အထွေထွေညီလာခံ
ဘုရားသခင်၏​ သိုးခြံထဲသို့ဝင်ပါ
ဧပြီ ၂၀၂၂ အထွေထွေညီလာခံ


10:20

ဘုရားသခင်၏​ သိုးခြံထဲသို့ဝင်ပါ

ဘုရားသခင်၏​ သိုးစုထဲမှာ၊ ကျွန်တော်တို့ဟာ ကောင်းသောသိုးထိန်းရဲ့စောင့်ရှောက်မှု၊ ပြုစုပျိုးထောင်ခြင်း နှင့် သူ၏ ရွေးနှုတ်သော ချစ်ခြင်းမေတ္တာအတွက် ကောင်းချီးခံစားရပါတယ်။

ငယ်ရွယ်သောမိဘများအနေဖြင့်၊ ညီအစ်ကိုနှင့်ညီအစ်မ ရှမာဒ်တို့သည် အင်ဒိုနီးရှားနိုင်ငံ၊ ဆီမာရန်မြို့ရှိ သူတို့၏ရိုးရှင်းသောအခန်းနှစ်ခန်းပါသော အိမ်တွင် ယေရှုခရစ်တော်၏ဧဝံဂေလိတရားကို သင်ယူခဲ့ပါတယ်။ စားပွဲငယ်တစ်လုံးမှာ ဝိုင်းထိုင်ပြီး၊ အခန်းကို အလင်းထက် ခြင်တွေနဲ့ပိုပြည့်‌‌စေပုံရတဲ့ ရေနံဆီမီးခွက်တစ်လုံးနဲ့၊ သာသနာပြုလူငယ်နှစ်ဦးက ထာဝရအမှန်တရားများကို သင်ပေးခဲ့ကြပါတယ်။ စိတ်ရင်းမှန်ဖြင့်ဆုတောင်းခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏လမ်းညွှန်မှုတို့ဖြင့်၊ သူတို့ဟာ သွန်သင်ခံခဲ့ရသည့်အရာများကို ယုံကြည်လာလို့ ဗတ္တိဇံခံရန်ရွေးချယ်ခဲ့ကြပြီး ယေရှုခရစ်တော်၏နောက်ပိုင်းကာလ သန့်ရှင်းသူများအသင်းတော်၏ အသင်းသားများဖြစ်လာခဲ့ကြပါတယ်။ အဲဒီဆုံးဖြတ်ချက်နဲ့ အဲဒီအချိန်ကစပြီး သူတို့ရဲ့အသက်တာပုံစံက၊ ညီအစ်ကိုနဲ့ ညီအစ်မ ရှမာဒ်နဲ့ သူတို့ရဲ့မိသားစုကို သူတို့ရဲ့ဘဝကဏ္ဍတိုင်းမှာ ကောင်းချီးခံစားခဲ့ရပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အစောပိုင်းရှေ့ဆောင် သန့်ရှင်းသူတွေထဲမှာ သူတို့ပါဝင်ပါတယ်။ နောက်ပိုင်းတွင် ဗိမာန်တော်ဆိုင်ရာဘိသိက်မင်္ဂလာများကို သူတို့ရရှိခဲ့ပြီး၊ ညီအစ်ကိုရှမာဒ်သည် အသင်းခွဲဥက္ကဋ္ဌ၊ ထို့နောက် ခရိုင်ဥက္ကဋ္ဌအဖြစ် အမှုထမ်းခဲ့ရာ သူ့တာဝန်များကို ကျေပွန်စေရန် ဂျာဗားကျွန်းတစ်လျှောက် ခရီးနှင်ခဲ့ပါတယ်။ သူဟာ လွန်ခဲ့သောဆယ်စုနှစ်အတွင်း၊ စူရာကာတာ အင်ဒိုနီးရှားခရိုင်၏ ပထမဆုံးမျိုးနွယ်စုအဘအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ညီအစ်ကို စာမက်၊ ညီအစ်မစာမက်တို့နှင့် အသင်းလူကြီး ဖန့်ခ်

