အထွေထွေညီလာခံ
ခရစ်တော်နှင့် သူ၏ဧဝံဂေလိတရားတော်၌ အံ့ဩခြင်း
ဧပြီ ၂၀၂၂ အထွေထွေညီလာခံ


13:25

ခရစ်တော်နှင့် သူ၏ဧဝံဂေလိတရားတော်၌ အံ့ဩခြင်း

ကယ်တင်ရှင်၏ ပူဇော်သက္ကာအတွက် ကျွန်တော်တို့၏မျက်လုံးများနှင့် နှလုံးသားများ ခံစားခဲ့ရသည့်အရာများကို အောက်မေ့နိုင်ပါစေ။

ကျွန်တော့်မှာ သူငယ်ချင်းကောင်း၊ အလွန်တော်တဲ့၊ တက္ကသိုလ်ပါမောက္ခ၊ အရေးသွက်စာရေးဆရာ၊ အဲဒါတွေအားလုံးထက်၊ ယေရှုခရစ်တော်ရဲ့ တပည့်တော်ပီသတဲ့သူတစ်ယောက်ရှိပါတယ်။ သူဟာ ညီလာခံတွေတက်ရောက်ဖို့၊ ပညာရေးသုတေသနလုပ်ဖို့၊ ပြီးတော့ ခရီးသွားဦးဆောင်ဖို့ သန့်ရှင်းသောမြေကို အကြိမ်ဒါဇင်များစွာရောက်ခဲ့ပါတယ်။ သူ့ပြောပြချက်အရ၊ ယေရှုလျှောက်ခဲ့တဲ့မြေကို သူသွားတိုင်း၊ သူအံ့ဩခဲ့ရပါတယ်၊ ဘာကြောင့်လဲဆိုလျှင်၊ သူဟာအသစ်အဆန်းတစ်ခုကို အသေအချာသင်ယူခဲ့ရ၊ ကယ်တင်ရှင်၊ သူ့လူ့ဇာတိအမှုတော်ဆောင်ခြင်း၊ ပြီးတော့ သူ့ချစ်သော ဇာတိမြေတို့နဲ့ပတ်သက်လို့ အံ့အားသင့်စိတ်ဝင်စားခဲ့ရလို့ပဲဖြစ်ပါတယ်။ သန့်ရှင်းသောမြေမှာ ကျွန်တော့်သူငယ်ချင်း သူသင်ယူခဲ့တာအားလုံးအကြောင်းကို ပြောတဲ့အခါ သူ့ရဲ့အံ့ဩမှုဟာ ကူးစက်သွားပါတယ်၊ ပြီးတော့ ဒီအံ့ဩမှုဟာသူ့ဘဝမှာ သူ့ရဲ့ကြီးစွာသောအောင်မြင်မှုတွေနဲ့ ပညာရေးကြိုးပမ်းမှုမှာ အခြေခံတစ်ခုဖြစ်ခဲ့ပါတယ်။

ကျွန်တော်သူ့အတွေ့အကြုံတွေကို နားထောင်ရင်း၊ သူ့စိတ်တက်ကြွမှုကို ခံစားရင်း၊ ဝိညာဉ်ပကတိအံ့ဩစရာတွေဘယ်‌လောက်တောင်ရှိမလဲလို့ စဉ်းစားမိခဲ့ပါတယ်။ ပြောရမယ်ဆိုရင်၊ ကျွန်တော်တို့ဟာ ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားတော်ရဲ့ သွန်သင်မှု၊ ပြီးတော့ ကျွန်တော်တို့ရဲ့တပည့်တော်ဖြစ်ခြင်းနဲ့ ထာဝရအသက်သို့ ကျွန်တော်တို့ရဲ့ခရီးမှာ အဲဒါက ဖြစ်စေနိုင်တဲ့ ခြားနားမှုတို့ကို ခံစားနိုင်ကြပါတယ်။ ကျွန်တော်ရည်ညွှန်းတဲ့အံ့ဩမှုက စိတ်ခံစားမှုအသိ၊ အံ့ဩမှု၊ သို့မဟုတ် မိမိတို့ဘဝကို ကယ်တင်ရှင်နဲ့သူ့သွန်သင်မှုတွေအပေါ် စိတ်နှလုံးအပြည်နဲ့ ဗဟိုပြုသူ၊ မိမိတို့ဘဝတွေမှာသူ့မျက်မှောက်တော်ကို နှိမ့်ချစွာအသိအမှတ်ပြုသူ မှန်သမျှတို့အတွက် ယေဘုယျကျပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြလှုံ့ဆော်မှုကို ခံရတဲ့ ထိုကဲ့သို့သောအံ့ဩမှုက၊ ခရစ်တော်ရဲ့ဩဝါဒမှာ ဝမ်းမြောက်စွာနေထိုင်ဖို့ စိတ်တက်ကြွမှုကို နှိုးဆော်ပေးပါတယ်။

