အထွေထွေညီလာခံ
တစ်ဖန်ယုံကြည်စိတ်ချပါ
အောက်တိုဘာလ ၂၀၂၁ အထွေထွေညီလာခံ


13:7

တစ်ဖန်ယုံကြည်စိတ်ချပါ

ဘုရားသခင်နဲ့ အချင်းချင်းကို ယုံကြည်စိတ်ချခြင်းဟာ ကောင်းကင်ဘုံ ကောင်းချီးမင်္ဂလာတွေကို ယူဆောင်လာပါတယ်။

တစ်ချိန်က၊ ကျွန်တော်အလွန်ငယ်တုန်းက၊ အိမ်ကနေထွက်ပြေးဖို့ ခဏတွေးဖူးပါတယ်။ လူငယ်လေးတုန်းက၊ ကျွန်တော့်ကို ဘယ်သူမှ မချစ်ဘူးလို့ ခံစားခဲ့ဖူးပါတယ်။

ကျွန်တော့်ရဲ့ သတိကြီးတဲ့အမေက ကျွန်တော့်ကို နားထောင်ပြီး၊ အာမခံခဲ့ပါတယ်။ ကျွန်တော်အိမ်မှာအန္တရာယ်ကင်းစွာရှိခဲ့ပါတယ်။

သင်ဟာ အိမ်က ထွက်ပြေးချင်တဲ့စိတ် ခံစားဖူးပါသလား။ အကြိမ်ကြိမ်ပါပဲ၊ အိမ်ကနေထွက်ပြေးခြင်းဆိုတာ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့၊ အချင်းချင်း၊ ဘုရားသခင်ကို ယုံကြည်စိတ်ချထားတဲ့—ယုံကြည်စိတ်ချမှု အစပျောက်သွားတာ၊ ပျက်စီးသွားတာလို့ ဆိုလိုပါတယ် ယုံကြည်စိတ်ချခြင်း စောဒကတက်ခံရတဲ့အခါ၊ ကျွန်တော်တို့ ဘယ်လိုတစ်ဖန်ယုံကြည်စိတ်ချရမလဲလို့ သိချင်ကြပါတယ်။

ဒီနေ့ကျွန်တော့်အမှာစကားကတော့၊ ကျွန်တော်တို့ အိမ်ကို လာနေသည်ဖြစ်စေ၊ သွားနေသည်ဖြစ်စေ၊ ဘုရားသခင်က ကျွန်တော်တို့ကို တွေ့ဖို့ လာနေတယ်ဆိုတာပဲဖြစ်ပါတယ်။ သူ့ဆီမှာ ကျွန်တော်တို့ တစ်ဖန် ယုံကြည်စိတ်ချဖို့ ယုံကြည်ခြင်းနဲ့ သတ္တိ၊ ဉာဏ်ပညာနဲ့ အမြော်အမြင်တို့ကို ရှာတွေ့နိုင်ပါတယ်။ ထိုနည်းတူစွာပဲ၊ သူကကျွန်တော်တို့ကို အချင်းချင်းအတွက် အလင်းကို ဖွင့်ထားပေးဖို့၊ ကျွန်တော်တို့ကိုယ်တိုင်နဲ့ အချင်းချင်းကို ပိုပြီးခွင့်လွှတ်ဖို့နဲ့ ဝေဖန်မှုနည်းစေဖို့ တောင်းဆိုပါတယ်၊ အဲ့ဒါမှ သူ့အသင်းတော်ဟာ ကျွန်တော်တို့ ပထမဆုံး လာနေတာပဲဖြစ်စေ၊ ပြန်လာနေတာပဲဖြစ်စေ ကိုယ့်အိမ်မှာရှိတယ်လို့ခံစားရတဲ့နေရာ တစ်ခုဖြစ်နိုင်မှာပါ။

ယုံကြည်စိတ်ချခြင်းဟာ ယုံကြည်ခြင်းအပြုအမူတစ်ခုပါ။ ဘုရားသခင်က ကျွန်တော်တိုကို ယုံကြည်ခြင်းနဲ့မြဲစေပါတယ်။ ဒါပေမယ့်၊ လူသားယုံကြည်စိတ်ချခြင်းဟာ လျော့ပါးစေနိုင်၊ သို့မဟုတ် ပျက်စီးစေနိုင်ပါတယ်၊ ဘယ်လိုအချိန်မှာလည်းဆိုလျှင်၊

