သင်ကြားရေးလက်ကမ်းစာစောင်
မော်မွန်ကျမ်း


“မော်မွန်ကျမ်း”ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အားပြန်လည်ဆောင်ယူခြင်း(၂၀၀၅)

“မော်မွန်ကျမ်း”ပြန်လည်ဆောင်ယူခြင်း

မော်မွန်ကျမ်း

ရုပ်ပုံ
ယေရှုခရစ်တော်အမေရိကားအားလှည့်လည်ခြင်း

ဧဝံဂေလိတရားအားပြန်လည်ဆောင်ယူမှု၏အစိတ်အပိုင်းတစ်ခုအနေဖြင့်ဘုရားသခင်သည် မော်မွန်ကျမ်းအားသယ်ဆောင်လာခဲ့သည်။ထိုကျမ်းသည်ကားယေရှုခရစ်တော်၏သက်သေခံချက်ပင်ဖြစ်ပါသည်။ဘုရားသခင်၏တန်ခိုးစွမ်းအားဖြင့်ဂျိုးဇက်စမစ်သည်ရှေးကာလကရွှေချပ်ပြားပေါ်တွင်ရေးသားခဲ့ သောအကြောင်းအချက်များကို မော်မွန်ကျမ်းအဖြစ်ဘာသာပြန်ရေးခဲ့ခြင်းဖြစ်သည်။မော်မွန်ကျမ်း သည်ကားဘုရားသခင်နှင့််ရှေးကာလကအမေရိကတွင်နေထိုင်ခဲ့သူများနှင့်ပတ်သက်သည့်‘ဘုရားသခင်၏ မှတ်တမ်းတစ်ခုဖြစ်ပြီးဧဝံဂေလိတရားတော်ပါရှိပါသည်။(မော်မုန်ကျမ်း၏ပဏာမနိဒါန်း)။

မော်မွန်ကျမ်းသည်ယေရှုခရစ်တော်အားပြည့်စုံစွာသက်သေခံသောကျမ်းဖြစ်သည်။ခရစ်တော်၏သင်ကြာခြင်း နှင့်သမ္မာကျမ်းစာတွင်ပါရှိချက်များကိုလည်းပြည့်စုံစွာနားလည်ရန်မော်မွန်ကျမ်းမှအကူအညီပေးထားပါ သည်။

ဂျိုးဇက်စမစ်အားဖြင့် ဧဝံဂေလိတရားတော်အားပြန်လည်ဆောင်ယူခြင်းအထောက်အထားတစ်ခုအဖြစ်မော်မွန်ကျမ်းအားဖတ်ရူခြင်းဖြင့်လက်ခံယုံကြည်နိုင်သည်။မော်မွန်ကျမ်းသည်အစစ်အမှန်ဖြစ် ကြောင်းသင်ဖတ်ခြင်းဖြင့်သိနိုင်ပါသည်။ထိုအသိတရားကိုရရန်အတွက်သင်ဖတ်ရမည့်ကျမ်းစာအုပ်ဖြစ်ပါသည်။ဖတ်ပြီးဆုံးသည့်အခါတွင်လည်းတွေးတောဆင်ခြင်ကာထိုအရာသည်အမှန်တကယ်ဖြစ်ကြောင်းသိလိုစိတ် ရှိရမည်ဖြစ်သည်။သင်ကိုယ်တိုင်ကောင်းကင်ဘုံအဖအားသူ၏နူတ်ထွက်စကားအမှန်ဖြစ်ကြောင်းကိုမေးမြန်း နိုင်သည်။ထိုကဲ့သို့သင်ပြုလုပ်ပါကအဖဘုရားကထိုအရာသည်အမှန်ဖြစ်ကြောင်းကိုသန့် ရှင်းသောဝိညာဥ် တော်မှတဆင့်သင့်အားသိရှိစေမည်ဖြစ်သည်။

မော်မွန်ကျမ်းက မှန်ကန်ကြောင်းသိသည်နှင့်အမျှ ဂျိုးဇက်စမစ်သည် ပရောဖက်ဖြစ်ကြောင်း၊ ဧဝံဂေလိတရားတော်အားသူ့အားဖြင့်ပြန်လည်ဆောင်ယူခဲ့ကြောင်း၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်သည် ယနေ့တွင်ပရောဖက်၊ တမာန်တော်များဖြင့်ဦးဆောင်ထားကြောင်း သန့်ရှင်းသောဝိညာဥ်တော်အားဖြင့်သိနိုင်ပါသည်။

ပုံနှိပ်သည်