အထွေထွေညီလာခံ
ကိုယ်တော်ရှင်ထံ သန့်ရှင်းမြင့်မြတ်စေခြင်း
အောက်တိုဘာလ ၂၀၂၁ အထွေထွေညီလာခံ


10:16

ကိုယ်တော်ရှင်ထံ သန့်ရှင်းမြင့်မြတ်စေခြင်း

အနစ်နာခံခြင်းဟာ “စွန့်လွှတ်ခြင်း” နှင့် ကိုယ်တော်ရှင်အား “ပေးကမ်းခြင်း” နှင့်ပတ်သက်၍ ပို၍နည်းပါတယ်။

မနှစ်က၊ မြောက်အာရှဧရိယာဥက္ကဋ္ဌအဖွဲ့မှာ အမှုတော်ဆောင်နေစဉ် ဥက္ကဌ ရမ်ဆဲ အမ် နယ်လ်ဆင် ဆီကနေ သင်းအုပ်ဦးဆောင်သူအဖွဲ့ မှာ ကျွန်တော်ကိုဒုတိယအတိုင်ပင်ခံအဖြစ်အမှုထမ်းဆောင်ဖို့ ဖိတ်ကြားတဲ့ ဖုန်းကိုလက်ခံရရှိခဲ့ပါတယ်။ သူက ကျွန်တော့်ဇနီး လော်ရီ ကိုစကားဝိုင်းမှာပါဝင်ဖို့ ယဉ်ကျေးပျူငှာစွာဖိတ်ခေါ်ခဲ့ပါတယ်။ ခေါ်ဆိုမှုပြီးဆုံးပြီးနောက်၊ ကျွန်တော်ဇနီးက “သင်းအုပ်ဦးဆောင်သူအဖွဲ့ ကဘာတွေလုပ်တာလဲ” လို့မေးတဲ့အခါ၊ ကျွန်တော်တို့ မယုံကြည်နိုင်လောက်အောင်ဖြစ်နေဆဲပါ။ ခဏလောက်ပြန်စဉ်းစားကြည့်ပြီးတဲ့နောက်၊ “ငါအတိအကျမသိဘူး” လို့ပြန်ဖြေခဲ့ပါတယ်။

တစ်နှစ်အကြာမှာ၊ နှိမ့်ချမှုနှင့်ကျေးဇူးတရားကို လေးနက်စွာခံစားရပြီးနောက်၊ ကျွန်တော့်ဇနီးရဲ့မေးခွန်းကို ကောင်းစွာနားလည်မှုနဲ့အတူ ကျွန်တော်ဖြေနိုင်ပါပြီ။ အခြားအရာများစွာထဲမှာမှ၊ သင်းအုပ်ဦးဆောင်သူအဖွဲ့ က အသင်းတော်လူမှုဖူလုံရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများကို ကြီးကြပ်ရတာဖြစ်ပါတယ်။ ယခုဤလုပ်ဆောင်ချက်ဟာ ကမ္ဘာတစ်ဝန်းလုံးကိုလွှမ်းခြုံနေပြီး ဘုရားသခင့်သားသမီးများကိုအရင်ကထက်ပို၍ကောင်းကြီးဖြစ်စေပါတယ်။

သင်းအုပ်ဦးဆောင်သူဖွဲ့အနေနှင့်၊ ကျွန်တော်တို့ဟာ အသင်းတော်လူမှုဖူလုံရေးနှင့်ကိုယ့်အားကိုယ်ကိုးအမှုဆောင်ကော်မတီများတွင်အမှုတော်ထမ်းဆောင်နေသော လူမှုသက်သာရေးအထွေထွေဥက္ကဌအဖွဲ့ အပါအဝင် အံ့သြဖွယ်ကောင်းသောအသင်းတော် ဝန်ထမ်းများနှင့်အခြားသူများကို ကူညီကြပါတယ်။ ကော်မတီရဲ့အဖွဲ့ဝင်တွေအဖြစ်ကျွန်တော်တို့ရဲ့ရာထူးအရ၊ ပထမဥက္ကဌအဖွဲ့က—မနေ့ညနေကကျွန်တော်တို့ကိုဟောပြောခဲ့တဲ့ ညီအမ ရပ်ဘန့် နဲ့ကျွန်တော်ကို—မကြာသေးမီကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကြိုးပမ်းအားထုတ်မှုရဲ့နောက်ဆုံးအခြေအနေကို သင့်တို့ကိုဝေငှဖို့ ပြောခဲ့တယ်။ သူတို့က သူတို့ရဲ့လေးနက်တဲ့ကျေးဇူးတင်ခြင်းကိုဖော်ပြပေးဖို့ကိုလည်းအထူးမေတ္တာရပ်ခံခဲ့ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့၊ ညီအစ်ကိုမောင်နှမများခင်ဗျာ၊ အဲဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကြိုးပမ်းမှုများကို ဖြစ်နိုင်စေခဲ့တဲ့သူတွေဟာ သင်တို့ဖြစ်လို့ပါပဲ။