  • မိတ်ဆွေ၊ စီးပွားဘက်တစ်ယောက်၊ သို့မဟုတ် ကျွန်တော်တို့ ယုံကြည်စိတ်ချရတဲ့တစ်စုံတစ်ယောက်က သစ္စာမရှိတဲ့အခါ၊ ကျွန်တော်တို့ကို နာကျင်စေ၊ အခွင့်ကောင်းယူတဲ့အခါ။

  • အိမ်ထောင်ဘက်က သစ္စာမရှိတဲ့အခါမျိုးမှာ ဖြစ်ပါတယ်။

  • ကျွန်တော်တို့ချစ်ရတဲ့ သူတစ်စုံတစ်ယောက် သေခြင်း၊ ဒဏ်ရာ၊ သို့မဟုတ် ဖျားနာတာနဲ့ ရင်ဆိုင်ရတာမျိုး မမျှော်လင့်ဘဲ ရှိကောင်းရှိပါလိမ့်မယ်။

  • ကျွန်တော်တို့ဟာ မမျှော်လင့်ထားတဲ့ ဧဝံဂေလိတရားတော်မေးခွန်းတစ်ခုနဲ့ ရင်ဆိုင်ရပါတယ်၊ အသင်းတော်သမိုင်း သို့မဟုတ် ကျွန်တော်တို့အသင်းတော်မူဝါဒနဲ့ ပတ်သက်တဲ့အရာတစ်ခုခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ပြီးတော့ ကျွန်တော်တို့အသင်းတော်ဟာ သမ္မာတရားကို တစ်နည်းနည်းနဲ့ ဖုံးထား၊ သို့မဟုတ် မပြောဘဲထားတယ်လို့ တစ်ယောက်ယောက်က ပြောပါတယ်။

အခြားအခြေအနေတွေဟာ သိပ်အထူးမရှိပေမယ့် တူညီသောအလေးထားမှုရှိပါတယ်။

ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ အသင်းတော်မှာရှိတယ်လို့မမြင်ကြ၊ အသင်းတော်နဲ့မတန်ဘူးလို့ခံစားကြ၊ အခြားသူတွေရဲ့ဝေဖန်တာကို ခံရတယ်လို့ ခံစားကောင်း ခံစားနိုင်ပါတယ်။

သို့မဟုတ်၊ ကျွန်တော်တို့ဟာ မျှော်လင့်ထားတဲ့အရာတိုင်းကို လုပ်ဆောင်ခဲ့ပေမယ့်လည်း၊ ဖြစ်မြောက်မလာသေးဘူး။ သန့်ရှင်းသောဝိညာဉ်တော်နဲ့ပတ်သက်လို့ ကျွန်တော်တို့ကိုယ်တိုင်အတွေ့အကြုံတွေရှိသော်လည်း၊ ကျွန်တော်တို့ ဘုရားသခင်အသက်ရှင်တာကို သိကြောင်း၊ သို့မဟုတ် ဧဝံဂေလိတရားတော်မှန်ကန်ကြောင်းကို မခံစားနိုင်ကြသေးပါဘူး။

ဒီခေတ်မှာ များစွာတို့ဟာ လူသားဆက်ဆံရေးနဲ့ ခေတ်သစ်လူမှုရေးတို့မှာ ယုံကြည်စိတ်ချမှုကို ပြန်လည်တည်ဆောက်ဖို့ ကြီးစွာသောလိုအပ်ချက်ရှိတယ်လို့ ခံစားကြရပါတယ်။

ကျွန်တော်တို့ဟာ ယုံကြည်စိတ်ချခြင်းကို ကျွန်တော်တို့ စဉ်းစားကြတဲ့အခါ၊ ဘုရားသခင်ဟာ သမ္မာတရားဘုရားသခင်ဖြစ်ကြောင်းနဲ့ “မုသားမပြောနိုင်” ကြောင်းတို့ကို သိကြပါတယ်။ သမ္မာတရားသည်ကား အမှုအရာတို့ အကြောင်းကို ၎င်းတို့ဖြစ်လျက်ရှိသည့် အတိုင်း၊ ထို့အတူ ၎င်းတို့ဖြစ်လေပြီးသည့် အတိုင်း၊ ထို့အတူ ၎င်းတို့ဖြစ်လေမည့် အတိုင်း သိခြင်းဖြစ်ကြောင်းကို ကျွန်တော်တို့သိကြပါတယ်။ ဆက်တိုက်ဗျာဒိတ်တော်နဲ့ လမ်းပြလှုံ့ဆော်ခြင်းတို့ဟာ မပြောင်းလဲတဲ့သမ္မာတရားကို ပြောင်းလဲတဲ့အခြေအနေတွေနဲ့ ကိုက်ညီစေတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။

