ပြောင်းလဲခြင်းသည် ကျွန်ုပ်တို့၏ရည်မှန်းချက်
ကျမ်းစာတွေမှာ သင် သုံးတဲ့အချိန်အတွက်၊ သန့်ရှင်းသောဝိညာဉ်တော်သင့် ကိုတိုက်ရိုက်ပြောတာကို ကြားနာခြင်းအတွက် အစားထိုးစရာမရှိပါဘူး။
ယခုသုံးနှစ်ရှိပါပြီ၊ ကျွန်တော်တို့ဟာ ကိုယ်တော်ရှင်ရဲ့အသင်းတော်အသင်းသားများအဖြစ် ခရီးတစ်ခုမှာ အတူတကွရှိခဲ့တာ ယခုသုံးနှစ်ရှိပါပြီ။ ၂၀၁၈ ခုနှစ် အောက်တိုဘာမှာ ပထမဥက္ကဋ္ဌအဖွဲ့နဲ့ တမန်တော်တစ်ဆယ်နှစ်ပါးအဖွဲ့က ကျွန်တော်တို့ကို လာ၍ငါ့နောက်သို့လိုက်လေ့ာ အမှီအငြမ်းကို ကျွန်တော်တို့ရဲ့ လမ်းညွှန်အဖြစ်သုံးပြီး၊ ကျမ်းစာတွေကို လမ်းပြလှုံ့ဆော်တဲ့ပုံစံသစ်နဲ့ လေ့လာခြင်းအားဖြင့် ယေရှုခရစ်တော်အကြောင်းကို သင်ယူဖို့ဖိတ်ခေါ်ခဲ့ပါတယ်။
ဘယ်ခရီးမှာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ရဲ့ တိုးတက်မှုကို အကဲဖြတ်ဖို့နဲ့၊ ကျွန်တော်တို့ဟာ ကိုယ့်ရည်မှန်းချက်ဆီကို ရွေ့နေတယ်ဆိုတာကို သေချာစေဖို့ ရံဖန်ရံခါ ခဏနားတာကကောင်းပါတယ်။
ပြောင်းလဲခြင်းသည် ကျွန်ုပ်တို့၏ရည်မှန်းချက်
လာ၍ငါ့နောက်သို့လိုက်လေ့ နိဒါန်းမှ လေးနက်တဲ့ ဒီဖော်ပြချက်ကို စဉ်းစားကြည့်ပါ။
“ဧဝံဂေလိတရားတော် သင်ယူခြင်းနဲ့ သွန်သင်ခြင်းမှန်သမျှရဲ့ ရည်ရွယ်ချက်က ကောင်းကင်ဘုံရှင်အဘနဲ့ ယေရှုခရစ်တော်ဆီသို့ ကျွန်တော်တို့ရက်ပြောင်းလဲခြင်းကို လေးနက်လာစေဖို့ဖြစ်ပါတယ်။…
“… ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ခွန်အားဖြည့်ပေးပြီး၊ အလွန်တရာအံ့ဩဖွယ်ပြောင်းလဲခြင်းဆီကို ပို့ဆောင်တဲ့ ဧဝံဂေလိတရားတော်သင်ယူခြင်းမျိုးဟာ တစ်ခါတည်းနဲ့ အားလုံးဖြစ်တာမဟုတ်ပါဘူး။ အဲဒါက စာသင်ခန်းတစ်ခုကိုကျော်လွန်ပြီး၊ ကျွန်တော်တို့ရဲ့ နှလုံးသားတွေထဲ၊ အိမ်တွေထဲကို ရောက်ပါတယ်။ ဧဝံဂေလိတရားတော်ကို နားလည်ကျင့်သုံးဖို့ စွဲမြဲတဲ့နေ့စဉ်အားထုတ်မှုတွေလိုအပ်ပါတယ်။ စစ်မှန်တဲ့ပြောင်းလဲခြင်းဆီကို ပို့ဆောင်တဲ့ ဧဝံဂေလိတရားတော်သင်ယူခြင်းဟာ သန့်ရှင်းသောဝိညာဉ်တော်”၁ရဲ့လွှမ်းမိုးမှုကို လိုအပ်ပါတယ်။