လူသားချင်းစာနာထောက်ထားမှု လှူဒါန်းမှုများ
နောက်ထပ် လူသားချင်းစာနာထောက်ထားတဲ့ လှူဒါန်းမှုများ

ကမ္ဘာတစ်ဝှမ်း COVID-19 ကပ်ဘေးကာလ စီးပွားရေးရိုက်ခတ်မှုများကို ကျွန်တော်တို့အစောပိုင်းတည်းက စိုးရိမ်ပူပန် သတိပြုမိသည်နှင့်အမျှ၊ သန့်ရှင်းသူများပေးကမ်းနိုင်ခဲ့တဲ့ ငွေကြေးပံ့ပိုးမှုများကျဆင်းလာမည်ကိုလည်း ကျွန်တော်တို့အလွယ်တကူမှန်းဆနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့၊ ကျွန်တော်တို့ရဲ့အသင်းသားတွေဟာ ကပ်ရောဂါရဲ့ဆုတ်ယုတ်မှုတွေကိုခုခံနိုင်စွမ်းမရှိခဲ့ပါဘူး။ ဆန့်ကျင်ဘက်ကိုသာကြည့်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ခံစားချက်တွေကိုမြင်ယောင်ကြည့်ပါ။ လူသားချင်းစာနာထောက်ထားမှုအလှူများဟာ ၂၀၂၀ တွင်အမြင့်ဆုံးဖြစ်ခဲ့ပြီး ယခုနှစ်တွင် ပို၍ပင်မြင့်မားနေပါတယ်။ သင်တို့ရဲ့ရက်ရောမှုကြောင့်၊ နိုင်ငံ ၁၅၀ ကျော်မှာ COVID ကယ်ဆယ်ရေးစီမံကိန်း ၁၅၀၀ ကျော်နဲ့လူသားချင်းစာနာထောက်ထားမှုရန်ပုံငွေအဖွဲ့စတင်တည်ထောင်ချိန်ကစပြီး အသင်းတော်ဟာ ၎င်း၏အကျယ်ပြန့်ဆုံးတုန့်ပြန်မှုကို နားလည်သဘောပေါက်နိုင်ခဲ့ပါတယ်။ ကိုယ်တော်ရှင်အား ကိုယ်ကျိုးမငဲ့ဘဲ သင်ပေးသောဤအလှူငွေများသည်၊ အခြားမရှိသောသူများအတွက်အသက်ရှင်သန်စေသောအစားအစာ၊ အောက်ဆီဂျင်၊ ဆေးဘက်ဆိုင်ရာအထောက်အပံ့များနှင့်ကာကွယ်ဆေးများအဖြစ်သို့ပြောင်းလဲသွားပါတယ်။

ဒုက္ခသည်များ
ဒုက္ခသည်များ
ဒုက္ခသည်များ

စားသောက်ကုန်စည်များပံ့ပိုးကူညီမှု သိသိသာသာအရေးပါလာမှုသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများအတွက် အသင်းတော်ရှိအသင်းသားများလှူဒါန်းတဲ့ အားကောင်းသောအချိန်နှင့်ခွန်အားများသာဖြစ်ပါတယ်။ ကပ်ရောဂါဖြစ်ပွားနေသည့်တိုင် သဘာဝဘေးအန္တရာယ်များ၊ ပြည်တွင်းပဋိပက္ခများနှင့်စီးပွားရေးမတည်ငြိမ်မှုများအဆက်မပြတ်ဖြစ်နေပြီး သန်းနှင့်ချီသောလူများအား ၎င်းတို့၏နေအိမ်များမှ မောင်းထုတ်ခဲ့နေရပါတယ်။ ယခုအခါ ကုလသမဂ္ဂက ကမ္ဘာပေါ်တွင် အတင်းအကျပ် အိုးမဲ့အိမ်မဲ့ဖြစ်နေရသူ ၈၂ သန်းကျော်ရှိနေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ သူတို့အတွက်သို့မဟုတ်သူတို့ကလေးများအတွက် ပိုမိုကောင်းမွန်သောဘဝကိုရှာဖွေရန်၊ ဆင်းရဲနွမ်းပါးမှု သို့ ဖိနှိပ်မှုမှထွက်ပြေးဖို့ရွေးချယ်ခံရသော အခြားသန်းပေါင်းများစွာတို့ကိုလည်း ထပ်ဖြည့်လိုက်ပါ၊ သင်တစ်ကမ္ဘာလုံးရဲ့အခြေအနေကို တစေ့တစောင်းဖမ်းမိလာပါပြီ။