ချိုးဖောက်မိတဲ့ပဋိညာဉ်တွေက နှလုံးသားတွေကို ကြေကွဲစေတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ “မိုက်မဲတဲ့အမှုတွေ လုပ်ခဲ့တယ်” လို့ သူပြောတယ်။ “ငါ့ကို အမြဲခွင့်လွှတ်ပေးနိုင်မလား” ခင်ပွန်းနဲ့ဇနီး လက်တွေတွဲလို့၊ တစ်ဖန်ယုံကြည်စိတ်ချဖို့ မျှော်လင့်နိုင်ပါတယ်။ မတူတဲ့အခြေအနေတစ်ခုမှာ၊ အကျဉ်းသားအဖော်တစ်ဦးက တွေးမိပါမယ်၊ “ငါသာ ဉာဏ်ပညာစကားကို စောင့်ထိန်းခဲ့လျှင်၊ ဒီမှာရှိနေလိမ့်မှာမဟုတ်ဘူး”

ကိုယ်တော်ရှင်ရဲ့ ပဋိညာဉ်လမ်းကြောင်းပေါ်က ဝမ်းမြောက်ခြင်း၊ ပြီးတော့ သူ့အသင်းတော်ထဲမှာ အမှုဆောင်တဲ့ အမှုတော်ဆောင်တာဝန်တွေဟာ ဘုရားသခင်ရဲ့ ယုံကြည်စိတ်ချခြင်းနဲ့ ချစ်ခြင်းကို ခံစားစေဖို့ ကျွန်တော်တို့နဲ့ အချင်းချင်းအတွက် ဖိတ်ခေါ်ခြင်းတစ်ခု ဖြစ်ကြောင်း ကျွန်တော်တို့သိကြပါတယ်။ အရွယ်ရောက်လူလွတ်များအပါအဝင်၊ အသင်းတော်အသင်းသားတွေဟာ အသင်းတော်တစ်ဝန်းနဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်များမှာ ပုံမှန် အမှုတော်ဆောင်ကြပါတယ်။

လမ်းပြလှုံ့ဆော်ခြင်းအားဖြင့်၊ သင်းအုပ်အတိုင်ပင်ခံအဖွဲ့က လူငယ်ဇနီးမောင်နှံတစ်စုံကို အသင်းတော်စု ကလေးထိန်းခန်းမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်ပါတယ်။ ပထမတော့၊ ခင်ပွန်းက ထောင့်မှာထိုင်၊ ဘေးဖယ်ပြီး ခပ်စိမ်းစိမ်းနေပါတယ်။ တဖြည်းဖြည်းနဲ့၊ သူဟာ ကလေးတွေကို စပြီးပြုံးပြလာတယ်။ နောက်တော့၊ ဇနီးမောင်နှံက ကျေးဇူးတရားကို ဖော်ပြပါတယ်။ အစောပိုင်းတုန်းက၊ သူတို့ပြောပါတယ်၊ ဇနီးက ကလေးလိုချင်တယ်၊ ခင်ပွန်းက မလိုချင်ခဲ့ဘူး။ ယခုဆိုလျှင်၊ အမှုဆောင်ခြင်းက သူတို့ပြောင်းလဲစေခဲ့ပြီး၊ စည်းလုံးစေခဲ့ပါတယ်။ အဲဒါက ၊ သူတို့အိမ်ထောင်နဲ့ အိမ်မှာ ကလေးတွေရှိခြင်းရဲ့ဝမ်းမြောက်မှုကို ဆောင်ယူခဲ့ပါတယ်။

