အထွေထွေညီလာခံ
လမ်းကိုကြည့်ပါ
အောက်တိုဘာလ ၂၀၂၁ အထွေထွေညီလာခံ


9:20

လမ်းကိုကြည့်ပါ

အရေးကြီးဆုံးအရာတွေ—အထူးသဖြင့် “လမ်းတစ်လျှောက်” ရှိအရာတွေ၊ ထာဝရအရာတွေ—ကိုအာရုံစိုက်ခြင်းဟာ ယခုဘဝတစ်လျှောက်မောင်းနှင်ဖို့သော့ချက်ဖြစ်ပါတယ်။

ကျွန်တော်အသက် ၁၅ နှစ်တုန်းက၊ သင်မောင်းလက်မှတ်တစ်ခုကိုရခဲ့ပါတယ်၊ အဲဒီလက်မှတ်က ကျွန်တော့်ကို မိဘတစ်ယောက်ယောက်အတူပါရင် ကားမောင်းခွင့်ပေးပါတယ်။ အဖေကကျွန်တော်ကိုကားမောင်းသွားချင်သလားလို့မေးတဲ့အခါ ကျွန်တော်အရမ်းပီတိဖြစ်ခဲ့ရပါတယ်။

သူကမြို့ဆင်ခြေဖုံးရှိ လူသုံးနည်းတဲ့၊ နှစ်လမ်းသွား၊ လမ်း‌ဖြောင့် အရှည်တစ်ခုဆီကိုမောင်းသွားခဲ့ပါတယ်—သူ ဘေးကင်းလုံခြုံတယ်လို့ ခံစားရမယ့် တစ်ခုတည်းသောနေရာဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်သတိပြုခဲ့သင့်တယ်။ သူက ကားကိုလမ်းမပခုံးမှာရပ်လိုက်ပြီး ကျွန်တော်တို့ထိုင်ခုံနေရာလဲကြပါတယ်။ သူကကျွန်တော့်ကို နည်းလမ်းတစ်ချို့သင်ပေးပြီး “မင်းကို ရပ်ဖို့ ငါမပြောမချင်း လမ်းပေါ်မှာ အေးအေးဆေးဆေးမောင်းတော့” လို့ပြောပါတယ်။

ကျွန်တော် သူရဲ့အမိန့်ကိုအတိအကျလိုက်နာခဲ့ပါတယ်။ ဒါပေမယ့်စက္ကန့် ၆၀ လောက်ကြာပြီးနောက်၊ သူက “သား၊ ကားကိုဘေးချရပ်လိုက်တော့ လို့ပြောခဲ့ပါတယ်။ မင်း ငါ့ကို အန်အောင်လုပ်နေတာပဲ။ လမ်းတစ်လျှောက်လုံး တုန်လှုပ်နေတာပဲ။” “မင်းဘာကိုကြည့်နေတာလဲ၊” လို့ သူကမေးပါတယ်။

ကျွန်တော်က စိတ်ဆိုးဒေါသ အသံနဲ့ “ကျွန်တော်လမ်းကိုကြည့်နေတယ်” လို့ပြန်ဖြေလိုက်တယ်။

အဲဒီနောက် သူက ဒီလိုပြောခဲ့ပါတယ်၊ “မင်းမျက်လုံးတွေကိုငါကြည့်နေတယ်၊ ​​မင်းကားအဖုံးရဲ့ရှေ့ကိုသာကြည့်နေတာ။ မင်း ကိုယ့်ရှေ့မှာရှိတာကိုပဲ တည့်တည့်ကြည့်ရင်တော့ ဘယ်တော့မှ ဖြောင့်ဖြောင့်မောင်းနိုင်မှာမဟုတ်ဘူး။” ပြီးတော့ သူက လေးလေးနက်နက်ပြောပါတယ် “လမ်းကိုကြည့်ပါ။ အဲဒါက မင်း ဖြောင့်ဖြောင့်မောင်းနိုင်ဖို့ကူညီပေးလိမ့်မယ်။ ”

