အထွေထွေညီလာခံ
အသင်းတော်အမည်ကို ပြောင်းမရပါ
အောက်တိုဘာလ ၂၀၂၁ အထွေထွေညီလာခံ


13:36

အသင်းတော်အမည်ကို ပြောင်းမရပါ

ကျွန်ုပ်တို့၏သက်ရှိပရောဖက်အားဖြင့်ထုတ်ဖော်ပြသသည့်အတိုင်း ကိုယ်တော်ရှင်၏အကြံဥာဏ်ကိုလိုလိုလားလားလိုက်နာသောအခါ၊ အထူးသဖြင့်၎င်းသည်ကျွန်ုပ်တို့၏ကနဦး စဉ်းစားတွေးခေါ်မှုကိုဆန့်ကျင်၊ နှိမ့်ချမှုနှင့်အနစ်နာခံမှုလိုအပ်လျှင် ကိုယ်တော်ရှင်သည်ကျွန်ုပ်တို့အားနောက်ထပ်ဝိညာဉ်စွမ်းအားဖြင့်ကောင်းချီးပေးပါလိမ့်မယ်။

၂၀၁၈ ခုနှစ်၊ ဩဂုတ် ၁၆ရက်၊ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ၊ ဥက္ကဋ္ဌရပ်ဆဲလ်အမ်၊ နယ်လဆင်က ပြောခဲ့ပါတယ်၊ “ကိုယ်တော်ရှင်က သူ့အသင်းတော်အတွက် သူဖော်ပြခဲ့တဲ့အမည်၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလ သန့်ရှင်းသူများ အသင်းတော် ကို ကျွန်တော့်စိတ်မှာ ခတ်နှိပ်ခဲ့ပါတယ်။ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့သူ့ အလိုတော်နဲ့ညီစေဖို့ ကျွန်တော်တို့ရှေ့မှာလုပ်ဆောင်စရာရှိပါတယ်။”

နောက်နှစ်ရက်ကြာ၊ ဩဂုတ် ၁၈ မှာ၊ ကျွန်တော်ဟာ ဥက္ကဋ္ဌနယ်လဆင်နဲ့အတူ မောင်ထရီရယ်လ်၊ ကနေဒါမှာရှိခဲ့ပါတယ်။ ခမ်းနားတဲ့ ပါလစ်စ်ဒီကွန်ဂရာမှာ ကျွန်တော်တို့အသင်းသားအစည်းအဝေးအပြီးမှာ၊ ဥက္ကဋ္ဌနယ်လဆင်က သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။ “[အသင်းတော်အမည်ကို ပြန်အသစ်‌ပေးပြီး၊] နှစ်တစ်ရာ‌ကျော်ရိုးရာ[တစ်ခု]ကို ပျက်ပြယ်စေဖို့ ဆိုတာ စိန်ခေါ်မှုတစ်ခု ဖြစ်မယ့်” အကြောင်း အသိအမှတ်ပြုခဲ့ပါတယ်။ ဒါ‌ပေမယ့်သူက၊ ထပ်ပြောခဲ့ပါတယ်၊ “အသင်းတာ်၏အမည်ကို ပြောင်းမရပါ။”

ခုနှစ်ပတ်အကြာမှာ၊ သူက အထွေထွေညီလာခံမှာ ပြောပါတယ်၊ “ကိုယ်တော်ရှင်က သူ့အသင်းတော်အတွက် သူဖော်ပြခဲ့တဲ့အမည်၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလ သန့်ရှင်းသူများ အသင်းတော် အမည်ကို ကျွန်တော့်စိတ်မှာ ခတ်နှိပ်ခဲ့ပါတယ်။ … ‘ထိုကဲ့သို့အားဖြင့် ငါ၏အသင်းတော်ကို ‌ခေါ်ရမည်လို့’ ပြောခဲ့တာ ကယ်တင်ရှင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။” အဲဒီနောက်ဥက္ကဌ နယ်ဆင်က ထပ်ပြောပါတယ်၊ “အသင်းတော်အမည်ကို ပြောင်းမရ။”

မေးခွန်းကောင်း။

မေးခွန်းကောင်းတစ်ခု ပေါ်လာပါတယ်၊ ဘာကြောင့် အခုမှဖြစ်တာလဲ၊ ကျွန်တော်တို့ဆယ်စုနှစ်များစွာ နာမည်ပြောင် “မော်မုန်”လို့ ခေါ်ခဲ့တာမဟုတ်လား။ “မော်မုန်တဲတော်ဓမ္မတေးသံစုံအဖွဲ့၊” “ကျွန်တော်မော်မုန်တစ်ယောက်” ဗီဒီယိုတို၊ မူလတန်းသီချင်း၊ “ကျွန်တော်‌မော်မုန်လူငယ်တယောက်”