ကျမ်းစာတွေမှာ ဒီအသိစိတ်ကို ဘယ်လိုထင်ရှားစွာဖော်ပြကြောင်း အမျိုးမျိုးသောပုံသက်သေတွေပါဝင်နေပါတယ်။ ပရောဖက်‌ဟေရှာယက၊ ဥပမာအားဖြင့်၊ ကိုယ်တော်ရှင်၌ သူ၏ရွှင်လန်းဝမ်းမြောက်ခြင်းအားဖြင့်သူ့ရဲ့ ကျေးဇူးတရားရဲ့ အတိမ်အနက်ကို ဖော်ပြခဲ့ပါတယ်။ ကေပရနောင်မြို့ရှိတရားဇရပ်မှာ ယေရှုတရားဟောတာကို ကြားတဲ့သူတွေဟာ သူ့ဩဝါဒနဲ့ သူသွန်သင်တဲ့ခွန်အားကို အံ့ဩကြပါတယ်။ အဲဒါက လူငယ်ဂျိုးဇက်စမစ် သမ္မာကျမ်းထဲက ယာကုပ်ဩဝါဒစာပထမ အခန်းကြီးကျမ်းပိုဒ်အချို့ကိုဖတ်စဉ် သူရဲ့ နှလုံးသားအသားမျှင်တိုင်းကို ထိုးဖောက်တဲ့အလားတူခံစားချက်ဖြစ်ပါတယ်၊ အဲဒါက သူ့ကို ဘုရားသခင်ရဲ့ဉာဏ်ပညာကို ရှာဖို့ သူ့ကို ပို့ဆောင်ခဲ့ပါတယ်။

ကျွန်တော့်ချစ်သောညီအစ်ကိုမောင်နှမတို့ခင်ဗျာ၊ ကျွန်တော်တို့ဟာ ယေရှုခရစ်တော်နဲ့ သူ့ဧဝံဂေလိတရားကို အမှန်အံ့ဩကြတဲ့အခါ၊ ပိုပြီးပျော်ရွှင်ကြပါတယ်၊ ဘုရားသခင်ရဲ့အမှုတော်အတွက် ပိုပြီးစိတ်တက်ကြွမှုရှိကြ၊ အရာရာတိုင်းမှာ ဘုရားသခင်ရဲ့လက်တော်ကို အသိအမှတ်ပြုကြပါတယ်။ ထို့ပြင်၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ကျွန်တော်တို့ရဲ့ လေ့လာမှုက ပိုပြီးအဓိပ္ပာယ်ရှိလာပါတယ်၊ ကျွန်တော်တို့ရဲ့ဆုတောင်းခြင်းတွေက ပိုပြီးရည်ရွယ်ချက်ရှိလာပါတယ်၊ ကျွန်တော်တို့ရဲ့ကိုးကွယ်မှုက ပိုပြီးရိုသေမှုရှိလာပါတယ်၊ ဘုရားသခင်ရဲ့နိုင်ငံတော်၌ ကျွန်တော်တို့ရဲ့ အစေခံမှုက ပိုပြီးလုံ့လဝီရိယရှိလာပါတယ်။ ဒါတွေအားလုံးဟာ ကျွန်တော်တို့ဘဝတွေမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုတော်ဆောင်ခြင်း ပိုပြီးမကြာမကြာဖြစ်ခြင်းအတွက် ထောက်ပံ့တဲ့အချက်တွေဖြစ်ပါတယ်။ ဒီနည်းနဲ့၊ ကယ်တင်ရှင်နဲ့ သူ့ဧဝံဂေလိတရားတော်အကြောင်းကျွန်တော်တို့ရဲ့ သက်သေခံချက် ခွန်အားပြည့် ပေးခံရပါလိမ့်မယ်၊ ခရစ်တော်ကို ကျွန်တော်တို့ဘဝမှာ ဆက်ပြီးရှင်သန်စေပါလိမ့်မယ်၊ ပြီးတော့ ကျွန်တော်တို့ဘဝတွေကို “သူ့ဆီမှာအခြေပြုတည်ဆောက်ပြီး၊ ယုံကြည်ခြင်းမှာတည်ဆောက်ကြပြီး၊ အဲဒီမှာ ကျေးဇူးတင်ခြင်းနဲ့ ကြွယ်ဝကြပါလိမ့်မယ်။” ကျွန်တော်တို့ဟာ ဒီနည်းနဲ့နေထိုင်ကြတဲ့အခါ၊ ဝိညာဉ်ပကတိပိုပြီးကြံ့ကြံ့ခံနိုင်ကြပြီး၊ ဝိညာဉ်ပကတိခံစားမှုကင်းခြင်းထောင်ချောက်ထဲကိုကျခြင်းဘေးမှ အကာအကွယ်ရနိုင်ကြပါတယ်။