စေတနာ့ဝန်ထမ်းများ၏ အချိန်နှင့်အရည်အချင်းများကြောင့်၊ အသင်းတော်ဟာ အမေရိကန်နှင့်ဥရောပရှိနေရာများစွာ၌ ဒုက္ခသည်များနှင့်ရွှေ့ပြောင်းနေထိုင်သူကြိုဆိုရေးစင်တာများကို လုပ်ဆောင်နေတယ်ဆိုတာကို ကျေးဇူးတင်အစီရင်ခံခွင့်ရတာကို ကျွန်တော်ဝမ်းမြောက်မိပါတယ်။ သင်၏ပံ့ပိုးမှုများကြောင့်၊ ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိအခြားအဖွဲ့အစည်းများ၏အလားတူအစီအစဉ်များကိုကူညီရန် ကုန်ပစ္စည်းများ၊ ရန်ပုံငွေနှင့်စေတနာ့ဝန်ထမ်းများကို ထောက်ပံ့ပေးနေပါတယ်။

ဤဒုက္ခသည်တွေကို ကျွေးမွေးဖို့၊ အဝတ်အစားများ၊ မိတ်ဆွေများ၊ ပြန်လည်တည်ထောင်နိုင်ရန်နှင့်ဖူလုံနိုင်ရန်ကူညီပေးဖို့ လက်ကမ်းယူထားတဲ့သန့်ရှင်းသူများအား ကျွန်တော် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါရစေ။

မနေ့ ညနေက၊ ညီအမ ရပ်ဘန့် ကဤကိစ္စတွင်သန့်ရှင်းသူများ၏အံ့သြဖွယ်ကောင်းသောကြိုးပမ်းမှုအချို့ကို သင်နှင့်မျှဝေခဲ့ပါတယ်။ ကျွန်တော် ဤကြိုးပမ်းမှုများကိုပြန်စဉ်းစားသောအခါ၊ ကျွန်တော့်အတွေးများဟာ အနစ်နာခံခြင်းသည်ဘုရားသခင်အားချစ်ခြင်းနှင့် ကျွန်ုပ်တို့၏အိမ်နီးချင်းများကိုချစ်ခြင်းဟူသော ပညတ်ကြီးနှစ်ခုနှင့်တိုက်ရိုက်ဆက်သွယ်မိနေပါတယ်။

ခေတ်သစ်အသုံးအနှုန်းတွင်၊ အနစ်နာခံခြင်း ဟူသောအသုံးအနှုန်းသည် ကိုယ်တော်ရှင်နှင့်သူ၏နိုင်ငံအတွက် “စွန့်လွှတ်ခြင်း” ဟူသောသဘောတရားကိုထည့်သွင်းလာကြပါတယ်။ သို့သော်၊ ရှေးခေတ်၌ ယဇ်ပူဇော်ခြင်း ဟူသောစာလုံး၏အဓိပ္ပါယ်မှာ ၎င်း၏လက်တင်စကားရင်းမြစ်နှစ်ခုဖြစ်သော sacer၊“မြင့်မြတ်သော” သို့ “သန့်ရှင်းသော” နှင့်facere “ပြုလုပ်ရန်”လို့အဓိပ္ပါယ်ရပါတယ်။ ထို့ကြောင့်၊ ရှေးယဇ်ပူဇော်ခြင်းသည် တစ်စုံတစ်ခုသို့မဟုတ်တစ်စုံတစ်ယောက်အား သန့်ရှင်းစေခြင်းဟုအဓိပ္ပါယ်ရပါတယ်။ ဤသို့ရှုမြင်ခြင်းဖြင့်၊ ယဇ်ပူဇော်ခြင်းသည် သန့်ရှင်းမြင့်မြတ်လာပြီး ဘုရားသခင်အားသိကျွမ်းနိုင်ရန်နှင့်၊ ကိုယ်တော်အတွက်အရာများအား ရိုးရာအရ “စွန့်လွှတ်ခြင်း” မဟုတ်တော့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်လာပါတယ်။