ခရစ်တော်ရဲ့ ဩဝါဒဟာ မပြောင်းလဲ၊ ထာဝရတည်မြဲပါတယ်။ သို့သော်၊ ကယ်တင်ရှင်အလုပ်ရဲ့ ထူးခြားအရေးကြီးတဲ့ အချက်တွေကို ၎င်းတို့ရဲ့ သင့်လျော်တဲ့အချိန်ကျမှ ဖော်ပြပါတယ်။ ဒီမနက် ဥက္ကဌ နယ်လ်ဆင်က “ပြန်လည်ထူထောင်ရေးဟာ ဖြစ်ရပ်တစ်ခုမဟုတ်ဘဲ၊ လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။ ကိုယ်တော်ရှင်က မိန့်တော်မူပါတယ်၊ “ခပ်သိမ်းသောအရာတို့သည် ၎င်းတို့အချိန်၌သာ ဖြစ်လာရမည်။” ယခုအချိန်ဟာ၊ ‌‌ဖော်ပြထားတဲ့ အသင်းတော်အမည်ကို အသစ်ပြန်ပေးဖို့ ကျွန်တော်တို့အချိန်ဖြစ်ပါတယ်။

ယေရှုခရစ်တော်၏ နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏ပန်းတိုင်နှင့် ကံကြမ္မာမှာ ကျွန်တော်တို့ဟာ သူ့နာမတော်အားဖြင့်အခေါ်ခံရဖို့ လိုအပ်ပါတယ်။ ကျွန်တော်မကြာသေးမီက၊ အိုဟိုင်းယိုး၊ ကာ့တ်လန်းကို ရောက်ခဲ့ပါတယ်၊ အဲဒီမှာ ရောဖက်ဂျိုးဇက်စမစ်က အသင်းတော်အသင်းသား အနည်းငယ်လေးနဲ့ ပရောဖက်ပြုဟောခဲ့ပါတယ်၊ “ဤအသင်းတော်သည် မြောက်နှင့်တောင်အမေရိကသို့ ပျံ့လိမ့်မည်—ကမ္ဘာသို့ ပျံ့လိမ့်မည်။” ကိုယ်တော်ရှင်က ဤဖြန့်ဝေခြင်းလုပ်ငန်းကို “အံ့သြဖွယ်ကောင်းသောအလုပ်နှင့် အံ့ဖွယ်အမှု” အဖြစ် ဖော်ပြခဲ့ပါတယ်။ ကိုယ်တော်ရှင် ခွင့်ပြုထားတဲ့ “ကမ္ဘာမြေကြီးအားလုံး … ဟာ ကောင်းချီးခံစားရမယ်” “နောက်ဆုံးကာလမှာ ပြည့်စုံ[မယ့်]ပဋိညာဉ်” အကြောင်းကိုလည်း ပြောခဲ့ပါတယ်။

ဒီညီလာခံစကားတွေကို ဘာသာစကား၅၅ မျိုးနဲ့ဘာသာပြန်ပြီးပါပြီ။ နောက်ဆုံးမှာ၊ ဒီစကားတွေကို ကြားကြပါလိမ့်မယ်၊ နိုင်ငံနယ်မြေ ၂၂၀ကျော်မှာ ဘာသာစကား ၉၇မျိုးနဲ့ ‌ဖတ်ရပါလိမ့်မယ်။

ဒုတိယအကြိမ်ကြွလာခြင်း

ကယ်တင်ရှင် ဘုန်းအာဏုဘော်နဲ့ ပြန်လာတဲ့အချိန်မှာ၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်က သစ္စာရှိတဲ့အသင်းသားတွေဟာ ကမ္ဘာ့ ခပ်သိမ်းသောပြည်သား၊ လူမျိုး၊ အမျိုးစု၊ ဘာသာစကား၊ ယဉ်ကျေးမှုတို့အလယ်မှာရှိကြပါလိမ့်မယ်။

အသင်းတော်၏ ကြီးထွားလာသော ဩဇာလွှမ်းမိုးမှု

ခရစ်တော်ရဲ့ ပြန်လည်ဆောင်ယူထားတဲ့ အသင်းတော်ရဲ့လွှမ်းမိုးမှုဟာ အသင်းတော်အသင်းသားဖြစ်သူတို့အပေါ်မှာသာမဟုတ်ပါ။ ကျွန်တော်တို့ခေတ်မှာ ကောင်းကင်ဘုံဖော်ပြချက်တွေကြောင့်၊ သန့်ရှင်းမွန်မြတ်သောကျမ်းစာတွေ၊ ပြီးတော့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အားကြီးတဲ့ဆုကျေးဇူးတို့ကို မြေကြီးပေါ်ကို ပြန်လည်ဆောင်ယူခဲ့ပါပြီ၊ ယေရှုခရစ်တော်၌ မယုံကြည်ခြင်း အရိမ်မှိုင်းတွေ လောကကို မှောင်မိုက်စေတဲ့အချိန်မှာ ကျွန်တော်တို့ဟာ တောင်ပေါ်က ရီဝေတဲ့ အရိပ်တွေလောက်ပဲအလင်းတစ်ခု ဖြစ်ကြပါလိမ့်မယ်။ များစွာသောသူတို့ ရွေးနှုတ်ရှင်၌ သူတို့ရဲ့ ယုံကြည်ခြင်းကို တိမ်ဖုံးစေဖို့ အခွင့်ပေးချင်ပေးကြပေမယ့်၊ ကျွန်တော်တို့ဟာ “[ကိုယ့်]နေရာကနေ အပယ်ခံရမှာမဟုတ်ပါ။”၁၀ ကျွန်တော်တို့အသင်းသားတွေကြားမှာ မရှိတဲ့ ခရစ်ယာန်တွေက ကျွန်တော်တို့ရဲ့ကဏ္ဍနဲ့ ခရစ်တော်အကြောင်းကျွန်တော်တို့ရဲ့ သေချာသောသက်သေခံချက်တို့ကို ကြိုဆိုကြပါလိမ့်ယ်။ အခုအချိန်မှာ ကျွန်တော်တို့ကို သံသယနဲ့မြင်ကြတဲ့ ခရစ်ယာန်တွေတောင်မှ တစ်နေ့မှာ ကျွန်တော်တို့ကို မိတ်ဆွေတွေအဖြစ် ပွေ့ဖက်ကြပါလိမ့်မယ်။ ဒီလာမယ့်နေ့တွေမှာ၊ ကျွန်တော်တို့ဟာ ယေရှုခရစ်တော်၏အမည်အားဖြင့် အခေါ်ခံရကြပါလိမ့်မယ်။