တစ်ခြားမြို့မှာ၊ ကလေးငယ်လေးရှိတဲ့ လူငယ်အမေတစ်ယောက်နဲ့ သူမခင်ပွန်းဟာ အသင်းတော်စုလူမှုသက်သာရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ်အမှုဆောင်ဖို့ သူမ ဖိတ်ခေါ်ခံရချိန်မှာ အံ့အားသင့်စိတ်လှုပ်ရှားကြပေမယ့် လက်ခံကြပါတယ်။ အဲဒီနောက်မကြာမီမာ၊ ရေခဲမုန်တိုင်းက လျှပ်စစ်ဓာတ်အားကို ပြတ်စေ၊ သိုလှောင်စင်တွေကို ဗလာကျင်းစေ၊ အိမ်တွေကို ရေခဲသေတ္တာတွေလို အေးစေခဲ့ပါတယ်။ သူတို့မှာ လျှပ်စစ်ဓာတ်အားရှိတာကြောင့်၊ ဒီလူငယ်မိသားစုဟာ၊ မိသားစုများစွာနဲ့ လူတွေအတွက်၊ မုန်တိုင်းစဲတဲ့အထိ သူတို့အိမ်ကို ရက်ရောစွာဖွင့်ပေးကြပါတယ်။

ကျွန်တော်တို့ ခက်တဲ့အရာတွေကို ယုံကြည်ခြင်းနဲ့လုပ်ဆောင်တဲ့အခါ ယုံကြည်စိတ်ချခြင်းက အမှန်ဖြစ်လာပါတယ်။ အမှုဆောင်ခြင်းနဲ့ စွန့်လွှတ်ခြင်းတို့ဟာ စွမ်းရည်တိုးလာပြီးနှလုံးသားတွေကို သန့်စင်စေပါတယ်။ ဘုရားသခင်နဲ့ အချင်းချင်းကို ယုံကြည်စိတ်ချခြင်းဟာ ကောင်းကင်ဘုံ ကောင်းချီးမင်္ဂလာတွေကို ယူဆောင်လာပါတယ်။

ကင်ဆာကနေလွတ်မြောက်ပြီးနောက်မှာ၊ သစ္စာရှိညီအစ်ကို တစ်ယောက်ဟာ ကားတိုက် ခံရပါတယ်။ သူ့ကိုယ်သူဝမ်းနည်းနေမယ့်အစား၊ ဆုတောင်းချင်းထက်သန်စွာနဲ့ မေးပါတယ် “ဒီအတွေ့အကြုံကနေ ကျွန်တော်ဘာများ သင်ယူနိုင်ပါသလဲ” သူ့အရေးပေါ်အခန်းထဲမှာ၊ သူဟာ သူနာပြုတစ်ယောက် သူမခင်ပွန်းနဲ့ ကလေးတွေအတွက်စိုးရိမ်တာကို သတိပြုစေဖို့ လှုံ့ဆော်တာကို ခံစားရပါတယ်။ နာကျင်နေတဲ့လူနာတစ်ယောက်ဟာ ဘုရားသခင်ကို ယုံကြည်စိတ်ချပြီး၊ အခြားသူတွေကို ကမ်းလှမ်းရင်း အဖြေတွေတွေ့ခဲ့ပါတယ်။

ညစ်ညမ်းရုပ်ရှင်ပြဿနာတွေ့နေတဲ့ညီအစ်ကိုတစ်ယောက် ဥက္ကဌရုံးရှေ့မှာစောင့်နေစဉ်မှာ၊ ပန္နက်ဥက္ကဋ္ဌတစ်ယောက်ဟာ ထိုသူကို ဘယ်လိုကူညီရမယ်ဆိုတာကို သိဖို့ ဆုတောင်းပါတယ်။ ရှင်းလင်းတဲ့ခံစားမှုတစ်ခု ဝင်လာပါတယ်၊ “တံခါးဖွင့်ပြီး ဝင်ခွင့်ပေးလိုက်ပါ။” ယုံကြည်ခြင်းနဲ့ ယုံကြည်စိတ်ချခြင်းတို့ဖြင့်၊ ဘုရားသခင်က ကူညီပါလိမ့်မယ်၊ ယဇ်ပုရောဟိတ်အခွင့်ခေါင်းဆောင်က တံခါးဖွင့်ပြီး၊ ညီအစ်ကိုကို ပွေ့ဖက်ပါတယ်။ နှစ်ယောက်စလုံးဟာ ဘုရားသခင်နဲ့ အချင်းချင်း အတွက် ပြောင်းလဲတဲ့ချစ်ခြင်းကို ခံစားရပါတယ်။ အားပြည့်လျက်၊ ညီအစ်ကိုဟာ နောင်တရပြီး ပြောင်းလဲဖို့ စတင်ပါတယ်။

