အထွေထွေညီလာခံ
အဖြေကတော့ ယေရှုဖြစ်ပါတယ်
၂၀၂၂ အောက်တိုဘာအထွေထွေညီလာခံ


10:52

အဖြေကတော့ ယေရှုဖြစ်ပါတယ်

စိန်ခေါ်မှုတွေ ဘယ်လောက်ခက်ခဲ သို့မဟုတ် ရှုပ်ထွေးပါစေ၊ အဖြေရိုးရှင်းတဲ့အကြောင်း သင်အမြဲသတိရနိုင်ပါတယ်၊ အဲဒါက အမြဲတမ်း ယေရှုဖြစ်ပါတယ်။

ညီလာခံကဏ္ဍမှာ သင်တို့ကို စကားပြောရတာ ဂုဏ်ယူစရာပါပဲ။ ဒီနေ့ ကျွန်တော် သင်တို့ကို မိတ်ဆွေတွေအနေနဲ့ မိန့်ခွန်းပြောပါတယ်။ ယောဟန်ခရစ်ဝင်ကျမ်းတွင်၊ ကယ်တင်ရှင်က ကျွန်တော်တို့ကို သူတောင်းဆိုရာကို လုပ်ဆောင်ပါက သူ၏မိတ်ဆွေများဖြစ်ကြောင်း သွန်သင်ပေးခဲ့ပါတယ်။

ကျွန်တော်တို့ကို အတူတကွပေါင်းစည်းပေးတာက ကယ်တင်ရှင်အပေါ်ပြီးတော့ ကိုယ်တော်နဲ့ပြုတဲ့ ကျွန်တော်တို့ရဲ့ ပဋိညာဉ်တွေအပေါ်၊ ကျွန်တော်တို့ရဲ့ တစ်ဦးချင်းနဲ့ စုပေါင်းအချစ် ဖြစ်ပါတယ်။ ဥက္ကဋ္ဌ ဟင်နရီ ဘီ အိုင်းရင်း သင်ကြားခဲ့သလို၊ “ကိုယ်တော်ရှင်သည် သင့်ကိုမည်မျှချစ်ပြီးယုံကြည်ကြောင်းပြောကြားလိုပါတယ်။ ဒါ့အပြင်၊ သင့်အပေါ် သူဘယ်လောက်မှီခိုနေတယ်ဆိုတာလည်း ပြောပြချင်ပါတယ်။”

ဥက္ကဋ္ဌ ရမ်ဆဲလ် အမ် နယ်လ်ဆင်က ကျွန်တော့်ကိုအထွေထွေအာဏာပိုင်အဖြစ် ခေါ်ခဲ့တုန်းက၊ ကျွန်တော်ဟာ စိတ်လှုပ်ရှားမှုတွေနဲ့ခဲ့ပါတယ်။ အလွန့်အလွန်စိုးရိမ်ခဲ့ရပါတယ်။ ကွန်တော်ဇနီး၊ ဂျူလီနှင့်ကျွန်တော်ဟာ အထွေထွေညီလာခံ၏စနေနေ့ နေ့လည်ပိုင်းကဏ္ဍကို စိုးရိမ်ပူပန်စွာစောင့်မျှော်နေခဲ့ကြပါတယ်။ အတည်ပြုခံရဖို့ နှိမ့်ချမှုရှိစေခဲ့ပါတယ်။ ကျွန်တော်ရဲ့ပထမဦးဆုံးတာဝန်မကျရှုံးစေရန် သတ်မှတ်ထားသောထိုင်ခုံသို့ လှေကားတွေကို သေသေချာချာ ရေတွက်ခဲ့ပါတယ်။

