အထွေထွေညီလာခံ
တစ်ရာခိုင်နှုန်းပို‌ကောင်းပြီ
အောက်တိုဘာလ ၂၀၂၁ အထွေထွေညီလာခံ


10:1

တစ်ရာခိုင်နှုန်းပို‌ကောင်းပြီ

ပြောင်းလဲဖို့ ကျွန်တော်တို့ ပြုလုပ်တဲ့ အားထုတ်မှုတိုင်းဟာ—ကျွန်တော်တို့အဖို့ ဘယ်လောက်ပဲသေးငယ်တဲ့ဟန်ရှိပါစေ— သင့်ဘဝမှာ အကြီးဆုံးခြားနားမှုကို ဖြစ်စေနိုင်ပါတယ်။

ရာစုနှစ်တစ်ခုကျော်ကျော်တုန်းကဆိုလျှင်၊ ဗြိတိန်အမျိုးသားစက်ဘီးပြိုင်ပွဲဝင်အဖွဲ့ဟာ စက်ဘီးစီးလောကရဲ့ပြောင်လှောင်ခြင်းကို ခံခဲ့ရပါတယ်။ သာမန်အဆင့်မှာပဲ၊ ဗြိတိန်စက်ဘီးသမားတွေဟာ၊ အိုလံပစ်ပြိုင်ပွဲအနှစ် ၁၀၀ မှာ လက်ချိုးရေလို့ရတဲ့ ရွှေတံဆိပ်အချို့သာ ဆွတ်ခူးနိုင်ခဲ့ပြီး၊ အလွန်ခက်ခဲတဲ့ပထမတန်းစက်ဘီးပြိုင်ပွဲဖြစ်တဲ့ သုံးပတ်ကြာ ပြင်သစ်တစ်ပတ်ပွဲတွေမှာမထင်ပေါ်ခဲ့ပါဘူး —အဲဒီမှာဘယ်ဗြိတိန်စက်ဘီးသမားမှနှစ်ပေါင်း ၁၁၀ မှာ မ‌အောင်နိုင်ခဲ့ပါဘူး။ ဗြိတိန်စက်ဘီးသမားတွေရဲ့အကျပ်အတည်းဟာ အလွန်သနားစရာကောင်းခဲ့ပါတယ်၊စက်ဘီးထုတ်လုပ်ရေးတွေက သူတို့ရဲ့ဂုဏ်သတင်းတွေ ညှိုးနွမ်းမှာစိုးလို့ ဗြိတိန်တွေကိုစက်ဘီးတွေရောင်းတာ ငြင်းတဲ့အထိပါပဲ။ နည်းပညာသစ်မှာ အလွန်များစွာသောအင်အားစုတွေမြှုပ်နှံခြင်း၊ ဆန်းသစ်သော လေ့ကျင့်ခြင်းတွေ ပြုလုပ်ခဲ့ပေမယ့်လဲ အလုပ်မဖြစ်ခဲ့ပါဘူး။

ဗြိတိသျှ စက်ဘီးစီးသူများ

ဘာမှကို မဖြစ်ခဲ့ပါဘူး၊ အဲဒါက ဗြိတန်စက်ဘီးလမ်းစဉ်ကို ထာဝရပြောင်းလဲလာစေမယ့် ကြီးစွာသောအမှတ်တမဲ့ပြောင်းလဲမှုဖြစ်ခဲ့တဲ့ ၂၀၀၃ ခုနှစ်အထိပါပဲ။ ကျွန်တော်တို့ကိုတိုးတက်ာစေဖို့ ကျွန်တော်တို့ရဲ့ ရှိမြဲရှုပ်ထွေးတဲ့ လူ့ဇာတိမေးခွန်းနဲ့ပတ်သက်လို့—ကတိတစ်ခုပါဝင်တဲ့— ထာဝရနိယာမတစ်ခုကိုလည်း အဲဒီနည်းလမ်းသစ်က ဖော်ပြပါတယ်။ ဘုရားသခင်ရဲ့ ပိုကောင်းတဲ့ သားတွေသမီးတွေဖြစ်လာစေဖို့ ကျွန်တော်တို့ရဲ့ကြိုးစားမှုနဲ့ ကြီးစွာ ဆက်စပ်မှုရှိတဲ့အရာအနေနဲ့ ဗြိတန်စက်ဘီးလောကမှာ ဘာဖြစ်ခဲ့ပါသလဲ။

