နောက်ပိုင်းကာလသတ္တိကောင်းတပည့်တော်များ
ကျွန်တော်တို့ ဒီနောက်ပိုင်းကာလမှာ ကိုယ်တော်ရှင်ရဲ့အလင်းကို ဆောင်ရင်း ယုံကြည်မှုရှိကြပါစို့၊ မတွန့်ဆုတ်ကြပါနှင့်၊ သတ္တိကောင်းကြပါစို့၊ မကြောက်ရွံ့ကြပါနှင့်၊ သစ္စာရှိကြပါစို့၊ မကြောက်ကြပါနှင့်။
စာရိတ္တရွေးချယ်ပြုမူနိုင်ခွင့်ဟာ ဘုရားသခင့်သားသမီးတိုင်းအတွက် သူ့ရဲ့ အဖိုးတန်ဆုကျေးဇူးဖြစ်ပါတယ်။ ၁ ကျွန်တော်တို့ဟာ “လူသားခပ်သိမ်းတို့၏ ကြီးမြတ်တော်မူသည့် စေ့စပ်ရှင်အားဖြင့် လွတ်လပ်ခြင်းနှင့် ထာဝရအသက်ကိုရွေးချယ်ရန် သို့မဟုတ်၊ နတ်ဆိုး၏ဖမ်းဆီးချုပ်နှောင်ခြင်းတန်ခိုးအတိုင်း ဖမ်းဆီးချုပ်နှောင်ခြင်းနှင့်သေခြင်းကိုရွေးချယ်ရန် လွတ်လပ်ကြ”၂ ပါတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ကောင်းတာလုပ်ဖို့ ဖိအားပေးမည်မဟုတ်ပါ၊ နတ်ဆိုးကလည်း ကျွန်တော်တို့ကို မကောင်းတာလုပ်ဖို့ ဖိအားမပေးနိုင်ပါ။ ၃ အချို့က လူ့ဇာတိဟာ ဘုရားသခင်နဲ့ မာရ်နတ်ပြိုင်ပွဲလို့ ထင်ကောင်းထင်ကြပေမယ့်၊ ကယ်တင်ရှင်စကားတစ်ခွန်းတည်းနဲ့၊ “စာတန်ဟာ ငြိမ်ပြီးပျောက်သွားခဲ့ရပါတယ်။… အစမ်းသပ်ခံရတာက [ကျွန်တော်တို့ရဲ့]ခွန်အားပါ—ဘုရားသခင့်ခွန်အားမဟုတ်ပါဘူး။”၄
အဆုံးမှာ၊ အဲဒါကြောင့် ကျွန်တော်တို့ဟာ စိုက်ခဲ့တဲ့ ရာသက်ပန်ရွေးချယ်မှုတွေကို ရိတ်သိမ်းကြရပါလိမ့်မယ်။ ၅ ဒါကြောင့် ကျွန်တော်တို့ရဲ့ အတွေးတွေ၊ ဆန္ဒတွေ၊ စကားတွေနဲ့ အကျင့်တွေက ကယ်တင်ရှင်၊ သူ့ရွေးကောက်အစေခံတွေနဲ့ သူ့ပြန်လည်ဆောင်ယူအသင်းတော်အပေါ် ကျွန်တော်တို့ရဲ့ချစ်ခြင်းနဲ့ပတ်သက်လို့ ဘာကို ပြောပြပါသလဲ။ ကျွန်တော်တို့ရဲ့ ဗတ္တိဇံ၊ ယဇ်ပုရောဟိတ်နဲ့ ဗိမာန်တော်ပဋိညာဉ်တွေက ကျွန်တော်တို့အဖို့ လောကချီးမွမ်းမှု သို့ လူမှုကွန်ယက်မှာ “ကြိုက်” အရေအတွက်များခြင်းထက် ပိုပြီးအဓိပ္ပာယ်ရှိပါသလား။ ကိုယ်တော်ရှင်နဲ့ သူ့ပညတ်တော်တွေအပေါ် ကျွန်တော်တို့ရဲ့ ချစ်ခြင်းက ဒီဘဝမှာ အခြားတစ်စုံတစ်ခု သို့ တစ်စုံတစ်ယောက်အပေါ် ချစ်ခြင်းထက်ပိုပြီးအားကြီးပါသလား။