အသင်းတော်ရဲ့အမည်မှန်ကို ပျံ့ပွားစေဖို့ သင်တို့ရဲ့မြင့်မြတ်တဲ့ကြိုးပမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်ကညီလာခံမှာ၊ ဥက္ကဋ္ဌနယ်လဆင်က ဒီပရောဖက်ပြုစကားတွေကို ပြောခဲ့ပါတယ်၊ “ကယ်တင်ရှင်ရဲ့ အသင်းတော်အမည်မှန်ကို … အသုံးပြုဖို့ ကျွန်တော်တို့ရဲ့ ပြင်းထန်တဲ့ အာရုံပြုခြင်းက၊ တိုးလာတဲ့ယုံကြည်ခြင်းနဲ့ ပိုကြီးတဲ့ ဝိညာဉ်တန်ခိုးလမ်းကို [ပို့ဆောင်ပါလိမ့်မယ်]။”၁၁

ဒီကတိကို ကမ္ဘာတစ်ဝန်းရှိ ဆက်ကပ်တဲ့တပည့်တော်တွေသိရှိခဲ့ပါပြီ။၁၂

အမေရိကန်ပြည်ထောင်စုအရှေ့ပိုင်းက ညီအစ်ကို‌လော်ရီအာဟိုလာက အသင်းတော်အမည်အပြည့်အစုံကို ဝေငှရာတွင် ကသိကအောက်ဖြစ်စေတာကို တွေ့မြင်ခဲ့ပါတယ်လို့ ဝန်ခံခဲ့ပါတယ်။ ပရောဖက်ရဲ့ အကြံဉာဏ်ကြောင့် သူခံနိုင်ရည် ရှိခဲ့ပါတယ်။ တစ်ခါက၊ အခြားယုံကြည်ခြင်းရှိရာအသင်းတော်တစ်ခုက မိတ်ဆွေဆီအလည်သွားခဲ့ပါတယ်။ ဒီမှာသူ့စကားတွေက၊

အသိတစ်ယောက်ကမေးပါတယ်၊ “ခင်ဗျား မော်မုန်တစ်ယောက်လား။”

“‘ကျွန်တော် ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်အသင်းသားတစ်ယောက်ပါ၊’ လို့ ကျွန်တော်ဖြေပါတယ်။ သူကမေးခွန်းအမျိုးမျိုးကို စမေးပါတယ်၊ မေးခွန်းတိုင်းမှာ ဒီလိုစပါတယ်၊ ‘မော်မုန်အသင်းတော်က … ကို ယုံကြည်သလား’ မေးတိုင်းမှာ၊ ကျွန်တော်က ‌အဖြေကို ‘[ယေရှု]ခရစ်တော်၏ ပြန်လည်ဆောင်ယူထားတဲ့အသင်းတော်မှာ၊ ကျွန်တော်တို့ … ကို ယုံကြည်ပါတယ်’ ဆိုတဲ့စကားစုနဲ့စဖြေပါတယ်။

“… ‘မော်မုန်’ဆိုတဲ့ခေါင်းစဉ်ကို’ ကျွန်တော်လက်မခံကြောင်းသူသတိထားမိတဲ့အခါ၊ သူကကျွန်တော့်ကို ‘ခင်ဗျားမော်မုန်မဟုတ်ဘူးလား’ လို့ ဗြောင်မေးပါတယ်။

“ဒါနဲ့ ကျွန်တော်က သူ့ကို မော်မုန်ဆိုတာဘယ်သူလဲလို့ သူသိမသိ မေးပါတယ်—သူမသိပါဘူး။ မော်မုန်ဆိုတာ ပရောဖက်တစ်ပါးဖြစ်ကြောင်း ကျွန်တော် သူ့ကိုပြောပါတယ်၊ … [ပြီးတော့ကျွန်တော်] [သူ]နဲ့ပတ်သက်ရတာ ဂုဏ်ယူတဲ့အကြောင်း