အဲဒါက ကျွန်တော်တို့ရှာတဲ့ အလွန်တရာအံ့ဩဖွယ်အမှုပါ—လူတစ်ဦး ကျမ်းစာတွေမှာ အတွေ့အကြုံတွေရှိတဲ့အခါ၂ အဲဒီအတွေ့အကြုံဟာ သန့်ရှင်းသောဝိညာဉ်တော် ရဲ့လွှမ်းမိုးမှုအားဖြင့် ကောင်းချီးခံစားရတာဖြစ်ပါတယ်။ အဲဒီလိုအတွေ့အကြုံတွေဟာ ကယ်တင်ရှင်ထံ ကျွန်တော်တို့ရဲ့ပြောင်းလဲခြင်းအတွက် အဖိုးတန်အုတ်မြစ်ကျောက်တွေဖြစ်ပါတယ်။ ပြီးတော့၊ ဥက္ကဋ္ဌရပ်ဆဲလ်အမ်၊ နယ်လဆင် ကျွန်တော်တို့ကို မကြာသေးမီက သတိပေးခဲ့သလိုပါပဲ၊ ဝိညာဉ်ပကတိအုတ်မြစ်ကို ပုံမှန်အားဖြည့်ရမှာဖြစ်ပါတယ်။၃ ကြာရှည်တည်မြဲတဲ့ပြောင်းလဲခြင်းဆိုတာ တစ်သက်သာလုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။၄ ပြောင်းလဲခြင်းသည် ကျွန်တော်တို့၏ရည်မှန်းချက်။
ပိုပြီးထိရောက်ဖို့ဆိုရင်၊ ကျမ်းစာတွေနဲ့ပတ်သက်လို့ သင့်ရဲ့အတွေအကြုံတွေဟာ သင့်ကိုယ်ပိုင်ဖြစ်ရပါမယ်။၅ တခြားလူတစ်ယောက်ရဲ့ အတွေ့အကြုံတွေ၊ အမြင်တွေအကြောင်း ဖတ်ရကြားရခြင်း အကူအညီဖြစ်နိုင်ပါတယ်၊ ဒါပေမယ့်၊ အဲဒါက အလားတူပြောင်းလဲခြင်းတန်ခိုးကို ဖြစ်စေမှာမဟုတ်ပါဘူး။ ကျမ်းစာတွေမှာ သင် သုံးတဲ့အချိန်အတွက်၊ သန့်ရှင်းသောဝိညာဉ်တော်သင့် ကိုတိုက်ရိုက်ပြောတာကို ကြားနာခြင်းအတွက် အစားထိုးစရာမရှိပါဘူး။
သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော့်ကို ဘာတွေသင်ပေးနေပါသလဲ။
သီတင်းပတ်တိုင်း ကျွန်တော့် လာ၍ငါ့နောက်သို့လိုက်လေ့ လမ်းညွှန်ကို ဖွင့်တဲ့အခါ၊ စာမျက်နှာထိပ်မှာ ကျွန်တော်ဒီမေးခွန်းကို ရေးပါတယ်။ “ဒီသင်ခန်းစာတွေကို ကျွန်တော်ဖတ်ချိန်မှာ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော့်ကို ဘာသွန်သင်ပေးနေသလဲ”
ကျွန်တော်ကျမ်းစာတွေလေ့လာရင်း၊ အဲဒီမေးခွန်းကို ထပ်ခါထပ်ခါ နှလုံးသွင်းပါတယ်။ မပျက်မကွက်ပါပဲ၊ ဝိညာဉ်ပကတိအမြင်တွေရောက်လာပါတယ်၊ အဲဒါတွေကို ကျွန်တော်လမ်းညွှန်ထဲမှာ မှတ်စုရေးပါတယ်။