၂၀၀၃ ခုမှာ၊ ဆာဒေးဗီ ဘရေးလ်စ်ဖို့ဒ်းကို ငှားခဲ့ပါတယ်။ ထူးထူးခြားခြား၊ ညတွင်းချင်းအောင်မြင်မှု တွေရဖို့ ကြိုးပမ်းတဲ့ ယခင်နည်းပြတွေနဲ့မတူဘဲ၊ ဆာဘရေးလ်စ်ဖို့ဒ်ဟာ “မဖြစ်စလောက်ရလဒ်တွေစုပေါင်းခြင်း” လို့သူညွှန်းတဲ့ဗျူဟာတစ်ခုကို သာအားစိုက်လုပ်ဆောင်ခဲ့ပါတယ်။ ဒါက အရာတိုင်းမှာ သေးငယ်သောတိုးတက်မှုများကို အကောင်အထည်ဖော်ခြင်းလိုအပ်ပါတယ်။ အဲဒါက အဓိကစာရင်း ပုံမှန်တိုင်းတာခြင်း၊ ပြီးတော့ အထူးအားနည်းချက်တွေအတွက်ပစ်မှတ်ထားခြင်း ကိုဆိုလိုပါတယ်။

အဲဒါက လာမန်အမျိုးသားပရောဖက် ရှမွေလရဲ့အယူအဆ “စေ့စေ့မြေ့မြေ့ကျင့်ဆောင်[ခြင်း]” နဲ့အတော်ဆင်တူပါတယ်။ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ခြုံငုံကြည့်ခြင်းက မြင်သာတဲ့ပြဿနာ သို့မဟုတ် အနီးမှာရှိတဲ့အပြစ် တစ်ခုတည်းကိုသာ အစွဲထားလွန်းခြင်း ထောင်ချောက်ကို ရှောင်ရှားပါတယ်။ ဘရေးလ်စ်ဖို့က ပြောခဲ့ပါတယ်၊ “နိယာမတစ်ခုလုံးရဲ့စိတ်ကူးကတော့ သင်ဟာ စက်ဘီးစီးတာနဲ့ပတ်သက်လို့ စဉ်းစားလို့ရတဲ့အရာမှန်သမျှကို ခွဲခြမ်းစိတ်ဖြာပြီး၊ အဲဒါကို ၁ ရာခိုင်နှုန်းတိုးတက်အောင်လုပ်ပါ၊ အဲဒါတွေကို အတူပေါင်းလိုက်တဲ့အခါ သင့်မှာ သိသာတဲ့တိုးတက်မှုကိုရပါလိမ့်မယ် ဆိုတဲ့ အဆိုကနေလာတာဖြစ်ပါတယ်။”