ကျွန်တော်တို့တစ်ဦးချင်းအခြေအနေတွေဟာ ပုဂ္ဂိုလ်ရေးဖြစ်ပေမယ့်၊ ဧဝံဂေလိတရားတော်အခြေခံသဘောတရားတွေနဲ့ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်တို့ကို အခြားသူတွေကို ဘယ်အချိန်၊ ဘယ်လိုမျိုးတစ်ဖန်ယုံကြည်စိတ်ချရမယ်ဆိုတာကို သိဖို့ ကူညီနိုင်ပါတယ်။ ယုံကြည်စိတ်ချခြင်းပျက်တဲ့အခါ၊ သစ္စာဖောက်ခံရတဲ့အခါ၊ စိတ်ညစ်ခြင်း၊ စိတ်ပျက်ခြင်းတကယ်ရှိပါတယ်။ လူ့ဆက်ဆံရေးမှာ ယုံကြည်ခြင်းနဲ့သတ္တိ ဘယ်အချိန်မှာ တစ်ဖန်ယုံကြည်စိတ်ချထိုက်သလဲဆိုတာသိဖို့ ချင့်ချိန်နိုင်စွမ်း လိုအပ်ချက်လဲရှိပါတယ်။

သို့သော်လည်း၊ ဘုရားသခင်နဲ့ ကိုယ်ပိုင်ဗျာဒိတ်တော်နဲ့ ပါတ်သက်လို့၊ ဥက္ကဋ္ဌရပ်ဆဲလ်အမ်၊ နယ်လဆင်က အာမခံထားပါတယ်၊ “သင် ဘယ်သူ့ကို ဘေးကင်းစွာယုံကြည်စိတ်ချရမလဲလို့ တွေးစရာမလိုပါဘူး။” ကျွန်တော်တို့ ဘုရားသခင်ကို အမြဲယုံကြည်စိတ်ချနိုင်ပါတယ်။ ကိုယ်တော်ရှင်က ကျွန်တော်တို့ ကိုယ့်ကိုယ်ကို သိတာ၊ ချစ်တာထက် ကျွန်တော်တို့ကို ပိုသိ ပိုချစ်ပါတယ်။ သူ့ရဲ့ အနန္တမေတ္တာပြီးတော့၊ အတိတ်၊ပစ္စုပ္ပန်၊ အနာဂတ်အကြောင်း စုံလင်တဲ့အသိဉာဏ်တို့က သူ့ရဲ့ ပဋိညာဉ်တွေနဲ့ကတိတော်တွေကို ခိုင်မြဲသေချာစေပါတယ်။

ကျမ်းစာတွေမှာပါတဲ့ “ကာလစေ့သောအခါ” ဆိုတာကို ယုံကြည်စိတ်ချပါ။ ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာ၊ ကာလစေ့ခြင်း၊ ပြီးတော့ ယုံကြည်ခြင်းနဲ့ နာခံခြင်း၌ ဆက်၍ရှိခြင်းတို့အားဖြင့် ကျွန်တော်တို့ အဖြေနဲ့ငြိမ်းချမ်းခြင်းကို ရှာတွေ့နိုင်ကြပါတယ်။

ကိုယ်တော်ရှင်က နှစ်သိမ့်စေခဲ့ပါတယ်။

“ညဦးယံ၌ ငိုကြွေးခြင်းသည်လာ၍ တည်းခို၏၊ နံနက်ယံ၌ကား ဝမ်းမြောက်ခြင်းလာ၏”

သင့်ဝန်တို့ကို “ကိုယ်တော်ရှင်[အပေါ်]တင်၊ သူ့ရဲ့ခိုင်မြဲတဲ့ဂရုစိုက်ခြင်းကို ယုံကြည်စိတ်ချပါ။”