“‘ဒါပေမယ့်၊’ ကျွန်တော်ဆက်ပြောပါတယ်၊ ‘မော်မုန်ကကျွန်တော့အပြစ်တွေအတွက်သေမပေးခဲ့ပါဘူး။ မော်မုန်က … [ကျွန်တော့်အတွက်] ဂေသရှေမန်မှာ၊ လက်ဝါးကပ်တိုင်မှာ မခံစားခဲ့ပါဘူး။ … ယေရှုခရစ်တော်က ကျွန်တော်ဘုရားသခင်၊ ကျွန်တော့်ကယ်တင်ရှင်ပါ။ … သူ့နာမတော်အားဖြင့်ပဲ ကျွန်တော့်ကို သိစေချင်ပါတယ်။ …’

“… စက္ကန့်အနည်းငယ်တိတ်ဆိတ်သွားပြီးနောက်မှာ၊ [မိတ်ဆွေကပြောပါတယ်]၊ ‘ဒါဆို ခင်ဗျားခရစ်ယာန်တစ်ယောက်ပေါ့’”၁၃

အထွေထွေညီလာခံတွင် ဥက္ကဌ နယ်လ်ဆင်

ဥက္ကဋ္ဌနယ်လဆင်ရဲ့စကားတွေ မှတ်မိပါသလား။ “ကျွန်တော်တို့ဟာ ကိုယ်တော်ရှင့်အသင်းတော်ရဲ့အမည်မှန်ကို ပြန်လည်ဆောင်ယူဖို့ အကောင်းဆုံး ကြိုးစားကြလျှင်၊ ဒီအသင်းတော်ရဲ့ပိုင်ရှင်သူက သူ့တန်ခိုးနဲ့ ကောင်းချီးမင်္ဂလာတွေကို နောက်ပိုင်းကာလသန့်ရှင်းသူတို့ရဲ့ခေါင်းပေါ်ကို သွန်းလောင်းမှာဖြစ်ပါတယ်၊ အဲဒါမျိုးကျွန်တော်တို့ ဘယ်တုန်းကမျှ မမြင်ဖူးခဲ့ကြပါဘူး။”၁၄

ကိုယ်တော်ရှင်သည် လမ်းကိုအမြဲဖွင့်ပေးသည်

ကိုယ်တော်ရှင်သည် သူ၏ကတိများကိုအမြဲစောင့်ထိန်းသည်။ ကျွန်တော်တို့ သူ့အမှုတော်ကို လုပ်ဆောင်ကြတာနဲ့အမျှ၊ ကိုယ်တော်ရှင်က ကျွန်တော်တို့အတွက် လမ်းကို အမြဲဖွင့်ပေးထားပါတယ်။

ChurchofJesusChrist.org နဲ့ ChurchofJesusChrist.com အင်တာနက်ပိုင်နက်နေရာတွေကို ဝယ်ယူဖို့ ကျွန်တော်တို့နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ကြပါတယ်။ ဘယ်နေရာကမှ ရောင်းဖို့မဟုတ်ပါ။ ဥက္ကဌ နယ်လ်ဆင် ၏ ကြေညာချက်၏ အချိန်ခန့်တွင် ၊ နှစ်ဦးစလုံး ရုတ်တရက် ရရှိနိုင်ခဲ့ပါပြီ။ အဲဒါဟာ အလွန်တရာအံ့ဩဖွယ်တစ်ခုပါ။၁၅

ကိုယ်တော်ရှင်က အသင်းတော်နဲ့ကြာမြင့်စွာတွဲနေခဲ့တဲ့ အမည်တွေကို ပြန်သုံးသပ်ရာမှာ ကျွန်တော်တို့ရဲ့ အားထုတ်မှုတွေကိုလည်း တိုးမြှင့်ခဲ့ပါတယ်။

ယုံကြည်ချက်နဲ့ရှေ့ဆက်တာ၊ မော်မုန်တဲတော်ဓမ္မတေးအဖွဲ့ရဲ့အမည်ကို၊ ဗိမာန်တော်ရင်ပြင် တဲတော်ဓမ္မတေးအဖွဲ့လို့ ပြောင်းလဲခဲ့ပါပြီ။ လတိုင်းကြည့်ရှုသူ ၂၁ သန်းကျော်ရှိတဲ့ LDS.org ဝဘ်ဆိုက်ကို ChurchofJesusChrist.org သို့ပြောင်းလဲခဲ့ပါပြီ။၁၆ အယ်လ်ဒီအက်စ် စီပွားရေးကောလိပ်အမည်ကို အင်ဇိုင်းကောလိပ်သို့ ပြောင်းလဲ့ခဲ့ပါပြီ။ Mormon.org ဝက်ဘ်ဆိုက်ကို ChurchofJesusChrist.org သို့လမ်းညွှန်ခဲ့ပါပြီ။ “မော်မုန်” သို့မဟုတ် “အယ်လ်ဒီအက်စ်” အမည်ပါတဲ့ ထုတ်ကုန်တစ်ထောင်ကျော်ကိုလည်း ပြောင်းလဲခဲ့ပြီးပါပြီ။ သစ္စာရှိတဲ့ နောက်ဆုံးကာလသန့်ရှင်းသူတွေက သူတို့ရဲ့ ဝက်ဘ်ဆိုက်တွေ၊ ပိုဒ်ကတ်စ် နှင့် တွယ်တာ အကောင့်တွေကို ပြုပြင်ပြောင်းလဲခဲ့ကြပါပြီ။