မာရ်နတ်နဲ့ သူ့နောက်လိုက်တွေဟာ ခရစ်တော်နဲ့ သူ့ပရောဖက်တွေရဲ့ အမှုတော်ကို ဖျက်ဆီးဖို့ အမြဲကြိုးစားကြပါတယ်။ ကယ်တင်ရှင်ရဲ့ ပညတ်တော်တွေဟာ၊ လုံးဝလစ်လျူရှုမခံရဘူးဆိုလျှင်၊ ဒီနေ့လောကမှာ အဓိပ္ပာယ်မဲ့ခြင်းအဖြစ် များစွာတို့ရဲ့အကြောင်းပြတာကို ခံခဲ့ရမှာပါ။ “သက်တောင့်သက်တာမဟုတ်တဲ့” သမ္မာတရားတွေကို သွန်သင်တဲ့ ဘုရားသခင့်တမန်တော်တွေဟာ မကြာခဏ ဖယ်ထုတ်ခံကြရပါတယ်။ ကယ်တင်ရှင်ကိုယ်တိုင်တောင်မှ “စားကြူးသောသူ၊ စပျစ်ရည်သောက် ကြူးသောသူ၊” ၆ လို့အခေါ်ခံပြီး၊ ပတ်ဝန်းကျင်စိတ်ဒုက္ခပေးခြင်းနဲ့ သွေးခွဲခြင်းအဖြစ်စွပ်စွဲခံရပါတယ်။ အားနည်းတဲ့လိမ်ညာတဲ့သူတွေဟာ “သူ့စကားကို ချောင်းမြောင်း၍ အပြစ်ပြုခွင့်ကို ဘယ်လိုရနိုင်မလဲ”၊ တိုင်ပင်ကြပါတယ်၊ သူ့ရဲ့အစောပိုင်း ခရစ်ယာန် “ဂိုဏ်း” ဟာ “နေရာတိုင်းမှာ ကဲ့ရဲ့အပြစ်တင်”၈ခံရပါတယ်။
ကယ်တင်ရှင်နဲ့ သူ့အစောပိုင်းနောက်လိုက်တွေဟာ ပြင်းထန်တဲ့အတွင်းရောအပြင်ရော ဆန့်ကျင်မှုတွေကို ဖြေရှင်းခဲ့ကြရပါတယ်၊ ကျွန်တော်တို့လည်း အလားတူကြုံတွေ့ကြရပါတယ်။ ဒီခေတ်မှာ လောကရဲ့ မျက်မှောက်မျက်ကွယ် လက်ညှိုးထိုးအပြစ်တင်ခြင်းကို ရံဖန်ရံခါ မဖိတ်ခေါ်ဘဲနဲ့ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းအတိုင်း သတ္တိရှိရှိနေနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ကယ်တင်ရှင်နောက်ကို ယုံကြည်မှုနဲ့လိုက်ခြင်းဟာ အကျိုးကျေးဇူးရှိပါတယ်၊ ဒါပေမယ့် အချိန်အတော်များများမှာ ကျွန်တော်တို့ဟာ “စားလော့၊ သောက်လော့၊ ပျော်မွေ့လော့”၉ ဆိုတဲ့အားပေးအတွေးအခေါ်ရဲ့ ပစ်ကွင်းမှာရောက်တတ်ကြပါတယ်၊ အဲဒီနေရာမှာ ယေရှုခရစ်တော်၌ယုံကြည်ခြင်း၊ နာခံခြင်းနဲ့ နောင်တရခြင်းတို့ဟာ ဘုရားသခင်က ကျွန်တော်တို့ကို အလွန်ချစ်လို့ အပြစ်သေးသေးလေးကို ခွင့်လွှတ်ပေးလိမ့်မယ်ဆိုတဲ့ အတွေးမှားနဲ့ အစားထိုးခံရကြပါတယ်။