အသက် ၁၅ နှစ်အရွယ်မှတော့၊ အဲဒါကကားမောင်းသင်ခန်းစာကောင်းတစ်ခုလို့ ကျွန်တော်ထင်ခဲ့ပါတယ်။ အဲဒါဟာ ဘဝသင်ခန်းစာ‌ကောင်းတစ်ခုလည်းဖြစ်တယ်ဆိုတာ အဲဒီကတည်းက ကျွန်တော်သဘောပေါက်ခဲ့ပါတယ်။ အရေးကြီးဆုံးအရာတွေ—အထူးသဖြင့် “လမ်းတစ်လျှောက်” ရှိအရာတွေ၊ ထာဝရအရာတွေ—ကိုအာရုံစိုက်ခြင်းဟာ ယခုဘဝတစ်လျှောက်မောင်းနှင်ဖို့သော့ချက်ဖြစ်ပါတယ်။

ကယ်တင်ရှင်၏အသက်တာ၌တစ်ကြိမ်လောက်၊ သူတစ်ယောက်တည်းနေဖို့ အလိုရှိခဲ့ပါတယ်၊ ထို့ကြောင့် “သူက ဆုတောင်းရန်တောင်ပေါ်သို့တက်သွားခဲ့ပါတယ်။” သူက တပည့်တော်တွေကို ပင်လယ်ကိုဖြတ်ရန် ညွှန်ကြားချက်များနှင့်အတူစေလွှတ်လိုက်ပါတယ်။ ညဉ့်အမှောင်တွင်၊ တပည့်များလိုက်ပါလာသော သင်္ဘောဟာပြင်းထန်သောမုန်တိုင်းတစ်ခုပေါ်သို့ကျရောက်ခဲ့ပါတယ်။ ယေရှုဟာ သူတို့ကိုကယ်တင်ဖို့သွားခဲ့သော်လည်း ပုံမှန်မဟုတ်သောနည်းလမ်းဖြင့်သွားခဲ့ပါတယ်။ သမ္မာကျမ်းစာမှတ်တမ်းတွင်ဤသို့ဖတ်ရပါတယ်၊ “ညဉ့်၏သုံးချက်တီးကျော်အချိန်၌ယေရှုသည်အိုင်ပေါ်၌လမ်းလျှောက်ကြွတော်မူ၏။” သူတို့သည် သူ့ကိုမြင်သောအခါ၊ သူတို့အနားသို့ရောက်လာသောသူသည် နတ်ဆိုးသို့မဟုတ်တစ္ဆေတစ်မျိုးသာဖြစ်မည်ဟုထင်ကြ၍၊ ကြောက်လန့်နေခဲ့ကြပါတယ်။ ယေရှုက၊ သူတို့၏ထိတ်လန့်မှုကိုသိသောကြောင့် သူတို့၏စိတ်နှလုံးကိုသက်တောင့်သက်သာဖြစ်စေလို၍ “ဝမ်းမြောက်ပါ၊ ငါဖြစ်၏၊ ကြောက်လန့်ခြင်းမရှိကြနှင့်။”လို့ သူတို့ကိုခေါ်ခဲ့ပါတယ်။

ပေတရုဟာ စိတ်သက်သာရာရရုံသာမက ရဲပါရဲရင့်ခဲ့ပါတယ်။ အမြဲတမ်းရဲစွမ်းသတ္တိရှိပြီး မကြာခဏစိတ်မြန်လက်မြန်ရှိတတ်တဲ့ ပေတရုက “သခင်၊ ကိုယ်တော်မှန်လျှင်ကျွန်ုပ်အားရေပေါ်တွင်ကိုယ်တော်ထံသို့လာခွင့်ပေးပါ” ဟုငိုကြွေးခဲ့ပါတယ်။” သခင်ယေရှုက သူ့ရဲ့ အကျွမ်းဝင်ထာဝရဖိတ်ခေါ်ချက်ဖြင့် “လာခဲ့ပါ” လို့ပြောခဲ့ပါတယ်။