အဲ့ဒီကဏ္ဍ၏နိဂုံးပိုင်းမှာ၊ ကျွန်တော့်အပေါ် အကြီးအကျယ်အကျိုးသက်ရောက်ခဲ့တဲ့အရာတစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။ အဖွဲ့ဝင်တွေက တန်းစီပြီး ကျွန်တော်တို့ အထွေထွေအာဏာပိုင်အသစ်တွေကို တစ်ယောက်ပြီးတစ်ယောက်နှုတ်ဆက်ခဲ့ကြပါတယ်။ တစ်ဦးချင်းစီက သူတို့၏ မေတ္တာနှင့် ထောက်မမှုကို မျှဝေခဲ့ကြပါတယ်။ လှိုက်လှိုက်လှဲလှဲနဲ့ဘရာဇို“မစိုးရိမ်ပါနဲ့—သင်ပိုင်တယ်” လို့ ပြောကြတယ်။

ကယ်တင်ရှင်နှင့် ကျွန်တော်တို့၏ဆက်ဆံရေးမှာ၊ ကိုယ်တော်ကနှလုံးသားကိုကြည့်ပါတယ်၊ “မျက်နှာမလိုက်ပါ။” သူ တမန်တော်တွေကို ဘယ်လိုရွေးချယ်ခဲ့သလဲဆိုတာ သုံးသပ်ကြည့်ပါ။ သူဟာ ရာထူး ဒါမှမဟုတ် ချမ်းသာကြွယ်ဝမှုကို အာရုံမစိုက်ခဲ့ပါဘူး။ သူက ကျွန်တော်တို့ကို သူ့နောက်လိုက်ဖို့ ဖိတ်ခေါ်တယ်၊ ကျွန်တော်တို့ဟာ သူနဲ့အတူရှိတယ်ဆိုတာ စိတ်ချစေတယ်လို့ ယုံကြည်ပါတယ်။

ဤသတင်းဟာ အထူးသဖြင့် အသင်းတော်က လူငယ်များနှင့် သက်ဆိုင်ပါတယ်။ သင်တို့ထဲမှာ ဥက္ကဋ္ဌ နယ်လ်ဆင် မြင်တဲ့အရာကို ကျွန်တော်လည်းမြင်ပါတယ်။ သူပြောခဲ့ပါတယ် “ဤလူငယ်မျိုးဆက်နှင့် ပတ်သက်၍ မငြင်းဆိုနိုင်သော ထူးခြားတဲ့အရာတစ်ခုရှိတယ်။ သင်ရဲ့ကောင်းကင်ဘုံရှင်အဘက သင့်အား ဤအချိန်တွင် မြေကြီးသို့ စေလွှတ်ရန် သင့်ကို အလွန်ယုံကြည်မှုရှိရပါတယ်။ သင်ဟာ ကြီးမြတ်မှုများအတွက် မွေးဖွားခဲ့တာပါ။”

လူငယ်ဘဝကနေ သင်ယူခဲ့တာတွေအတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကလေးတွေ ကျွန်တော့်ကိုသင်ပေးတဲ့အရာ၊ ကျွန်တော်တို့သာသနာပြုတွေ ကျွန်တော့်ကို သင်ပေးတဲ့အရာ၊ ပြီးတော့ ကျွန်တော့်တူမတွေ၊ တူတွေ ကျွန်တော့်ကို သင်ပေးတဲ့အရာအတွက် ကျွန်တော်ကျေးဇူးတင်ရှိပါတယ်။

သိပ်မကြာသေးခင်က၊ ကျွန်တော်ရဲ့တူ နက်ရှ်နဲ့အတူ ခြံမှာ အလုပ်လုပ်နေခဲ့တယ်။ သူဟာ ခြောက်နှစ်သားဖြစ်ပြီး စင်ကြယ်တဲ့နှလုံးသားရှိပါတယ်။ သူက နက်ရှ်လို့ခေါ်တဲ့ ကျွန်တော်အကြိုက်ဆုံး တူဖြစ်ပြီး၊ ကျွန်တော်ကတော့ ဒီနေ့ ညီလာခံမှာ စကားပြောနေတဲ့ သူ့အကြိုက်ဆုံးဦးလေးဖြစ်မယ်လို့ ယုံကြည်ပါတယ်။