ယခုဆိုရင်၊ သန့်ရှင်းသောဝိညာဉ်တော် ကျွန်တော့်ကို သွန်သင်ပေးနေတာကို ကျွန်တော်ဘယ်လိုသိပါသလဲ။ ဟုတ်ကဲ့၊ အဲဒါက ပုံမှန်အားဖြင့် သေးငယ်ရိုးရှင်းတဲ့နည်းတွေနဲ့ဖြစ်ပေါ်ပါတယ်။ တစ်ခါတစ်ရံမှာ ကျမ်းပိုဒ်တစ်ခုဟာ စာမျက်နှာကို ကျွန်တော်သတိထားမိစေဖို့ သိသာစေတဲ့ပုံရှိပါလိမ့်မယ်။ အခြားအချိန်တွေမှာ၊ ကျွန်တော့်စိတ်ဟာ ဧဝံဂေလိတရားအခြေခံသဘောတရားတစ်ခုကိုပိုပြီးကျယ်ပြန့်တဲ့နားလည်မှုနဲ့ အလင်းသို့ရောက်တယ်လို့ခံစားရပါတယ်။ ကျွန်တော့်ဇနီး၊ အန်နီး မာရီနဲ့ကျွန်တော် ကျွန်တော်တို့ဖတ်နေတဲ့အရာအကြောင်းကို ပြောတဲ့အခါမှာလည်း သန့်ရှင်းသောဝိညာဉ်တော်ရဲ့လွှမ်းမိုးမှုကို ကျွန်တော်ခံစားရပါတယ်။ သူမရဲ့အမြင်က ဝိညာဉ်တော်ကို အမြဲဖိတ်ခေါ်ပါတယ်။
ပရောဖက်နှင့် ပသခါ
ဒီနှစ်မှာ ကျွန်တော်တို့ ဓမ္မဟောင်းကျမ်းကို လေ့လာနေကြပါတယ်—ကျွန်တော်တို့စိတ်ဝိညာဉ်တွေကို အလင်းနဲ့ပြည့်စေတဲ့ သန့်ရှင်းမွန်မြတ်တဲ့ကျမ်းစာပါ။ ဓမ္မဟောင်းကျမ်းကို ဖတ်နေစဉ်မှာ၊ ကျွန်တော်ဟာ ယုံကြည်စိတ်ချရတဲ့လမ်းညွှန်၊ အာဒံ၊ ဧဝ၊ ဧနောက်၊ နောဧ၊ အာဗြဟံ၊ ပြီးတော့ အခြားများစွာတို့နဲ့ အတူနေရတယ်လို့ ခံစားရပါတယ်။
ဒီတပတ် ထွက်မြောက်ရာကျမ်း အခန်းကြီး ၇-၁၃ ကို လေ့လာနေစဉ်မှာ ကိုယ်တော်ရှင်က ဣသရေလအမျိုးသားတွေကို အဲဂုတ္တုပြည်မှာ ရာစုနှစ်များစွာချုပ်နှောင်ခံရခြင်းကနေ ဘယ်လို ကယ်လွှတ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ သင်ယူရပါတယ်။ ကျွန်တော်တို့ ဘေးဒဏ်ကိုးခုအကြောင်းကို ဖတ်ရပါတယ်—ဘုရားသခင်ရဲ့တန်ခိုးတော်အကြောင်း၊ အထင်ကြီးစရာဖော်ပြချက်ကိုးခုပါ—ဖာရောက သူ့စိတ်နှလုံးကို ပျော့ပြောင်းစေခြင်းမရှိဘဲမျက်မြင်တွေ့ခဲ့တဲ့အရာတွေပါ။
အဲဒီနောက်ကိုယ်တော်ရှင်က သူ့ပရောဖက်၊ မောရှေကို ဆယ်ခုမြောက်ဘေးဒဏ်အကြောင်း ပြောပြပါတယ်—ဣသရေလ ရှိမိသားစုတိုင်း ဘယ်လိုပြင်ဆင်နိုင်တဲ့အကြောင်းဖြစ်ပါတယ်။ ထုံးစံတစ်ခုအဖြစ်၊ သူတို့က ပသခါကို ကျင်းပလိုကြပါတယ်၊ ဣသရေလတွေဟာ အပြစ်မပါတဲ့သိုးသငယ်အထီးတစ်ကောင်ကို ယဇ်ပူဇော်ကြရပါတယ်။ သူတို့အိမ်တံခါးဘောင်တွေမှာ သိုးသူငယ်ရဲ့အသွေးနဲ့ အမှတ်အသားလုပ်ကြရပါတယ်။ အသွေးနဲ့မှတ်သားထားတဲ့ အိမ်အားလုံး ရောက်လာတော့မယ့် ဆိုးရွားတဲ့ ဘေးဒဏ်ကနေ ကာကွယ်ခံရမယ်လို့ ကိုယ်တော်ရှင် ကတိထားတော်မူခဲ့ပါတယ်။