ပေတရုဟာ၊ လှေပေါ်ကဆင်း၍ ရေပေါ်ကိုပါ လှမ်းတက်သွားသောကြောင့် အမှန်တကယ် ပီတိဖြစ်ခဲ့ပါတယ်။ သူ ကယ်တင်ရှင်ကိုအာရုံစိုက်တဲ့အခါ၊ သူဟာ မဖြစ်နိုင်တာကိုလုပ်နိုင်ခဲ့ပါတယ်၊ ရေပေါ်တောင်လမ်းလျှောက်နိုင်ခဲ့ပါတယ်။ အစပိုင်းမှာတော့၊ ‌ပေတရု မုန်တိုင်းကို မဖြုံခဲ့ပါဘူး။ သို့သော်နောက်ဆုံးမှာ “ဆူညံသော”6လေများက သူ့ကိုစိတ်ပျံ့စေလို့ သူအာရုံစူးစိုက်မှုပျောက်သွားခဲ့ပါတယ်။ ကြောက်စိတ်ကပြန်ရောက်လာပါတယ်။ အကျိုးဆက်အနေနဲ့၊ သူ၏ယုံကြည်ချက်လျော့နည်းသွားပြီး နစ်မြုပ်စပြုခဲ့ပါတယ်။ “သခင်၊ ကယ်မတော်မူပါ ဟု သူအော်ဟစ်ခဲ့ပါတယ်။” ကယ်တင်ဖို့အမြဲစိတ်ထက်သန်တဲ့ ကယ်ရှင်ဟာ လက်ကိုဆန့်ထုတ်ပြီး သူ့ကိုဘေးကင်းရာသို့ချီမြှောက်ခဲ့ပါတယ်။

ဒီအံ့သြဖွယ်မှတ်တမ်းကနေ သင်ယူရမယ့်သင်ခန်းစာတွေအများကြီးရှိပါတယ်၊ ဒါပေမယ့် ကျွန်တော်သုံးခု ကိုဖော်ပြချင်ပါတယ်။

ခရစ်တော်ကိုအာရုံစိုက်ပါ

ပထမသင်ခန်းစာ - ယေရှုခရစ်တော်ကိုအာရုံစိုက်ပါ။ ပေတရုဟာ ယေရှုကိုစူးစိုက်ကြည့်နေစဉ်မှာ၊ ရေပေါ်လျှောက်နိုင်ခဲ့ပါတယ်။ သူ့အာရုံကို ကယ်တင်ရှင်အပေါ်မှာထားသမျှ၊ မုန်တိုင်း၊ လှိုင်းတွေလေတွေ သူ့ကို မတားဆီးနိုင်ခဲ့ပါဘူး။

ကျွန်တော်တို့၏အဆုံးစွန်သောရည်ရွယ်ချက်ကိုနားလည်ခြင်းသည် ကျွန်တော်တို့၏အာရုံစိုက်ရမည့်အရာကိုဆုံးဖြတ်ရန်ကူညီပေးပါတယ်။ ပန်းတိုင်ကိုမသိဘဲအောင်မြင်တဲ့ကစားပွဲကိုကျွန်တော်တို့မကစားနိုင်ပါဘူး၊ ဘဝရည်ရွယ်ချက်ကိုမသိဘဲ အဓိပ္ပါယ်ရှိတဲ့ဘဝကိုရှင်သန်နိုင်မှာလည်းမဟုတ်ပါဘူး။ ယေရှုခရစ်တော်၏ပြန်လည်တည်ထောင်ထားသောဧဝံဂေလိတရား၏ကြီးမြတ်လှသောကောင်းချီးများထဲမှတစ်ခုမှာ အခြားအရာများအပြင် “ဘဝရည်ရွယ်ချက်ကားအဘယ်နည်း” ဟူသောမေးခွန်းကို အဖြေပေးခြင်းဖြစ်ပါတယ်။ “ဒီဘဝမှာကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က ဝမ်းမြောက်ပျော်ရွှင်ဖို့နဲ့ဘုရားသခင့်ရှေ့တော်သို့ပြန်သွားရန်ပြင်ဆင်ဖို့ဖြစ်ပါတယ်။” ကျွန်တော်တို့ဟာ ဘုရားသခင်နဲ့အတူနေဖို့ ပြင်ဆင်ရန်အတွက် ကမ္ဘာပေါ်မှာရောက်ရှိနေတာဆိုတာကို သတိရခြင်းက ခရစ်တော်ဆီ ဦးတည်စေတဲ့အရာတွေကို အာရုံစိုက်စေပါတယ်။

