘာလုံးဆိုင်ရာ အသင်းတော်မိသားစုနှင့် ဆက်သွယ်မှုကို ခံစားရန်၊ စိန်ခေါ်မှုများကို ယုံကြည်ခြင်းနှင့် ရင်ဆိုင်ရန်နှင့် ဘုရားသခင်ထံသို့ ချဉ်းကပ်ရန် ကူညီနိုင်ပါသည်။

၃၈၊ ၈၊ ၈

အသင်းတော်အမည်၊ စာလုံးအမှတ်နှင့် သင်္ကေတ

အသင်းတော်စာလုံးအမှတ်နှင့် သင်္ကေတ

အသင်းတော်၏အမည်၊ စာလုံးအမှတ်နှင့် သင်္ကေတတို့သည် အသင်းတော်အဓိကကိုယ်စားပြုများဖြစ်ပါသည်။

စာလုံးအမှတ်နှင့် သင်္ကေတ အသင်းတော်၏စာလုံးအမှတ်နှင့် သင်္ကေတ (အထက်ပါသရုပ်ဖော်ပုံကို ကြည့်ပါ)တို့ကို ပထမဥက္ကဋ္ဌအဖွဲ့သို့မဟုတ် တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့အတည်ပြုထားသည့်အတိုင်းသာ အသုံးပြုရမည်။ အလှဆင်ပစ္စည်းများအဖြစ် အသုံးမပြုရပါ။ မည်သည့် ကိုယ်ပိုင်၊ စီးပွားရေး၊ သို့မဟုတ် ကြော်ငြာတွင်မျှ အသုံးမပြုရပါ။

၃၈၊ ၈၊ ၁၀

ကွန်ပျူတာများ

အသင်းတော်အစည်းအဝေးအိမ်များ၌ အသုံးပြုသည့် ကွန်ပျူတာများနှင့် ဆော့ဖ်ဝဲလ် များကို အသင်းတော်ရုံးချုပ် သို့မဟုတ် ဒေသရုံးမှ ပံ့ပိုးစီမံပါသည်။ ခေါင်းဆောင်များနှင့် အသင်းသားများသည် ဤအရင်းအမြစ်များကို မိသားစုသမိုင်း လုပ်ငန်း အပါအဝင် အသင်းတော် ရည်ရွယ်ချက်များကို ထောက်မရန် အသုံးပြုကြပါသည်။

ဤကွန်ပျူတာပေါ်ရှိ ဆော့ဖ်ဝဲလ် အားလုံးသည် အသင်းတော်သို့ သင့်လျော်စွာ လိုင်စင်ပြုလုပ်ထားရမည်။

၃၈၊ ၈၊ ၁၂

သင်ရိုးပစ္စည်းများ

အသင်းတော်သည် အသင်းသားတို့အား ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို သင်ယူရန်နှင့် ကျင့်သုံးဖို့ ကူညီရန် ပစ္စည်းများ ပံ့ပိုးပေးပါသည်။ ဤအရာတို့တွင် ကျမ်းစာများ၊ အထွေထွေညီလာခံအမှာစကားများ၊ မဂ္ဂဇင်းများ၊ သင်ရိုးညွှန်းတမ်းများ၊ စာအုပ်များနှင့် အခြားရင်းမြစ်များ ပါဝင်ပါသည်။ ခေါင်းဆောင်များသည် အသင်းသားတို့အား အိမ်တွင် ဧဝံဂေလေိတရားတော်ကို လေ့လာရန် ကျမ်းစာများနှင့် အခြားအရင်းမြစ်များကို လိုအပ်သလို အသုံးပြုရန် တိုက်တွန်းပါသည်။