“[သူ့]ကိုယ်ပိုင်အသံဖြင့်ဖြစ်စေ၊ [သူ့ ]ကျွန်တို့၏အသံဖြင့်ဖြစ်စေ၊”၁၀ ပြောခြင်းဖြင့်၊ ကိုယ်တော်ရှင်က ကျွန်တော်တို့ခေတ်အကြောင်းကို “နောင်ကာလ၌လူတို့သည် စင်ကြယ်သော ဩဝါဒကိုနာမခံနိုင်ဘဲ၊ ယားတတ်သော နားရှိလျှင်၊ မိမိတပ်မက်ခြင်းအတိုင်း များပြားသော ဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်” ပြီးတော့သမ္မာတရားကို နားမထောင်ဘဲ၊ “ဒဏ္ဏာရီစကားကို နားထောင်၍ လွဲသွားကြလိမ့်မည်”၁၁လို့ မပြောခဲ့ပါဘူးလား။ “သူတို့သည် ငါ့ကို အချီအနှီးကိုးကွယ်ကြလိမ့်မည်၊ လူတို့၏ဩဝါဒနှင့် ပညတ်တို့ကို သွန်သင်လိမ့်မည်”။ ၁၂ လို့ သူမညည်းတွားခဲ့ပါဘူးလား။ “တပည့်တော်များကိုသွေးဆောင်ခြင်းငှါ၊ မှားသောစကားကို ပြောတတ်သောလူတို့သည် သင်တို့အထဲ၌လည်း ပေါ်လာမည်” ၁၃ လို့ သူသတိမပေးခဲ့ပါဘူးလား၊ “မကောင်းကိုအကောင်း၊ အကောင်းကို မကောင်း [အခေါ်ခံရလိမ့်မည်]” ၁၄၊ “ကိုယ်အိမ်သူအိမ်သားတို့သည်လည်း ကိုယ်ရန်သူ ဖြစ်ကြလိမ့်မည်”၁၅ ကြိုမမြင်ခဲ့ပါဘူးလား။
ဒါဆိုကျွန်တော်တို့အတွက်ကရော။ ကျွန်တော်တို့ ခြိမ်းခြောက်ခံရမှာလား၊ ကြောက်ရမှာလား။ ကျွန်တော်တို့ဘာသာတရားကို သူများမသိတဲ့နည်းနဲ့ကျင့်သုံးကြမှာလား။ လုံးဝမဟုတ်ပါဘူး။ ယေရှုခရစ်တော်၌ ယုံကြည်ခြင်းရှိလျှင်၊ ကျွန်တော်တို့ဟာ လူတွေအပြစ်တင်မှာကို ကြောက်စရာမလို၊ သူတို့ရဲ့ပုတ်ခတ်ဝေဖန်ခြင်းတွေကိုလည်း ကြောက်စရာမလိုပါဘူး။ ၁၆ ပဲ့ထိန်းနေရာမှာကယ်တင်ရှင်၊ ကျွန်တော်တို့ကို လမ်းညွှန်ဖို့ ပရောဖက်တွေရှိနေတဲ့အခါ၊ “ဘယ်သူများ ကျွန်တော်တို့ကို ဆန့်ကျင်နိုင်မှာလဲ။”၁၇ ကိုယ်တော်ရှင်ရဲ့အလင်းကို ဆောင်ရင်း ယုံကြည်မှုရှိကြပါစို့၊ မတွန့်ဆုတ်ကြပါနှင့်၊ သတ္တိကောင်းကြပါစို့၊ မကြောက်ရွံ့ကြပါနှင့်၊ သစ္စာရှိကြပါစို့၊ မကြောက်ကြပါနှင့်။၁၈
ကယ်တင်ရှင်က ရှင်းလင်းစွာပြောခဲ့ပါတယ်၊ “အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါဝန်ခံမည်။… အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည်။” ၁၉
ဒါကြောင့်၊ တစ်ယောက်ယောက်က ပညတ်တော်တွေမပါဘဲကြွလာမယ့် ဘုရားသခင်တစ်ပါးကို ပိုနှစ်သက်နေစဉ်မှာ၊ ကျွန်တော်တို့တတွေ အယ်ဒါ ဒီတော့ဒ် ခရစ္စတိုဖာဆန်ရဲ့ စကားတွေနဲ့ရဲရဲဝံဝံ့သက်သေခံကြပါစို့၊ “တောင်းဆိုချက်တွေမရှိတဲ့ဘုရားသခင်တစ်ပါးဟာ မရှိတဲ့သဘောတရားအတိုင်း မတည်ရှိတဲ့ဘုရားသခင်တစ်ပါးဖြစ်ပါတယ်။”၂၀