သူက ကျွန်တော်တို့ရဲ့ စီမံကိန်းအတွက်အဖြေတစ်ခုရအောင်ကူညီပေးခဲ့လို့၊ “နက်ရှ်၊ ဒါဟာ စိတ်ကူးကောင်း တစ်ခုပဲ လို့ ကျွန်တော်ပြောခဲ့ပါတယ်။ မင်းဘယ်လိုများ ဒီလောက်ကြီးတော်လာခဲ့တာလဲ။” သူက ကျွန်တော့်ကို အနည်းငယ်စိတ်ရှုပ်နေသော မျက်လုံးများဖြင့် ကြည့်ပြီး၊ “ဦးလေး ရိုင်ယန်၊ ဒီမေးခွန်းရဲ့ အဖြေကို ဘာလို့ မသိရတာလဲ” လို့ပြောခဲ့တယ်။

သူက ပခုံးကိုပဲတွန့်၊ ပြုံးပြပြီး “ယေရှု” လို့ ယုံကြည်ချက်ရှိရှိ ပြောခဲ့ပါတယ်။

နက်ရှ်က ကျွန်တော်ကို အဲဒီနေ့မှာ ရိုးရှင်းသော်လည်း ‌လေးနက်တဲ့သင်ကြားမှုနဲ့ပတ်သက်လို့ သတိပေးခဲ့ပါတယ်။ အရိုးရှင်းဆုံးမေးခွန်းများနှင့် အရှုပ်ထွေးဆုံးပြဿနာများအတွက် အဖြေမှာ အမြဲတမ်းအတူတူပဲ ဖြစ်ပါတယ်။ အဖြေကတော့ ယေရှုဖြစ်ပါတယ် ဖြေရှင်းနည်းတိုင်းကို ကိုယ်တော်ထဲမှာ တွေ့ရပါတယ်။

ယောဟန်ခရစ်ဝင်ကျမ်းတွင်၊ ကယ်တင်ရှင်က သူ၏တပည့်တော်များအား သူတို့နေရာကို ပြင်ဆင်ပေးမယ် လို့ ပြောခဲ့ပါတယ်။ သောမကလည်း စိတ်ရှုပ်ထွေး၍ ကယ်တင်ရှင်အား လျှောက်ခဲ့ပါတယ်၊

“သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ သွားတော်မူသည်ကို အကျွန်ုပ်တို့ မသိသည်ဖြစ်၍၊ လမ်းခရီးကိုအဘယ်သို့ သိနိုင်ပါမည်နည်း။

“ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။”

ကယ်တင်ရှင်က တပည့်တော်တို့ကို သူဟာ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တာတို့ဖြစ်ကြောင်း သွန်သင်ပေးခဲ့ပါတယ်။ သူဟာ ကောင်းကင်ဘုံရှင်အဖဆီ ဘယ်လိုလာရမည်ဟူသောမေးခွန်း၏အဖြေဖြစ်ပါတယ်။ ကျွန်တော်တို့ဘဝမှာ ဘုရားသခင့်အခန်းကဏ္ဍအကြောင်း သက်သေခံချက်ရရှိခြင်းကို လူငယ်တစ်ယောက်အနေနဲ့ ကျွန်တော်သင်ယူခဲ့ရပါတယ်။

ကျွန်တော် အာဂျင်တီးနားမှာသာသနာပြုအဖြစ် တာဝန်ထမ်းဆောင်နေစဉ်၊ ဥက္ကဋ္ဌ ဟော့ဝတ်ဒ် ဒဗလျူ ဟန်တာ က ကျွန်တော်တို့ကို ဘဝမှာလေးနက်တဲ့သက်ရောက်မှုရှိတဲ့အရာတစ်ခုပြုလုပ်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ သူက၊ “ကျွန်တော်တို့ဟာ ခရစ်တော်ကိုသိတာထက် ပိုသိရမယ်၊ သူ့ကို သတိရတာထက် မကြာခဏ ပိုသတိရရမယ်၊ သူ့အား ကျွန်တော်တို့အမှုတော်ဆောင်သည်ထက် ပို၍ရဲရင့်စွာ ဝတ်ပြုရပါမယ်။

