သင်ကြားရေးလက်ကမ်းစာစောင်
ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အားပြန်လည်ဆောင်ယူခြင်း


“ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အားပြန်လည်ဆောင်ယူခြင်း” ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အားပြန်လည်ဆောင်ယူခြင်း (၂၀၀၅)

“ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အားပြန်လည်ဆောင်ယူခြင်း” ပြန်လည်ဆောင်ယူခြင်း

ဘုရားသခင်သည်သင်၏ချစ်မြတ်နိုးဖွယ်ရာအဖဖြစ်သည်။

ရုပ်ပုံ
မိသားစု

ဘုရားသခင်သည်ကောင်းကင်ဘုံမှသင်၏အဖဖြစ်သည်။ သူသည်သင့်မှသူ့အားနားလည်နိုင်ခြင်းထက်ပိုမိုကာသင့်အားရင်းနှီးကျွမ်းဝင်စွာသိပြီးချစ်ခင်သောသူဖြစ်သည်။ သူသည်သင်၏ဘဝပျော်ရွင်ခြင်းနှင့်ထာဝရပျော်ရွင်နိုင်ခြင်းကိုလိုလားသူဖြစ်သည်။

ထိုရည်ရွယ်ချက်အားပြီးပြည့်စုံစေရန်ကောင်ကင်ဘုံရှင်အဖသည်ယေရှုခရစ်တော်၏ဧဝ့ဂေလိတရာတော်အားဖွင့်ပြတော်မှုခဲ့သည်။* ယေရှုခရစ်တော်သည်ကားဘုရားသခင်၏သားတော်ဖြစ်ပြီးသူ၏ဘဝနှင့်သင်ကြားခြင်းများသည်ယခုဘဝအတွက်ငြိမ်းချမ်းစေရန်နှင့်ထာဝရပျော်ရွင်ခြင်းအတွက်လမ်းပြ ပေးသည်။

ဧဝံဂေလိသတင်းကောင်းသည်မိသားစုများနှင့်အယောက်တိုင်းစီအတွက်ကောင်းချီးများပေးပါသည်။

ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်သည်လက်ခံကျင့်သုံးနေထိုင်သူအားလုံးအတွက်ကောင်းချီးများပေးပါသည်။ထိုတရားတော်အားအသုံးချရန်နှင့်သင်ကြားရန်အကောင်းဆုံးသောတစ်ခုတည်းသောနေရာမှာမိ သားစုများပင်ဖြစ်သည်။ဘုရားသခင်သည်သူ၏သားသမီးများပျော်ရွင်စွာနေထိုင်ရန်အတွက်မိသားစုများကိုတည်ထောင်ခဲ့ပြီးကျွန်ုပ်တို့အားလုံးအားမှန်ကန်သောအခြေခံသဘောတရားများကိုသင်ကြားစေပြီးအချင်း ချင်းချစ်ခင်စေခဲ့ပါသည်။ထို့နောက်ကျွန်တော်တို့အားလုံးသေလွန်သောအခါတွင်လည်းသူ့ထံသို့ပြန်ရောက်စေရန် ပြင်ဆင်ခဲ့ပါသည်။မိသားစုဆက်ဆံရေးများသည်တစ်ချို့သောအချိန်များတွင်စိန်ခေါ်မှုများနှင့်တွေ့ကြုံ ရ သော်လည်ကောင်းကင်ဘုံရှင်အဖကကျွန်ုပ်တို့အားယေရှုခရစ်တော်၏သင်ကြားမှုကိုကြိုးစားလေ့လာ စေရန်ကောင်းချီးများပေးခဲ့ပါသည်။ထိုသို့နာခံသင်ကြားခြင်းကကျွန်ုပ်တို့မိသားစုများအားခွန်အားရရှိစေခဲ့ ပါသည်။

  • အနီရောင်စာလုံးများ၏အနက်အားစာမျက်နာ၁၈ နှင့်၁၉တွင်ဖွင့်ဆိုထားသည်။

ပုံနှိပ်သည်