အချို့က မိမိတို့ကြိုက်တဲ့ပညတ်တော်တွေကိုသာ လိုက်လျှောက်ဖို့ ပိုနှစ်သက်နေစဉ်မှာ ၊ ကျွန်တော်တို့တတွေ၊ “ဘုရားသခင်၏ နှုတ်တော်မှ ထွက်သည့် နှုတ်ကပတ်တော်မှန်သမျှ အားဖြင့် အသက်ကို မွေး”၂၁ ဖို့ ကယ်တင်ရှင်ရဲ့ ဖိတ်ခေါ်ချက်ကို ဝမ်းမြောက်စွာ လက်ခံကြပါစို့။
များစွာတို့က ကိုယ်တော်ရှင်နဲ့ သူ့အသင်းတော်ဟာ “ကျွန်တော်တို့စိတ်နှလုံး အလိုရှိသည့်အတိုင်း” 22 လုပ်ခြင်းကို လျစ်လျူပြုတယ်လို့ ယုံကြည်နေချိန်မှာ “လူများနောက်သို့ လိုက်၍ မတရားသဖြင့်ခြင်း”၂၃ ဟာမှားကြောင်း ကျွန်တော်တို့ ရဲ့ဝံ့စွာ ကြေညာကြပါစို့၊ ဘာကြောင့်လဲဆိုရင်၊ “ဘုရားသခင်က မှားတယ်လို့ ကြေညာထားတဲ့အရာကို လူအစုအဖွဲ့တွေက မှန်အောင်မလုပ်နိုင်”၂၄ လို့ပဲဖြစ်ပါတယ်။
“အို သတိရလော့၊ သတိရလော့… ဘုရားသခင်၏ပညတ်တော်တို့ [တင်းကျပ်လှသော်လည်း လွတ်မြောက်စေ]ပါတယ်။”၂၅ အဲဒါတွေကို အကြိမ်ကြိမ်ရှင်းလင်းစွာသင်ပေးခြင်းဟာ ချုပ်ချယ်လိုခြင်းအပြုအမူလို့ အထင်ခံရကောင်းခံရနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ယုံကြည်ခြင်းနဲ့ ကွဲပြားတဲ့ ယုံကြည်မှုတွေကို လက်ခံယုံကြည်တဲ့ ဘုရားသခင့်သားသမီးတစ်ယောက်ကို ချစ်ဖို့ဆိုတာ ဖြစ်နိုင်ရုံတင်မကပါဘူး၊ မရှိမဖြစ်လိုအပ်ပါတယ်။
ကျွန်တော်တို့ဟာ ကိုယ်တော်ရှင်ရဲ့အလိုတော်နဲ့ မကိုက်ညီတဲ့ သူတို့ရဲ့ ယုံကြည်မှုတွေ သို့ အပြုအမူတွေကို အတည်မပြုဘဲ အခြားသူတွေကို လက်ခံနိုင်၊ လေးစားနိုင်ပါတယ်။ သမ္မာတရားကို သဘောတူနိုင်စွမ်းရှိခြင်းနဲ့ လူမှုနှစ်လိုဖွယ်ရှိခြင်း ပလ္လင်မှာ ယဇ်ပူဇော်ဖို့ မလိုပါဘူး။
ဇိအုန်နဲ့ ဗာဗုလုန်ဟာ သဟဇာတမဖြစ်ပါဘူး။ “ဘယ်သူမှ သခင်နှစ်ဦးကို အစေမခံနိုင်ပါဘူး။”၂၆ ကျွန်တော်တို့အားလုံး ကယ်တင်ရှင်ရဲ့ ထိုးဖောက်တဲ့ မေးခွန်းကို သတိရကြပါစို့၊ “ငါ့စကားကို နားမ ထောင်ဘဲလျက်၊ ငါ့ကိုသခင်၊ သခင်ဟု အဘယ်ကြောင့်ခေါ်ကြသနည်း။”၂၇
စိတ်နှလုံးအပြည့်၊ စေတနာပါတဲ့နာခံမှုဖြင့် ကိုယ်တော်ရှင်အပေါ်ကျွန်တော်တို့ရဲ့ ချစ်ခြင်းကို သရုပ်ဖော်ကြပါစို့။
