သင်ကြားရေးလက်ကမ်းစာစောင်
ဝေါဟာရများစရင်း


“ဝေါဟာရများစရင်း”ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အားပြန်လည်ဆောင်ယူခြင်း(၂၀၀၅)၁၈-၁၉

“ဝေါဟာရများစရင်း”ပြန်လည်ဆောင်ယူခြင်း၁၈-၁၉

ဝေါဟာရများစရင်း

အာရုန်ယဇ်ပုရောဟိတ်အခွင့် အငယ်တန်းယဇ်ပရောဟိတ်၊ထို့ယဇ်ပရောဟိတ်အခွင့်သည်နှစ်ခြင်းပေးခြင်းအတွက်ဖြစ်ပြီးဓမ္မဟောင်းကျမ်း မှအာရုန်၏အမည်ပင်ဖြစ်သည်။

ဖောက်ပြန်သင်းကွဲခြင်း တစ်ဦးအားဖြင့်၊အသင်းတော်အားဖြင့် သို့မဟုတ်တိုင်းနိုင်ငံအားလုံးမှယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အားကျောခိုင်းခြင်း သို့မဟုတ် စွန့်ပယ်ခြင်းပြုသည့်အခါ ဖောက်ပြန်သင်းကွဲခြင်း ရလာဒ်သည် ကွဲပြားခြင်း၊ ရှုပ်ထွေးခြင်း၊ ယဇ်ပုရော ဟိတ်အခွင့်အာဏာပျောက်ဆုံးခြင်း သို့မဟုတ် ဘုရားသခင်၏ နာမတော်ဖြင့်လုပ်ဆောင်ရမည့် အခွင့်အာဏာပျောက်ဆုံးခြင်းတို့ဖြစ်သည်။

တမန်တော် ယေရှုခရစ်တော်မှကမ္ဘာမြေသာသနာအတွင်းသူနှင့်အရင်းနှီးဆုံးသောလူဆယ်နှစ်ယောက်အားရွေးချယ်ကာသူ၏ နာမအောက်တွင်လုပ်ဆောင်ရန်အခွင့်အာဏာအပ်နှင်းသည်။ရှေးယခင်ကနောက်လိုက်တော်တစ်ယောက် သည်ယေရှုခရစ်တော်အတွက်အထူးသက်သေခံသောသူဖြစ်ပြီးအခွင့်အာဏာအပ်နှင်းခြင်းခံရသကဲ့သို့ပင် ယခုခေတ်တွင်လည်းယေရှုခရစ်တော်မှအခြား သောသူများကိုသူ၏နောက်လိုက်တော်အဖြစ်အမူတော်ထမ်းစေ၏။

အပြစ်ဖြေခြင်းမင်္ဂလာကျွန်ုပ်တို့ပြီးမြောက်နိုင်သောဖြစ်ရပ်မှာဘုရားသခင်ပါရှိသည်။အပြစ်ဖြေခြင်းသည်သင်၏အပြစ် များအတွက်ပြစ်ဒဏ်အဖြစ်ပြန်လည်ပေးဆပ်ခံစားရခြင်းဖြစ်သည်။ထိုမှနောင်တရသူအပြစ်သားထံမှအပြစ် များအတွက်ပြစ်ဒဏ်အဖြစ်ပြန်လည်ပေးဆပ်ခံစားရခြင်းဖြစ်သည်။ထို့်မှသာနောင်တရသူအပြစ်သားထံမှအ ပြစ်များအားလုံးကိုဖယ်နိုင်မည်ဖြစ်သည်။ယေရှုခရစ်တော်သည်လူသားများအားလုံးအတွက်ပြည့်စုံစွာအပြစ် ဖြေပေးဆပ်ခြင်းလုပ်ဆောင်နိုင်ခဲ့သည့်တစ်ဦးတည်းသောသူဖြစ်သည်။သူ၏အပြစ်ဖြေခြင်းတွင်ကျွန်ုပ်တို့အ ပြစ်များအတွက်နာကျင်စွာခံစားခြင်း၊သွေးများယိုစီးခြင်း၊သေဆုံးခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းတို့ပါဝင်သည်။ထိုအပြစ်ဖြေခြင်းကြောင့်သာအသက်ရှင်နေထိုင်သောသူအားလုံးပြန်လည်ထမြောက်နိုင်ခြင်းဖြစ်သည်။ထိုအ ပြစ်ဖြေခြင်းသည်ကျွန်ုပ်တို့အားလုံးအပြစ်မှလွတ်ခြင်းခံရပြီးဘုရားသခင်နှင့်အတူထာဝရနေထိုင်နိုင်ရန်ကူညီ ထောက်ပံ့ပါသည်။