ထိုကဲ့သို့သော ခံစားမှုကင်းခြင်းကို ကိုယ်တော်ရှင်ရဲ့ ဧဝံဂေလိတရားတော်၌ လုံးဝပြည်စုံစွာအာရုံစိုက်ဖို့ ကျွန်တော်တို့ရဲ့ စိတ်လှုပ်ရှားမှု တဖြည်းဖြည်းပျောက်ဆုံးခြင်းအားဖြင့် ဖော်ပြထားပါတယ်။ ကျွန်တော်တို့ဟာ ဒီဘဝမှာ ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုအတွက်လိုအပ်တဲ့ အသိဉာဏ်နဲ့ကောင်းချီးမင်္ဂလာတွေကို ရရှိကြပြီးပြီလို့ ခံစားကြတဲ့အခါ၊ အဲဒါကအများအားဖြင့်စတင်ပါတယ်။ ဒီကျေနပ်မှုဟာ ပြောရလျှင်၊ ကျွန်တော်တို့ကို ဧဝံဂေလိတရားတော်ဆုကျေးဇူးတွေကို အလေးမထားခြင်းကို ဖြစ်စေပါတယ်၊ အဲဒီကနေ၊ ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားတော် အခြေခံလိုအပ်ချက်တွေမှာ ပုံမှန်နှစ်မြှုပ်ခြင်း နဲ့၊ ကျွန်တော်တို့ပြုခဲ့တဲ့ပဋိညာဉ်တွေ ကိုလျစ်လျူရှုခြင်း ဘေးနှစ်ခုစလုံးကို ပြုကြပါတယ်။ အဲဒါကြောင့်ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို ကိုယ်တော်ရှင်ဆီကနေ တဖြည်းဖြည်းဝေးလာစေကြ၊ ကျွန်တော်တို့ရဲ့ “သူ့ကို ကြားနာ” နိုင်စွမ်းအားနည်းလာကြ၊ သူ့အမှုတော်ရဲ့ ကြီးမြတ်မှုကို စိတ်ဝင်စားမှုမရှိ၊ မခံစားတတ်ဘဲဖြစ်လာကြပါတယ်။ ကျွန်တော်တို့ရရှိပြီးသား ကျွန်တော်တို့ရဲ့သက်သေခံချက်ရဲ့အမှန်တရားတွေနဲ့ပတ်သက်လို့ သံသယရှိခြင်းက ကျွန်တော်တို့ရဲ့စိတ်နဲ့ နှလုံးသားကို ထိုးဖောက်ပြီး၊ ကျွန်တော်တို့ကို ရန်သူရဲ့ သွေးဆောင်ခြင်းတွေအဖို့ ခုခံနိုင်စွမ်းမဲ့စေပါတယ်။၁၀