အသင်းတော်သင်္ကေတအသစ်

ယေရှုခရစ်တော်ရဲ့ အချက်အချာကျတဲ့ အမှတ်သင်္ကေတအသစ်ကို ကျွန်တော်တို့ မွေးစားခဲ့ကြပါတယ်။

“သင်္ကေတရဲ့အလယ်မှာ သိုဗာဆင်ရဲ့ စကျင်ကျောက်ခရစ်တော်ရုပ်တုကို ကိုယ်စားပြုခြင်းတစ်ခုပါ။ အဲဒါက ရှင်ပြန်ထမြောက်တဲ့၊ အသက်ရှင်သူကိုယ်တော်ရှင်က သူ့ဆီလာမယ့်သူအားလုံးကို ထွေးပွေ့ဖို့ကမ်လှမ်းနေတာကို သရုပ်ဖော်ပါတယ်။

“အထိမ်အမှတ်အဖြစ်၊ ယေရှုခရစ်တော်က ပေါင်းကူခုံးအောက်မှာရပ်လျက်၊ သင်္ချိုင်းဂူမှ ထွက်လာတဲ့ ရှင်ပြန်ထမြောက်သူ ကယ်တင်ရှင်အကြောင်းကျွန်တော်တို့ကို [သတိပေးနေ]ပါတယ်။”၁၇

ဘာသာစကားများဖြင့် အသင်းတော်အမည်
အခြားဘာသာစကားများဖြင့် အသင်းတော်အမည်

ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ဟာ ဘာသာစကား ၅၀ကျော်မှာ ပုံနှိပ်လက်ရာတွေကို ပြင်ဆင်ခဲ့ပြီးပါပြီ။ နယ်ပယ်အမည်အသစ်များကို ကမ္ဘာတစ်ဝန်းတွင် ရရှိခဲ့ကြပြီ။

သူတစ်ပါး၏အကူအညီကိုတန်ဖိုးထားပါ,

ကျွန်တော်တို့ရဲ့ အမည်မှန်အားဖြင့်အခေါ်ခံလိုတဲ့ကျွန်တော်တို့ရဲ့ဆန္ဒကို လေးစားတဲ့ ဂုဏ်သရေရှိလူကြီးလူ‌ကောင်းများစွာတို့ကို ကျွန်တော်တို့ ကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော်မကြာသေးမီက ဆောင်းပါးတစ်ခုကို ဖတ်ရပါတယ်၊ အဲဒါက ကက်သလစ်ဂိုဏ်းချုပ်တစ်ဦးက ‌”နောက်ပိုင်းကာလသန့်ရှင်းသူတွေ” ကို ရည်ညွှန်းကိုးကားထားပါတယ်။ ၁၈ လွန်ခဲ့တဲ့တစ်လက အမေရိကန်ပြည်ထောင်စုအရှေ့ပိုင်းမှာ ခရစ်ယာန်အသင်းတော်တစ်ခုရဲ့ခေါင်းဆောင်တစ်ဦးဆီ ကျွန်တော်အလည်သွားစဉ်၊ ကျွန်တော်တို့အမည်တစ်ခုလုံးနဲ့ပတ်သက်လို့ သူ့ရဲ့ပထမရည်ညွှန်းချက်မှာ သူကအသင်းတော်ကိုရည်ညွှန်းခဲ့ပါတယ်၊ ပြီးမှ၊ “ယေရှုခရစ်တော်၏အသင်းတော်” လို့ပြောပါတယ်။