အဲ့ဒီအချိန်တုန်းက၊ ကျွန်တော်ဟာပိုကောင်းတဲ့သာသနာပြုတစ်ဦး ဘယ်လိုဖြစ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးစိုးရိမ်ခဲ့ပါတယ်။ ဒါက အဖြေဖြစ်ပါတယ်၊ ခရစ်တော်ကိုသိဖို့၊ သူ့ကို သတိရဖို၊ ပြီးတော့ သူ့ကို အစေခံဖို့ပါ။ “သူ၏အပြစ်ဖြေခြင်းနှင့် [သူ့]၌ယုံကြည်ခြင်းအားဖြင့်ပြန်လည်ဆောင်ယူထားသော ဧဝံဂေလိတရားကို လက်ခံရရှိရန်ကူညီခြင်း၊ “နောင်တရခြင်း၊ ဗတ္တိဇံခံခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးကိုလက်ခံရရှိခြင်းနှင့် အဆုံးတိုင်အောင်တည်ကြည်ခြင်း””တို့ဖြင့် ခရစ်တော်ထံသို့ လာရန် အခြားသူများကိုဖိတ်ခေါ်ရန် ဤရည်ရွယ်ချက်ဖြင့် ကမ္ဘာတဝှမ်းရှိသာသနာပြုများက စည်းလုံးညီညွတ်ကြပါတယ်။ သာသနာပြုများကိုနားထောင်နေသောကျွန်တော်တို့၏သူငယ်ချင်းများအား၊ ခရစ်တော်ထံသို့လာရန် ကျွန်တော့်၏ဖိတ်ကြားချက်ကိုထပ်ထည့်ပါမယ်။ ကျွန်တော်တို့ သူ့ကိုသိရန်၊ သူ့ကိုမှတ်မိရန်နှင့်အစေခံရန် အတူတကွကြိုးစားကြပါမယ်။

သာသနာပြုထမ်းဆောင်ရတာဟာ ကျွန်တော့်ဘဝရဲ့ သန့်ရှင်းမွန်မြတ်တဲ့အချိန်ဖြစ်ခဲ့ပါတယ်။ အချိန်ပြည့်သာသနာပြုတစ်ဦးအနေနဲ့ သူ့ကို နောက်ဆုံးတွေ့ဆုံမေးမြန်းမှုမှာ၊ ဥက္ကဋ္ဌ ပင်ကော့ခ်က သူနဲ့သူ့ဇနီးလည်း သူတို့တာဝန်ထမ်းဆောင်မှုပြီးခါနီးမှာ သာသနာပြုခေါင်းဆောင်တွေရဲ့ လာမယ့်အပြောင်းအလဲကို ပြောပြခဲ့ပါတယ်။ ကျွန်တော်တို့နှစ်ယောက်စလုံးဟာ ကျွန်တော်တို့အရမ်းချစ်ရတဲ့အရာတစ်ခုခုကို ထားခဲ့ရမှာကိုဝမ်းနည်းခဲ့ကြပါတယ်။ အချိန်ပြည့်သာသနာပြုမဟုတ်ဘူးဆိုတဲ့အတွေးကြောင့် ကျွန်တော်စိတ်အနှောင့်အယှက်ဖြစ်နေတာကို သူသိနိုင်ခဲ့ပါတယ်။ သူက ယုံကြည်ခြင်းကြီးမားသူဖြစ်ပြီး လွန်ခဲ့တဲ့နှစ်နှစ်တုန်းကလိုပဲ ကျွန်တော့်ကိုချစ်ခင်စွာသင်ကြားပေးခဲ့ပါတယ်။ သူ့စားပွဲပေါ်ကယေရှုခရစ်တော်ရဲ့ ရုပ်ပုံကို ညွှန်ပြပြီး၊ “အသင်းလူကြီး အော်ဆန်၊ အားလုံးအဆင်ပြေသွားမှာပါ၊ ဘာကြောင့်လဲဆိုတော့ အဲ့တာကသူ့အမှုတော်ပဲ။” ကျွန်တော်တို့အမှုတော်ဆောင်နေချိန်မှာသာမက၊ သူ့ကိုအခွင့်ပေးမယ်ဆိုရင်၊ ကယ်တင်ရှင်က ကျွန်တော်တို့ကိုကူညီပေးမယ်ဆိုတာသိရလို့ စိတ်ချခဲ့ရပါတယ်။