သူ့နည်းဟာ ၉၉ ရာခိုင်နှုန်းကို ပစ်ထားပြီးမှ၊ ၁ ရာခိုင်နှုန်းရဲ့အရေးပါပုံကို—ကျွန်တော်တို့ကို သွန်သင်ခဲ့တဲ့ ကိုယ်တော်ရှင်ရဲ့နည်းနဲ့ ကောင်းကောင်းကိုက်ညီပါတယ်။ မှန်တာပေါ့၊ လိုအပ်နေတဲ့ တစ်ဦးချင်းဆီကို ရှာဖွေဖို့ ဧဝံဂေလိတရားတော် အရေးကြီးပုံကို သူသွန်သင်ပေးနေတာပါ။ ဒါပေမယ့်၊ ကျွန်တော်တို့ဟာ အဲဒီသဘောတရားကိုပဲ နှစ်လိုဖွယ်ကောင်းတဲ့ဧဝံဂေလိတရားတော်ရဲ့ ဒုတိယသဘောတရားဖြစ်တဲ့၊ နောင်တရခြင်းမှာ အသုံးပြုမယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲ။ အပြစ်နဲ့ နောင်တရခြင်းအကြား အဆုံးမရှိဖွယ်၊ စိတ်ပျက်ဖွယ် မွှေနှောက်ခြင်း၊ ထူးခြားတဲ့ ပြောင်းလဲခြင်းတို့ရဲ့အုတ်အုတ်ကျက်ကျက်ဖြစ်ခြင်းအားဖြင့် ပေါက်ကွဲနေမယ့်အစား၊ ကျွန်တော်တို့ရဲ့နည်းလမ်းကို ချဲ့ထွင်နေရင်းနဲ့တောင်မှ—အာရုံစိုက်ခြင်းကို စုစည်းမယ်ဆိုရင် ဘယ်လိုရှိမလဲ။ အရာတိုင်းနဲ့ပတ်သက်လို့ စုံလင်ဖို့ကြိုးစားခြင်းအစား၊ ကျွန်တော်တို့ တစ်ကြိမ်မှာ အရာတစ်ခုတည်းကိုသာ ကိုင်တွယ်ဖို့ကြိုးစားရင် ဘယ်လိုရှိမလဲ။

ဥပမာအနေနဲ့၊ မော်မုန်ကျမ်းနေ့စဉ်ဖတ်ခြင်းကို သင်လစ်လျူရှုခဲ့တာကို သင်ရှာဖွေတွေ့ရှိခဲ့တဲ့ ကျယ်ပြန့်တဲ့အမြင်သစ်နဲ့ကြည့်မယ်ဆိုရင် ဘယ်လိုရှိမလဲ။ ဟုတ်ပါပြီ၊ စာမျက်နှာ ၅၃၆ မျက်နှာလုံးကို တစ်ညတည်း အသည်းအသန် ကျော်လွှားကြည့်ခြင်းအစား၊ အဲဒါရဲ့ ၁ ရာခိုင်နှုန်းကိုသာ ဖတ်ဖို့ကိုပဲ —တစ်နေ့ကို ငါးမျက်နှာတည်း— သို့မဟုတ် သင့်အခြေအနေအရ ပိုင်နိုင်တဲ့တစ်ခြားရည်မှန်းချက်ကို ဖတ်ဖို့ ကျွန်တော်တို့ကတိဝတ်ပြုလျှင် ဘယ်လိုဖြစ်လာမလဲ။ ကျွန်တော်တို့ဘဝတွေမှာ သေးငယ်ပေမယ့် ပုံမှန်မဖြစ်စလောက်ရလဒ်တွေ ကိုစုပေါင်းခြင်းဟာ နောက်ဆုံးမှာ ကျွန်တော်တို့ရဲ့ ဒုက္ခအပေးဆုံး ကိုယ်ပိုင်ချို့ယွင်းချက်တွေကိုပင် အောင်နိုင်ရာ နည်းလမ်းဖြစ်နိုင်ပါသလား။ ကျွန်တော်တို့ရဲ့ အပြစ်အနာအဆာတွေ အတွက် တစ်ကိုက်စာနည်းလမ်းက တကယ်အလုပ်ဖြစ်ပါသလား။