လူမှုကွန်ယက်အဖို့တော့ ကျွန်တော်တို့ရဲ့အမည်မှာ စကားခြောက်လုံးထပ်ထည့်ခြင်းဟာ အထူးမဟုတ်ဘူးဆိုတာ ကျွန်တော်တို့သိပါတယ်၊ ဒါပေမယ့်ဥက္ကဋ္ဌနယ်လဆင်က ကြိုပြောခဲ့ပါတယ်၊ “တာဝန်ရှိတဲ့လူမှုကွန်ယက်က ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ကို တုန့်ပြန်ရာမှာ စာနာပါလိမ့်မယ်။”၁၉ ယဉ်ကျေးမှု၊ အားကစား၊ နိုင်ငံရေး၊ သို့မဟုတ် ပတ်ဝန်းကျင်အဖွဲ့အစည်းတွေကို စဉ်းစားပေးသလိုမျိုး ကျွန်‌တော်တို့ ဦးစားပေးတဲ့အမည်ကို သုံးခြင်းဖြင့် ကျွန်တော်တို့ကို တူညီသောစာနာထောက်ထားမှုပေးခြင်းအတွက် ကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့သာသနာပြုခြင်းရဲ့လေးနက်မှုကို ရှုတ်ချ၊ သို့မဟုတ် ယုတ်လျော့စေဖို့ မျှော်လင့်နေသူအနည်းငယ်ရှိပါလိမ့်မယ်၊ ကျွန်တော်တို့ကို “မော်မုန်တွေ” သို့ “မော်မုန်အသင်းတော်” လို့ ဆက်ပြီးခေါ်ကြပါလိမ့်မယ်။ ယဉ်ကျေးစွာဖြင့်၊ ကျွန်တော်တို့ လူမှုကွန်ယက်က စိတ်‌ကောင်းရှိသတွေကို၊ နှစ်ပေါင်း ၂၀၀ နီးပါးကကျွန်တော်တို့ရဲ့အမည်နဲ့အခေါ်ခံလိုတဲ့ကျွန်တော်တို့ရဲ့ဆန္ဒကို လေးစားဖို့၊ ကျွန်တော်တို့ တစ်ဖန်တောင်းဆိုကြပါတယ်။

နောက်ဆုံးကာလ သန့်ရှင်းသူများ၏ရဲစွမ်းသတ္တိ

အသင်းတော်အမည်ကို ရဲရင့်စွာကြေညာ‌ခဲ့တဲ့ နောက်ပိုင်းကာလသန့်ရှင်းသူအ‌ထောင်အသောင်းရှိပါတယ်။ ကျွန်တော်တို့အလုပ်ကျွန်တော်တို့ လုပ်တာနဲ့ အခြားသူတွေလိုက်လာပါလိမ့်မယ်။ တဟီတီက ဒီပုံပြင်ကို ကျွန်တော်ကြိုက်ပါတယ်။

ဆယ်နှစ်သမီး အာရီယူရာဟာ ဥက္ကဋ္ဌနယ်လဆင်ရဲ့အကြံဉာဏ်ကို လိုက်လျှောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

“သူမကျောင်းကအတန်းမှာ သူတို့စနေတနင်္ဂနွေအကြောင်းဆွေးနွေးကြပါတယ်၊ … အာရီယူရာက အသင်းတော်အကြောင်းကို ပြောပြပါတယ်။

“သူမရဲ့ဆရာမ၊ ဗတီ ပီဖေးရိုက ပြောပါတယ်၊ ‘အို၊ ဒါဆို မင်းကမော်မုန်တစ်ယောက်လား’

“အာရီယူရာက ရဲရဲရင့်ရင့်ပြောပါတယ်၊ ‘မဟုတ်ဘူး … ကျွန်မက ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ရဲ့ အသင်းသားတစ်ယောက်ပါ’

“သူမရဲ့ဆရာမက ပြန်ပြောခဲ့ပါတယ်၊ ‘ဟုတ်တယ်၊ … မင်းဟာ မော်မုန်တစ်ယောက်ပဲ။’

“အာရီယူရာက မလျှော့တမ်းပြောပါတယ်၊ ‘မဟုတ်ဘူးဆရာမ၊ ကျွန်မဟာ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်အသင်းသားတစ်ယောက်ပါ။’

“မစ္စ၊ ပီဖေးရိုလည်း အာရီယူရာရဲ့ ခံယူချက်ကို အံ့အားသင့်ပြီး၊ သူမ ဒီအသင်းတော်အမည်အရှည်ကြီးကို သုံးဖို့ဘာဖြစ်လို့ ဒီလောက်ခိုင်မာနေတာလည်းလို့ သိချင်နေခဲ့ပါတယ်။ [သူမက အသင်းတော်အကြောင်းပိုမိုလေ့လာရန်ဆုံးဖြတ်ခဲ့သည်။]

“[နောက်ပိုင်းမှာ၊ ညီအစ်မ] ဗာတီပီဖေးရို ဗတ္တိဇံခံတဲ့အခါ၊ အာရီယူရာ ဥက္ကဋ္ဌနယ်လဆင်ရဲ့ အကြံဉာဏ်ကို နားထောင်ခဲ့ကြောင်း ‌[ကျေးဇူးတရားကို ဖော်ပြခဲ့ပါတယ်]။”၂၀

သူမ၏ကျောင်းသားကြောင့် အသင်းတော်အကြောင်းလေ့လာခဲ့သော ညီအစ်မ

“အသင်းတော်အမည်ကို ပြောင်းမရပါ။” ယုံကြည်ချက်နဲ့ရှေ့ဆက်ကြပါစို့။ ကျွန်ုပ်တို့၏သက်ရှိပရောဖက်အားဖြင့်ထုတ်ဖော်ပြသသည့်အတိုင်း ကိုယ်တော်ရှင်၏အကြံဥာဏ်ကိုလိုလိုလားလားလိုက်နာသောအခါ၊ အထူးသဖြင့်၎င်းသည်ကျွန်ုပ်တို့၏ကနဦး စဉ်းစားတွေးခေါ်မှုကိုဆန့်ကျင်၊ နှိမ့်ချမှုနှင့်အနစ်နာခံမှုလိုအပ်လျှင် ကိုယ်တော်ရှင်သည်ကျွန်ုပ်တို့အားနောက်ထပ်ဝိညာဉ်စွမ်းအားဖြင့်ကောင်းချီးပေးပြီး ကျွန်ုပ်တို့ကိုထောက်ခံရန်နှင့်ရပ်တည်နိုင်ရန် သူ၏ကောင်းကင်တမန်များကိုစေလွှတ်ပါလိမ့်မည်။ ၂၁ ကျွန်ုပ်တို့ဟာ ကိုယ်တော်ရှင်၏အတည်ပြုချက်နှင့်သူ၏ခွင့်ပြုချက်ကို လက်ခံရရှိပါတယ်။

