အထွေထွေညီလာခံ
အခုဟာ အချိန်ဖြစ်ပါတယ်
ဧပြီ ၂၀၂၂ အထွေထွေညီလာခံ


5:57

အခုဟာ အချိန်ဖြစ်ပါတယ်

ယခုဟာ ကျွန်တော်တို့ သင်ယူနိုင်တဲ့ အချိန်ဖြစ်ပါတယ်။ ယခုဟာ ကျွန်တော်တို့ နောင်တရနိုင်တဲ့ အချိန်ဖြစ်ပါတယ်။ ယခုဟာ ကျွန်တော်တို့ အခြားသူတွေကို ကောင်းချီးပေးနိုင်တဲ့ အချိန်ဖြစ်ပါတယ်။

ကျွန်တော်ချစ်ရတဲ့ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ဒီညီလာခံကြီးဟာ နည်းအမျိုးမျိုးနဲ့ သမိုင်းဝင်ဖြစ်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့ဟာ ဆုတောင်းချက်တွေ၊ သတင်းအချက်အလက်တွေနဲ့ တေးဂီတတွေက ကောင်းချီးခံစားခဲ့ရပြီးပါပြီ။ ကျွန်တော်တို့ဟာ ကိုယ်တော်ရှင်ရဲ့ အစေခံတွေရဲ့ လှုံ့ဆော်မှုကို ခံခဲ့ရပြီးပါပြီ။

ကျွန်တော်တို့သည် အနာဂတ်အတွက် အရေးကြီးသောညွှန်ကြားချက်ကို ရရှိခဲ့ကြပါပြီ။ ကျွန်တော်၏ဆုတောင်းချက်မှာ ဝိညာဉ်တော်သည် သင့်အား ဘုရားသခင် သင့်အတွက်ပြုလုပ်မည့်အရာများအကြောင်းကို တိုက်ရိုက်မိန့်ကြားခဲ့ခြင်းဖြစ်ပါတယ်။

အနာဂတ်ဆိုတာ အမြဲတမ်း မသေချာပါဘူး။ ရာသီဥတုပြောင်းလဲမှုများ။ စီးပွားရေးလည်ပတ်မှုများကို ကြိုတင်မခန့်မှန်းနိုင်ပါ။ သဘာဝဘေးအန္တရာယ်များ၊ မတော်တဆမှုများနှင့် နာမကျန်းမှုများက ဘဝကို လျင်မြန်စွာ ပြောင်းလဲစေနိုင်ပါတယ်။ ဤဖြစ်ရပ်တွေဟာ ကျွန်တော်တို့တစ်ဦးချင်း ထိန်းချုပ်မှုရဲ့အပြင်ဘက်မှာရှိပါတယ်။ သို့သော် ကျွန်တော်တို့ရဲ့နေ့စဉ်အချိန်တွေကိုသုံးစွဲပုံအပါအဝင် ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့အရာအချို့ရှိပါတယ်။

နယူးယောက်က ဝဲလ်စ် ကောလိပ်မှာ နေနာရီခွက်ဆိုတဲ့ ဟင်နရီ ဗန် ဒိုက် ရဲ့ ဤကဗျာကို ကျွန်တော်ကြိုက်ပါတယ်။ ကဗျာကပြောတာက၊