သင်ဟာ တပည့်တော်ဖြစ်ခြင်းနဲ့ လောကကြားမှာ ကြားညပ်နေတယ်လို့ ခံစားမိလျှင်၊ သင့်ရဲ့ ချစ်သောကယ်တင်ရှင်က “ဖိတ်ခေါ်ချက်တစ်ခု ပို့ခဲ့ကြောင်း၊ ကရုဏာတော်လက်ရုံးတို့သည် [သင်တို့ထံသို့] ဆန့်တန်းတော်မူလျက်ရှိ၏၊ နောင်တရကြလော့၊ ငါသည်လည်း သင်တို့ကို လက်ခံတော်မူမည်”၂၈ ဆိုတဲ့အရာကို ကျေးဇူးပြု၍သတိရပါ။
ဥက္ကဋ္ဌနယ်လဆင်က သွန်သင်ခဲ့ပါတယ်၊ ယေရှုခရစ်တော်က “ယခုအချိန်နဲ့ သူတစ်ဖန်ကြွလာမယ့်အချိန်ကြားမှာ သူ့ရဲ့ အားအကြီးဆုံးအမှုအချို့ကို ဆောင်ရွက်ပါလိမ့်မယ်။”၂၉ ဒါပေမယ့်သူသွန်သင်ခဲ့တာရှိပါသေးတယ်၊ “ကိုယ်တော်ရှင်ရဲ့လမ်းကို ရွေးတဲ့သူတွေဟာ ညှဉ်းပမ်းနှိပ်စက်မှုကို ကြံ့ကြံ့ခံနိုင်ဖွယ်ရှိပါလိမ့်မယ်။” ၃၀ ကျွန်တော်တို့ သူ့အသံတော်ကို အခြားအရာမှန်သမျှထက် ဦးစားပေးကြတာနဲ့အမျှ၊ အကြိမ်ကြိမ် “သူ့နာမတော်ကြောင့် အရှက်ကွဲခြင်းကို ခံထိုက်ခြင်း”၃၁ “ဆိုတာ ကျွန်တော်တို့ရဲ့ အခြေအနေတစ်ခု ဖြစ်နိုင်ပါတယ်။”၃၂
“ငါ့ကြောင့် စိတ်မပျက်သောသူသည်” “မင်္ဂလာရှိ၏”၃၃ လို့ကယ်တင်ရှင်မိန့်တော်မူခဲ့ပါတယ်။ “တရားတော်ကို နှစ်သက်သော သူတို့၌ ကြီးစွာ သော ငြိမ်ဝပ်ခြင်း ရှိပါ၏။ သူတို့စိတ်ပျက်စရာအကြောင်း မရှိ” ပါ၊၃၄ လို့အခြားနေရာမှာ ကျွန်တော်တို့ သင်ယူရပါတယ်။ ဘာမှမရှိပါ။ ဒါကြောင့် ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ မေးကြပါစို့၊ “ငါသည် စိတ်နှလုံး၌ အမြစ်မစွဲခဏသာတည်သဖြင့်၊ တရားစကားကြောင့်၊ အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရသောအခါ ချက်ခြင်းဖောက်ပြန်တတ်သလော။ ၃၅ ငါသည် ယေရှုခရစ်တော်နှင့် သူ့အစေခံတို့ရဲ့ ကျောက်ပေါ်မှာ ခိုင်မြဲစွာတည်ဆောက်ထားပါသလား။”
စာရိတ္တသမုတိသစ္စာသမားတွေက သမ္မာတရားဆိုတာ လူမှုရေးတည်ဆောက်မှုတစ်ခုမျှသာဖြစ်တယ်၊ စာရိတ္တပရမတ်မရှိဘူးလို့ ထောက်ခံကြပါတယ်။ သူတို့အမှန်ပြောနေတဲ့အရာကတော့ အပြစ်တရားမရှိ ၃၆ လို့ဆိုတဲ့၊ “လူသားပြုသမျှသောအရာသည် ပြစ်မှုမဟုတ်”၃၇ လို့ဆိုတဲ့ မာရ်နတ်က ဂုဏ်ယူတဲ့ ပိုင်ရှင်အဖြစ်ဆိုချင်တဲ့ အတွေးအခေါ်တစ်ခုဖြစ်ပါတယ်။ သိုးရေခြုံထားတဲ့ တောခွေးတွေကို ကျွန်တော်တို့ သတိထားကြပါစို့၊ သူတို့ဟာ အမြဲတမ်းလူစုနေကြ၊ “သူတို့ကိုယ်တိုင်ရဲ့ အပြုအမူပျက်ယွင်းမှုတွေကို ဖုံးကွယ်ဖို့ သူတို့အသိဉာဏ်ကို အကြိမ်ကြိမ် သုံးနေကြပါတယ်။” ၃၈