ညီအစ်မ ပင်ကော့ခ်က ကျွန်တော်တို့ကိုအရိုးရှင်းဆုံး စပိန်စကားစုတွေနဲ့ နှလုံးသားကနေ နှစ်နှစ်ကာကာ သင်ပေးခဲ့ပါတယ်။ သူမက “ယေဆိုခရစ်စတို ဗီဗွီ” လို့ပြောတဲ့အခါ၊ ၎င်းဟာ မှန်ကန်ကြောင်းနှင့် သူအသက်ရှင်ခဲ့တယ်ဆိုတာ ကျွန်တော်သိပါတယ်။ သူမက “အယ်ဒရပ်စ် ယာ ဟယ်မန်နပ်စ်၊ လက်စ် အားမိုး”လို့ပြောတဲ့အခါ၊ သူမက ကျွန်တော်တို့ကိုချစ်တယ်၊ ကျွန်တော်တို့ကို ကယ်တင်ရှင်နောက်ကို၊ အမြဲလိုက်စေချင်တယ်ဆိုတာ ကျွန်တော်သိပါတယ်။

မကြာသေးခင်က ကျွန်တော့်ဇနီးနဲ့ကျွန်တော်ဟာ ဥရုဂွေးနိုင်ငံမှာရှိတဲ့ ထူးခြားတဲ့သာသနာပြုတွေနဲ့အတူ အလုပ်လုပ်ရမယ့် သာသနာပြုခေါင်းဆောင်တွေအဖြစ်ထမ်းဆောင်ရန် ကောင်းချီးပေးခံရပါတယ်။ သူတို့ဟာ ကမ္ဘာမှာ အကောင်းဆုံးသာသနာပြုတွေ ဖြစ်တယ် လို့ကျွန်တော်ပြောပါမယ်၊ သာသနာပြုခေါင်းဆောင်တိုင်း ဒီလိုခံစားရတယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ ဒီတပည့်တွေက ကျွန်တော်တို့ကို ကယ်တင်ရှင်နောက်လိုက်ဖို့ နေ့တိုင်း သင်ပေးကြတယ်။