ကျွန်ုပ်ခြေချောင်းတို့ရဲ့အရိပ်အမှတ်

အနာဂတ်ကို အတိတ်နဲ့ခွဲခြားသတ်မှတ်

မတိုင်မီ၊ မရောက်သေးတဲ့အချိန် အိပ်စက်

မှောင်မိုက်ထဲ၊ သင့်အင်အားရဲ့အပြင်ဘက်၊

မပြန်လမ်းရဲ့နောက်ကွယ်အပိုင်း၊

ပျောက်သွားတဲ့အချိန်ဟာ၊ သင့်အရာမဟုတ်လေသည့်အတိုင်း၊

တစ်နာရီတည်း သင့်လက်ထဲ—

အရိပ်ထွက်ဆဲ ယခုပဲ။

ဟုတ်ပါတယ်၊ ကျွန်တော်တို့ဟာ အတိတ်ကနေ သင်ယူသင့်ပါတယ်၊ ဟုတ်ပါတယ်၊ ကျွန်တော်တို့ဟာ အနာဂတ်အတွက် ပြင်ဆင်သင့်ပါတယ်။ သို့သော် ကျွန်တော်တို့လုပ်နိုင်သည်မှာ ယခု ပဲဖြစ်ပါတယ်။ ယခု ကျွန်တော်တို့ သင်ယူနိုင်တဲ့ အချိန်ဖြစ်ပါတယ်။ ယခု ကျွန်တော်တို့ နောင်တရနိုင်တဲ့ အချိန်ဖြစ်ပါတယ်။ ယခု ကျွန်တော်တို့ဟာ အခြားသူများကို ကောင်းချီးပေးကာ “ငိုက်ကျနေသော လက်များကို မြှောက်ချီလိုက်ရမဲ့ အချိန်ဖြစ်ပါတယ်။” မော်မုန်က သူ့သား မော်ရော်နိုင်းကို ညွှန်ကြားခဲ့သလိုပဲ၊ “ငါတို့​သည် လုံ့လဝီရိယ​ထက်​သန်စွာ အလုပ်​လုပ်ကြ​ကုန်အံ့။ … ငါတို့သည် ဖြောင့်​မတ်ခြင်း​ခပ်သိမ်း၏​ရန်သူကို အနိုင်​ရပြီး၊ ငါတို့၏​စိတ်ဝိညာဉ်တို့ကို ဘုရားသခင်၏​နိုင်ငံတော်၌ အနား​ပေး​ရနိုင်ကြ​စေရန် မြေဖြင့်​ပြုသော​ဤတဲ​ကိုယ်ခန္ဓာ၌​ရှိစဉ်တွင်၊ ငါတို့၌ ဆောင်​ရွက်စရာ​အလုပ်​ရှိ၏။”

ရန်သူက ဘယ်တော့မှ မအိပ်ပါဘူး။ အမှန်တရားကို ဆန့်ကျင်ခြင်းဟာ အမြဲရှိနေမှာပါ။ သင်ရဲ့ အပြုသဘောဆောင်တဲ့ စိတ်ပိုင်းဆိုင်ရာ အရှိန်အဟုန်ကို တိုးမြင့်လာစေမယ့်၊ အရာတွေ၊ အသင်းလူကြီး ဥဒရော့ပြောခဲ့တဲ့မြှင့်တင်အား၊ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေတလျှောက်မှာ သင့်ကို့ကိုဆက်လှမ်စေမယ့်အရာတွေကို လုပ်ဆောင်ကြဖို့ ဒီမနက်ကစပြီး ကျွန်တော်ထပ်ခါထပ်ခါ တိုက်တွန်းလိုက်ပါတယ်။

ကျွန်တော်တို့သည် ဗိမာန်တော်တွင် ဝတ်ပြုကိုးကွယ်၍ အဲဒီမှာ ကျွန်တော်တို့ရရှိတဲ့ ကောင်းချီးမင်္ဂလာတွေရဲ့အံ့ဩဖွယ်အတိမ်အနက်ကို ကျွန်တော်တို့ရဲ့ နားလလည်ခြင်း တိုးလာသည်နှင့်အမျှ အပြုသဘောဆောင်သော ဝိညာဉ်ရေးရာအရှိန်အဟုန် တိုးလာပါတယ်။ ဗိမာန်တော်၏ ထာဝရကောင်းချီးများကို အာရုံစိုက်ခြင်းဖြင့် လောကီနည်းလမ်းများကို တုံ့ပြန်ရန် သင့်အား ကျွန်တော်တောင်းဆိုပါတယ်။ အဲဒီမှာရှိတဲ့ သင့်အချိန်က ထာဝရကောင်းချီးတွေ ခံစားရစေပါတယ်။

