နှုတ်ကပတ်တော်တန်ခိုး
ထိုကဲ့သို့အားဖြင့် ရှေးနှင့် ယခုပရောဖက်တို့၏စကားများ၌ တန်ခိုးရှိကြောင်း ကျွန်တော်တို့ အတိအကျ သင်ယူရပါတယ်၊ ဘာကြောင့်လဲဆိုလျှင်၊ သူတို့စကားတွေဟာ ကိုယ်တော်ရှင်ရဲ့ နှုတ်ကပတ်တော်တွေဖြစ်ပါတယ်။
မော်မုန်ကျမ်းထဲမှာ၊ ချစ်စရာကျမ်းပိုဒ်တစ်ခုမှာ ပရောဖက်အယ်လမာ ပြုခဲ့တဲ့ အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုအကြောင်းကျွန်တော်တို့ဖတ်ရပါတယ်။ အဲဒီအကျွမ်းဝင်စကားလုံးတွေကို မသုံးသပ်မီ၊ အဲဒီဆုံးဖြတ်ချက်ချခဲ့တဲ့ခက်ခဲတဲ့အခြေအနေတွေကို ကျေးဇူးပြု၍ကျွန်တော်နဲ့အတူ စဉ်းစားကြည့်ပါ။
သူတို့ကိုယ်သူတို့ ဇော်ရမ်အမျိုးသားများလို့ခေါ်တဲ့ လူအုပ်စုကွဲတစ်ခုဟာ၊ နီဖိုင်းအမျိုးသားတွေ ၁ဆီကနေ ခွဲထွက်ပြီး၊ လာမန်အမျိုးသားတွေနဲ့နီးရာ ပြည်နယ်နယ်နိမိတ်မှာ စုဝေးခဲ့ကြပါတယ်။၂ နီဖိုင်းအမျိုးသားတွေဟာ လာမန်အမျိုးသားတွေကို မမျှော်လင့်တဲ့စစ်ပွဲတစ်ပွဲမှာ မကြာမီကအနိုင်ရခဲ့ကြပါတယ်၊ အဲဒီမှာ လူသောင်းပေါင်းများစွာအသတ်ခံခဲ့ကြရပါတယ်၃ “ဇော်ရမ်အမျိုးသားတို့နှင့် လာမန်အမျိုးသားတို့ ခင်မင်ရင်းနှီးသောဆက်ဆံရေး ရှိလာမည်ကိုလည်းကောင်း၊ ကြီးစွာသောဆုံးရှုံးခြင်း၏ အကြောင်း ဖြစ်လာမည်ကိုလည်းကောင်း ကြီးစွာစိုးရိမ်ကြ”ပါတယ်။၄ အယ်လမာဟာ စစ်ရေးအမြင်ထက်၊ “ဟောပြောထားတဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်”ရှိခဲ့သူ၅ ဇော်ရမ်အမျိုးသားများတို့ ရုပ်တုကိုးကွယ်ခြင်းဆီကိုလှည့်နေကြောင်း၊ “ကိုယ်တော်ရှင်ရဲ့လမ်းတွေကို မှောက်လှန်နေကြောင်း”၆ သင်ယူခဲ့ရပါတယ်။ ဒါတွေအားလုံးက အယ်လမာအပေါ်ဝန်လေးစေပြီး၊ “ကြီးစွာသောဝမ်းနည်းခြင်းရဲ့အကြောင်းရင်း”၇ ဖြစ်ပါတယ်။
မိမိကိုယ်ကို ဒီရှုပ်ထွေးတဲ့စိန်ခေါ်မှုအခြေအနေတွေထဲမှာ ရောက်နေကြောင်းသိရတဲ့ အယ်လမာဟာ လုပ်သင့်တဲ့အရာကို စဉ်းစားဆင်ခြင်ခဲ့ပါတယ်။ သူရဲ့ဆုံးဖြတ်ချက်မှာ ကျွန်တော်တို့ ခေတ်ရဲ့ ရှုပ်ထွေးတဲ့ စိန်ခေါ်မှုအခြေအနေတွေကို ကျွန်တော်တို့ထိန်းကျောင်းရာမှာ လမ်းပြလှုံ့ဆော်၊ လမ်းညွှန်ဖို့ ထိန်းသိမ်းထားတဲ့ စကားတွေကို ကျွန်တော်တို့ ဖတ်ရပါတယ်။၈