လွန်ခဲ့တဲ့ ၄၉ နှစ်တုန်းက နှိမ့်ချပြီး ယုံကြည်ခြင်းပြည့်နေတဲ့ အဲ့ဒီအိမ်မှာရှိတဲ့ သာသနာပြုတစ်ယောက်အနေနဲ့၊ မော်မုန်ကျမ်းမှာ ဗင်္ယာမိန်​မင်းကြီး သင်ပေးခဲ့တဲ့အရာကို သူတို့ထဲမှာ ကျွန်တော်သက်သေခံခဲ့ပါတယ်၊ “ဘုရားသခင်၏​ပညတ်တော်များကို စောင့်ထိန်းသော​သူတို့၏ ကောင်းချီး​ခံစား၍၊ ပျော်ရွှင်သော​အခြေအနေကိုလည်း သင်တို့​ဆင်ခြင်ကြ​စေကြောင်း ငါအလို​ရှိ၏။ ရှုလော့၊ သူတို့သည်အရာရာ၌ ဇာတိပကတိနှင့် ဝိညာဉ်ပကတိနှစ်ခုစလုံးတွင် ကောင်းချီးခံစားကြရ၏။” ယေရှုခရစ်တော်၏ ပုံသက်သေနှင့် သွန်သင်ချက်များကို လိုက်လျှောက်သူများ၏ အသက်တာသို့ စီးဆင်းလာသော ကောင်းချီးများမှာ ပျော်ရွှင်မှု၊ မြောက်မြားစွာ နှင့် ထာဝရဖြစ်ပါတယ်။

ဘုရားသခင်၏ သိုးခြံ

မော်မုန်ရေပြင်မှာစုဝေးနေတဲ့သူတွေကို အယ်လ်မာရဲ့ ပဋိညာဉ်ဖိတ်ခေါ်ချက်က “ယခုမူကား၊ သင်တို့သည် ဘုရားသခင်၏သိုးခြံထဲသို့ ဝင်ရန် အလိုရှိလျက်” ဆိုတဲ့စကားစုနဲ့ အစပြုထားပါတယ်။

Flock of sheep in the country side standing next to a rock fence.

သိုးခြံဟာ ကြီးမားသော အခန်းကြီးတစ်ခုဖြစ်ပါတယ်၊ ကျောက်နံရံများဖြင့် တည်ဆောက်ထားလေ့ရှိပြီး ညအချိန်တွင် သိုးများကို ကာကွယ်ပေးလေ့ရှိပါတယ်။ အဲ့ဒီမှာ အပေါက်တစ်ခုပဲရှိတယ်။ နေ့အဆုံးမှာ၊ သိုးထိန်းက သိုးတွေကို ခေါ်တယ်။ သူတို့က သူ၏အသံကိုသိတယ်၊ ဂိတ်တံခါးမှတစ်ဆင့် သိုးခြံ၏ လုံခြုံရာသို့ ဝင်လာကြပါတယ်။

သိုးများဝင်လာသောအခါ သူတို့၏ ဒဏ်ရာများနှင့် ဝေဒနာများကို ရေတွက်မှတ်သားထားပြီး တစ်ခုချင်းစီ ကြည့်ရှု စောင့်ရှောက်နိုင်ရန် သိုးထိန်းများဟာ ကျဉ်းမြောင်းသော အပေါက်တွင် ရပ်နေတတ်ကြောင်းကို အယ်လမာပြည်သူများ သိကြပါလိမ့်မယ်။ သိုးတွေရဲ့ လုံခြုံမှုနဲ့ ကောင်းကျိုးဟာ သိုးခြံထဲဝင်ပြီး ခြံထဲတွင်နေဖို့ လိုလိုလားလားရှိခြင်းအပေါ် မူတည်နေပါတယ်။

ကျွန်တော်တို့တွင် သိုးခြံအစွန်အဖျား၌ ရှိနေပြီဟု ခံစားရသူအချို့ရှိပါလိမ့်မယ်၊ သူတို့ဟာ လိုအပ်မှု သို့မဟုတ် တန်ဖိုးနည်းတယ် သို့မဟုတ် သိုးစုတွင် မပါဝင်ဟု တွေးကောင်းတွေးပါလိမ့်မယ်။ ပြီးတော့၊ သိုးခြံထဲမှာလိုပဲ၊ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ သိုးစုထဲမှာ တစ်ခါတလေ အချင်းချင်းရဲ့ခြေချောင်းတွေပေါ် နင်းမိပြီး နောင်တရဖို့ ဒါမှမဟုတ် ခွင့်လွှတ်ဖို့လိုပါတယ်။