ကျမ်းစာလာတက၊ “ထိုသို့ မောရှေနှင့် အာရုန်တို့ကို ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့ သည် ပြုကြ၏။” ထွက်မြောက်ရာကကျမ်း ၁၂း၂၈ အဲဒီနာခံခြင်းအကြောင်း ရိုးရှင်းတဲ့ဖော်ပြချက်မှာ အလွန်အားကောင်းတဲ့ အရာတစ်စုံတစ်ခုရှိပါတယ်။
ဣသရေလအမျိုးသားတွေဟာ မောရှေရဲ့အကြံဉာဏ်ကို လိုက်လျှောက်ခဲ့ကြပြီး၊ ယုံကြည်ခြင်းနဲ့ လုပ်ဆောင်ခဲ့ကြပါတယ်၊ ဘေးဒဏ်ကနေကာကွယ်ခံခဲ့ကြရပြီး၊ အချိန်တန်တဲ့အခါ၊ ချုပ်နှောင်ခြင်းကနေလွတ်ခဲ့ကြပါတယ်။
ဒါဆို၊ ဒီသတင်းပတ် ဒီအခန်းကြီးတွေမှာ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော့်ကို ဘာသွန်သင်ပေးခဲ့ပါသလဲ။
ကျွန်တော့်စိတ်မှာ ကိန်းဝပ်ခဲ့တဲ့ အတွေးအချို့ရှိပါတယ်။
-
ကိုယ်တော်ရှင်က သူ့လူမျိုးတွေကို ကာကွယ်၊ ကယ်တင်ဖို့ သူ့ပရောဖက်တွေအားဖြင့် အလုပ်လုပ်တော်မူပါတယ်။
-
ပရောဖက်နောက်ကို လိုက်လျှောက်ဖို့ ယုံကြည်ခြင်းနဲ့ နှိမ့်ချခြင်းက အကာအကွယ်နဲ့ ကယ်လွှတ်ခြင်း အလွန်တရာအံ့ဩဖွယ်အမှုရဲ့ရှေ့ကလာပါတယ်။
-
တံခါးဘောင်ပေါ်ကအသွေးဟာ၊ ယေရှုခရစ်တော်၊ ဘုရားသခင့်သိုးသူငယ် ၌ အတွင်းပိုင်းယုံကြည်ခြင်းရဲ့ အပြင်ပိုင်းလက္ခဏာဖြစ်ပါတယ်။
ပရောဖက်နှင့် ကိုယ်တော်ရှင်၏ကတိတော်များ
ဒီဓမ္မဟောင်းကျမ်းမှတ်တမ်းမှာ ကိုယ်တော်ရှင် သူ့လူမျိုးတွေကို ကောင်းချီးပေးပုံနဲ့ ဒီခေတ်မှာ သူ့လူမျိုးတွေကို ကောင်းချီးပေးပုံ ဆင်တူရှိခြင်းကို ကျွန်တော်သဘောကျပါတယ်။
ကိုယ်တော်ရှင်ရဲ့ပရောဖက်၊ ဥက္ကဋ္ဌနယ်လဆင်က ကျွန်တော်တို့ကို လာ၍ငါ့နောက်သို့လိုက်လေ့ ကို ကျမ်းစာလေ့လာရေးတစ်ခုအဖြစ် မိတ်ဆက်ပေးတဲ့အခါတုန်းက၊ သူက ကျွန်တော်တို့အိမ်တွေကို ယုံကြည်ခြင်းခိုလှုံရာနဲ့ ဧဝံဂေလိတရားတော်သင်ယူခြင်း ဌာနတွေအဖြစ်ပြောင်းလဲကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