ပုံမှန်လူတွေ့မေးမြန်းခန်းတွေမှာ၊ ကျွန်တော်တို့ရဲ့ ကောင်းမွန်တဲ့ညီအစ်မသာသနာပြုများထဲမှတစ်ယောက်က ရုံးခန်းထဲဝင်သွားပါတယ်။ သူမက အောင်မြင်သော သာသနာပြုတစ်ဦး၊ အလွန်ကောင်းမွန်သော နည်းပြတစ်ဦး၊ ပြီးတော့ ဆက်ကပ်အပ်နှံထားသော ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပါတယ်။ သူမကို သူမရဲ့အဖော်တွေက ကြည့်ရှုခဲ့ပြီး လူတွေက ချစ်ကြပါတယ်။ သူမက နာခံမှု၊ နှိမ့်ချမှုနှင့် ယုံကြည်မှုရှိသူဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အရင်လည်ပတ်မှုတွေမှာ သူမရဲ့ဒေသနဲ့ သူမသင်ပေးနေတဲ့လူတွေကိုပဲ အာရုံစိုက်ခဲ့ပါတယ်။ ဒီအကြိမ်မှာတော့ ကွဲပြားခြားနားပါတယ်။ သူမဘယ်လိုနေသလဲလို့မေးတဲ့အခါ၊ သူမဘယ်လိုအခက်အခဲရှိတယ်ဆိုတာ ပြောပြခဲ့ပါတယ်။ သူမက ပြောပါတယ်၊ “ဥက္ကဋ္ဌ အော်ဆန်၊ ကျွန်မ ဒီအရာကိုလုပ်နိုင်ပါ့မလားမသိဘူး။ ကျွန်မဟာ အမြဲတမ်းလုံလောက်အောင် ကောင်းနိုင်ပါ့မလားဆိုတာ မသိဘူး။ ကိုယ်တော်ရှင်လိုအပ်တဲ့ သာသနာပြု ဖြစ်နိုင်ပါ့မလားဆိုတာ ကျွန်မ မသိဘူး။”

သူမဟာ မှတ်သားလောက်တဲ့ သာသနာပြုတစ်ဦးဖြစ်ပါတယ်။ နည်းလမ်းတိုင်းမှာ ထူးချွန်ပါတယ်။ သာသနာပြုဥက္ကဋ္ဌတစ်ယောက်ရဲ့ အိပ်မက်ပါ။ သာသနာပြုတစ်ယောက်အနေနဲ့ သူမရဲ့စွမ်းဆောင်ရည်တွေအတွက် ကျွန်တော် ဘယ်တုန်းကမှ မစိုးရိမ်ခဲ့ပါဘူး။

သူမစကားကိုနားထောင်ရင်း၊ ကျွန်တော် ဘာပြောရမယ်ဆိုတာ သိဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်။ ကျွန်တော် တိတ်တဆိတ်ဆုတောင်းခဲ့တယ်၊ “ကောင်းကင်ဘုံရှင်အဖေ၊ သူမဟာ ထူးခြားတဲ့ သာသနာပြုတစ်ယောက်ပါ။ သူမဟာ ကိုယ်တော်၏အပိုင်ပါ။ သူမက အရာရာကို မှန်ကန်စွာလုပ်ဆောင်နေတာပါ။ ကျွန်တော်ဒါကို မရှုပ်ထွေးချင်ပါဘူး။ ကျွန်တော် ဘာပြောရမယ်ဆိုတာ သိအောင်ကူညီပေးပါ။”

စကားတွေက ကျွန်တော့်ဆီရောက်လာခဲ့တယ်။ ကျွန်တော် ပြောခဲ့တယ်၊ “ဟယ်မာနာ၊ သင်ဒီလိုခံစားနေရတာအတွက် အရမ်းဝမ်းနည်းပါတယ်။ ကျွန်တော် မေးခွန်းတစ်ခုမေးပါရစေ။ သင့်မှာ ဒီလိုခံစားရတဲ့ သူငယ်ချင်းတစ်ယောက်ရှိမယ်ဆိုရင်၊ သင်ဘာပြောမလဲ။”

သူမက ကျွန်တော်ကိုကြည့်ပြီး ပြုံးလိုက်တယ်။ မမှားနိုင်တဲ့ သာသနာပြုစိတ်ဓာတ်နဲ့ ယုံကြည်စိတ်ချမှုတို့နဲ့အတူ၊ သူမကပြောခဲ့တယ်၊ “ဥက္ကဋ္ဌ၊ ဒါက လွယ်လွယ်လေးပါ။ ကယ်တင်ရှင်က သူမကို သိတယ်လို့ ကျွန်မ သူမကိုပြောပြမယ်။ ကိုယ်တော်အသက်ရှင်တယ်လို့ ပြောပြမယ်။ ကိုယ်တော်က သင့်ကိုချစ်ပါတယ်။ သင်က အလုံအလောက်ကောင်းမြတ်တဲ့သူဖြစ်တယ်၊ သင်အဲဒါကို ရထားပြီးသားပါပေါ့။”