“ယခုမူကား၊ နှုတ်ကပတ်တော်ကို ဟောပြောခြင်းမှာ လူတို့အား ဖြောင့်မှန်သောအရာကို ပြုစေခြင်းငှာ၊ ပို့ဆောင်ရန် ကြီးစွာသော ဖြစ်နိုင်ခြေရှိလေ၏—ထိုမှတစ်ပါး၊ ထိုအမှုသည်ကား၊ လူတို့၏စိတ်အပေါ် ၌၊ ဓားသို့မဟုတ်၊ သူတို့ထံသို့ ဖြစ်ပျက်လေသည့် အခြားအရာတစ်စုံတစ်ခုထက် သာ၍အားကြီးသော အကျိုးရလဒ် ရှိလေ၏—ထို့ကြောင့်၊ အယ်လမာသည် ဘုရားသခင့်နှုတ်ကပတ်တော်၏ တန်ခိုးတော်ကို မိမိတို့စုံစမ်းရန် သင့်လျော်ပေ၏ဟု ဆင်ခြင်၏။”၉
ဖြစ်နိုင်သောအဖြေများစွာထဲမှာ၊ အယ်လမာရဲ့ယုံကြည်ခြင်းက နှုတ်ကပတ်တော်တန်ခိုးကို အားကိုးဖို့ ပို့ဆောင်ခဲ့ပါတယ်။ ကျမ်းစာရဲ့ဘယ်နေရာမှာမဆို တွေ့ရတဲ့ တန်ခိုးအကြီးဆုံး ဒေသနာအချို့ကို အဲဒီဆုံးဖြတ်ချက်နောက်မှာ ချက်ချင်းဟောပြောခဲ့တာဟာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ပါ။ အယ်လမာအခန်းကြီး ၃၂ နဲ့ ၃၃ မှာ၊ ယေရှုခရစ်တော်၌ယုံကြည်ခြင်းအကြောင်း သူရဲ့ကျွမ်းကျင်တဲ့ရေးသားချက်ကို ကျွန်တော်တို့ဖတ်ရပါတယ်၊ အခန်းကြီး ၃၄ မှာ ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာအကြောင်း အာမြူးလက်ရဲ့ ဒေသနာသွန်သင်ချက်ကို ကျွန်တော်တို့တွေ့ရပါတယ်။
နှုတ်ကပတ်တော်တန်ခိုးသရုပ်ဖော်ပုံများ
အမှန်စင်စစ်၊ မိမိတို့ဘဝတွေမှာ ဘုရားသခင့်နှုတ်ကပတ်တော်တန်ခိုးကို စုံစမ်းရန်ရွေးချယ်ခဲ့ကြတဲ့သူတွေအပေါ် သွန်းလောင်းခဲ့တဲ့ အလွန်တရာအံ့ဩဖွယ်ကောင်းချီးမင်္ဂလာတွေအကြောင်းကို ကျမ်းစာတွေမှာ ကျွန်တော်တို့ဖတ်ရပါတယ်။ ၁၀ “ကျွန်တော်တို့ရဲ့ နောက်ပိုင်းကာလ ရှင်သန်ခြင်းလမ်းညွှန်”၁၁ အဖြစ် ဥက္ကဋ္ဌရပ်ဆဲလ် အမ်၊ နယ်လဆင်ဖော်ပြထားတဲ့စာအုပ်တစ်အုပ်ဖြစ်တဲ့ မော်မုန်ကျမ်းကို ကျွန်တော်တို့အာရုံစိုက်ရင်း ဥပမာသုံးခုကို ကျွန်တော်နဲ့အတူ ဆင်ခြင်နှလုံးသွင်းဖို့ သင်တို့ကို ကျွန်တော်ဖိတ်ခေါ်ပါတယ်။