ခရစ်တော်ကိုအာရုံစိုက်ဖို့ စည်းကမ်းရှိရန်လိုအပ်ပါတယ်၊ အထူးသဖြင့်ကျွန်တော်တို့အားပိုမိုကောင်းမွန်သောနောက်လိုက်များဖြစ်လာစေရန် ကူညီပေးသောသေးငယ်ရိုးရှင်းတဲ့ဝိညာဉ်ရေးရာအလေ့အထတွေနဲ့ပါတ်သက်လို့ဖြစ်ပါတယ်။ စည်းကမ်းမရှိတဲ့ နောက်လိုက်ကောင်းဟူ၍မရှိပါ။

ကျွန်တော်တို့သွားချင်တဲ့နေရာ၊ ကျွန်တော်တို့ဖြစ်ချင်တဲ့နေရာကိုသွားတဲ့လမ်းကို ငုံ့ကြည့်တဲ့အခါခရစ်တော်ကိုပိုအာရုံစိုက်ပြီး အဲဒီကိုရောက်အောင်ကူညီပေးမယ့်အရာတွေကို လုပ်ဖို့နေ့တိုင်းအချိန်ပေးပါ။ ခရစ်တော်ကိုအာရုံစိုက်ခြင်းဟာ ကျွန်တော်တို့၏ဆုံးဖြတ်ချက်များကိုပိုမိုလွယ်ကူစေနိုင်ပြီး ကျွန်တော်တို့၏အချိန်နှင့်အရင်းအမြစ်များကို အကောင်းဆုံးအသုံးချနိုင်ဖို့ကိုလည်း လမ်းညွှန်ပေးနိုင်ပါတယ်။

ကျွန်ုပ်တို့ အာရုံစိုက်ထိုက်သောအရာများစွာရှိသော်လည်း၊ ကျွန်ုပ်တို့၏အာရုံကို ခရစ်တော်၌အမြဲဗဟိုပြုထားရန် အရေးကြီးပုံကိုလည်း ပေတရု၏ဥပမာမှတဆင့် သင်ယူနိုင်ပါတယ်။ ကျွန်တော်တို့သည် ယေရှုခရစ်အားဖြင့်သာ ဘုရားသခင်နှင့်အတူပြန်လည်နေနိုင်ပါမယ်။ ကျွန်ုပ်တို့ သူကဲ့သို့ဖြစ်လာရန်ကြိုးစားအားထုတ်သောအခါ၊ သူ၏ခွင့်လွှတ်မှုကိုရှာဖွေတဲ့အခါ ပြီးတော့ ကျွန်ုပ်တို့လဲကျတဲ့အခါ ခွန်အားပေးဖို့ ခရစ်တော်၏ကျေးဇူးတော်အပေါ်မှီခိုအားထားကြရပါမယ်။

အနှောင့်အယှက်များကိုသတိပြုပါ

ဒုတိယသင်ခန်းစာ - အာရုံအနှောင့်အယှက်များကိုသတိပြုပါ။ ပေတရုဟာ သူ့အာရုံစိုက်မှုကို ယေရှုထံမှလွှဲပြီး၊ သူ့ခြေဖဝါးကို ရိုက်ခတ်လာတဲ့လေနှင့်လှိုင်းများဆီကိုရောက်သွားတဲ့အခါ နစ်မြုပ်စပြုခဲ့ပါတယ်။

ကျွန်ုပ်တို့ကို ခရစ်တော်ထံ၌အာရုံစိုက်ခြင်းနှင့်လွဲစေနိုင်သော “လမ်းပေါ်တွင်ရှိနေသော” ထာဝရအရာများ နှင့် “ကားအဖုံးရှေ့” ၌ အရာများစွာရှိနေပါတယ်။ မာရ်နတ်ဟာ ကြီးမားတဲ့ စိတ်ပျံ့လွင့်စေသူပါ။ ကြီးမားကျယ်ဝန်းတဲ့အဆောက်အအုံကြီးက အသံတွေဟာ ကျွန်တော်တို့ကိုဘုရားသခင်နဲ့ပြန်နေဖို့ပြင်ဆင်ရာတွင် သွေဖယ်ပေးမယ့်အရာတွေဆီကိုလာဖို့ ကြိုးစားနေကြောင်း လေဟိ ရဲ့အိပ်မက်ကနေ ကျွန်တော်တို့သင်ယူရပါတယ်။

