သင်ကြားရေးလက်ကမ်းစာစောင်
ကောင်းကင်ဘုံရှင်အဖမှသူ၏ဧဝံဂေလိတရားတော်အားဖွင့်လှစ်ပြသတော်မှုခဲ့သည်။


“ကောင်းကင်ဘုံရှင်အဖမှသူ၏ဧဝံဂေလိသတင်းကောင်းအားဖွင့်လှစ်ပြသတော်မှုခဲ့သည်၊၊”ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အားပြန်လည်ဆောင်ယူခြင်း (၂၀၀၅)

“ကောင်းကင်ဘုံရှင်အဖမှသူ၏ဧဝံဂေလိတရားတော်အားဖွင့်လှစ်ပြသတော်မှုခဲ့သည်”မှူလအတိုင်းပြန်လည်ဆောင်ယူခြင်း

ကောင်းကင်ဘုံရှင်အဖမှသူ၏ဧဝံဂေလိတရားတော်အားဖွင့်လှစ်ပြသတော်မှုခဲ့သည်။

ရုပ်ပုံ
ယေရှုမွေးဖွားခြင်းအတွက်ပရောဖက်ဟေရှာယ၏ကြိုတင်ဟောပြောချက်

သူ၏အကြံအစည်တော်အစိတ်အပိုင်းတစ်ခုအဖြစ်အာဒမ်၊နောဧ၊အာဗြဟံနှင့်မောရှေတို့အားပရောဖက် များအဖြစ်ရွေးနုတ်ခဲ့သည်။ ပရောဖက်များဆိုသည်မှာ-

  • ဘုရားသခင်အကြောင်းသင်ကြားပေးပြီး၊သူ၏သားတော်ဖြစ်သောယေရှုခရစ်တော်အားအထူးသက်သေခံသောသူများဖြစ်ကြသည်။

  • ဘုရားသခင်၏ညွန်ကြားပြသသောဗျာဒိတ်တော်အားလည်းရရှိသူဖြစ်သည်။

  • ဧဝံဂေလိသတင်းကောင်းအားကမ္ဘာသို့ဖြန့်ဝေသင်ကြားပြီးဘုရားသခင်၏နူတ်ထွက်စကားအားအဓိ ပ္ပါယ်ပြန်သူလည်းဖြစ်သည်။

ပရောဖက်များသည်ယဇ်ပရောဟိတ်အခွင့်ကိုရရှိပြီးဘုရားသခင်၏နာမတော်အောက်တွင်ပြောဆိုနိုင်ခြင်းအခွင့်ကိုရရှိပြီးဘုရားသခင်၏သားသမီးများကိုလမ်းပြရသူများလည်းဖြစ်သည်။ ပရောဖက်များကိုလိုက်လျှောက်သောသူများအားလုံးအားလည်းဘုရားသခင်မှကောင်းကြီးပေးမည်ဟုကတိတော်ရှိခဲ့ပါသည်။ ဘုရားသခင်၏ပရောဖက်များလည်းလိုက်လျှောက်ခြင်းမပြု ဧဝံဂေလိတရားတော်အားလည်းပစ်ပယ်သောသူများ သည်ကားကောင်းချီးများအားလုံးဆုံးရှုံးပြီးဘုရားသခင်နှင့်ဝေးရာသို့ပယ်ရှားခြင်းခံရမည်ဖြစ်သည်။ ထို့ကဲ့သို့ပရောဖက်များအားပစ်ပယ်ခြင်းဘုရားသခင်အားလိုက်လျှောက်ခြင်းကိုရှောင်ကြည်ခြင်းစသည့်အခြေအနေများကိုဖောက်ပြန်သင်းကွဲခြင်းဟုခေါ်သည်။

ဘုရားသခင်၏သားသမီးများသည်ဘုရားသခင်နှင့်သူ၏ပရောဖက်များကိုအကြိမ်ကြိမ်ပစ်ပယ်ခဲ့ပြီးဖြစ် သော်လည်းကောင်းကင်ဘုံရှင်အဖသည်သူ၏သားသမီးများအားဆက်လက်ချစ်မြတ်နိုးတော်မူဆဲဖြစ်ပါသည်။ ယခုနေထိုင်ချိန်တွင်ကျွန်ုပ်တို့ပျော်ရွင်စေရန်အရာအားလုံးကိုပေးအပ်ပြီးကျွန်ုပ်တို့သေဆုံးသောအခါတွင်သူ့ထံသို့ပြန်လည်ရောက်ရှိနေထိုင်စေလိုပါသည်။ ကျမ်းစာများသည် သူ၏သားသမီးများနားထောင်ခြင်းမပြုသော်လည်း ဘုရားသခင်ကအကြိမ်ကြိမ်ရောက်ရှိသွန်သင်သောစံနမူနာများကိုထုတ်ဖော်ပြသနေပါသည်။

  • ဘုရားသခင်သည်ပရောဖက်တစ်ပါးအားရွေးချယ်ခဲ့သည်။

  • ပရောဖက်သည်ဧဝံဂေလိတရားတော်အားလူအပေါင်းသို့သင်ကြားပေးပြီးလူအပေါင်းအားဦးဆောင် လမ်းပြ၏။

  • ဘုရားသခင်သည်လူအပေါင်းအားကောင်းကြီးပေးတော်မူ၏။

  • လူအပေါင်းသည်တဖြည်းဖြည်းနှင့်ပရောဖက်၏သင်ပြခြင်းများအားမနာခံပဲငြင်းဆန်လာ၏။ နောက်ဆုံး တွင်သူတို့သည်ပရောဖက်၏သင်ကြားမူနှင့်ပရောဖက်အားပစ်ပယ်ကြသဖြင့်ဖောက်ပြန်သင်းကွဲခြင်းသို့ကျ ရောက်ခဲ့လေသည်။

  • ဖောက်ပြန်သင်းကွဲခြင်းသို့ကျရောက်ခဲ့ခြင်းကြောင့်လူအပေါင်းသည်ဧဝံဂေလိတရားတော်အသိများ ကွယ်ပျောက်ခဲ့ရသည်။ ယဇ်ပရောဟိတ်အခွင့်သည်လည်းထို့အတွင်းတွင်ပျောက်ဆုံးခဲ့သည်။

  • ထိုသို့ဖြင့်ကောင်းသောအခြေအနေတစ်ခုကိုပြန်လည်ရောက်ရှိပြီးလူအပေါင်းသည်ကိုယ်တော်အားပြန် လည်လိုက်လျှောက်လာသောအခါဘုရားသခင်သည်အခြားသောပရောဖက်တစ်ယောက်ကိုရွေးချယ်ခဲ့ပြီးယဇ်ပရောဟိတ်နှင့်အသင်းတော်အားပြန်လည်ဆောင်ယူခဲ့သည်။ထို့နောက်ပရောဖက်အားဧဝံဂေလိ တရားတော်ကိုသင်ကြားရန်ညွန်ကြားခဲ့လေသည်။

ပုံနှိပ်သည်