ပထမ၊ ကိုယ်တော်ရှင်က သူတို့ဘိုးဘေးတို့ကို မည်သို့ကယ်လွှတ်တော်မူခဲ့ကြောင်းကို အယ်လမာက သူ့လူမျိုးတွေကို သတိပေးရင်း သွန်သင်ခဲ့ပါတယ်၊ “ရှုလော့၊ သူတို့၏စိတ်နှလုံးကို သူပြောင်းလဲတော်မူ၏။ ထိုမှတစ်ပါး၊ သူတို့ကို ကြီးသောအိပ်ခြင်းမှ နှိုးတော်မူ၍၊ ဘုရားသခင်ထံသို့ နိုးထခဲ့ကြ၏။ ရှုလော့၊ သူတို့သည် မှောင်မိုက်ထဲ၌ ရှိလေ၏။ သို့သော်လည်း၊ သူတို့စိတ်ဝိညာဉ်များသည် ထာဝရတည်မြဲသော နှုတ်ကပတ်တော်၏အလင်းအားဖြင့်၊ အလင်းသို့ရောက်၏။” ၁၂ သင်ဟာ မှောင်မိုက်ခြင်းအလယ်မှာရှိနေသည့်အလား ခံစားကောင်း ခံစားရနိုင်ပါတယ်။ သင်၏စိတ်ဝိညာဉ်ဟာ အလင်းရောက်ခြင်းကို လိုချင်နေပါသလား။ အဲသလိုဆိုရင်၊ ဘုရားသခင့်နှုတ်ကပတ်တော်တန်ခိုးကို စုံစမ်းပါ။
ဒုတိယ၊ အမ္မုန်က သာသနာပြုတစ်ဦးအဖြစ် သူတွေ့ခဲ့ရတဲ့ လာမန်အမျိုးသားတို့အား ကိုယ်တော်ရှင်၏ပြောင်းလဲခြင်း အကြောင်းကို ပြန်စဉ်းစားရင်း ပြောခဲ့ပါတယ်၊ “ရှုလော့၊ အဘယ်မျှလောက်ထောင်ပေါင်းများစွာသော ငါတို့ညီအစ်ကိုတို့ကို ငရဲ၏ဘေးတို့မှ သူကလွတ်စေတော်မူလေပြီနည်း။ ရွေးနှုတ်တော်မူသော ချစ်ခြင်းကို သီဆိုရန်လည်း သူတို့ကို ဆောင်၏။ ဤအမှုသည်ကား၊ ငါတို့၌ရှိသည့် သူ့နှုတ်ကပတ်တော်၏ တန်ခိုးတော်ကြောင့်ဖြစ်၏။”၁၃ ညီအစ်ကိုမောင်နှများခင်ဗျာ၊ ရွေးနှုတ်ခြင်းချစ်ခြင်းကို ဆိုဖို့ အခေါ်ခံရရန်အလိုရှိသူတစ်စုံတစ်ဦးကို တမ်းတနေတဲ့သူတွေ ကျွန်တော်တို့အထဲမှာ များစွာရှိပါတယ်။ ကျွန်တော်တို့ အားထုတ်သမျှမှာ၊ ကျွန်တော်တို့အထဲမှာရှိတဲ့ ဘုရားသခင့်နှုတ်ကပတ်တော်တန်ခိုးကို စုံစမ်းရန် သတိရကြပါစို့။