“ကောင်းကင်မငြိမ်းစေနိုင်တဲ့ ဝမ်းနည်းခြင်း၊ မြေကြီးမှာမရှိအလျင်းပါ”၁၀

ဘုရားသခင် ၁၁နဲ့ သူ့ရဲ့ အလွန်တရာအံ့ဩဖွယ်တို့ကို ယုံကြည်စိတ်ချပါ။ ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့ဆက်ဆံရေး ပြောင်းလဲနိုင်ပါတယ်။ ကိုယ်တော်ရှင် ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့်၊ ကျွန်တော်တို့ဟာ အတ္တကြီးတဲ့ ဇာတိကိုယ်ကို ချွတ်ပယ်နိုင်ပြီး၊ ဘုရားသခင်ရဲ့ သားဖြစ်လာ၍၊ သိမ်မွေ့အောက်ကျို့သော၊ နှိမ့်ချသော၊ ၁၂ ယုံကြည်ခြင်း၊ သင့်လျော်သောယုံကြည်စိတ်ချခြင်းတို့နဲ့လည်း ပြည့်နိုင်ကြပါတယ်။ ကျွန်တော်တို့ဟာ နောင်တရတဲ့အခါ၊ ကျွန်တော်တို့ရဲ့အပြစ်တွေကို ဝန်ခံပြီး၊ စွန့်ပစ်ကြပါတယ်၊ ကိုယ်တော်ရှင်က အဲဒါတွေကို သတိမရတော့ဘူး ၁၃ လို့မိန့်တော်မူပါတယ်။ အဲဒါက သူမေ့တာမဟုတ်ပါဘူး၊ အဲဒီအစား၊ မှတ်သားလောက်တဲ့ပုံစံမျိုးနဲ့ အဲဒါတွေကို သတိမရဖို့ ရွေးချယ်ပုံရပါတယ်၊ ကျွန်တော်တို့လည်း သတိရဖို့ မလိုပါဘူး။

အမြော်အမြင်ရှိရှိချင့်ချိန်ဖို့ ဘုရားသခင်ရဲ့ လမ်းပြလှုံ့ဆော်ခြင်းကို ယုံကြည်စိတ်ချပါ။ ကျွန်တော်တို့ဟာ “မြွေကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက်”၁၅ ရှိရမည် ၁၄လို့ ကိုယ်တော်ရှင် မိန့်တော်မူတဲ့အချိန်မှာ အခြားသူတွေကို မှန်တဲ့အချိန် မှန်တဲ့နည်းလမ်းနဲ့ ခွင့်လွှတ်နိုင်ကြပါတယ်၊။

တစ်ခါတရံ ကျွန်တော်တို့နှလုံးသားတွေအကျိုးပဲ့ဆုံး အကြေကွဲဆုံးရှိတဲ့အခါ၊ ကျွန်တော်တို့ဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ နှစ်သိမ့်မှုနဲ့ လမ်းညွှန်မှုအတွက် ဖွင့်ထားဆုံးဖြစ်ပါတယ်။ ၁၆ အပြစ်တင်ခြင်းနဲ့ ခွင့်လွှတ်ခြင်းနှစ်ခုစလုံးဟာ အမှားတစ်ခုကို အသိအမှတ်ပြုခြင်းအားဖြင့်စတင်ပါတယ်။ ယေဘုယျအားဖြင့် အပြစ်တင်ခြင်းက အတိတ်ကို အာရုံစိုက်ပါတယ်။ ခွင့်လွှတ်ခြင်းက အနာဂတ်ကို လွတ်လွတ်လပ်လပ်မျှော်ကြည့်ပါတယ်။ “လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ ဘုရားသခင်သည် သားတော်ကို ဤ‌လောကသို့ စေလွှတ်တော်မူမည်မဟုတ်၊ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်ရမည့်အကြောင်းကြောင့် စေလွှတ်တော်မူ၏”၁၇

တမန်တော်ပေါလုက မေးပါတယ်၊ “ခရစ်တော်၏ချစ်ခြင်းမေတ္တာနှင့် ငါတို့ကို အဘယ်သူကွာစေမည်နည်း။” သူကဖြေပါတယ်၊ “သေခြင်းဖြစ်စေ အသက်ရှင်ခြင်းဖြစ်စေ၊… အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ… အဘယ်နိမ္မိတအရာမျှသည် ငါတို့သခင်ယေရှုအားဖြင့် ခံရသော ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်”၁၈ ဒါပေမယ့်၊ ကျွန်တော်တို့ကို ‌ဘုရားသခင်နဲ့ ယေရှုခရစ်တော်ဆီကနေ ကွဲကွာစေနိုင်တဲ့သူ တစ်စုံတစ်ဦးရှိပါတယ်—အဲဒီတစ်စုံတစ်ဦးကတော့ ကျွန်တော်တို့ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဟေရှာယပြောသလိုပါပဲ၊ “သင်တို့အပြစ်သည် မျက်နှာတော်ကို လွှဲစေပြီ”၁၉