အဲဒီနောက်သူက အတိအကျကောင်းချီးမင်္ဂလာတွေကို ကတိပေးခဲ့ပါတယ်။
-
သင့် ဥပုသ်နေ့တွေဟာ မွေ့လျော်ရာတစ်ခုဖြစ်လိမ့်မယ်။
-
သင့် ကလေးတွေဟာ ကယ်တင်ရှင်ရဲ့ သွန်သင်မှုတွေကို သင်ယူဖို့နဲ့ ကျင့်သုံးဖို့ စိတ်လှုပ်ရှားကြလိမ့်ယ်။
-
သင့်ဘဝနဲ့ သင့်အိမ်မှာ မာရ်နတ်ရဲ့ လွှမ်းမိုးမှုဟာ လျော့သွားလိမ့်မယ်၊ ပြီးတော့
-
သင့်မိသားစုမှာ ဒီပြောင်းလဲမှုတွေဟာ သိသာထင်ရှားလိမ့်မယ်၊ တည်တံ့စေလိမ့်မယ်။၆
ယခုဆိုလျှင်၊ အဲဂုတ္တုပြည်မှာ မောရှေနဲ့အတူ ပသခါကို တွေ့ကြုံခဲ့တဲ့ သူတွေရဲ့ နေ့စဉ်မှတ်တမ်းရေးသွင်းခြင်းတွေ ကျွန်ုပ်တို့မှာမရှိပါဘူး။ သို့သော်လည်း၊ တူသောယုံကြည်ခြင်း၊ ဥက္ကဋ္ဌနယ်လဆင်ရဲ့ အကြံဉာဏ်ကို ဒီနေ့လိုက်လျှောက်ပြီး၊ ကတိထားတဲ့ကောင်းချီးမင်္ဂလာတွေကို ရရှိနေသူတွေဆီကများစွာသော သက်သေခံချက်တွေ ကျွန်တော်တို့မှာ ရှိကြပါတယ်။
ဒီမှာ သက်သေခံချက်အချို့ပါ။
မိသားစုငယ်လေးရဲ့ အမေတစ်ယောက်က ပြောပါတယ်၊ “ကျွန်မတို့အိမ်မှာ ကျွန်မတို့ ခရစ်တော်အကြောင်းကို ပြောကြတယ်၊ ခရစ်တော်မှာ ရွှင်လန်းဝမ်းမြောက်ကြတယ်။ ကျွန်မအဖို့တော့ အဲဒါက အကြီးဆုံးကောင်းချီးမင်္ဂလာတစ်ခုပါ ကျွန်မကလေးတွေဟာ သူတို့ကို ကယ်တင်ရှင်နဲ့ပိုနီးရာကို ဆောင်ယူတဲ့အိမ်မှာ ဒီဧဝံဂေလိတရားတော်စကားတွေနဲ့ ကြီးပြင်းနိုင်ကြပါတယ်။”၇
သက်ကြီးညီအစ်ကိုတစ်ယောက်က သူ့ရဲ့ လာ၍ ငါ့နောက်သို့လိုက်လေ့အားဖြင့် သူ့ရဲ့ ကျမ်းစာလေ့လာခြင်းကို ကျွန်တော်တို့ရဲ့ ဝိညာဉ်ပကတိအကျိုးအတွက် လိုအပ်တဲ့ ဧဝံဂေလိတရားတော်ဩဝါဒကို မြင်စေရန် ကျွန်တော်တို့ကို ကူညီတဲ့ ဘုရားအလင်းနဲ့ပြည့်တဲ့ပြွန်တစ်ခု၈လို့ ခေါ်ခဲ့ပါတယ်။
ဇနီးသည်တစ်ဦးက သူ့အိမ်ထောင်က ကောင်းချီးမင်္ဂလာကို ဖော်ပြခဲ့ပါတယ်၊ “ကျွန်မဟာ ကျွန်မခင်ပွန်းရဲ့ နှလုံးသားကို ပိုပြီးနက်နဲစွာသိနိုင်စွမ်းရှိခဲ့ပါတယ်၊ ကျွန်မတို့ အတူလေ့လာရင်း ကျွန်မနှလုံးသားကို သူ့ဆီပိုပြီးဖွင့်ဟနိုင်စွမ်းရှိခဲ့ပါတယ်။”၉