သို့သော် သိုးထိန်ကောင်း— ကျွန်တော်တို့၏သိုးထိန်းအစစ်ဟာ—အမြဲကောင်းပါတယ်။ ဘုရားသခင်၏​ သိုးစုထဲမှာ၊ ကိုယ်တော်ရဲ့ စောင့်ရှောက်မှု၊ ပြုစုပျိုးထောင်ခြင်း နှင့် သူ၏ ရွေးနှုတ်သော ချစ်ခြင်းမေတ္တာအတွက် ကောင်းချီးခံစားရပါတယ်။ ကိုယ်တော်ကလည်း၊ “ငါသည် ကိုယ်လက်ဝါး၌ သင့်ကို စာထိုးပြီ။ သင်၏မြို့ရိုးသည် ငါ့ရှေ့မှာ အစဉ်ရှိ၏၊” လို့မိန့်တော်မူခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ဟာ ကျွန်တော်တို့ရဲ့ အပြစ်များ၊ နာကျင်မှုများ၊ ဆင်းရဲဒုက္ခများ နှင့် ဘဝတွင်မတရားမှုအားလုံးကို သူ၏လက်ဖဝါးပေါ်တွင် ရေးထွင်းထားပါတယ်။၁၀ ဤကောင်းချီးများကို လက်ခံရရှိရန် “လာလိုသောဆန္ဒ”၁၁ ဖြစ်သောကြောင့် အားလုံးကိုကြိုဆိုပါတယ်၊ပြီးတော့ သိုးစုထဲတွင် ပါဝင်ရန် ရွေးချယ်ပါ။ ရွေးချယ်ပြုမူနိုင်ခွင့်ဆု‌‌ကျေးဇူးဟာရွေးချယ်ပိုင်ခွင့်သက်သက်မဟုတ်ပါဘူး၊ မှန်တာကိုရွေးချယ်ဖို့ အခွင့်အရေးဖြစ်ပါတယ်။ သိုးခြံရဲ့ နံရံတွေဟာ အတားအဆီးမဟုတ်ဘဲ ဝိညာဉ်ရေးလုံခြုံမှု ရင်းမြစ်တစ်ခုပါပဲ။

“သိုးခြံတစ်ခုနှင့် သိုးထိန်းတစ်ပါး” ရှိတယ်လို့ ယေရှုသင်ပြခဲ့ပါတယ်။၁၂ မိန့်တော်မူတာက၊

“တံခါးဝကနေ ဝင်တဲ့သူဟာ သိုးထိန်းဖြစ်တယ်။ …

“သိုးတို့သည် သူ၏အသံကို ကြားကြ၏၊ …

“…သိုးတို့သည် သူ၏စကားသံကို သိကြသောကြောင့်လိုက်ကြ၏။”၁၃

ထို့နောက် ယေရှုက “ငါသည် တံခါးဖြစ်၏။ ငါဖြင့် ဝင်သောသူသည် ကယ်တင်ခံရလိမ့်မည်”၁၄ ဘုရားသခင်၏​ သိုးခြံထဲသို့ဝင်ရန် နည်းတစ်နည်းသာရှိပြီး ကယ်တင်နိုင်မည့် နည်းလမ်းတစ်ခုတည်းသာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သင်ကြားပေးခဲ့ပါတယ်။ ယင်းသည် ယေရှုခရစ်တော်အားဖြင့်သာဖြစ်ပါတယ်။၁၅

ဘုရားသခင်၏ သိုးခြံထဲမှာ ရှိတဲ့သူတွေဆီ ရောက်လာတဲ့ ကောင်းချီးမင်္ဂလာတွေ

ယေရှုခရစ်တော်နဲ့ ကိုယ်တော့်ပရောဖက်တွေ သွန်သင်ခဲ့တဲ့ ဩဝါဒအားဖြင့် ဘုရားသခင့်နှုတ်မြွက်တော်ကနေ သိုးခြံထဲ ဘယ်လိုဝင်လာရမယ်ဆိုတာ ကျွန်တော်တို့ သင်ယူရပါတယ်။၁၆ ကျွန်တော်တို့ဟာ ခရစ်တော်၏ဩဝါဒကို လိုက်နာပြီး ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ခြံထဲသို့ဝင်သောအခါ၊ နောင်တရခြင်း၊ ဗတ္တိဇံခံခြင်းနှင့် အတည်ပြုခြင်းနှင့် သစ္စာရှိခြင်းတို့ကို ဆက်လက်လုပ်ဆောင်တဲ့အခါ၊၁၇ အယ်လမာ က တိကျသောကိုယ်ပိုင်ကောင်းချီးမင်္ဂလာလေးပါးကို ကတိပြုခဲ့ပါတယ်။ သင်သည် (၁) “ဘုရားသခင်၏ရွေးနှုတ်ခြင်းကိုခံရ” မည်(၂) “ပထမ ရှင်ပြန်ထမြောက်ခြင်း၏အရာများနှင့်အတူ ရေတွက်ခံရ” မည်၊(၃) “ထာဝရအသက်ကိုရ” ပြီး (၄) ကိုယ်တော်ဟာ “သူ၏ဝိညာဉ်တော်ကို သင့်အပေါ်ပို၍ကြွယ်ဝစွာ သွန်းလောင်းတော်မူ”လိမ့်မည်။၁၈