ကိုယ်တော်ရှင် က၊ “ပူဇော်ခြင်းကို မဟုတ် [မေတ္တာ ကရုဏာ]အကျင့်ကို၎င်း၊ မီးရှိ့ရာယဇ်ပူဇော်ခြင်းထက် ဘုရားသခင်နှင့် ကျွမ်းဝင်ခြင်းကို၎င်း ငါနှစ်သက်၏” ဟုမိန့်တော်မူခဲ့ပါတယ်။ ကိုယ်တော်ရှင်က ကျွန်တော်တို့အား သန့်ရှင်းမြင့်မြတ်လာပြီး၊ မေတ္တာတရားကိုပိုင်ဆိုင်လာရန်၊ နှင့် ကိုယ်တော်ကိုသိလာရန် အလိုရှိပါတယ်။ တမာန်တော် ပေါလု သင်ကြားခဲ့သလိုပါပဲ၊ “သူတစ်ပါးကို ငါကျွေးမွေး၍ ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက၊ ငါ၏ကိုယ်ကိုမီးရှို့စေခြင်းငှာအပ်သော်လည်း၊ မေတ္တာမရှိလျှင်၊ ငါ၌အကျိူးမရှိ။” နိဂုံးချုပ်အနေနှင့်၊ ကိုယ်တော်ရှင်က ကျွန်တော်တို့ရဲ့နှလုံးသားကိုအလိုရှိပါတယ်၊ သူကကျွန်တော်တို့ကိုခရစ်တော်၌သက်ရှိအသစ် ဖြစ်စေလိုပါတယ်။ ကိုယ်တော် နီဖိုင်းလူမျိုးများအားညွှန်ကြားခဲ့သည့်အတိုင်း၊ “သင်တို့သည် ကျိုးပဲ့သောနှလုံးသားနှင့် ကြေကွဲသောစိတ်ကို ယဇ်အဖြစ် ငါ့ ထံသို့ ပူဇော်ရမည်။”၁၀

ကိုယ်တော်ရှင်ထံသန့်ရှင်းမြင့်မြတ်စေခြင်း

အနစ်နာခံခြင်းဟာ “စွန့်လွှတ်ခြင်း” နဲ့သိပ်မသက်ဆိုင်ပါဘူး၊ ကိုယ်တော်ရှင်ထံ “ပေးကမ်းခြင်း”နဲ့ ပိုပြီးသက်ဆိုင်ပါတယ်။ ကျွန်ုပ်တို့၏ ဗိမာန်တော်တစ်ခုစီ၏အဝင်ဝတွင် ထွင်းထားသောစာများမှာ “ကိုယ်တော်ရှင်ထံသန့်ရှင်းမြင့်မြတ်စေခြင်း၊ ကိုယ်တော်အိမ်တော်” ဆိုတဲ့စကားဖြစ်ပါတယ်။ ကျွန်တော်တို့၏ ပဋိညာဉ်များကိုယဇ်ပူဇော်ခြင်းအားဖြင့်၊ ကျွန်တော်တို့သည်ယေရှုခရစ်တော်၏ကျေးဇူးတော်အားဖြင့်လည်း၊ သန့်ရှင်းမြင့်မြတ်သောဗိမာန်တော်၏ယဇ်ပလ္လင်များ၌ကျိုးပဲ့သောနှလုံးသားနှင့်ကြေကွဲသောစိတ်တို့ဖြင့်လည်း ကိုယ်တော်ရှင်အားသန့်ရှင်းမြင့်မြတ်ခြင်းကို ဖြစ်စေပါတယ်။ အယ်ဒါ နီရလ် အယ်လ်၊မက်ဇ်ဝဲ ကသွန်သင်ပေးပါတယ်၊ “လူတစ်ဦး၏အလိုဆန္ဒ [သို့ နှလုံးသား၁၁] သည် ဘုရားသခင်၏ယဇ်ပလ္လင်ပေါ်တွင် ကျွန်တော်တို့ထားရှိရမည့်တစ်ခုတည်းသောထူးခြားတဲ့ ကိုယ်ပိုင်အရာဖြစ်ပါတယ်။ သို့သော်လည်း၊ သင်နှင့်ကျွန်တော်ဟာ နောက်ဆုံးတွင်၊ ကျွန်တော်တို့၏အလိုဆန္ဒများကို ဘုရားသခင့်အလိုတော်အတိုင်း ဝါးမျိုခွင့်ပြုခြင်းအားဖြင့် သူ့ထံအမှန်တကယ်ပေးကမ်းထားကြပါတယ်။”၁၂