နာမည်ကျော်စာရေးဆရာ၊ ရဲရဲတောက်ခရစ်ယာန် ဓမ္မဆရာ အေဒင် ဝီလဆင် တိုဇာ ကရေးခဲ့ပါတယ်၊ “နှစ်သက်ချမ်းမြေ့ခြင်းသည် ဝိညာဉ်ပကတိတိုးတက်မှုအားလုံး၏ သေစေနိုင်သောရန်သူဖြစ်၏။”၁၁ ဒီအရာက ခရစ်တော်ရဲ့ဖွားတော်မူပြီးနောက် သိပ်မကြာမီ၊ နီဖိုင်းလူမျိုးတို့မှာ ဖြစ်ခဲ့တဲ့အရာပဲမဟုတ်ပါဘူးလားခင်ဗျာ။ သူတို့ဟာ “ကောင်းကင်ဘုံက နိမိတ်လက္ခဏာတစ်ခု (သို့) အံ့ဩဖွယ်တစ်ခု၊ ကို အံ့ဩခြင်းလျော့နည်းလာစပြု၍၊” “သူတို့ ကြားခဲ့မြင်ခဲ့တဲ့အရာအားလုံးကို သံသယရှိခြင်း …[မယုံကြည်မှု] ဖြစ်စပြုခဲ့ကြပါတယ်။” ဒီနည်းနဲ့၊ စာတန်က “သူတို့ရဲ့ မျက်စိတွေကို ကွယ်စေပြီး၊ ခရစ်တော်ရဲ့ဩဝါဒဟာ မိုက်မဲခြင်းတစ်ခု၊ အချည်းနှီးတစ်ခုလို ယုံကြည်စေရန် သွေး‌‌‌‌ဆောင်ခေါ်ဆောင်သွားပါတယ်။၁၂

ညီအစ်ကို မောင်နှများခင်ဗျာ၊ သူ့ရဲ့ စုံလင်ပြီး အနှိုင်းမဲ့တဲ့ချစ်ခြင်းနဲ့၊ ကျွန်တော်တို့ရဲ့ လူသားသဘာဝကို သိတဲ့၁၃ ကယ်တင်ရှင်ဟာ ကျွန်တော်တို့အတွက် ဝိညာဉ်ပကတိစိတ်မဝင်စားခြင်းထောင်ချောက်ထဲကျခြင်းကို ရှောင်ဖို့နည်းလမ်းကို တည်ထောင်ခဲ့ပါတယ်။ ကယ်တင်ရှင်၏ဖိတ်ကြားချက်သည် ကျွန်တော်တို့အား အထူးသဖြင့် ကျွန်တော်တို့နေထိုင်ရာ ရှုပ်ထွေးသောကမ္ဘာကို ထည့်သွင်းစဉ်းစားရန် ပိုမိုကျယ်ပြန့်သောရှုထောင့်ကိုပေးပါတယ်။ “ငါ့ကို လေ့လာ၍ ငါ့စကားကို နားထောင်ကြလော့။ ငါ့ဝိညာဉ်၏ နူးညံ့သိမ်မွေ့သောအားဖြင့် လျှောက်လှမ်းလော့၊ သင်သည် ငါ့၌ငြိမ်သက်ခြင်းရှိလိမ့်မည်။”၁၄ ကျွန်တော်တို့ဟာ ကယ်တင်ရှင်ဆီကနေ ဒီဖိတ်ခေါ်ချက်ကို လက်ခံကြတာနဲ့အမျှ၊ ကျွန်တော်တို့ရဲ့ နှိမ့်ချခြင်း၊ သင်လွယ်ပြုလွယ်လိုတဲ့ဆန္ဒ၊ သူနဲ့ပိုတူလာဖို့ ကျွန်တော်တို့ရဲ့ မျှော်လင့်ခြင်း၁၅ကို သရုပ်ဖော်ကြတာဖြစ်ပါတယ်။ ဤဖိတ်ကြားချက်တွင် ကိုယ်တော်၏အမှုတော်ကိုထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏သားသမီးများအား “[ကျွန်ုပ်တို့၏] စိတ်နှလုံး၊ ခွန်အား၊ ဉာဏ်နှင့် အစွမ်းရှိသမျှဖြင့်”၁၆ လုပ်ဆောင်ခြင်းလည်း ပါဝင်ပါတယ်။ ဒီခရီးမှာ ကျွန်တော်တို့အားထုတ်မှုရဲ့ ဗဟိုချက်ဟာ ကျွန်တော်တို့ရဲ့ကိုယ်တော်ရှင်ဘုရားသခင်ကို၊ ပြီးတော့ ကျွန်တော်တို့နဲ့စပ်ဆိုင်သူတွေကို ကိုယ်နှင့်အမျှ ချစ်လော့။၁၇ ဆိုတဲ့ ကြီးစွာသောပညတ်တော်နှစ်ခုပဲဖြစ်ပါတယ်။