မိသားစုကြီးတစ်ခုရဲ့ အမေက သူမမိသားစုကို သူမ သွန်သင်ဖို့အားထုတ်ခြင်းတွေဘယ်လိုပြောင်းလဲသွားသလဲဆိုတာ သတိထားမိခဲ့ပါတယ်။ သူမကဖော်ပြခဲ့ပါတယ်၊ “ပြန်စဉ်းစားတဲ့အခါ၊ ကျွန်မဟာ စန္ဒယားကို နှင်းလက်အိပ်တွေဝတ်ပြီးတီးနေသလိုပါပဲ။ ကျွန်မဟာ လှုပ်ရှားမှုအလိုက်တီးနေတာ၊ တေးဂီတက သိပ်မမှန်ဘူး။ အခုဆို လက်အိတ်တွေကို ချွတ်လိုက်ပါပြီ၊ ကျွန်မဂီတက စုံလင်တာမဟုတ်သေးပေမယ့်လည်း ကွဲပြားမှုကို ကျွန်မ ကြားရပါတယ်။ လာ၍၊ ငါ့နောက်သို့လိုက်လော့က ကျွန်မကို ရူပါရုံ၊ စွမ်းရည်၊ အာရုံစိုက်မှုနဲ့ ရည်ရွယ်ချက်တို့ကို ပေးခဲ့ပါတယ်။”၁၀
ခင်ပွန်းသည်တစ်ယောက်ကပြောပါတယ်၊ “ကျွန်တော်လာ၍ ငါ့နောက်သို့ လိုက်လော့ကို ကျွန်တော်မနက်ခင်းပုံမှန်တစ်ခုအဖြစ် ကျွန်တော်ပြုလုပ်ခဲ့ပြီးကတည်းက ကျွန်တော့်အိမ်က အရေးအကြီးဆုံးဦးစားပေးမှုတွေဟာ ပိုပြီးရှင်းလင်းလာခဲ့ပါတယ်။ လေ့လာခြင်းက ကျွန်တော့်ကို ၊ ဗိမာန်တော်၊ ကျွန်တော့ဇနီးနဲ့ ကျွန်တော့်ဆက်ဆံရေး၊ ကျွန်တော့်အမှုတော်ဆောင်တာဝန်စတဲ့ ကျွန်တော့်အဖို့ အရေးအကြီးဆုံးအရာတွေအကြောင်း ပိုစဉ်းစားဖို့ ပို့ဆောင်ပါတယ်။ ကျွန်တော့်အိမ်ဟာ ဘုရားသခင်ကို ပထမဆုံးဦးစားပေးတဲ့ ခိုလှုံရာတစ်ခုဖြစ်တဲ့အတွက် ကျွန်တော်ကျေးဇူးတင်ကျေနပ်မိပါတယ်။“၁၁
ညီအစ်မတစ်ယောက်က ဝေငှခဲ့ပါတယ်၊ “လာ၍ငါ့နောက်သို့လိုက်လေ့ နဲ့ကျွန်မရဲ့ နေ့စဉ်အတွေ့အကြုံတွေက မှတ်စုရေးထားထိုက်တဲ့အရာတွေပါ၊ ဒါပေမယ့်ကြာလာတဲ့အခါ၊ ကျွန်မဟာ အဲသလို့ ပုံမှန်၊ အာရုံစိုက်စိုက်ပြီး ကျမ်းစာလေ့လာခြင်းဖြင့် ကျွန်မဘယ်လိုပြောင်းလဲနေသလဲဆိုတာကို ကျွန်မမြင်နိုင်ပါတယ်။ အဲဒီလိုလေ့လာခြင်းမျိုးက ကျွန်မကို ၊ နှိမ့်ချစေတယ်၊ သွန်သင်တယ်၊ တစ်ကြိမ်တစ်ကြိမ်မှာ နည်းနည်းစီပြောင်းလဲပေးပါတယ်။”၁၂