အခြားသူများကိုယ်စားကျွန်တော်တို့၏အနစ်နာခံမှုများကို “စွန့်လွှတ်ခြင်း” ရှုထောင့်မှကြည့်သောအခါ၊ကျွန်တော်တို့၏စွန့်လွှတ်မှုများအား အသိအမှတ်မပြုခံရ သို့မဟုတ် ဆုမရတဲ့အခါ ကျွန်တော်တို့ဟာစိတ်ဓာတ်ကျလာနိုင်ပြီး အဲဒါတွေကို ဝန်ထုပ်တစ်ခုအဖြစ်မြင်လာနိုင်ပါတယ်။ သို့သော်လည်း၊ ကိုယ်တော်ရှင်အား “ပေးကမ်းခြင်း” ရှုထောင့်မှကြည့်လျှင်၊ အခြားသူများအတွက်ကျွန်ုပ်တို့၏အနစ်နာခံမှုများသည်လက်ဆောင်များဖြစ်လာပြီး၊ ရက်ရောစွာပေးကမ်းခြင်း၏ပျော်ရွှင်မှုသည် ကိုယ်ပိုင်ဆုလာဘ်ဖြစ်လာနိုင်ပါတယ်။ အခြားသူများထံမှမေတ္တာ၊ ထောက်ခံချက်၊ ကျေးဇူးတင်ခံလိုမှုများထံမှ လွတ်မြောက်လာသောအခါ၊ ကျွန်ုပ်တို့၏အနစ်နာခံမှုများသည် ကယ်တင်ရှင်နှင့်ကျွန်ုပ်တို့၏လူသားများအား ကျွန်ုပ်တို့ရဲ့ကျေးဇူးတင်ခြင်းနဲ့ချစ်ခြင်းမေတ္တာသည် အနက်ရှိုင်းဆုံးနှင့်အနူးညံ့ဆုံးသော ထုတ်ဖော်ပြသမှုများဖြစ်လာပါတယ်။ ကိုယ့်စွန့်လွှတ်မှုနဲ့ပါတ်သက်လို့ မာနပါတဲ့စိတ်မှန်သမျှကို ကျေးဇူးတင်ခြင်း၊ ရက်ရောမှု၊ ကျေနပ်ရောင့်ရဲခြင်းနှင့်ပျော်ရွှင်ခြင်းခံစားမှုတို့နဲ့အစားထိုးပါတယ်။၁၃

တစ်စုံတစ်ခုဟာ—ကျွန်ုပ်တို့၏အသက်တွေ၊ ကျွန်ုပ်တို့၏ဥစ္စာတွေ၊ ကျွန်ုပ်တို့၏အချိန် သို့ ကျွန်ုပ်တို့၏အရည်အချင်းတွေဖြစ်စေ—စွန့်လွှတ်ရုံမျှမဟုတ်ဘဲ ကိုယ်တော်ရှင်အားဆက်ကပ်ခြင်းဖြင့်သာ၁၄ သန့်ရှင်းမြင့်မြတ်စေနိုင်ပါတယ်။ အသင်းတော်၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအလုပ်သည် ဤကဲ့သို့သောလက်ဆောင်တစ်ခုဖြစ်ပါတယ်။ ထိုကဲ့သို့ သန့်ရှင်းသူတို့၏စုပေါင်းဆက်ကပ်လှူဒါန်းမှုများသည် ဘုရားသခင်နှင့်သူ၏သားသမီးများအားကျွန်ုပ်တို့၏ချစ်ခြင်းမေတ္တာကိုဖော်ပြသောပြယုဂ်တစ်ခုဖြစ်ပါတယ်။၁၅