ဒါက ကယ်တင်ရှင်ရဲ့ ဘုရားစရိုက်လက္ခဏာအစိတ်အပိုင်းဖြစ်ပါတယ်၊ သူ့ရဲ့လောကအမှုတော်ဆောင်ကာလအတွင်းမှာ သူလုပ်ဆောင်ခဲ့တဲ့အရာတိုင်းမှာ ထင်ရှားခဲ့ပါတယ်။၁၈ ဒါကြောင့်၊ ကျွန်တော်တို့ဟာ သူ့ကို မျှော်ကြည့်ဖို့နဲ့ သူ့ရဲ့စုံလင်တဲ့ပုံသက်သေဆီကနေ သင်ယူဖို့၁၉ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ရည်ရွယ်ချက်ရှိရှိနဲ့ အမှန်ဆက်ကပ်ကြပါတယ်။ ကျွန်တော်တို့ဟာ ဘယ်လိုနေထိုင်သင့်၊ ပုံသက်သေပြသင့်၊ ကျွန်တော်တို့လိုက်လျှောက်ရမယ့်ပညတ်တော်တွေရဲ့ အဆုံးစွန်သောစံနှုန်းတွေကို ကျွန်တော်တို့ဘဝတွေထဲကို ပေါင်းစပ်ဖို့ စိတ်ထက်သန်မှုနဲ့ ဆန္ဒမှာ တိုးတက်ကြပါတယ်။ ကျွန်တော်တို့ဟာ ထပ်လောင်းနားလည်ခြင်း၊ ဉာဏ်ပညာ၊ ဘုရားလက္ခဏာ၊ ဘုရားသခင်ဆီနဲ့ ကျွန်တော်အိမ်နီးချင်းတွေကျေးဇူးတော်ကိုလည်း ရရှိကြပါတယ်။၂၀ ကယ်တင်ရှင်ရဲ့လွှမ်းမိုးမှုနဲ့ ချစ်ခြင်းကို ကျွန်တော်တို့ရဲ့ ခံစားနိုင်စွမ်းဟာ ကျွန်တော်တို့ဘဝတွေမှာ၊ အရှိန်မြင့်လာ၊ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို တိုးမြှင့်လျက်၊ ဖြောင့်မတ်စွာပြုမူလိုတဲ့ကျွန်တော်တို့ရဲ့ဆန္ဒ၊ သူနဲ့အခြားသူတွေကို အစေခံဖို့ စိတ်အားမြှင့်တင်ခြင်းတို့ရှိမယ့်အကြောင်း ကျွန်တော်အာမခံပါတယ်။၂၁ ထပ်လောင်း၍၊ ကောင်းချီးမင်္ဂလာတွေအတွက် ကျွန်တော်တို့ရဲ့ ကျေးဇူးတရား၊ ပြီးတော့ လူ့ဇာတိဘဝမှာကျွန်တော်တို့ တွေ့ကြုံရတဲ့ စိန်ခေါ်မှုတွေဟာ ခိုင်မာ၍၊ မှန်ကန်တဲ့ကိုးကွယ်မှုရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်လာပါလိမ့်မယ်။၂၂