အယ်လမာက ဒီကောင်းချီးမင်္ဂလာတွေအကြောင်း သင်ပေးပြီးတဲ့နောက် လူတွေက ရွှင်လန်းမှုအတွက် လက်ခုပ်တီးခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့၊

ပထမကတော့၊ ရွေးနှုတ်ရန် ဆိုသည်မှာ အကြွေး သို့မဟုတ် တာဝန်ဝတ္တရားများကို ဆပ်ရန် သို့မဟုတ် စိတ်ဆင်းရဲမှု သို့မဟုတ် ထိခိုက်နစ်နာမှုများမှ လွတ်မြောက်စေရန် ဆိုလိုပါတယ်။၁၉ ကျွန်တော်တို့ ၏ ကိုယ်ပိုင်တိုးတက်မှုပမာဏက ကျွန်တော်တို့ ကျူးလွန်ခဲ့သော အပြစ်များမှ သို့မဟုတ် ကျွန်တော်တို့ ခံစားခဲ့ရသော ဒဏ်ရာများမှ တစ်ခုလုံးကို သန့်ရှင်းစေနိုင်မှာ မဟုတ်ပါ။ ကိုယ်တော်ဟာ ကျွန်တော်တို့ရဲ့ ရွေးနှုတ်ရှင်ပါ။၂၀

ဒုတိယကတော့၊ ခရစ်တော်၏ရှင်ပြန်ထမြောက်မှုကြောင့်၊ အားလုံး ရှင်ပြန်ထမြောက်ပါလိမ့်မယ်။၂၁ ကျွန်တော်တို့၏ ဝိညာဉ်များ ထွက်ခွာသွားပြီနောက်၊ ရှင်ပြန်ထမြောက်လာသော ကိုယ်ခန္ဓာနှင့်အတူ ကျွန်တော်တို့ ချစ်မြတ်နိုးသူတွေကို ပြန်လည်ပွေ့ဖက်နိုင်မှာ အသေချာပါပဲ။ ကျွန်တော်တို့ ပထမရှင်ပြန်ထမြောက်မှုတွင် ပါဝင်ရန် စိတ်အားထက်သန်စွာ စောင့်မျှော်နေရပါလိမ့်မယ်။

တတိယကတော့၊ ထာဝရအသက်တာဆိုတာ ဘုရားသခင်နဲ့အတူ အသက်ရှင်နေထိုင်ခြင်းပါပဲ။ ထိုအရာဟာ “ဘုရားသခင်၏ဆုကျေးဇူးအားလုံးတွင် အကြီးမြတ်ဆုံး” ဖြစ်ပြီး ၂၂ လုံးစုံပျော်ရွှင်မှုကို ခံစားရပါလိမ့်မယ်။၂၃ ယင်းသည် ကျွန်တော်တို့အသက်တာ၏ အဆုံးစွန်ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ဖြစ်ပါတယ်။

စတုတ္ထကတော့၊ သုံးပါးတစ်ဆူ၏အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ သန့်ရှင်းသောဝိညာဉ်တော်ဟာ ဤလူ့ဇာတိဘဝအတွင်း အလိုအပ်ဆုံးသော လမ်းညွှန်မှုနှင့် နှစ်သိမ့်မှုတို့ကို ပေးပါတယ်။၂၄