ဟုတ်ပါပြီ၊ ဒီဗျူဟာက ကျွန်တော်တို့ရဲ့အောင်မြင်မှုအခွင့်အလမ်းကို တိုးတက်စေပါတယ်လို့နာမည်ရစာရေးဆရာ ဂျိမ်းစ်ကလီးယားက ပြောခဲ့ပါတယ်။ “အလေ့အကျင့်တွေဟာ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှုအတွက် ‘နှစ်ထပ်တိုး’ ဖြစ်တယ်လို့ သူကခံယူပါတယ်။ သင်ဟာ တစ်ခုခုကို တစ်နေ့မှာ တစ်ရာခိုင်နှုန်းပိုကောင်းလာနိုင်စေလျှင်၊ နှစ်ကုန်တဲ့အခါ ၃၇ ဆပိုကောင်းလာပါလိမ့်မယ်။”

စက်ဘီးကိရိယာ၊ ဝတ်စုံ၊ ပြီးတော့ လေ့ကျင့်ရေးပုံစံ ကဲ့သို့သောအရာတွေမှာ ဘရေးလ်စဖို့ဒ်ရဲ့ သေးငယ်သော ရလဒ်တွေဟာ ထင်ရှားစွာစတင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့အသင်းက အဲဒီမှာမရပ်တန့်ခဲ့ပါဘူး။ သူတို့ဟာ အာဟာရ၊ ပြီးတော့ ပြုပြင်ထိန်းသိမ်းရေး မသိမသာကွဲပြားမှု စတဲ့ မမြင်မိတဲ့၊ မမျှော်လင့်တဲ့နယ်ပယ်တွေမှာ ၁ ရာခိုင်နှုန်းတိုးတက်မှုကို ဆက်ပြီးရှာခဲ့ကြပါတယ်။ အချိန်ကြာတဲ့အခါ၊ ဒီအခြား သေးငယ်သောတိုးတက်မှုများစွာတို့ဟာ၊ အံ့မခန်းဖွယ်ရလဒ်တွေအဖြစ်ပေါင်းစုသွားခဲ့ပြီး၊ တစ်စုံတစ်ယောက်တွေးနိုင်တာထက်တောင်ပိုမြန်လာခဲ့ပါတယ်။ အမှန်ပါပဲ၊ သူတို့ဟာ “ပညတ်တစ်ခုပြီးတစ်ခု၊ နည်းတစ်ခုပြီးတစ်ခု၊ သည်ဘက်မှာအနည်းငယ်၊ ဟိုဘက်မှာအနည်းငယ်” ဆိုတဲ့ ထာဝရသဘောတရားကို နားလည်အသုံးပြုကြတာဖြစ်ပါတယ်။

ဒီသေးငယ်တဲ့ပြင်ဆင်ချက်တွေက အဲဒီ “ကြီးစွာသော‌ပြောင်းလဲခြင်း”ကို ဖြစ်စေနိုင်ပါသလား။ သင့်လျော်စွာအကောင်အထည်ဖော်ပြီးတဲ့အခါ၊ အဲဒါတွေ ဖြစ်လာမယ်ဆိုတာ ကျွန်တော် ၉၉ ရာခိုင်နှုန်းသေချာပါတယ်။ ဒါပေမယ့်ဒီနည်းလမ်းနဲ့ပါတ်သက်လို့ သတိပေးစရာတစ်ခုကတော့၊ သေးငယ်တဲ့ရလဒ်တွေကိုစုပေါင်းခြင်းကို နေ့စဉ်နေ့တိုင်း ပုံမှန်အားထုတ်ခြင်း ရှိရမယ်ဆိုတာပါပဲ။ ကျွန်တော်တို့ဟာ စုံလင်ဖွယ်ရှိမှာမဟုတ်ပေမယ့်၊ ကျွန်တော်တို့ရဲ့ ဇွဲကို သည်းခံခြင်းနဲ့ကိုက်ညီစေဖို့ သန္နိဋ္ဌာန်ချရမှာဖြစ်ပါတယ်။ အဲဒါကို လုပ်ဆောင်လျှင်၊ တိုးလာတဲ့ဖြောင့်မတ်ခြင်းရဲ့ နှစ်လိုဖွယ်ဆုကျေးဇူးတွေက ၊ သင်လိုက်ရှာနေတဲ့ ဝမ်းမြောက်ခြင်းနဲ့ ငြိမ်းချမ်းခြင်းကို ဆောင်ယူလာပါလိမ့်မယ်။ ဥက္ကဋ္ဌနယ်လဆင် သွန်သင်ခဲ့သလိုပါပဲ၊ “နောင်တရခြင်းကို ပုံမှန်၊ နေ့စဉ် နောင်တရခြင်းကို အာရုံစိုက်ခြင်းထက် ဘယ်အရာကမှပိုပြီး လွတ်မြောက်စေခြင်း၊ ပိုပြီးဂုဏ်တက်စေခြင်း၊ သို့မဟုတ် ကျွန်တော်တို့တစ်ဦးချင်းတိုးတက်မှုအတွက် ပိုပြီး အရေးပါလှခြင်းမရှိပါဘူး။ နောင်တရခြင်းဟာ ဖြစ်စဉ်တစ်ခုမဟုတ်ပါ၊ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ စိတ်ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းမှုအတွက် သော့ချက်ဖြစ်ပါတယ်။ ယုံကြည်မှုနဲ့ယှဉ်တွဲတဲ့အခါ၊ နောင်တရခြင်းက ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာတန်ခိုး ဆီသို့ ကျွန်တော်တို့ရဲ့ လမ်းကို ဖွင့်ပေးပါတယ်။”