ဗတ္တိဇံအပြစ်မှလွတ်ခြင်းကိုရရန်အတွက်မဖြစ်မနေပြုလုပ်ရမည့်အဆင့်တစ်ခုဖြစ်သည်။ နှစ်ခြင်းခံပြီးယဇ်ပုရော ဟိတ်အခွင့်အာဏာကိုစွဲကိုင်သူအားဖြင့််အတည်ပြုပြီးသောအခါမှသာကျွန်ုပ်တို့သည် ယေရှုခရစ်တော်၏နောက် ပိုင်းကာလကသန့်ရှင်းသူများအသင်းတော်၏အသင်းသားအဖြစ်ရောက်ရှိနိုင်မည်ဖြစ်သည်။ ဗတ္တိဇံခံခြင်းသည် နှစ်မြုပ်ခြင်အားဖြင့်ဖြစ်သည်။အဓိပ္ပာယ်မှာလူတစ်ယောက်သည်ဗတ္တိဇံခံခြင်းနှစ်ခြင်းခံခြင်းဆိုသည်မှာရေတွင်ခဏတာနှစ်မြုပ်ခြင်းပင်ဖြစ်သည်။ ဗတ္တိဇံသည်ယေရှုခရစ်တော်၏ဥပမာကိုလက် ခံယုံကြည်စွာလိုက်လျှောက်ပြီးဘုရားသခင် နှင့်ပဋိညာဥ်ပြုခြင်းဖြစ်သည်။

ဧဝံဂေလိတရားတော် ကောင်းကင်ဘုံရှင်အဖ၏အကြံအစည်မှာကျွန်ုပ်တို့အားယခုဘဝတွင်အေးချမ်းစေခြင်းနှင့်ထာဝရအတွက်ပျော်ရွင်ခြင်းပင်ဖြစ်သည်။ ဧဝံဂေလိတရားတော်၏အဓိကအချက်သည်ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာဖြစ်ပြီးကျွန်ုပ်တို့သည်သူ့အပေါ်တွင်ယုံကြည်ခြင်း၊နောင်တရခြင်း၊ နှစ်ခြင်းခံခြင်း နှင့်သန့်ရှင်းသော ဝိညာဥ်တော်ဆုကျေးဇူးအားလက်ခံရရှိခြင်းနှင့်အဆုံးတိုင်တည်ကြည်ခြင်းတို့ဖြစ်ပါသည်။

သန့်ရှင်းသောဝိညာဥ်တော်သန့်ရှင်းသောဝိညာဥ်တော်၊ဘုရားသခင်၏ဝိညာဥ်တော် ဟုခေါ်ဆိုပါသည်။သူသည်နှစ်သိမ့်ပေးသူလည်းဖြစ်ပါသည်။ ကောင်းကင်ဘုံရှင်အဖနှင့် ယေရှုခရစ်တော်အတွက်သက်သေထူခြင်း၊သက်သေခံခြင်းတို့ကိုပြုလုပ်ပြီးအမှန် တရားကိုသင်ကြားပေးသူလည်းဖြစ်ပါသည်။

မာလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ပိုမိုမြင့်မားသော၊ကြီးမြတ်သော ယဇ်ပုရောဟိတ်ဖြစ်သည်။ဓမ္မဟောင်းကျမ်းတွင်ဖြောင့်မတ်သောယဇ်ပုရောဟိတ်နှင့် ဘုရင်၏အမည် မာလခိဇေဒက်အားနာမပေးခေါ်ဆိုခြင်းပင်ဖြစ်သည်။

ဘိသိက်မင်္ဂလာယဇ်ပုရောဟိတ်အခွင့်အာဏာဖြင့်သမာရိုးကျပြုလုပ်သောမြင့်မြတ်သည့်မင်္ဂလာပြုခြင်းကိုဆိုသည်။ဥပမာအားဖြင့်နှစ်ခြင်းခံခြင်းပင်ဖြစ်သည်။