စိတ်မချမ်းသာရခြင်း၏ အကြောင်းရင်းအချို့၊ ဆင်းရဲဒုက္ခသည် အပြစ်မှ ပေါက်ဖွားလာခြင်း၊၂၅ ချစ်ရသူသေဆုံးခြင်းမှ ဝမ်းနည်းခြင်းနှင့်အထီးကျန်ခြင်း နှင့် ကျွန်တော်တို့သေဆုံးသောအခါ ဘာဖြစ်မလဲဆိုတဲ့ မရေရာမသေချာခြင်းအတွက် ကြောက်ရွံ့ခြင်း တို့ကိုသုံးသပ်ကြည့်ပါ။ သို့သော် ကျွန်တော်တို့သည် ဘုရားသခင်၏သိုးခြံထဲသို့ဝင်၍ ကိုယ်တော်နှင့်ပဋိညာဉ်ဖွဲ့ထားသောအခါ၊ ခရစ်တော်သည် ကျွန်တော်တို့အပြစ်များမှ ကျွန်တော်တို့ကို ရွေးနှုတ်တော်မူမည်ဖြစ်ကြောင်း၊ ကိုယ်ခန္ဓာနှင့် ဝိညာဉ်တော် ခွဲခြားခြင်းသည် လျင်မြန်စွာ ပြီးဆုံးမည်၊ ဘုရားသခင်နှင့်အတူ ထာဝရအသက်ရှင်မည်အကြောင်းတွေကိုသိနားလည်လာပြီး ယုံကြည်စိတ်ချရသော ငြိမ်သက်ခြင်းကိုခံစားရပါတယ်။

ခရစ်တော်ကို ကိုးစားပြီး ယုံကြည်ခြင်း၌ လုပ်ဆောင်ပါ။

ညီအစ်ကို မောင်နှမများခင်ဗျာ၊ ကျမ်းစာများဟာ ကယ်တင်ရှင်၏ ကြီးကျယ်ခမ်းနားသော တန်ခိုးတော်၊ သနားကြင်နာတတ်သော ကရုဏာတော်နှင့် ကျေးဇူးတော်နမူနာများနှင့် ပြည့်နှက်နေပါတယ်။ သူ၏ မြေကြီးသား အမှုတော်ကာလအတွင်း၊ ကိုယ်တော်၏ ကောင်းချီးများဟာ သူ့ကို ကိုးစားပြီး ယုံကြည်ခြင်း၌ ပြုမူဆောင်ရွက်သူတို့ထံ လာခဲ့ပါတယ်။ ဥပမာ၊ ဗေသေသဒရေကန်မှာရှိတဲ့ မသန်မာသူက ယုံကြည်ခြင်းနဲ့အတူ “ထလော့၊ ကိုယ်အိပ်ရာကိုဆောင်၍ လမ်းလျှောက်” ဖို့ ကယ်တင်ရှင်ရဲ့မိန့်မှာချက်အတိုင်း လိုက်နာခဲ့တဲ့အချိန်မှာ လမ်းလျှောက်သွားနိုင်ခဲ့ပါတယ်။၂၆ အလျှံပယ်​ပြည်၌ ဖျားနာသူ ဒါမှမဟုတ် ဆင်းရဲဝေဒနာခံနေရသူတွေဟာ “တစ်ညီတစ်ညွတ်တည်း” “ရှေ့သို့ထွက်လာတဲ့အခါ” ရောဂါများအားလုံး ပျောက်ကင်းသွားပါတယ်။၂၇

ဒီလိုပါပဲ၊ ဘုရားသခင်ရဲ့သိုးခြံထဲဝင်လာသူတို့ကို ကတိပြုထားသော အံ့ဖွယ်ကောင်းချီးများရရှိရန်— ကျွန်တော်တို့ရွေးချယ်ဖို့လိုပါတယ်။ အယ်လမာအငယ်ကလည်း၊ “ယခုမူကား၊ သင်တို့ကို ငါဆိုသည်မှာ၊ ကောင်းသော​သိုးထိန်းသည် သင်တို့ကို လိုက်၍​ခေါ်၏။ သင်တို့​သည်လည်း သူ၏​အသံကို စေ့စေ့နားထောင်လျှင်၊ သူသည် သင်တို့ကို သူ၏​သိုးခြံထဲသို့ သွင်းလိမ့်မည်”၂၈ ဟုသင်ကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်အတော်ကြာတုန်းက ချစ်ရတဲ့မိတ်ဆွေတစ်ယောက် ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်။ သူ့ဇနီး ၊ရှာရွန်၊ သူ၏ရောဂါလက္ခဏာနဲ့ပတ်သက်ပြီး ဦးဆုံးစာရေးခဲ့တုန်းက “ကျွန်မတို့ ယုံကြည်ခြင်းကို ရွေးချယ်ပါတယ်။ ကယ်တင်ရှင်၊ ယေရှုခရစ်တော်ကို ယုံကြည်ပါတယ်။ ကျွန်မတို့၏ကောင်းကင်ဘုံရှင်အဖ၏အစီအစဉ်ကို ယုံကြည်ပါတယ် ပြီးတော့ ကျွန်​မတို့၏လိုအပ်တဲ့အရာများကို သူသိရှိပြီး ကိုယ်တော်၏ကတိတော်များကို ပြည့်စုံစေကြောင်း ယုံကြည်ပါတယ်။”၂၉