ဒါပေမယ့်လည်း အန္တရာယ်ရှိနိုင်တဲ့အခြားသိသာထင်ရှားတဲ့အနှောင့်အယှက်တွေ ရှိပါသေးတယ်။ ဆိုရိုးစကားအတိုင်း၊ “မကောင်းမှုရဲ့အောင်ပွဲအတွက် လိုအပ်တဲ့တစ်ခုတည်းသောအရာကတော့ လူကောင်းတွေဘာမျှမလုပ်ဘဲနေခြင်းဖြစ်ပါတယ်”။ ရန်သူဟာ လူကောင်းတွေကို ဘာမှမလုပ်စေဖို့၊ သို့ အနည်းဆုံးတော့ သူတို့၏မြင့်မြတ်သောရည်ရွယ်ချက်နှင့်ပန်းတိုင်များမှ သူတို့ကိုလှည့်စားနိုင်မည့်အရာများပေါ်တွင် အချိန်တွေကိုဖြုန်းတီးရန် ဆုံးဖြတ်ထားပုံရပါတယ်။ ဥပမာအားဖြင့်၊ အတော်အသင့်ဆိုလျှင် ကျန်းမာစေတဲ့အရာ‌ကောင်းအချို့ဟာ စည်းကမ်းမရှိလျှင် မကျန်းမာစေတဲ့ အနှောင့်အယှက်တွေဖြစ်လာနိုင်ပါတယ်။ အာရုံပျံ့လွင့်မှုတွေ ထိရောက်မှုရှိဖို့ မကောင်းဖို့ ဒါမှမဟုတ် အကျင့်ယိုယွင်းစရာမလိုဘူးဆိုတာ ရန်သူတွေ နားလည်ပါတယ်။

ကျွန်ုပ်တို့ ကယ်တင်ခံရနိုင်ပါတယ်။

တတိယသင်ခန်းစာ - ကျွန်ုပ်တို့ ကယ်တင်ခံရနိုင်ပါတယ်။ ပေတရု နစ်မြုပ်စပြုတဲ့အခါ သူက “သခင်၊ ကယ်မတော်မူပါ၊ လို့အော်ဟစ်ခဲ့ပါတယ်။ ချက်ချင်းပင် ယေရှုသည်သူ၏လက်ကိုဆန့်၍ သူ့ကိုဖမ်းဆုပ်လိုက်ပါတယ်။”၁၀ ကျွန်ုပ်တို့လည်း ကိုယ့်ကိုယ်ကို နစ်မြုပ်နေတာကို သိရတဲ့အခါ၊ ဒုက္ခနှင့်ရင်ဆိုင်ရတဲ့အခါ၊ သို့ အားလျော့တဲ့အခါ သူ့အားဖြင့် ကယ်တင်ခံရနိုင်ပါတယ်။