အသင်းတော်ကြီးထွားလာတာနဲ့အမျှ၊ ဗိမာန်တော်တွေပို၍တည်ဆောက်ခြင်းဖြင့် အံကိုက်ဖြစ်ဖို့ ကျွန်တော်တို့ ကြိုးစားကြပါတယ်။ ယခုအခါ ဗိမာန်တော်အသစ် လေးဆယ့်လေးခု ဆောက်လုပ်နေဆဲပါတယ်။ ပိုများတဲ့အရာတွေကို သက်တမ်းတိုးထားကြပါတယ်။ တစ်ကမ္ဘာလုံးက ဒီပရောဂျက်တွေမှာ လုပ်နေကြတဲ့ ကျွမ်းကျင်သမားတွေအတွက် ကျွန်တော်ဆုတောင်းပေးပါတယ်။

ကျေးဇူးတင်ခြင်းစိတ်ဝိညာဉ်ဖြင့်၊ အောက်ပါနေရာတွေမှာ ဗိမာန်တော်အသစ်တည်ဆောက်ဖို့ ကျွန်တော်တို့ရဲ့အစီအစဉ်တွေကို ကျွန်တော်ကြေညာရတာ ကျွန်တော်ကျေနပ်အားရပါတယ်။ ဝယ်လဂတန်၊ နယူးဇီလန်။ ဘရက်ဇာဗယ်လီ၊ ကွန်ဂိုပြည်ထောင်စု။ ဘာစီလိုနာ၊ စပိန်။ ဘရင်မင်ဟန် အင်္ဂလန်။ ကပ်စကို၊ ပီရူး။ မက်စီရို၊ ဘရာဇီးလ်။ စန်တိုစ်၊ ဘရာဇီးလ်။ စန် လူးဝစ် ပိုတဆီ၊ မက္ကဆီကို။ မက္ကဆီကိုစီတီ ဘင်နီမာရစ်တို၊ မက္ကဆီကို။ တန်ပါ၊ ဖလော်ရီဒါ။ နော့ဆဗယ်လီ၊ တက်နက်ဆီ။ ကလီဗန်၊ အိုဟိုင်းရို။ ဝစ်ချီတာ၊ ကန်စာ။ အူစတင်၊ တက္ကဆက်။ မစ်ဆိုအူလာ၊ မွန်တာနာ။ မောင့်ပီလီရာ၊ အိုင်ဒါဟို။ ပြီးတော့ မော့ဒ်စတို၊ ကယ်လီဖိုးနီးယား။

ထို ဗိမာန်တော် ၁၇ ခုဟာ ကန့်လန့်ကာ နှစ်ဖက်စလုံးက မရေမတွက်နိုင်သော အသက်တာများကို ကောင်းချီးပေးပါလိမ့်မယ်။ ကျွန်တော်သင်တို့ကို ချစ်ပါတယ်၊ ကျွန်တော့်ချစ်သော ညီအစ်ကိုမောင်နှမများခင်ဗျာ။ ပိုအရေးကြီးတာက၊ ကိုယ်တော်ရှင်က သင်တို့ကို ချစ်တယ်ဆိုတာပါပဲ။ သူက သင်တို့ရဲ့ ကယ်တင်ရှင်နဲ့ သင်တို့ရဲ့ရွေးနှုတ်ရှင်ဖြစ်ပါတယ်။ သူက သူ့အသင်းတော်ကို ဦး‌ဆောင်လမ်းညွှန်ပါတယ်။ “သင်တို့သည် ငါ၏လူဖြစ်ကြ၍ ငါသည် သင်တို့၏ဘုရားသခင်ဖြစ်လိမ့်မည်” ဟုမိန့်တော်မူခဲ့သော ကိုယ်တော်ရှင်နှင့် ထိုက်တန်သောလူဖြစ်ပါစေ။

ဒီအကြောင်းကို ယေရှုခရစ်တော်၏ သန့်ရှင်းမွန်မြတ်သောနာမတော်အားဖြင့် ကျွန်တော်ဆုတောင်းပါတယ်၊ အာမင်။