မုန်ညင်းစေ့
မုန်ညင်းပင်

နောင်တရခြင်းရဲ့ ယုံကြည်ခြင်း လိုအပ်ချက်နဲ့စပ်လျဉ်းလို့၊ ကျမ်းစာတွေဟာ ရှင်းလင်းပါတယ်။ ကနဦးမှာ တစ်ခုတည်းသောလိုအပ်ချက်က တော့ “အနည်းငယ်မျှသောယုံကြည်မှုသာ” ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ဒီ “မုန်ညင်းစေ့”ကို စိတ်မှာ စိုက်နိုင်လျှင်၊ ကျွန်တော်တို့ရဲ့ဘဝတွေမှာ ဖြစ်လာမယ့် မျှော်လင့်မထားတဲ့၊ ထူးခြားတဲ့ တိုးတက်မှုတွေကို မျှော်လင့်နိုင်ကြပါတယ်။ ဒါပေမယ့် သတိရပါ၊ ကျွန်တော်တို့ဟာ အက်တီလာသည်ဟန် ကနေ မာသာထရီဆာ အဖြစ်ကို ညတွင်းချင်းပြောင်းဖို့ ကြိုးစားမှာမဟုတ်သလို၊ ကျွန်တော်တို့ရဲ့ တိုးတက်ခြင်းပုံစံတွေကို နည်းနည်းချင်း ပြန်ရွှေ့ရမှာဖြစ်ပါတယ်။ သင့်ဘဝမှာလိုအပ်တဲ့ပြောင်းလဲမှုတွေဟာ တစ်ပုံကြီးဖြစ်လျှင်တောင်မှ၊ ပမာဏသေးသေးလေးကနေ စပါ။ အဲဒါက အထူးသဖြင့်မှန်ပါတယ်၊ သင်ဟာ မွန်းကျပ်ခြင်းခံစားရ၊ သို့မဟုတ် စိတ်ပျက်ရတဲ့အခါမျိုးမှာပါ။