ဘုရားမေတ္တာ၊ ဘုရားပညတ်အရ၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုတွေနဲ့ ၎င်းတို့ရဲ့ အကျိုးဆက်များအတွက် တာဝန်ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကယ်တင်ရှင်ရဲ့ အပြစ်ဖြေခြင်းမေတ္တာဟာ “အနတ္တ၊ ထာဝရဖြစ်ပါတယ်။” ကျွန်တော်တို့ဟာ “အလွန်ဝေးနေသေး”၂၁သော်လည်းအိမ်ပြန်ဖို့ အသင့်ဖြစ်တဲ့အခါ၊ ဘုရားသခင်က ကြီးစွာ‌သောသနားခြင်းဖြင့် ကျွန်တော်တို့ကို ကြိုဆိုဖို့၊ သူ့မှာရှိတဲ့ အ‌ကောင်းဆုံးကို ပေးဖို့ ဝမ်းမြောက်စွာနဲ့ အဆင်သင့်ဖြစ်နေပါတယ်။ ၂၂

ဥက္ကဋ္ဌဂျေ၊ ရူဘင်ကလာ့က ပြောခဲ့ပါတယ်၊ “ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘက သူ့သားသမီးအယောက်တိုင်းကို ကယ်တင်လိုကြောင်း ကျွန်တော်ယုံကြည်ပါတယ်၊ … သူ့ရဲ့ တရားမျှတခြင်းနဲ့ ကရုဏာဖြင့်၊ သူက ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေအတွက် အမြင့်ဆုံးဆုကိုပေးမှာ၊ သူပေးနိုင်သမျှတွေထဲက ပေးမှာဖြစ်ပါတယ်၊ ပြောင်းပြန်အနေနဲ့၊ သူချမှတ်လို့ဖြစ်နိုင်သမျှ အနိမ့်ဆုံးအပြစ်ဒဏ်ကို ကျွန်တော်တို့အပေါ်ချမှတ်မည်ဖြစ်တဲ့အကြောင်းကျွန်တော်ယုံကြည်ပါတယ်။” ၂၃

လက်ဝါးကပ်တိုင်ပေါ်မှာ၊ ကျွန်တော်တို့ ကယ်တင်ရှင်ရဲ့ သူ့အဘဆီ ကရုဏာကြီးသောတောင်းဆိုခြင်းဟာ အကြွင်းမဲ့တစ်ခုမဟုတ်ပါဘူး၊ “အဘ၊ သူတို့၏အပြစ်ကို လွှတ်တော်မူပါ၊” အဲဒီအစား၊ “အဘ၊ သူတို့၏အပြစ်ကို လွှတ်တော်မူပါ၊ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြပါ။”၂၄ ကျွန်တော်တို့ရဲ့ လွတ်လပ်စွာရွေးချယ်ပြုမူနိုင်ခွင့်နဲ့ လွတ်လပ်ခြင်းဟာ အဓိပ္ပာယ်ရှိပါတယ်၊ ကျွန်တော်တို့ ဘယ်သူဆိုတာ၊ ကျွန်တော်တို့ သိတာနဲ့လုပ်ဆောင်တာတွေအတွက် ဘုရားသခင်နဲ့ ကျွန်တော်တို့ကိုယ်တိုင်ရှေ့မှာ ကျွန်တော်တို့ ဝာာဝန်ရှိလို့ပဲဖြစ်ပါတယ်။ ကျေးဇူးတင်စွာဖြင့်၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အကြံတွေ၊ အလုပ်တွေကို စုံလင်စွာစီရင်စေဖို့ ဘုရားသခင်ရဲ့ စုံလင်တဲ့ တရားမျှတမှုနဲ့ စုံလင်တဲ့ ကရုဏာကို ယုံကြည်စိတ်ချနိုင်ပါတယ်။

ကျွန်တော်တို့ စခဲ့တဲ့အတိုင်း အဆုံးသတ်ကြပါတယ်— ဘုရားသခင်ရဲ့ သနားခြင်းဖြင့် ကျွန်တော်တို့ သူဆီကို၊ အချင်းချင်းဆီကို ပြန်ကြပါတယ်။

သားနှစ်ယောက်ရှိတဲ့လူတစ်ယောက်အကြောင်းယေရှုခရစ်တော်ရဲ့ ပုံဆောင်စကား၂၅ ကို သင်မှတ်မိပါသလား။ သားတစ်ယောက်ဟာ အိမ်ကထွက်သွားပြီး၊ သူ့အမွေကို ဖြုန်းပစ်ခဲ့တယ်။ သူ့ကိုယ်သူသိလာတဲ့အခါ၊ ဒီသားဟာ အိမ်ပြန်ဖို့ ကြိုးစားပါတယ်။ အခြားသားကတော့၊ ပညတ်တော်တွေကို “ကျွန်ုပ်၊ ကာလတာရှည်စွာ”၂၆ စောင့်ထိန်းတယ်လို့တွေးရင်း၊ သူ့ညီအိမ်ပြန်လာတာကို မကြိုဆိုချင်ခဲ့ပါဘူး။