ကျွန်တော်တို့၏ချစ်စွာသောပရောဖက်ဥက္ကဋ္ဌရပ်ဆဲလ်အမ်နယ်လဆင်အပေါ် ‌ကောင်းကင်တန်ခိုး ကိန်းဝပ်တယ်ဆိုတာ ကျွန်တော် မျက်မြင်သက်သေတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့အရိုးသားဆုံးသောဆန္ဒကတော့ ကိုယ်တော်ရှင်ကို နှစ်သိမ့်စေဖို့နဲ့ ကျွန်တော်တို့ကောင်းကင်ဘုံရှင်အဘရဲ့ သားသမီးတွေကို ‌ကောင်းချီးပေးဖို့ပဲဖြစ်ပါတယ်။ မြတ်နိုးတဲ့ ကိုယ်ရေးကိုယ်တာအတွေ့အကြုံကနေ၊ ဘုရားသခင်ကို ချစ်မြတ်နိုးကြောင်း သက်သေခံပါတယ်။ သူကဘုရားသခင်၏ပရောဖက်ဖြစ်တယ်။

ယေရှုဟာ ခရစ်တော်၊ ဘုရားသခင်၏သားတော်ဖြစ်တဲ့အကြောင်းကျွန်တော်သက်သေခံပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. ရှု ၃ နီဖိုင်း ၂၇း၇-၉ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၁၅း၄

  2. ရမ်ဆဲ အမ် နယ်ဆင်၊ “The Name of the Church,” Newsroom တွင်၊ ဩ ၁၆၊ ၂၀၁၈၊ newsroom.ChurchofJesusChrist.org ။

  3. President Nelson Discusses the Name of the Church,” Newsroom, ဩ ၂၁၊၂၀၁၈၊ newsroom.ChurchofJesusChrist.org.

  4. ရပ်ဆဲလ် အမ်၊ နယ်လဆင်၊ “The Correct Name of the Church,” လီယဟိုနာ, နို၊ ၂၀၁၈၊ ၈၇။

  5. ရမ်ဆဲ အမ် နယ်ဆင်၊ “The Temple and Your Spiritual Foundation,” လီယဟိုနာ, နို၊ ၂၀၂၁၊ ၁၁။

  6. ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၆၄း၃၂

  7. အသင်းတော် ဥက္ကဌများ၏သင်ကြားပို့ချမှုများ၊ ဂျိုးဇက်စမစ် (၂၀၀၇)၊ ၁၃၇။

  8. ၂ နီဖိုင်း ၂၇း၂၆

  9. ၁ နီဖိုင်း ၁၅း၁၈

  10. ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၀၁း၁၇.

  11. ရပ်ဆဲလ်အမ် နယ်လ်ဆင် “ဥပမာကောင်းသောနောက်ပိုင်းကာလသန့်ရှင်းသူများဖြစ်လာခြင်း၊”Liahona နိုဝင်ဘာ ၂၀၁၈၊၁၁၄။

  12. ရှု ဟင်နရီဘီအိုင်းရင်း “Thus Shall My Church Be Called,” လီယဟိုနာ, အောက်၊ ၂၀၂၁။

  13. လော်ရီအာဟိုလာ၊ “Using the Full Name of the Church Was Awkward but Worth It” (digital-only article), လီယဟိုနာ, ဧပြီ၊ ၂၀၂၀ ChurchofJesusChrist.org.

  14. ရပ်ဆဲလ်အမ်၊ နယ်လဆင်၊ “The Correct Name of the Church,” ၈၉။

  15. အသင်းတော်၏ ပညာရေးဆိုင်ရာ ပိုင်ဆိုင်မှုရုံးသည် ၂၀၀၆ ခုနှစ် ကတည်းက နယ်ပယ်အမည် ChurchofJesusChrist.org ကို စောင့်ကြည့်နေခဲ့ပြီး၊ ၎င်းကို မရရှိနိုင်ခဲ့ပါ။ ၎င်းကို ဥက္ကဌ နယ်လ်ဆင်၏ ကြော်ငြာချက်နှင့် တစ်ချိန်တည်းတွင် ရောင်းချရန် ကမ်းလှမ်းခဲ့ခြင်းသည် မှတ်သားဖွယ်ဖြစ်ခဲ့ပြီး ၊ အသင်းတော်သည် အလွန်နည်းပါးသော ပမာဏဖြင့် တတိယ ပါတီ မှတစ်ဆင့် နယ်ပယ် အမည် ကို ဝယ်ယူခဲ့ပါတယ်။