ဒီလုပ်ငန်းစဉ်ဟာ ရှင်းလင်းတဲ့အစီအစဉ်အတိုင်း အမြဲမပြီးမြောက်ပါဘူး။ သန္နိဋ္ဌာန်အပြင်းဆုံးသူတွေမှာတောင်မှ အနှောင့်အယှက်တွေရှိနိုင်ပါတယ်။ ဒီဟာနဲ့ပတ်သက်လို့ စိတ်ပျက်မှုကို ကျွန်တော့်ဘဝမှာ ကြုံခဲ့ဖူးပါတယ်၊ တစ်ခါတစ်ရံမှာ ရှေ့ ၁ ရာခိုင်းနှုန်းတိုးပြီး၊ နောက်ကို ၂ ရာခိုင်နှုန်းပြန်ရောက်သလိုခံစားရနိုင်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့်၊ ကျွန်တော်တို့ဟာ အဲဒီ ၁ ရာခိုင်နှုန်း ရလဒ်တွေကို ပုံမှန်ခြစ်ခြုတ်ရယူဖို့ ကျွန်တော်တို့ရဲ့ သန္နိဋ္ဌာန်ကို မတုန်မလှုပ်စွဲမြဲကြမယ်ဆိုလျှင်၊ “ကျွန်တော်တို့ရဲ့ဝမ်းနည်းမှုတွေကို ယူတင်ဆောင်ရွက်”လေသူ”က ကျွန်တော်တို့ကို ဆောင်ယူတော်မူပါလိမ့်မယ်။

ထင်ရှားစွာပဲ၊ ကျွန်တော်တို့ဟာ လေးလံတဲ့အပြစ်တွေမှာ ပါဝင်နေလျှင်၊ ကိုယ်တော်ရှင်က ရှင်းလင်းပြတ်သားပါတယ်၊ ကျွန်တော်တို့ရပ်တန့်ဖို့ လိုပါတယ်၊ ကျွန်တော်တို့ရဲ့ သင်းအုပ်ဆီမှ အကူအညီယူရပါမယ်၊ အဲဒီလိုအလေ့အကျင့်တွေကနေ ချက်ချင်းလှည့်သွားရပါမယ်။ ဒါပေမယ့် အသင်းလူကြီး ဒေးဗစ် ဘက်ဒနာလမ်းညွှန်မှုပေးခဲ့သလိုပါပဲ၊ “သေးငယ်တဲ့၊ ပုံမှန်၊ ဝိညာဉ်ပကတိတိုးတက်မှုတွေဟာ ကိုယ်တော်ရှင်က ကျွန်တော်တို့ကို လှမ်းစေလိုတဲ့ ခြေလှမ်းတွေဖြစ်ပါတယ်။ ဘုရားသခင်ရှေ့မှာ အပြစ်ရောက်ခြင်းကင်းစွာနဲ့ လျှောက်ဖို့ ပြင်ဆင်ခြင်းဟာ လူ့ဇာတိရဲ့ မူရင်း ရည်ရွယ်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်၊ အဲဒါက ပြတ်တောင်းပြတ်တောင်း ဟုပ်ခနဲတက်တဲ့ ပြင်းစွာသောဝိညာဉ်ပကတိလှုပ်ရှားမှုကနေ မရပါဘူး။”၁၀

ဗြိတိသျှ စက်ဘီးစီးသူများ

ဒီလိုဆိုရင်၊ နောင်တရခြင်းနဲ့ စစ်မှန်သောပြောင်းလဲခြင်းသို့ ဒီတစ်အိတ်စာနည်းလမ်းက တကယ်အလုပ်ဖြစ်ပါသလား။ ခြေနင်းနဲ့ပတ်သက်လို့ သက်သေက ပြောစမှတ်ပြုစရာရှိပါသလား။ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုမှာ ဒီအတွေးအခေါ်ကို အကောင်အထည်ဖော်ပြီးကတည်းက ဗြိတိန်စက်ဘီးအသင်းမှာ ဖြစ်ပျက်ခဲ့တာကို စဉ်းစားပါ။ ဗြိတိန်စက်ဘီးသမားတွေဟာ ယခုဆိုလျှင်၊ ထင်ရှားတဲ့ ပြင်သစ်တစ်ခွင် ခရီးစဉ်ကို အံ့အားသင့်ဖွယ် ခြောက်ကြိမ်နိုင်ခဲ့ပါပြီ။ လွန်ခဲ့တဲ့အိုလံပစ်ပွဲလေးပွဲမှာ၊ ဗြိတိန်ဟာ စက်ဘီးလောကအားလုံးမှာ အအောင်မြင်ဆုံးနိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ်၊ မကြာသေးမီက ပြီးခဲ့တဲ့ တိုကျိုအိုလံပစ်ပွဲတွေမှာ ယူကေက စက်ဘီးအားကစားမှာ အခြားနိုင်ငံတွေထက် ရွေတံဆိပ်ဆုတွေပိုပြီးရရှိခဲ့ပါတယ်။