သူမက ခပ်တိုးတိုးရယ်ရင်း “အဲဒါက ကျွန်မတို့သူငယ်ချင်းတွေနဲ့ သက်ဆိုင်မယ်ဆိုရင် ကျွန်မနဲ့လည်း သက်ဆိုင်တယ်လို့ ထင်တယ်”လို့ပြောခဲ့ပါတယ်။

ကျွန်တော်တို့ မေးခွန်းများ သို့မဟုတ် သံသယများရှိတဲ့အခါ၊ ဖြေရှင်းနည်းများဟာ အလွန်ခက်ခဲလွန်း သို့မဟုတ် အဖြေရှာတွေ့ခြင်းဟာ အလွန်ရှုပ်ထွေးလွန်းဟု ခံစားရနိုင်ပါတယ်။ မာရ်နတ်၊ မုသားအားလုံး၏ဖခင်ပင်၊ ရှုပ်ထွေးမှု၏ဗိသုကာဖြစ်တယ်ဆို ကျွန်တော်တို့သတိရကြရအောင်။

ကယ်တင်ရှင်ဟာ ရိုးရှင်းသောအရှင်ဖြစ်ပါတယ်။

ဥက္ကဌ နယ်လ်ဆင်က ‌ပြောခဲ့ပါတယ်။

မာရ်နတ်ဟာ ပါးနပ်ပါတယ်။ နှစ်ထောင်ပေါင်းများစွာကပင် သူသည် အကောင်းကို အဆိုးထင်စေရန်နှင့် အဆိုးကို အကောင်းထင်စေရန်ပြုလုပ်နေခဲ့ပါတယ်။ သူ၏သတင်းစကားများမှာ ကျယ်လောင်တတ်၊ ရဲတင်းတတ်၊ ဝါကြွားတတ်ပါတယ်။

“သို့သော်လည်း၊ ကောင်းကင်ဘုံရှင်အဘထံမှ သတင်းစကားများမှာ သိသာထင်ရှားစွာကွဲပြားခြားနားပါတယ်။ သူက ရိုးရှင်းစွာ၊ တိတ်ဆိတ်စွာ၊ ထို့အတူ သူ့ကို ကျွန်တော်တို့ နားလည်မှုမလွဲနိုင်သည့် အလွန်လှပသောရှင်းလင်းခြင်းဖြင့် မြွက်ဆိုတော်မူပါသည်။”

ဘုရားသခင်က ကျွန်တော်တို့ကို ချစ်တဲ့အတွက် သူ၏သားတော်ကို စေလွှတ်လိုက်တဲ့အတွက် ကျွန်တော်တို့ အရမ်းကျေးဇူးတင်ပါတယ်။ သူကအဖြေဖြစ်ပါတယ်။

မကြာသေးမီက ဥက္ကဋ္ဌ နယ်လ်ဆင် ကပြောခဲ့တယ်၊

“ယေရှုခရစ်တော်၏ ဧဝံဂေလိတရားတော်ဟာ ဘယ်တုန်းကမျှ ယနေ့ ထက်ပို၍ မလိုအပ်ခဲ့ပါ။ …

“… ကမ္ဘာလုံးရှိ သူ၏တပည့်များထံ သွား၍ …လောကတစ်ခွင်လုံး မှာ သတ္တဝါတိုင်း ကို ဧဝံဂေလိတရားကို ဟောပြောပါ ၁၀ ကိုယ်တော်ရှင်ညွှန်ကြားချက်အတိုင်း ကျွန်တော်တို့ လိုက်လျှောက်ရန် အရေးတကြီးလိုအပ်ကြောင်း အလေးပေးဖော်ပြထားပါတယ်။’”