ဒုက္ခ သို့မဟုတ် စမ်းသပ်မှုနဲ့ကြုံရတဲ့အခါ၊ သင်လည်းကျွန်တော်လိုပဲ ကယ်ဆယ်ရေးက ချက်ချင်းရောက်လာလိမ့်မယ်လို့ မျှော်လင့်နိုင်ပါတယ်။ သို့သော်ကယ်တင်ရှင်ဟာ၊ တမန်တော်တွေကို ကူညီဖို့ ညလေးချက်တီးအချိန်—သူတို့တစ်ညလုံးနီးပါး မုန်တိုင်းထဲမှာ လူးလိမ့်နေပြီးမှ၊ရောက်လာတယ်ဆိုတာကို သတိရပါ။၁၁ ကျွန်တော်တို့ဟာ အကူအညီချက်ချင်းမရောက်လာရင်၊ အနည်းဆုံး နှစ်ချက်တီး၊ သို့မဟုတ် စကားပုံပါ သုံးချက်တီးမှာ ရောက်လာဖို့ ဆုတောင်းနိုင်ပါတယ်။ ကျွန်ုပ်တို့စောင့်ဆိုင်းရမည့်အခါ၊ ကယ်တင်ရှင်သည်အမြဲစောင့်ကြည့်နေတာ၊ ကျွန်ုပ်တို့သည်းခံနိုင်တာထက်ပိုပြီး ကြံ့ကြံ့ခံရမှာမဟုတ်ကြောင်း အာမခံနေတယ်ဆိုတာ စိတ်ချယုံကြည်လိုက်ပါ။၁၂ ညဉ့်လေးချက်တီးမှာစောင့်နေတဲ့သူတွေ၊ ဒုက္ခတွေကြားထဲမှာရှိနေသေးရင်လည်း မျှော်လင့်ချက်မဆုံးရှုံးပါစေနှင့်။ လူ့ဇာတိဘဝအတွင်းမှာဖြစ်စေ၊ ထာဝရကာလအတွင်းမှာဖြစ်စေ သစ္စာရှိသူတွေဆီကယ်တင်ခြင်း အမြဲရောက်လာပါတယ်။

တစ်ခါတစ်ရံ ကျွန်တော်တို့ရဲ့အမှားတွေ၊ လွန်ကျူးမှုတွေကြောင့် ကျွန်တော်တို့ရဲ့နစ်မြုပ်ခြင်းရောက်လာပါတယ်။ အဲဒီအကြောင်းရင်းတွေကြောင့် သင်နစ်မြုပ်နေသည်ကိုတွေ့ရှိပါက နောင်တရဖို့ ဝမ်းသာအားရရွေးချယ်ပါ။၁၃ ကယ်တင်ရှင်ဆီ လှည့်လာ၊ သို့ မဟုတ် ပြန်လာသူတွေကို ကယ်တင်ခြင်းထက် သူ့ကို ဝမ်းမြောက်စေတဲ့အရာ မရှိကြောင်းကျွန်တော်ယုံကြည်ပါတယ်။၁၄ သမ္မာကျမ်းစားတွေမှာ တစ်ချိန်ကလဲကျခဲ့ပြီးချို့ယွင်းချက်များရှိသော်လည်းနောင်တရပြီးခရစ်တော်အားယုံကြည်ခြင်း၌ အခိုင်အမာရပ်တည်ခဲ့သူများ၏ပုံပြင်များနှင့်ပြည့်နေပါတယ်။ ကျမ်းချက်တွေထဲကဒီပုံပြင်တွေဟာ ကျွန်တော်တို့ကို ကယ်တင်ရှင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကျွန်တော်တို့ကို ရွေးနှုတ်နိုင်စွမ်းဟာ အကန့်အသတ်မရှိဘူးဆိုတာ သတိပေးဖို့လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့နောင်တရသောအခါ ကယ်တင်ရှင်သာဝမ်းမြောက်တာမဟုတ်ပါဘူး၊ ကျွန်တော်တို့လည်းကြီးစွာသောဝမ်းမြောက်ခြင်းကိုရရှိပါတယ်။

နိဂုံး

“လမ်းကိုကြည့်ဖို့” နှင့် အမှန်တကယ် အရေးကြီးသောအရာများအပေါ် သင်၏အာရုံစိုက်မှုကို တိုးမြှင့်ရန် သင့်ကို ကျွန်ုပ် ဖိတ်ခေါ်ပါရစေ။ ခရစ်တော်ကို ကျွန်ုပ်တို့အာရုံ၏ ဗဟိုတွင်ထားရှိပါ။ အာရုံအနှောင့်အယှက်များ၊ “ကားအဖုံးရှေ့” ရှိ အရာများနှင့် ကျွန်ုပ်တို့ပတ်ဝန်းကျင်မှလေပွေသံများ အားလုံးကြားတွင်၊ ယေရှုသည် ကျွန်ုပ်တို့၏ကိုယ်တော်ရှင်၊ ရွေးနှုတ်ရှင်နှင့် ကယ်တင်ရှင်ဖြစ်တယ် ဆိုတာ ကျွန်တော် သက်သေခံပါတယ်။ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။