သင်ကြားရေးလက်ကမ်းစာစောင်
ကျွန်ုပ်မည်သို့သိနိုင်မည်နည်း။


“ကျွန်ုပ်မည်သို့သိနိုင်မည်နည်း။” ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အားပြန်လည်ဆောင်ယူခြင်း (၂၀၀၅)

“ကျွန်ုပ်မည်သို့သိနိုင်မည်နည်း။” ပြန်လည်ဆောင်ယူခြင်း

ကျွန်ုပ်မည်သို့သိနိုင်မည်နည်း။

ရုပ်ပုံ
အမျိုးသမီးဆုတောင်းခြင်း

ကောင်းကင်ဘုံရှင်အဖထံအားဆုတောင်းမေးမြန်းပါကထို့အကြောင်းအရာသည်မှန်ကန်ကြောင်းအားသန့် ရှင်းသောဝိညာဥ်တော်မှတဆင့်သူ၏အဖြေကိုသင်ရရှိမည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဥ်တော်အား ဘုရားသခင်၏ဝိညာဥ်တော်ဟုလည်းခေါ်သည်။သူ၏အခန်းကဏ္ဍမှတစ်ခုမှာအမှန်တရားအားအသိသက်သေထူခြင်း နှင့်သက်သေခံခြင်းပင်ဖြစ်ပါသည်။

ထို့အသိတရားသည်သင့်အတွက်အံသြဖွယ်ရာနှင့်နေထိုင်မှုဘဝပြောင်းလဲခြင်းဖြစ်ပေါ်နိုင်ပါသည်။သို့သော်ပုံမှန်အားဖြင့်ထို့အရာသည်ဘုရားသခင်၏အံသြဖွယ်ရာတန်ခိုးစွမ်းအားပြသမှုမပါပဲသင်၏ယုံကြည်စိတ်ချ မှုမှဖြစ်ပေါ်လာခြင်းဖြစ်သည်။သန့်ရှင်းသောဝိညာဥ်တော်မှသင်၏စိတ်ခံစားချက်၊အတွေးနှင့်ထင်မြင်ယူဆ ချက်တို့မှတဆင့်ထို့အရာသည်မှန်ကန်ကြောင်းအတည်ပြုမည်ဖြစ်သည်။သမ္မာကျမ်းစာတွင်သင်ကြားထားသကဲ့သို့ ‘ပကတိဝိညာဥ်၏အကျိုးဆိုသည်မှာချစ်ခြင်း၊ဝမ်းမြောက်ခြင်း၊ငြိမ်သက်ခြင်း၊စိတ်ရှည်ခြင်း၊ကျေးဇူးပြုခြင်း၊ကောင်းမြတ်ခြင်း၊သစ္စာစောင့်သိခြင်း၊နူးညံ့သိမ်မွေ့ခြင်းနှင့်ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း’(ဂလာတိသြဝါဒစာ ၅:၂၂-၂၃)။ထိုသို့်ခံစားချက်များနှင့်သန့်ရှင်းသောဝိညာဥ်တော်မှယေရှုခရစ်တော်၏ဧဝံဂေ လိတရားတော်အားဂျိုးဇက်စမစ်မှတဆင့်ပြန်လည်ဆောင်ယူခြင်းသည်မှန်ကန်ခြင်းဖြစ်ကြောင်းသင့်အားကိုယ်တိုင်ကိုယ်ကျထုတ်ဖော်ပြောဆိုပါလိမ့်မည်။ထို့နောက်သင်ရွေးချယ်ရမည်မှာသင်ရထားသောအသိ ဖြင့်လိုက်ဖက်အောင်မည်သို့နေထိုင်ရမည်ကြောင်းပင်ဖြစ်ပါသည်။

ပုံနှိပ်သည်