သင်ကြားရေးလက်ကမ်းစာစောင်
ယေရှုခရစ်တော်သည်သူ၏အသင်းတော်အားတည်ထောင်ခဲ့သည်


“ယေရှုခရစ်တော်သည်သူ၏အသင်းတော်အားတည်ထောင်ခဲ့သည်” ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အားပြန်လည်ဆောင်ယူခြင်း (၂၀၀၅)

“ယေရှုခရစ်တော်သည်သူ၏အသင်းတော်အားတည်ထောင်ခဲ့သည်”ပြန်လည်ဆောင်ယူခြင်း

ယေရှုခရစ်တော်သည်သူ၏အသင်းတော်အားတည်ထောင်ခဲ့သည်

ရုပ်ပုံ
ဆယ့်နှစ်ပါးအားယေရှုမှဘိသိတ်ပေးခြင်း

ဖန်ဆင်းခြင်းကာလတွင်ဘုရားသခင်၏သားသမီးများသည်ကယ်တင်ရှင်ယေရှုခရစ်တော်ရောက်ရှိလာမည်ကိုစောင့်မျှော်ခဲ့ကြသည်။သူ၏ဂတိတော်ရှိထားခဲ့သည့်အတိုင်းကောင်းကင်ဘုံရှင်အဖသည်သူ၏သားဖြစ်သူယေရှုခရစ်တော်အားလွန်ခဲ့သောနှစ်ပေါင်း၂၀၀၀ခန့်က ကမ္ဘာမြေပေါ်သို့စေလွှတ်ခဲ့လေသည်။

ယေရှုခရစ်တော်သည်ပြည့်စုံသော၊အပြစ်ကင်းသောနေထိုင်ခြင်းဖြင့်နေထိုင်ခဲ့သည်။သူ သည်သူ၏အသင်းတော်ကိုတည်ထောင်ခဲ့ပြီးသူ၏ဧဝံဂေလိတရားတော်ကိုသင်ကြားခဲ့ပြီးထူးခြားသောအံသြ ဖွယ်ရာများမြောက်များစွာပြသခဲ့သည်။ သူသည်လူဆယ့်နှစ်ယောက်အားသူ၏နောက်လိုက်တော်များအဖြစ် ရွေးချယ်ခဲ့သည်။ထိုအထဲတွင်ရှင်ပေတရု၊ရှင်ယာကုပ်နှင့်ရှင်ယောဟန်တို့ပါဝင်သည်။ ထိုသူများအားခရစ်တော်မှသင်ကြားပေးပြီးယဇ်ပရောဟိတ်အခွင့်ကိုပေးကာသူ၏နာမတော်အောက်တွင်အလေးထားအပ်သောစည်းကမ်းများ နှင့် နှစ်ခြင်းအပြစ်မင်္ဂလာကဲ့သို့သောမင်္ဂလာများကိုပြုလုပ်စေခဲ့သည်။

ယေရှုခရစ်တော်သည်သူ၏အသင်းတော်အားတည်ထောင်သောအခါတွင်သူ၏ကောင်းကင်ဘုံရှင်အဖထံမှညွန်ကြားချက်များကိုရရှိခဲ့သည်။ထို့နောက်သူမှတဖန်သူ၏နောက်လိုက်များကိုပြန်လည်ညွန်ကြားခဲ့သည်။သူ၏ နောက်လိုက်တော်များအားဘုရားသခင်၏ဗျာဒိတ်များသည် သူ၏အသင်းတော်အား တည်ထောင်မည့်ခိုင်ခံ့သော ကျောက်ဖြစ်ကြောင်းသင်ကြားခဲ့သည်။

သူ့ဘဝနောက်ဆုံးအချိန်တွင်ယေရှုခရစ်တော်သည်ကမ္ဘာမြေပေါ်တွင်အသက်ရှင်နေထိုင်သောလူအားလုံး နှင့် နောင်ရှင်သန်မည့်သူအားလုံး၏အပြစ်အတွက်နာကျင်ပြင်းထန်စွာခံစားရပြီးကိုယ်တော်ကိုယ်တိုင်ပေးဆပ်ကာသေဆုံးခဲ့ရသည်။ ထို့ကဲ့သို့အသေခံခြင်းအားအပြစ်ဖြေခြင်းမင်္ဂလာဟုခေါ်သည်။ သူ၏ခံစားရခြင်းဝေသနာ၊သေဆုံးခြင်း နှင့်ရှင်ပြန်ထမြောက်ခြင်းအားဖြင့်ကျွန်ုပ်တို့၏အပြစ်အတွက်ခွင့်လွတ်ခြင်းရဖို့ဖြစ်နိုင်ခဲ့ပါတယ်။ သူ့အား ယုံကြည်သူ၊အပြစ်မှနောင်တရသူ၊ သူ၏ပညတ်တော်မျာကိုစောင့်ထိန်း သူများသည်အပြစ်မှလွတ် ခြင်းခံရပြီးဝမ်းမြောက်ခြင်း နှင့်ငြိမ်းချမ်းခြင်းကိုရရှိမည်ဖြစ်ပါသည်။

သူရှင်ပြန်ထမြောက်ပြီးနောက်၊ယေရှုခရစ်တော်သည် သူ၏နောက်လိုက်များအားဗျာဒိတ်ကိုဖွင့် လှစ်ပြ သခဲ့သည်။သမ္မာကျမ်းစာတွင်နည်းလမ်းအမျိုးမျိုးဖြင့်သူ၏အသင်းတော်အားဆက်လက်လုပ်ဆောင်ရန်ညွန် ပြထားသော မှတ်တမ်းများပါရှိပါသည်။(တမန်ဝတ္တု ၁၀ဗျာဒိတ်ကျမ်း ၁-၁တွင်ကြည့်ပါ)။ထို့ကြောင့် ယေရှုခရစ်တော်၏အသင်းတော်သည်လူအားဖြင့်ဦးဆောင်ခြင်းမဟုတ်ပဲဘုရားသခင်ဦးဆောင်တော်မှု သောအသင်းတော်ဖြစ်ပါသည်။

ပုံနှိပ်သည်