သူမ အမှုဆောင်နေတဲ့သူတွေနဲ့ ညီအစ်မ ကန်ဖီးလ်

စတိ နှင့် အနီတာ ကန်ဖီးလ်ဒ်တို့သည် ကိုယ်တော်ရှင်အားပေးကမ်းခြင်းဖြင့် ကောင်းချီးများပြောင်းလဲလက်ခံရရှိခြင်းကို တွေ့ကြုံခဲ့တဲ့ ကမ္ဘာတစ်ဝန်းလုံးရှိနောက်ပိုင်းကာလသန့်ရှင်းသူများ၏ ကိုယ်စားပြုများဖြစ်ကြပါတယ်။ လူမှုဖူလုံရေးအဖွဲ့နှင့် ကိုယ့်အားကိုယ်ကိုးသာသနာပြုများအနေနှင့်၊ ကင်ဖီးလ် ဇနီးမောင်နံထံ ဥရောပတစ်လွှားရှိဒုက္ခသည်စခန်းများနှင့်ရွှေ့ပြောင်းနေထိုင်သူများအတွက် ထောက်ပံ့မှုများပေးရန်တောင်းဆိုခဲ့ပါတယ်။ ညီအမ ကန်ဖီးလ်ဒ်ရဲ့ ကျွမ်းကျင်တဲ့အလုပ်က၊ လူချမ်းသာဖောက်သည်‌တွေရဲ့ ဇိမ်ခံအိမ်တွေကို အလှဆင်ပေးဖို့၊ စာချုပ်ထားတဲ့ ကမ္ဘာ့အဆင့်မီအတွင်းပိုင်းအလှဆင်ဒီဇိုင်နာတစ်ယောက်ဖြစ်ပါတယ်။ ရုတ်တရက်ပဲ၊ သူမဟာ လောကီဥစ္စာအားလုံးနီးပါးဆုံးရှုံးခဲ့ရတဲ့လူတွေကြားမှာ အမှုတော်ထမ်းခဲ့တာကြောင့်၊ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့၊ လောကထဲကို ရောက်သွားတာ သူမကိုယ်သူမသိခဲ့ပါတယ်။ သူမစကားများအရ၊ သူမသည် “ညစ်ပတ်တဲ့ ကြမ်းပြင်တွေကို စကျင်ကျောက်လျှောက်လမ်းတွေနဲ့” ပြောင်းလဲခဲ့တယ်၊ ထိုသို့ပြုလုပ်ခြင်းဖြင့် သူမနှင့်သူ့ခင်ပွန်း မိတ်ဆွေဖြစ်လာသည်နှင့်အမျှ—အတိုင်းအတာတစ်ခုအထိ ပြည့်စုံလာသည်ကို တွေ့မြင်ခဲ့ရပြီး မကြာမီ သူတို့၏ပြုစုစောင့်ရှောက်မှုလိုအပ်သူများကို—ချစ်ခြင်းပြသပြီး ပွေ့ဖက်ပေးရန်ဖြစ်လာပါတယ်။

ကန်ဖီးလ်ဒ် ဇနီးမောင်နှံက “ကိုယ်တော်ရှင်ကိုအမှုတော်ထမ်းဆောင်ဖို့ ကျွန်တော်တို့ ဘယ်အရာကိုမှ ‘စွန့်လွှတ်လိုက်ရတယ်’ဆိုပြီး မခံစားရပါဘူး လို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ရိုးရှင်းတဲ့ဆန္ဒကတော့ ကျွန်တော်တို့ကိုသုံးဖို့ သင့်တော်မယ်လို့ ကိုယ်တော်သိတဲ့ နည်းမှန်သမျှမှာ ကိုယ်တော့်သားသမီးတွေကို ကောင်းချီးပေးဖို့ ကျွန်တော်တို့ရဲ့အချိန်နဲ့ ခွန်အားတွေကို သူ‘ထံပေး’ ဖို့ပဲဖြစ်ပါတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့အတူအလုပ်လုပ်တုန်းက၊ အပြင်ပန်းအသွင်အပြင်တွေ—နောက်ခံတွေ၊ ပိုင်ဆိုင်မှု စသည့် ကွဲပြားတာတွေအားလုံးဟာဆိုရင်—ကျွန်တော်တို့အတွက် ပျက်ပြယ်သွားပြီး ကျွန်တော်တို့ အချင်းချင်းရဲ့ စိတ်နှလုံးကိုသာ မြင်ခဲ့ရပါတယ်။ ဘုရားသခင်၏ အနှိမ့်ချဆုံးသားသမီးများကို အမှုတော်ထမ်းဆောင်ရင်း၊ ဒီအတွေ့အကြုံတွေနဲ့ညီမျှနိုင်စေတဲ့ လုပ်ငန်းအောင်မြင်မှု၊ သို့မဟုတ် ဥစ္စာရရှိမှုဟူ၍ အတိုင်းအတာမရှိပါ။”