တတိယ၊ ဟေလမန်ကျမ်းမှာ ကျွန်တော်တို့ဖတ်ရပါတယ်၊ “ထိုမှတစ်ပါး၊ ငါတို့ သိမြင်ကြသည်မှာ၊ ရှင်သန်၍ တန်ခိုးကြီးသော ဘုရားသခင့် နှုတ်ကပတ်တော်၊ နတ်ဆိုး၏ ခပ်သိမ်းသောစဉ်းလဲခြင်း ထောင်ချောက်များနှင့် ပရိယာယ်များကို အစိတ်စိတ်ကွဲစေသည့်၊ ဆိုးညစ်သောသူများကို နစ်မြုပ်စေရန် ပြင်ဆင်ထားသည့် ထာဝရတည်မြဲသော ဝမ်းနည်းပူဆွေးမှုချောက်ကို ဖြတ်ကျော်၍ ခရစ်တော်၏လူအမျိုးသား [အမျိုးသမီး]ကို ကျပ်တည်းကျဉ်းမြောင်းသည့်လမ်းသို့ ပို့ဆောင်မည်ဖြစ်သော ထိုနှုတ်ကပတ်တော်ကို ဆွဲကိုင်လိုသူမှန်သမျှ ဆွဲကိုင်နိုင်၍… သူတို့၏ဝိညာဉ်များ… ကောင်းကင်နိုင်ငံတော်ရှိ ဘုရားသခင်၏လက်ယာတော်ဘက်သို့ ရောက်စေခြင်းပေတည်း။”၁၄ သင်ဟာ ကျွန်တော်တို့ခေတ်အတွေးအခေါ်တွေမှာ အလွန်ပျံ့နှံ့နေတဲ့ နတ်ဆိုးရဲ့ စဉ်းလဲခြင်းထောင်ချောက်များနဲ့ ပရိယာယ်မှန်သမျှကို ဖြတ်ကျော်ဖို့ ကြိုးစားနေပါသလား။ သင်ဟာ ပဋိညာဉ်လမ်းကြောင်းပေါ်မှာ အာရုံတစ်ခုတည်းရှိစေဖို့ များလွန်းလှတဲ့သတင်းအချက်အလက်အားဖြင့်ဖြစ်စေတဲ့ ရှုပ်ထွေးခြင်းတိမ်တိုက်တွေကို ဖယ်ရှားလိုပါသလား။ ကျေးဇူးပြု၍၊ ဘုရားသခင့်နှုတ်ကပတ်တော်တန်ခိုးကို စုံစမ်းပါ။
ဘုရားသခင့်နှုတ်ကပတ်တော်တန်ခိုးအားဖြင့် ပြောင်းလဲခဲ့သူတစ်ယောက်အနေနဲ့၊ ကျွန်တော်တို့ရဲ့ ချစ်သောပရောဖက်၊ ဥက္ကဋ္ဌ ရပ်ဆဲလ်အမ်၊ နယ်လဆင်အလွန်လှပစွာသွန်သင်ခဲ့တဲ့ ဒီသမ္မာတရားကို ကျွန်တော်ကိုယ်တိုင်သက်သေခံပါတယ်၊ “ကျွန်တော့်အဖို့ကတော့၊ မော်မုန်ကျမ်းရဲ့တန်ခိုးဟာ၊ ဒီကျမ်းကို ‘ရိုးသားတဲ့စိတ်နှလုံး၊ စစ်မှန်တဲ့ရည်ရွယ်ချက်၊ ယေရှုခရစ်တော်၌ ယုံကြည်ခြင်းနဲ့ ဖတ်သူတွေရဲ့ ဘဝတွေထဲကို ရောက်လာတဲ့ ကြီးစွာသောပြောင်းလဲခြင်းမှာ အထင်ရှားဆုံးဖြစ်ပါတယ်။’ ပြောင်းလဲသူများစွာတို့ဟာ အဲဒီကျမ်းရဲ့ ပညတ်တွေကို ကျင့်သုံးဖို့ နှစ်ခြိုက်တာနဲ့ များစွာတို့ကို စွန့်ပစ်ကြပါတယ်။… အဲဒါက၊ စိတ်ဝိညာဉ်တွေကို ယေရှုခရစ်တော်ဆီ ဆောင်ယူရာမှာ ကျွန်တော်တို့ရဲ့ အထိရောက်ဆုံး ကိရိယာတစ်ခုဖြစ်ပါလိမ့်မယ်။”၁၅
တန်ခိုးရင်းမြစ်