သာသနာပြုပြန်တစ်ယောက်က အစီရင်ခံစာတင်ခဲ့ပါတယ်။ “လာ၍ငါ့နောက်သို့လိုက်လေ့အစီအစဉ်က ကျွန်တော်သာသနာပြုရာမှာ ကျွန်တော်ပြုခဲ့တဲ့ ကျမ်းစာလေ့လာခြင်းအဆင့်ဆီကို ပိုပြီးနီးစေခဲ့ပါတယ်၊ စာရင်းဝင်ကျမ်းစာလေ့လာခြင်းစိတ်ဓာတ်ကနေ ဘုရားသခင်ကို ပိုသိဖို့ အင်အားဖြည့်ခြင်းကဏ္ဍတွေဆီကို ပြောင်းလဲနိုင်စွမ်းရှိခဲ့ပါတယ်။”၁၃
ညီအစ်ကိုတစ်ယောက်က ပြောခဲ့ပါတယ်၊ “ကျွန်တော့်ဘဝထဲကို သန့်ရှင်းသောဝိညာဉ်တော်ကို ပိုပြီးကြိုဆိုတယ်လို့ခံစားရတယ်၊ ဆုံးဖြတ်ချက်တွေပြုရာမှာ ဘုရားသခင်ရဲ့ ဗျာဒိတ်ပြလမ်းညွှန်မှုကိုလည်း ခံစားရပါတယ်။ ခရစ်တော်ရဲ့ ရိုးရှင်းတဲ့ ဩဝါဒနဲ့ သူ့ရဲ့အပြစ်ဖြေခြင်းမင်္ဂလာတို့ရဲ့ အလှတရားနဲ့ပတ်သက်လို့ ပိုပြီးလေးနက်တဲ့စကားပြောတွေ ရှိခဲ့ပါတယ်။”၁၄
ခုနစ်နှစ်သားလေးက ဝေငှပါတယ်၊ “ကျွန်တော်မကြာခင်ဗတ္တိဇံခံတော့မှာ၊ လာ၍ငါ့နောက်သို့ လိုက်လေ့ကလည်း ကျွန်တော့်ကို အဆင်သင့်ဖြစ်နေစေပါပြီ။ ကျွန်တော့်မိသားစုနဲ့ ကျွန်တော် ဗတ္တိဇံအကြောင်း ပြောကြတယ်၊ အခု ကျွန်တော် ဗတ္တိဇံခံရမှာကို ကြောက်တဲ့စိတ်မခံစားရဘူး။ လာ၍ငါ့နောက်သို့ လိုက်လော့က သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်တော့်နှလုံးသားထဲကို ဝင်လာစေဖို့ ကူညီပါတယ်၊ ကျမ်းစာတွေကိုဖတ်တဲ့အခါ နွေးထွေးမှုကို ခံစားရတယ်။”၁၅
နောက်ဆုံးကတော့၊ ကလေးတွေအများကြီးရှိတဲ့အမေတစ်ယောက်က၊ “ကျွန်မတို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို လေ့လာတဲ့အခါ၊ သူက ကျွန်မတို့မိသားစုကို စိုးရိမ်မှုဆီက နေ ခွန်အားဆီကို၊ ဒုက္ခနဲ့စိန်ခေါ်မှုတွေဆီကနေ လွတ်မြောက်ခြင်းဆီကို၊ ငြင်းခုံခြင်းနဲ့ ဝေဖန်ခြင်းတွေဆီကနေ ချစ်ခြင်းနဲ့ ငြိမ်းချမ်းခြင်းဆီကို၊ ပြီးတော့ မာရ်နတ်ရဲ့ လွှမ်းမိုးမှုဆီကနေ၊ ဘုရားသခင်ရဲ့လွှမ်းမိုးမှုဆီကို ပြောင်းဖို့ ကူညီပါတယ်။”၁၆