ကန်ဖီးလ်ဒ် ဇနီးမောင်နှံ နှင့် အခြားများစွာသောဇာတ်လမ်းများက ကျွန်တော့်ကို ရိုးရှင်းနက်ရှိုင်းတဲ့ မူလတန်းသီချင်းတစ်ပုဒ်ရဲ့ စာသားတွေကိုတန်ဖိုးထားရန် ကူညီပေးခဲ့ပါတယ်။

“ပေးပါ၊” ဟုစမ်းချောင်းငယ်ကဆိုသည်၊

တောင်ပေါ်မှ ဒုံးဆင်းလာစဉ်၊

“ငါ ငယ်မှန်းသိလည်း၊ သွားလေရာမှာ

လယ်တွေပိုစိမ်းလာလျက်ပင်။”

ဟုတ်ပါတယ်၊ ငါတို့တစ်ယောက်ချင်းစီကသေးငယ်တယ်၊ ဒါပေမယ့်ဘုရားသခင်အားဖြင့် ငါတို့လူသားအချင်းချင်း အလျင်အမြန်ဖေးမကူရင်၊ ငါတို့ဘယ်သွားသွား ဘဝကကြွယ်ဝပြီးကောင်းချီးခံစားနေရမယ်။

ဤသီချင်း၏တတိယပိုဒ်ဟာ လူသိနည်းသော်လည်း မေတ္တာဖိတ်ခေါ်ချက်ဖြင့် နိဂုံးချုပ်ပါတယ်။

ယေရှုပေးတော်မူသည်အတိုင်းပေးကြလော့။

အားလုံးပေးနိုင်တဲ့အရာတစ်ခုရှိတယ်။

မြစ်များနှင့်ပန်းပွင့်များကဲ့သို့ပြုပါ။

ဘုရားသခင်နှင့်အခြားသူများအတွက်အသက်ရှင်ပါ။၁၆

ချစ်ခင်ရပါသောညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့၏ ငွေကြေး၊ အချိန်နှင့် ကိုယ့်ကိုယ်ကိုစွန့်လွတ်ခြင်းဖြင့် ဘုရားသခင်နှင့် အခြားသူများအတွက် အသက်ရှင်ကြတာနဲ့အမျှ၊ ကျွန်တော်တို့ဟာ လောကကို နည်းနည်းပိုစိမ်းစေ၊ ဘုရားသခင့်သားသမီးများကို ပိုပျော်စေ၊ လုပ်ဆောင်နေရင်းကနေ နည်းနည်းပိုသန့်ရှင်းလာနေကြတာဖြစ်ပါတယ်။

သင် သူ့ထံ ရက်ရောစွာပေးခဲ့တဲ့အနစ်နာခံမှုတွေအတွက် သင့်ကိုကြွယ်ဝစွာကောင်းချီးပေးပါစေ။

ဘုရားသခင် အသက်ရှင်တယ်ဆိုတာ ကျွန်တော် သက်သေခံပါတယ်။ “သန့်ရှင်းသောလူသားဟူသည် သူ၏အမည်ဖြစ်ပါတယ်။”၁၇ ယေရှုခရစ်တော်ဟာ သူ့သားတော်၊ ကောင်းသောဆုကျေးဇူးကောင်းအားလုံးကိုပေးသူဖြစ်ပါတယ်။၁၈ ကျွန်တော်တို့ သူ၏ကျေးဇူးတော်အားဖြင့်၊ ကျွန်တော်တို့၏ပဋိညာဉ်တရားကိုစောင့်ရှောက်ခြင်းအားဖြင့် သန့်ရှင်းစေပါ၊ ကိုယ်တော်ရှင်အားသာ၍ ချစ်ခြင်းနှင့်သန့်ရှင်းမွန်မြတ်ခြင်းကိုပေးကြရအောင်။၁၉ ယေရှုခရစ်တော်၏သန့်ရှင်းမွန်မြတ်သောနာမတော်အားဖြင့်၊ အာမင်။