ယဇ်ပုရောဟိတ်အခွင့်ဘုရားသခင်ထံ မှတန်ခိုးနှင့်အခွင့်အာဏာဖြစ်သည်။ဘုရားသခင်သည်ထိုတန်ခိုးကိုလူသားအားသူ့နာမ တော်အောက်တွင်ပေးသနားခြင်းဖြစ်သည်။အာရုန် ယဇ်ပုရောဟိတ်အရာသည်ယေရှုခရစ်တော်အားနှစ်ခြင်း ပေးသောဗတ္တိဇံယောဟန်မှတဆင့် ဂျိုးဇက်စမစ်အားဖြင့်ပြန်လည်ဆောင်ယူဖြင်းဖြစ်သည်။ မာလခိဇေဒက်ယဇ်ပုရောဟိတ်အရာသည်ယေရှုခရစ်တော်နောက်လိုက်ဆယ်နှစ်ပါးတွင်ပါဝင်သော ရှင်ပေတရု၊ရှင်ယာကုပ်နှင့်ရှင်ယောဟန်သုံးဦးတို့အားဖြင့် ပြန်လည်ဆောင်ယူခြင်းဖြစ်သည်။

ပြန်လည်ဆောင်ယူခြင်းတစ်စုံတစ်ခုအားမူလအစတွင်တည်ခဲ့သည့်အတိုင်းပြန်လည်တည်ဆောက်ခြင်းဖြစ်သည်။အမှန်တရား နှင့်အခွင့်အာဏာတို့ကမ္ဘာမြေတွင်ပျောက်ဆုံးသွားပြီးနောက်ဧဝံဂေလိတရားတော်အားဂျိုးဇက်စမစ်အားဖြင့် ပြန်လည်ဆောင်ယူခြင်းဖြစ်သည်။ပြန်လည်ဆောင်ယူခြင်းသည်ပြန်လည်ပြုပြင်ခြင်းနှင့် ကွာခြားပါသည်။ပြုပြင်ခြင်းဆိုသည်မှာမူ လအခြေအနေတစ်ခုမှသစ်သောအရာတစ်ခုသို့သို့မဟုတ်အခြား သောအခြေအနေတစ်ခုသို့ပြုပြင်ပြောင်းလဲခြင်းဖြစ်သည်။ပြန်လည်ဆောင်ယူခြင်း ဆိုသည်မှာလက်ရှိ အခြေအနေတစ်ခုအားနဂိုမူလအတိုင်းပြန်လည်ရရှိစေရန် ထိုအရာ၏အလုံးစုံအားပြန်လည်ဆောင်ယူခြင်းဖြစ်သည်။

ရှင်ပြန်ထမြောက်ခြင်း ရုပ်ပိုင်းဆိုင်ရာသေဆုံးပြီးနောက်၊ဝိညာဥ်သည်အရိုး၊အသားတို့ဖြင့်တည်ဆောက်ထားသည့်ပြည့်စုံ သောပျက်စီးခြင်းကင်းသောခန္ဓာကိုယ်နှင့်ပြန်လည်ပေါင်းစည်းပါသည်။ယေရှုခရစ်တော်သည် ပထမဦးဆုံးသောထမြောက်သူဖြစ်သည်။

ဗျာဒိတ်တော်ပုံမှန်အားဖြင့်သန့်ရှင်းသောဝိညာဥ်တော်သည်ဘုရားသခင်နှင့်သူ၏သားသမီးများကြားတွင်ဆက်သွယ် မူပေးခြင်းဖြစ်သည်။တစ်ယာက်ချင်းစီလည်းသူတို့နေထိုင်ခြင်းအတွက်လမ်းပြညွန်ကြားသည့်ဗျာဒိတ်ကိုရနိုင်သည်။ဗျာဒိတ်တွင်ပုံစံအမျိုးမျိုးရှိသည်။သို့သော်လည်းများသောအားဖြင့််ဗျာဒိတ်သည်အတွေးများ၊ခံစားမူများ နှင်ထင်မြင်ချက်များမှရောက်လာတတ်ပါသည်။

ပုံနှိပ်သည်