၃၈၊ ၈၊ ၁၄

အဝတ်အစားနှင့် အသွင်အပြင်

အသင်းတော်အသင်းသားတို့အား မိမိတို့၏ သင့်လျော်သည့် အဝတ်အစားနှင့် အသွင်အပြင်နှင့် ပတ်သက်၍ ရွေးချယ်မှုများ ပြုရာတွင် ကိုယ်ခန္ဓာကို လေးစားမှုပြရန် တိုက်တွန်းပါသည်။ သင့်လျော်သည့်အရာဆိုသည်မှာ ယဉ်ကျေးမှုအမျိုးမျိုးနှင့် ကွဲပြားသော အခြေအနေအမျိုးမျိုးအလိုက် ပြောင်းလဲမှုများရှိပါသည်။

၃၈၊ ၈၊ ၁၆

အစာရှောင်နေ့

အသင်းသားများသည် မည့်သည့်အချိန်တွင်မဆို အစာရှောင်နိုင်ပါသည်။ သို့ရာတွင်၊ ပုံမှန်အားဖြင့် လ၏ ပထမဥပုသ်နေ့ကို အစာရှောင်နေ့အဖြစ် ကျင့်စောင့်ကြပါသည်။

အစာရှောင်နေ့တွင် ပုံမှန်အားဖြင့် ဆုတောင်းခြင်း၊ ၂၄ နာရီအတွင်း အစာမစားရေမသောက်ဘဲနေခြင်း (ကိုယ်စွမ်းအားရှိလျှင်)၊ ရက်ရောသောအစာရှောင်အလှူတော်စုပေးလှူခြင်းတို့ပါဝင်ပါသည်။ အစာရှောင်အလှူတော်စုမှာ လိုအပ်သောသူများကို ကူညီရန် လှူဒါန်းခြင်းတစ်ခု ဖြစ်ပါသည် (ရှု ၂၂၊ ၂၊ ၂)။

တစ်ခါတစ်ရံတွင်၊ အသင်းတော်တစ်ခုလုံး သို့မဟုတ် ဒေသအစည်းအဝေးများကို လ၏ပထမဥပုသ်နေ့တွင် ကျင်းပကြပါသည်။ ဤသို့ဖြစ်သောအခါ၊ ပန္နက်ဥက္ကဋ္ဌအဖွဲ့သည် အစားထိုးဥပုသ်နေ့တစ်နေ့ကို အစာရှောင်နေ့အဖြစ် ဆုံးဖြတ်ကြပါသည်။

၃၈၊ ၈၊ ၁၇

လောင်းကစားခြင်းနှင့် ထီများ

အသင်းတော်သည် လောင်းကစားခြင်းကို မည်သည့်ပုံစံမျိုးနှင့်ရှိသည်ဖြစ်စေကန့်ကွက် ဆန့်ကျင်ပါသည်။ ဤအရာတွင် အားကစားလောင်းကြေးထပ်ခြင်းများနှင့် အစိုးရကမကထပြုသည့် ထီများလည်း ပါဝင်ပါသည်။

၃၈၊ ၈၊ ၁၉

နိုင်ငံကူးခြင်း

မိမိတို့ဇာတိမြေ၌ ဆက်နေသူများသည် ထိုနေရာ၌ အသင်းတော်ကို တည်ထောင်ခွန်အားဖြည့်ပေးဖို့ အခွင့်အရေးများရှိတတ်ပါသည်။ သို့သော်လည်း၊ တခြားနိုင်ငံတစ်ခုသို့ ကူးခြင်းမှာ ကိုယ်ပိုင်ရွေးချယ်မှုဖြစ်ပါသည်။

တခြားနိုင်ငံသို့ ပြောင်းသည့် အသင်းသားများသည် ပြဋ္ဌာန်းဥပဒေအားလုံးကို လိုက်နာရမည် (ရှုဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၅၈း၂၁)။

သာသနာပြုများသည် အခြားသူများကို နိုင်ငံကူးပြောင်းခြင်းအတွက် အာမခံမှု မကမ်းလှမ်းရပါ။

