သင်ကြားရေးလက်ကမ်းစာစောင်
ကြီးစွာသောဖောက်ပြန်သင်းကွဲခြင်း


“ကြီးစွာသောဖောက်ပြန်သင်းကွဲခြင်း၊” ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အားပြန်လည်ဆောင်ယူခြင်း (၂၀၀၅)

“ကြီးစွာသောဖောက်ပြန်သင်းကွဲခြင်း၊”ပြန်လည်ဆောင်ယူခြင်း

ကြီးစွာသောဖောက်ပြန်သင်းကွဲခြင်း

ယေရှုခရစ်တော်သေဆုံးပြီးနောက်ကောက်ကျစ်သောသူများသည်အသင်းသားများကိုသတ်ဖြတ်ခြင်း၊နှိပ်စက်ညင်းပန်းခြင်းအားပြုလုပ်ခဲ့သည်။ အခြားသောအသင်းသားများသည်လည်းယေရှုခရစ်တော်နှင့်သူ၏နောက်လိုက်များသင်ကြားခဲ့သောအခြေခံသဘောတရားများကိုဖြန့်ဝေခြင်းတဖြည်းဖြည်းဆိတ်သုဥ်းခဲ့သည်။ နောက်လိုက်တော်များသည် အသတ်ခံခဲ့ရပြီး၊ယဇ်ပရောဟိတ်အခွင့်အာဏာ နှင့်အသင်းတော်အတွက်ရရှိထားပြီး သောဗျာဒိတ်တော်များ၊လမ်းညွန်ခြင်းစသောအဓိကသော့ချက်များသည်ကမ္ဘာမြေမှပြန်လည်နုတ်ယူခြင်းခံခဲ့ ရသည်။ အသင်းတော်တွင်ဦးဆောင်မည့်ယဇ်ပုရောဟိတ်အခွင့်အာဏာ ပျောက်ကွယ်သွားသောကြောင့် မှားယွင်းသောသင်ကြား မှုများအစားထိုးဝင်ရောက်လာခဲ့သည်။ ကောင်းမွန်သောလူများနှင့်မှန်ကန်သောအယူအဆသင်ကြားချက်အတော်များများကျန်ရှိသော်လည်း ယေရှုခရစ်တော်တည်ခဲ့သော ဧဝံဂေလိတရားတော်သည်ပျောက်ဆုံးခဲ့ရသည်။ ထိုကာလအားကြီးစွာသောဖောက်ပြန်သင်းကွဲခြင်းဟုခေါ်သည်။

ကြီးစွာသောဖောက်ပြန်သင်းကွဲခြင်း ရလာဒ်သည် အမျိုးမျိုးသောအသင်းတော်များကိုတည်ထောင်ပြီးကွဲလွဲခြသောသင်ကြားခြင်းများဖြစ်ပေါ်လာသည်။ ထိုအချိန်တွင် များစွာသော အမျိုးသားများ အမျိုးသမီးတို့သည်အမှန်တရားအားရှာဖွေခဲ့ကြသည်၊သို့သော်လည်းသူတို့မတွေ့ရှိခဲ့ကြပေ။ ကောင်း မြတ် သောသူအပေါင်းတို့သည်ဘုရားသခင်နှင့် ယေရှုခရစ်တော်တို့အားယုံကြည်ပြီးအမှန်တရားအားနားလည် သင်ယူနိုင်ရန်ကြိုးစားခဲ့ကြသည်။သို့သော်လည်းသူတို့သည်ပြည့်စုံသောဧဝံဂေလိတရားတော်နှင့်ယဇ်ပုရော ဟိတ်တို့မရ ရှိခဲ့ကြချေ။ ထို့ကြောင့်ရလဒ်သည်ကား၊ပြီးခဲ့သောမျိုးဆက်များမှဆက်လက်ကျင့်သုံးခြင်းဖြင့်အမွေ ဆက်ခံခဲ့ကြသည်။ထိုအထဲတွင်ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်များကိုပြင်ဆင်ခြင်းများလည်းပါဝင်ခဲ့ လေသည်။

ဘုရားသခင်သည်ဖောက်ပြန်သင်းကွဲခြင်းဖြစ်မည်ကိုကြိုတင်သိ ရှိပြီးဖြစ်ပါသည်။ ဓမ္မဟောင်းရှိပရော ဖက်တို့ဟောပြောချက်မှပြောထားသည်မှာ

‘‘နာခံလော့၊ထို့နေ့သည်ရောက်လာမည်ဖြစ်သည်.သင်တို့အားငတ်မွတ်ခြင်းဘေးအားငါပေးမည် ဖြစ်သည်။အစာငတ်မွတ်ခြင်းလည်းမဟုတ်၊ဘုရားသခင်၏အမိန့်တော်အားမကြားရသောငတ်မွတ် ခြင်းဘေးဖြစ်၏

‘‘လူအများသည်ပင်လယ်တစ်ခုမှအခြားပင်လယ်တစ်ခုသို့တိုင်အောင်၊မြောက်အရပ်မှအရှေ့အရပ်သို့တိုင် လှည့်လည်ပြေးလွားပြီးဘုရားသခင်၏အမိန့်တော်ကိုရှာဖွေသော်လည်းတွေ့ရှိမည်မဟုတ်ချေ။’’

မာတင်လူသားနှင့်ဂျွန်ကယ်ဗင်ကဲ့သို့သောပုဂ္ဂိုလ်များ၏စေ့ဆော် မှုဖြင့်ကျမ်းချက်များသည်ပြောင်းလဲခြင်းနှင့် ပျောက်ဆုံးခြင်းများရှိကြောင်းသတိထားမိလာခဲ့ကြသည်။ သူတို့သည်အသင်းတော်များသူတို့ပိုင်ဆိုင်ခဲ့သော အသင်းတော်အဖြစ် ပြုပြင်ဖွဲ့စည်းတည်ဆောက်ရန်ကြိုးစားခဲ့ကြသည်။ သို့ရာတွင်ယဇ်ပုရောဟိတ်အခွင့်အာဏာမရှိသောကြောင့်ခရစ်တော်၏မှုလဧဝံဂေလိတရားတော်အားပြန်လည်ရရှိရန်မဖြစ်နိုင်ခဲ့ပါ။ မှုလအတိုင်းပြန်လည်ဆောင်ယူခြင်းလိုအပ်နေဆဲဖြစ်ပါသည်။

ပုံနှိပ်သည်