ဒီအရာတွေနဲ့၊ အခြားသရုပ်ဖော်ခြင်းတွေမှာ၊ ဘုရားသခင့်သားသမီးတွေရဲ့ဘဝတွေမှာ ဘုရားသခင့်တန်ခိုးတော်ကို ကျွန်တော်တို့သိရပါတယ်။ အဲဒီ၊ တန်ခိုးသို့မဟုတ် စွမ်းအားရဲ့အရင်းမြစ်က ဘာလဲလို့ ကျွန်တော်တို့ မေးကောင်းမေးနိုင်ပါတယ်။
ကျွန်တော်တို့ ဒီမေးခွန်းကို စဉ်းစားရင်း၊ ကျမ်းစာတွေမှာအသုံးပြုထားတဲ့ “နှုတ်ကပတ်တော်”ဆိုတဲ့စကားစုမှာ အနည်းဆုံး အဓိပ္ပာယ်နှစ်ခုရှိတယ်ဆိုတာကို သတိရဖို့ဆိုတာမရှိမဖြစ်လိုအပ်ပါတယ်။ “ယေရှုခရစ်တော်ရဲ့ နာမတော်တွေထဲက တစ်ခုဟာ ‘နှုတ်ကပတ်တော်’” ဖြစ်ကြောင်းနဲ့၊ “ကျမ်းစာတွေမှာ မှတ်တမ်းတင်ထားတဲ့အတိုင်း ၊ “ကယ်တင်ရှင်ရဲ့ သွန်သင်ခြင်းတွေဟာလည်း ‘နှုတ်ကပတ်တော်’” ၁၆ ဖြစ်ကြောင်း အသင်းလူကြီ ဒေးဗစ်အေ၊ ဘက်ဒနာက မကြာသေးမီက သွန်သင်ခဲ့ပါတယ်။
ဒီအဓိပ္ပာယ်နှစ်ခုကြားဆက်သွယ်ချက်ကို ပရောဖက်နီဖိုင်းက သရုပ်ဖော်ခဲ့ပါတယ်၊ သူရေးခဲ့တာက “ဤစကားတို့ကို စေ့စေ့နားထောင်၍၊ ခရစ်တော်ကို ယုံကြည်ကြလော့။ သင်တို့သည် ဤစကားတို့ကို မယုံကြည်လျှင်လည်း၊ ခရစ်တော်ကို ယုံကြည်ကြလော့။ သင်တို့သည် ခရစ်တော်ကို ယုံကြည်လျှင်၊ ဤစကားတို့ကိုလည်း ယုံကြည်ကြပေမည်။ အကြောင်းမူကား၊ ထိုစကားတို့သည် ခရစ်တော်၏နှုတ်ကပတ်တော်တို့ဖြစ်၍၊ ငါ့ကို ဖော်ပြထားတော်မူ၏။”၁၇ ထိုကဲ့သို့အားဖြင့် ရှေးနှင့် ယခုပရောဖက်တို့၏စကားများ၌ တန်ခိုးရှိကြောင်း ကျွန်တော်တို့ အတိအကျ သင်ယူရပါတယ်၊ ဘာကြောင့်လဲဆိုလျှင်၊ သူတို့စကားတွေဟာ ကိုယ်တော်ရှင်ရဲ့ နှုတ်ကပတ်တော်တွေဖြစ်ပါတယ်။၁၈ ကျွန်တော့်ချစ်သောမိတ်ဆွေတို့၊ ဒီသမ္မာတရားကို လက်ခံခြင်းဟာ နောက်ပိုင်းကာလမှာ ကျွန်တော်တို့ရဲ့ ဝိညာဉ်ပကတိ ရှင်သန်ခြင်းအတွက် အလွန်အရေးကြီးပါတယ်၊၁၉၊ မွတ်သိပ်ခြင်းဘေးကို တပြည်လုံး၌ ငါဖြစ်စေသောကာလ ရောက်လိမ့်မည်။ အစာခေါင်းပါး၍ မွတ်သိပ်ခြင်းဘေးမဟုတ်၊ ရေငတ်ခြင်းဘေးလည်းမဟုတ်၊ ကိုယ်တော်ရှင်၏ အမိန့်တော်ကို မကြားရသောမွတ်သိပ်ခြင်းဘေးဖြစ်လိမ့် မည်ပရောဖက်ပြုဟောထားတဲ့အတိုင်းရှိတဲ့အချိန်ဖြစ်ပါတယ်။”၂၀