၃၈၊ ၈၊ ၂၂

နယ်မြေဥပဒေများ

အသင်းသားများသည် မိမိတို့နေထိုင်သည့် သို့မဟုတ် ခရီးသွားသည့် မည်သည့်နိုင်ငံ၌မဆို ဥပဒေများကို လိုက်နာ၊ လေးစား၊ ထောက်မရမည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၅၈း၂၁-၂၂ ယုံကြည်ခံယူချက်များ ၁း၁၂)။ ဤအရာတွင် ဘာသာရေးနိုင်ငံရေးမဲဆွယ်ခြင်းကို တားမြစ်သည့် ဥပဒေများလည်း ပါဝင်ပါသည်။

၃၈၊ ၈၊ ၂၅

အသင်းတော်ရုံးချုပ်နှင့် အသင်းသားတို့၏ ဆက်ဆံရေး

အသင်းသားများအား ဩဝါဒမေးခွန်းများ၊ ပုဂ္ဂလိကစိန်ခေါ်မှုများ၊ သို့မဟုတ် တောင်းဆိုမှုများနှင့် ပတ်သက်၍ အထွေထွေအခွင့်အာဏာရှိများထံသို့ ဖုန်းခေါ်ခြင်း၊ အီးမေးလ်ပို့ခြင်း သို့မဟုတ်စာရေးခြင်းတို့ပြုရန် အားမပေးပါ။ အသင်းသားများ ဝိညာဉ်ပကတိလမ်းညွှန်မှုရှာသောအခါ မိမိတို့၏ဒေသခေါင်းဆောင်များနှင့်၊ လူမှုသက်သာရေးအဖွဲ့သို့မဟုတ် အသင်းလူကြီးအဖွဲ့ ဥက္ကဋ္ဌထံသို့ ဆက်သွယ်ရန် တိုက်တွန်းပါသည် (ရှု ၃၁၊ ၃)။

၃၈၊ ၈၊ ၂၇

မသန်စွမ်းသည့်အသင်းသားများ

ခေါင်းဆောင်များနှင့် အသင်းသားများ မိမိတို့ဒေသအတွင်းရှိနေထိုင်သူအားလုံးတို့၏ လိုအပ်ချက်များကို ဖြေရှင်းပေးဖို့ တိုက်တွန်းပါသည်။ မသန်စွမ်းသည့် အသင်းသားများကို တန်ဖိုးထားပါသည်၊ သူတို့သည် အဓိပ္ပာယ်ရှိသောနည်းများဖြင့် ပါဝင်ကူညီနိုင်ကြပါသည်။ မသန်စွမ်းမှုသည် အသိဉာဏ်အရာ၊ လူမှုရေး၊ စိတ်ခံစားမှုသို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ဖြစ်နိုင်ပါသည်။

၃၈၊ ၈၊ ၂၉

အခြားယုံကြည်မှုများ

လမ်းပြလှုံ့ဆော်သော၊ မြင့်မြတ်သော၊ လေးစားမှုအမြင့်ဆုံးနှင့် ထိုက်တန်သောအရာ များစွာတို့ကို အခြားယုံကြည်မှုများစွာတို့၌ တွေ့ရပါသည်။ သာသနာပြုများနှင့် အခြားအသင်းသားများသည် အခြားသူတို့၏ ယုံကြည်မှုများနှင့် ရိုးရာဓလေ့များကို ရေးထား၊ လေးစားရမည်။

၃၈၊ ၈၊ ၃၀

နိုင်ငံရေးနှင့် အရပ်ဘက် လှုပ်ရှားမှု

အသင်းသားများကို နိုင်ငံရေးနှင့် အစိုးရကိစ္စများ၌ ပါဝင်ရန် တိုက်တွန်းပါသည်။ ဤအရာမှာ၊ နိုင်ငံများစွာတို့တွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်၊