အိုလံပစ် ချန်ပီယံများ

ဗြိတိန်စက်ဘီးသမားများ (ဝဲဘက်ထိပ်မှ လက်ျာရစ်) ဖရိုင်းမန်းန် ဗိုဂျယ်လ်၊ ဂျွန်ဂျိုင်းလ်နှင့် ဂရက်ဘေကာ/ဂတ်တီပုံရိပ်

ဒါပေမယ့် လောကီရွှေတံဆိပ်၊ ငွေတံဆိပ်တွေထက် ပိုပြီးအဖိုးတန်တဲ့၊ ကျွန်တော်တို့ရဲ့ ထာဝရကာလဆီသို့ ခရီးတစ်လျှောက်ရှိ ကျွန်တော်တို့ရဲ့ အဖိုးတန်ကတိကတော့ ကျွန်တော်တို့ “ခရစ်တော်၌အောင်ပွဲ”၁၁ကို အမှန်ရရှိမယ်ဆိုတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ သေးငယ်သော်လည်း ပုံမှန်တိုးတက်မှုများ လုပ်ဆောင်ခြင်းမှာ ကတိကဝတ်ပြုကြတာနဲ့အမျှ “မညှိုးမနွမ်းတတ်သော၊ ဘုန်းကြီးသော ပန်းဦးရစ် သရဖူ”၁၂ကို ခံကြရမှာဖြစ်ပါတယ်။ အဲဒီမလွင့်မပြယ်တဲ့ရောင်ခြည်ခေါ်ယူခြင်းကိုခံလျက်၊ သင့်ဘဝကို ဆန်းစစ်ဖို့နဲ့ သင့်ကို ပဋိညာဉ်လမ်းကြောင်းပေါ်မှာ နှောင့်နှေးစေ၊ သို့မဟုတ် သင့်ကို တန့်နေစေတဲ့အရာက ဘာလဲဆိုတာကို သိမြင်ဖို့ သင့်ကို ကျွန်တော်ဖိတ်ခေါ်ပါတယ်။ အဲဒီနောက်ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ကြည့်ပါ။ သင့်ဘဝမှာ ပိုကောင်းအောင်ပြောင်းလဲခြင်းရဲ့ နှစ်လိုဖွယ်ဝမ်းမြောက်ခြင်းကို ရရှိစေနိုင်တဲ့ သင့်လျော်တဲ့၊ ပြုနိုင်လောက်တဲ့ ကျိုးနွံမှုရှိနိုင်တဲ့ ပြင်ဆင်စရာတွေကို ရှာပါ။

သတိရပါ၊ ဒါဝိဒ်ဟာ အပြင်ပန်းအားဖြင့်နိုင်ဖွယ်မရှိတဲ့ လူ့ဘီလူးကြီးကို နှိမ်နှင်းဖို့ရာ ကျောက်ခဲအသေးလေးတစ်လုံးကိုသာ အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် သူ့မှာ အခြားကျောက်ခဲလေးလုံး အသင့်ရှိခဲ့ပါတယ်။ ထိုနည်းတူစွာ၊ အယ်လမာအငယ်ရဲ့ ဆိုးညစ်တဲ့ စိတ်ညွတ်ခြင်းနဲ့ ထာဝရကံကြမ္မာဟာ ရိုးရှင်းငြိမ်သက်တဲ့အတွေးတစ်ခု—ယေရှုခရစ်တော်ရဲ့ ကယ်တင်ခြင်းကျေးဇူးတော်အကြောင်း သူ့အဘရဲ့ သွန်သင်ခြင်းခြင်းကို သတိရခြင်း တစ်ခုအားဖြင့် ပြောင်းလဲခဲ့ပါတယ်။ အပြစ်မရှိသော်လည်း “ပထမဦးဆုံး၌ အပြည့်အစုံကို ရရှိခြင်းမရှိ၊ သို့ရာတွင် အပြည့်အစုံကို မရရှိမီအထိ ကျေးဇူးတော်မှ ကျေးဇူးတော်ကို ရရှိခဲ့”၁၃တဲ့ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်ဟာလည်း အဲဒီလိုပဲဖြစ်ပါတယ်။

