သင်ကြားရေးလက်ကမ်းစာစောင်
ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အားပြန်လည်ဆောင်ယူခြင်း


“ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အားပြန်လည်ဆောင်ယူခြင်း”ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အားပြန်လည်ဆောင်ယူခြင်း(၂၀၀၅)

“ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အားပြန်လည်ဆောင်ယူခြင်း”ပြန်လည်ဆောင်ယူခြင်း

ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အားပြန်လည်ဆောင်ယူခြင်း

ရုပ်ပုံ
ပထမဆုံးဗျာဒိတ်အာရုံ

၁၈၂၀ခုနှစ်တွင်သမိုင်းသစ်တစ်ခုပေါ်လာခဲ့သည်။ကောင်းကင်ဘုံရှင်အဖသည်ဧဝံဂေလိတရားတော်နှင့်ယဇ်ပုရောဟိတ်အရာအားကမ္ဘာမြေပေါ်တွင်ပရောဖက်တစ်ယောက်အားရွေးချယ်ခဲ့သည်။ထို့ပရောဖက်အမည်မှာဂျိုးဇက်စမစ်ဟုခေါ်တွင်သည်။ငယ်ရွယ်သောဂျိုးဇက်စမ်သည်သူ၏နယ်မြေအတွင်းရအမျိုးမျိုးကွဲပြားနေသောအသင်းတော်များအားလုံးကိုငြင်းဆန်ကာမည်သည့်အသင်းတော်သည်မှန်ကန်သောအသင်းတော်ဖြစ် သည်ကိုသိချင်နေခဲ့သည်။လူ၏အသိဥာဏ်ဖြင့်ဆုံးဖြတ်မရသောအခါတွင်သူသည် သမ္မာကျမ်းစာထဲတွင်ရှာ ဖွေခဲ့သည်။ကျမ်းစာတွင်သူတွေ့ခဲ့သည်ကား ‘အကယ် သင်တို့အားလုံး၏ဥာဏ်ပညာဖြင့်ဆုံးဖြတ်မရ သောအခါတွင်ဘုရားသခင်အားမေးလျှာက်ပါ၊သူသည်ခပ်သိမ်းသောလူတို့အားကဲ့ရဲ့ပြစ်တင်ခြင်းပြုတော်မမူ ပဲသဘောထားကြီးစွာဖြင့်သင်၏မေးလျောက်ခြင်းကိုဖြေကြားတော်မူလိမ့်မည်’’ဖြစ်ပါသည်။(ရှင်ယာကုပ်သြဝါဒစာ ၁-၅)

ဂျိုးဇက်စမစ်သည်ဘုရားသခင်အားသူမည်သို့ပြုလုပ်သင့်သည်ကိုမေးမြန်းရန်ဆုံးဖြတ်လိုက်သည်။ဂျိုးဇက်စမစ်သည်အမှန်တရားအားသိရန်ဆုတောင်းခြင်းပြုသောအခါတွင်သူ့အားကိုယ်ထင်ပြခြင်း ဖြစ်သည်။ခရစ်တော်ကဂျိုးဇက်စမစ်အားမည်သည့်အသင်းတော်မှမဝင်ရန်‘အသင်းတော်အားလုံးသည်မှားယွင်းနေကြ၏’‘သူတို့သည်နူတ်ခမ်းဖျားဖြင့်သာငါ့အနားသို့လာကြပြီးသူတို့၏နှလုံးသားများကငါနဲ့ဝေးကွာနေကြ၏။သူတို့သည်ဘုရားသခင်လမ်းညွန်ထားချက်များရှိသော်လည်းထို့စွမ်းအားကိုငြင်းပယ်ပြီးလူသား၏ ဒေသနာနှင့်ပညတ်တော်များကိုသင်ကြားနေခြင်းဖြစ်သည်’(ဂျိုးဇက်စမစ်-သမိုင်းကြောင်း ၁:၁၉)။

ဘုရားသခင်သည်အာဒမ်၊နောဧ၊အာဗြံဟံနှင့်မော ရှေစသည့် ရှေးယခင်မှအခြားသောပရောဖက်များကဲ့သို့ပင် ဂျိုးဇက်အားပရောဖက်အရာမြှောက်ခဲ့သည်။သူသည်ဂျိုးဇက်စမစ်အားခေါ်ယူပြီးပရောဖက်အရာအားပေး ပြီးလျှင်ဧဝံဂေလိသတင်းကောင်းအားပြန်လည်ဆောင်ယူစေခဲ့သည်။

ပုံနှိပ်သည်