  • မဲပေးခြင်း၊

  • နိုင်ငံရေးပါတီများ၌ ဝင်ရောက်ခြင်းနှင့် ထမ်းဆောင်ခြင်း။

  • ငွေကြေးထောက်ပံ့မှု ပံ့ပိုးခြင်း။

  • ပါတီအရာရှိများ ရွေးချယ်ခံပုဂ္ဂိုလ်များနှင့် ဆက်သွယ်ခြင်း

  • ရွေးကောက်ခံ ဒေသနှင့် နိုင်ငံအစိုးရ ရုံးများတွင် ထမ်းဆောင်ခြင်း။

အသင်းသားများသည် မိမိတို့ပတ်ဝန်းကျင်ကို မိသားစုများ နေထိုင်ရန်နှင့် ပြုစုပျိုးထောင်ရန် သင့်မြတ်လျော်ကန်သောနေရာများဖြစ်စေ ထိုက်တန်သည့် အကြောင်းကိစ္စများ၌ ပါဝင်ဖို့လည်း တိုက်တွန်းပါသည်။

ဒေသအသင်းတော်ခေါင်းဆောင်များသည် အသင်းသားများကို နိုင်ငံရေးကိစ္စများ၌ ပါဝင်ရန် မဖွဲ့စည်းရ။ အသင်းသားများ မည်သို့ပါဝင်ကြောင်းလွှမ်းမိုးစေဖို့လည်း မကြိုးစားရ။

ခေါင်းဆောင်များနှင့် အသင်းသားများသည် မည်သည့် နိုင်ငံရေးပါတီ၊ လမ်းစဉ်၊ မူဝါဒ သို့မဟုတ် ရွေးချယ်ခံတစ်ဦး အတွက် အသင်းတော်ထောက်ခံချက်ဟု သက်ရောက်စေနိုင်မည့် ဖော်ပြချက်များ သို့မဟုတ် လုပ်ဆောင်မှုများကို ရှောင်ရမည်။

၃၈၊ ၈၊ ၃၁

အသင်းသားတို့၏ပုဂ္ဂလိကအရေး

အသင်းတော်ခေါင်းဆောင်များသည် အသင်းသားတို့၏ ပုဂ္ဂလိကအရေးကို ကာကွယ်ရန် ဝတ္တရားရှိပါသည်။ အသင်းတော်မှတ်တမ်းများ၊ လမ်းညွှန်များနှင့် အလားတူပစ္စည်းများကို ပုဂ္ဂလိကအရေး၊ စီးပွားရေး၊ သို့မဟုတ် နိုင်ငံရေးရည်ရွယ်ချက်များအတွက် မသုံးနိုင်ပါ။

၃၈၊ ၈၊ ၃၅

ဒုက္ခသည်များ

လိုအပ်သူများကို ဂရုစိုက်ရန် သူတို့တာဝန်၏တစ်စိတ်တစ်ပိုင်းအဖြစ် (ရှု မောဇိယ ၄း၂၆) အသင်းတော်အသင်းသားများသည် မိမိတို့ အချိန်၊ ပင်ကိုယ်အရည်အချင်းများ၊ မိတ်ဆွေဖြစ်မှုများကို ဒုက္ခသည်တို့အား မိမိတို့ပတ်ဝန်းကျင် အသင်းသားများအဖြစ် ကြိုဆိုရန် ကမ်းလှမ်းကြပါသည်။

၃၈၊ ၈၊ ၃၆

အသင်းတော်ငွေကြေးအကူအညီ တောင်းခံမှုများ

လိုအပ်သောအသင်းသားများသည် အသင်းတော်ရုံးချုပ်ကို ဆက်သွယ်ခြင်း သို့မဟုတ် အသင်းတော်အခြားခေါင်းဆောင်များ သို့မဟုတ် အသင်းသားများထံငွေကြေးတောင်းခံခြင်းအစား မိမိတို့သင်းအုပ်နှင့်စကားပြောရန် တိုက်တွန်းပါသည်။