ယေရှုခရစ်တော်

စာငှက်တစ်ကောင် မြေကျတာကို သိတာသူပဲဖြစ်ပါတယ်၊ ထိုနည်းတူ ကျွန်တော်တို့ဘဝတွေမှာ ကြီးစွာသောကာလတွေကို အာရုံစိုက်သလို မိနစ်ကိုလည်း အာရုံစိုက်သူ၊ ဒီညီလာခံကနေထွက်လာမယ့် သင့်ရဲ့ မည်သည့် ၁ ရာခိုင်နှုန်းမေးခွန်းမှာ မဆို အခုအချိန်မှာ သင့်ကို ကူညီဖို့ အဆင့်သင့်ဖြစ်နေတာလည်း သူပဲဖြစ်ပါတယ်။ ပြောင်းလဲဖို့ ကျွန်တော်တို့ ပြုလုပ်တဲ့ ကြိုးပမ်းမှုတိုင်းကြောင့်—ကျွန်တော်တို့အဖို့ ဘယ်လောက်သေးငယ်တဲ့ပုံရှိပါစေ—ကျွန်တော်တို့ရဲ့ဘဝမှာ အကြီးဆုံးခြားနားမှုကို ဖြစ်စေနိုင်ပါတယ်။

ဒီရည်ရွယ်ချက်အတွက် အသင်းလူကြီး နီးလ်၊ အေ မက်စ်ဝဲလ်က သွန်သင်ခဲ့ပါတယယ်၊ “ဖြောင့်မတ်သောဆန္ဒရဲ့ လုပ်ဆောင်မှုတစ်ခုချင်း၊ အစေခံခြင်းလုပ်ဆောင်မှုတစ်ခုချင်း၊ ကိုးကွယ်မှုလုပ်ဆောင်ခြင်းတစ်ခုချင်းဟာ၊ ဘယ်လောက်သေးသေး၊ ငယ်ငယ်၊ ကျွန်တော်တို့ရဲ့ ဝိညာဉ်ပကတိအဟုန်ကို ထပ်လောင်းပေးပါတယ်။”၁၄ အမှန်ပါပဲ၊ အဲဒါက သေးငယ်၊ ရိုးရှင်း၊ ပြီးတော့၊ ဟုတ်ပါတယ်၊ ၁ ရာခိုင်နှုန်းအရာလေးတွေအားဖြင့် ကြီးစွာသောအရာတွေကိုကျော်လွန်သွားစေနိုင်သည့် ကြီးကျယ်သောအရာများဖြစ်လာနိုင်စေပါတယ်။ ၁၅ အဆုံးစွန်သောအောင်ပွဲဟာ “ကျွန်တော်တို့စွမ်းအားရှိသမျှဆောင်ရွက်ကြပြီးမှ”၁၆ ကျွန်တော်တို့ရဲ့ကိုယ်တော်ရှင်နဲ့ကယ်တင်ရှင်၊ ယေရှုခရစ်တော်ရဲ့ ကောင်းမှုများနဲ့ ကရုဏာတို့အားဖြင့် ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။ ယေရှုခရစ်တော်၏ နာမတော်အားဖြင့် ကျွန်တော် သက်သေခံပါတယ်၊ အာမင်။