ဒီလူတွေနဲ့ အခြားများစွာသော၊ ခရစ်တော်ရဲ့သစ္စာရှိ နောက်လိုက်တွေဟာ မိမိတို့အိမ်တွေရဲ့ တံခါးပေါက်မှာ ဘုရားသခင့်သိုးသငယ်ရဲ့အသွေးကို သင်္ကေတအဖြစ်ထားရှိကြပါတယ်။ သူတို့ဟာ ကယ်တင်ရှင်နောက်ကိုလိုက်လျှောက်ဖို့ သူတို့ရဲ့ အတွင်းကတိကဝတ်ကို သရုပ်ဖော်ကြပါတယ်။ အလွန်တရာအံ့ဩဖွယ်အမှုရဲ့ရှေ့မှာ သူတို့ရဲ့ယုံကြည်ခြင်းကလာပါတယ်။ လူတစ်ယောက်ကျမ်းစာအတွေ့အကြုံရှိခြင်းကအလွန်တရာအံ့ဩဖွယ်အမှုတစ်ခုဖြစ်ပြီး၊ အဲဒီအတွေ့အကြုံက သန့်ရှင်းသောဝိညာဉ်တော်ရဲ့လွှမ်းမိုးမှုအားဖြင့် ကောင်းချီးခံစားရပါတယ်။
ကျွန်တော်တို့ဟာ ကျမ်းစာတွေလေ့လာတဲ့အခါ၊ နိုင်ငံမှာ ဝိညာဉ်ပကတိငတ်မွတ်ခေါင်းပါးခြင်းဘေး မရှိပါဘူး။ နီဖိုင်းပြောခဲ့သလိုပါပဲ၊ “ဘုရားသခင်၏နှုတ်ကပတ်တော်ကို စေ့စေ့နားထောင်၍၊ ခိုင်မြဲစွာကိုင်ဆောင်ထားသူမှန်သမျှသည် အဘယ်တော့မျှ ပျက်စီးမည်မဟုတ်။ သွေးဆောင်ဖြားယောင်းခြင်းတို့နှင့် မာရ်နတ်၏မီးစက်လက်နက်တို့ကလည်း သူတို့ကို ပျက်စီးခြင်းသို့ လှည့်ဖြားခေါ်ဆောင်သွားရန်၊ အသိစိတ်ကွယ်ခြင်းသို့ ရောက်စေသည့်တိုင်အောင် အနိုင်ရနိုင်ကြလိမ့်မည်မဟုတ်ဟု ငါသည် သူတို့ကို ဖြေ၏” (၁ နီဖိုင်း ၁၅း၂၄)။
ရှေးခေတ်မှာ၊ ဣသရေလအမျိုးသားတို့ဟာ ပရောဖက်မောရှေအားဖြင့် ပေးတဲ့ ကိုယ်တော်ရှင်ရဲ့ လမ်းညွှန်မှုကို လိုက်လျှောက်ခဲ့ကြပါတယ်၊ သူတို့ဟာ ဘေးကင်းခြင်းနဲ့ လွတ်လပ်မှုတို့နဲ့ကောင်းချီးခံစားရပါတယ်။ ဒီခေတ်မှာ၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အသက်ရှင်တဲ့ပရောဖက်၊ ဥက္ကဋ္ဌနယ်လဆင်အားဖြင့်ပေးတဲ့ ကိုယ်တော်ရှင်ရဲ့ လမ်းညွှန်မှုကို လိုက်လျှောက်တာနဲ့အမျှ၊ ကျွန်တော်တို့နှလုံးသားမှာ ပြောင်းလဲခြင်း၊ ကျွန်တော်တို့အိမ်တွေမှာ အကာအကွယ်ရခြင်းတို့နဲ့တူညီစွာကောင်းချီးခံစားကြရပါတယ်။
ယေရှုခရစ်တော် အသက်ရှင်တယ်ဆိုတာ ကျွန်တော် သက်သေခံပါတယ်။ ဒီအရာက၊ ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် မြေကြီးပေါ်ကိုပြန်လည်ဆောင်ယူထားတဲ့ သူ့အသင်းတော်ဖြစ်ပါတယ်။ ဥက္ကဋ္ဌရပ်ဆဲလ်အမ်၊ နယ်လဆင်ဟာ၊ ယနေ့ ကိုယ်တော်ရှင်ရဲ့ ပရောဖက်ဖြစ်ပါတယ်။ ကျွန်တော်သူ့ကို ချစ်ပါတယ်၊ ထောက်ခံပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။