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ယေရှုက ကျွန်တော်တို့နှလုံးသား၊ ကျွန်တော်တို့နားလည်ခြင်း၊ သနားခြင်း၊ ပြီးတော့ နှိမ့်ချခြင်းကိုဖွင့်ဖို့၊ ပြီးတော့ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ကဏ္ဍနှစ်ရပ်စလုံးမှာ မြင်ကြဖို့ တောင်းဆိုနေတယ်လို့ ကျေးဇူးပြု၍ စဉ်းစားကြည့်ပါလားခင်ဗျာ။

ပထမ သား သို့မဟုတ် သမီးလို၊ ကျွန်တော်တို့လှည့်လည်ပြီး၊ နောက်မှာ အိမ်ပြန်ဖို့ ကြိုးစားကြမှာပါ။ ဘုရားသခင်က ကျွန်တော်တို့ကို ကြိုဆိုဖို့ စောင့်နေပါတယ်။

အခြား သား သို့မဟုတ် သမီးလို၊ ဘုရားသခင်က ကျွန်တော်တို့အယောက်တိုင်း သူ့ဆီပြန်ပြီး အတူဝမ်းမြောက်ကြဖို့ ကျွန်တော်တို့ကို ညင်သာစွာတောင်းပန်ပါတယ်။ သူကကျွန်တော်တို့ရဲ့ ပရိတ်သတ်တွေ၊ အဖွဲ့တွေ၊ အတန်းတွေနဲ့ လှုပ်ရှားမှုတွေကို အချင်းချင်းအတွက် ပွင့်လင်း၊ စစ်မှန်ပြီး၊ ဘေးကင်းတဲ့အိမ်ဖြစ်စေကြဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်ပါတယ်။ ကြင်နာခြင်း၊ နားလည်ခြင်း၊ အပြန်အလှန်လေးစားခြင်းတို့ဖြင့် ကျွန်တော်တို့အယောက်တိုင်း ကိုယ်တော်ရှင်ကို ရှာကြ၊ ဆုတောင်းကြပြီး၊ အားလုံးအတွက် သူ့ရဲ့ ပြန်လည်ဆောင်ယူထားတဲ့ ဧဝံဂေလိတရားတော်ကောင်းချီးမင်္ဂလာတွေကို ကြိုဆိုကြပါတယ်။

ကျွန်တော်တို့ရဲ့ဘဝခရီးတွေဟာ သီးခြားဖြစ်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ဟာ ဘုရားသခင်၊ အချင်းချင်း၊ ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ အဘဘုရားသခင်နဲ့ သူ့သားတော်ယေရှုခရစ်တော်ဆီကို တစ်ဖန်ပြန်လာနိုင်ကြပါတယ်။ ၂၇ ယေရှုက ဖိတ်‌ခေါ်ပါတယ်၊ ”မကြောက်နှင့်၊ ယုံကြည်ခြင်းသာ ရှိလော့။”၂၈ ပရောဖက်ဂျိုးဇက်စမစ်လိုပဲ၊ မဆုတ်မနစ်နဲ့ ကျွန်တော်တို့ကောင်းကင်ဘုံရှင်အဘရဲ့စောင့်ရှောက်ခြင်းကို ယုံကြည်စိတ်ချကြပါစို့လားခင်ဗျာ။၂၉ ချစ်ရတဲ့ညီအကို၊ ချစ်ရတဲ့အစ်မ၊ ချစ်ရတဲ့ မိတ်ဆွေ၊ ကျေးဇူးပြု၍ ယုံကြည်စိတ်ချမှုနဲ့ ယုံကြည်ကိုးစားမှုကို ပြန်ကြည့်ပါ—ဒီနေ့ သူကတိပေးထားတဲ့ အံ့ဖွယ်အမှုတစ်ခုပါ။ ယေရှုခရစ်တော်၏သန့်ရှင်းမြင့်မြတ်သောနာမတော်အားဖြင့်၊ အာမင်။