ကျွန်တော့်ချစ်သောမိတ်ဆွေများခင်ဗျာ၊ ဒါတွေအားလုံးက ကျွန်တော်တို့ရဲ့ ဧဝံဂေလိတရားတော်ဝိညာဉ်ပကတိအံ့ဩမှုကို ခွန်အားဖြည့်ပေးပြီးတော့၊ ကျွန်တော်တို့တွေ့ကြုံရတဲ့ ဒုက္ခတွေနဲ့ စိန်ခေါ်မှုတွေ—အလယ်မှာတောင်မှ ကျွန်တော်တို့ကို ကိုယ်တော်ရှင်နဲ့ပြုခဲ့တဲ့ပဋိညာဉ်တွေကို ဝမ်းမြောက်စွာစောင့်ထိန်းစေရန် လှုံ့ဆော်ပါတယ်။ ဟုတ်ကဲ့၊ ဒီရလဒ်တွေဖြစ်လာစေဖို့၊ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ကယ်တင်ရှင်ရဲ့သွန်သင်မှုတွေ၂၃မှာ စစ်မှန်သောရည်ရွယ်ချက်နဲ့ နှစ်မြှုပ်ကြဖို့ လိုအပ်ပါတယ်၊ ကောင်းကင်ဘုံရှင်အဘနဲ့ ယေရှုခရစ်တော်ကိုသာအာရုံစိုက်လျက်၊ သူတို့ရဲ့စရိုက်လက္ခဏာတွေကို ကျွန်တော်တို့ရဲ့နေထိုင်မှုမှာ ပေါင်းစပ်လျက်၂၄ ရှိကြရမှာဖြစ်ပါတယ်။ ပြီးတော့၊ ကျွန်တော်တို့ရဲ့နောင်တရခြင်း၂၅အားဖြင့်၊ သူ့ရဲ့ ခွင့်လွှတ်ခြင်းနဲ့ ကျွန်တော်တို့ဘဝတွေမှာ သူ့ရဲ့ရွေးနှုတ်ခြင်းတန်ခိုးကို ရှာခြင်းနဲ့ သူ့ပညတ်တော်တွေကို စောင့်ထိန်းခြင်းအားဖြင့် သူ့ဆီကို ချဉ်းကပ်ဖို့လိုပါတယ်။ ကျွန်‌တော်တို့ဟာ သူ့ကို ကျွန်တော်တို့ရဲ့ စိတ်နှလုံးရှိသမျှနဲ့၊ ကိုးစား၍၊ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဉာဏ်ကို အမှီမပြုဘဲ၊ ကျွန်တော်တို့ပြုသမျှမှာ သူ့ကို အသိအမှတ်ပြုနေကြမယ်ဆိုလျှင်၊ သူကကျွန်တော်တို့ကို လမ်းညွှန်မှာ၂၆ ဖြစ်တဲ့အကြောင်း ကိုယ်တော်ရှင်ကိုယ်တိုင်က ကတိထားတော်မူပါတယ်။

ဝီစ်နှင့် အသင်းလူကြီးဂျုန်းစ်

မကြာမီက ကျွန်တော်တွေ့ခဲ့တဲ့အမျိုသားတစ်ဦး၊ သူ့နာမည်က ဝီစ်ပါ၊ သူက ခရစ်တော်ရဲ့ သူနဲ့ သူ့ဧဝံဂေလိတရားတော်ကို သင်ယူဖို့ ဖိတ်ခေါ်ချက်ကို လက်ခံခဲ့ပါတယ်၊ သူ့ကိုယ်သူ ပဋိညာဉ်လမ်းကြောင်းပေါ်ကနေ ၂၇ နှစ် ဝေးကွာနေခဲ့ပြီးနောက် ကိုယ်တော်ရဲ့ချစ်ခြင်းအံ့ဩဖွယ်ကို တွေ့ကြုံဖို့ စတင်ခဲ့ပါတယ်။ သူ ကျွန်တော့်ကို ပြောပြတာက၊ တစ်နေ့မှာ သူဟာ အယ်လဒါဂျုန်းစ်ဆိုတဲ့ သာသနာပြုတစ်ဦးနဲ့ ဖေ့စ်ဘုတ်ကနေအဆက်အသွယ်ရခဲ့ပါတယ်၊ သူဟာ ပနားမားရှိ သူ့မူရင်း သာသနာနယ်ကို မသွားမီ ဝီစ်တို့‌ဒေသကို ယာယီတာဝန်ပေးခံခဲ့ရတာပါ။ အယ်လဒါဂျုန်းစ်ဟာ ဝီစ်ရဲ့ပုံကိုရုတ်တရက်မြင်ရတုန်းက သူဟာ အသင်းတော်အသင်းသားတစ်ယောက်ဖြစ်ပြီးသားဆိုတာကို ကြိုမသိခဲ့ပါဘူး၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းညွှန်မှုကို ခံစားရပြီး၊ ဝီစ်ကို ချက်ချင်းဆက်သွယ်ရမယ်ဆိုတာကို သိခဲ့ပါတယ်။ ဒီခံစားချက်ကို မြန်မြန်ဆောင်ရွက်ခဲ့ပါတယ်။ ဝီစ်ဟာ ဒီမမျှော်လင့်တဲ့ဆက်သွယ်မှုကို အံ့ဩခဲ့ပြီး၊ သူပဋိညာဉ်လမ်းကြောင်းကနေ ဝေးနေပေမယ့် သူ့ကိုကိုယ်တော်ရှင် သတိထားတယ်ဆိုတာကို သဘောပေါက်စပြုခဲ့ပါတယ်။