အထူးသဖြင့် သွေးဆောင်မှု၊ အတိုက်အခံပြုမှု ဒါမှမဟုတ် ဆင်းရဲမှုတွေပေါ်လာတဲ့အခါ ဘုရားသခင်ရဲ့ခြံထဲမှာ လုံခြုံစွာနေရင်းစိတ်နှလုံးငြိမ်သက်မှုရနေတဲ့ ရှာရွန်လို နောက်ဆုံးကာလ သန့်ရှင်းသူများစွာနဲ့ ကျွန်တော်တွေ့ဖူးပါတယ်။၃၀ သူတို့ဟာ ယေရှုခရစ်တော်ကိုယုံကြည်ရန်နှင့် ပရောဖက်နောက်လိုက်ရန် ရွေးချယ်ခဲ့ပြီးသားပါ။ ကျွန်တော်တို့ချစ်မြတ်နိုးရသော ဥက္ကဌ ရပ်ဆယ်လ် အမ် နယ်လ်ဆင်က “ဘဝမှာကောင်းတာအားလုံး—ထာဝရအရေးပါမှုအတွက် အလားအလာရှိတဲ့ ကောင်းချီးတိုင်းဟာ—ယုံကြည်ခြင်းနဲ့စတင်တယ်”၃၁ လို့ သင်ကြားပေးခဲ့ပါတယ်။

ဘုရားသခင်၏သိုးခြံထဲသို့ အပြည့်အဝလာပါ

၁၈၄၇ ခုနှစ်မှာ ကျွန်တော့်အဘိုးကြီး ဂျိမ်းဆာဝါ ဟော်မန် ယုဒကို ရောက်လာခဲ့ပေမဲ့ ဘရစ်ဂမ် ယန်းနဲ့အတူ ဇူလိုင်လမှာ ရောက်လာရမယ့်သူတွေထဲမှာ သူမပါခဲ့ပါဘူး။ သူဟာ အဲဒီနှစ်နှောင်းပိုင်းတွင် ရောက်ရှိလာခဲ့ပြီး ၊ မိသားစုမှတ်တမ်းများအရ၊ သိုးများကို ခေါ်ဆောင်လာရန် တာဝန်ရှိခဲ့ပါတယ်။ အောက်တိုဘာလအထိ ဆော့လိတ်ချိုင့်ဝှမ်းသို့ မရောက်ရှိခဲ့ပါ၊ ဒါပေမဲ့ သူနဲ့ သိုးတွေလုပ်နိုင်ခဲ့ပါတယ်။၃၂

ကျွန်တော်တို့ထဲက တချို့ဟာ လွင်ပြင်တွေမှာ ရှိနေတုန်းပါပဲ။ ပထမအုပ်စုထဲ လူတိုင်း မရောက်နိုင်ကြပါဘူး။ ချစ်ရတဲ့မိတ်ဆွေတွေ၊ ကျေးဇူးပြုပြီး ခရီးကို ဆက်သွားပါ—တခြားသူတွေကို ကူညီပေးပါ—ဘုရားသခင်ရဲ့ သိုးခြံထဲ အပြည့်အဝ ဝင်လာအောင် ကူညီပေးပါ။ ယေရှုခရစ်တော်၏ဧဝံဂေလိ ကောင်းချီးများဟာ ထာဝစဉ်တည်ရှိသောကြောင့် အတိုင်းမသိများပြားလှပါတယ်။