ကျွန်တော်တို့ဟာ ခရစ်တော်ရဲ့ သတ္တိကောင်းတပည့်တော်တွေအမှန်ဖြစ်လိုကြလျှင် နည်းတစ်ခုကို တွေ့ပါလိမ့်မယ်။ သို့မဟုတ်လျှင်၊ မာရ်နတ်က ဆွဲဆောင်အားကောင်းတဲ့ ရွေးချယ်စရာတွေကမ်းလှမ်းပါလိမ့်မယ်။ ဒါပေမယ့် သစ္စာရှိတပည့်တော်တွေအဖြစ်၊ “ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ယုံကြည်မှုတွေအတွက် တောင်းပန်စရာမလိုပါဘူး၊ မှန်တယ်လို့ ကျွန်တော်တို့ သိတဲ့အရာကနေ နောက်ဆုတ်စရာလည်း မလိုပါဘူး။”၃၉
နိဂုံးချူပ်အနေနဲ့၊ ကျွန်တော့်နောက်မှာထိုင်နေတဲ့ ဘုရားသခင့်အစေခံ ၁၅ ယောက်ရဲ့စကားတစ်ခုကို ပြောလိုပါတယ်။ လောကီဆန်သူတွေက “မြင်သူတွေကို မြင်ခြင်းမရှိ၊ ပရောဖက်တွေကို ပရောဖက်ပြုခြင်းမရှိ၊” ၄၀ ပြောနေချိန်မှာ၊ သစ္စာရှိသူတွေဟာ “အထက်မှ ကောင်းချီးမင်္ဂလာများဖြင့်၊ ထိုမှတစ်ပါး၊ အနည်းငယ်မဟုတ်သည့် ပညတ်တော်များဖြင့်၊ ထို့အတူ သူ့အချိန်နှင့်သူ ဗျာဒိတ်တော်များဖြင့် ချီးမြှင့် ခံရကြ”၄၁ ပါတယ်။
အံ့ဩစရာမလိုပါဘူး၊ ဒီလူတွေဟာ ပရောဖက်တွေကြေညာတဲ့ ဘုရားသခင့်နှုတ်ကပတ်တော်ကို မကျေနပ်ကြသူတွေအတွက် အလင်းတွေ မကြာမကြာဖြစ်လာနေကြပါပြီ။ ပရောဖက်တွေကို မသိနားမလည်သော သူတို့ဟာ “ကျမ်းစာ၌ပါသော အာနဂတ္တိ စကားမည်သည်ကား၊” ကိုယ်အလိုအလျောက်အနက်မပေါ်[ဘဲရှိ] သို့မဟုတ် လူ့စိတ်ရလဒ်လဲမဟုတ်၊ “သို့ရာတွင် ဘုရားသင်၏ သန့်ရှင်းသောသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို [ခံရ]၍ [ဟောပြော]ကြတယ် [ဆိုတာကို]”၄၂ သတိမပြုမိကြပါဘူး။
ပေါလုလိုပဲ၊ ဘုရားသခင်ရဲ့ ဒီလူတွေဟာ၊ “ကိုယ်တော်ရှင်၏သက်သေ” ကိုလည်းကောင်း၊ သူ့ကြောင့် “အကျဉ်းသား[တွေ]”၄၃“ဖြစ်ရခြင်းကိုလည်းကောင်း ရှက်ကြောက်ခြင်း မရှိ …” ကြပါဘူး။ ပေတရုလိုပဲ ၊ သူတို့ဟာ “[သူတို့] ကြားလျက်၊ မြင်လျက် ရှိတဲ့အရာတွေကို မပြောဘဲ မနေနိုင်ကြ”၄၄ ပါဘူး။ ပထမဥက္ကဋ္ဌအဖွဲ့နဲ့ တမန်တော်တစ်ဆယ်နှစ်ပါး အဖွဲ့ဝင်တွေဟာ ဘုရားသခင်နဲ့ သူ့သားသမီးတွေကို ချစ်တဲ့လူရိုးလူကောင်းတွေ၊ သူ့ချစ်ခြင်းကို ခံကြရတဲ့သူတွေဖြစ်ကြောင်း ကျွန်တော်သက်သေခံပါတယ်။ သူတို့စကားတွေဟာ ကိုယ်တိုင်၏နှုတ်မှ ထွက်သကဲ့သို့ပင်၊ “အလုံးစုံသောသည်းခံခြင်းနှင့် ယုံကြည်ခြင်းဖြင့် ကျွန်တော်တို့ လက်ခံရရှိကြတာဖြစ်ပါတယ်။ ဤအရာတို့ကိုပြုခြင်းအားဖြင့် ငရဲ၏တံခါးတို့က [ကျွန်တော်တို့]ကို… မနိုင်ပါဘူး။ ထိုမှတစ်ပါး၊ ကိုယ်တော်ရှင်ဘုရားသခင်သည် မှောင်မိုက်ခြင်းတန်ခိုးတို့ကို [ကျွန်တော်တို့]ရှေ့မှ ပြန့်လွင့်စေတော်မူမှာ”၄၅ဖြစ်ပါတယ်။
“ဘယ်မသန့်ရှင်းတဲ့လက်ကမှ အမှုတော်တိုးတက်ခြင်းကို မရပ်တန့်နိုင်ပါဘူး”၄၆၊ အဲဒါက သင် သို့မဟုတ် ကျွန်တော် ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ၊ အောင်မြင်စွာ ချီတက်ပါလိမ့်မယ်၊ ဒါကြောင့်၊ “ဒီနေ့မှာ သင်တို့ ဘယ်သူ့ကို အစေခံမလဲဆိုတာ ရွေးချယ်ကြပါ။” ၄၇ ကြီးမားကျယ်ပြန့်တဲ့ အဆောက်အဦးဆီက ထွက်နေတဲ့ ကျယ်လောင်တဲ့ မာရ်နတ်ဆူညံသံတွေအားဖြင့် အလိမ်မခံကြ၊ ခြိမ်းခြောက်မခံကြပါနဲ့။ သူတို့ရဲ့ထင်ရာစိုင်းအသံတွေဟာ ကျိုးပဲ့တဲ့နှလုံးသားနဲ့ကြေကွဲတဲ့စိတ်တွေအပေါ် တည်ငြိမ်အေးချမ်းသောလွှမ်းမိုးမှုရှိတဲ့ ဖြည်းညှင်းတဲ့အသံနဲ့ မလိုက်ဖက်ပါဘူး။
ခရစ်တော်အသက်ရှင်ကြောင်း၊ သူဟာကျွန်တော်တို့ရဲ့ ကယ်တင်ရှင်နဲ့ ရွေးနှုတ်ရှင်ဖြစ်ကြောင်း၊ သူက သူ့အသင်းတော်ကို ပထမဥက္ကဋ္ဌအဖွဲ့ နဲ့ တမန်တော်တဆယ်နှစ်ပါးအဖွဲ့တို့ဖြင့် ဦးဆောင်ကြောင်း၊ ထိုကဲ့သို့အားဖြင့်၊ ကျွန်တော်တို့ဟာ “ခပ်သိမ်းသော ဩဝါဒ လေတိုက်၍ဖရိုဖရဲမလွင့်ဖို့”၄၈ တဲ့အကြောင်း ကျွန်တော် သက်သေခံပါတယ်။
“ယေရှုခရစ်တော်ရဲ့ စစ်မှန်သော တပည့်တော်တွေဟာ၊” “ရှေ့ထွက်ဖို့၊ ဟောပြောဖို့ နဲ့ လောကလူသားတွေနဲ့ ကွဲပြားဖို့ လိုလိုလားလားရှိကြ ကြောင်း ဥက္ကဋ္ဌနယ်လဆင် ကသွန်သင်ခဲ့ပါတယ်။ သူတို့ဟာ မဖြုံတဲ့၊ ဆပ်ကပ်သော၊ သတ္တိရှိသူတွေ ဖြစ်ကြပါတယ်။”၄၉
ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကောင်းစွာနေဖို့ရာအတွက် ကောင်းသောနေ့တစ်နေ့ဖြစ်ပါတယ်။ ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်တဲ့နာမတော်အားဖြင့်၊ အာမင်။