အဲဒီကနေ၊ ဝီစ်နဲ့သာသနာပြုတွေမကြာခဏဆက်သွယ်စပြုခဲ့ပါတယ်။ အယ်လ်ဒါဂျုန်းစ်နဲ့ သူ့အဖော်က အစေခံခြင်းအမှုတွေနဲ့ ဝိညာဉ်ပကတိသတင်းစကားတွေကို အပတ်တိုင်း‌ ပေးခဲ့ပါတယ်၊ အဲဒါတွေက ဝီစ်ကို ကယ်တင်ရှင်နဲ့ သူ့ဧဝံဂေလိတရားတော်အပေါ်သူ့ရဲ့အံ့ဩမှုကို ပြန်တွေ့ဖို့ ကူညီခဲ့ပါတယ်။ အဲဒါက သူ့ရဲ့သမ္မာတရားအကြောင်းနဲ့ သူ့အပေါ်ကယ်တင်ရှင်ရဲ့ ချစ်ခြင်းအကြောင်း သက်သေခံချက်မီးတောက်ကို ပြန်ညှိပေးခဲ့ပါတယ်။ ဝီစ်ဟာ နှစ်သိမ့်ရှင်ဆီက လာတဲ့ ငြိမ်းချမ်းခြင်းကို ခံစားခဲ့ရပါတယ်၊ သိုးစုဆီကို ပြန်သွားဖို့ သူလိုတဲ့ခွန်အားကိုလည်း ရရှိခဲ့ပါတယ်။ ဒီအတွေ့အကြုံက သူ့ကို ဝိညာဉ်ပကတိနဲ့ စိတ်ခံစားမှုရှင်သန်ခြင်းဆီကို ပြန်လည်ခေါ်ဆောင်ခဲ့ပြီး၊ သူဖြတ်သန်းခဲ့ရတဲ့ ခက်ခဲတဲ့အတွေ့အကြုံတွေကြောင့် နှစ်များစွာစုလာခဲ့တဲ့ ခါးသည်းခြင်းခံစားမှုတွေကို ချေဖျက်ဖို့ ကူညီခဲ့တယ်လို့ ကျွန်တော့်ကို ပြောပြပါတယ်။

ကျွန်တော့်ရဲ့ ဖော်ပြပါအတွေးကောင်းပါမောက္ခမိတ်ဆွေတွေ့ရှိခဲ့သလိုပါပဲ၊ ယေရှုခရစ်တော်နဲ့ သူ့ဧဝံဂေလိတရားတော်၂၇ အကြောင်း၊ အလွန်ကောင်းတဲ့ စိတ်ဝင်စားစရာ တစ်ခုခု အမြဲရှိပါတယ်။ ကိုယ်တော်ရှင်က ကျွန်တော်တို့အပါအဝင်၊ သူ့အကြောင်းကို သင်ယူပြီး၊ သူ့နှုတ်ကပတ်တော်ကို မိမိတို့ဘဝတွေမှာ ပေါင်းစပ်ဖို့ ကြိုးစားသူအားလုံးဆီကို ဖြန့်ကျက်တဲ့ အလွန်ကောင်းတဲ့ ကတိတော်တွေကို ပြုတော်မူခဲ့ပါတယ်။ အဲနောက် သူမိန့်တော်မူခဲ့တာက၊ “ရှုလော့၊ ငါ၏ ဝိညာဉ်တော်သည် သင့်အပေါ်၌ [ရှိလိမ့်မည်]၊ သို့ဖြစ်၍ သင်၏ ခပ်သိမ်းသော စကားတို့ကို ငါလွှတ်မည်။ တောင်တို့သည် သင့်ရှေ့မှ ထွက်ပြေးလိမ့်မည်၊ မြစ်တို့သည်လည်း မိမိတို့ စီးရာရေကြောင်းကို ပြောင်းလိမ့်မည်။ သင်သည် ငါ၌ တည်၍၊ ငါသည်လည်း သင်၌ တည်မည်။”၂၈ ဗင်္ယာမိန်မင်းကြီးကလည်း၊ သူ့ကျွန်အားဖြင့် ကြေညာခဲ့တာက “သင်တို့သည် ခရစ်တော်၏သားသမီးများ၊ သူ၏သားများနှင့် သူ၏သမီးများဟု အခေါ်ခံရလိမ့်မည်။ အကြောင်းမူကား၊ ရှုလော့၊ သူသည် ဤနေ့၌၊ သင်တို့ကို ဝိညာဉ်ပကတိအားဖြင့်၊ ဖွားစေတော်မူပြီ။ သင်တို့သည် သူ၏နာမတော်၌ ယုံကြည်ခြင်းအားဖြင့်၊ သင်တို့၏စိတ်နှလုံးပြောင်းလဲကြပြီဟု ဆိုကြ၏။ ထို့ကြောင့်၊ သင်တို့ကို သူ့အားဖြင့်၊ ဖြစ်ဖွားစေ၍၊ သူ၏သားများနှင့် သူ၏သမီးများ ဖြစ်လာကြလေပြီ။”၂၉