    အသင်းတော်ဟာ ၂၀၁၁ ခုနှစ်ကတည်းက ChurchofJesusChrist.com နယ်ပယ်အမည်ရဲ့ အခြေအနေနဲ့ ရရှိနိုင်စွမ်းကို စတင်စစ်ဆေးခဲ့ပါတယ်။ အံ့ဩစရာကတော့၊ ၂၀၁၈၊ ဩဂုတ်လမှာ ရရှိနိုင်ခဲ့ပြီး ဝယ်ယူနိုင်ခဲ့ပါတယ်။

  16. ၂၀၁၈ ခုနှစ် အောက်တိုဘာလ အထွေထွေညီလာခံတွင်၊ ဥက္ကဌ နယ်လ်ဆင်က ပြောခဲ့ပါတယ်။

    “ညီအစ်ကိုညီအစ်မများခင်ဗျာ၊ အသင်းတော်ရဲ့ အမည်မှန်ကို ပြန်လည်ထူထောင်ပေးတာကို ဆန့်ကျင်တဲ့ လောကရေးရာ အငြင်းပွားမှုတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့နေထိုင်တဲ့ ဒီဂျစ်တယ်ကမ္ဘာနဲ့ ရှာဖွေရေး အင်ဂျင်အကောင်းဆုံးဖြစ်အောင် ကူညီပေးတဲ့ ဒီဂျစ်တယ်ကမ္ဘာကြောင့် ကိုယ်တော်ရှင်အသင်းတော်နဲ့ပတ်သက်တဲ့—သတင်းအချက်အလက်တွေအပါအဝင် ချက်ချင်းလိုအပ်တဲ့ သတင်းအချက်အလက်တွေကို—ရှာဖွေဖို့လိုတာတယ်ဆိုတဲ့ ဝေဖန်ရေးသမားတွေက ဒီနေရာမှာ ပြုပြင်တည့်မတ်တာကို ပညာမဲ့တယ်လို့ ပြောကြပါတယ်။

    “… ကျွန်တော်တို့ဟာ ကိုယ်တော်ရှင့်အသင်းတော်ရဲ့အမည်မှန်ကို ပြန်လည်ဆောင်ယူဖို့ အကောင်းဆုံး ကြိုးစားကြလျှင်၊ ဒီအသင်းတော်ရဲ့ပိုင်ရှင်သူက သူ့တန်ခိုးနဲ့ ကောင်းချီးမင်္ဂလာတွေကို နောက်ပိုင်းကာလသန့်ရှင်းသူတို့ရဲ့ခေါင်းပေါ်ကို သွန်းလောင်းမှာဖြစ်တယ်ဆိုတာ ကျွန်တော် ကတိပေးပါတယ်” (”The Correct Name of the Church,” ၈၈၊၈၉)။

    LDS.org ChurchofJesusChrist.org သို့ ကူးပြောင်းခြင်းကြောင့် နယ်ပယ်အာဏာပိုင် (ရှာဖွေရေးအင်ဂျင်များတွင် အဆင့်သတ်မှတ်နိုင်စွမ်းနှင့် စွမ်းရည်) သည် ယခင်ကထက် ပို၍ခိုင်ခံ့နေပါပြီ။ ဥပမာအားဖြင့်၊ ChurchofJesusChrist.org အိမ်စာမျက်နှာသည် ယခုဖြစ်ပြီး၊ ယခင်က ထိုကွဲပြားမှုကို အခိုင်အမာ မတောင်းဆိုနိုင်ခဲ့သော “အသင်းတော်” ဟူသော အသုံးအနှုန်း ကို တစ်စုံတစ်ယောက် က ရှာဖွေသောအခါ အမေရိကန်ပြည်ထောင်စုတွင် ဂူဂဲလ် ပေါ်တွင် ထိပ်တန်း ရှာဖွေမှု ရလဒ်အဖြစ် တစ်နှစ်ထက်ပို၍ရှိခဲ့ပါတယ်။

  17. ရပ်ဆဲလ်အမ်၊ နယ်လဆင် “Opening the Heavens for Help,” လီယဟိုနာ,မေ၊ ၂၀၂၀၊ ၇၃။

  18. ရှု Tad Walch၊ “‘If We Can’t Get Along, It’s Downright Sinful’: The Partnership between Catholics and Latter-day Saints,” Deseret News, ဂျူလိုင် ၁၊ ၂၀၂၁၊ deseret.com.

  19. ရပ်ဆဲလ်အမ်၊ နယ်လဆင်၊ “The Correct Name of the Church,” ၈၉။

  20. The Correct Name of the Church: A Tahitian Story,” Pacific Newsroom, စက်တင်ဘာ ၁၅၊ ၂၀၁၉ news-nz.ChurchofJesusChrist.org.

  21. ရှု သြဝါဒနှင့် ပဋိညာဥ်ကျမ်း ၈၄း၈၈