ယေရှုခရစ်တော်၏နောက်ပိုင်းကာလ သန့်ရှင်းသူများအသင်းတော်၏ အသင်းသားတစ်ယောက်ဖြစ်ရတာ ကျွန်တော် လေးလေးနက်နက်ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဖနဲ့ ကယ်တင်ရှင် ယေရှုခရစ်‌တော်တို့ဆီကလာတဲ့ ချစ်ခြင်းမေတ္တာနဲ့ ငြိမ်သက်ခြင်း၊—ဘုရားသခင်၏ သိုးခြံထဲတွင်တွေ့ရတဲ့ စိတ်နှလုံးငြိမ်သက်မှုနဲ့ ကောင်းချီးတွေအတွက် ကျွန်တော်သက်သေခံပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. သူ့လူမျိုးဆက်ထဲက အင်ဒိုနီးရှားလူမျိုးတွေလိုပဲ ညီအစ်ကိုရှမာဒ်မှာ နာမည်တစ်မျိုးပဲရှိပါသေးတယ်။ ဇနီးဖြစ်သူ သီရိ ကာတွန်နင်စီနှင့် သူတို့၏ကလေးများသည် ရှမာဒ်ကို မိသားစုနာမည်အဖြစ် အသုံးပြုကြပါတယ်။

  2. ညီအစ်ကိုညီအစ်မ ရှမာဒ် က သူတို့ရဲ့ ဆွေမျိုးသားချင်း အနည်းဆုံး ၄၄ ယောက်ဟာ အခု အသင်းသားတွေဖြစ်နေပြီလို့ သတင်းပို့ပါတယ်။ အခြားသူများစွာသည်လည်း သူတို့၏ပုံသက်သေနှင့် အစေခံမှုများကြောင့် ဧဝံဂေလိတရားရဲ့ ကောင်းချီးများကိုလည်း ခံစားနေရပါပြီ။

  3. မောဇိယ ၂း၄၁

  4. သြဝါဒနှင့် ပဋိညာဥ်များကျမ်း ၅၉:၂၃

  5. မောဇိယ ၁၈:၈

  6. ရှု မော်ရော်နိုင်း ၆:၄

  7. ရှု ယောဟန် ၁၀:၁၄ ၊ ဂျဲရစ် ဒဗလူ ဂေါင်၊ “‌သိုးထိန်းကောင်း၊ ဘုရားသခင်၏သိုးသငယ်”၊ လီယဟိုနာ မေ၊ ၂၀၁၉၊ ၉၇-၁၀၁။

  8. ဟေရှာယ ၄၉:၁၆

  9. ရှု အယ်လမာ ၇း၁၁ - ၁၃

  10. ရှု၊ ဒေးလ် ဂျီ ရန်လန်၊ “ဒေါသအမျက်တရားကို နှိုးဆွပေးခြင်း၊” လီယဟိုနာ မေ ၂၀၂၁၊ မေ ၄၁- ၄၄။

  11. မောဇိယ ၁၈:၈

  12. ယောဟန် ၁၀:၁၆

  13. ယောဟန် ၁၀:၂-၄

  14. ယောဟန် ၁၀:၉.

  15. ရှု ၂ နီဖိုင်း ၃၁:၂၁ဟေလမန် ၅:၉

  16. ရှု ဟင်နရီ ဘီ အိုင်ရင်း “ဩဝါဒ သင်ကြားရခြင်း၏စွမ်းအား၊” လီယဟိုနာ၊ ဂျူလိုင် ၁၉၉၉။ ခရစ်တော်ထံသို့ ကျွန်တော်တို့လာရန် ရှာကြံသောအခါ “မြေကြီးတပြင်လုံးတွင် ဘုရားသခင်တစ်ပါးတည်းနှင့် သိုးထိန်းတစ်ဦးရှိတော်မူသည်” ဟူသော ခရစ်တော်၏စကားအတိုင်း ကျွန်‌တော်တို့ဖြစ်လာရမည် (ရှု ၁ နီဖိုင်း ၁၃:၄၀–၄၁)။

  17. ခရစ်တော်၏ အယူဝါဒ၊ ရိုးရိုးလေးပြောရရင် လူတိုင်းက ယေရှုခရစ်‌တော်၏ အပြစ်ဖြေခြင်းအပေါ် ယုံကြည်မှု‌‌ရှိရပါမယ်၊ နောင်တရ၍ ဗတ္တိဇံခံယူရမယ်၊ သန့်ရှင်း‌သောဝိညာဉ်တော်ကို လက်ခံပြီး အဆုံးတိုင်တည်ကြည်ရမယ်၊ ဒါမှသာ ကယ်တင်ရှင် သွန်သင်ပေးခဲ့သလို ၃ နီဖိုင်း ၁၁:၃၈ “ဘုရားသခင်၏နိုင်ငံတော်ကို အမွေရနိုင်ကြမယ်” ဆိုတာပါပဲ။