ဒါကြောင့်၊ ကျွန်တော်တို့ဟာ ကယ်တင်ရှင်အကြောင်းကို လေ့လာပြီး၊ သူ့ပုံသက်သေနောက်ကို လိုက်လျှောက်ဖို့ အမှန်အမြဲမပြတ်ကြိုးစားတာနဲ့အမျှ၊ သူ့နာမတော်အားဖြင့် ကျွန်တော်ကတိပေးပါတယ်၊ သူ့ရဲ့ ဘုရားလက္ခဏာကို ကျွန်တော်တို့စိတ်နဲ့ နှလုံးသားမှာ၃၀ရေးလိမ့်မယ်၊ ကျွန်တော်တို့ဟာ သူနဲ့ပိုတူလာလိမ့်မယ်၊ ပြီးတော့ သူနဲ့အတူ လျှောက်လိမ့်မယ်ဆိုတာပါပဲ။၃၁

ကျွန်တော့်ချစ်သောညီအစ်ကို မောင်နှမများခင်ဗျာ၊ ကျွန်တော်တို့ဟာ ယေရှုခရစ်တော်နဲ့ သူ့ရဲ့ ပြည့်စုံတဲ့၊ အနှိုင်းမဲ့၊ စုံလင်သောချစ်ခြင်းအကြောင်း အံ့ဩခြင်းမှာ အမြဲရပ်တည်ကြမယ့်အကြောင်း ကျွန်တော်ဆုတောင်းပါတယ်။ သင်တို့မျက်စိတွေမြင်ခဲ့တဲ့အရာကို မှတ်မိခြင်း၊ ပြီးတော့ကျွန်တော်တို့နှလုံးသားခံစားခဲ့တဲ့အရာက ကယ်တင်ရှင်ရဲ့ အပြစ်ဖြေခြင်းယဇ်မှာ အံ့ဩခြင်းကို တိုးပွားနိုင်ပါစေ၊ အဲ့ဒါက ကျွန်တော်တို့ရဲ့ ဝိညာဉ်ပကတိနဲ့ စိတ်ခံစားမှုဒဏ်ရာတွေကို ကုစားနိုင်ပါတယ်၊ သူနဲ့ပိုနီးရာကို ချဉ်းကပ်ဖို့လည်း ကျွန်တော်တို့ကို ကူညီပါတယ်။ ခမည်းတော်ရဲ့ လက်တွေထဲမှာရှိတဲ့၊ ပြီးတော့ သစ္စာရှိတဲ့သူတွေအတွက် သူပြင်ဆင်ထားခဲ့တဲ့ ကြီးစွာသောကတိတော်တွေမှာ ကျွန်တော်တို့ အံ့ဩနိုင်ကြပါစေ။

“နိုင်ငံတော်သည် သင်တို့အရာဖြစ်၏၊ ထိုနေရာရှိကောင်းချီးမင်္ဂလာများသည်လည်း သင်တို့အရာများဖြစ်ကြ၏၊ ထာဝရကာလစည်းစိမ်တို့သည်လည်း သင်တို့အရာများ ဖြစ်ကြ၏။

ခပ်သိမ်းသောအရာတို့ကို ကျေးဇူးအလွန်သိတတ်ခြင်းနှင့် လက်ခံသောသူကို အသရေထင်ရှားစေမည်။”၃၂

ယေရှုဟာ လောကရဲ့ရွေးနှုတ်ရှင်ဖြစ်ပါတယ်၊ ပြီး‌တော့၊ ဒါက သူ့အသင်းတော်ဖြစ်ပါတယ်။ ဒီသမ္မာတရားတွေအကြောင်းကို အံ့ဩဖွယ်လမ်းပြလှုံ့ဆော်တဲ့၊ သန့်ရှင်းမွန်မြတ်တဲ့၊ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်၊ ယေရှုခရစ်တော်ရဲ့ မြင့်မြတ်သောနာမတော်အားဖြင့် ကျွန်တော်သက်သေခံပါတယ်၊ အာမင်။