အခြေခံအားဖြင့်၊ ဘုရားသခင့်နှုတ်ကပတ်တော်တန်ခိုးမှာ ကိုယ်တော်ရှင် ယေရှုခရစ်တော်ဖြစ်ပါတယ်။ ၂၁ ကျွန်တော်တို့ ဒါကို ပိုပြီးပြည့်စုံစွာနားလည်ကြတာနဲ့အမျှ၊ ကျွန်တော်တို့ဟာ ကိုယ်တော်ရဲ့ ပရောဖက်တွေနဲ့ ရွေးနှုတ်ရှင်ကိုယ်တော်ကိုယ်တိုင်ကြား ထာဝရထူးခြားတဲ့ဆက်သွယ်ချက်ကို ပြုလုပ်နိုင်ကြပါတယ်။ ကိုယ်တော်ကို ကျွန်တော်တို့ရဲ့ချစ်ခြင်း၊ ကိုယ်တော်နဲ့ပိုနီးရာကိုချဉ်းကပ်လိုတဲ့၊ ကိုယ်တော်ရဲ့ချစ်ခြင်းမှ နေလိုတဲ့ ကျွန်တော်တို့ရဲ့ ဆန္ဒက၂၂ ကျွန်တော်တို့ကို ကျွန်တော်တို့ဘဝတွေမှာ နှုတ်ကပတ်တော်တန်ခိုးကို စုံစမ်းဖို့ အနိုင်ပြုပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်နဲ့ ရွေးနှုတ်ရှင်အဖြစ်၊ သူ့ထံမှစီးဆင်းတဲ့တန်ခိုး ၂၃နဲ့ “ကိုယ်တော်ရှင်၏ရွေးကောက်ထားတဲ့တန်ဆာ”တို့မှ စီးဆင်းတဲ့ တန်ခိုး နှစ်ခုစလုံးကိုဖြစ်ပါတယ်။၂၄ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်အကြောင်းလေ့လာရာမှာ အခြားအရင်းအမြစ်တွေ အကူအညီဖြစ်သလိုပဲ၊ သူ့ပရောဖက်တွေရဲ့စကားတွေရှိတယ်ဆိုတာပိုင်းခြားသိလာပါလိမ့်မယ်၊ အဲဒီရင်းမြစ်တွေဟာ၊ လေ့လာခြင်းနေရာမှာ အစားထိုးစရာဘယ်တော့မှ မဖြစ်ရပါဘူး။ ကျွန်တော်တို့ဟာ ရင်းမြစ်ဆီကနေ တိုက်ရိုက်နှစ်ခြိုက်စွာ၊ အကြိမ်ကြိမ်၂၅၊ သောက်ရမှာဖြစ်ပါတယ်။ ၂၆
သင်တို့အယောက်စီတိုင်းကို ကျွန်တော့ရဲ့ ချစ်ခြင်းကို ဖော်ပြပါတယ်၊ ကျွန်တော့ ညီအစ်ကိုမောင်နှမများခင်ဗျာ။ အဲဒီချစ်ခြင်းနဲ့၊ ကျွန်တော်သင်တို့ကို၊ သင်တို့ဘဝရဲ့နေ့တိုင်းမှာ၊ အထူးသဖြင့် မော်မုန်ကျမ်းအားဖြင့်၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တန်ခိုးကို တွေ့ကြုံစေဖို့၊ တောင်းဆိုပါတယ်။ သင်အဲဒီလိုလုပ်လျှင်၊ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ် နယ်လဆင် ထံမှ ဤပရောဖက်ပြုချက်ကတိကို