  18. မောဇိယ ၁၈: ၉၊၁၀

  19. ရှု Merriam Webster.comအဘိဓာန်၊ “‌‌ရွေးနှုတ်”၊ ဒီ ထော့ဒ် ခရစ္စတိုဖာဆန်၊ “‌‌ရွေးနှုတ်ခြင်း”၊ လီယာဟိုနာ မေ ၂၀၁၃၊ ၁၀၉ တွင်လည်းရှု။

  20. ရှု အယ်လ်မာ ၁၁:၄၀

  21. ရှု ၂ နီဖိုင်း ၂:၈၉:၁၂

  22. ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၄:၇

  23. ရှု ၂နီဖိုင်း ၉:၁၈

  24. ရှု ၁ နီဖိုင်း ၄:၆မော်ရော်နိုင်း ၈:၂၆

  25. ရှု မောဇိယ ၃:၂၄-၂၅၊ အယ်လမာ ၄၁:၁၀

  26. ယောဟန် ၅:၈

  27. ၃ နီဖိုင်း ၁၇း၉

  28. အယ်လ်မာ ၅း၆၀ မောရှေ ၇:၅၃မှာ မေဇိယကလည်း “တံခါးဝသို့ဝင်၍ ငါ့အနားသို့ တက်သောသူမည်သည်ကား ဘယ်တော့မျှ လဲမည်မဟုတ်” ဟု မိန့်ဆိုခဲ့ပါတယ်။

  29. ရှာရွန် ဂျုန်းစ်၊ “ချို့ယွင်းချက်များ”၊wechoosefaith.blogspot.com ၊ မတ် ၁၈၊ ၂၀၁၂။

  30. ငါ၏ ဧဝံဂေလိတရားကို ဟောပြောလော့ ဘုရားသခင်၏ပညတ်တော်များအတိုင်း “အဆုံးတိုင်အောင်တည်ကြည်ရန်” “နှင့် ဘဝတစ်လျှောက်မှာ သွေးဆောင်မှုများ၊ ဆန့်ကျင်မှုများနှင့် ဆင်းရဲခက်ခဲမှုများကြားမှ တံဆိပ်ခတ်ခြင်းနှင့် တံဆိပ်ခတ်ခြင်းဆိုင်ရာ ပဋိညာဉ်များကို သစ္စာစောင့်သိဖို့” အဓိပ္ပါယ်ဖွင့်ပါတယ်။ ([၂၀၁၉] ၇၃)။ ၎င်းက ဘဝတစ်လျှောက်လုံး သွေးဆောင်မှု၊ ဆန့်ကျင်မှုနှင့် ဆင်းရဲခက်ခဲမှုများကို ကျွန်‌တော်တို့ကြုံတွေ့ရမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

  31. ရပ်ဆဲလ် အမ်၊ နယ်လဆင်၊ “ခရစ်တော်ထမြောက်ပြီ၊ သူ့၌ယုံကြည်ခြင်းသည် တောင်တို့ကို ရွေ့စေလိမ့်မည်၊” လီယဟိုနာ၊ မေ ၂၀၂၁၊ ၁၀၂။

  32. ဟောပြောသူ သူတို့ရဲ့မြေးကြီး ဂရေ့စ် အိတ်ခ်ျ စန်းစ်ဘရီ ပိုင်ဆိုင်ထားသော ဂျိမ်းစ် ဆာယာ ဟော်မန်းနှင့် နောမိ ရိုစီနာ လီဘာရွန် ဟော်မန်တို့၏ အတ္ထုပ္ပတ္တိများကို ကြည့်ပါ (ချားလ်စ် စီ ရစ်ခ်ျ ဒိုင်ယာရီ၊ စက်တင်ဘာ ၂၈၊ ၁၈၄၇၊ အသင်းတော်သမိုင်းစာကြည့်တိုက်၊ ဆော့လိတ် မြို့တော်၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလ သန့်ရှင်းသူများအသင်းတော်သမိုင်းဂျာနယ်၊ ဇွန်လ ၂၁၊ ၁၈၄၇၊ ၄၉၊ အသင်းတော်သမိုင်းစာကြည့်တိုက်)။ ဟော်မန် သည် ၁၈၄၇ မှာ ချားလ်စ် စီ ရစ်ခ်ျ ကုမ္ပဏီတွင် ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။