အမှုတော်ဆောင်ဖို့ရွေးချယ်မယ့်သူတွေအတွက်၊ ပရောဖက်ရဲ့ခေါ်ဆိုချက်ကို သင်တို့ လိုက်နာတဲ့အခါ လာမယ့်ကောင်းချီးတွေကို ကျွန်တော်သက်သေခံနိုင်ပါတယ်။ အမှုတော်ဆောင်တာက သင့်အကြောင်းမဟုတ်ပါဘူး၊ ဒါက ကယ်တင်ရှင်အကြောင်းပါ။ သင်ဟာ နေရာတစ်ခုဆီ ခေါ်ဆောင်ခံရပါလိမ့်မယ်၊ ပို၍ အရေးကြီးတာက သင်ဟာ လူမျိုးတစ်မျိုးထံ ခေါ် ဆောင်ခံရမှာဖြစ်ပါတယ်။ မိတ်ဆွေသစ်တွေကို အဖြေမှာယေရှုဖြစ်ကြောင်းနားလည်ရန်ကူညီခြင်း၏ ကြီးမားသောတာဝန်နှင့်ကောင်းချီးကို သင်ရရှိပါလိမ့်မယ်။

ဒါကတော့ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်ဖြစ်ပြီး၊ ဒီနေရာကတော့ ကျွန်တော်တို့ သက်ဆိုင်တဲ့ နေရာပါ။ ဥက္ကဋ္ဌ နယ်လ်ဆင်က ကျွန်တော်တို့ကို ချစ်ခင်စွာ အားပေးအားမြှောက်ပြုသမျှဟာ ကျွန်တော်တို့ကို ကယ်တင်ရှင်ထံ ပို၍နီးကပ်စေပါလိမ့်မယ်။

ကျွန်တော့်တူ နက်ရှ်အပါအဝင်—ကျွန်တော်တို့ရဲ့ ခမ်းနားထည်ဝါတဲ့ လူငယ်တွေ—သင်တို့ရဲ့ဘဝတစ်လျှောက်၊ အခက်အခဲတွေဟာ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ ရှုပ်ထွေးနေပါစေ၊ အဖြေက ရိုးရှင်းတယ်ဆိုတာ သင်တို့အမြဲသတိရနိုင်ပါတယ်၊ အဲ့ဒါဟာ အမြဲယေရှုပဲဖြစ်ပါတယ်။

ပရောဖက်တွေ၊ မြင်သူတွေ၊ ဗျာဒိတ်တော်များဆီမှ အကြိမ်ကြိမ်ပြောတာကို ကျွန်တော်ကြားသိရသလိုပဲ၊ ကျွန်တော်တို့သင်တို့ကိုချစ်တယ်၊ ကျွန်တော်တို့သင်တို့ကိုကျေးဇူးတင်တယ်၊ ကျွန်တော်တို့သင်တို့ကိုလိုအပ်တယ်လို့ ကျွန်တော်လည်းပြောပါမယ်။ ဒီနေရာက သင်တို့ သက်ဆိုင်တဲ့ နေရာပါ။

ကျွန်တော် ကယ်တင်ရှင်ကို ချစ်ပါတယ်။ ကိုယ်တော်၏နာမတော်၊ ယေရှုခရစ်တော်အကြောင်းကို၊ ကျွန်တော်သက်သေခံပါတယ်။ သူဟာ “ကျွန်တော်တို့ယုံကြည်ခြင်း၏ စာရေးသူနဲ့ အဆုံးသတ်သူ၊”၁၁ဖြစ်ပြီး ရိုးရှင်းတဲ့အရှင်သခင်ဖြစ်တယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။ အဖြေကတော့ ယေရှုဖြစ်ပါတယ် ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။