သင်ကြုံတွေ့ရပါလိမ့်မယ်၊ “သင်ဟာ နေ့စဉ် မော်မုန်စာအုပ်ကို ဆုတောင်းလေ့လာတာနဲ့အမျှ၊ နေ့စဉ် ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များချနိုင်လိမ့်မယ် ဟု ကျွန်တော်ကတိပေးပါတယ်။ သင်တို့ဟာ လေ့လာတဲ့အရာကို နှလုံးသွင်းကြတာနဲ့အမျှ၊ ကောင်းကင်ဘုံပြတင်းတွေပွင့်လိမ့်မယ်၊ သင်တို့မေးခွန်းတွေအတွက်အဖြေတွေ၊ သင်တို့ဘဝအတွက်လမ်းညွှန်ချက် ရလိမ့်မယ်လို့ ကျွန်တော်ကတိပြုပါတယ်။ သင်တို့ကိုယ်သင်တို့ မော်မုန်ကျမ်းထဲမှာ နေ့စဉ် နှစ်မြုပ်ကြတာနဲ့အမျှ၊ တစ်နေ့တာရဲ့ မကောင်းမှုတွေတစ်ဖက်မှာ ကာကွယ်ခံရမယ်ဆိုတာ ကျွန်တော်ကတိပြုပါတယ်။”၂၇
ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်အဘက ကျွန်တော်တို့ကို စုံလင်စွာချစ်လို့၊ ကျွန်တော်တို့အယောက်တိုင်းကို သူနဲ့အတူ ထာဝရနေဖို့ရာ အိမ်ပြန်လာစေချင်လို့ ကျွန်တော်တို့ကို နှုတ်ကပတ်တော် ပေးခဲ့တယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။ “နှုတ်ကပတ်တော် … သည်လည်း လူဇာတိအဖြစ်ကို ခံယူတာက၊၂၈ ယေရှု ခရစ်တော်နှင့် သူ့တန်ခိုးအားဖြင့် ကျွန်တော်တို့ကို ကယ်တင်ဖို့ဆိုတာ ကျွန်တော်သက်သေခံပါတယ်။ သူ့တန်ခိုးဟာ သူ့ရဲ့ အတိတ်နဲ့ မျက်မှောက်ပရောဖက်တို့ရဲ့ စကားတို့ဖြင့် စီးဆင်းတယ်ဆိုတာ ကျွန်တော်သက်သေခံပါတယ်။
ကျွန်တော်တို့ဟာ ဘုရားသခင်နှုတ်ကပတ်တော်ကို မြဲစွာစွဲကိုင်စေဖို့၂၉နဲ့ ချီးမြှောက်ခြင်းနဲ့ ထာဝရအသက်ဆီကို ပို့ဆောင်တဲ့ ပဋိညာဉ်လမ်းကြောင်းပေါ်မှာ ဆက်ရှိနေဖို့၃၀ ဉာဏ်ပညာနဲ့ သိမ်မွေ့အောက်ကျို့ခြင်းကို ပိုင်ဆိုင်နိုင်ကြစေမယ့်အကြောင်း ကျွန်တော့်နှလုံးသားမှ ဆုတောင်းပါတယ်။ နှုတ်ကပတ်တော်တန်ခိုးအားဖြင့် ကျွန်တော်တို့အယောက်တိုင်းအတွက် ရရှိနိုင်တဲ့ ကြီးစွာသော ပြောင်းလဲခြင်းကို ကျွန်တော်တို့ အစဉ်မပြတ်တွေ့ကြုံနိုင်ကြပါစေ။၃၁ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။